Kso Myat Mahar Law Firm

Kso Myat Mahar Law Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kso Myat Mahar Law Firm, Lawyer & Law Firm, No 29, 7th Street , Lanmadaw, Yangon.

11/10/2025

Shout out to my newest followers! Excited to have you onboard! Aung Kyaw OO, Khinsann Oo

10/10/2024

CRD,

ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့် ရှိ/ မရှိနှင့် သက်သေ အဖြစ် ပါဝင်ခွင့် ရှိ/မရှိ.....

ရှေ့နေ တစ်ဦးသည် မိမိကိုယ်တိုင် သက်သေ အဖြစ် ပါဝင်ရမည့် အမူတွင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခြင်း မပြုဘဲ နေသင့်သည် သက်သေအဖြစ် ပါဝင်မည်ကို မသိ၍ လိုက်ပါခဲ့သော်ငြားလည်း နောင်အခါ သက်သေအဖြစ် တဘက်မှ အကြောင်း ပေါ်ပေါက်လာပါက ရှေ့နေအဖြစ် မလိုက်ပါသင့်ဘဲ နုတ်ထွက်သင့်သည်

ဦးကျော်ညွန့်နှင့်
၁ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိင်ငံတော်
၂ ဦးစိုးမြင့်
၁၉၈၂ မတစ ရုံးချုပ် ၁

တရားခံဘက် ရှေ့နေ အဖြစ် တရားခံများအတွက် တောက်လျောက်ဆောင်ရွက်ခဲ့ပီးကာမှ ရှေ့နေ ကိုယ်စားလှယ်စာကို ရုတိသိမ်းကာ တရားခံပြသက်သေခံခွင့် ပြုမည်ဆိုပါက တရားမျှတမူ ရှိနိင်မည်မဟုတ် ပြစ်မူဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ (ဒ)အရ တရားရုံးက ရှေ့နေအား အမူလိုက်ပါခွင့်ပြုခြင်း လိုက်ပါခွင့် ရုတ်သိမ်းခြင်း ပြုနိင်သည် တရားခံရှေ့နေ အဖြစ် တရားလိုပြသက်သေများနှင့် ပြန်ခေါ်သက်သေများကို စစ်ဆေးပြီးသည်ထိ လိုက်ပါပြီးမှ တရားခံပြသက်သေအဖြစ် အားဖြည့်ထွက်ဆိုခွင့်ပေးလျှင် တရားမျှတမူ ချိန်ခွင့်လျှာ တိမ်းစောင်းပြီး တရားခံဘက်သို့ အလေးတင်ပေးရာ ရောက်ပေလိမ့်မည်

ဒေါ်ခင်မြင့်နှင့် ပြည်ထောင်စုမြန်မာနိင်ငံတော်
၁၉၉၅ မတစ ၁၄

ရှေ့နေလိုက်သူများ ဥပဒေတွင် ရှေ့နေတစ်ဦးအား သက်သေအဖြစ် ပြသရန် ရှိသည့် အမူ၌ ထိုသူအား ရှေ့နေအဖြစ် ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားသော ပြဠာန်းချက် မရှိပေ
ဗဟိုတရားရုံးချုပ်ရှေ့နေ တစ်ဦးထားရှိသင့်သည့် ကျင့်ဝတ်သိက္ခာနှင့် စပ်လျဉ်းသည့် မလိုလားအပ်သည့် ပြုမူဆောင်ရွက်ချက် တစ်စုံတစ်ရာ တွေ့ရှိပါက ဗဟိုတရားရုံး ရှေ့နေများကောင်စီ ဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီသာလျင် လိုအပ်သလို ဆောင်ရွက်ရန် ဖြစ်သည်

ဦးခင်မောင်စီနှင့်
၁ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိင်ငံတော်
၂ ဦးယဉ်မျိုး
၁၉၈၄ မတစ ၅၃


ရှေ့နေအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် တည်ရှိခဲ့စဉ် တာဝန်ရှိသူ တစ်ဦး အနေဖြင့် လည်းကောင်း လုပ်သက်ရင့် တရားရုံးချုပ် ရှေ့နေအဖြစ် လည်းကောင်း အမူသည်များ အမူအဖြစ်အပျက်များကို ဆွေးနွေးသိရှိ ခဲ့ရပီးနောက် ရှေ့နေအသင်း အမူဆောင်တာဝန်နှင့် အသင်းသား အဖြစ်နုတ်ထွက်ကာ မိမိအား အထက်ဖော်ပြပါ ပြောကြားခဲ့သူနှင့် ဆန့်ကျင်ဘက် အမူသည်၏ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ခြင်းသည်
ရှေ့နေ ရှေ့ရပ်များ စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာနှင့် လျော်ညီခြင်းမရှိဟု သဘောရရှိပေသည်

ဦးအောင်ထွန်းနှင့် ပြည်ထောင်စု မြန်မာနိင်ငံတော်ပါ (၂)
၁၉၉၃ မတစ ၂၃၅

စာချုပ်စာတမ်များ ချုပ်ဆိုရာတွင် ဥပဒေဘောင်ဝင်အောင် ဆောင်ရွက်ပေးခြင်း ဥပဒေအကြံပေးခြင်း တရားရုံးများတွင် အမူသည်ကိုယ်စား လိုက်ပါဆောင်ရွက်ပေးခြင်းတို့သည် ရှေ့နေတစ်ဦး၏ လုပ်ရိုးလုပ်စဉ် သာမာန်တာဝန် ၀တ္တရားများသာဖြစ်သည် ယင်းကဲ့သို လုပ်ရိုးလုပ်စဉ် သာမန်တာဝန်ဝတ္တရားများ ဆောင်ရွက်ခဲ့သည်ကို အကြောင်းပြုပြီး ထိုရှေ့နေအား အမူတွင် လိုက်ပါဆောင်ရွက်ခြင်းကို ခွင့်မပြုပါက ရှေ့နေလောက မကြာခဏ ရူပ်ထွေးမူများ ပေါ်ပေါက်နိင်သည်

ဒေါ်ခင်မြင့်နှင့် ၁ ပြည်ထောင်စုမြန်မာနိင်ငံတော် ပါ (၅)
၁၉၈၉ မတစ ၆

# # # # # # # # # # # # # # #

{Crd U Nay Gyi }

08/08/2023

By Daw Yimon Hlaing

အမိန့်ကြေငြာစာအမှတ်  ၅၁/၂၀၂၃အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်
21/07/2023

အမိန့်ကြေငြာစာအမှတ် ၅၁/၂၀၂၃

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း
မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်

အမိန့်ကြေငြာစာအမှတ် ၅၀/၂၀၂၃အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်
21/07/2023

အမိန့်ကြေငြာစာအမှတ် ၅၀/၂၀၂၃

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို
အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်
သတ်မှတ်သည့်အမိန့်

14/04/2023

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအတွက် အသိပေးကြေညာချက်

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက်
11/03/2023

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက်

06/02/2023
02/02/2023

Address

No 29, 7th Street , Lanmadaw
Yangon

Telephone

+959795189464

Website

Alerts

Be the first to know and let us send you an email when Kso Myat Mahar Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kso Myat Mahar Law Firm:

Share