Aung Myin Thu Law Firm

Aung Myin Thu Law Firm Your believe is our success.

16/12/2025

ရာဇဝတ်မှုများတွင်တရားစွဲဆိုခြင်းလုပ်ငန်းအဆင့်ဆင့်

၁။ 👨‍✈️ ရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်ခြင်း

(ရဲအရေးပိုင်သော အမှုများတွင် ရဲစခန်း၌ အမှုဖွင့်၍ တိုင်ကြားနိုင်ပါတယ်။ ရဲစခန်းမှ အမှုနံပါတ်ပေး၍ တိုင်ချက်ကိုလက်ခံရပါတယ်။)

၂။ 🕵️‍♀️ ရဲအရာရှိမှ စုံစမ်းစစ်ဆေးခြင်း

(အမှုနံပါတ် နဲ့ အမှုအမျိုးအစားပေါ်မူတည်၍ လိုအပ်သည့် စစ်ဆေးမှုများကို စတင်ဆောင်ရွက်ရပါတယ်၊ တရားလိုအားစစ်ဆေးခြင်း၊သက်သေပစ္စည်းများ အားရှာဖွေခြင်းသိမ်းဆည်းခြင်း၊ တရားခံဖြစ်သူအား ရှာဖွေဖမ်းဆီးခြင်းစတာတွေကို ဆောင်ရွက်ခြင်းတို့ပါဝင်ပါတယ်)

၃။ 👩‍⚖️ စွပ်စွဲခံရသူအား ဖမ်းဆီးခြင်း အာမခံပေးခြင်း (သို့) ချုပ်မိန့်ရယူခြင်း

(အချို့အမှုများသည် ရဲထံတွင် အာမခံရယူနိုင်ပြီး၊ အာမခံမပေးနိုင်သောအမှုများကို တရားရုံးတွင် ချုပ်မိန့်တောင်းရပါတယ်။ အမှုစစ်ဆေးစဉ်ဆဲကာလတွင် ချုပ်ထားနိုင်ရန် တောင်းခြင်းဖြစ်ပါတယ်)

၄။ 👩‍🎓သက်ဆိုင်ရာဥပဒေရုံး၌ တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဥာဏ်ရယူခြင်း

(ဒီအဆင့်ကတော့ ရဲက စစ်ဆေးထားတာတွေ ဥပဒေ နှင့်ညီမညီ၊ စွဲဆိုရန် လုံလောက်ခြင်း ရှိ/မရှိစတာတွေကို စိစစ်ပေးရပါတယ်။ ဒီအဆင့်ဟာ လည်း အမှုတစ်ခုအတွက် အရေးကြီးတဲ့ အဆင့်ထဲမှာလည်းပါပါတယ်။)

၅။👨‍✈️👩‍⚖️ အမှုစစ်ရဲအရာရှိက ဥပဒေရုံးမှတဆင့် သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲ တင်ပို့ခြင်း

(ဥပဒေအရာရှိက စစ်ဆေးပြီးလျှင်တော့ တရားစွဲဆိုဖို့ တရားရုံးသို့ တင်ပို့ရတာပဲဖြစ်ပါတယ်)

၆။👩‍⚖️တရားရုံးက အာမခံပေးခြင်း (သို့) ချုပ်မိန့်ရယူခြင်း

(တရားရုံးက တင်လာတဲ့ အမှုဟာ အာမခံပေးနိုင်ခြင်းရှိ/မရှိ ဆင်ခြင်သုံးသပ်ပြီး အာမခံ လျှောက်ထား လုပ်ထုံးလုပ်နည်းနဲ့အညီအာမခံပေးရပါတယ် စွပ်စွဲခံရသူဟာ အချုပ်လွတ်ဖြင့် အမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာမခံပေးခွင့်မရှိလျှင်တော့ ချုပ်မိန့် ပေးရပါတယ်။ စွပ်စွဲခံရသူဟာ အချုပ်သားအဖြစ်နဲ့ အမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ ထောင်ကျသွားတာမဟုတ်ပါဘူး။ အာမခံမရတဲ့ အမှုဖြစ်လို့ အချုပ်နဲ့ ရင်ဆိုင်ရခြင်းဖြစ်ပါတယ်။)

၇။👥 တရားလို နှင့် တရားလိုပြသက်သေများကို စစ်ဆေးခြင်း

(ရာဇဝတ်မှုခင်းများတွင် စွပ်စွဲသူ တရားလိုလုပ်သူကို စတင်၍ စစ်ဆေးပါတယ် စွပ်စွဲသူ မှ ရုံးရှေ့ရှိ စွပ်စွဲခံရသူ အပြစ်ကျူးလွန်ကျောင်း ထင်ရှားအောင်သက်သေပြရပါတယ်)

၈။👨‍⚖️ စွဲချက်တင်ခြင်း (သို့မဟုတ်) စွဲချက်မတင်ဘဲ တရားရှင်လွှတ်ခြင်း

(ဤအဆင့် တွင်တရားလိုလုပ်သူ၏ စွပ်စွဲချက်များသည် ခိုင်မာမှုမရှိလျှင် သက်သေခိုင်မာခြင်းမရှိလျှင် မပြည့်စုံလျှင် တရားရှင်လွှတ်နိုင်ပါတယ်။ စွပ်စွဲချက်များ ခိုင်မာလျှင် သက်သေပြည့်စုံလျှင် တော့ စွဲချက်တင်ပါတယ်။ စွဲချက်တင်တယ်ဆိုတာကာတော့ စွပ်စွဲခံရသူအနေဖြင့် မိမိကိုစွပ်စွဲထားတဲ့အမှုကို အပြစ်ရှိ/မရှိ ရှင်းလင်းရမယ်လို့ ဆိုလိုတာပါ။ အကယ်၍ အပြစ်ရှီကြောင်း ဝန်ခံလျှင် အမှုကို ဆက်လက်မစစ်ဆေးတော့ဘဲ၊ ထိုက်သင့်သောကို တရားရုံးမှ ချမှတ်ပေးမှာဖြစ်ပါတယ်။ အပြစ်မရှိဘူးဟု ဆိုလျှင်တော့ အပြစ်မရှိကြောင်းသက်သေပြနိုင်ရန်အတွက် အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။)

၉။👥တရားခံ နှင့် တရားခံပြ
သက်သေများကိုစစ်ဆေးခြင်း

(တရားခံမှ မိမိတွင် အပြစ်မရှိကြောင်း စွပ်စွဲထားသူ တရားလို၏ စွပ်စွဲချက်များကို ခုခံခြေပခြင်း၊ သက်သေပြရခြင်းပဲဖြစ်ပါတယ်။)

၁၀။⚖️ ပြစ်ဒဏ်ချမှတ်ခြင်း (သို့) တရားသေလွှတ်ခြင်း

(နှစ်ဖက် လျှောက်လဲချက် ၊ ထွက်ကိုဆိုချက်များကို တရားသူကြီးမှ သုံးသပ်ပြီး တရားဥပဒေနှင့် အညီ ဆင်ခြင်သုံးသပ်ပြီး အမှုကိုစီရင်ဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။)

အားလုံးတရားဥပဒ အကာအကွယ်ကိုရရှိနိုင်ကြပါစေ။

ပုံ။ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လက်ကမ်းစာစောင်
Shwe Yamin Aye - ဥပဒေ Pageမှ ကူးယူးဖော်ပြပါသည်။

Sharing Legal Education

#တရားစွဲဆိုခြင်း

09/09/2024

Hello September..

ကံကောင်းမှုတွေ..
ယူလာပေးပါ..

ခု ကြည့်နေသူအားလုံးကို...

With စာချုပ်စာတမ်းနှင့် ဥပဒေရေးရာ အကြံပေး – I just got recognized as one of their rising fans! 🎉
17/08/2024

With စာချုပ်စာတမ်းနှင့် ဥပဒေရေးရာ အကြံပေး – I just got recognized as one of their rising fans! 🎉

16/08/2024

တစ်လင်တစ်မယား ဥပဒေ ....,...

မည်သူမျှ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ဓလေ့ထုံးတမ်းအရ ဖြစ်စေထိမ်းမြားမှု အတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှု မပြုရ သို့မဟုတ် လင်မယားအဖြစ် တရား မဝင် နေထိုင်ပေါင်းသင်းခြင်းမပြုရ။

အထက်ပါ အချက်ကို ‌‌ေဖာက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်
ထိုသူကို ခုနှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

Myint Myint Htay
Aung Myin Thu Law Firm

No.(138), Ground Floor, 40th Street,
Kyauktada Township , Yangon, Myanmar.

အမွေဆိုင်မြေကို အမွေဆိုင်တစ်ဦးက ၎င်းအမည်သို့ပြောင်း၍ ရောင်းချခွင့်မရှိ၊ ထိုမြေကို မိသားစုစီမံမှုပြု၍ ခွဲဝေနိုင်ခြင်း ......
15/08/2024

အမွေဆိုင်မြေကို အမွေဆိုင်တစ်ဦးက ၎င်းအမည်သို့ပြောင်း၍ ရောင်းချခွင့်မရှိ၊ ထိုမြေကို မိသားစုစီမံမှုပြု၍ ခွဲဝေနိုင်ခြင်း ..........

🌹 အမွေဆိုင်မြေကွက်ကို ထိန်းသိမ်းခွင့်ရသူက ထိုမြေကွက်ရောင်းချခြင်းမှာ တရားမဝင်၍ ထိုပစ္စည်းကို မိသားစုစီမံမှုပြု၍ ခွဲဝေယူနိုင်ခြင်း။

🌹 မိဘအမည်မှ မိမိအမည်သို့ပြောင်းပြီး ရောင်းချခွင့်မရှိခြင်း။

🌹 မိမိခွဲဝေ ပိုင်ဆိုင်ခြင်းမရှိ၊အမွေဆိုင်များအတွက် ထန်းသိမ်းနိုင်ခွင့်သာရှိသော အမွေဆိုင်မြေကွက်ကို အမွေဆိုင်တစ်ဦးက မှတ်ပုံတင်စာချုပ်ဖြင့် ရောင်းချခဲ့သည့်တိုင်အောင် ရောင်းချပိုင်ခွင့်မရှိသူက ရောင်းချခြင်းဖြစ်၍ ယင်းစာချုပ်မှာ အကျိုးသက်ရောက်မှု မရှိ။ တရားမဝင်ပေ။

Myint Myint Htay
Aung Myin Thu Law Firm

097 84 84 84 72, 09 430 63556 ,
09 799 634 636, 09 789 421 363.

12/08/2024

အမွေဆိုင်အားလုံးမပါလျှင် မိသားစုစီမံမှုဖြင့် အမွေခွဲဝေခြင်းမဟုတ်ပါ ....

🌹 မိသားစုစီမံမှုပြုလုပ်၍ အမွေခွဲဝေယူမှုတွင် အမွေဆိုင် အားလုံး ပါဝင်ရန် လိုပါတယ်.....

🌹 မောင်နှမနှစ်ယောက်က ကျန်အမွေဆိုင်များ
မပါဘဲ ပြုလုပ်သည့် မိသားစုစီမံမှုသည် တရားမဝင်ပါ....

🌹 အမွေဆိုင်များ လက်မှတ်မထိုး၊ မှတ်ပုံမတင်သော မိသားစု စီမံမှုစာချုပ်မှာ တရားမဝင် ပျက်ပြယ်ပါသည် ....

🌹 မိသားစုစီမံမှုဖြင့် အမွေခွဲဝေရာတွင် အမွေဆိုင်အားလုံး ပါဝင်၍ သဘောတူညီ ခွဲဝေကြကြောင်း လက်မှတ်‌ထိုးရမည်ဖြစ်ပါသည် ....

🌹 အမွေဆိုင်အားလုံး လက်မှတ်မထိုးထားသော မှတ်ပုံမတင်ထားသော မိသားစု စီမံမှုစာချုပ်မှာ တရားမဝင်၍ အမွေခွဲပြီးပြီဟု မဆိုနိုင်ပါ .....

Myint Myint Htay
Aung Myin Thu Law Firm

097 84 84 84 72, 09 430 63556 ,
09 799 634 636, 09 789 421 36

မိဘကွယ်လွန်မှ အမွေပုံပစ္စည်းနှင့် အမွေဆိုင်များ ဖြစ်ပေါ်လာရခြင်းအ‌ကြောင်း ....🌹 ပစ္စည်းရှင်ကွယ်လွန်မှ ၎င်းပိုင်ပစ္စည်းသည...
11/08/2024

မိဘကွယ်လွန်မှ အမွေပုံပစ္စည်းနှင့် အမွေဆိုင်များ ဖြစ်ပေါ်လာရခြင်းအ‌ကြောင်း ....

🌹 ပစ္စည်းရှင်ကွယ်လွန်မှ ၎င်းပိုင်ပစ္စည်းသည် အမွေပုံ ပစ္စည်း ဖြစ်ပါသည်။

🌹 ပစ္စည်းရှင်ကွယ်လွန်မှ ၎င်း၏ သားသမီးများသည် ၎င်းကျန်ရစ်ခဲ့သော ပစ္စည်းဖြစ်သည့် အမွေပုံပစ္စည်းကို အပြီးပြတ် ရရှိသည်။

🌹 အခွင့်အရေး (Vested Right)အနေဖြင့် အမွေပုံ ပစ္စည်းအပေါ် ပိုင်ဆိုင်ရရှိရသဖြင့် အမွေဆိုင်များ ဖြစ်လာပါသည်။

🌹 ထို့ကြောင့် မိဘနှစ်ပါးကွယ်လွန်မှသာ ၎င်းတို့ပိုင် ပစ္စည်းသည် အမွေပုံပစ္စည်းဖြစ်ပေါ်လာပြီး သားသမီးတို့သည် ထိုပစ္စည်းအပေါ် ပိုင်ဆိုင်သော အမွေဆိုင်များ ဖြစ်လာသည်။

Myint Myint Htay
Aung Myin Thu Law Firm
097 84 84 84 72, 09 430 63556 ,
09 799 634 636, 09 789 421 363.

ကန့်ကွက်နိုင်ပါသည်...
23/06/2023

ကန့်ကွက်နိုင်ပါသည်...

 #အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း(၁/၂၀၂၃)သင်တန်းသားခေါ်ယူခြင်း“အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိ...
24/01/2023

#အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း(၁/၂၀၂၃)သင်တန်းသားခေါ်ယူခြင်း
“အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃)” ကို WIPO FILE User Account ပိုင်ရှင်များနှင့် မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်-

#သင်တန်းနေ့ရက်/အချိန်/နေရာ

သင်တန်းနေ့ရက်-(၁၃-၂-၂၀၂၃) ရက်နေ့မှ (၁၇-၂-၂၀၂၃) ရက်နေ့အထိ၊
(၅) ရက်
သင်တန်းအချိန် - နေ့စဉ် ၀၉ : ၃၀ မှ ၁၅ : ၀၀ နာရီအထိ
သင်တန်းနေရာ - Virtual Online (Zoom Meeting)

#လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်သင်တန်းကြေး

သင်တန်းလျှောက်လွှာ Form လက်ခံခြင်း-(၂၃-၁-၂၀၂၃) မှ(၃-၂-၂၀၂၃) ထိ
သင်တန်းကြေးပေးသွင်းရမည့်ရက် -(၂၃-၁-၂၀၂၃) မှ(၆-၂-၂၀၂၃) ထိ
သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း-(၉-၂-၂၀၂၃) မှ(၁၀-၂-၂၀၂၃) ထိ
ထုတ်ပြန်ကြေညာမည့်ရက်

သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ် (သုံးသိန်းကျပ်)

မှတ်ချက်။ သင်တန်းကြေးအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ ပေးသွင်းရန်။

#လျှောက်ထားခြင်း/ငွေသွင်းခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်

• လျှောက်လွှာပုံစံအား www.ipd.gov.mm တွင် Download ရယူ၍ [email protected] သို့ ပေးပို့လျှောက်ထားရမည်။
• သင်တန်းတက်ရောက်ခွင့်ရရှိမှုအား www.ipd.gov.mm တွင်ကြေညာမည်ဖြစ်ပါသည်။
• အခြားသော သင်တန်းဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
• သင်တန်းလျှောက်လွှာပေးပို့ပြီးပါက မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ သင်တန်းကြေး ပေးသွင်းရမည်။
• သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် e-mail မှ [email protected] သို့ ပေးပို့ရမည်။
• သင်တန်းကြေးပေးသွင်းမှုစိစစ်ပြီးပါက Zoom ID & Password များအား လျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ ပေးပို့ပေးမည် ဖြစ်ပါသည်။

#စည်းကမ်းချက်များ

• သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်း မပြုပါ။
• လျှောက်လွှာတွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်သည်။
• သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါက နောင်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေးတက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
• သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။
• သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီး စာမေးပွဲ အောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။
• သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်းသား အဖြစ် မှတ်ယူမည်မဟုတ်ပါ။
• သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်နိုင် လျှင်ဖြစ်စေ၊ သင်တန်းတက်ရောက်ဆဲ ပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းထားပြီးသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက ၀၆၇-၄၃၀၅၇၁/၀၆၇-၄၃၀၅၉၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မူပိုင်ခွင့်ဦးစီးဌာန

#မှတ်ချက်။ သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံကို အောက်ပါ လင့် တွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။
https://api.ipd.gov.mm/content/_pdf_1674551354253.pdf

Address

No. 138, 40 Street, Kyauktada Tsp
Yangon
959

Telephone

+95943063556

Website

Alerts

Be the first to know and let us send you an email when Aung Myin Thu Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Myin Thu Law Firm:

Share

Category