Lwin law frim

Lwin law frim lwin legal service

Permanently closed.
29/09/2024

တရားမအယူခံမှု​တွေမှာ အယူခံတရားပြိုင်ဘက်ကလိုက်လျှင် သုံးလို့​​ကောင်းသောစီရင်ထုံး ၂ ခု
ကျွန်​တော်ရဲ့ လွယ်လွယ်ယူသုံး ရီရင်ထုံးစာအုပ်မှာပါ ပါသည်

13/08/2024
23/07/2024

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ပဲရစ်အိုလံပစ် ယှဉ်ပြိုင်ရန် ပြင်သစ်နိုင်ငံသို့ ထွက်ခွာ

မြန်မာ့ကြက်တောင်မယ် သက်‌ထားသူဇာ ပဲရစ်အိုလံပစ် ပြိုင်ပွဲအတွက် ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့သို့ ယနေ့ ဇူလိုင် (၂၂) ရက်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

သူမသည် ဇူလိုင်လ (၂၇)ရက်တွင် ကမ္ဘာ့အဆင့် (၃၁)ရှိ ကနေဒါကြက်တောင်မယ် မီရှယ်လီနှင့်လည်းကောင်း၊ ကမ္ဘာ့အဆင့် (၅)ရှိသည့် ဂျပန်ကြက်တောင်မယ် ယာမာဂူချီနှင့်လည်းကောင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

"သက်ထားရိုက်ရမယ့် ပွဲတိုင်းကို အကောင်းဆုံးကြိုးစားပြီး ကစားခဲ့မှာပါ။ အားလုံးလဲ သက်ထားကို အားပေးမယ်လို့မျှော်လင့်ပါတယ်"ဟု သူမက ဆိုထားသည်။

ပဲရစ်အိုလံ ပစ်ပြိုင်ပွဲ ဝင်ရောက်ကစားကြမည့် အုပ်စု(၁၆)စု ရှိသည့်အနက် အုပ်စု (C) တွင် သက်ထားသူဇာ ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

ပဲရစ် အိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက် (၃၆)အထိ ခွင့်ပြုထားရာ သက်ထားသူဇာအနေဖြင့် နိုင်ငံတကာ လက်ရည်စမ်းပွဲများမှ ရမှတ် (၃၂,၆၃၀)မှတ်ဖြင့် အဆင့်ရပ်တည်မှု (၂၂ )နေရာတွင် ရရှိခဲ့ခြင်းကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ သူမသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ အသိအမှတ်ပြုသည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၄၃) နေရာတွင် ရပ်တည်နေသူတစ်ဦးလည်း ဖြစ်သည်။

ပဲရစ်အိုလံပစ်ပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအထိ (၃)လကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် တိုကျိုအိုလံပစ်ကိုလည်း ယှဉ်ပြိုင်ထားရာ ယခုအကြိမ်နှင့်ဆိုလျှင် အိုလံပစ်ဝင်ပြိုင်ခွင့် နှစ်ကြိမ်ဆက်တိုက်ရရှိထားသူဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး အမျိုးသမီး ကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။

23/07/2024
23/07/2024
14/06/2024

ဥပဒေ စာအုပ်တအုပ်က
မိမိနဲ့ အသုံးတဲ့နေရင်
သက်ဆိုင်နေရင်တော့
အပိုင်ဝယ်သင့်ပါတယ်ဗျာ

14/06/2024

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဆိုတာဘာလဲ ?
-------------------------
အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) မရသေးဘဲ လူနေထိုင်ခွင့်မရှိပါဘူး။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါကတည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ထံတင်ပြပြီး ကျသင့်အခွန်ပေးဆောင်ရမှာဖြစ်ပါသည်။ ထိုသို့ပေးဆောင်ထားသည့် အခွန်စည်းကြပ်ပြီးကြောင်း ထောက်ခံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကတော့

၁။ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ

၂။ ဆောက်လုပ်ခွင့်ပြုပုံစံ (Drawing) မိတ္တူ

၃။ ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခငွေသွင်းချလံမိတ္တူ

၄။ အဆောက်အအုံပြီးစီးကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်စစ်ဆေးရေး အင်ဂျင် နီယာများ၏မှတ်ချက်ပါရှိသောမှတ်တမ်းစာအုပ် (Log Book)

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ်/အောက်ကူးရန်)

၆။ စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံပုံစံဖြစ်ပါက မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်းနှင့် Fire Safety Certificate မိတ္တူ

၇။ အဆောက်အအုံ၏ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ

၈။ ရာပြတ်ဌာန၏အခွန်စည်းကြပ်ပြီးကြောင်းထောက်ခံချက်

၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်သန့်ရှင်းရေးဌာန၏ အမှိုက်စွန့်ပစ်ရန်လုံလောက်သည့် အမှိုက်ပုံးထားရှိမည်ဖြစ်ကြောင်းခံဝန်

၁၀။ Lift ပါဝင်သောအဆောက်အအုံဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဓါတ်လှေကား အသုံးပြုခွင့်လက်မှတ်

၁၁။ (၁၈) ခန်းနှင့်အထက် အဆောက်အအုံဖြစ်ပါကTransformer တပ်ဆင်သုံးစွဲခွင့်ပြုကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၏ထောက်ခံချက် စသည့်တို့ဖြင့် လျှောက်ထားရမှာ ဖြစ်ပါသည်။

Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lwin law frim posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share