Lawyer Khin Phyu

Lawyer Khin Phyu Legal Consultant & Contract Lawyer

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လူနေတိုက်ခန်းရောင်း/ဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်နှုန်းထားများ၊ သတ်မှတ်စံနှုန်းများ
27/04/2026

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လူနေတိုက်ခန်းရောင်း/ဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်နှုန်း
ထားများ၊ သတ်မှတ်စံနှုန်းများ

(15.3.2026)ရက်နေ့ပြည်ထောင်စုအကောက်အခွန်ဥပဒေပြဌာန်း
16/03/2026

(15.3.2026)ရက်နေ့ပြည်ထောင်စုအကောက်အခွန်ဥပဒေပြဌာန်း

(7/3/2026)ရက်နေ့ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဌာန်း
08/03/2026

(7/3/2026)ရက်နေ့ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဌာန်း

08/03/2026

⚖️ ရှေ့နေများအက်ဥပဒေ ပြင်ဆင်ချက် - သိထားသင့်သည့် အချက်များနှင့် ပြစ်ဒဏ်များ

● မနေ့က အသစ်ပြဋ္ဌာန်းလိုက်တဲ့ "ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ" (ဥပဒေအမှတ် ၁၂/၂၀၂၆) မှာ ထူးခြားချက်တွေ အများကြီးပါလာပါတယ်။ ရှေ့နေအဖြစ် မည်သည့်တရားရုံးပြင်ပ လုပ်ငန်းတစ်ရပ်ရပ်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရန် ပုဒ်မ ၁၀ တွင် ဖြည့်စွက်ထားပါတယ်။

● ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပြီး တရားရုံးတွင် ရှေ့နေအဖြစ် အမှုလိုက်ပါခြင်း သို့မဟုတ် တရားရုံးပြင်ပလုပ်ငန်းများ လုပ်ကိုင်ပါက ထောင်ဒဏ်: (၃) နှစ်ထက်မပိုသော ထောင်ဒဏ် တစ်မျိုးမျိုး၊ ငွေဒဏ်: အနည်းဆုံး ကျပ် (၁၀) သိန်းမှ အများဆုံး ကျပ်သိန်း (၁၀၀) အထိ ပြစ်မှုအလိုက် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

● အမှုပွဲစားများနှင့် မရိုးမဖြောင့်သူများအတွက် အခကြေးငွေယူ၍ဖြစ်စေ၊ မယူဘဲဖြစ်စေ အမှုသည်၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူများကို အရေးယူရန် ပုဒ်မ ၃ တွင် ထပ်မံဖြည့်စွက်ထားပါတယ်။ ပုဒ်မ ၃၃၊ ၃၄ နှင့် ၃၆ (ခ) တို့တွင် ယခင်က သတ်မှတ်ထားသည့် ငွေဒဏ် (၂၀၀) ကျပ်၊ (၅၀၀) ကျပ် စသည့် ပြစ်ဒဏ်များအစား ထောင်ဒဏ် (၃) နှစ်၊ ငွေဒဏ် ကျပ် (၁၀) သိန်းမှ သိန်း (၁၀၀) အထိ ပြောင်းလဲအစားထိုးလိုက်ပါတယ်။

● တချို့သော ရှေ့နေလိုင်စင်မရှိသူတွေ ဒါမှမဟုတ် လိုင်စင်အသိမ်းခံထားရသူတွေဟာ အမှုသည်ဆီကနေ ကိုယ်စားလှယ်လွှဲစာ (Power) ယူပြီး ရှေ့နေလုပ်ငန်းတွေကို ပုံစံမျိုးစုံနဲ့ လုပ်ကိုင်နေကြတာကို တားဆီးဖို့အတွက် အခုလို ပြစ်ဒဏ်တွေကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ရှေ့နေလိုင်စင် အစစ်အမှန်ရှိသူတွေကတော့ အိမ်စာချုပ်၊ မြေစာချုပ်တွေကို ပုံမှန်အတိုင်း ဆက်လက်ချုပ်ဆိုပေးလို့ ရပါတယ်။

● အိမ်ခြံမြေ စာချုပ်ချုပ်ဆိုတဲ့အခါ ဝယ်ယူတဲ့ငွေကြေးဟာ ဘယ်ကရသလဲဆိုတာကို ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထား မပြနိုင်ရင်ဖြစ်စေ၊ ငွေကြေးပမာဏဟာ ပုံမှန်ထက် ထူးခြားနေရင်ဖြစ်စေ ရှေ့နေတွေအနေနဲ့ မသင်္ကာဖွယ်ရာ ငွေကြေးလွှဲပြောင်းမှု သေချာစိစစ်ဖို့နဲ့ သတင်းပို့ဖို့ အရင်ကတည်းက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါသေးတယ်။


MSSK

21/02/2026

အရေးကြီးတဲ့လူ့ကျင့်ဝတ်တခု...✅✅✅

21/02/2026

သ‌ရဏဂုံ အမြဲရွတ်ဆိုပါက
ထူးခြားလာမည့် (၁၁)ချက်
---------------
၁။ ဒုက္ခရာက်တော့မယ်ဆိုရင် အလိုလိုသိနေခြင်း။
၂။ စိတ်ရင်းမမှန်တဲ့သူတွေ ကိုယ့်အနားမှာ အမြဲနေလို့မရခြင်း။
၃။ ဒုက္ခရောက်စရာရှိလို့ ခံရတော့မယ်ဆိုရင် ပယ်ထုတ် ပလိုက်ခြင်း။
၄။ ကြီးကြီးမားမားဖြစ်မယ့် ပြဿနာ ငယ်သွားခြင်း ၊ လျော့သွားခြင်း ၊ ပပျောက်သွားခြင်း။
၅။ ဒုက္ခကြုံတွေ့နေရရင်တောင် ဆိုးရွားစွာ မဖြစ်ခြင်း။
၆။ ကူညီစောင့်ရှောက် ထောက်ပံ့ကာကွယ်မည့်သူများ ပေါ်ပေါက်ရောက်ရှိလာခြင်း။
၇။ အန္တရာယ်မကျရောက်ခြင်း။
၈။ ဘေးဆိုးဒုက္ခ မကြုံတွေ့ခြင်း။
၉။ အန္တရာယ်ကြုံရင်တောင် လွတ်မြောက်ခြင်း။
၁၀။ ပိုက်ဆံများ ၊ ငွေများသိသိသာသာ ဝင်ရောက်လာခြင်း။
၁၁။ ကျွေးချင် မွေးချင် ပေးချင်သူများ ပေါများလာခြင်း။
ဒီအချက်တွေကြောင့်သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပူဇော်ပါ🙏🙏🙏

(12.2.2026)ရက်စွဲပါအမိန်အမှတ် (2/2026)ဖြင့်အရေးကြီးကုန်စည်များအဖြစ်သတ်မှတ်လိုက်သောပစ္စည်းများ
20/02/2026

(12.2.2026)ရက်စွဲပါအမိန်အမှတ်
(2/2026)ဖြင့်
အရေးကြီးကုန်စည်များအဖြစ်
သတ်မှတ်လိုက်သောပစ္စည်းများ

Address

Yangon
11051°°

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959251103334

Website

Alerts

Be the first to know and let us send you an email when Lawyer Khin Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lawyer Khin Phyu:

Share

Category