Daw Maw Thinzar Oo - LL.B, DBL

Daw Maw Thinzar Oo - LL.B, DBL Legal professional is a noble professional👩‍⚖️
ph: 09256578188

ရုံးပိတ်ရက် လေ့လာဖြစ်သော စီရင်ထုံး👩‍⚖️👩‍⚖️👩‍⚖️မြီးစားနှင့်အာမခံထားသူထံမှ ငွေရလှိုမှု စွဲဆိုခြင်း၊ အာမခံပဋိညာဥ်၊အာမခံသူ၊မ...
31/12/2024

ရုံးပိတ်ရက် လေ့လာဖြစ်သော စီရင်ထုံး

👩‍⚖️👩‍⚖️👩‍⚖️

မြီးစားနှင့်အာမခံထားသူထံမှ
ငွေရလှိုမှု စွဲဆိုခြင်း၊ အာမခံပဋိညာဥ်၊အာမခံသူ၊မူလမြီစား၊မြီရှင်တို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ပဋိညာဥ်တွင် အခြားနည်းပြဌာန်းထားခြင်းမရှိလျှင် အာမခံသူသည် မူလမြီးစားနှင့်ထပ်တူ ထပ်မျှတာဝန်ရှိခြင်း

👩‍⚖️👩‍⚖️👩‍⚖️

ဆုံးဖြတ်ချက်

ပဋိညာဥ် အက်ဥပဒေပုဒ်မ ၁၂၆ တွင် တတိယလူက ဆောင်ရွက်ရန်ရှိသည်ဖြစ်စေ၊ပေးဆပ်ရန်ရှိသည်ဖြစ်စေ မဆောင်ရွက်လျင် သို့မဟုတ် မပေးဆပ်လျှင် ဆောင်ရွက်ပါမည်၊ပေးဆပ်ပါမည် ဆိုသော ပဋိညာဉ်သည် အာမခံ
ပဋိညာဥ်ဖြစ်ကြောင်း၊အာမခံသူကိုသာ အာမခံသူဟုလည်းကောင်း၊ပျက်ကွက်မူအတွက် အာမခံပေးထားရသူကိုမူလမြီစားဟု လည်းကောင်း ၊ အာမခံရရှိသူကို မြီရှင်ဟုလည်းကောင်းခေါ်ဆိုကြောင်း၊ အာမခံခြင်းကို နှုတ်ဖြင့်ဖြစ်စေ ၊စာဖြင့်ဖြစ်စေပြုလုပ်နိုင်ကြောင်း ပြဌာန်းထားသည်။

👩‍⚖️👩‍⚖️👩‍⚖️

ထပ်မံဆုံးဖြတ်ချက်

ပဋိညာဥ်အက်ဥပဒေပုဒ်မ ၁၂၈ တွင် အောက်ပါအတိုင်းပြဌာန်းထားသည်။
ပဋိညာဉ်တွင် အခြားနည်းပြဌာန်းထားခြင်းမရှိလျှင် အာမခံသူသည် မူလမြီးစားနှင့် ထပ်တူထပ်မျှတာဝန်ရှိသည် ဟု

"ကြယ်ငါးပွင့်ဝန်ဆောင်မှုနှင့်အ​ထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်နှင့်ဦးသိန်းဇော်ပါ ၂၊၂၀၀၄ ခုနှစ် ၊မတစ၊ စာ ၇၀"တွင်လမ်းညွှန်ထုံးပြုထားပါသည်။

လေ့လာတွေရှိချက်များပြန်လည်မျှဝေပါသည်။

Lawyer 👩‍⚖️ Maw Thinzar Oo

19/02/2024

👩‍⚖️👩‍⚖️👩‍⚖️

လက်ထက်ပါမည်ဟုပြောပြီးကာမရယူပြီးနောက် လက်ထပ်ရန်ငြင်းဆိုခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၄၁၇ အရ လိမ်လည်မှု မြောက် မမြောက်

📖📖📖

လိမ်လည်မှုသည် ပစ္စည်းနှင့်ပတ်သက်သောကိစ္စကိုသာလျှင် အကျုံးဝင် မဝင်
ရာဇသတ်ကြီးပုဒ်မ ၄၁၅ ၏ဒုတိယပိုင်းနှင့် အကျုံးဝင်ရန်လိုအပ်သည့် အင်္ဂါရပ်များ - ဥပဒေခေါင်းစည်းသည်၊ ထိုဥပဒေ၏စကားရပ်များကို မလွှမ်းမိုး နိုင်ခြင်း- လက်ထက်ပါမည်ဟု အမျိုးသားကအမျိုးသမီးအား အယုံသွင်းပြီး ကာမရယူပြီးနောက် လက်ထပ်ရန်ငြင်းဆိုခြင်း- ရာဇတ်ကြီးပုဒ်မ ၄၁၇ အရ လိမ်လည်မှု မြောက် မမြောက်

👩‍⚖️👩‍⚖️👩‍⚖️

ပြည်ထောင်စုနှင့်ကိုကျင်ဝှက်၊ ၁၉၆၇၊မြန်မာနိုင်ငံစီရင်ထုံး၊ ၄၆ မှုစီရင်ထုံး၌ အမျိုးသားက အမျိုးသမီးကို လက်ထပ်ပါမည်ဟု အယုံသွင်းပြီးကာမ ရယူသဖြင့် ၊ အမျိုးသမီး၌ ကိုယ်ဝန်ရှိလာသောအခါ လက်ထပ်ရန်ငြင်းဆိုခြင်းသည်၊ ရာဇသတ်ကြီးပုဒ်မ ၄၁၅ ၏ဒုတိယအပိုင်းအရ ၊ လိမ်လည်မှုမြောက်နိုင်သည်ဟု ယူဆခဲ့သည်။

📖📖📖

သို့ရာတွင် မောင်ကြည်ဝင်းနှင့် ပြည်ထောင်စု၊တရားရုံးချုပ်(မန္တလေးရုံးထိုင်)၏၁၉၇၀ခု ၊ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၃(ခ)၌မူ ထိုကဲ့သို့ငြင်းဆိုခြင်း သည်ရာဇဝတ်မှု ကျူးလွန်ရာမရောက်၊ နစ်နာသူကလတရားမကြောင်းဖြင့်သာ အရေးဆိုရန် အခွင့်ရေး၊ရှိသည်ဟု ဆုဲးဖြတ်ခဲ့သည်။

📖📖📖

ယင်းဆုံးဖြတ်ချက်များမှာ နှစ်ဦးထိုင်ခုံရုံးမှ ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များဖြစ်ရာ၊ အဆိုပါပြဿနာ အပေါ် ဝိဝါဒ ကဲဲပြားမှုမရှိရအောင် ယခုအမှုတွင် စုံညီ ခုံရုံးဖြင့်ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

👩‍⚖️👩‍⚖️👩‍⚖️

ဆုံးဖြတ်ချက်

ရာဇသတ်ကြီးပုဒ်မ ၄၁၅၏ ဒုတိယပိုင်းနှင့် အကျုံးဝင်ရန် (က) တရားခံက၊တဦးတယောက်အားလှည့်ဖြားခြင်း၊(ခ) လှည့်ဖြားခြင်ူခံရသူက၊အရာတခုကိုပြုခြင်း၊သို့မဟုတ်ပြုရန်ပျက်ကွက်ခြင်း၊(ဂ) လှည့်ဖြားခြင်းမခံရခဲ့သော်၊ထိုသူသည်ထိုအရာကိုပြုမည်မဟုတ်ခြင်း၊သို့မဟုတ်ပြုရန်ပျက်ကွက်မည် မဟုတ်ခြင်း၊(ဃ) တရားခံကထိုသူအားတမင်သွေးဆောင်ခြင်းနှင့်(င) ထိုသူ၏ပြုလုပ်မှု၊သို့မဟုတ် ပျက်ကွက်မှုကြောင့်၎င်း၏ ကိုယ်ကို့ဖြစ်စေ၊စိတ်ကိုဖြစ်စေ၊ဂုဏ်သရေကို ဖြစ်စေ၊ပစ္စည်းကိုဖြစ်စေ၊ပျက်စီးနစ်နာခြင်း၊အန္တရာယ်ဖြစ်သေခြင်းစသည့် အင်္ဂါရပ်များရှိရန်လိုအပ်ပေသည်။အင်္ဂါရပ်(င)တွင် ပစ္စည်းကိုသာမက ၊ကိုယ်၊စိတ်၊ဂုဏ်သရေတခုခုကို ပျက်စီးနစ်နာစေလျှင်၊အန္တရာယ်ဖြစ်စေလျှင် လိမ်လည်မှု မြောက်သဘ်ဟုဆိုထားသဖြင့် ၊လိမ်လည်မှုသည် ပစ္စည်းနှင့်ပတ်သက်သော ကိစ္စသာလျှင် အကျုံးဝင်သည်ဆိုခြင်းကိုလက်ခဲရန်မဖြစ်နိုင်ပေ။

👩‍⚖️👩‍⚖️👩‍⚖️

ထပ်မံဆုံးဖြတ်ချက်
📖📖📖

ဥပဒေတရပ်၏ ပုဒ်မတခုကို အဓိပ္ပါယ် ကောက်ယူရာ၌ ထိုဥပဒေရှိ ခေါင်းစည်းအား၊ယင်းဥပဒေအား ပြဌာန်းရသည့် ရည်ရွယ်ချက်ကို ခန့်မှန်းရာတွင် လမ်းညွှန်သဖွယ်အသုံးပြုနိုင်မည်ဖြစ်သော်လည်း၊ ခေါင်းစည်းသည် ဥပဒေ ပါစကားရပ်၏တစိတ်တဒေသမဟုတ်သဖြင့်ဥပဒေ၏စကားရပ်များမှ ရှင်းလင်းပြတ်သားနေလျှင်၊ခေင်းစည်းသည် ထိုဥပဒေ၏စကားရပ်ကို မလွှမ်း မိုးနိုင်ပေ၊ ဥပမာ များတွက်လည်းဥပဒေက ဆိုလိုသည့် အချက်အလက်အားလုံးမပါဝင်နိုင်။သို့ဖြစ်ရာ ပုဒ်မ ၄၁၅ သည် ပစ္စည်းနှင့်ပတ်သက်သည့်ခေါင်းစည်းပါ သောအခန်းအောက်တွင်ရှိသည့် အကြောင်းကြောင့် ပစ္စည်းနှင့်မပတ်သက်သော ပြစ်မှုနှင့်လုံးဝ အကျုံးမဝင်ဟု မဆိုနိုင်ချေ။

👩‍⚖️👩‍⚖️👩‍⚖️

ထပ်မံဆုံးဖြတ်ချက်
📖📖📖

ရာဇသတ်ကြီးပုဒ်မ ၄၁၅ အရ၊လိမ်လည်မှုမြောက်သည်၊မမြောက်သည် ဆိုသောပြဿနာကို ဆုံးဖြတ်ရာတွင်၊ အထက်၌ ဖော်ပြခဲ့သည့် အင်္ဂါရပ်ငါးရပ်နှင့်ပြည့်စုံရန်လိုပေသည်။ထိုအင်္ဂါရပ်များနှင့်ပြည်စုံခြင်း ရှိ မရှိ ဆိုသောပြဿနာကိုမူ အမူကိုလိုက်၍၊ကြောင်းချင်ရာအပေါ်အခြေပြုပြီး ဆုံးဖြတ်ရမည်ဖြစသည်။ထို့ပြင် ကိုယ်ဝန်ရှိသည့်ကိစ္စ၊ကိုယ်ဝန်မရှိသည့် ကိစ္စဟူ၍ခွဲခြားထားရန်လည်းအကြောင်းမရှိဟု ယဆူသည်။အဘယ့်ကြောင့်ဆိုသော် လက်ထပ်မည်ဟု လှည့်ဖြားသဖြင့် ယုံကြည်ပြီး ကာမပေးအပ်ခဲ့သည့် အမျိုးသမီးသည် ကိုယ်ဝန်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ကိုယ်၌ဖြစ်စေ၊စိတ်၌ဖြစ်စေ၊ဂုဏ်သရေ ၌ဖြစ်စေ နစ်နာခြင်းခံရပြီးဖြစ်သည် ဆိုခြင်းမှာယုံမှားဖွယ်မရှိနိုင်ခြင်းကြောင့် ပင်ဖြစ်သည်။

👩‍⚖️👩‍⚖️👩‍⚖️

ထပ်မံဆုံးဖြတ်ချက်
📖📖📖

အမျိုးသားတဦးက အမျိုးသမီးတဦးကို လက်ထပ်ပါမည်ဟု အယုံသွင်းပြီး ကာမရယူပြီးနောက်၊ လက်ထပ်ရန် ငြင်းဆိုခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၄၁၇ အရလိမ်လည်မှုမြောက်နိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။ တကယ် ပြစ်မှုမြောက်သည် မမြောက်သည်ကိညမူအထက်ဖော်ပြခဲ့သည့် အတိုင်း အကြောင်းချင်းရာပေါ် သုံးသတ်၍ ဆုံးဖြတ်ရမည်သာဖြစ်ပေသည်။ ပြည်ထောင်စုနှင့်ကိုကျင်ဝှက်၊၁၉၆၇၊မြန်မာနိုင်ငံစီရင်ထုံး၊၄၆ ကိုသဘောတူသည်ဟု

မောင်သန်းထွန်းနှင့်ပြည်ထောင်စု(မခင်နှင်းရီ)၊၁၉၇၂ ၊မတစ၊စာ၂၃ တွင်လမ်းညွှန်ထုံးပြုထားပါသည်။

၁၉.၂.၂၀၂၄ ရက်နေ့လေ့လာတွေ့ရှိသမျှပြန်လည်မျှဝေပါသည်။

👩‍⚖️Lawyer Maw Thinzar Oo

04/02/2024

👩‍⚖️👩‍⚖️👩‍⚖️

ငြင်းချက်များထုတ်ပေးခြင်း

📖📖📖

တရားမမှုများတွင် ငြင်းချက်များသည် အမှုကို အနိုင်အရှုံး အဆုံးအဖြတ်ပေးရာတွင် အရေးကြီးသည့် ပင်မကျောရိုးများဖြစ်ခြင်း မှန်ကန်၍ အဓိကကျသော ငြင်းချက်များထုတ်ပေးရန် အထူးလိုအပ်ခြင်း။

👩‍⚖️👩‍⚖️👩‍⚖️

ဆုံးဖြတ်ချက် ။ ။ တရားမမှုများတွင် တရားလို၏အဆိုနှင့်တရားပြိုင်၏ အချေတို့ကို အသေးစိတ် သေချာဂနစွာ စိစစ်အခြေပြု၍ ထုတ်နှုတ်ပေးသည့် ကောက်ချက်များသည် အမှုကို အနိုင်အရှုံး အဆုံးအဖြတ်ပေးရာတွင် အဓိက အရေးကြီးသည့်ပင်မကျောရိုးများ ဖြစ်ပေသည်။

📖📖📖

အမှုများ၏တိကျမှုန်ကန် သော
အဆုံးအဖြတ်သည် ယင်းကောက်ချက်များတွင်မူတည်သည်။

📖📖📖

သို့ဖြစ်ကာ မှန်ကန်၍ အဓိက ကျသောအခြေခံဖြစ်သည့် တစ်မှုလုံး၏အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်သောကောက်ချက်များထုတ်ပေးရန် အထူးလိုအပ်လှပေးသည်။

📖📖📖

ဆိုခဲ့သည့်အတိုင်းမှန်ကန်သော ငြင်းချက်များကို ထုတ်ပေးနိုင်မှသာလျှင်အမှုကို အမြစ်ရင်းကစ၍ သိရှိကာ မည်သူရှုံးစေ၊ မည်သူနိုင်စေ ဟူသောဆုံးဖြတ်ချက်ကို မှန်ကန်စွာချမှတ်ပေးနိုင်ပေလိမ့်မည် ဟု

📖📖📖

"ဦးညွန့်အောင်ပါ ၂ နှင့် ဒေါ်ဌေးဌေးမြင့်
၁၉၇၉ခု နှစ် ၊ မတစ၊စာ ၃၁ "လမ်းညွှန် ထုံးပြုထားပါသည်။

4.2.2024 ရက်နေ့ လေ့လာတွေ့ရှိသမျှ အားပြန်လည်မျှဝေပါသည်။

Lawyer. 👩‍⚖️Daw Maw Thinzar Oo

14/01/2024

👩‍⚖️👩‍⚖️👩‍⚖️

📖📖📖
ခွင့်ပြုချက်ဖြင့်အခမဲ့နေသူအားနှင်လိုမှု

📖 အခမဲ့ခွင့်ပြုချက်ပေးသူသည် ခွင့်ပြုချက်ပေးပိုင်ခွင့်ရှိရမည်။
📖ဥပ စာအားပိုင်ရှင်ဖြစ်ရန်မလို။
(သက်သေခံအက်ဥပဒေပုဒ်မ ၁၁၆)
📖📖📖
ခွင့်ပြုချက်(၂)မျိုးရှိပါတယ်
📖📖
(၁)ပဋိညာဥ်အရ ကန့်သတ်ထားသော
ခွင့်ပြုချက် (Contractual Licensee)
👩‍⚖️👩‍⚖️👩‍⚖️
ဒေါ်တီတီ နှင့် ဦးကြူ ၊၂၀၀၁ ၊မတစ၊
စာ ၂၀၁
(၂)စည်းကမ်းချက်မပြုဘဲခွင့်ပြုချက်(Bare Licensee)
📖📖
ခွင့်ပြုချက်ကို နှုတ်ဖြင့်ခွင့်ပြုနိုင်ပါတယ်
👩‍⚖️👩‍⚖️👩‍⚖️
ပဋိညာဉ်ဥပ​ေဒပုဒ်မ ၉
📖📖
စာချုပ်စာတမ်းဖြင့်လည်းခွင့်ပြုပေးနိုင်ပါတယ်
👩‍⚖️👩‍⚖️👩‍⚖️
ပဋိညာဥ်ဥပဒေပုဒ်မ ၁၀
📖📖ခွင့်ပြုချက်ကိုပြန်လည်ရုတ်သိမ်းလျှင်နှုတ်ဖြင့်ရုတ်သိမ်းလျှင် နှုတ်ဖြင့်ရုတ်သိမ်းနိုင်သလို အကြောင်းကြားစာဖြင့်လည်းရုတ်သိမ်းနိုင်ပါသည်။
# # #မလွှဲမသွေနို့တစ်စာပေးရမည်ဟု ပြဌာန်းထားခြင်းမရှိပါ။

📖📖📖
ခွင့်ပြုချက်ကိုပြန်လည်ရုတ်သိမ်းပြီးလျှင် (၆)နှစ်အတွင်းတရားစွဲဆိုလို့ရပါတယ်။
👩‍⚖️👩‍⚖️👩‍⚖️
ကာလစည်းကမ်းသတ်ဥပဒေ
အပိုဒ် ၁၂၀
📖📖ဦးဂျော်နီနှင့် မစ္စတာကုသျှယ်စင် ၊၁၉၈၉၊မတစ၊စာ ၁၇
📖📖📖
အခမဲ့ခွင့်ပြုချက်ဖြင့်နေသူအားနှင်လိုမှုကို လက်ရောက်ရလိုမှုဖြင့်တရားစွဲဆို
ခွင့်ရှိပါသည်။
📖📖📖
ဒေါ်ကျင်နု နှင့် ဦးစိန်ဝှက်ပါ ၂ ၊၁၉၉၂ ၊မတစ၊စာ ၈
📖📖📖
နှစ်ပေါင်းမည်မျှ ပင်ခွင့်ပြုချက်ဖြင့်နေထိုင်စေကာမှုဆန့်ကျင်ဘက်ပိုင်ဆိုင်မှုမရနိုင်ပါ။
📖📖📖
ဒေါ်သောင်းဌေး ပါ ၂ နှင့် မောင်ကြည် ပါ ၂ ၊ ၁၉၈၀ ၊မတစ၊စာ ၉၉

👩‍⚖️👩‍⚖️👩‍⚖️
14.1.2024 ရက်နေ့ လေ့လာတွေ့ရှိသမျှ ပြန်လည်မျှဝေပါသည်။

စီရင်ထုံးများနှင့်တကွ လေ့လာဖတ်ရှုနိုင်​ကြပါစေ

👩‍⚖️Daw Maw Thinzar Oo

09/01/2024

👩‍⚖️👩‍⚖️👩‍⚖️

မောင်ကြီးမောင် ပါ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၊ ၁၉၆၈၊မတစ၊ စာ ၂၅၂

📖📖📖

ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)အရ ပြစ်မှုထင်ရှားစီရင်ခြင်း -
ပြည့်စုံစွာစုံစမ်း၍ ခိုင်လုံစွာသက်သေထူရန် တာဝန်သည် ယေဘုယျအားဖြင့် တရားလိုပေါ်တွင် တည်နေခြင်း

📖📖📖

ဆုံးဖြတ်ချက်

# # # တရားလိုဘက်က စွပ်စွဲပြီးလျှင် တာဝန်ကျေပွန်ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာဝန်ပခုံးပြောင်း၍မရချေ ။

# # # ပြည့်စုံစွာစုံစမ်း၍ ခိုင်လုံစွာ သက်သေထူရန်တာဝန်သည် ယေဘုယျအားဖြင့် တရားလိုပေါ်တွင် တည်နေသည် ။

လေ့လာသင့်သောစီရင်ထုံးများ

၉.၁.၂၀၂၄

👩‍⚖️Lawyer. Daw Maw Thinzar Oo

01/01/2024

👩‍⚖️👩‍⚖️👩‍⚖️

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၅

📖📖📖

မည်သူမျှ ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းမပြုရ။

👩‍⚖️👩‍⚖️👩‍⚖️

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၆

📖📖📖

မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းမပြုရ

👩‍⚖️👩‍⚖️👩‍⚖️

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၉

📖📖📖

မည်သူမဆို ပုဒ်မ ၅ သို့မဟုတ် ပုဒ်မ ၆ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ေထာင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

1.1.2024 ရက်နေ့လေ့လာချက်အားပြန်လည်မျှဝေပါသည်။

👩‍⚖️Daw Maw Thinzar Oo

16/12/2023

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ( ၇၅၉ /၂၀၂၃ )
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
( ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် )
ပြည်ထဲရေးဝန်ကြီးဌာနသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ ပုဒ်မခွဲ (က)အရ အပ်နှင်း ထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
၁။ ဤနည်းဥပဒေများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေ များဟု ခေါ်တွင်စေရမည်။
၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် “ကုန်သွယ်ရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “တားဆီးနှိမ်နင်းရေးကြီးကြပ်မှု အဖွဲ့” ဆိုသည့်စကားရပ်ကို “တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “ပြည်သူ့ရဲတပ်ဖွဲ့” ဆိုသည့် စကားရပ်ကို “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ပြည်နယ်၊ တိုင်းရဲတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “နေပြည်တော် ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး” ဆိုသည့် စကားရပ်ကို “မြို့နယ်ရဲတပ်ဖွဲ့မှူး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ပြည်သူ့ရဲမှုခင်းတပ်ဖွဲ့” ဆိုသည့် စကားရပ်ကို “မှုခင်းရဲတပ်ဖွဲ့” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ပြည်သူ့ရဲမှုခင်းတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “မှုခင်းရဲတပ်ဖွဲ့မှူး”ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ဒုတိယမှုခင်းတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “ဒုတိယမှုခင်း ရဲတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “ပြည်သူ့ရဲသတင်း တပ်ဖွဲ့” ဆိုသည့်စကားရပ်ကို “သတင်းရဲတပ်ဖွဲ့” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “ဒုတိယသတင်းတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “ဒုတိယသတင်းရဲတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ကျန်းမာရေးဦးစီး ဌာန” ဆိုသည့်စကားရပ်ကို “ကုသရေးဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “လူမှုဝန်ထမ်းဦးစီးဌာန” ဆိုသည့် စကားရပ်ကို “ပြန်လည်ထူထောင်ရေးဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း အသီးသီးအစားထိုးရမည်။
၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၂ တွင်-
(က) နည်းဥပဒေခွဲ (ဆ)၊ (ဇ)၊ (ဈ)၊ (ည) နှင့် (ဋ) တို့ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“(ဆ) လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုကြီးကြပ်ရေး အဖွဲ့ဆိုသည်မှာ ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (ဋ) အရ ဗဟို အဖွဲ့က ဖွဲ့စည်းပေးသောအဖွဲ့ကိုဆိုသည်။
( ဇ ) ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဆိုသည်မှာ နည်းဥပဒေ ၃ အရ ဖွဲ့စည်းထားသော ဆေးဝါးသုံးစွဲသူကုသရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဆိုသည်။
( ဈ ) ပြန်လည်ထူထောင်ရေးစခန်းဆိုသည်မှာ ဥပဒေ အခန်း(၆)ပါ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနအောက်ရှိ ပြန်လည်ထူထောင် ရေးစခန်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ထဲ ရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးခဲ့သော ပြုစုပျိုးထောင်ရေးစခန်းများလည်း ပါဝင် သည်။
(ည) ဆေးဝါးသုံးစွဲသူကုသရေးဌာန ဆိုသည်မှာ ဆေးဝါး သုံးစွဲသူများအား ဆေးကုသရန် ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်သည့်ဆေးရုံ၊ ဆေးကုသဌာန သို့မဟုတ် ခွင့်ပြုချက်ပေးထားသည့် ဆေးကုဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြု ထားသည့်ဆေးကုသဌာန သို့မဟုတ် ဆေးကုဂေဟာ ကို ဆိုသည်။
( ဋ ) ကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်း ဆိုသည်မှာ ဗဟိုအဖွဲ့နှင့် ဥပဒေပုဒ်မ ၇ အရ ဗဟိုအဖွဲ့က ဖွဲ့စည်း ထားသောလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များ ကို ဆိုသည်။”
( ခ ) နည်းဥပဒေခွဲ (ဌ) ကို ပယ်ဖျက်ရမည်။
( ဂ ) နည်းဥပဒေခွဲ (ဍ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဍ) တာဝန်ခံဆရာဝန် ဆိုသည်မှာ ဆေးဝါးသုံးစွဲသူကုသရေး ဌာနတွင် တာဝန်ထမ်းဆောင်နေသော တာဝန်ခံဆရာဝန် ကို ဆိုသည်။”
၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ အခန်း(၂)၊ ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“ဆေးဝါးသုံးစွဲသူကို ဆေးကုသပေးခြင်း”
၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၃ နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များသည် ဆေးဝါးသုံးစွဲ သူအား ထိရောက်စွာကုသနိုင်ရေးအတွက် မိမိတို့နှင့် သက်ဆိုင်ရာဒေသအတွင်းရှိ ဆေးဝါးသုံးစွဲသူကုသရေးဌာန များ၌ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ ဖွဲ့စည်းပေးရမည်။”
၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၄။ (က) ဆေးဝါးသုံးစွဲသူသည် အသက် ၁၈ နှစ်ပြည့်ပါက မိမိ၏သဘောဆန္ဒအလျောက်ဖြစ်စေ၊ အသက် ၁၈ နှစ်မပြည့်သေးပါက မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့် အတူလာရောက်၍ဖြစ်စေ ဆေးဝါးသုံးစွဲသူကုသရေး ဌာန၌ ဆေးကုသမှုခံယူရမည်။
( ခ ) ဆေးဝါးသုံးစွဲသူအား ဆေးဝါးကုသမှုပြီးဆုံးပါက ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်သင့်သည်ဟု ဆေးကုသရေးအဖွဲ့နှင့် ကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ယူဆလျှင် ၎င်းအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြရမည်။
( ဂ ) ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးဝါးသုံးစွဲသူအား သက်ဆိုင်ရာပြန်လည်ထူထောင်ရေးစခန်းသို့ လွှဲပြောင်း ပို့အပ်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
(ဃ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် ဆေးဝါးသုံးစွဲသူအား သက်ဆိုင်ရာပြန်လည်ထူထောင်ရေးစခန်း၌ ခြောက်လ ထိ ပြုစုပျိုးထောင်ပေးရေးလုပ်ငန်းများ ဆောင်ရွက် ပေးရမည်။”
၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၅ နှင့် ၆ တို့ကို ပယ်ဖျက်ရမည်။
၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၇။ ဆေးဝါးသုံးစွဲသူသည် ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာဆိုးကျိုးများကို လျှော့ချ ရန် ဆေးဝါးသုံးစွဲသူကုသရေးဌာနများထံမှ အောက်ပါ ဝန်ဆောင်မှုများ ရယူနိုင်သည်-
(က) တစ်ခါသုံးဆေးထိုးအပ်များ၊
( ခ ) အစားထိုးဆေးဝါးကုသမှု၊
( ဂ ) ခုခံအားကျဆင်းမှုကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးမှု၊
(ဃ) ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကုသဆေးများ၊
( င ) ကာလသားရောဂါ ကာကွယ်ကုသမှု၊
( စ ) ကွန်ဒုံးများ၊
(ဆ) ဆေးဝါးသုံးစွဲသူနှင့် ၎င်းတို့နှင့်လိင်ဆက်ဆံသူများအား သတင်းအချက်အလက်နှင့် ပညာပေးဆွေးနွေးမှုများ၊
( ဇ ) အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း၊
( ဈ ) တီဘီရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း၊
(ည) ဆေးလွန်မှုကုသရန် ဆေးဝါးများ၊
( ဋ ) ကျန်းမာရေးဆိုင်ရာအသိပညာနှင့် လိုအပ်သော အကူအညီများ။”
၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၉။ အကျဉ်းထောင်တာဝန်ခံ သို့မဟုတ် ရဲစခန်းမှူးသည် တည်ဆဲ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ချုပ်ထားခြင်းခံရသူ သို့မဟုတ် ပြစ်ဒဏ်ကျခံနေရသူသည် ဆေးဝါးသုံးစွဲကြောင်း စိစစ်သိရှိရပါက သက်ဆိုင်ရာတာဝန်ခံဆရာဝန်နှင့် ညှိနှိုင်း ၍ ဆေးကုသနိုင်ရန် ဆောင်ရွက်ပေးရမည်။”
၁၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၉ ၏နောက်တွင် နည်းဥပဒေ ၉-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၉-က။(က) သက်ဆိုင်ရာရဲစခန်းမှူး အဆင့်အောက်မနိမ့်သော ရဲအရာရှိသည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမဆေးစစ်ချက် ခံယူစေရမည်။ ဆေးဝါးသုံးစွဲ ကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူနိုင် ရန် ဆေးဝါးသုံးစွဲသူ ကုသရေးဌာနသို့ ဆောလျင်စွာ ပို့အပ်ရမည်။
( ခ ) သက်ဆိုင်ရာ ရဲစခန်းမှူးသည် ပဏာမဆေးစစ်ချက် ခံယူရန် ငြင်းဆန်ပျက်ကွက်သူကို ဖြစ်စေ၊ ဆေးဝါး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပြီး ဆေးကုသမှုခံယူ ရန် ပျက်ကွက်သူကိုဖြစ်စေ ခံဝန်ချုပ် ချုပ်ဆိုနိုင်ရန် မြို့နယ်တရားရုံးသို့ လျှောက်ထားရမည်။
( ဂ ) တရားရုံးသည် နည်းဥပဒေခွဲ(ခ)အရ လျှောက်ထား ခြင်းခံရသူအား ပဏာမဆေးစစ်ချက်ခံယူနိုင်ရေးနှင့် ဆေးကုသမှုခံယူနိုင်စေရေးအတွက် သတ်မှတ် ချက် များနှင့်အညီ ခံဝန်ချုပ် ချုပ်ဆိုစေရန် အမိန့်ချမှတ် နိုင်သည်။
(ဃ) တရားရုံးသည် ဆေးဝါးသုံးစွဲသူက နည်းဥပဒေခွဲ (ဂ) အရ ချမှတ်သော အမိန့်နှင့်အညီ ခံဝန်ချုပ် ချုပ်ဆို ခြင်းမပြုလျှင်ဖြစ်စေ၊ ချမှတ်သောခံဝန်ချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ဖြစ်စေ ဆေးကုသမှုခံယူရေးနှင့် ပြုစုပျိုးထောင်ရေးတို့ အတွက် ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစခန်းသို့ ခြောက်လပို့အပ်သည့်အမိန့်ချမှတ်ရမည်။
( င ) နည်းဥပဒေခွဲ (ဃ) အရ အမိန့်ချမှတ်ခြင်းခံရသူအား ပြန်လည်ထူထောင်ရေးစခန်းသို့ သက်ဆိုင်ရာရဲစခန်း က လိုအပ်သောအစီအမံဖြင့် ပို့အပ်ရမည်။
( စ ) ထိုသို့ပို့အပ်ခြင်းခံရသူသည် သက်ဆိုင်ရာပြန်လည် ထူထောင်ရေးစခန်းက သတ်မှတ်ထားသည့်ညွှန်ကြား ချက်များ၊ စည်းကမ်းချက်များနှင့်အညီ နေထိုင် ရမည်။
(ဆ) မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဆေးဝါးသုံးစွဲသူ သို့မဟုတ် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူနှင့် စပ်လျဉ်း၍ သတင်းပေးပို့လာပါက နည်းဥပဒေခွဲ (က) ၊ (ခ) တို့နှင့် အညီ ဆောင်ရွက်ရမည်။”
၁၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၁ဝ တွင်-
(က) နည်းဥပဒေခွဲ (က) ၌ ပါရှိသော “မှတ်ပုံတင်ပြီး” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။
( ခ ) နည်းဥပဒေခွဲ (ဃ) နှင့် (င) တို့ကို ပယ်ဖျက်ရမည်။
၁၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၁၁ တွင်-
(က) ခြေဆင်း၌ပါရှိသော “မှတ်ပုံတင်ခြင်း” ဆိုသည့် စကား ရပ်နှင့် “မှတ်ပုံတင်ပယ်ဖျက်ခြင်းလုပ်ငန်းများနှင့်” ဆိုသည့် စကားရပ်တို့ကို ပယ်ဖျက်ရမည်။
( ခ ) နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) ဗဟိုအဖွဲ့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့များ၏ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို တာဝန်ယူကြီးကြပ်ခြင်း၊”
( ဂ ) နည်းဥပဒေခွဲ (ခ) ၌ ပါရှိသော “ဆေးဝါးသုံးစွဲသူမှတ်ပုံတင် ဌာနနှင့်” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။
(ဆက်လက်ဖော်ပြပါမည်)

16/12/2023

လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ( ၇၆၀ /၂၀၂၃ )
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
( ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် )
ပြည်ထဲရေးဝန်ကြီးဌာနသည် လောင်းကစားဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤလုပ်ထုံးလုပ်နည်းများကို လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဟု ခေါ်တွင်စေရမည်။
၂။ ဤလုပ်ထုံးလုပ်နည်းများတွင်ပါရှိသော စကားရပ်များသည် လောင်းကစားဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ လောင်းကစားဥပဒေကို ဆိုသည်။
(ခ) ဝရမ်း ဆိုသည်မှာ လောင်းကစားအိမ် သို့မဟုတ် ကာစီနို (Casino) သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရန် ဥပဒေနှင့်အညီ ထုတ်ပေးသည့် ဝရမ်းကိုဆိုသည်။
(ဂ) အစီရင်ခံစာ ဆိုသည်မှာ လောင်းကစားဖမ်းဆီးခြင်းနှင့် စပ်လျဉ်း၍ ဤလုပ်ထုံးလုပ်နည်းများအရ သတ်မှတ် ထားသည့် အစီရင်ခံစာပုံစံကို ဆိုသည်။
(ဃ) မြို့နယ်ရဲတပ်ဖွဲ့မှူးအား တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော ရဲအရာရှိ ဆိုသည်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးအား တိုက်ရိုက် ကြီးကြပ်ကွပ်ကဲသည့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယ တိုင်းဒေသကြီး သို့မဟုတ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည် တော်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယနေပြည်တော် ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဌာနကြီးမှူး (မှုခင်းနှင့် ဥပဒေရေးရာ ဌာနကြီး)၊ ဒုတိယရဲချုပ်နှင့် ရဲချုပ်ကို ဆိုသည်။ ယင်းစကားရပ်များတွင် အဆိုပါ ရာထူးတာဝန်များကို ထမ်းဆောင်နေသည့် မည်သည့် ရဲအရာရှိမဆို ပါဝင်သည်။
(င) ပုံစံ ဆိုသည်မှာ ဤလုပ်ထုံးလုပ်နည်းများတွင် သတ်မှတ် ထားသည့် ပုံစံကို ဆိုသည်။
အခန်း(၂)
အများပြည်သူနှင့်ဆိုင်သောနေရာတွင် လောင်းကစားခြင်းကို
ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်နည်းလမ်းများ
၃။ အများပြည်သူနှင့်ဆိုင်သောနေရာတွင် လောင်းကစားခြင်းနှင့် လောင်းကစားခြင်း၌ ပါဝင်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးဦးသည် ဝရမ်းမပါဘဲ ဖမ်းဆီး နိုင်သည်။
၄။ အပိုဒ် ၃ အရ ဖမ်းဆီးရာတွင် ဖမ်းဆီးသူသည်-
(က) ကိုယ်တိုင်ဖမ်းဆီးနိုင်သည်။
(ခ) လိုအပ်သော အကူအညီများရယူပြီး သင့်လျော်သော နည်းလမ်းဖြင့် ဖမ်းဆီးနိုင်သည်။
(ဂ) ဖမ်းဆီးရာတွင် လိုအပ်သောအင်အားကို အသုံးပြု နိုင်သည်။
၅။ (က) အပိုဒ် ၄ အရ ဖမ်းဆီးသူသည်-
(၁) ဖမ်းဆီးရမိသူများ၏ အမည်စာရင်းကို ရယူပြီး သက်သေနှစ်ဦးရှေ့တွင် ရှာဖွေ၍ တွေ့ရှိသည့် သက်သေခံပစ္စည်းများကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် သိမ်းဆည်းပြီး ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် သက်သေခံပစ္စည်းများ၊ တိုင်စာနှင့်အတူ သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်း အပ်နှံရမည်။ သို့ရာတွင် သယ်ယူရန်ခက်ခဲသော သက်သေခံပစ္စည်းများကို ပိုင်ရှင်အား ယာယီ ပြန်လည်အပ်နှံခြင်း ကတိခံဝန်ချုပ် (ပုံစံ-ဃ) ဖြင့် ပေးအပ်ထားနိုင်သည်။
(၂) မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပါက ခရိုင်အုပ်ချုပ် ရေးမှူးထံသို့လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်ပါက မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ စခန်းမှူး ဖြစ်ပါက မြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်ပါက ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ ကျန်ဖမ်းဆီးခွင့်ရှိသူများဖြစ်ပါက မိမိအား ကြီးကြပ်ကွပ်ကဲအုပ်ချုပ်သည့် အထက် အရာရှိထံသို့လည်းကောင်း ပထမသတင်းပေး တိုင်ချက်ရေးဖွင့်ပြီး ၂၄ နာရီအတွင်း အစီရင်ခံ တင်ပြရမည်။
(ခ) အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၁) အရ အပ်နှံခြင်းကို လက်ခံ ရရှိသည့် ရဲစခန်းသည် ပထမသတင်းပေးတိုင်ချက် ရေးဖွင့်၍ ဆက်လက်ဆောင်ရွက်ရမည်။
အခန်း (၃)
လောင်းကစားအိမ်သို့ ကိုယ်တိုင်ဝင်ရောက်ရှာဖွေ
ဖမ်းဆီးရာတွင် ဆောင်ရွက်ရန် နည်းလမ်းများ
၆။ လောင်းကစားအိမ်သို့ ကိုယ်တိုင်ဝင်ရောက် ရှာဖွေဖမ်းဆီးခွင့် ရှိသော မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာနယ်မြေအတွင်း လောင်းကစားအိမ်တွင် လောင်းကစား နေကြောင်း ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ အခြားသူတစ်ဦးဦးက သတင်း ပေးခြင်းကြောင့် သိရှိလျှင်ဖြစ်စေ လောင်းကစားသတင်းပေး မှတ်တမ်း (ပုံစံ-င) တွင် အောက်ပါအချက်များကို ဖော်ပြ၍ ရေးမှတ် ထားရမည်-
(က) လောင်းကစားအိမ် တည်ရာ နေရပ်လိပ်စာ၊
(ခ) လောင်းကစားအိမ်ရှင် (နေထိုင်သူ) အမည်၊
(ဂ) ရေးမှတ်သည့် နေ့ရက်နှင့် အချိန်နာရီ၊
(ဃ) သတင်းနှင့် ယုံကြည်လောက်သော အကြောင်းအချက်။
၇။ အပိုဒ် ၆ အရ ဆောင်ရွက်သူသည် သတင်းပေးသူ၏ အမည်နှင့် နေရပ်လိပ်စာကို လိုအပ်မှသာ အစီရင်ခံ တင်ပြရမည်။
၈။ အပိုဒ် ၆ အရ ရေးမှတ်သော လောင်းကစားသတင်းပေးမှတ်တမ်း (ပုံစံ-င) ကို လိုအပ်ပါက သက်ဆိုင်ရာတရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းနိုင်ရန် လုံခြုံစွာထိန်းသိမ်းထားရှိရမည်။
၉။ အပိုဒ် ၆ အရ လောင်းကစားသတင်းပေးမှတ်တမ်း (ပုံစံ-င) တွင် ရေးမှတ်ပြီးနောက် ၂၄ နာရီအတွင်း လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးရမည်။ ထိုသို့ ဖမ်းဆီးရာတွင်-
(က) မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ရဲစခန်းမှူးဖြစ်ပါက ကိုယ်တိုင် ဦးစီး၍ ဖမ်းဆီးနိုင်သည်။
(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်ပါက ကိုယ်တိုင်ဦးစီး၍ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူး တစ်ဦးဦးအပါအဝင် အနည်းဆုံး နှစ်ဦးပါဝင်လျက် အဖွဲ့ဖြင့်ဖမ်းဆီးနိုင်သည်။ လိုအပ်ပါက ရဲတပ်ဖွဲ့ဝင် အကူအညီကို ရယူနိုင်သည်။
(ဂ) ဖမ်းဆီးရမိခြင်းမရှိပါက မိမိ၏အထက်ဌာနသို့ ဆောလျင် စွာ တင်ပြရမည်။
၁၀။ အပိုဒ် ၉ အရ ဖမ်းဆီးရာတွင် ဖမ်းဆီးသူသည်-
(က) ရှာဖွေပုံစံ ပါရှိရမည်။
(ခ) သက်သေ အနည်းဆုံးနှစ်ဦး ပါရှိရမည်။
(ဂ) လုံလောက်သည့် အင်အားကို အသုံးပြုနိုင်သည်။
(ဃ) လောင်းကစားအိမ်အတွင်းသို့ အလွယ်တကူ ဝင်ရောက် နိုင်ခြင်းမရှိပါက မည်သည့်နည်းဖြင့်မဆို ဝင်ရောက်ခွင့် ရှိသည်။
၁၁။ (က) အပိုဒ် ၁၀ အရ ဖမ်းဆီးသူသည်-
(၁) ဖမ်းဆီးရမိသူများ၏ အမည်စာရင်းကို ရယူပြီး သက်သေနှစ်ဦးရှေ့တွင် ရှာဖွေ၍ တွေ့ရှိသည့် သက်သေခံပစ္စည်းများကို ရှာဖွေပုံစံ (ပုံစံ-ခ) ဖြင့် သိမ်းဆည်းပြီး ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် သက်သေခံပစ္စည်းများ၊ တိုင်စာနှင့်အတူ သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်း အပ်နှံရမည်။ သို့ရာတွင် သယ်ယူရန်ခက်ခဲသော သက်သေခံပစ္စည်းများကို ပိုင်ရှင်အား ယာယီ ပြန်လည်အပ်နှံခြင်း ကတိခံဝန်ချုပ် (ပုံစံ-ဃ) ဖြင့် ပေးအပ်ထားနိုင်သည်။
(၂) မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပါက ခရိုင်အုပ်ချုပ် ရေးမှူးထံသို့ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဖြစ်ပါက ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့လည်းကောင်း၊ စခန်းမှူးဖြစ်ပါက မြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့လည်း ကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးဖြစ်ပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ ပထမသတင်းပေးတိုင်ချက်ရေးဖွင့် ပြီး ၂၄ နာရီအတွင်း အစီရင်ခံတင်ပြရမည်။
(ခ) အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၁) အရ အပ်နှံခြင်းကို လက်ခံရရှိသည့် ရဲစခန်းသည် ပထမသတင်းပေး တိုင်ချက်ရေးဖွင့်၍ ဆက်လက်ဆောင်ရွက်ရမည်။
အခန်း (၄)
ဝရမ်းထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်နည်းလမ်းများ
၁၂။ ဥပဒေအရ ဝရမ်းထုတ်ပေးခွင့်ရှိသူသည် လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးရန် ဝရမ်းထုတ်ပေးခြင်းမပြုမီ လောင်းကစား အိမ်နှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်သိရှိသည့် အချက်ကိုဖြစ်စေ၊ သတင်း ပေးချက်ကိုဖြစ်စေ အပိုဒ် ၆ နှင့်အညီ ရေးမှတ်ပြီးနောက် အောက်ပါ အချက်များပါဝင်သည့် လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီး ခွင့်ဝရမ်း (ပုံစံ-က) ကို ထုတ်ပေးရမည်-
(က) ဝင်ရောက်ရှာဖွေ ဖမ်းဆီးရမည့် လောင်းကစားအိမ် တည်ရာ နေရပ်လိပ်စာနှင့် အိမ်ရှင်တို့၏ အမည်၊
(ခ) ဝရမ်း စတင်ထုတ်ပေးသည့် ရက်စွဲနှင့် ဝရမ်းသက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊
မှတ်ချက်။ ထိုသို့ ထုတ်ပေးသည့် ဝရမ်းသက်တမ်းသည် ဝရမ်းစတင်ထုတ်ပေးသည့်နေ့မှ ၁၄ ရက် ထက်ကျော်လွန်ခြင်း မရှိစေရ။
(ဂ) ဝရမ်းထုတ်ပေးခွင့်ရှိသူ၏ လက်မှတ်နှင့် ရုံးတံဆိပ်။
၁၃။ ဝရမ်းထုတ်ပေးခွင့်ရှိသူက ဝရမ်းထုတ်ပေးရာတွင် သီးခြား မှတ်တမ်းစာအုပ်၌ ရေးသွင်းပြီး အဆိုပါမှတ်တမ်းစာအုပ်နှင့် စာရွက် စာတမ်းများကို လုံခြုံစွာထိန်းသိမ်းထားရမည်။
၁၄။ (က) ဝရမ်းနှင့်စပ်လျဉ်းပြီး တာဝန်ပေးအပ်ခြင်းခံရသူသည်-
(၁) လောင်းကစားခြင်းကို ဖမ်းဆီးရမိပါက လောင်း ကစားဝရမ်းအတည်ဖြစ်ကြောင်း အစီရင်ခံစာ (ပုံစံ-ဂ) ဖြင့် ဝရမ်းထုတ်ပေးသူထံ တင်ပြရမည်။
(၂) လောင်းကစားခြင်းကို ဖမ်းဆီးရမိခြင်းမရှိပါက လောင်းကစားဝရမ်း အတည်မဖြစ်ကြောင်း အစီရင် ခံစာ [ပုံစံ-ဂ(၁)] ဖြင့် ဝရမ်းထုတ်ပေးသူထံ တင်ပြ ရမည်။
(ခ) အပိုဒ်ခွဲ(က) အရ ပြန်လည်တင်ပြသည့် အစီရင်ခံစာကို ရရှိလျှင် ဝရမ်းထုတ်ပေးသူသည် အမှုတွဲတွင် ပူးတွဲထား ရမည်။
၁၅။ အပိုဒ် ၁၄ အရ လောင်းကစားဝရမ်းအတည်ဖြစ်ကြောင်း အစီရင် ခံစာ (ပုံစံ-ဂ) ကို လက်ခံရရှိပါက အပိုဒ် ၁၂ အရ ဝရမ်းထုတ်ပေးသူသည်-
(က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်လျှင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်လျှင် ခရိုင်အုပ်ချုပ်ရေးမှူး ထံသို့ လည်းကောင်း ၂၄ နာရီအတွင်း အစီရင်ခံတင်ပြ ရမည်။
(ခ) မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်လျှင် ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည် တော် ရဲတပ်ဖွဲ့မှူးထံသို့လည်းကောင်း၊ ဒုတိယတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး သို့မဟုတ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယနေပြည်တော်ရဲတပ်ဖွဲ့မှူး ဖြစ်လျှင် ရဲချုပ်ထံသို့လည်းကောင်း ၂၄ နာရီအတွင်း အစီရင်ခံတင်ပြရမည်။
(ဂ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဌာနကြီးမှူး (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး) သို့မဟုတ် ဒုတိယရဲချုပ်ဖြစ် လျှင် ရဲချုပ်ထံ တင်ပြရမည်။
(ဆက်လက်ဖော်ပြပါမည်)

16/12/2023

လေ့လာဖတ်ရှူ့၍ ပြန်လည်မျှဝေပါသည် ။
📖📖📖

👩‍⚖️👩‍⚖️👩‍⚖️

ဒေါ်စန္ဒာဆွေ Vs ဦးသိန်းဝင်း ၊ ၂၀၁၆
ခုနှစ် ၊ မတစ၊ စာ- ၇၂

📖📖📖

လင်ဖြစ်သူသည် ကြီးလေးသောရက်စက်မှုကို ကျူးလွန်လျှသင် မယားဖြစ် သူ၌ ကွာရှင်းခွင့်ရနိုင်သည်သာမက ပါရင်းပစ္စည်းပါဝင်သည့် လင်မယားနှစ်ဦးပိုင်ပစ္စည်းများမှ ရသင့်သည့်ဝေစု အားလုံးဆုံးရှုံးမည်ဖြစ်ခြင်း

👩‍⚖️👩‍⚖️👩‍⚖️

ဆုံးဖြတ်ချက်

📖📖📖

တရားပြိုင်သည် တရားလိုနှင့်မိမိတို့မှ မွေးဖွားသည့် အရွယ်မရောက်သေးသူ သမီးအရင်းအပေါ် မုဒိမ်းမှုကျူးလွန်ခြင်းဖြစ်သည်။ယင်းသို့ကျူးလွန်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာ၊မြန်မာလူမှုအသိုင်းအဝန်းတွင် မည်သို့မျှခွင့်မလွှတ်နိုင်သည့် စက်ဆုပ်ရွဲရှာဖွယ်ကောင်းသည့် လူမှုကျင့်ဝတ့သိက္ခာ ချိုးဖောက်မှုဖြစ်သည်။ ယင်းသို့ တရားပြိုင်၏ပြုလုပ်မှုကြောင့် မိခင်ဖြစ်သူတရားလိုတွင်ကြီးစွာသောစိတ်ဒဏ်ရာရသကဲ့သို့ ကျူးလွန်ခြင်းခံရသူ ၏ ဘဝတစ်လျှောက်လုံးတွင်လည်း ပယ်ဖျက်၍မရနိုင်သည့် အမည်းစက်ဖြစ်ပေါ်ခဲ့ရသည်မှာထင်ရှားသည်။

👩‍⚖️👩‍⚖️👩‍⚖️

ထပ်မံဆုံးဖြတ်ချက်

📖📖📖

တရားပြိုင်သည် မိမိနှင့်တရားလိုတို့၏ အရွယ်မရောက်သေးသူ သမီးအရင်းကို မုဒိမ်းပြုကျင့်ခဲ့ခြင်းသည် တရားလိုအပေါ် ကြီးစွာသောစိတ်ဆင်းရဲမှုကို ဖြစ်စေသည်မှာ ယုံးမှားဖွယ်မရှိသဖြင့် ကြီးလေးသောရက်စက်မှု တစ်နည်းအားဖြင့် ကြီးလေးသောအိမ်ထောင်ရေး ပြစ်မှုကို ကျူးလွန်သူအဖြစ် သတ်မှတ်ကာ လင်မယားပိုင်ပစ္စည်းတွင် လင်ဝေစုဖြစ်သည့် ၎င်း၏ဝေစုကို ဆုံးရှုံးခံထိုက်စေရန်ဖြစ်သည်။

16.12.2023 ရက်နေ့ လေ့လာဖတ်ရူ့ခြင်းမှ ပြန်လည်မျှဝေပါသည် ။
Lawyer # Daw Maw Thinzar Oo

👩‍⚖️

06/11/2023

👩‍⚖️👩‍⚖️👩‍⚖️

သိန်းထွန်းအောင် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၂၀၁၈ခု နှစ်၊ မတစ၊စာ ၃၅

👩‍⚖️👩‍⚖️👩‍⚖️

တရားခံတစ်ဉီးချင်းစီထံမှတွေ့ရှိသော ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများအားလုံး စုပေါင်းချိန်တွယ်သည့် အလေးချိန်အရ တရားခံများအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)အရ ပြစ်ဒဏ်ချမှတ်ခြင်းမှာ မှန်ကန်ခြင်း ရှိ မရှိ။

👩‍⚖️👩‍⚖️👩‍⚖️

ဆုံးဖြတ်ချက်

သက်သေခံမူးယစ်ဆေးဝါးများကိုတွေ့ ရှိရခြင်းနှင့်စပ်လျဉ်း၍ စိစစ်ကြည့်လျှင် တရားခံတစ်ဉီးစီထံမှရှာဖွေတွေ့ရှိသည့် မူးယစ်ဆေးဝါးများကို စုပေါင်း၍ ရှာဖွေပုံစံတစ်စောင်တည်းတွင်ဖော်ပြပြီး တရားခံ ၃ ဉီးအားလက်မှတ်ရေးထိုး အပ်ပေးစေခဲ့ခြင်းဖြစ်သည်။

သတင်းပေးတိုင်ချက် ရှာဖွေပုံစံပါ သိမ်းဆည်းတွေ့ ရှိသည့် အခြေအနေဖော်ပြချက်နှင့်တရားလိုဘက် သက်သေခံချက်အရ အခန်းတစ်ခုတွင် လူ ၃ဦးရှိနေသော်လည်း တစ်ဦးစီလက်ဝယ်ရှိ မရှိကို ၃ ဦးစလုံးအတူတကွ လက်ဝယ်ထားသည်ဟုကောက်ယူ ခြင်းထက် တစ်ဦးစီသီးခြားလက်ဝယ်ထားသည့်ဟုကောက်ယူခြင်းက မှန်ကန်နိုင်မည် ဖြစ်သည်။

👩‍⚖️👩‍⚖️👩‍⚖️

ထပ်မံဆုံးဖြတ်ချက်

ရှာဖွေပုံတွင် ဆေးပြားစုစုပေါင်း ၃၇ ပြား၊အလေးချိန် ၃.၇ ဂရမ် လက်မှတ်ရေးထိုးအပ်ပေးသူ တရားခံတစ်ဦးချင်းစီမှ ရောင်းချရန်အလို့ငှာလက်ဝယ်ထားကြောင်း ကောက်ယူ၍ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၉(က)အရ ပြစ်မှုထင်ရှားစီရင်ခြင်းသည် ဥပဒေနှင့် ညီညွတ်သည်ဟု မဆိုနိုင်ပေ။

လေ့လာတွေ့ရှိသမျှ ပြန်လည်မျှဝေပါသည်

Lawyer # 👩‍⚖️Daw Maw Thinzar Oo

06/11/2023

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ​ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း ၊ တစ်ဆင့်ပေးပို့ခြင်း၊လွှဲဲပြောင်းပေးခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံးနှစ်အကန့်အသတ်မရှိထောင်ဒဏ် ချမှတ်ရမည်

Lawyer # Daw Maw Thinzar Oo

Address

Mingalardon
Yangon
-

Alerts

Be the first to know and let us send you an email when Daw Maw Thinzar Oo - LL.B, DBL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Daw Maw Thinzar Oo - LL.B, DBL:

Share

Category