Samantha Keith Law & Notary Public

Samantha Keith Law & Notary Public Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Samantha Keith Law & Notary Public, Lawyer & Law Firm, No. 1007 & 1008, Ground Floor, Sedona Hotel, Kabaraye Pagoda Road, Yankin Tsp, Yangon.

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင...
15/10/2024

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮

သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံပြီး စည်းစိမ်ဥစ္စာ ရတနာရွှေငွေတို့ ဒီရေအလား တိုးတက်ကြပါစေလို့ Samantha Keith Law & Notary Public မိသားစုများမှ သီတင်းကျွတ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏🙏🙏

(16.10.2024 မှ 20.10.2024) အထိ ရုံးပိတ်ပါတယ်...

(21.10.2024) ရက်နေ့တွင် ရုံးများ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ကြောင်း ချစ်တဲ့ Customer တယောက်စီတိုင်းကို အသိပေးအပ်ပါတယ်... 💁💁‍♂️

#သီတင်းကျွတ်
#သီတင်းကျွတ်လပြည့်နေ့

အမွေမမီမြေးများ 👶👦👧“အမွေမမီမြေး” တို့၏ အခွင့်အရေးမှာ “အမွေမီမြေး” များကဲ့သို့ မဟုတ်ပေ။ “အမွေမမီမြေး”တို့သည် မိဘများ ရရှိ...
14/10/2024

အမွေမမီမြေးများ 👶👦👧

“အမွေမမီမြေး” တို့၏ အခွင့်အရေးမှာ “အမွေမီမြေး” များကဲ့သို့ မဟုတ်ပေ။ “အမွေမမီမြေး”တို့သည် မိဘများ ရရှိသင့်သည့် အခွင့်အရေးအလျောက် အခွင့်အရေးအလျောက်မိဘကိုယ်စား အမွေဆက်ခံရရှိခြင်း မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်းဖြစ်ပေသည်။

မိဘများသည် ဘိုးဘွားများအရင် သေဆုံးကြပြီးသော အမွေမမီမြေး တို့အချင်းချင်း အမွေခွဲဝေရာတွင် အားလုံး သော မြေးများအညီအမျှရရှိကြသည်။ ထို့ကြောင့် အမွေခွဲဝေရာတွင် မြေဦးရေအတွက်လိုက်အမွေပုံကို အညီ အမျှခွဲဝေကြရသည်။ မောက်ဘဂုဏ်နှင့် မဖွားသစ် ( ၅ ရန်ကုန် ၇၄၇)။

“အမွေမီမြေး “များသည် ဘိုးဘွားများ၏ အမွေကို မြေးများအဖြစ်ဖြင့် အမွေဆက်ခံခွင့်မရှိချေ။ ၎င်းတို့၏ မိဘ အမွေကိုသာ ဆက်ခံခြင်းဖြစ်သည်။ သို့ရာတွင် အမွေမမီမြေး များသည် ဘိုးဘွားတို့၏အမွေကို အမွေမမီမြေး များ အဖြစ် ဆက်ခံခွင့်ရှိကြသည်။ မောင်စောကျော်နိုင်နှင့် ဒေါ်စောသိင်္ဂ ( ၁၉၈၄ မတစ ၁၃၅)။

မိဘနှစ်ပါး ကွားရှင်းပြတ်စဲချိန်တွင် ကလေးသည် မိဘနှစ်ပါးအနက်တစ်ဦးနှင့်သာ အတူဆက်လက် နေထိုင် သည်။ အခြားတစ်ဦးနှင့် မူ အဆက်အသွယ်လည်း မရှိ ၊ သားသမီးတို့ပြုဖွယ်သော ဝတ္တရားများကိုလည်း ပြုစု ခြင်း မရှိပေ။ သို့ရာတွင် ထိုကလေးသည် ၎င်းနှင့်အတူမနေသည့် ဘိုးဘွားများ၏ အမွေကို ဆက်ခံပိုင်ခွင့် ရှိ သည်။ ထိုကလေးသည် ၎င်း၏ ဘိုးဘွားအမွေကို ရရှိရန်အတွက် အတူမနေသည့် မိဘနှင့်ပြန်လည် ဆက်သွယ် ပြီး သားသမီးတို့၏ ပြုဖွယ်သော ဝတ္တရားများကိုလည်း ပြုစုရန်မလိုပေ။ မသိန်းနုနှင် မဖွားသစ် ( ၁၉၄၈ မတစ ၁၂၆ စုညီခုံ)။

လူတစ်ယောက် ကွယ်လွန်သည့်အခါတွင် ဖခင်ဘက်မှ တော်စပ်သည့် ကွယ်လွန်သူ အရီးလေး၏ သားတစ် ယောက်မိခင်ဘက်မှ တော်စပ်သည့် ကွယ်လွန်သူ ဦးလေး၏ ကလေးနှစ်ယောက်နှင့် မိခင်ဘက်မှ တော်စပ် သည့် အခြားကွယ်လွန်သူ ဦးလေးတစ်ယောက်၏ ကလေးခြောက်ယောက် ပေါင်း မြေးကိုးယောက်တို့ အမွေခံ အမွေစားအဖြစ် ကျန်ရစ်သည်။ အဆိုပါ မြေးကိုးဦးသည် ၎င်းတို့အဘိုးအမွေတွင် ကိုးပုံတစ်ပုံစီအညီအမျှ ရထိုက်သည်။ မောင်ဘဂုဏ်နှင့် မဖွားသစ် ( ၅ရန်ကုန် ၇၄၇)။

စီရင်ထုံးတစ်ခုတွင် မောင်ဖိုးမောင်ဆိုသူတွင် မယားသုံးယောက်ရှိသည်း။ နောက်ဆုံး တတိယမယားမမှန် လက်ထက်တွင် ဦးဖိုးမောင်ကွယ်လွန်သည်။ မငွေဆင်က ၎င်း၏ဖခင် ဦးမြသည် ကွယ်လွန်သူ ဦးဖိုးမောင်၏ ပထမ မယားမှ မွေးဖွားသည့် သားဖြစ်၍ ၎င်းသည် ဦးဖိုးမောင်၏ မြေးအဖြစ် အမွေစုရလိုကြောင်း တရားစွဲဆိုရာ တတိယမယား မမှန်က ၎င်း၏ ယောက်ျားတွင် ပထမနှင့် ဒုတိယမယားရှိသည်ကို မသိကြောင်းငြင်းဆိုသည်။

အဆိုပါအမှုတွင် ဆွေစဉ်မျိုးဆက်နှင့်ပက်သက်ပြီး သက်သေခံရန် အခြားသော သွေးရင်းဆွေမျိုးများမရှိသော ကြောင့် ရပ်ရွာတွင် ကျော်စေထင်ရှားမှု သတင်းသက်သေခံချက်သည် အရေးကြီးလှ ပေသည်ဟု ဆုံးဖြတ်ပြီး ထိုအမှုတွင် မငွေသင်သည် မြေးအဖြစ် အမွေရထိုက်သည်ဟု ဆုံးးဖြတ်သည်။ အမှန်နှင့် မငွေသင် ( ၁ ရန်ကုန် ၃၄)။

အမွေမမီမြေး တို့၏ အခွင့်အရေးမှာ အမွေမီမြေး များကဲ့သို့ မဟုတ်ပေ။ အမွေမမီမြေး တို့သည် မိဘမှားရရှိ သင့် သည့် အခွင့်အရေးအလျောက် မိဘကိုယ်စားအမွေဆက်ရရှိခြင်း မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်အခွင့် အရေး များအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်းဖြစ်ပေသည်။

ဦးမြင့်သော် ပါ ၇ နှင့် မောင်ဇင်လင်းပါ ၃ ( ၁၉၉၈ မတစ ၂၂၇)။

အိမ်ထောင်ကြီးယောက်ျားနှင့် အိမ်ထောင်ကြီးမိန်းမတို့ လက်ထပ်ရာ သားသမီးများရရှိသည်။ ၎င်းတို့ သေဆုံး ရာ နှစ်ဖက်မှ အထက်အမွေမမီမြေးများ၊ အောက်သားသမီးများနှင့် အောက်အမွေမမီမြေများ ကျန်ရစ်သည်။

နောက်ဆုံးပေါင်းသင်းချိန်တွင် ရရှိသည့် လက်ထက်ပွားပစ္စည်းသာ ကျန်ရစ်သည်။ အခြားပစ္စည်းများမကျန်။ လင်၏ အထက်အမွေမမီမြေးများက ၅ ပုံ ၁ ပုံ၊ မယား၏ အထက်အမွေမမီမြေများက ၅ ပုံ ၁ ပုံ ၊ အောက်သား သမီးများနှင့် အောက်အမွေမမီမြေးတို့က စုပေါင်း ၍ ၅ ပုံ ၃ ပုံ ရရှိသည်။

မောင်အောင်သင်းနှင့် မငွေဦး ( ၆ ရန်ကုန် ၃၅၅)။

[စာညွှန်း- ဦးမြစိန်၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ ( ပထမအကြိမ်၊ ၂၀၁၁)၊ စာ ၁၃၄]





#အသေးစိတ်သိရှိလိုပါက
09-945629777
09-945609777
Viber- 09-780385176 သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Telegram Link မှလဲ ဝင်ရောက်လေ့လာ ဆက်သွယ်နိုင်ပါတယ်
https://t.me/sklawfirm

🏠No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanmar.

14/10/2024

အမွေခွဲဝေခြင်း
------------------

မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦး ကွယ်လွန်ရင် အမွေစီးဆင်းသွားပုံကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အောက်ပါအတိုင်းဖြစ်ပါတယ်-
၁။ သားသမီးများ
၂။မြေးများ
၃။မြစ်များ
၄။ညီအစ်ကိုမောင်နှမများ
၅။မိဘ
၆။ဘိုးဘွား
၇။တူ၊တူမများ
၈။ဦးကြီး၊ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေး
၉။တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများ ဆိုပြီးဖြစ်ပါတယ်။

ကွယ်လွန်သူအမွေရှင်ရဲ့အမွေပစ္စည်း‌ကိုခွဲတဲ့အခါမှာ အမွေစားအမွေခံအားလုံးပါဝင်ဖို့လိုအပ်ပါတယ်။
(ဦးချစ်‌ထွေး နှင့် ဦးတင်စိုးအောင် ၊ ၂၀၀၈ မတစ ၇၈)

အမွေရှင်ရဲ့အမွေပစ္စည်းအားလုံးပါဝင်ဖို့လည်းလိုပါတယ်။(ဒုဗိုလ်မှုးကြီးအောင်ကျော်စိုး ပါ၁၂ နှင့် ဒေါ်ဇာလီမောင် ပါ၆ ၊၂၀၀၉ မတစ ၇၈)

အမွေဆက်ခံရာမှာ အခြေခံမူ(၅)ချက်ရှိပါတယ်။

က) အမွေက စုန်နိုင်ရင် မဆန်ရဘူး

(ဆွေမျိုးဆက်ကနှစ်ဆက်ရှိတယ်။အစုန်ဘက်နဲ့အဆန်ဘက်။ အစုန်ဘက်မှာက အမွေရှင်ရဲ့ခင်ပွန်း/ဇနီး၊သား၊သမီး၊မြေး၊မြစ် တို့ဖြစ်ပြီး အဆန်ဘက်ကတော့ မိဘ၊ဘိုးဘွား၊ဘီဘင်တို့ဖြစ်ပါတယ်)

ခ) မျိုးဆက်နီးသူ က မျိုးဆက်ဝေးသူကို အမွေက ပယ်ထုတ်နိုင်တယ်။

ဂ) မြန်မာဗုဒ္ဓဘာသာတင်တွေ သေတမ်းစာရေးခွင့်မရှိဘူး။

ဃ) အမွေရှင်မိဘ က သားသမီးတစ်ယောက်တည်းကို အမွေပေးခွင့်မရှိဘူး။

င) ကွယ်လွန်သူ ကျန်ရစ်တဲ့အမွေကိုဆက်ခံမှုဟာ အဲ့လူကွယ်လွန်စဉ်က ကနဦးပေါ်ပေါက်တဲ့ အခွင့်အရေးကို တရားစွဲတောင်းခံမှုဖြစ်လို့ ကွယ်လွန်သူနဲ့သက်ဆိုင်တဲ့မိသားစုဥပဒေက ဆုံးဖြတ်ပေးရမှာဖြစ်တယ်။ တောင်းခံသူအမှုသည်ရဲ့ သက်ဆိုင်တဲ့မိသားစုဥပဒေအရ အဆုံးအဖြတ်ပေးဖို့မဟုတ်ဘူး။

မိဘကွယ်လွန်တဲ့အခါ သားသမီးများဘယ်လိုအမွေဆက်ခံမလဲ?
မြန်မာဓလေ့ထုံးတမ်းဥပဒေအရအမွေခွဲယူရေးမှာ သားယောကျာ်းလေးနဲ့ သမီးမိန်းကလေးကို တန်းတူအခွင့်အရေးပေးထားပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့အမွေကို ဘာသာခြားအမွေခံက ဆက်ခံခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားခြင်းမရှိ။

အမွေခွဲဝေရေးနဲ့ပတ်သက်ပြီး သားသမီးများကို (၅)မျိုး ခွဲနိုင်ပါတယ်။

*ဩရသသားသမီး၊
*ကနိဋ္ဌသားသမီး၊
*ကိတ္တိမသားသမီး၊
*အပတိဋ္ဌသားသမီး
*သွာနုတ္တသားသမီး ဆိုပြီးတော့ပါ။

ဩရဿသားသမီးဖြစ်ရန်လိုအပ်ချက်များ

-တရားဝင်သားသမီးဖြစ်ရမယ်။

-သားရင်းသမီးရင်းဖြစ်ရမယ်။

-သားဖြစ်သူဟာအဖေကွယ်လွန်တဲ့အခါ၊ သမီးဖြစ်သူဟာအမေကွယလွန်တဲ့အခါ အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမယ်။

-ဩရဿသားသမီး ဟာ အသက်(၁၈)နှစ်ပြည့်တဲ့အခါ အကြီးဆုံးသားသမီးဖြစ်ရမယ်။ပထမဆုံးမွေးတဲ့ကလေးဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူး။

(ဆိုလိုသည်မှာ ပထမဆုံးမွေးသောကလေးသည်မွေးခါစသို့ငယ်စဉ်ကပင်သေဆုံး၍ ဒုတိယသားသမီးသည်ဩရဿအရာရသွားခြင်း)

-သားဖြစ်ရင်ဖခင်တာဝန်၊သမီးဖြစ်ရင်မိခင်တာတန်ဆောင်ရွက်နိုင်သူဖြစ်ရမယ်။

ဩရဿသားသမီးများ၏အခွင့်အရေးများ

-ဩရဿသားဖြစ်ရင်အဖေသေတဲ့အခါ၊သမီးဖြစ်ရင်အမေသေတဲ့အခါ ကျန်ရစ်တဲ့မိဘဆီက အမွေ၄ပုံ၁ပုံ ရခွင့်ရှိတယ်။

-ကျန်ရစ်တဲ့မိဘ နောက်‌အိမ်ထောင်ပြုချိန်မှာ ဩရဿသားသမီးက အမွေ ၄ပုံ၁ပုံတောင်းခွင့်ရှိတယ်။ ဩရဿသားသမီးက တယောက်တည်းရှိရင် ဖခင်သေပြီးမိခင်နောက်အိမ်ထောင်ပြုတဲ့ချိန်ထိ စောင့်ပြီးအမွေတောင်းရင် အမွေတစ်ဝက်ရမယ်။သားသမီးသုံးယောက်ရှိတယ်ဆိုရင် မိဘနှစ်ပါးလုံးဆုံးပြီးနောက် အမွေတောင်းရင် ဩရဿသားသမီးက အမွေပုံ ပစ္စည်းရဲ့ ၃ပုံ၁ပုံရမယ်။မိဘတစ်ပါးပါး သေဆုံးပြီးနောက်တောင်းရင်ရမယ့်အမွေမှာ မိဘကွယ်လွန်စဉ် ကျန်ရစ်တဲ့အမွေပစ္စည်းရဲ့ ၄ပုံ၁ပုံ ရမှာပါ။ ကျန်ရစ်တဲ့မိဘနောက်အိမ်ထောင်ပြုတဲ့အခါတောင်းရင်တော့ ကျန်ရစ်မိဘ နောက်အိမ်ထောင်ပြုချိန်တကယ်ရှိတဲ့ပစ္စည်းရဲ့ ၄ပုံ၁ပုံကိုရမှာဖြစ်ပါတယ်။

-ဩရဿသားသမီးရဲ့အကျိုးခံစားခွင့်ဟာ အပြီးသတ်အကျိုးခံစားခွင့်ဖြစ်ပါတယ်။

ကနိဋ္ဌသားသမီးရဲ့ အခွင့်အရေးများ

-ကနိဋ္ဌ သားသမီးတွေဆိုတာ ဩရဿသားသမီးကလွဲလို့ ကျန်သောသားသမီးများကို ကနိဋ္ဌသားသမီးလို့ခေါ်နိုင်ပါတယ်။

-ကနိဋ္ဌသားသမီးတွေက မိဘပေးသမျှသာ အမွေကို ရတာဖြစ်ပါတယ်။ ဩရဿသားသမီးလို မိဘနှစ်ဦးထဲက တစ်ဦးဆုံးပါးသွားတဲ့အခါအ‌မွေတောင်းဆိုခွင့်မရှိပါဘူး မိဘတစ်ဦးဆုံးပါပြီး ကျန်မိဘ နောက်အိမ်ထောင်ပြုချိန်မှာတော့ အမွေတောင်းဆိုနိုင်ပါတယ်။

-မိဘထက်အရင်သေဆုံးသွားတဲ့ ကနိဋ္ဌသားသမီးတွေရဲ့ ခင်ပွန်း မယား တွေက အမွေရှင်မိဘတွေရဲ့ အမွေကို ဆက်ခံခွင့်မရှိပါဘူး။ သို့သော်သေဆုံးသွားတဲ့ကနိဋ္ဌသားသမီး ရဲ့ သားသမီး(အမွေရှင်၏မြေး)ကတော့ ဆက်ခံခွင့်ရှိပါတယ်။

ကိတ္တိမသားသမီးများ၏အခွင့်အရေး

-ကိတ္တိမသားသမီး ဆိုတာကတော့ ကိတ္တိမသားသမီးမွေးစားခြင်းမှတ်ပုံတင် အက်ဥပဒေ(၁၉၄၁) အရမွေးစားတဲ့သားသမီးကိုဆိုလိုတာဖြစ်တယ်။ ၁၉၄၁ ဧပြီလ ၁ရက်နေ့ နောက်ပိုင်းမွေးစားတဲ့သားသမီးတွေကိုဒီအက်ဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိရင် တရားမဝင်သလို အမွေခွဲဝေဆက်ခံနိုင်ခြင်းလည်းမရှိပါဘူး။

-ကိတ္တိမသားသမီး ဟာ မွေးစားတဲ့မိဘထံမှသာ အမွေဆက်ခံခွင့်ရှိပြီး မိရင်းဖရင်းထံမှ အမွေဆက်ခံခွင့်မရှိပါဘူး။(ဒေါ်သန်းခင် နှင့်‌ ဒေါ်နွဲ့နွဲ့ဇင် ၁၉၉၀ မတစ ၁၁၉)

-ကိတ္တိမသားသမီးကိုကျော်ပြီး တူတူမတွေကို အမွေပေးခွင့်မရှိပါဘူး။

-ကိတ္တိမသားသမီး တွေရဲ့ မိဘတစ်ပါးသေဆုံးပြီး‌နောက်ကျန်မိဘတစ်ပါးက နောက်အိမ်ထောင်ပြုချိန်မှာ အခြားသားသမီးတွေ တန်းတူ ကိတ္တိမသားသမီးကအမွေ ခွဲဝေပေးဖို့တောင်းဆိုနိုင်ပါတယ်။

-မိဘသဘောမတူသူနဲ့ခိုးရာလိုက်ပြေးရုံနဲ့ ကိတ္တိမသားသမီး ဟာ အမွေမဆုံးရှုံးနိုင်ပါဘူး။

-နိုင်ငံခြားသားကိုမွေးစားရုံနဲ့ နိုင်ငံသား မဖြစ်နိုင်ပါဘူး နိုင်ငံသားပြုမှု ကို ခွင့်ပြုဖို့အစိုးရထံ လျှောက်ထားရပါမယ်။

အပတိဋ္ဌသားသမီးရဲ့အခွင့်အရေးများ

-အပတိဋ္ဌသားသမီး ဆိုတာ ကတော့ 'စွန့်လွှတ်ပြီး' သားသမီးလို့ အဓိပ္ပာယ်ရပါတယ်။ သားသမီးကို စတင် မွေးစားကတည်းက အမွေပေးဖို့ရည်ရွယ်ပြီးမွေးစားတာမဟုတ်ပါဘူး။

-သားရင်းသမီးရင်း ကိတ္တမသားသမီးနဲ့ မြေး တွေ မရှိတဲ့အခါမှာ အမွေဆက်ခံခွင့်ရှိပါတယ်။ထိုသို့ဆက်ခံရာမှာ အမွေရှင်ရဲ့ ဆွေမျိုး တွေ တဝက်၊ အပတိဋ္ဌသားသမီး တဝက် စီရရှိပါမယ်။

-မွေးစားမိဘနဲ့ အတူမနေဘဲ မွေးစားမိဘ နဲ့ တခါတလေ မှ အဆက်အသွယ်ရှိတဲ့ အပတိဋ္ဌသားသမီး က အမွေ ဆက်ခံခွင့်မရှိပါဘူး။

-သားရင်းသမီးရင်းတွေ ကို အပတိဋ္ဌသားသမီးတွေ က အ‌မွေမှ ပယ်ထုတ်ခွင့်မရှိပါဘူး။
သွာနုတ္တသားသမီးရဲ့ အခွင့်အရေးများ

-သွာနုတ္တသားသမီးဆိုတာက ခွေးနှင့်တူသောသားသမီးလို့ အဓိပ္ပာယ် ပြန်နိုင်ပါတယ်။

-မိဘကို ဆဲဆိုရိုက်နှက်၊ မိဘပစ္စည်းကိုခိုး ပြီး သွာနုတ္တသားသမီးဖြစ်‌ ကြောင်းထင်ရှားခိုင်လုံရင်တော့ အမွေဆက်ခံခွင့်ဆုံးရှုံးမှာဖြစ်ပါတယ်။

-မိဘသဘောမတူသူနဲ့လိုက်ပြေးရုံနဲ့တော့အမွေမဆုံးရှုံး ပါဘူး။

-သွာနုတ္တသားသမီးတွေ က မိဘရဲ့ အမွေကို ဆုံးရှုံးပေမယ့် ၎င်းတို့ရဲ့သားသမီးတွေက ဘိုးဘွားရဲ့အ‌မွေကို တော့ ဆက်ခံခွင့်ရှိပါတယ်။

-သွာနုတ္တသားသမီး တွေ ဟာ မွေးစားထားတဲ့သားသမီးတွေဆိုရင်တော့ ၎င်းတို့ရဲ့သားသမီးတွေက အမွေဆက်ခံခွင့်မရှိပေ။





#အသေးစိတ်သိရှိလိုပါက
09-945629777
09-799300487
09-945609777
Viber- 09-780385176 သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Telegram Link မှလဲ ဝင်ရောက်လေ့လာ ဆက်သွယ်နိုင်ပါတယ်
https://t.me/sklawfirm

🏠No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanmar.

အမွေမှု (၂)မျိုး နှင့်  ကာလစည်းကမ်းသတ် အကြောင်း သိကောင်းစရာ အမွေမှု  ၂ မျိုးမြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အောက်ပါအတိုင်း အမွ...
11/10/2024

အမွေမှု (၂)မျိုး နှင့် ကာလစည်းကမ်းသတ် အကြောင်း သိကောင်းစရာ

အမွေမှု ၂ မျိုး

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အောက်ပါအတိုင်း အမွေမှု ၂ မျိုး ၂စား ရှိသည်။

(၁) သားသမီးက ကျန်ရစ်သူ မိဘထံမှ ရရန်ရှိသောအမွေဝေစု ရလိုကြောင်းစွဲဆိုသောအမှု

(၂) အမွေဆိုင်တစ်ဦးက ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုရလိုကြောင်း စွဲဆိုသောအမှု...

**မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆)အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။

"မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ၀င်တစ်ဦး ကျန်ရစ်သော အမွေပစ္စည်းအပေါ် အရေး ဆိုသည့် အမွေမှု နှစ်မျိုးနှစ်စားရှိသည်။

တစ်မျိုးမှာ မိဘတစ်ပါးပါး ကွယ်လွန်သည့်အခါ သြရသားသမီးက ကျန်ရစ်သူ မိဘထံမှ အမွေရခွင့် နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသောအခါ သားသမီးများက ထိုမိဘထံမှ အမွေရခွင့် အပေါ် အခြေခံ၍ စွဲဆိုသောအမှုဖြစ်သည်။

ကျန်တစ်မျိုးမှာ အခြားအမွေရှင်ထံမှ အမွေရခွင့်အပေါ် အခြေခံကာ ပူးတွဲအမွေဆိုင်အပေါ် စွဲဆိုသော အမွေစီမံခန့်ခွဲမှု ဖြစ်သည်။

တရားစွဲဆိုနိုင်ရန်အကြောင်း
ပထမအမျိုးအစား၏ အမွေတောင်းခံနိုင်သောအကြောင်းသည် လိင်တူမိဘ ကွယ်လွန်ခြင်းကို အကြောင်းပြု၍ သြရသ၏အမွေဝေစုကို ကျန်ရစ်သူ မိဘထံမှ တောင်းခံခြင်း နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုခြင်းကို အကြောင်းပြု၍ အမွေဝေစုတောင်းခံခြင်းတို့ ဖြစ်သည်။

ဒုတိယအမျိုးအစား၏ အမွေတောင်းခံနိုင်သောအကြောင်းသည် အခြားအမွေရှင်ထံမှ မိမိ၏ အမွေရခွင့်အပေါ် အခြေခံကာ ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုတောင်းခံခြင်းဖြစ်သည်။

ကာလစည်းကမ်းသတ် (၂)မျိုး
ပထမအမျိုးအစား အတွက် ကာလစည်းကမ်းသတ်
မဖွားသင် နှင့် ဦးညို (ရန်ကုန်၊ အတွဲ - ၁၂ ၊ စာ - ၄၀၉) တွင် ကာလစည်းကမ်းသတ်အမှတ်စဉ် ၁၂၃ သည် အမွေထိန်း သို့မဟုတ် အမွေပုံကိုခွဲဝေပေးရန် တာ၀န်ပေးခြင်းခံရသူ အပေါ် တရားစွဲဆိုသည့်အမှုနှင့် အကျုံး၀င်ကြောင်း ညွှန်ပြသည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကျန်ရစ်သူမိဘသည် သြရသသားသမီးကို အမွေ ၄ ပုံ ၁ ပုံခွဲဝေပေးရမည်ဖြစ်သည်။
ထို့ပြင် ကျန်ရစ်သူမိဘသည် ၄င်း နောက်အိမ်ထောင်ပြုချိန်တွင်မူ သားသမီးအားလုံးကို အမွေခွဲဝေပေးရမည်ဖြစ်သည်။

ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား၊ အမှတ်စဉ် - ၁၂၃ တွင်
သေတမ်းစာပစ္စည်းကိုဖြစ်စေ၊ သေတမ်း စာပစ္စည်းကျန်၏ဝေစု ကိုဖြစ်စေ၊ သေတမ်းစာမရှိသည့်ပစ္စည်း ဝေစုကိုဖြစ်စေ ရလိုကြောင်း စွဲဆိုမှုကို သေတမ်းစာပစ္စည်းကို သော်လည်းကောင်း၊ သေတမ်းစာပစ္စည်းကျန်၏ဝေစုသော်လည်းကောင်း၊ သေတမ်းစာမရှိသည့်ပစ္စည်း ဝေစုကိုသော်လည်း ကောင်း ပေးသင့်သော သို့တည်းမဟုတ် ပေးအပ်သင့်သော အချိန်ရောက်သည့်အခါကစ၍ ၁၂ နှစ် အတွင်း စွဲဆိုရ မည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၂၃ အရ
ပစ္စည်းဝေစုကို ပေးသင့်သော သို့တည်း မဟုတ် ပေးအပ် သင့်သောအချိန်ရောက်သည့်အခါ
ဖြစ်သည့် လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်မှစ၍ အသီးသီးရေတွက်ရန်ဖြစ်ပြီး ၁၂ နှစ်ကျော်လွန်လျှင် ကျန်ရစ်သူ မိဘထံမှ အမွေ တောင်းဆိုခွင့်မရှိတော့ပေ။

ရန်ကုန်၊ အတွဲ - ၅၊ စာ - ၁၂၅ တွင် သြရသအစုကို ရခွင့် နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်အခါ သားသမီးများရခွင်တို့သည် ၁၂ နှစ် အကုန်တွင် ဆိတ်သုဉ်းသွားသည် ဟု ညွှန်ပြသည်။

သို့ဖြစ်ရာ သားသမီးက ကျန်ရစ်သူ မိဘထံမှ ရရန်ရှိသောအမွေဝေစု ရလိုကြောင်းစွဲဆိုသော အမွေမှု သည် ကာလစည်းကမ်းသတ်အက်ဥပဒေ၊ ပထမဇယား၊ အမှတ်စဉ် - ၁၂၃ နှင့်သက်ဆိုင်သည်ကို သတိပြု ရန်ဖြစ်ပါသည်။

ဒုတိယအမျိုးအစား အတွက် ကာလစည်းကမ်းသတ်
အမွေမှု ဒုတိယအမျိုးအစားအတွက် ကာလစည်းကမ်းသတ်ကို တွက်ချက်ရာတွင် ပစ္စည်းအမျိုးအစားအပေါ်မူ တည်၍ကွဲပြားခြားနားသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်း
ရွှေ့ပြောင်းနိုင်သောပစ္စည်းများအတွက် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၂၀ အရ တောင်းဆိုရမည်ဖြစ် သည်။

**မောင်ကျော်ရှိန် ပါ ၂ နှင့် ကေကြည်မောင် (၁၉၇၀၊ မတစ၊ စာ ၇၈) နှင့် ဦးမောင်ညို နှင့် အဘူး(ခ)မောင်အေးမောင်ပါ ၁၉ (၁၉၆၆၊ မတစ၊ စာ ၁၅၈၈) အမှုတို့တွင် ကြည့်ပါ။

အမွေရှင်သေပြီးနောက် ရွှေ့ပြောင်းနိုင်သောအမွေပစ္စည်း တစ်ဦးဦး လက်၀ယ်ရောက်ရှိ သည့်အခါကစ၍ ၆ နှစ် အတွင်းစွဲဆိုရန်ဖြစ်သည်။

ကြားကာလအမြတ်အစွန်း
ဒေါ်ခင်လေး နှင့် မောင်ရွှေ (၁၉၈၄၊ မတစ၊ ၂၄၃(၂၄၅) တွင် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမ ဇယားအမှတ်စဉ် ၁၂၀ အရ တရားမစွဲဆိုမီ ၆ နှစ်အတွင်း အမွေပစ္စည်းများမှ ဖြစ်ထွန်းသော အကျိုးအမြတ်များ ကို အမွေဆိုင်များက ခံစားခွင့်ရှိသည်ဟု ညွှန်ပြသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း
မောင်ကျော်ရှိန် ပါ ၂ နှင့် ကေကြည်မောင် (၁၉၇၀၊ မတစ၊ စာ ၇၈) အမှုတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်ပတ်သက်၍ ကာလစည်းကမ်းသတ်အက်ဥပဒေအပိုဒ် ၁၄၄ အရ တောင်းဆိုရမည်ဖြစ်သည်ဟု ညွှန်ပြသည်။

**မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆)အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။

ဒုတိယ အမျိုးအစားမှာ ကာလစည်းကမ်းသတ် ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ နှင့် သက်ဆိုင် သည်။

ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယား အမှတ်စဉ် ၁၄၄ တွင် ဤဇယားတွင် အခြားနည်း အထူးပြဌာန်း လျက်မပါသော မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ ထိုပစ္စည်းကို အကျိုးခံစားခွင့်ကိုဖြစ်စေ ရလိုမှုသည် တရားပြိုင်၏ လက်ရှိဖြစ်ခြင်းသည် တရားလိုနှင့် ဆန့်ကျင်လာသည့်အခါကစ၍ ၁၂ နှစ် အတွင်းစွဲဆိုရမည်ဖြစ်ကြောင်းပြဌာန်းထားသည်။

ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ ပြဋ္ဌာန်းချက်အရ ဆိုပါက တရားပြိုင်၏လက်ရှိ ဖြစ်ခြင်းသည် တရားလို ဆန့်ကျင်လာသည့်အခါကစ၍ ၁၂ နှစ်အတွင်း တရားစွဲဆိုရသည်။

အမွေဆိုင်တစ်ဦးသည် အမွေပုံပစ္စည်းကို လက်ရှိထားခြင်းသည် သာမန်အားဖြင့် ဆိုပါက ထိုပစ္စည်းကို အခြားအမွေဆိုင်အားလုံးအတွက် လက်ရှိထားသည်ဟု ယူဆရမည်ဖြစ်သည်။

**မမြကြင် နှင့် မအေးတင် (၁၉၆၃၊ မတစ၊ စာ ၉၈၃) ၊ ဦးဘဖေ နှင့် မချိုတီ (၁၉၆၆၊ မတစ၊ ၇၂၇) တို့တွင်ကြည့်ပါ။

မြန်မာဗုဒ္ဓဘာသာများသည် အမွေပစ္စည်းကို အတူပိုင်ဆိုင်သူများအဖြစ် ဆက်ခံသူဖြစ်ရာ အတူပိုင်သူများအနက် တစ်ဦးက အတူပိုင်သည့်ပစ္စည်းကို ဆန့်ကျင်လက်ရှိထားရာ ရောက်စေရန်အလို့ငှာ၊ ထိုသူသည် ပူးတွဲအတူပိုင်သူများအား ထိုပစ္စည်းမှ ပယ်ထုတ်ပစ်ခြင်း တစ်နည်းအားဖြင့် မောင်ပိုင်စီးခြင်းရှိရမည်အပြင် ထိုသို့ ပယ်ထုတ်ပြီးနောက် သို့မဟုတ် မောင်ပိုင်စီးပြီးနောက် အနည်းဆုံး ၁၂ နှစ်ကြာ လက်ရှိထားမှုလည်းရှိရမည်။

**မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆(၁၄၂))အမှုတွင် ကြည့်ပါ။

အမွေဆိုင်တစ်ဦးက ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုရလိုကြောင်း စွဲဆိုသောအမှုတွင် မရွှေ့ မပြောင်း နိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ ပြဋ္ဌာန်းချက်အရ ယင်း မရွှေမပြောင်းနိုင်သော အမွေပစ္စည်းလက်ရှိဖြစ်သူ အမွေဆိုင်က အခြားအမွေဆိုင်များအပေါ် ဆန့်ကျင်၍ ယင်းပစ္စည်းကို လက်ရှိထားသည့်အချိန်က စတင်ရေတွက်ရန်ဖြစ်သည်။

ပဏာမငြင်းချက် နှင့် အမွေမှု ကာလစည်းကမ်းသတ်
စွဲဆိုလာသော အမွေမှု ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိမရှိ ပဏာမငြင်းချက်အရ ဆုံးဖြတ်ရာတွင် အထက်တွင်ဖော်ပြထားသော အမွေမှု အမျိုးအစားပေါ်မူတည်၍ ခွဲခြားရမည်ဖြစ်သည်။

ပထမအမျိုးအစား အမွေမှု အတွက် ကာလစည်းကမ်းသတ်ကို လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်မှစ၍ တွက်ချက်ရသည်ဖြစ်ရာ အဆိုလွှာပေါ်အခြေပြု၍ အဆုံးအဖြတ်ပြုနိုင်ပေသည်။

အဆိုလွှာတွင် လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်တို့မှစ၍ တရားစွဲဆိုနိုင်ရန် အကြောင်း ပေါ်ပေါက်ကြောင်း အဆိုပြုဖော်ပြထားသောကြောင့်ဖြစ်သည်။ မဖော်ပြထားလျှင် မူ အဆိုလွှာကို ပြင်ဆင်စေရန်ဖြစ်သည်။

ဒုတိယအမျိုးအစား အမွေမှု အတွက် အဆိုအချေအရ ပဏာမငြင်းချက်ဖြင့် အဆုံးအဖြတ်ပေးနိုင်ရန် ခက်ခဲပေသည်။
အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ဒုတိယအမျိုးအစားအမွေမှုသည် အမွေရှင်သေဆုံးသည့်နေ့မှ ကာလစည်းကမ်းသတ်ကို ရေတွက်ရန်မဟုတ်ပေ။

ရွှေပြောင်းနိုင်သောအမွေပစ္စည်းလက်ရှိဖြစ်သည့်နေ့မှ ၆ နှစ် နှင့် မရွှေ့မပြောင်းနိုင်သော အမွေပစ္စည်းကို ဆန့်ကျင်လက်ရှိထားသည့်နေ့မှ ၁၂ နှစ်အတွင်းစွဲဆိုရမည်ဖြစ်သည်။

အမိန့် ၁၁ ၊ နည်းဥပဒေ ၁ အရလည်းကောင်း၊ အမိန့် ၆ ၊ နည်းဥပဒေ ၅ အရ လည်းကောင်း တရားလိုထံမှ ကျမ်းကျိန် ၀နျခံခကျြမြားရရှိထားလြှငျမူ ပဏာမငြင်းချက်အပေါ်ဖြေဆိုကောင်းဖြေဆိုနိုင်မည်ဖြစ်သော်လည်း အများအားဖြင့်မူ ကာလစည်းကမ်းသတ်ပြဿနာသည် သက်သေခံချက်များအပေါ် အခြေပြုနေသည်ကိုတွေ့ရှိရသည်။

ကာလစည်းကမ်းသတ်နှင့်စပ်လျဉ်း၍ အကြောင်းခြင်းရာအပေါ် အငြင်းပွားနေလျှင် ယင်းအချက်ကို ပဏာမငြင်းချက်တွင် အဆုံးအဖြတ်ပြုရန်မဟုတ်ကြောင်း ဒေါ်အေးစိန်ပါ ၂ နှင့် ဒေါ်သန်းသန်းနု (၁၉၈၄၊ မတစ၊ စာ ၂၁) တွင် ညွှန်ပြသည်။

ထို့ပြင် ဦးမြမောင် နှင့် ဒေါ်ရင်မြပါ ၃ ဦး (၁၉၇၈၊ မတစ၊ စာ ၉၀)အမှုတွင် ဥပဒေကောက်ချက် နှင့် အကြောင်းခြင်းရာကောက်ချက် များ ရောထွေးလျက်ရှိသောအခါ တရားရုံးသည် အကြောင်းခြင်းရာနှင့် ပတ်သက်သော သက်သေစစ်ချက်များ ရယူပြီးမှသာ ဥပဒေကောက်ချက် နှင့် အကြောင်းခြင်းရာ ကောက်ချက်တို့ကို တပြိုင်တည်း ဆုံးဖြတ်ပေးရန်ဖြစ်သည် ဟု ညွှန်ပြသည်။

သို့ဖြစ်ရာ အမွေမှု ဒုတိယ အမျိုးအစား တွင် ရွှေ့ပြောင်းနိုင်သော အမွေပစ္စည်းများ လက်ရှိဖြစ်ခြင်းကို လည်း ကောင်း၊ မရွှေ့မပြောင်းနိုင်သော အမွေပစ္စည်းများ ပါရှိသည့် အချက်များတွင် တရားပြိုင်၏ဆန့်ကျင်လက်ရှိထားမှုကိုလည်းကောင်း တရားလို၏၀န်ခံချက် နှင့် အဆိုအချေအရ နှစ်ဖက် မငြင်းကွယ်နိုင်သော သက်သေခံချက်များမရှိပါဘဲလျက် ကာလစည်းကမ်းသတ် ပြဿနာကို ပဏာမငြင်းချက်အဖြစ် အဆုံးအဖြတ်ပြုနိုင်မည်မဟုတ်ပါ။
သက်သေခံချက်များရယူရန်လိုအပ်မည်ဖြစ်ပါသည်။

ပဏာမဒီကရီ နှင့် အမွေမှု ကာလစည်းကမ်းသတ်
အမွေမှု ပထမအမျိုးစားအတွက် ကာလစည်းကမ်းသတ်ပြဿနာမှာ ပဏာမငြင်းချက်နှင့်ပင် အဆုံးအဖြတ် ပြုနိုင်သည်ဖြစ်ရာ ပဏာမဒီကရီချမှတ်သည့်အဆင့်သို့ ယင်းပြဿနာ ရောက်ရှိရန်အကြောင်း ရှိမည်မဟုတ်ပါ။

အမွေရှင် သေဆုံးသည့်နေ့ နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်နေ့ အငြင်းပွားချက်ရှိလျှင်မူ သက်သေခံ ချက် ရယူရန် လိုအပ်မည်ဖြစ်၍ တစ်မျိုးဖြစ်ပါမည်။

အမွေမှု ဒုတိယအမျိုးစားအတွက် ကာလစည်းကမ်းသတ်ပြဿနာမှာ ပဏာမဒီကရီချမှတ်သည့်အဆင့်တွင် အဆုံးအဖြတ်ပေးနိုင်ခြင်းရှိမရှိ အငြင်းပွားစရာရှိပါသည်။

**မမြစန်း နှင့် မမိုးစိန် ပါ ၄ (၁၉၉၈၊ မတစ၊ ၁၆၉)တွင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုတွင် အဆင့် ၂ ဆင့်ရှိသည်။

တရားလိုစွဲဆိုသောအမှုသည် ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိမရှိမှာ ပဏာမ အဆင့်တွင် ဆုံးဖြတ်ရမည့်ပြဿနာဖြစ်သည် ဟု ညွှန်ပြသည်။

အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင် ပဏာမဒီကရီ ချမှတ်သည့်အဆင့်တွင် မည်သည့်ပစ္စည်းသည် အမွေပုံ ပစ္စည်းဟုတ်မဟုတ် မဆုံးဖြတ်သင့်သကဲ့သို့ အမွေပုံပစ္စည်းတွင်ပါမပါ ဆိုသည့်ကိစ္စကို စုံစမ်းစစ်ဆေးခြင်းမပြုသင့် ကြောင်း စီရင်ထုံးများက ညွှန်ပြသည်။

**၁၉၆၄၊ မတစ၊ စာ ၁၁၄ ၊ ၁၉၆၅ မတစ စာ ၈၇ တို့တွင်ကြည့်ပါ။

အမွေပစ္စည်းကျန်ရစ်ကြောင်း အခြားနည်းဖြင့်ပေါ်ပေါက်လျှင် အချင်းဖြစ်ပစ္စည်းမှာ အမွေပုံတွင် ပါ၊ မပါ ပဏာမဒီကရီအဆင့်တွင် ဆုံးဖြတ်ရန်လိုမည်မဟုတ်သည်မှာ စီရင်ထုံးများအရ ထင်ရှားသဖြင့် ကာလစည်း ကမ်း သတ်ကိစ္စကို ပဏာမဒီကရီအဆင့်၌ ဆုံးဖြတ်ရန် ဖြစ်သည်ဟု တထစ်ချ မှတ်ယူရန်မဟုတ်။

အမွေခွဲဝေရန် ပစ္စည်းသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ရပ်တည်းဖြစ်ပြီး ကာလစည်းကမ်းသတ်ပြဿနာ ပေါ်ပေါက်ပါကမူ ပဏာမဒီကရီ အဆင့်မှာပင် ဆုံးဖြတ်ရန်ဖြစ်သည်။

( ဦးမြ၊ အမွေမှုများ၊ တတိယအကြိမ်၊ စာ ၁၅၈)





#အသေးစိတ်သိရှိလိုပါက
09-945629777
09-945609777

Viber- 09-780385176 သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Telegram Link မှလဲ ဝင်ရောက်လေ့လာ ဆက်သွယ်နိုင်ပါတယ်

https://t.me/sklawfirm

🏠No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanmar.

နှစ်ဦးသဘောတူ လင်မယားကွာရှင်းရာတွင် လိုအပ်သည့် အချက်များ
10/10/2024

နှစ်ဦးသဘောတူ လင်မယားကွာရှင်းရာတွင် လိုအပ်သည့် အချက်များ

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု....

လင်၊ မယား ဆိုင်ရာ
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။

ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတောင်မရဘဲနဲ့ တရားစွဲထောင်ချခံရတာတွေကို မကြာခဏ တွေ့နေရပါတယ် ။

တစ်လင် တစ်မယားဥပဒေကြောင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေပါ လင်မယားကွာရှင်းရေးအခြေခံမူတွေ ၊ ဓမ္မသတ်ပါ ဓလေ့ထုံး

တမ်းတွေကို ပစ်ပယ်လိုက်ရပြီလား ၊

အဲဒါတွေကို တစ်လင်တစ်မယားဥပဒေက လွှမ်းမိုးသွားပါ သလား ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ ။

မေးခွန်းမှာပါတဲ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်တယ်ဆိုလို့ရှိရင် ဘာအခမ်းအနားမှ မလိုဘူး ၊

ဥပဒေရဲ့ အခြေခံမူက

နှစ်ဦးသဘောတူလို့ရှိရင် ရတယ် ။

လူသိရှင်ကြား ဖြစ်ရင်ရတယ်။

ပုဆိုးတန်းတင် အကြင် လင်မယား မြောက်တယ်။

တရားဝင်လင်မယား မြောက်တယ်လို့ ပြောတယ်။

ကွဲချင်တယ် ဆိုလို့ရှိရင်လည်း စာချုပ်စာတမ်း ချုပ်ဖို့မလို့ဘူး။

ဒါမှန်တယ်။

ဒါပေမဲ့ နှစ်ဦးသဘောတူဖြစ်ဖို့ကတော့ အဓိကပဲ ။

ဒါပေမဲ့ အသိ သက်သေ ခိုင်ခိုင်မာမာ ရှိဖို့တော့ လိုတယ်။

အသားကျပြီးတဲ့ မူရှိပေမယ့် တစ်လင်တစ်မယားဥပဒေလည်း ပေါ်လာရော..

နောက်အိမ်ထောင်ပြုတဲ့ အခါကျတော့ ကွာရှင်းပြီးဖြစ်ပါတယ်လို့ ပြောနေသည်တိုင်အောင် ပထမအိမ်ထောင်က တိုင်တန်းတဲ့ အမှုတွေဖွင့်တဲ့အခါ ထောင်တန်းကျတဲ့အမှုတွေ အများကြီးဖြစ်တယ်။

ဒါ့ကြောင့်မို့လို့လည်း ဒီမေးခွန်းဖြစ်လာရတာပါပဲ ။

အဲဒီတော့ တစ်လင်တစ်မယားဥပဒေကြောင့် မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဓမ္မသတ်ဥပဒေကို ပစ်ပယ်လိုက် ရပြီးလားလို့ မေးခွန်းကို ဖြေမယ်ဆိုရင် ဥပဒေရဲ့သဘောကတော့ အထူးဥပဒေ ပေါ်လာလို့ရှိရင် မူလဥပဒေကို အထူးဥပဒေက လွှမ်းမိုးတာပဲ ။

ဥပမာအားဖြင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားအများအပြား ယူတဲ့ စနစ်ကို အရင်က ခွင့်ပြုတယ် တရားဝင်တယ်။ ပိတ်ပင်ထားချက်မရှိဘူး။

အခေါ်အဝေါ် အသုံးအနှုန်းတောင်မှ

မယားကြီး ၊

မယားငယ်လို့ ခေါ်တဲ့ဟာတွေကို အဲဒီလိုမခေါ်နဲ့

ပထမမယား၊

ဒုတိယမယားလို့ခေါ်ပါလို့ စီရင်ထုံး တွေမှာ တိတိလင်းလင်း ပြဆိုထားတယ်။

ဒါပေမဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးတဲ့ ဥပဒေလည်း ပေါ်လာ ရော..

နောက်မိန်းမထပ်ယူတဲ့သူက ထောင်တန်းကျနိုင်တယ်။

ဒါ.. အထူးဥပဒေက ယေဘုယျဥပဒေကို သွားပြီး တော့ လွှမ်းမိုးတဲ့သဘောလို့ဆိုနိုင်ပါတယ်။

ဒီတော့ အထူးဥပဒေဘာတွေလဲလို့ knowledge အနေနဲ့သိအောင် အနည်းငယ်ပြောပြလိုပါတယ်။

ဥပမာအား ဖြင့် အသက်အာမခံငွေတွေ၊

ဘဏ်စုဆောင်းငွေတွေ ၊

ငွေစုလက်မှတ်တွေ

အဲ့မှာ nominate လုပ်ထားတဲ့သူက နေပြီးထုတ်ခွင့်ရှိတယ် ။

အဲ့ဒါကြောင့်မို့လို့ မယားဖြစ်တဲ့သူနဲ့ အစ်မဖြစ်တဲ့သူနဲ့ ..

မယားဖြစ်တဲ့သူနဲ့ ..

အမေ ဖြစ်တဲ့ သူနဲ့ ..

အဘွားဖြစ်တဲ့သူနဲ့..

အမှုတွေဖြစ်ကြလို့ရှိရင် သက်ဆိုင်ရာ အထူးဥပဒေမှာ ပြဋ္ဌာန်းတဲ့သူကိုပဲ ထုတ်ပေးလေ့ရှိတာကို တွေ့ရတယ်။

ဒါဆိုလို့ရှိရင် မေးခွန်းရှင်က ကွာရှင်းပြီးဖြစ်ရဲ့သားနဲ့ ကွားရှင်ပြီးဖြစ် ကြောင်း ထိန်ချန်ပြီးစွဲတဲ့ အမှုဖြစ်နေတယ်ဆိုလို့ရှိရင် စွပ်စွဲတဲ့သူကနေပြီးတော့

ပထမအိမ်ထောင် တိတိလင်း လင်း ကွားရှင်းပြီးတဲ့အကြောင်း သက်သေထူထောင်နိုင်လို့ရှိရင်

တရားရုံးက ပြစ်မှုထင်ရှားစီရင်လို့ မရဘူးလို့ပဲ ကျွန်မအကြံပြုလိုပါတယ်။

သက်သေထင်ရှား ခိုင်ခိုင်မာမာပြဖို့တော့ လိုအပ်တယ်။

ဘာကြောင့်လဲဆိုတော့ စာချုပ်စာတမ်းမရှိလို့..

ဒါပေမဲ့ အခုခေတ်မှာကတော့ တစ်နဲ့ခနဲဆို အနိမ့်ဆုံးကတော့ တရားရုံးမှာ သွားပြီးတော့ လက်ထပ်ကြတာက များတယ်။

အဲဒီတော့ ကျွန်မအနေနဲ့ အကြံပြုချင်တာကတော့ ကွာရှင်းမယ်ဆိုရင်လည်း နှစ်ဦးသဘောတူကွာရှင်းမှတော့ တရားရုံးမှာ ကွာရှင်းစာချုပ် ချုပ်လိုက်တာကတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဒီတစ်လင်တစ်မယားဥပဒေရှိလို့ ။

ဘာကြောင့်လဲဆိုတော့

ငယ်ရွယ်တဲ့သူတွေ ကလေးပြဿနာတွေရှိမယ်။

နောက်အိမ်ထောင်ပြုဖို့ လိုအပ်ကောင်း လိုအပ်မယ် ။

လိုအပ်လို့ရှိရင် ကင်းကင်းရှင်းရှင်း ဖြစ်ဖို့ကိုတော့

ကျွန်မ ပြောချင်တာက ခိုင်မာတဲ့သက်သေခံချက်..

အကောင်းဆုံး သက်သေခံချက်ဆိုတာ ဘာလဲဆိုရင် ကွာရှင်း စာချုပ် နှစ်ဦးသဘောတူသွားချုပ်လိုက်တာက အကောင်းဆုံးဖြစ်တယ်လို့အကြံပြုချင်ပါတယ် ။



#ဥပဒေဗဟုသုတ


#အသေးစိတ်သိရှိလိုပါက
09-945629777
09-799300487
09-945609777

Viber- 09-780385176 သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Telegram Link မှလဲ ဝင်ရောက်လေ့လာ ဆက်သွယ်နိုင်ပါတယ်
https://t.me/sklawfirm

🏠No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanmar.

မဂ်လာပါရှင် 🙏🙏🙏Notaty & Mofa services 👌*မှတ်ပုံတင်၊ *အိမ်ထောင်စုဇယား၊ *ကျောင်း/လုပ်ငန်းသုံး Certificate များ၊ *Covid စာရ...
07/10/2024

မဂ်လာပါရှင် 🙏🙏🙏

Notaty & Mofa services 👌

*မှတ်ပုံတင်၊
*အိမ်ထောင်စုဇယား၊
*ကျောင်း/လုပ်ငန်းသုံး Certificate များ၊
*Covid စာရွက်များ၊
*လက်ထပ်/ကွာရှင်း စာချုပ်စာတမ်းများ၊
*အရောင်းအဝယ် စာချုပ်စာတမ်း၊
*ဘွဲ့/အောင်လက်မှတ် အမျိုးမျိုး
*ကုမ္ပဏီ စာရွက်စာတမ်းများ

စသည့်များကို နာမည်ရ ရှေ့နေ နိုတြီဆရာကြီးများရဲ့ လက်မှတ်နဲ့ လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပီနော် 😍😘

Samantha Keith Law & Notary Public မှ
လူကြီးမင်းတို့အတွက် English, Japan, Chinese, Korea, Thailand, Cambodia စသည့် ဘာသာစကားများအတွက် Notary & Mofa ဝန်ဆောင်မှုများ ကိုလည်း ဆောင်ရွက်ပေးနေပါပြီခင်ဗျာ 💁‍♂️

Online ကပဲ အပ်မလား❓
Office ကိုပဲ လာအပ်ချင်တာလား❓

ဘယ်လိုပဲအပ်အပ် အဆင်ပြေအောင်ဆောင်ရွက် ပေးပါတယ် ခင်ဗျာ...

ယုံကြည်စွာ အပ်နှံကြတဲ့ Customer တယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် 😍😍

နယ်ဝေးက Customer များအတွက်လဲ ငွေလွှဲပြီး ရက်ပိုင်းအတွင်း
စာရွက်စာတမ်းများကို Royal Express နဲ့‌ အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အမှားမခံသော စာရွက်စာတမ်းများအတွက် 💯စိတ်တိုင်းကျစေရန် အာမခံပြီး တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

အလုပ်အပ်ရာတွင် စရံတစ်ဝက်အရင်လွှဲပေးရပါမည် လိမ်လည်မှုများဖြစ်ပေါ်နေသည့်အတွက် စရံလွှဲပေးမှသာ Notary Services လက်ခံပေးမည်ဖြစ်

09-945629777
09-945609777

ကိုယ်တိုင်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏠No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanma



#မွေးစာရင်း
#ဆယ်တန်းအောင်လက်မှတ်
#ဘာသာပြန်
#လက်ထပ်စာချုပ်




27/09/2024

မဂ်လာပါခင်ဗျာ 🙏🙏🙏

ကျွန်တော်တို့ရဲ့
Samantha Keith Law & Notary Public အောက်ပါ ဝန်ဆောင်မှုများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပီ ခင်ဗျာ... 💁‍♂️💁

ဝန်ဆောင်မှုပေးသော Services များ

🔸ဂရန်မြေ/ပါမစ်မြေ/မြေပိုင်မြေ/ဘိုးဘွားပိုင်‌မြေ/
ဥယျာဥ်ခြံ‌မြေအရောင်းအဝယ်ပြုလုပ်ခြင်း
(1)မြေရာဇဝင်စစ်ခြင်း
(2)စရံပေးစာချုပ်ချုပ်ဆိုခြင်း
(3)ကန့်ကွက်နိုင်ကြောင်းသတင်းစားကြေငြာထည့်ခြင်း
(4)အပြီးငွေချေစာချုပ်ချုပ်ဆိုခြင်း

🔸ဂရန်အမည်ပေါက်ဆောင်ရွက်ခြင်းမှ
(1)တန်ဖိုးပြတ်တင်ခြင်း
(2)အခွန်ဆောင်ခြင်း
(3)မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း
(4)အမည်ပြောင်းခြင်း(စည်ပင်တွင်)

🔸ပါမစ်မှဂရန်အမည်ပေါက်ပြောင်းခြင်း
အရောင်းမြေပုံမြေရာဇဝင်ကူးခြင်း
အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံကူး
ခြင်း
🔸အထွေထွေကိုယ်စားလှယ်လွှဲစာ(GP)
🔸အထူးကိုယ်စားလှယ်လွှဲစာ(SP)
🔸ကျမ်းကျိန်လွှာအမျိုးမျိုး
🔸Notry ဘာသာပြန်ခြင်းနှင့် Notry service

🔸တိုက်ခန်း/ကွန်ဒိုဝယ်ယူခြင်း
(1)စာရွက်စာတမ်းစစ်ဆေးခြင်း
(2)စရံပေးစာချုပ်ချုပ်ဆိုခြင်း
(3)ကန့်ကွက်ကြောင်းသတင်းစာကြော်ငြာထည့်ခြင်း
(4)အပြီးငွေချေစာချုပ်ချုပ်ဆိုခြင်း

🔸ဂရန်/မြေပိုင်မြေ/ဘိုးဘွားပိုင်မြေအမည်ပြောင်းခြင်း
🔸လက်ထပ်စာချုပ်ချုပ်ဆိုခြင်း
🔸နိုင်ငံခြားနှင့်လက်ထပ်ပေးခြင်း
🔸မွေးစားစာချုပ်ချုပ်ဆိုခြင်း
🔸မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်းစာချုပ် ချုပ်ဆိုခြင်း
🔸စွန့်လွှတ်စာချုပ်ချုပ်ဆိုခြင်း
စည်ပင်တွင်မြေရာဇဝင်စစ်ခြင်း
အိုးအိမ်တွငိမြေရာဇဝင်စစ်ဆေးခြင်း
မြေကွက်ခွဲစ်ိတ်ခြင်း
သတင်းစာကြော်ငြာထည့်ခြင်း

🔸တရားရုံးတွင်မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုစွဲဆိုခြင်း
🔸ရှေ့နေများနှင့်ဆွေးနွေးခြင်း(ဖုန်းဖြင့်) (တရားမမှု /ရာဇဝတ်မှုများ)
🔸ရှေ့နေများနှင့်ဆွေးနွေးခြင်း(လူတွေ့) (တရားမမှု / ရာဇဝတ်မှုများ)
🔸ဂရန်ပျောက်လျှောက်ထားခြင်း
🔸Owner Bookအမည်ပေါက်ပြောင်းခြင်း
🔸Owner Bookအတွက်ကိုယ်စားလှယ်လွှဲခြင်း
(GP/SP)
🔸မိသားစုစီမံမှုပြုလုပ်ခြင်း(အမွေ)
🔸ကွာရှင်းစာချုပ်ချုပ်ဆိုခြင်း(တရားရုံးတွင်)
🔸အဆောက်အဦးငှားရမ်းခြင်းစာချုပ်ချုပ်ဆိုပေးခြင်း
🔸ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း
🔸နို့တစ်စာပို့ခြင်း

ကုမ္ပဏီနဲ့ပတ်သက်သောဝန်ဆောင်မှုများ

🔸ကုမ္ပဏီအသစ်ဖွဲ့စည်းတည်ထောင်ခြင်း
🔸Annual Return (AR) တင်သွင်းခြင်း
🔸Directors ပြောင်းလဲခန့်အပ်ခြင်း/
နှုတ်ထွက်ခြင်း
🔸Share Transfer လွှဲပြောင်းခြင်း
🔸ကုမ္ပဏီအမည်ပြောင်းလဲခြင်း
🔸ကုမ္ပ၏မတည်ငွေ(Capital Amount)
အတိုးအလျှော့ပြုလုပ်ခြင်း
🔸ကုမ္ပဏီစာရင်းရေးဆွဲခြင်း
🔸ကုမ္ပဏီအခွန်ရှင်းလင်းခြင်း
🔸ဝင်ငွေခွန်ကြေငြာလွှာတင်သွင်းခြင်း
🔸ကုမ္ပဏီဖျက်သိမ်းခြင်း
🔸ကုမ္ပဏီအမည်ဖြင့်အိမ်ခြံမြေဝယ်ယူ
ခြင်း
🔸ကုမ္ပဏီအမှုပိတ်စာရင်းရေးဆွဲခြင်း
🔸ကုမ္ပဏီ Struck Off ဖြစ်ခြင်းအားပြန်
လည်အသက်သွင်းလျှောက်ထားခြင်း
🔸နေထိုင်ခွင့်Visaလျှောက်ထားခြင်း
🔸Export/Import လိုင်စင်လျှောက်ထား
ခြင်း
🔸FDA Certificate လျှောက်ထားခြင်း
🔸ကုန်သည်ကြီးများအသင်းဝင်းကဒ် လျှောက်ထားခြင်း(UMFCCI )
🔸ကုမ္ပဏီ Bank Acc ဖွင့်လှစ်ခြင်း
🔸ကုမ္ပဏီ၏အလုပ်သမားပြဿနာဖြေ
ရှင်းဆောင်ရွက်ပေးခြင်း...

ယနေ့ထိ ယုံကြည်စွာ လုပ်ငန်း အပ်နှံကြတဲ့ ချစ်တဲ့ Customer တယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်... 🤝

Customer များအားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ လိုအင်ဆန္ဒတွေလဲ တောင်းတတိုင်းပြည့်ပါစေဗျာ... 😍

09-945629777
09-982147145
09-945609777

Viber/ Ph / Messenger တို့မှကိုယ် တိုင် ဆက်သွယ်မေးမြန်းနိုင်ပါ သည်။

Telegram Link ကိုလဲ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...
https://t.me/sklawfirm

🏠No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanmar.

မဂ်လာပါရှင် 🙏🙏🙏Notaty & Mofa services 👌*မှတ်ပုံတင်၊ *အိမ်ထောင်စုဇယား၊ *ကျောင်း/လုပ်ငန်းသုံး Certificate များ၊ *Covid စာရ...
23/09/2024

မဂ်လာပါရှင် 🙏🙏🙏

Notaty & Mofa services 👌

*မှတ်ပုံတင်၊
*အိမ်ထောင်စုဇယား၊
*ကျောင်း/လုပ်ငန်းသုံး Certificate များ၊
*Covid စာရွက်များ၊
*လက်ထပ်/ကွာရှင်း စာချုပ်စာတမ်းများ၊
*အရောင်းအဝယ် စာချုပ်စာတမ်း၊
*ဘွဲ့/အောင်လက်မှတ် အမျိုးမျိုး
*ကုမ္ပဏီ စာရွက်စာတမ်းများ

စသည့်များကို နာမည်ရ ရှေ့နေ နိုတြီဆရာကြီးများရဲ့ လက်မှတ်နဲ့ လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါပီနော် 😍😘

Samantha Keith Law & Notary Public မှ
လူကြီးမင်းတို့အတွက် English, Japan, Chinese, Korea, Thailand, Cambodia စသည့် ဘာသာစကားများအတွက် Notary & Mofa ဝန်ဆောင်မှုများ ကိုလည်း ဆောင်ရွက်ပေးနေပါပြီခင်ဗျာ 💁‍♂️

Online ကပဲ အပ်မလား❓
Office ကိုပဲ လာအပ်ချင်တာလား❓

ဘယ်လိုပဲအပ်အပ် အဆင်ပြေအောင်ဆောင်ရွက် ပေးပါတယ် ခင်ဗျာ...

ယုံကြည်စွာ အပ်နှံကြတဲ့ Customer တယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် 😍😍

နယ်ဝေးက Customer များအတွက်လဲ ငွေလွှဲပြီး ရက်ပိုင်းအတွင်း
စာရွက်စာတမ်းများကို Royal Express နဲ့‌ အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အမှားမခံသော စာရွက်စာတမ်းများအတွက် 💯စိတ်တိုင်းကျစေရန် အာမခံပြီး တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

အလုပ်အပ်ရာတွင် စရံတစ်ဝက်အရင်လွှဲပေးရပါမည် လိမ်လည်မှုများဖြစ်ပေါ်နေသည့်အတွက် စရံလွှဲပေးမှသာ Notary Services လက်ခံပေးမည်ဖြစ်ပါသည်။

#အသေးစိတ်သိရှိလိုပါက

Viber- 09780385176

09-428118741
09-945629777
09-945609777

ကိုယ်တိုင်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏠No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanma



#မွေးစာရင်း
#ဆယ်တန်းအောင်လက်မှတ်
#ဘာသာပြန်
#လက်ထပ်စာချုပ်




မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်နှင့်မယား၊ ကွာရှင်းပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။ (က) နှစ်ဦးသဘောတူကွာရှင်းခြင်း။ (ခ) လင်...
23/09/2024

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်နှင့်မယား၊ ကွာရှင်းပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း။

(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်းနှင့်

(ဂ) အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်းတို့ဖြစ်သည်။

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း မြန်မာဗုဒ္ဓဘာသာဝင်များသည် လင်မယားအဖြစ် ပေါင်းသင်းရာ၌လည်းကောင်း၊ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲရာ၌လည်းကောင်း၊ အခြားဘာသာဝင်များကဲ့သို့ ဘာသာရေးအတားအဆီး၊ ဥပဒေအတားအဆီးမရှိဘဲ နှစ်ဦးသဘောတူညီလျှင် လွယ်ကူစွာ ကွာရှင်းပြတ်စဲနိုင်သည်။

လင်ခန်းယားခန်းဖြစ်ခြင်းနှင့် ပျက်ခြင်းတို့သည် ထိုကာယကံရှင်နှစ်ဦးတို့၏ လွတ်လပ်သော ကတိပဋိညာဉ်အပေါ်တွင်သာ မှီတည်နေသည်။ နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး လွယ်ကူစွာ ပေါင်းသင်းနိုင်သည်။ ကွာရှင်းနိုင်သည်။ စာချုပ်စာတမ်းမလို။ ဘာသာရေး အခမ်းအနားလည်း မလိုချေ။ (လွယ်လွန်၊ လွန်းလိုက်လေ)

အခြားဘာသာဝင်များနှင့် နိူင်းယှဉ်ကြည့်လျှင် - (က) ဟိန္ဒူများသည် ပေါင်းသင်းပြီးနောက် ကွာရှင်းခွင့်မရှိ။ လင်သေလျှင် လင်သင်္ဂြိုဟ်သည့် မီးပုံးထဲ သို့ မယားပါ ခုန်ချသေခဲ့ရဖူးသည်။

(ခ) ခရစ်ယာန်များသည် နှစ်ဦးသဘောတူညီသော်လည်း ကွာခွင့်မရ။ တရားရုံး၌ တရားစွဲဆိုရသည်။ သို့မှသာ ခွဲနေခွင့်၊ ကွာခွင့်ရနိုင်သည်။

(ဂ) မဟာမေဒင်တို့၌ လင်က မယားကို အကြောင်းမဲ့ တစ်ဖက်သတ်ကွာနိုင်သည်။ ထိုကွာထားသည့်မယားကို လင်က တိုက်ရိုက်ပြန်ယူ၍ မရချေ။ ထိုမိန်းမက ယောက်ျားတစ်ဦးနှင့် ကြားခံယူပြီးမှ ပြန်ယူခွင့်ရှိသည်။

(ဃ) မြန်မာဗုဒ္ဓဘာသာဝင်တို့သည် အကြောင်းမဲ့၊ တစ်ဖက်သတ်ကွာရှင်းခွင့်မရှိချေ။ ကွာရှင်းလိုသူသည် မိမိ၏ဝေစုအားလုံး အဆုံးရူံးခံပါမည်။ ထိုမိန်းမကို လျော်ကြေးလည်း ပေးပါမည်။ သားသမီးများကိုလည်း စရိတ်ထောက်ပံ့ပါမည်ဆိုသော်လည်း ထိုမိန်းမ သဘောမတူလျှင် မည်သို့မျှ ကွာရှင်းခွင့်မရနိုင်။

(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်း (၁) လင်ယောက်ျား ရဟန်းပြုလျှင် လင်မယားအလိုလိုပြတ်စဲသည်။ (ဓမ္မသတ်များ)

(၂) ရဟန်းတော်များသည် ၂၂၇-ပါးသော သိက္ခာပုဒ်များကို ထိန်းသိမ်း၍ ဝိနည်းတော်နှင့်အညီ နေထိုင်ရသည့် ပုဂ္ဂိုလ်များဖြစ်ရာ လူ့ဘဝက မယားကို ရဟန်းအဖြစ်ရောက်သည့်အခါ မယားအဖြစ် ဆက်ဆံ၍ မဖြစ်နိုင်ပေ။

(မပုစီရင်ထုံး) အကြောင်းမှာ ဘုန်းကြီးမယား၊ ဘုန်းဘုန်းအသည်းလေး၊ ဆရာတော်ဘုရား ချစ်ချစ်လေးဟူသော အခေါ်အဝေါ်များကို ပြည်သူများနား၌ အကြားမတော်၊ နားဝင်မချို၊ မသင့်လျော်။

(၃) လင်ယောက်ျား ရဟန်းပြုခြင်းသည် လူလောကကို စွန့်ခွာသွားခြင်းဖြစ်ရာ လင်ရဟန်းပြုပြီးနောက် ခုနှစ်ရက်လွန်လျှင် ကျန်ရစ်သည့်မယား နောက်အိမ်ထောင်ပြုနိုင်သည်။ (မနုကျယ်ဓမ္မသတ်)

(၄) ရဟန်းပြုသည်ဆိုရာ၌ ရက်အပိုင်းအခြားနှင့် ရဟန်းပြုသည့် (ဒုလ္လဘရဟန်းဝတ်သော လင်ယောက်ျားအပေါ် မယားက အခွင့်အရေးမယူနိုင်ပါ။
(သို့သော်လင်ယောက်ျားက မယားအား ရဟန်းဘဝ၌ ပျော်လျှင် တစ်သက်လုံး ဝတ်မည်ဟု မကြွားခဲ့ပါနှင့်)

(၅) မဖော့၏ခင်ပွန်း ကိုဆင်သည် မယားကို လုပ်ကိုင်မကျွေးနိုင်သဖြင့် ရဟန်းဘောင်ဝင်ခဲ့သည်။ မဖော့က သူ့ဒွေးလေးရွာသို့ ပြောင်းရွှေ့သွားတော့မည်ဖြစ်ကြောင်း၊
အားကိုးအားထားတွေက ဦးဇင်းကြီးက ခွင့်ပြုစေလိုကြောင်း၊ ဦးဇင်း ကိုဆင်ထံ ခွင့်တောင်းလေသည်။

ဦးဇင်းကြီးက “နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမားပေါတယ်ဟ၊ ငါပဲ လူထွက်ပါတော့မယ်”ဟုဆိုကာ လူထွက်လာလေတော့သည်။

(ဇော်ဂျီ၏ သူ့မယားဝတ္ထု) (မှတ်ချက်-လူထွက်စေချင်လျှင် ဤသို့ပြောပါ) (နောက်လူအားကိုးတွေ့ထားလျှင် သွားပြောမနေနဲ့)

(၆) ဖိုးသူတော်ဝတ်ခြင်း၊ မယ်သီလဝတ်ခြင်းတို့ကြောင့် လင်ခန်းမယားခန်း မပြတ်စဲချေ။

(ဂ) အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခွင့်ရခြင်း အိမ်ထောင်ရေးပြစ်မှုတွင် သာမန်အိမ်ထောင်ရေးပြစ်မှုနှင့် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဟု နှစ်မျိုးရှိသည်။

(၁)သာမန်အိမ်ထောင်ရေးပြစ်မှုများ (ကက) လည်ဆည်မှု (ခခ) လင်၏ဖောက်ပြန်မှု (ဂဂ) နောက်မယားယူမှု (ဃဃ) စွန့်ပစ်မှု (ငင) သာမန်ရက်စက်မှု

(၂) ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုများ (ကက) မယားဖောက်ပြန်မှု (ခခ) ကြီးလေးသော ရက်စက်မှု

(၁) သာမန်အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း (ကက) လည်ဆည်မှု တစ်ဦးက လိမ်လည်သည်ကို ကျန်တစ်ဦးက ယုံကြည်၍ ထိမ်းမြားခဲ့လျှင် လွတ်လပ်စွာပေးသော သဘောဆန္ဒမဟုတ်သဖြင့် ထိမ်းမြားခြင်း တည်မြဲခိုင်မာမှုမရှိချေ။

ဥပမာ၊ ယောက်ျားဖြစ်သူက သားကြီးမယားကြီးရှိလျက် လူပျိုပါပြော၍ လက်ထပ်ခဲ့ခြင်း၊ ယခင်မယားနှင့် ကွာရှင်းပြီးပြီဟု လိမ်လည်ပြောဆို၍ လက်ထပ်ခဲ့ခြင်းဖြစ်လျှင် လိမ်လည်ခြင်းခံရသူ မယား၌ ထိုလင်အား ကွာရှင်းခွင့်ရှိသည်။

(ခခ) လင်၏ဖောက်ပြန်မှု လင်သည် အခြားမိန်းမတစ်ဦးနှင့် ဟိုဟာပြုလျှင် လင်၏ ဖောက်ပြန်မှုဟု ခေါ်သည်။ သို့သော် မြန်မာဗုဒ္ဓဘာသာဝင် ယောက်ျား တစ်ဦးသည် မယားတစ်ယောက်ထက်ပို၍ ယူခွင့်ရှိရာ လင်ဖောက်ပြန်မှုသက်သက်နှင့် မယား၌ ကွာခွင့် မရခဲ့ချေ။ ခရစ်ယာန်ဘာသာ၌ လင်သည် ယောက်ျားအချင်းချင်း ဟိုဟာပြုလျှင် မယား၌ ကွာခွင့်ရှိသည်။

(ဂဂ) နောက်မယားယူမှု လင်သည် ပထမ မယားကြီးရှိလျက် ဖောက်ပြန်ရုံသာမက နောက်မယားယူလိုက်ပါက “ရက်စက်မှု” ဖြစ်၍ ပထမ မယား၌ ကွာရှင်းခွင့်ရှိသည်။

(ဃဃ) စွန့်ပစ်မှု လင်က မယားအား သုံးနှ် မယားကလင်အား တစ်နှစ် မထောက်ပံ့ဘဲ စွန့်ပစ်ထားလျှင် စွန့်ပစ်ခံရသူ၌ ကွာရှင်းပိုင်ခွင့်ရှိသည်။ (မနုကျယ် ဓမ္မသတ်)

-၁၈၇၄ ခုနှစ် စီရင်ထုံးများ၌ စွန့်ပစ်ထားသည့် ကာလစေ့လျှင် အလိုအလျောက် ကွာရှင်းပြတ်စဲပြီး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

-၁၈၉၂ ခုနှစ် စီရင်ထုံးများ၌ အလိုအလျောက် မပြတ်စဲ။ တရားစွဲဆို၍ ပြတ်စဲခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

-၁၉၄၉ ခုနှစ် ဒေါက်တာသာမြနှင့် မခင်ပု စီရင်ထုံး၌ စွန့်ပစ်ခံရသူက ထိမ်းမြားခြင်းကို ပျက်ပြယ်လိုသောဆန္ဒကို အထင်အရှား သိသိသာသာ ထုတ်ဖော်ပြသရမည်။ ထိုဆန္ဒမပေးသရွေ့ ထိမ်းမြားခြင်း တည်မြဲသည်ဟု ထုံးဖွဲ့သည်။

(ငင) သာမန်ရက်စက်မှု ကိုယ်ကာယဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းပြုလျှင် ရက်စက်မှုမြောက်သည်။ ရှေးမြန်မာဓမ္မသတ်များ၌ “မယားသခင်-လင်” ဖြစ်သည့်အတွက် မယားကို လင်က တင်ပါးကို ဝါးခြမ်းပြားနှင့် ရိုက်ဆုံးမခွင့်ရှိသည်ဟု တွေ့ရသည်။

-၁၈၉၀ အင်္ဂလိပ်လက်ထက် တရားရုံးများ၌ တစ်ကြိမ်တစ်ခါ ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲ၍ ဆဲရေးခြင်းသည် ကွာခွင့်ပြုလောက်သည့်အိမ်ထောင်ရေး ပြစ်မှုမဟုတ်ဟု ဆုံးဖြတ်သည်။ (မောင်ရွှေဖော့အမှု)

-၁၈၉၇ မကြမ်းနှင့် စုဝါအမှု၌ လင်က မယားကို ရိုက်နှက်လျှင် လင်၌ အပြစ်ရှိသည်။ တစ်ကြိမ်တစ်ခါ နှိပ်စက်လျှင်လည်း ကွာခွင့်ရှိသည်ဟု တွေ့ရသည်။

-၁၉၁၇ မောင်ကျော်ရန်နှင့် မညို အမှု၌ “လင်နှင့်မယား လျှာနှင့်သွား” အခန့်မသင့်က တစ်ခါတစ်ရံ စကားများပြီး ရန်ဖြစ်တတ်ကြရာ ရန်ဖြစ်ကာမျှနှင့် ကွာရှင်းလောက်သည့် အိမ်ထောင်ရေး ပြစ်ချက်ဖြစ်အောင် ပုံကြီးမချဲ့သင့်ဟု ဆုံးဖြတ်ခဲ့သည်။

-၁၉၆၈ ခုနှစ် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် အမှု၌ “လင်ဖြစ်သူသည် မယား၏ အရှင်သခင်ဖြစ်သည် ဆိုသော ရှေးအယူအဆများသည် ခေတ်ကုန်ပြီ။

ယခုအခါ လင်နှင့် မယားတို့မှာ တန်းတူအခွင့်အရေးရှိပေသည်။ လင်သည် မယားအား ရိုက်နှက်ခွင့်ရှိကြောင်း ဓမ္မသတ်များတွင် ပြဆိုထားသော်လည်း ယခုအခါ လင်သည် မယားအား အနည်ငယ်မျှပင် ရိုက်ခွင့်မရှိတော့ပေ”ဟု ထုံးဖွဲ့ထားသည်။

(၂) ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုများ (ကက) မယားဖောက်ပြန်မှု မယားသည် မိမိလင်မဟုတ်သည့် အခြားယောက်ျားနှင့် စပ်ယှက်မှုကျူးလွန်သည်ကို မယားဖောက်ပြန်မှုဟု ခေါ်သည်။ ဖောက်ပြန်မှု ကျူးလွန်ကြောင်း အလွန်ထင်ရှားသည့် သက်သေခံချက်ပြသရန်လိုသည်။ (ဒေါ်လှချစ်နှင့် ဦးစံအမှု)

ဖောက်ပြန်သည်ဟု စွပ်စွဲပြီး လင်က ပစ္စည်းများကို သိမ်းပိုက်ထားပိုင်ခွင့်မရှိပေ။ (ဦးဆင်နှင့် ဒေါ်မမလေး)

မယားဖောက်ပြန်ကြာင်း တရားရုံး၌ ကွာလိုမှုစွဲဆို၍ မယားအပြစ်ကို ပြသရမည်။ မယားဖောက်ပြန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့လျှင် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဖြစ်၍ ပစ္စည်းခန်းတွင် မယား၏အခွင့်အရေး ဆုံးရူံးသည်။

သို့သော် မယား၏ပြစ်မှုကို သိလျက်နှင့် မယားနှင့်အတူ အိပ်စက်လျှင် လင်သည် မယားအား ထိုအပြစ်မှ ခွင့်လွှတ်သည်ဟု လေးနက်စွာ မှတ်ယူရမည်။ (ဘီဂို့ရှ်)အမှု)

(ခခ) ကြီးလေးသော ရက်စက်မှု သာမန်ရက်စက်မှု ဒဏ်ရာထက်ကြီးလေးသော ဒဏ်ရာ (အပြင်အထန်ဒဏ်ရာ) ဖြစ်လျှင်လည်းကောင်း၊ မယားအား ကွာရှင်းခွင့် မတောင်းတောင်းအောင် ရည်ရွယ်၍ နှိပ်စက်ညှင်းပန်းလျှင်လည်းကောင်း၊ လင်က သူနှိပ်စက်ညှဉ်းပန်းခြင်းကို နောင်တမရဘဲ သူကပင် ကွာရှင်းပြတ်စဲရန် လိုလားနေလျှင်လည်းကောင်း၊ ထိုရက်စက်မှုသည် ကြီးလေးသော ရက်စက်မှုဖြစ်သည်။ (ဒေါ်ပုနှင့် မောင်ထွန်းခ)
မုဆိုးမဒေါ်ပု (၅၅)နှစ်နှင့် လူပျိုမောင်ထွန်းခ(၂၅)နှစ်တို့ရသည်။

မောင်ထွန်းခက အရက်ဖိုးတောင်းပြီး မရလည်း ရိုက်သည်။ ညဉ့်နက်မှ ပြန်လာ၍ ဒေါ်ပုနှင့် အိပ်လျှင်လည်း ရိုက်သည်။ ဒေါ်ပု ကြွေးတောင်းပြန်လာလျှင်လည်း ရိုက်သည်။ အိမ်မှာလည်း ရိုက်၊ ဘူတာရုံ၌လည်း ရိုက်၊ ထမီကျွတ်အောင်ရိုက်၊ ရိုက်လို့လဲလျှင် မြေမှာ ဒရွတ်တိုက်ဆွဲလေသည်။ လူများများရှေ့ရောက်လျှင် ခင်ဗျားကြီးကို ကြိုက်လို့ယူတယ်မှတ်သလား၊ သုံးရဖြုံးရအောင် ယူတာပြောပြော၍ မကွာမချင်း ရိုက်လေရာ တရားလွှတ်တော်က ကြီးလေးသော ရက်စက်မှုဟုသတ်မှတ်၍ လင်မယားပိုင် ပစ္စည်းမှ ၎င်း၏ဝေစု၊ ပိုင်ဆိုင်ခွင့် ဆုံးရူံး၊ စေကာ အဝတ်အထည်၊ ကိုယ်တစ်ခုနှင့် ဆင်းစေခဲ့သည်။

အထက်ပါ တင်ပြချက်များသည် ကွာရှင်းပြတ်စဲနိုင်သည့် အကြောင်းများ ဖြစ်သည်။ ကွာရှင်းပြတ်စဲကြရာ၌ တရားဝင်စေရန် လုပ်ထုံးလုပ်နည်းများကို ဆက်လက်တင်ပြပါမည်။

ယောက်ျားနှင့် မိန်းမတို့ ထိမ်းမြားလက်ထပ်ကြစဉ်ကာလက မိမိတို့သည် “မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ၊ သိုက်မပျက်၊ ကောင်းတူ၊ ဆိုးဘက်၊ ရာသက်ပန်၊ ရိုးမြေကျ၊ မခွဲမခွာ၊ တွဲကာ၊ အမြဲသာနေထိုင်ပေါင်းသင်းသွားကြပါမည်”ဟု ပြောကြ၊ ဆိုကြ၊ ကတိတွေ အကြိမ်ကြိမ်ပေးခဲ့ကြလေသည်။

သူနှင့်သာ မပေါင်းရရင် ကျွန်တော့်ဘဝ “ရှင်လျက်နှင့် သေနေသကဲ့သို့” ဖြစ်နေပါသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် တရားရုံးတက်၍ ထိမ်းမြားလက်ထပ်သည့် စာချုပ်ကို အလောသုံးဆယ်၊ အဆောတလျှင်၊ အလျှင်အမြန် ချုပ်ဆိုလက်ထပ်ပေးခဲ့ရသည်။

ယခု သူတို့ရောက်လာပြန်ပါသည်။ လျှာနှင့် သွားတို့ နေ့စဉ်ထိရာမှ ငြိလာကြသည်။ အချစ်တွေမမြင်၊ အပြစ်တွေမြင်လာကြသည်။ ငြင်းခုံပြောဆိုကြရာမှ စကားများရန်ဖြစ်ကာ စိတ်လိုက် မာန်ပါ “ကွာမယ်၊ ရှင်းမယ်” အဆင့်ထိ ရောက်လာကြသည်။ နီးစပ်ရာ မိတ်ဆွေများ၊ ရပ်ရွာလူကြီးများက ဖျန်းဖြေစေ့စပ်ပေးခြင်းကြောင့် ပြန်လည်သင့်မြတ် သွားသည်လည်းရှိသည်။ ကာယကံရှင် လင်နှင့်မယားတို့၏ စိတ်ထိခိုက်မှု၊ ရုပ်နာကျင်မှု၊ ငွေကြေးထိပါးမှု၊ ဂုဏ်သရေ နစ်နာမှုအတိုင်းအတာနှင့် ထိုအပေါ်တွင်ထားရှိသော သဘောထားတို့က ကွာရှင်းပြတ်စဲစေသော အကြောင်းတရားများဖြစ်သည် ကို တွေ့ရသည်။

တစ်ခါတစ်ရံ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အသိုက်အဝန်း၏သဘောထားက ကာယကံရှင်၏ ခံစားချက်အပေါ် လွှမ်းမိုးသည်လည်း ရှိတတ်သည်။

ဥပမာ - (သမီးတို့အမျိုးထဲမှာ လင်ကွာမယားကွာကိစ္စ မရှိခဲ့ဖူးဘူး။)

ဒါပဲ (တစ်လင်မကောင်း တစ်လင်ပြောင်းပေါ့အေ၊ အနှစ်တစ်ရာ၊လင်တစ်ရာ၊ ပေါလိုက်တာအေ)

လက်ထပ်စဉ်က သူနှင့်သာ မပေါင်းရရင် ကျွန်တော့်ဘဝ ရှင်လျက်နှင့် သေနေသလိုပါပဲ ပြောခဲ့သူအား ယခုကွာရှင်းချင်သောအခါ၌ ဘယ်လိုခံစားရပါသလဲ မေးခဲ့သည်။ ဆရာရယ် အခုပေါင်းနေရတာ “အရှင်လတ်လတ် ငရဲကျနေသလို ခံစားရပါတယ်”ဟု ပြောပြန်ပါသည်။ အမျိုးမျိုးပါကလား။

လင်နှင့်မယားပေါင်းသင်းခြင်ကို ဘောလုံးပွဲတစ်ပွဲကစားသည်နှင့်တူကြောင်း ဥပမာပေးတာလည်း ရှိသည်။ ပေါင်းသင်းနေစဉ်၊ ကစားနေစဉ်ကာလ၌ တစ်ဦက အမှားကျူးလွန်လျှင် ကျန်တစ်ဦးက ပြစ်ဒဏ်ဘောပေးတတ်သည်။ သတိပေးတတ်သည်။ အလွန်အကျွံ မှားယွင်းမှုပြုလုပ်လာလျှင် (အဝါကတ်) ပြတတ်သည်။

တချို့ကမူ အသေးအဖွဲ ကိစ္စလေးများကိုလည်း (အဝါကတ်) တန်းပြတတ်သည်။ သို့သော် ထိုသူသည် (အဝါကတ်)ကို နှစ်ကြိမ်ကမ၊ ခြောက်ကြိမ်မက၊ ရှစ်ကြိမ် အကြိမ်ကြိမ်ပြသည်။ (အနီကတ်) တော့ မပြကြပါ။ တချို့ကမူ သာမန်အသေးအဖွဲဖြစ်ရပ်နှင့်ပင် (အနီကတ်) တစ်ခါတည်း တန်းပြ၍ ပွဲပြီးသွားတာလည်း ရှိသည်။

တစ်ခါက အမှုတစ်ခုတွင် “ကျွန်တော့်မိန်းမ ဆရာဝန်မကို မင်္ဂလာဆောင်မှာ ဓာတ်ပုံဆရာက သူ့တစ်ယောက်တည်း ဓာတ်ပုံတွေ အများကြီးရိုက်တယ် ကွာမယ်” ပြောသည်။ “ဒါလေးနဲ့တော့ မကွာပါနဲ့ ဒေါက်တာရယ်” ဟု တားသည်။ သူပြန်ပြောသည်မှာ “ဟင် ဒီဓာတ်ပုံဆရာက ကျုပ် မိန်းမရဲ့ ငယ်ရည်းစားဗျ” ဟူ၏။

ရှေ့နေများသည် ပေါင်းသင်းလိုသော ကွာရှင်းလိုသောသူများကို တရားရုံးတက်၍ လက်ထပ်ခြင်း၊ ကွာရှင်းခြင်း နည်းလမ်းဖြင့် အကျိုးဆောင်ပေးကြရသည်။ ထိုနည်းလမ်းသည် စရိတ်စက အကုန်အကျနည်းခြင်း၊ စာချုပ်စာတမ်းအထောက်အထားရရှိခြင်း၊ ကာယကံရှင်နှစ်ဦး၏ လွတ်လပ်သော သဘောဆန္ဒကို ထင်ရှားစေခြင်း၊ အသိသက်သေနှစ်ဦးနှင့် တရားသူကြီးလက်မှတ် တရားရုံးတံဆိပ်များ ပါရှိခြင်း၊ တရားရုံး၌ မှတ်တမ်းတင်ပြီးဖြစ်ခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်သဖြင့် ယနေ့ခေတ်စနစ်နှင့်ညီသော ဓလေ့ထုံစံတစ်ခုဖြစ်နေသည်။

ယခင်က လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်များ၌ တံဆိပ်တော်ခွန် ၂၅ ကျပ် ထမ်းဆောင်ကြရသည်။ မကြာမီက တံဆိပ်တော်ခွန်တန်ဖိုး (အနည်းငယ်) တိုးမြှင့်လိုက်ရာ လက်ထပ် ၂၅၀ ကျပ်၊ ကွာ ၂၅၀ဝ ကျပ်ထိ ၁၀ဝ ရာခိုင်နူန်း တက်သွားသည်။

လက်ထပ်လျှင် ကွာရှင်းလျှင်လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်အရ အခမ်းအနားမလို၊ စာချုပ်စာတမ်း မလိုသော်လည်း ပေါင်းသင်း ကွာရှင်းသော လင်နှင့် မယားတို့၌ အရေးအကြောင်းကြုံပါက အထောက်အထား သက်သေခံစာရွက်စာတမ်း တင်ပြရန် အခက်အခဲ ရှိကြမည်ဖြစ်သည်။

ထို့ပြင် ကွာရှင်းပြီးသူ အချင်းချင်းကိုလည်း မယုံကြည်ရပါ။ ကွာရှင်းစဉ်ကတစ်မျိုး၊ နောင်ကျလျှင် တစ်မျိုးပြောတတ်၊ လုပ်တတ်ကြသည်။ ကွာရှင်းပြီးသည့်ယောက်ျား နောက်မိန်းမယူသည့်အခါ လက်ထပ်မည့်အခါမျိုး၌ “ကျွန်မသာလျှင် မယားကြီးဖြစ်သည်”ဟု သတင်းစာ၌ ကြေညာတတ်သည်။

မိမိနောက်ယူမည့် ယောက်ျားကိုလည်း ယခင်လင်ဟောင်းက “ဘယ်မလဲ ကွာရှင်းစာချုပ် မယားခိုးမှု ဖြစ်သွားချင်သလား” ဟု ခြောက်စား၊ ဟောက်စား လုပ်တတ်သည်။ ပွဲဖျက်တတ်သည်။ မယုံရပါ။ ထို့ကြောင့် စာချုပ်စာတမ်းနှင့် ပေါင်းကြ၊ ကွာကြစေလိုသည်။ အတွေ့အကြုံအရ “ရန်ငြိုးအကြီးဆုံးပြိုင်ဘက်နှစ်ယောက်” အား ပြပါဆိုလျှင် မချစ်တော့၍ ကွာရှင်း ပြတ်စဲ၊ ပစ္စည်းခွဲဝေကြသော လင်နှင့်မယားကို ပြပါမည်။

ထို့ပြင် “အမုန်းဆုံး၊ အနာကြည်းဆုံး ခံစားနေရသော လူတစ်စုကို” ပြပါဆိုလျှင် အမွေမှုဖြစ်နေဆဲ၊ ဖြစ်ခဲ့ပြီးသော အမွေဆိုင်ညီအစ်ကို မောင်နှမအရင်းများကို ပြပါမည်။ အလွန်ရင်းနှီးသူအချင်းချင်း အမှုအခင်းဖြစ်ကြသည့်အခါများ၌ တိုက်ပွဲသည် ပို၍ ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရမှု များလှကြောင်း တွေ့ရသည်။





#အသေးစိတ်သိရှိလိုပါက
09-945629777
09-428118741
09-945609777
Viber- 09-780385176 သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Telegram Link မှလဲ ဝင်ရောက်လေ့လာ ဆက်သွယ်နိုင်ပါတယ်
https://t.me/sklawfirm

No.1008, Sedona Hotel, No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanmar.

Address

No. 1007 & 1008, Ground Floor, Sedona Hotel, Kabaraye Pagoda Road, Yankin Tsp
Yangon

Telephone

+959945609777

Website

Alerts

Be the first to know and let us send you an email when Samantha Keith Law & Notary Public posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Samantha Keith Law & Notary Public:

Share