Mandamus Legal Law Firm

Mandamus Legal Law Firm Corporate Commercial ,Auditing ,Real Estate ,IP consulting & Litigation Myanmar Law Firm

ဒစ်ဂျစ်တယ်ငွေပေးချေမှုများမှတစ်ဆင့် ငွေသားမဲ့ငွေပေးချေမှု (Cashless Society) သို့ 19-02-2026၁။    မြန်မာနိုင်ငံတော်ဗဟိုဘ...
20/02/2026

ဒစ်ဂျစ်တယ်ငွေပေးချေမှုများမှတစ်ဆင့် ငွေသားမဲ့ငွေပေးချေမှု (Cashless Society) သို့
19-02-2026

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်အညီ ရင်ဘောင်တန်းနိုင်ရန်အတွက် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless Payment System) ကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားငွေပေးချေမှုအခြေခံအဆောက်အအုံ (National Payment Infrastructure) ကို တစ်ဆင့် ပြီးတစ်ဆင့် စနစ်တကျ တည်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဗဟိုဘဏ်အနေဖြင့် အခြေခံအဆောက်အအုံများဖြစ်သည့် CBM-NET ကို ဦးစွာတည်ဆောက်ခဲ့ပြီး ထို့နောက် မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union – MPU) ထိုမှတစ်ဆင့် လက်ရှိ MMQR သို့ အဆင့်ဆင့် တက်လှမ်းခဲ့ပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများ အနေဖြင့် ငွေသား အသုံးပြု၍ ငွေပေးချေမှုစနစ်မှ Cashless System သို့ တက်လှမ်းလျက်ရှိပါသည်။

၃။ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless System နှင့်ပတ်သက်၍ အနည်းငယ်ရှင်းပြရပါလျှင် ငွေသားအသုံးပြုမှုနည်းပါးပြီး Banking စနစ်ကို အခြေခံသော Mobile Banking Payment/ Digital စနစ်ကိုအခြေခံသော Digital Payment များကို လူအများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် အကျိုးရှိသည့် ပြောင်းလဲမှုတစ်ရပ်ပင် ဖြစ်ပါသည်။ ထိုသို့သုံးစွဲခြင်းဖြင့် အကျိုးကျေးဇူးမှာ လွန်စွာ များပြားပါသည်။ ယင်းတို့အနက် အကျိုးကျေးဇူးအချို့ကို ထုတ်နှုတ်တင်ပြရပါက-
(က) ငွေကြေးစီးဆင်းမှုမြန်ဆန်လာခြင်း၊

(ခ) ငွေကြေးလွှဲပြောင်းမှုများတွင် ပွင့်လင်းမြင်သာမှု ရှိလာခြင်း၊

(ဂ) အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်း (MSMEs) များ တရားဝင်ဘဏ္ဍာရေးစနစ် (Formal Economy) အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း၊

(ဃ) ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့် ကျေးလက်နေပြည်သူများအထိ ဘဏ္ဍာရေး အခွင့်အလမ်းများကို သုံးစွဲလာနိုင်ခြင်း စသည်ဖြင့် မြောက်များစွာ ရှိပါသည်။

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless Society ဆောင်ရွက်ရာတွင် စနစ်ကျနမှု၊ အကျိုးအများဆုံး ရရှိစေရေးအတွက် နိုင်ငံတကာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၏ (Unified Payment Interface - UPI) စနစ်မှတစ်ဆင့် လမ်းဘေးဈေးသည်အထိ QR ဖြင့် အချိန်နှင့်တစ်ပြေးညီ ငွေပေးချေနိုင်သည့် ခိုင်မာသော Infrastructure ကို တည်ဆောက်ခဲ့မှုများ၊ ထိုင်းနိုင်ငံ၏ PromptPay နှင့် National QR စနစ်မှတစ်ဆင့် နိုင်ငံဖြတ်ကျော်ငွေပေးချေမှု (Cross-border QR Linkage) အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများ၊ စင်္ကာပူနိုင်ငံ၏ Regulatory Sandbox နှင့် Cloud Governance မူဝါဒများ မှတစ်ဆင့် ဆန်းသစ်တီထွင်မှု (Innovation) နှင့် စည်းမျဉ်းစည်းကမ်း (Regulation) ကြား မျှတအောင် ညှိနှိုင်းနိုင်ခဲ့မှုများကို စနစ်တကျလေ့လာ၍ အားသာချက်များကို ထုတ်နှုတ်ဆောင်ရွက် ခဲ့ခြင်းဖြင့် အကောင်းဆုံးများကို စုစည်းဆောင်ရွက်နိုင်ခဲ့ပါသည်။

CBM-NET – Interbank Settlement Backbone

၅။ CBM-NET သည် မြန်မာနိုင်ငံ၏ Real-Time Gross Settlement (RTGS) နှင့် Automated Clearing House (ACH) စနစ်၏ အဓိက ကျောရိုးဖြစ်ပါသည်။ ၎င်းသည် ဘဏ်များအကြား ငွေလွှဲ ပြောင်းမှုများကို လုံခြုံစိတ်ချစွာ၊ အချိန်နှင့်တပြေးညီ စာရင်းရှင်းလင်းနိုင်စေရန် တည်ဆောက် ထားသော Core Interbank Payment Infrastructure ဖြစ်ပါသည်။ High-value transactions များကို RTGS မှတစ်ဆင့် ချက်ချင်းရှင်းလင်းမှု (Final Settlement) ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ပမာဏနည်းပါးသည့် ငွေပေးချေမှု (Low-value bulk transactions) များကို ACH စနစ်ဖြင့် စုစည်း ရှင်းလင်းနိုင်ပါသည်။

၆။ CBM-NET သည် Payment Finality ကို အာမခံပေးသည့် Backbone ဖြစ်သကဲ့သို့ ငွေကြေးတည်ငြိမ်မှု (Financial Stability) ကိုလည်း အထောက်အကူပြုပါသည်။ ထို့ပြင် Interbank Liquidity Management နှင့် Monetary Policy Transmission ကိုလည်း အားပေးပါသည်။ အဆိုပါ စနစ်သည် National Payment System ၏ Foundation Layer ဖြစ်ပါသည်။

MPU – Domestic Card Payment Infrastructure

၇။ မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union - MPU) သည် Domestic Card Scheme အဖြစ် တည်ထောင်ထားသော ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ATM, POS နှင့် E-commerce Transactions များကို Domestic Switching Platform ဖြင့် ချိတ်ဆက် ပေးထားခြင်းဖြင့် ငွေပေးချေမှုများကို လျင်မြန်၊ လွယ်ကူ ၊ လုံခြုံ၊ စိတ်ချမှုရှိအောင် ဆောင်ရွက်ပေးပါသည်။ MPU ၏ ရည်ရွယ်ချက်မှာ ငွေသားအသုံးပြုမှု (Cash Usage) လျှော့ချခြင်းနှင့် Card Payment Adoption တိုးတက်စေရန် ဖြစ်ပါသည်။

MMQR – National QR Standard

၈။ လက်လီငွေပေးချေမှုလုပ်ငန်း (Retail Payment) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် MMQR ကို နိုင်ငံတကာအဆင့်မီ ဖန်တီးထားရှိပြီး ဖြစ်ပါသည်။ MMQR သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသော အမျိုးသားငွေပေးချေမှုစံနှုန်းစနစ် (National QR Standard) ဖြစ်ပြီး Wallet များနှင့် Banking Applications များအကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန် (Interoperability) ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ထားပါသည်။

၉။ MMQR သည် Merchant တစ်ဦးအတွက် QR တစ်ခုတည်းဖြင့် ဘဏ်များနှင့် Wallet များစွာမှ လက်ခံနိုင်စေရန် စနစ်တကျရှိစွာဖြင့် နိုင်ငံတကာစံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်ထားပါသည်။
MMQR ၏ အရေးပါမှုများအနက် အချို့ကိုတင်ပြလျှင် -
(က) MSME Digitalization ကို အားပေးခြင်း၊

(ခ) Transaction Data Footprint ဖန်တီးပေးခြင်း၊

(ဂ) Digital Credit Ecosystem အတွက် ဒေတာအခြေခံပေးနိုင်ခြင်း၊

(ဃ) Cross-border QR Linkage အတွက် အခြေခံတည်ဆောက်ပေးခြင်း တို့ ဖြစ်ပါသည်။

၁၀။ MMQR စတင်ပေါ်ပေါက်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ MMQR အသုံးပြုမှုအနေဖြင့် Transaction သန်း ၃၀ ကျော်၊ ငွေပမာဏအားဖြင့် MMK ၁၂.၇ ထရီလီယံကျော်၊ MMQR အသုံးပြုသည့် ကုန်သည်ပေါင်း ၄၂၀,၀၀၀ ဦးကျော်နှင့် အသုံးပြုသူ လူဦးရေ (၂၄) သန်းကျော်ရှိနေပြီဖြစ်ပါသည်။

Public Sector Collaboration

၁၁။ Cashless Ecosystem အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် ဘဏ်ကဏ္ဍတစ်ခုတည်း ဖြင့် ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန် လွန်စွာခက်ခဲပါသည်။ ဘဏ်များအပြင် အခြားသော အစိုးရ ဒစ်ဂျစ်တယ်အကောင်အထည်ဖော်ဆောင်မှု Government Digitalization နှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်းအပြင် အခြားသော ကဏ္ဍအသီသီးနှင့်ချိတ်ဆက်ဆောင်ရွက်ရပါသည်။

MSME များအတွက် Digital Credit သို့ ဦးတည်ခြင်း

၁၂။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော MSMEs များ သည် အပေါင်ပစ္စည်း (Collateral) ပိုင်းတွင် ခက်ခဲတတ်သဖြင့် ချေးငွေများရရှိရန် ခက်ခဲလေ့ရှိပါ သည်။ QR ငွေပေးချေမှုနှင့် Mobile Wallet များမှ ရရှိလာသော Digital Data Footprint များကို အသုံးပြု၍ ခရက်ဒစ်မှတ်တမ်း (Credit Scoring) သတ်မှတ်ခြင်းမှ အစပြု၍ ဒစ်ဂျစ်တယ် ဒေတာ များကို အပေါင်ပစ္စည်းနေရာတွင် အစားထိုးအသုံးပြုခြင်းဖြင့် MSMEs များအတွက် Digital Lending အခွင့်အလမ်းများကိုပွင့်စေခြင်း၊ လက်လီငွေပေးချေမှုလွယ်ကူစေခြင်းများ စသည့် အကျိုးကျေးဇူး များကို ရရှိနိုင်မည် ဖြစ်ပါသည်။

၁၃။ Cashless Society တည်ဆောက်ခြင်းသည် ခရီးလမ်းတစ်ခုဖြစ်ပါက ထိုခရီးတွင် ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များ၊ FinTech ကုမ္ပဏီများနှင့် ပြည်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ကြရပါမည်။ ဗဟိုဘဏ်အနေဖြင့် Innovation ကို အားပေးသကဲ့သို့ Financial Stability နှင့် Consumer Protection ကိုလည်း ခိုင်မာစွာ ထိန်းသိမ်းသွားမည့် အစီအမံများ ထည့်သွင်းသွား မည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေသားအခြေပြုငွေပေးချေမှုများ Cashless Payment များလျော့ချပြီး Digital Payment များကို တိုးချဲ့အသုံးပြုခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ သို့မှသာ မိမိတို့၏ လူမှုစီးပွားဘဝ တိုးတက်လာမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၁၉-၂-၂၀၂၆

အကောက်ခွန်နှုန်း လျော့ချသတ်မှတ်ခြင်းဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၂၆...
10/02/2026

အကောက်ခွန်နှုန်း လျော့ချသတ်မှတ်ခြင်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၂၆ ဖြင့် ထုတ်ပြန် ကြေညာချက်အရ လျှပ်စစ်သုံးယာဥ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန် ပြည်ပမှ တင်သွင်းလာသည့် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူအသုံးပြုသော အထူးလုပ်ငန်းသုံးယာဥ်များနှင့် စည်ပင် လုပ်ငန်းသုံးယာဥ်များ၊ ယန္တရားများနှင့်အဆိုပါယာဥ်၊ ယန္တရားများနှင့် စပ်လျဥ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန၏ နည်းပညာပိုင်းဆိုင်ရာထောက်ခံချက်နှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်ပါရှိသည့် ဆက်စပ် ပစ္စည်းများ၊ အ ပိုပစ္စည်းများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်း များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ ချသတ်မှတ်သွား မည် ဖြစ် ပါသည်။

အထက်ဖော်ပြပါ ကုန်ပစ္စည်းများ တင်သွင်းလာပါက MACCS စနစ်၌ ကြေညာလွှာတင်သွင်းရာတွင် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင်ပါရှိသည့် HS CODE များ အလိုက် အကောက်ခွန်နှုန်းသုညရာခိုင်နှုန်း လျှော့ချခံစားနိုင်စေရန်အတွက် အောက်ဖော်ပြပါ Exemption Code ကို အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ကင်းလွတ်ခွင့်ရယူနိုင်ပါသည်။

ယခုကြေညာချက်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက MACCS ဌာနခွဲ၏ Help Desk Section (ဖုန်း 01-379429) နှင့် ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ဒလမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးရုံး လယ်ယာ မြေအမည်ပြောင်းပြုလုပ်ရန်ရောက်ရှိ လယ်ယာမြေအမည်ပေါက်ပြောင်းလဲချင်လျှင်ယုံကြည်စ...
01/02/2026

ဒလမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးရုံး လယ်ယာ မြေအမည်ပြောင်းပြုလုပ်ရန်ရောက်ရှိ လယ်ယာမြေအမည်ပေါက်ပြောင်းလဲချင်လျှင်ယုံကြည်စွာအလုပ်အပ်နှံနိုင်ပါတယ်ရှင့်
တရားလွှတ်တော်ရှေ့များကိုယ်တိုင်ဆောင်ရွက်ပေးတာမို့ ကျွမ်းကျင်ပညာရှင်များဖြစ်သည့်အတွက် ဘာမှစိတ်ပူစရာမလိုဘူးပေါ့ရှင့်
Ph contact 09421167768
Viber
What's up Telegram ကိုယ်ဆက်သွယ်လိုက်ပါရှင့်

The Central Bank of Myanmar (“CBM”) has continued to ease its foreign exchange surrender requirements for exporters, all...
08/01/2026

The Central Bank of Myanmar (“CBM”) has continued to ease its foreign exchange surrender requirements for exporters, allowing them to retain a greater portion of their foreign currency earnings.

Most recently, the CBM issued Notification No. (2/2026), under which exporters are now required to convert only 15% of their export proceeds into Myanmar Kyat, reduced from the previous 25%, at the CBM prescribed reference exchange rate of MMK 2,100 per USD. This latest adjustment will take effect from 1 January 2026.

This development follows a series of gradual relaxations over recent years. In August 2022, exporters were required to surrender up to 65% of their foreign currency earnings. This requirement was reduced to 50% in July 2023, and further lowered to 35% in December 2023. Subsequently, Notification No. 37/2024, issued on 7 August 2024, reduced the mandatory conversion rate to 25%, effective from 8 August 2024.

Under the current framework, exporters may trade the remaining portion of their foreign currency proceeds through the CBM regulated FX market via the online trading platform rate, which have generally been significantly higher than the CBM reference rate. As of recent market conditions, the FX online trading platform rate has been around MMK 3,649 per USD, subject to market fluctuations. As a result, exporters are able to retain greater value from their foreign exchange earnings.

The CBM’s progressive relaxation appears aimed at balancing two objectives alleviating foreign exchange pressures on exporters while maintaining sufficient foreign currency liquidity within the domestic market to support importers and essential payments. Whether the latest reduction to a 15% conversion requirement will meaningfully address Myanmar’s ongoing foreign exchange constraints remains to be seen.

ကုမ္ပဏီများသို့အသိပေးကြေညာချက်Notification no 106/20251st September 2025
01/09/2025

ကုမ္ပဏီများသို့အသိပေးကြေညာချက်
Notification no 106/2025
1st September 2025

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်အသိပေးကြေညာခြင်းThe Mirror Newspaper Advertisement Page 2528th November 2024.လူကြီးမင်းတ...
28/11/2024

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်အသိပေးကြေညာခြင်း
The Mirror Newspaper Advertisement Page 25
28th November 2024.
လူကြီးမင်းတို့၏ အိမ်ခြံမြေ အရောင်းအဝယ်များအား ခိုင်မာစေရန် Mandamus Legal Law Firm ကို ကြွလှမ်းခဲ့ပါရှင့်
Contact Ph No.09 421167768

Uncover the powerful connection between   and Economics!Find out how cyber incidents shake economies worldwide
16/11/2024

Uncover the powerful connection between and Economics!

Find out how cyber incidents shake economies worldwide

Uncover the powerful connection between and Economics!

Find out how cyber incidents shake economies worldwide—and discover the keys to building a safer, smarter digital future in our new report 🔐💹. http://wrld.bg/uV6250TvY8v

The Mirror Newspaper Advertisement Objection  29th October 2024.လူကြီးမင်းတို့၏ အိမ်ခြံမြေများ ဝယ်ယူမှုခိုင်မာစေရန်အိမ်ခ...
16/11/2024

The Mirror Newspaper Advertisement
Objection 29th October 2024.
လူကြီးမင်းတို့၏ အိမ်ခြံမြေများ ဝယ်ယူမှုခိုင်မာစေရန်
အိမ်ခြံမြေအမည်ပြောင်းပေးခြင်း တဘက်သတ်အနိုင်ဒီဂရီစွဲပေးခြင်းများ ကျွမ်းကျင်သော
တရားလွှဲတော်ရှေ့နေ များမှ ပြုလုပ်ဆောင်ရွက်ပေးနေပါတယ်ရှင့်
Mandamus Legal Law Firm ကိုသာဆက်သွယ်လိုက်ပါ
Our Contact Ph No. 09 421167768

The Mirror Newspaper Advertisement Page -30 5th November 2024
16/11/2024

The Mirror Newspaper Advertisement
Page -30 5th November 2024

စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း (အသိပေးကြေညာချက် ၁၆/၂၀၂၄)နှင့်စပ်လျဉ်...
05/11/2024

စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း (အသိပေးကြေညာချက် ၁၆/၂၀၂၄)နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်-
https://ipd.gov.mm/translate/publication-for-opposition-of-industrial-design

02/04/2024

# Mandamus Legal မှ Yearly Ended Financial Report Commercial Tax Return,Income Tax Return Report များ ​အခွန်စာရင်းရှင်းလင်းပြီးသည့်အထိ SAS ,OAS System များနှင့် IFRS နှင့်အညီလူကြီးမင်းတို့၏ Companyများ လုပ်ငန်းများအတွက် CPA များမှစာရင်းများရေးစွဲ​ပေးပါတယ် Tax advice လဲ​ပေးပါတယ်
# Montly Report,Quarterly Report,Yearly Report
များအတွက်လဲ လက်ခံ​ဆောင်ရွက်​ပေးပါတယ်ရှင့်
စာရင်းနှင့်ပတ်သက်လာရင် Mandamus Legal Law Firmကို သတိရကြပါလို့ ဒီနှစ်အတွက် အခွန်စာရင်းရှင်းတမ်းအတွက် Auditing Report များ အပ်နှံ​နိုင်ပါပြီရှင့် ၂၀၂၄ အတွက်
ဝင်ငွေခွန် ကြေညာလွှာ နှစ်ချုပ်စာရင်းကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာများအတွက်စာရင်းများစတင်လက်ခံပေးနေပါပြီရှင့် WhatsApp Ph 09 421167768
Viber 09 421167768

ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှရရှိသောဝင်ငွေအပေါ်  ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသ...
30/08/2023

ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှရရှိသောဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေသည့်အစီအစဉ်အား အသိပေးကြေညာခြင်း


Address

No. 788 (B) , Zadhila 4th Street, 16/1 Ward
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959421167768

Website

Alerts

Be the first to know and let us send you an email when Mandamus Legal Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mandamus Legal Law Firm:

Share

Category