မြတ်ကမ္ဘာ-Myat Kabar Property

မြတ်ကမ္ဘာ-Myat Kabar Property မြဒီပါအိမ်ခြံမြေရောင်းဝယ်ရေးနှင့်အထွေထွေဝန်ဆောင်မှူလုပ်ငန်း

ဒူရင်းခြံထဲရောက်
27/10/2024

ဒူရင်းခြံထဲရောက်

မှတ်တမ်း 149 ရပ်ကွက် ရောင်းသူဝယ်သူအဆင်ပြေပါစေ
28/08/2024

မှတ်တမ်း 149 ရပ်ကွက် ရောင်းသူဝယ်သူအဆင်ပြေပါစေ

08/05/2024

“မိဘပိုင်မြေနဲ့အိမ်” ကို🏘️သားသမီးများက
**************************************************************************
🍇ပြန်ရောင်းကြတဲ့အခါ•••••••••••
•••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••

♥️လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

🔔09251015089
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

👄အခုလိုပူပြင်းလှတဲ့နွေရာသီဖြစ်ပေမဲ့မောင်ကောင်းဖေတို့အိမ်ခြံမြေအရောင်းအဝယ်လောကမှာတော့ “အေးသည် ၊”ပူသည်၊”မိုးချုပ်သည်၊ ““စောသည်””ဆာသည်၊ “ပြည့်အင့်သည်”ဆိုတဲ့ ပျင်းရိခြင်းခြောက်ပါးထဲပါနေလို့ မရပါဘူး။

🗣️ပွဲတစ်ပွဲဖြစ်ဖို့အရေးအခြေအနေပေးတာနဲ့ပွဲစားဆိုသူကလည်း သူရှာပေးထားတဲ့ မြေနှင့်အိမ်ကို အရောင်းအဝယ်ပွဲဖြစ်အောင်နည်းအမျိုးမျိုးသုံးပြီးဝယ်သူတွေနဲ့အမြန်ဆုံး ပွဲဖြစ်အောင်စည်းရုံးရေးဆင်းကြရတယ်။

😎ဟော ပွဲဖြစ်ပြီးဆိုရင်တော့ရှေ့နေကို သတိရလာကြတယ်။

😋ဒီလိုပူလောင်တဲ့အချိန်ဖြစ်ပေမယ့်အချိန်နဲ့တစ်ပြေးညီလုပ်လိုက်ရတာပါဆိုပြီးမောင်ကောင်းဖေထံအပြေးအလွှားရောက်လာကြပါတယ်။

✍️ရှေ့နေဆိုတာကတော့ သူများ ပါရမီဖြည့်ပေးရတဲ့သူတွေဆိုတော့ ဒီလောက်တော့ရှိမှာပေါ့လေ။

အခုလည်းကြည့်ပါဦး။

တောင်ဒဂုံရဲ့လူကြိုက်အများဆုံး (၂၄ )ရပ်ကွက် ၊ လမ်းမကြီးမှာ(၄ဝ x ၆ဝ ) မြေနဲ့ အိမ်ကို သိန်း ၁၀၀၀၀(တစ်သောင်း)နဲ့အမြန်ရောင်းဖို့ ရှိတယ်ဆိုလို့ ဝယ်ချင်သူကပွဲစားတွေနဲ့ သွားကြည့်ကြတယ်လေ။

ရေမီးအစုံ၂ ထပ်အိမ်ကြီး ၊ ခြံနဲ့ ဝင်းနဲ့ ဆိုတော့အတော်သဘောကျသွားတယ်။

လက်ရှိအိမ်ထဲမှာ လူမနေဘဲ
သော့ခတ်ထားတာတွေ့ ရတယ်။

ဒါကြောင့် လည်းဝယ်သူကအတော်သဘောကျသွားတယ်လေ။

ဒါနဲ့ အိမ်ရာဇဝင်စုံစမ်းမေးမြန်းကြည့်တဲ့အခါအနှစ် (၆ဝ)ဂရန်မြေအမျိုးအစားဖြစ်နေတယ်။
ခိုင်မာတယ်OKပေါ့

ဂရန်အမည်ပေါက်မိဘနှစ်ပါးကသေသွားတာကြာပြီတဲ့…

“ဟင် ……

၊ သားသမီးတွေတောင်အသက်(၆ဝ )ခန့်လောက်ရှိကုန်ပြီတဲ့။

“အလို”

ဒါဆိုရင် အမွေဆိုင်အိမ်ပဲ။
အမွေဆိုင်(၆ )ဦးရှိသတဲ့။
အဲဒီ မိဘနှစ်ပါးဂရန်အမည်ပေါက်ကိုပဲ လက်လွှဲရောင်းမှာလို့ ပြောတယ်။

“အင်း”အမွေဆိုင်အိမ်ဆိုရင်မောင်နှမအားလုံးတော့ သဘောတူဖို့ လိုတယ်။

အားလုံးတော့ သဘောတူကြပါတယ်။

ဒါပေမဲ့ မောင်အငယ်ဆုံးက “အမေရိကန်”မှာရောက်နေတယ်လို့ ပြောပြန်တယ်။

ဟင်..ဒီလိုဆိုရင်အဆင်ပြေပါ့မလား?
“မောင်ကောင်းဖေ”မှန်းဆကြည့်လိုက်တာပါ။

👩‍👩‍👧‍👧ဆိုင်းဝိုင်းတစ်ခုနဲ့ တူတဲ့
🙇🏻🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️
မောင်နှမပိုင်မြေနှင့်အိမ်
🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️🙇🏻‍♂️

တကယ်တော့အသဲအသန်ဝယ်ချင်သူကလည်း မောင်ကောင်းဖေရဲ့ညီမဝမ်းကွဲ”လှလှ”ဖြစ်နေတယ်လေ။
သူကြည့်ရတာအရမ်းလိုချင်နေပုံရတယ်။
အဲဒါကြောင့်ထင်ပါရဲ့“ အစ်ကိုဝယ်လို့ ရလားဟင်'တဲ့ ။ "

- [x] ညီမကတော့ အရမ်းကြိုက်နေတယ်။
- [x] ငွေကိုတစ်ပုံတည်းတော့ မပေးနိုင်ဘူး။ရှာရဦးမှာနော်။
- [x] (၃)ရစ်လောက်ခွဲပေးချင်တယ် လို့မောင်ကောင်းဖေကိုတိုင်ပင်ပါတယ်။
- [x] “ ဝယ်လို့တော့ရတယ်”လှလှ”ရဲ့ဒါပေမဲ့ငါ့ညီမ စိတ်တော့ရှည်ရမယ် ။

“ဘာဖြစ်လို့လဲအကို”

“အမွေဆိုင်အိမ်ဖြစ်နေလို့လေ”

အမွေဆိုင်အိမ်ဆိုတာ ” “ ဆိုင်ဝိုင်းတစ်ခုနဲ့တူတယ်ညီမ ရဲ့

ဆိုင်းဝိုင်းတစ်ခုဟာ အားလုံးညီမှ မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်သံကိုကြားရသလို”

အခုလည်းသူတို့မောင်နှမတွေအားလုံးညီညွတ်မှဝယ်သူနာမည်ပြောင်းတဲ့အထိ အဆင်ပြေသွားနိုင်တယ်လေ။

👨‍👩‍👧‍👦ဒီတော့ ရောင်းသူတွေအားလုံးစုံပြီတဲ့လား။
သူတို့ရောက်ပြီဆိုရင်အစ်ကိုတို့လည်း သွားကြတာပေါ့ “

“ဟုတ်ကဲ့၊”သူတို့ ရောက်နေပြီတဲ့”

အဲဒါကြောင့် အစ်ကိုဆီကိုအရင်ပြေးလာတာ။

“ဒါဆိုရင် လည်းသွားကြတာပေါ့ ”

ဟုဆိုကာညီမတို့ကားနဲ့ပဲ အရောင်းအဝယ်ပြုလုပ်မယ့်အိမ်ကိုမောင်ကောင်းဖေတို့သွားကြပါတယ်။

မောင်ကောင်းဖေတို့ ရောက်သွားတဲ့အချိန်မှာ ရန်ကုန်မြို့ထဲမှာနေကြတဲ့ရောင်းသူမောင်နှမတစ်တွေအဆင်သင့်ရောက်နေကြတာကိုတွေ့ရပါတယ်။

ရောင်းမယ့်မြေနဲ့အိမ်နဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုလည်း စားပွဲပေါ်မှာ
အဆင်သင့်တင်ပေးထားတာတွေ့ ရတယ်။

မောင်ကောင်းဖေအား ညီမဖြစ်သူကအားလုံးနဲ့မိတ်ဆက်ပေးပြီး တာနဲ့ စားပွဲပေါ်က အနှစ် (၆ဝ )ဂရန်ကိုယူပြီးမောင်ကောင်းဖေအသေအချာကြည့်လိုက်ပါတယ်။

၁၉၉၆ ခုနှစ်ခန့်က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကစီမံချက်နဲ့
ထုတ်ပေးထားတဲ့မြေငှါးစာချုပ်ဂရန်
ဖြစ်နေတာကိုတွေ့ရတယ်။

ဂရန်နဲ့အတူအိမ်ဆောက်လုပ်ခွင့်နဲ့ လျှပ်စစ်မီတာပြေစာတို့ကိုတွေ့ ရပါတယ်.

မြေခွန်ပြေစာတွေလည်းအဆင်သင့်ရှိပါတယ်လို့ ပြောပါတယ်။

အသက်မရှိတဲ့အနှစ်(၆၀)မြေဌားဂရန်
⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️
အသက်သွင်းစရာကျန်
⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

အနှစ် ၆ဝ ဂရန်မှာ မိဘနှစ်ပါးအမည်ပေါက်ဖြစ်လိုယခုသားသမီးတွေက အမွေဆက်ခံတာမှန်ပါတယ်။
ဒါပေမဲ့ အဖေ/အမေတို့ရဲ့သေစာရင်းလည်းမလုပ်ရသေးဘူးတဲ့

မိသားစုအိမ်ထောင်စုစာရင်းကလည်းပြန်ရှာရဦးမယ်ပြောပါတယ်။

သားသမီးတွေ အမွေဆက်ခံတာမှန်ပေမယ့်အမွေဆက်ခံပိုင်ဆိုင်ကြောင်းတရားဝင်မှတ်ပုံတင်စာချုပ်လုပ်ဖို့ကအဆင့်တွေကျန်ပါသေးတယ်။

ရောင်းသူဘက်ကပြောတာကတော့ဝယ်သူထံက စရန်ငွေများများယူပြီးမှမြို့တော်စည်ပင်မြေယာဌာနမှာ

1️⃣ ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဖို့နဲ့

2️⃣အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးနိုင်ဖို့ အတွက်

အရောင်းမြေပုံနဲ့အမွဆက်ခံပိုင်
ဆိုင်ကြောင်းမြေပုံ(၂)မျိုးကူးပေး
မယ်လို့ပြောပါတယ်။

တကယ်တော့အပြောလွယ်သလောက်တကယ်လုပ်တော့ခက်ပါတယ်။

စရန်ယူပြီးမှပိုင်ဆိုင်ကြောင်းမြေပုံကူးမယ်ဆိုရင်

🚼အဖေ/အမေ သေစာရင်းစပြီးလုပ်ရပါမယ်။

🚹သေစာရင်းရဖို့ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှာလျှောက်လွှာသွားယူရဦးမယ်။

🚻လျှောက်လွှာရရင်အဖေအမေတို့ရဲ့အမည်မှတ်ပုံတင်နဲ့လိုအပ်ချက်တွေဖြည့်ပြီး ရပ်ကွက်ရုံးသွားပြီးသေဆုံးကြောင်းထောက်ခံချက်တောင်းရမယ်။

💹ရပ်ကွက်ထောက်ခံချက်ရပြီးရင်မြို့နယ်ရဲစခန်းထောက်ခံချက်ထပ်ယူရမယ်။
🌐အဲဒီထောက်ခံချက်(၂)ခုအပြည့်အစုံရပြီးရင် တိုင်းကျန်းမားရေးရုံးကိုသွားပြီးလျှောက်လွှာပြန်တင်ပြပေးရမယ်။
🌐တိုင်းကျန်းမာရေးရုံးက(၁၄)ရက်ခန့်ကြာမှသေစာရင်း(သေဆုံးမှုလက်မှတ်)ရမယ်။

🚻အဲဒီသေဆုံးမှုလက်မှတ်ရမှကျန်ရစ်ခဲ့တဲ့သားသမီးတွေကအိမ်ထောင်စုစာရင်းပြပြီးတရားရုံးမှာကျမ်းကျိန်လုပ်ရမယ်။
✅အိမ်နီးနားချင်းခြေရင်/ခေါင်းရင်းနေသူ(၂)ဦးကလည်းအမွေဆက်ခံသူများဖြစ်ကြောင်းကျမ်းကျိန်ပေးရဦးမယ်။

အဲဒီလိုအထောက်အထားတွေပြည့်စုံမှ
မြို့တော်စည်ပင်မြေယာဌာနမှာမြေပုံကူးလျှောက်ရတယ်။

မြေစီမံဌာနကလျှောက်ထားတဲ့ မြေပိုင်ဆိုင်မှုမှန် ၊ မမှန်ကွင်းဆင်းစစ်ဆေးဦးမယ်။

ပြီးတော့ ကန် ကွက်ချက်ရှိ ၊ မရှိ
သတင်းစာကြော်ငြာခိုင်းဦးမယ်။

အားလုံး အဖုအထစ်မရှိမှမြေပုံ(၂)မျိုး
ထွက်လာမယ်။

အချိန်က (၃)လလောက်ကြာမယ်။စုစုပေါင်း(၄)လလောက်ကြမယ်နှော်။

အဲဒီပိုင်ဆိုင်ကြောင်းမြေပုံရမှ
ရန်ကုန်မြို့တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ”မောင်နှမအားလုံးစုံပြီး
မြေနှင့်အိမ်ကိုအမွဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ပေးရမယ် ။”

အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ရတဲ့အခါရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာန ကာလတန်ဖိုးစိစစ်သတ်
မှတ်ရေးအဖွဲ့ထံမှာဝင်ငွေခွန်ဆောင်ဖို့အဆုံးအဖြတ်ခံယူရမယ် ။

ဝင်ငွေခွန် ၃% နဲ့တံဆိပ်ခေါင်းခွန် ၄%
ထမ်းဆောင်ရမယ်။

ဝယ်ယူအနေနဲ့ဝင်ငွေခွန် ၇%ကို မြေကွက်တည်နေရာမြို့နယ်ရုံးမှာဆောင်ပြီးတာနဲ့ရန်ကုန်မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာအမွေဆက်ခံပိုင်ဆိုင်သူ/ရောင်းသူများက မိမိတို့ရောင်းလိုက်တဲ့မြေနှင့်အိမ်ကိုမှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရမှာဖြစ်ပါတယ်။

အဲဒီလိုမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးပြီးမှသာရောင်းသူရဲ့တာဝန်ပြီးပါတယ်။

ရောင်းသူတာဝန်ပြီးမှပဲဝယ်သူကကျန်ငွေကိုပေးချေရမယ်။မြေနှင့်အိမ်ကိုဝယ်သူထံလက်ရောက်ပေးအပ်ရမှာဖြစ်ပါတယ်။

အော်အရေးကြီးတာပြောဖို့တစ်ခုကျန်ခဲ့တယ်အဲဒါကတော့ ဝယ်သူဘက်ကမြေနှင့်အိမ်တန်ဖိုးရဲ့ထက်ဝက်ငွေကိုပေးချေတဲ့နေ့မှာအရောင်းမြေပုံနဲ့ဂရန်မူရင်းနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေကိုဝယ်သူ့လက်ဝယ်ပေးအပ်ရမယ်လို့ရှင်းပြလိုက်ပါတယ်။

ရှားရှားပါးပါး မြေနဲ့ အိမ်ရောင်းသူများ
🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶

ဒီလိုရှင်းပြပေမယ့် ရောင်းသူတွေက “မောင်ကောင်းဖေ”ရှင်းပြတာတွေကို
စိတ်မဝင်စားကြဘူး။

(၄၀’-၆၀’)အကျယ်မြေနဲ့အိမ်ကို(သိန်းတစ်သောင်းနဲ့ရောင်းမယ်။ဒီနေ့စရန်ငွေသိန်း ၅ဝဝ ချပေးရမယ်။ တစ်လပြည့်တဲ့နေ့မှာ (သိန်း၄၅၀၀ )ပေးရမယ်။

✅ဒီကြားထဲမှာ မြေပုံကူးလုပ်ပေးမယ်။
🚻ပိုင်ဆိုင်ကြောင်း လုပ်ပေးမယ်။ ကျန်ငွေ (သိန်း ၅၀၀၀)ကို
ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပေးတဲ့နေ့မှာအပြီးငွေချေရမယ်။

အဲဒီနေ့ကျမှ မြေနဲ အိမ်ကိုလက်ရောက်ပေးမယ်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရင်ရောင်းသူတွေလာပေးမယ်။ငွေချန်မထားနိုင်ဘူးလို့အပြတ်ပြောလာပါတယ်။

အနှစ် (၆ဝ )ဂရန်နဲ့ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းအားလုံးပေးမယ်။

စုစုပေါင်း (သိန်း ၅၀ဝဝ) ပေးပြီးတဲ့နေ့အထိဘာအထောက်အထားမှပေးမထားနိုင်ဘူးလို့ထပ် ပြောပြန်ပါတယ်။

ဟင် ….ဒီလိုဆိုရင် ဝယ်သူဘက်မှာ မြေနဲ့ အိမ်နဲ့ ပတ်သက်လို့ဂရန်မူရင်းတောင် မရနိုင်ဘူးဖြစ်နေတယ်။

ဝယ်သာဝယ်ရပေမယ့် ဘာအထောက်အထားမှမရတော့”မျောက်သစ်ကိုင်းလွတ်”သလို ဖြစ်နေတာပေါ့။

အပေါင်ခံထားတဲ့ လူများတောင်မှ မြေနဲ အိမ်ပေါက်ဈေးရဲ့
တစ်ဝက်ကျော်ရင်
✅ဂရန်ပေး ၊
🚻အိမ်ဆင်း ၊
🔛သော့ခတ်လုပ်ကြသေးတာပဲ။

အခုဝယ်သူ”လှလှ”တို့က အမှန်တကယ်ကြိုက်လွန်းလို့ ဝယ်တယ်။

“သိန်း(၅၀၀၀)”လည်း အရင်ပေးထားရဦးမယ်။

ဂရန်လည်းမပေးဘူးဆိုတော့
"စိတ်ပျက်ကုန်ကြတာပေါ့ ။

“ အစ်ကို …ဘယ်လိုလုပ်ရမလဲ ” လို့ ညီမက မောင်ကောင်းဖေကိုမေးတယ်။

ဒါကတော့ရှင်းပါတယ်။
ပေးထာတဲ့ငွေကြေးနဲ့ ထိုက်တန်တဲ့ပစ္စည်းတစ်ခုခုတော့ ပြန်ပေးရမှာပေါ့။

အခုမှလုပ်ငန်းကစတောင်မစရသေးဘူး။

ပြီးတော့ အမွေဆိုင်အားလုံးရှိမှအရောင်းအဝယ်လုပ်လို့ရမှာလေ။

အရင်ကလိုနိုင်ငံခြားရောက်နေသူက
အခုGeneral Power ပေးပြီးစာချုပ် လို့မရတော့ဘူး။

စည်ပင်ရုံး/အခွန်ရုံးတို့မှာရှေးပြေးဆောင်ရွက်ရတာဖြစ်လို့မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုတဲ့အဆင့်အထိ အကြောင်းအမျိုးမျိုးကြောင့်(၆လ)/(၁၀)လခန့်လောက်ကြာသွားနိုင်တယ်။

ဒါ့ကြောင့် စရန်ပေးစာချုပ်အရ
သတ်မှတ်တဲ့ရက်မှာသိန်း(၅၀၀၀)ပြည့်အောင်အရင်ပေးထားဖို့အဆင်မပြေနိုင်ဘူး။

ဒီလိုဆိုရင်တစ်ဖက်နဲ့တစ်ဖက်ကတိတွေပျက်ကုန်ကြပြီးစကားများကုန်ကြလိမ့်မယ်။

“ဒီလို …ရောင်းသူ/ဝယ်သူတွေရန်သူတွေဖြစ်သွားနိုင်တဲ့အတွက်ဝယ်ဖို့ မသင့်တော့ဘူး လက်လျှော့လိုက်တာပဲ ကောင်းပါတယ် ညီမရယ်”လို့ရှင်းပြလိုက်ပါတယ်။

ဒီတော့မှ ညီမဖြစ်သူလည်းလိုချင်မှုလောဘကို သတိပြုမိသွားတယ်။

ရှေ့ဆက်မတိုးသင့်တာ သိတာနဲ့ရောင်းသူများကို အပြုံနဲ့ နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတော့တယ်။

“ အင်း ” ပွဲမဖြစ်တော့လည်း အိမ်ပြန်ရုံပဲ ရှိတော့တာပေါ့ “လွှတ်တော်ရှေ့နေမောင်ကောင်းဖေ…ရယ်”

🗣️🗣️🗣️🗣️🗣️🗣️🗣️🗣️🗣️🗣️🗣️🗣️🗣️
✍️စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ✍️

#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
#မောင်ကောင်းဖေ
#အိမ်ခြံမြေစာချုပ်စာတမ်း
#တိုက်ခန်းစာချုပ်စာတမ်း
#အရောင်းမြေပုံ
#အရောင်းအဝယ်စာချုပ်
#စည်ပင်မြေယာဌါန
#အိမ်ခြံမြေပါမစ်
#အိမ်ခြံမြေဗဟုသုတ
#အိမ်ခြံမြေစာရေးဆရာ
#ယနေ့ရန်ကုန်အိမ်ခြံမြေအပြောင်းအလဲရောင်းကြဝယ်ကြကိုယ်တွေ့ကြုံရသည့်ဖြစ်ရပ်များ
#မြေရှင်သူဌေးကြီးဖြစ်ပါရစေ
#အိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ
#တိုက်ခန်းအိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၇၇ရပ်ကွက် အမှတ်၈၉၃ မြေကွက်ကိုစိတ်ချယုံကြည်စွာဖြင့်အပ်နှံရောင်ချပေးသောအမ နှင့်စိတ်ချရုံကြည်မ...
20/02/2024

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၇၇ရပ်ကွက် အမှတ်၈၉၃ မြေကွက်ကိုစိတ်ချယုံကြည်စွာဖြင့်အပ်နှံရောင်ချပေးသောအမ နှင့်
စိတ်ချရုံကြည်မှူအပြည့်ဖြင့်
စိတ်ပျော်ရွှင်စွာဝယ်ယူကြတဲ့ပွဲလေးပါ
စာရွက်စာတမ်းခိုင်မာတိကျတယ်
စျေးနှုန်းချိုသာတယ်
နေရာကောင်းလေးလိုချင်ရင်
💙💙မိတ်ဆွေများ Hello လိုက်ပါနော်
💙💙၀၉၇၅၂၇၅၃၃၀၉

77ရပ်ကွက် မြန္ဒာလမ်းနှင့်ပဲခူးမြစ်လမ်းမကြီးလမ်းဆုံအနီး မြေကွက်လေးကို ပစ္စည်းမှန် စျေးတန်တန်လေးရောင်းပေးပြီးပါပြီ စာရွက်စ...
20/02/2024

77ရပ်ကွက် မြန္ဒာလမ်းနှင့်ပဲခူးမြစ်
လမ်းမကြီးလမ်းဆုံအနီး မြေကွက်လေးကို ပစ္စည်းမှန် စျေးတန်တန်လေးရောင်းပေးပြီးပါပြီ
စာရွက်စာတမ်းခိုင်မာတိကျမှန်ကန်မှု အပြည့်အဝ ဝန်ဆောင်မှူပေးပါတယ်
စျေးနှုန်းမှာဆိုလည်း သက်သာသောစျေးလေးနဲ့ ရောင်ချပေးပါတယ်

မိတ်ဆွေတို့ (ဒဂုံဆိပ်ကမ်းမြို့နယ်
ဒဂုံတောင်မြို့နယ်)များမှမြေကွက်များရောင်းချင်ဝယ်ချင်ရင်ဆက်သွယ်ပါ
ဖုန်း။ ၀၉၇၅၂၇၅၃၃၀၉

20/12/2023

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။


19/12/2023

မြေဧကတွက်နည်း။
❖❖❖❖❖❖❖❖❖❖

၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft) = ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square Feet မှ ဧကပြောင်း
Sqft ÷ 43560 = ( ) ဧက
ဥပမာ 20000 Sqft ကို ဧကဖြင့် သိလိုလျှင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုလျှင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ = ?
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့ အတိုင်းအတာ ယူနစ်များဟာ Imperial Units ဖြစ်ပါတယ်။

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး (၆၆ ပေ)
၁၀ သံကြိုး = ၁ ဖာလုံ (၆၆၀ ပေ)
၈ ဖာလုံ = ၁ မိုင် (၅၂၈၀ ပေ)

၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါသည်။

ထို့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါသည်။

၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည် မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါသည်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

#မြေဧက #အိမ်ခြံမြေ
#ဗဟုသုတ
# crd to original owner

13/12/2023

◾စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ ❓❓

◾လုပ်ငန်းစဉ်တွေကဘာလဲ သိချင်ပါတယ်။ ❓

◾ပုဂ္ဂလိကမြေငှားဂရန် / စက်မှုမြေငှားဂရန်ရယူလိုသူမှ ဆောင်ရွက်ရမည့်အချက်များ 👇

◾ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များဖော်ပြပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူလျှောက်ထားရမည်ဖြစ်ပါသည်-

(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊

(ခ) လျှောက်ထားသော မြေတည်ရှိရာ ရပ်ကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊

(ဂ) လျှောက်ထားမြေ၏ အလား(၄)ရပ်(အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရှိ မြေများ)၊

(ဃ) လျှောက်ထားသောမြေပေါ်တွင် ဆောက်လုပ်မည့်အဆောက်အအုံ၏ အရွယ်အစားနှင့် ဆောက် လုပ်မည့် ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)

(င) လျှောက်ထားသောမြေကို မည်ကဲ့သို့အသုံးချရန် ရည်ရွယ်ချက်၊ (ဥပမာ- အဆောက်အအုံ ဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်)

(စ) လျှောက်ထားသောမြေ၏ နယ်နိမိတ် သတ်မှတ်တိုင်းတာထားခြင်း ရှိ/မရှိ၊ (အောက် မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ-၁၁၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၆၂)

(ဆ) လျှောက်လွှာနှင့်အတူ လျှောက်ထားသောမြေ၏ မြေပုံ(၂)ပုံ၊ မြေပုံတွင် လျှောက်ထား သောမြေ၏ အကျယ်အဝန်း အလား(၄)ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့်ဖော်ပြရန်၊ ထိုမြေပုံ (၂)ပုံအနက် (၁)ပုံမှာသက်သေခံနိုင်ရန်အတွက် သတ်မှတ် ရုံးခွန်တံဆိပ် ခေါင်းကပ်ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးက လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၀၅) မြေပုံ(၂)ပုံဖြစ်ရမည်၊

(ဇ) လျှောက်ထားသည့်မြေ၏ ရာဇဝင်မြေစာရင်းပုံစံ(၁၀၆) (လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ ၁-က မှတ်ပုံတင်စာရင်းစာအုပ်မှ ကောက်နုတ်ချက်မိတ္တူမှန် တစ် စောင်)၊

(ဈ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ (၂)ပုံ/ ပုံစံမှာ ရှေ့မြင် Front Elevation နှင့် ဘေးမြင် Side Elevation ဖြစ်ရမည်၊

(ည) ဂရန်အသစ်လျှောက်ထားခြင်းဖြစ်ပါက မြေကွက်ရရှိကြောင်း မြေပေးမိန့်ပါရှိရမည်၊

(ဋ) ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်လွှာပေါ်တွင် ရုံးခွန် တံဆိပ် ခေါင်းကပ်ထားပါရှိရမည်၊

(ဌ) လျှောက်ထားမြေသည် လယ်ယာစိုက်ပျိုးမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်(လ/ န - ၃၉၊ လယ - ၃၀ - က)၊ လယ - ၃၀ - ခ)၊

(ဍ) မြေငှားဂရန်သက်တမ်းတိုး/အသစ်လဲလျှောက်ထားခြင်း ဖြစ်ပါက မူရင်းမြေငှားဂရန် စာချုပ်ပူးတွဲပါရှိရမည်၊

(ဎ) မြေငှားဂရန်အမည်ပြောင်းလျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ်ပါရှိ ရမည့်အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထားသူသို့ မြေလွှဲပြောင်းပေးခဲ့သည့် တရားဝင် အထောက်အထားစာချုပ်စာတမ်းများပါရှိရ မည်။ (အရောင်းအဝယ်ပြုလုပ်ရယူခဲ့ ပါကတရားဝင်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပါရှိရမည်။)

◾ပုဂ္ဂလိကဂရန်/စက်မှုမြေငှားဂရန်အတွက် ဌာနမှဆောင်ရွက်ပေး ရမည့် လုပ်ငန်းစဉ်များ

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားလာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှု ရှိ/ မရှိ စိစစ်ပြီး ပြည့်စုံမှုရှိပါက အမှုတွဲမှတ်ပုံစာရင်းစာအုပ်တွင် မှတ်တမ်းတင်စေရန်နှင့် အမှုတွဲဖွင့်လှစ်မည် ဖြစ်ပါသည်။ အချက်အလက်များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည်။ (အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၁၅)

အမှုတွဲဖွင့်လှစ်ပြီးပါက အမှုတွဲတွင်ပါရှိသော လျှောက်ထားသူတင်ပြသည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို စိစစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော် အရာရှိ)ထံ ပေးပို့ရမည်ဖြစ်ပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားမြေနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက် အလက်များကို စိစစ်တင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေးပို့ရမည်-

(က) လျှောက်ထားမြေရာဇဝင်၊ (၁ - က စာရင်းအရ)

(ခ) လျှောက်ထားမြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့်ရှိသောမြေ ဟုတ်/ မဟုတ်၊

(ဂ) လျှောက်ထားမြေကို နိုင်ငံတော်အစိုးရကအသုံးပြုရန် သတ်မှတ်လျာထားခြင်း ရှိ/ မရှိ၊

(ဃ) လျှောက်ထားမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ ရှိ/ မရှိ၊

(င) လျှောက်ထားမြေကို ဂရန်၊ အငှားဂရန်၊ လိုင်စင်စသည့်များ ထုတ်ပေးခဲ့ခြင်း ရှိ/ မရှိ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန်ဖြစ်ပါသည်၊

(စ) လျှောက်ထားမြေကို လျှောက်ထားသူအပြင် အခြားသူများက မြေပုံကူးယူခြင်း၊ လျှောက်ထားခြင်းများ ရှိ/ မရှိ၊

(ဆ) လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း ရှိ/ မရှိ၊

(ဇ) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် မြေငှားခ၏ ရ၅ % ကျသင့်ငွေကို ဖော်ပြရန်၊

(ဈ) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် ရောင်းဈေး၏ ၆ % ကျသင့်ငွေကို ဖော်ပြရန်ဖြစ်ပါသည်၊ (စက်မှုမြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့် ငွေကို ဖော်ပြရန်)

(ည) လျှောက်ထားမြေအတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက်ဖော်ပြပေးရန် ဖြစ်ပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အထက်အပိုဒ်ပါ အချက်အလက်များ အပေါ် စိစစ်ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေးပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန်၊ လိုင်စင်ချထားပေးခြင်းကို ကန့်ကွက်ရန် ရှိ/ မရှိ၊ ကန့်ကွက်လိုသူရှိက (၁၅)ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြော်ငြာရပါမည်။

သတ်မှတ်ရက်အတွင်း ကန့်ကွက်လွှာများရရှိပါက စုံစမ်းစစ်ဆေးပြီး အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို ပယ်ခွင့်ရှိသည်။ ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိလျှင်သော် လည်းကောင်း၊ သတ်မှတ်ရက်ကုန်ဆုံးလျှင်သော်လည်းကောင်း မြေငှားဂရန်ထုတ်ပေးခွင့်ပြုနိုင်ရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယင်းမြေ နေရာသို့ သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ�ကိုယ်တိုင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည် ပေးပို့ရမည်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ (၁)ဧကအောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။ (အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ - ၅၁(ခ) နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၉)

လျှောက်ထားမြေသည် မြေဧရိယာ(၁)ဧကအထက်မှ (၅)ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ္တော်အရာရှိ)မှ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။

မြေဧရိယာ(၅)ဧကအထက် လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၅၁၊ ခ(ဂ)အရ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ - ၉(ဂ)အရ နှစ်ရှည် မြေငှားဂရန်ပေးရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ)အား လုပ်ပိုင်ခွင့် အပ်နှင်းရန် ဖြစ်ပါသည်။
CRD_ORIGINAL UP LOADER

13/12/2023
13/12/2023

မြို့မြေမှာ နေအိမ်ခြံစည်းရိုးကို မှားယွင်းပြီး တိုင်းတာခဲ့လို့ဖြစ်စေ ၊ ကျူး ကျော်ကာရံတာဖြစ်စေ ၊ ဒီလိုအခြေ အနေမျိုး ရှိခဲ့မယ်ဆိုရင် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါရစေ

ဖြစ်ခဲတယ်လို့ ဆိုနိုင်သလို ဖြစ်လေ့ ဖြစ်တတ်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ မြို့မြေကွက်တွေ မှာ ဂရန်လျှောက်လျှင်၊ ခြံစည်းရိုးကာရံလျှင်၊ မြေကွက်လွှဲပြောင်း ရောင်းဝယ်မှုပြုလျှင်၊ အိမ်သစ် ဆောက်လုပ်လျှင်၊ မြေကွက်ခွဲစိတ်လျှင် မိမိ၏ မြေနယ်နိမိတ်နှင့် ဆက်စပ်နေသည့် တစ်ဖက်ခြံ မြေကွက်နှင့် နယ်နိမိတ်ပြဿနာ တွေ့ရတတ်ပါတယ်။

ထိုကိစ္စရပ်မျိုး ဖြစ်သည့်အခါ ကိစ္စရပ်အလိုက် ပိုင်းခြားဖြေရှင်းရမှာ ဖြစ်ပါတယ်။ မိမိပိုင်နက် မြေအတွင်း ကျူးကျော်တိုးချဲ့လာခြင်း၊ မိမိ၏ မြေသည် တစ်ဖက်သို့ ပါသွားခြင်းတို့အတွက် လတ် တလော ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ဆိုလျှင် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ အစီအမံဖြင့် ဖြေရှင်းလို့ အဆင်ပြေတတ်ပါတယ်။ ယခုမှ ခြံစည်းရိုး ကာရံခြင်း၊ မြေတိုင်းတာခွဲစိပ်ခြင်း၊ ဖေါင်ဒေးရှင်း တူးခြင်း၊ နယ်နိမိတ်တိုင် စိုက်ထူခြင်းများမှာ မိမိ၏ ခြံမြေနှင့် တစ်ဖက်ခြံ၏ နယ်နိမိတ် အငြင်းပွား မှု ဖြစ်ပါက သက်ဆိုင်ရာ ဌာနများ၏ အဆုံးအဖြတ် ကွင်းဆင်းတိုင်းတာ ဖြေရှင်းမှုဖြင့် ပြေလည် သွားတတ်ပါသည်။

အရင်ကပင် သူ့မြေ ကိုယ့်မြေ နယ်ခြား သေသေချာချာ ခွဲခြားမှှု မရှိခဲ့၊ သူ့နယ် ကိုယ့်နယ် နယ်နိ မိတ် မစစ်ဆေးမိဘဲ ကြာမြင့်စွာ အသုံးပြုလာခဲ့ပြီးမှ မိမိဂရန်မြေကွက်အရ ဧရိယာ သို့မဟုတ် မိမိ ဝယ်ယူစဉ်က မြေပုံပါ ဧရိယာနှင့် လက်ရှိအသုံးပြုနေရမှုအပေါ် မသင်္ကာရာမှ စစ်ဆေး တွေ့ ရှိလာရသော ဖြစ်ရပ်နှင့် မိမိအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြေနှင့် အဆက်ပြတ်နေစဉ် တစ်ဖက်ခြံမှ မိမိမြေကို တိုးချဲ့ ဖဲ့ယူထားမှု..စသည့် ဖြစ်ရပ်များကို ဖြေရှင်းရန်အတွက်မူ လက်ရှိ မိမိမြေကို တစ်ဖက်မှ ဆန့် ကျင်လက်ရှိထား အသုံးပြုနေမှု. .မိမိမြေ တစ်ဖက်သို့ ပါဝင်နေ သည်ကို သိရှိလာပြီးနောက်ပိုင်း မိမိမှ ဆောင်ရွက်မှုတို့သည် ကာလစည်းကမ်း သတ် ကာလများ မကျော်လွန်ရန် သတိပြုရပါမည်။

မြေနယ်နိမိတ် ကျူးကျော်မှု အတွက် ဖြေရှင်းလေ့ရှိသော နည်းလမ်းများ ရှိပါတယ်။

ပထမ နည်းမှာ လိုင်စင်ရ မြေတိုင်းစာရေးအား ခေါ်ယူ၍ ပုဂ္ဂလိက မြေ တိုင်းတာခြင်းဖြင့် နယ်နိမိတ် အမှန် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ သို့သော် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ကြေးတိုင်နှင့် မြေစာရင်းဌာနမှ လိုင်စင်မြေတိုင်းစာရေးများ ခန့်ထားမှု မပြုတော့သည့်အတွက် လိုင်စင်ရ မြေ တိုင်းစာရေးဖြင့် ပုဂ္ဂလိက မြေတိုင်းတာခြင်း ဆောင်ရွက်ဖြေရှင်းခြင်း မပြုနိုင်တော့ပါ။

ဒုတိယနည်းလမ်းမှာ ကြေးတိုင်နှငိ့မြေစာရင်းဌာန (ယခု လယ်စီအင်းဌာန) သို့ ပုဂ္ဂလိက မြေ တိုင်း တာမှု လျှောက်ထား ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကြေးတိုင်နှင့် မြေစာရင်းဌာန၏ အမြဲအ မိန့် ၁၂၂ အရ ပုဂ္ဂလိက တိုင်းတာခြင်း ဆောင်ရွက်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထား ပါက တိုင်းတာရန် တာဝန်ပေးအပ်မှုနှင့်အတူ ခွင့်ပြုမိန့် ချမှတ် ဆောင် ရွက်ပေး ပါသည်။ ထိုအခါ အငြင်းပွား နယ်နိမိတ်ကို အမှန် ရရှိလာနိုင်ပါတယ်။

တတိယနည်းလမ်းမှာ သက်ဆိုင်ရာ တရားရုံး၏ မြေတိုင်းကော်မရှင်ဖြင့် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ ပုဂ္ဂလိကများ၏ မြေပိုင်နက် နယ်နိမိတ် အငြင်းပွားပါက မိမိ၏ ဦးပိုင်ပေါက် မြေကွက် မူလဧရိယာအတိုင်း လက် ရှိဖြစ်ကြောင်း ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာပေး စေလိုမှု၊ မိမိ ပိုင်နက် မြေအမှန် ဖြစ်ကြောင်း ကြေညာပေးစေလိုမှု၊ မိမိပိုင်နက်မြေအတွင်း ကျူး ကျော် ဝင် ရောက်သော အစိတ်အပိုင်းအား ဖယ်ရှားပေးစေလိုမှု၊ မိမိမြေကို လက်ရောက် ပေးအပ်စေလိုမှု စသည်ဖြင့် တရားမမှု စွဲဆိုခြင်း ဖြစ်ပါတယ်။ ထိုအခါ တရားရုံးမှ အချင်း ဖြစ်နေရာတွင်သာ ရနိုင်သော အချက် အလက်များကို စိစစ်ရှာဖွေရန်အတွက် တရားမကျင့်ထုံး ဥပဒေ Code of Civil procedure အမိန့် ၂၆၊ နည်း ၉ အရ local investigation ခေါ် ဒေသန္တရ စုံစမ်းစစ် ဆေးခြင်းပြုရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်း ဆောင် ရွက်ရပါတယ်။ ဒေသန္တရစုံစမ်းစစ်ဆေးရေး ကော်မရှင် ဟု ဆိုသော်လည်း အရပ်ခေါ်အရ မြေတိုင်းကော်မရှင် ပင် ဖြစ်ပါတယ်။ ယင်းမြေတိုင်း ကော် မရှင်က နှစ်ဖက် နယ်နိမိတ်များအား စစ်ဆေး ပိုင်းခြား သတ်မှတ် တွေ့ရှိမှုကို တရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားရုံးမှ သင့်လျော်သည် ထင်မြင် သည့်အတိုင်း အမိန့်ချမှတ်မည် ဖြစ်ပါ တယ်။ အဆိုပါ မြေတိုင်းကော်မရှင် ဖွဲ့စည်း တာဝန် ပေး မှုအား တရားရုံးလက်စွဲ ပုဒ်မ ၂၉၂ အရ ကြေး/မြေ ရုံးချုပ်သို့ တရားရုံးမှ ပေးပို့ရပြီး ညွှန်ကြားရေးမှူးချုပ်၏ အခွင့်ရမှသာ မြေစာရင်း အရာရှိများအနေဖြင့် မြေတိုင်းကော်မရှင် တွင် ပါဝင် ဆောင် ရွက်ခွင့် ရှိပါတယ်။

မေးခွန်းရှင် အနေဖြင့် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လို လုပ်ရမလဲဟု နယ်နိမိတ် ပြန်တောင်းခြင်း ဆိုပါက မိမိအစီအစဉ်ဖြင့် ရေးကူးထားသော မိမိထံတွင်ရှိသည့် ပုံစံ ၁၀၅ မြေပုံကို အမှီပြုတောင်းခံခြင်း ဖြစ်ပါက အခက်အခဲ ရှိနိုင်ပါတယ်။ ၁၀၅ သည် အဆိုပါ ပုံစံ တွင် ဖေါ်ပြထားသည့် မြေကွက်၏အချက်အလက်များ (ဥပမာ- ကွင်း၊ ဦးပိုင်၊ ဧက၊ မြေမျိုး၊ မြေအ တန်း အစား၊ အခွန်စည်းကြပ်ခံရသူအမည်၊ စသည်.) ကိုသာ သက် သေခံခြင်း ဖြစ်ပြီး ပိုင်ရှင်ဖြစ် ကြောင်း သက်သေခံ လက်မှတ် မဟုတ်ပါ။ တရားဝင် အသုံးပြုခွင့် ပေးထားသည့် ဂရန်၊ သို့မဟုတ် တရားဝင် အသုံပြုခွင့်အမိန့် တစ်ရပ်ရပ်အရ တောင်းခံခြင်းက ပိုအဆင်ပြေနိုင်ပါတယ် ။ ဒါ့အပြင် မြေကျူးကျော်ခံရသည်ဟု တင်ပြသော အပိုင်းသည် မိမိ ကြာ ရှည်စွာ လက်ရှိ မထား လက်မဲ့ဖြစ်နေသော မြေအစိတ်အပိုင်း ဖြစ်နေပါက လည်းကောင်း၊ မိမိလက်လွတ် ဆုံးရှုံးနေ သည့် ကာလသည် ကာလ စည်းကမ်းသတ် မကျော်လွန်ရန်စေရန်လည်းကောင်း၊ သတိပြုစေလိုပါတယ်။

Credit By: DVBLawLab

10/12/2023

ရောင်းဝယ်၊ပေါင်နှံ ၊ ချေးငှားတဲ့ကိစ္စတွေအတွက် ခိုင်မာတဲ့ စာချုပ်စာတမ်း ဖြစ်ဖို့ဆိုရင်

အရောင်းအဝယ်မှာ နှစ်မျိုးရှိပါတယ်။ စရန်ပေးစာချုပ်နဲ့ စာချုပ်ကြီးရှိမှာပေါ့။ စရန်ပေးစာချုပ်ဆို တာတော့ မှတ်ပုံတင်စရာမလိုပါဘူး။ အပြီးသတ်မချုပ်ရသေးဘူးပေါ့။ စည်းကမ်းချက်တွေတော့ရှိတာပေါ့။
မရောင်းရင် ဘယ်နှစ်ဆတို့၊ ပျက်ကွက်ရင် ဘယ်နှစ်ဆတို့။ ဒါကတော့ လက်ရောက်လည်း ယူထားတာမရှိသေးဘူး။ ငွေ လည်းမချေသေးဘူး။ ဒီအရောင်းဝယ်စရန်ပေးစာချုပ်က သိပ်ပြဿနာမရှိသေးဘူး။ ပြဿနာရှိတာက အိမ်နဲ့ခြံကို ဝယ်ပြီး စာချုပ်ချုပ်တဲ့ အခါမှာ တချို့က မှတ်ပုံမတင်ဘူး။ အရပ်စာချုပ်နဲ့ပဲဝယ်လိုက်တယ်။ အရပ် စာချုပ်နဲ့ဝယ်ခြင်းသည်လည်း မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတန်ဖိုး တစ်သိန်းနဲ့အထက်ဆိုရင် မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကို တင်ရမယ်။ မှတ်ပုံမတင်ရင် တရားမဝင်ဘူး။ မှတ်ပုံမတင်ရင် ဒီအိမ်နဲ့ခြံ၊ ဒီဥပစာကို သူမပိုင်ဘူး။ တရားဝင် တိုင်တယ်လ် မရဘူး။ ဒါကြောင့်မလို့ အဲ့ဒီမှာ ပြဿနာတွေရှုပ်ကြတာ။
နောက်တခါ..ဝယ်ပြီဆိုရင် တိုက်ခန်းပဲဖြစ်ဖြစ် ရောင်းတဲ့သူက တိုက်တယ်လ်ရှိရမယ်။ ပြီးတော့သူက Position ရှိရမယ်။ ပြီးတော့လည်း ဝယ်တဲ့လူကို Position လက်ရောက်အပ်ရမယ်။ ဒါအရောင်းဝယ်နဲ့ပတ်သက်တာပေါ့။ ပေါင်ပြီဆိုရင်လည်း ဒီလိုပဲ။ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းပေါင်တာက လွယ်ပါတယ်။ အပေါင်ဆိုင်မှာသွားပေါင်လိုက် ကိစ္စမရှိဘူး။ အရပ်ထဲအပေါင်ခံတဲ့သူက လိုင်စင်ရှိရင် အပေါင်ခံလို့ရပါတယ်။ လိုင်စင်မရှိရင် အပေါင်ခံလို့မရဘူး။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေပေါင်ပြီဆိုရင် မှတ်ပုံမတင်လို့ကို မရပါဘူး။ မှတ်ပုံမတင်ရင် ပေါင်နံှခြင်းဟာ တရားမဝင်ဘူး။ ဒါကြောင့် ပေါင်တယ်လို့ အရပ်ထဲမှာပြောနေတဲ့ စကားတွေဟာ အမှန်ကတော့ အာမခံ ချက် ပေးတာ၊ တကယ်ပေါင်တာမဟုတ်ဘူး။ ပေါင်တာကို လုပ်ချင်ရင် တရားဝင်မှတ်ပုံတင်ပါလို့ အကြံပြုချင်တယ်။
နောက်တစ်ခါ ချေးတယ်ဆိုတာလည်းဒီလိုပဲ။ အချို့ကျတော့ ငွေချေးသူများ လိုင်စင်မရှိဘူး။ မရှိဘဲနဲ့ ငွေ ချေးပြီး အတိုးယူလို့မရဘူး။ အတိုးယူရင် အဲဒီလိုင်စင်ကို ဖောက်ဖျက်တဲ့အတွက် သူ့မှာအပြစ်ရှိတယ်။ တရားရုံး မှာ သက်သာခွင့်တောင်းရင် သူ့မှာ ငွေချေးစားသူများလိုင်စင် မရှိတဲ့အတွက် ရနိုင်မှာမဟုတ်ဘူး။ နောက် .. ငွေချေးလုပ်ငန်းလုပ်ရင် လုပ်ငန်းလိုင်စင်ရှိရဦးမယ်။ လိုင်စင်မရှိဘဲနဲ့ အုပ်စုဖွဲ့ပြီးငွေချေးကြတယ်။ အဲဒါကလည်း ထောင်ဒဏ် ငါးနှစ်ထိရှိပါတယ်။ တရားမဝင်ဘူး။
နောက်တစ်ခုကတော့ လိုင်စင်လည်းမလိုပါဘူး ။ မိတ်ဆွေအပေါင်းအသင်း သူမှာ အခက်ခဲရှိလို့ ကူညီတဲ့ အနေနဲ့ ကိုယ်ကချေးတာ။ ချေးလို့ရတယ်။ ကူညီတာ.. အတိုးယူလို့မရဘူး။ ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကြောင်းပြုတာ မဟုတ်ရဘူး။ အသက်မွေးဝမ်းကြောင်းပြုရင် လိုင်စင်ယူရမယ်။ မိတ်ဆွေကောင်းအနေနဲ့ တစ်ယောက်ရဲ့အခက်အခဲကို ကူညီတာဆိုရင် လိုင်စင်မလိုဘူး။ အတိုးမယူရဘူး၊ ချေးလို့ရတယ်။ ချေးတာကို ပြန်ရလိုမူ၊ တရားမမူနဲ့ တရားစွဲတောင်းလို့လည်းရတယ်။ ဒါဆိုရင် ပေါင်တာ၊ ချေးတာတာ၊ ရောင်းတာနဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိအောင် အဲ့ဒီနည်းအတိုင်ဆောင်ရွက်ပါလို့ပဲ အကြံပေးချင်ပါတယ်။

Address

Yangon

Telephone

+959752753309

Website

Alerts

Be the first to know and let us send you an email when မြတ်ကမ္ဘာ-Myat Kabar Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category