တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင်

  • Home
  • Myanmar
  • Yangon
  • တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင်

တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင် ပြစ်မှု၊တရားမမှု၊အိမ်ခြံမြေနှင့်အထွေထွေဝန်ဆောင်မှုအထိရောက်ဆုံးနဲ့အကောင်းဆုံးဝန်ဆောင်ပေးလျှက်ရှိပါသည်။

ရန်ကုန်တိုင်းတရားလွှတ်တော်ရာဇဝတ်ပြင်ဆင်မှုအမှတ်-၄၄၃(ခ)/၂၀၂၄ အပြီးသတ်အမိန့် အနိုင်ဒီကရီရရှိ။
25/01/2025

ရန်ကုန်တိုင်းတရားလွှတ်တော်
ရာဇဝတ်ပြင်ဆင်မှုအမှတ်-၄၄၃(ခ)/၂၀၂၄
အပြီးသတ်အမိန့် အနိုင်ဒီကရီရရှိ။

ကျွန်မရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင် Pageလည်း ပြန်အဆင်ပြေသလို / အကောင့်လေးလည်း ပြန်အဆင်ပြေပါပြီရှင့်..... ဥပဒ...
14/01/2025

ကျွန်မရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင် Pageလည်း ပြန်အဆင်ပြေသလို / အကောင့်လေးလည်း ပြန်အဆင်ပြေပါပြီရှင့်..... ဥပဒေအကြောင်းအရာများကို တိုင်ပင်ဆွေးနွေချင်တယ်ဆိုရင် ဖုန်းလေးသာဆက်ပေးပြီ ကျွန်မ၏ ရုံးခန်းတွင် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်ရှင့်။ မိမိထံသောက ပေါင်းစုံနဲ့ရောက်ရှိလာကြတဲ့သူတိုင်းကို ကျွန်မရဲ့ မိသားစုပမာ၊ သွေးသားရင်းကဲ့သို့ အကောင်းဆုံး လိုက်ပါဆောင်ရွက်ပေးပါတယ်ရှင့်။
ဥပဒေအကြောင်းအရာများနဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့အတွက် အရမ်းကိုခက်ခဲနေတယ်ဆိုရင် ကျွန်မထံဖုန်းလေးဆက်ပြီး အရောက်လှမ်းလာခဲ့ပါရှင့် ၊ အချိန်အတိုအတွင်းမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဆောင်ရွက်ပေးပါကြောင်း မိတ်ဆွေများကို အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်.......
အစဥ်ကြည်ညိုလေးစားလျှက်
တရားလွှတ်တော်ရှေ့နေဒေါ်မြင့်မြင့်ခင်
📲 09421098785/09663910925

ဆရာမ ဒေါ်မြင့်မြင့်ခင် အစာအိမ် ရေအိတ်တည်လို့ ဆေးဝါးကုသမှုခံယူနေပါတယ်။ မနက်ဖြန် နံနက် ၈နာရီတွင် ခွဲစိတ်မှာဖြစ်သည့်အတွက်ကြ...
20/03/2024

ဆရာမ ဒေါ်မြင့်မြင့်ခင် အစာအိမ် ရေအိတ်တည်လို့ ဆေးဝါးကုသမှုခံယူနေပါတယ်။ မနက်ဖြန် နံနက် ၈နာရီတွင် ခွဲစိတ်မှာဖြစ်သည့်အတွက်ကြောင့် မိတ်ဆွေများအနေနဲ့ မိမိတို့ ဆုတောင်းတဲ့အခါလေးမှာ သတိယပြီး ဆုတောင်းပေးပါရန် လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်။
အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူလို့ပြီးဆုံးသွားတဲ့အခါကျမှ အလုပ်တွေဆတ်လုပ်ဆောင်ပါမည်ရှင့်........
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံအသီးသီးမှ မိတ်ဆွေများအနေနဲ့ ဆုတောင်းတဲ့အခါလေးမှာ သတိရပေးပါလို့ထပ်မံမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
မြောက်ဥကလာပ လမင်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပါတယ်။ အားလုံးရဲ့ တောင်းဆုခြွေမှုများနဲ့ အမြန်ဆုံး ကောင်းမွန်ပြီး ခွဲစိတ်ကုသမှုလည်း အကောင်းဆုံးအောင်မြင်သွားလိမ့်မယ်လို့လည်း အပြည့်အဝမျှော်လင့်ထားပါသည်။

အစဥ်လေးစားလျှက်...............

အလွန်ဝမ်းနည်း ကြွေကွဲသော နေ့တစ်နေ့..........😭😭😭😭😭ကျွှန်မ၏ ဖခင်ဖြစ်သူ ဦးမောင်သန်း ယနေ့ 1.1.2024 (တနလ်ာနေ့) နံနက် ၉:၀၉ မိ...
01/01/2024

အလွန်ဝမ်းနည်း ကြွေကွဲသော နေ့တစ်နေ့..........😭😭😭😭😭

ကျွှန်မ၏ ဖခင်ဖြစ်သူ ဦးမောင်သန်း ယနေ့ 1.1.2024 (တနလ်ာနေ့) နံနက် ၉:၀၉ မိနစ်တွင် သျှင်ပါရဂူဆေးရုံတွင် အလ္လာဟ်အရှင်အမိန့်တော် ခံယူသွားပါသည်။

မိတ်ဆွေများအားလုံး မိမိတို့၏ ဆုတောင်းမှုတွေမှာ သတိယပေးကြပါလို့ ဆုမွန်ဒုအာ မျှော်လင့်လျှက်....
လွန်စွာဝမ်းနည်းကြေကွဲရပါ၏။
မိသားစုအပေါ် မားမားမတ်မတ်ရပ်တည်ပေးတဲ့ ဖခင်တစ်ယောက် အလ္လာဟ်ထံအပြန်လမ်းခရီး ဖြောင့်ဖြူးပါစေလို့ ဆုမွန်ကောင်းတောင်းပေးစေလိုပါသည်။ 😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭

ကျွန်မဘဝရဲ့ တံတိုင်းပမာဖခင်တစ်ယောက်တော့ ကျွန်မတို့ကို ခွဲခွာသွားပါပြီ။ ဖခင်အား အလ္လာဟ်အရှင် မဂ်ဖွေရသ်လွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် လေးစားစွာဖြင့်

အစဥ်ကြည်ညိုလေးစားလျှက်
တရားလွှတ်တော် ရှေ့နေဒေါ်မြင့်မြင့်ခင်
😭😭😭😭😭😭😭😭😭😭😭😭😭😭

16/12/2023

ဘာသာမတူတဲ့အကိုတစ်ယောက် ပြောသွားတဲ့စကားလေး အရမ်းသဘောကျမိတယ်။ စာသေချာဖတ်ကြည့်ပေးပါရှင့်

မွတ်စ်လင်မ်ဆိုသူအမြှောက်အများ သေချာနားထောင်ပါ။ နားမလည်ရင် အခေါက်ခေါက်အခါခါ နားထောင်ပါ။ သေချာနားထောင်ပါ။

လူနှစ်ဦးက ကျုးလွန်တယ်။ ထိုသူနှစ်ဦးနှင့်သာ သက်ဆိုင်သည်။
လူအမြှောက်အများက ရေးလိုက်တဲ့စာ ပြောလိုက်တဲ့စကားတွေသည် အာလင်မ်တွေ ဟာဖိဇွ်တွေ ဆရာတွေ စသဖြင့် ( တွေ ) ဆိုတဲ့မြန်မာစကားကိုသေချာလေ့လာပါရှင့်။ နားမလည်ရင် လာသင်ပါ။ ကျွန်မ မြန်မာစကားဆိုလိုရင်းကို သေချာသင်ကြားပေးနိုင်ပါတယ်။ ပြစ်မှု ကျူးလွန်သူ နှစ်ယောက် က ကျူးလွန်လိုက်တာကို မွတ်စ်လင်မ်ဖြစ်ပြီး အီမာန်ရှင်ဖြစ်ပြီးတော့ ဦးနှောက်မရှိ ပညာသိပ်မတတ်ကြဘဲ မော်လဝီတွေ အာလင်မ်တွေ ဆိုပြီ အားလုံးကိူ သိမ်းကျုံးပြီး ထည့်ရေးတာတွေဟာ တော်တော်ဘဲ ရုပ်ညံ့လွန်းပါတယ်။ ကျူးလွန်သူ သက်ဆိုင်သူကိုသာ မပြောဆိုကြဘဲ မဆီမဆိုင်သူတွေကိုပါ သိမ်းကျူံးပြီး ရေးသားနေခြင်းကိုက မဆီမဆိုင်တဲ့ သာသနာ့ပညာရှင်တွေကိုပါ အီမာန်ရှင်များဖြစ်ကြတဲ့သူတွေကဘဲ စော်ကားနေသလိုပါဘဲလို့ ပြောပါရစေ။ မဆီမဆိုင်တဲ့သာသနာ့ပညာရှင်တွေကို စော်ကားထားတဲ့သူတွေ မိမိကိုယ်မိမိ ပြုပြင်ကြပါ။ Face Book ပေါ်မှာတော့ နင်လားငါလား ရန်တွေဖြစ်ကြနေတယ်။ အပြင်မှာ ကွင်းဆင်းပြီး လှုပ်ရှားနေသူတွေဟာ လူနည်းစုဘဲရှိပါတယ်ရှင့်။ တကယ့်ကွင်းဆင်းပြီး လှုပ်ရှားနေသူ ကျွှန်မအပါဝင် ကျူးလွန်ထားတဲ့သူတွေကို အပြစ်ပေးဖို့ရာ ထောင်ကျဖို့ရာအတွက် လှုပ်ရှားနေသူတွေထဲမှာ သာသနာ့ပညာရှင်အချို့နဲ့ အမှန်တရားကိုဖော်ထုတ်ပေးမယ့် သူတစ်ချို့ အပြင်မှာ ကိုယ့်ငွေကြေးကိုယ်သူံးပြီး မြေပြင်မှာကွင်းဆင်းပြီး ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ မသက်ဆိုင်ကြတဲ့ မည်သူ့ကိုမျှ မစော်ကားမိဖို့ အရမ်းကိုအရေးကြီးပါတယ်။ မသက်ဆိုင်တဲ့ဆရာသမားတွေကို အထင်မသေးကြပါနဲ့။ ကျောင်းအားလူံးကိူ မစော်ကားပါနဲ့။ ကျောင်းတိုင်းက မကောင်းတာကို မသင်ပေးပါဖူး။ စာအုပ်စာပေတွေက မကောင်းတာကို မညွှန်ကြားထားပါဖူး။

ဦးနှောက်ရှိသူတိုင်း အသိဥာဏ်ရှိကြတဲ့သူတိုင်းသိပါတယ်။ ဒီလိုအကျင့်ဆိုး ဗီဇမကောင်းတာက လူရဲ့အကျင့်စာရိတ္တ (Character /Manner) နဲ့ဘဲပတ်သတ်တယ်။ မောင်ဖြူ ပြစ်မှုကျူးလွန်တယ်ဆိုရင် အဲ့ဒါက မောင်ဖြူလုပ်လိုက်တဲ့လုပ်ရပ်ကသာ အပြစ်ပြောစရာရှိပါတယ်ရှင့်။ မောင်နီက ကျူးလွန်တယ်ဆိုရင် မောင်နီကိုဘဲ အပြစ်ပြောရမယ်။

ပြောချင်တာသည် ကျူးလွန်ထားသူကိုသာ ပြောဆိုရမှာပါ။ ကျူးလွန်းထားသူရဲ့ ဗီဇကြောင့် ကျူးလွန်ထားသူတွေရဲ့ လူပင်ကိုယ်မကောင်းတဲ့ ဥာဥ်စိုးတွေကြောင့် မကောင်းတဲ့လုပ်ရပ်တွေကို ကျူးလွနိထားတဲ့အပေါ် အဲ့ဒီသူရဲ့ ဘာသာတရားနဲ့မသက်ဆိုင်ပါ။ အဲ့ဒီသူရဲ့ မျိုးရိုးနဲ့မသက်ဆိုင်ပါ။ အဲ့ဒီသူရဲ့ ဘယ်မျိူးနွယ်က ဆင်းသက်လာတယ်ဆိုတာနဲ့မသက်ဆိုင်ပါ။ သူ့ရဲ့ ပင်ကိုယ်ဗီဇ မကောင်းတဲ့ လုပ်ရပ်ကြောင့် တစ်ဦးတစ်ယောက်ထဲရဲ့ လုပ်ရပ်ကိုဘဲ အခြေခံပြီး ပြောဆိုသင့်ကြောင်း အပြစ်ပေးထိုက်ကြောင်း ကျွန်မ ပြောချင်ပါတယ်ရှင့်။
ပုဂ္ဂိုလ်စွဲတွေ လူမျိူးကို ထိခိုက်ပြီး ပြောတာတွေ တစ်ဦးတစ်ယောက်ကြောင့်နဲ့ အများသူငှာ မဆီမဆိူင်သူတွေကိုပါ ဆွဲထည့်ပြီးပြောဆိုနေသူတွေက အသိဥာဏ်မရှိ စာပေမတတ် ပညာမရှိတဲ့သူတွေရဲ့ လုပ်ရပ်တွေနဲ့ အပြောအဆို အရေးသားတွေ အားလူံး ဒီထဲမှာပါဝင်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါသည်။

အစဥ်လေးစားလျှက်
တရားလွှတ်တော်ရှေ့ ဒေါ်မြင့်မြင့်ခင်

နစ်နာသူ မိဘတွေ အရှေ့ထွက်လာပေးကြပါလား။ ဘာကိုမှမကြောက်ပါနဲ့လားရှင်။ ထပ်ပြီးမနစ်နာစေရဖူး။ ကျေးဇူးပြု၍ မေတ္တာရပ်ခံပြီးပြောပါ...
15/12/2023

နစ်နာသူ မိဘတွေ အရှေ့ထွက်လာပေးကြပါလား။ ဘာကိုမှမကြောက်ပါနဲ့လားရှင်။ ထပ်ပြီးမနစ်နာစေရဖူး။ ကျေးဇူးပြု၍ မေတ္တာရပ်ခံပြီးပြောပါရစေ။ အားလုံးထဲမှ တစ်ဦးသာ ရှေ့ထွက်လာနေတယ်။ ကျန်တဲ့သူတွေ နစ်နာတဲ့မိဘတွေ ရှိနေသေးပါတယ်။ လိပ်စာကလည်းစုံစမ်းလို့လည်းမရဖူး။ ကျွှန်မ ညနေ ၆နာရီထိ ပန်းဘဲတန်းစခန်းမှာ ရှိနေတယ်။
မိဘတွေကိုယ်စား စိတ်လေမိတယ်။ ​ခြိမ်းခြောက်နေလို့ အရှေ့မထွက်လာဖူးဆိုတာကြီးက မဖြစ်သင့်ပါဖူး။ ဝန်းရံပေးမယ့်သူတွေအများကြီးရှိနေပါတယ်။ ဒီကောင်တွေအများစုက မိတ်ဆွေတို့ကိူ နစ်နာအောင်က လုပ်ထားပြီးသား။ ထပ်မံထပ်ပြီးနစ်နာအောင်တော့လုပ်လို့မရပါ။ ကျောင်းတွေသည်လည်း အများကြီးရှိပါတယ်။ ဘာကိုကြောက်နေတာလည်း ဆိုတာကို စဥ်းစားရခက်နေတယ်။ ကျွှန်မနဲ့အတူ ဝိုင်းဝန်းပြီး တစ်ခြားသူများကလည်း နစ်နာခဲ့ရတဲ့မိဘတွေအတွက် ဝန်းရံပေးဖို့အသင့်ရှိပါတယ်ရှင့်။
အပြောမဟုတ်ဖူး။ လက်တွေ့သမားမို့။ ​ကျွန်မ နစ်နာတဲ့ကလေးမိဘတွေကို ထပ်မံကြိုဆို ဖိတ်ခေါ်နေတာပါ။
လာတွေ့ဆိုလည်းလာရောက်တွေ့ဆုံပါ့မယ်။လိပ်စာလေးသာပေးပါ။ သိူ့မဟူတ်ပါက ကျွန်မ ရုံးခန်းလိပ်စာကို လာရောက်တွေ့ဆုံနိုင်ပါတယ်ရှင့်.....

15/12/2023

ရောက်ရှိ

Edit ကာယံကံရှင် မိဘတစ်ဦး  ဆက်သွယ်လာပါပြီ။ အားလုံးဘဲ တရားခံကိုအမြန်ဆူံးဖမ်းဆီးနိူင်ဖို့ဒို့်အာမှ အထူးသတိယပေးကြပါ။အရမ်းအရ...
15/12/2023

Edit ကာယံကံရှင် မိဘတစ်ဦး ဆက်သွယ်လာပါပြီ။
အားလုံးဘဲ တရားခံကိုအမြန်ဆူံးဖမ်းဆီးနိူင်ဖို့ဒို့်အာမှ အထူးသတိယပေးကြပါ။

အရမ်းအရေးကြီးသည် အတတ်နိုင်ဆူံး မိတ်ဆွေများအနေနဲ့ ဘာကူညိီပေးနိုင်လည်း နစ်နာသူမိဘများနဲ့
အဆက်အသွယ်ရရှိစေဖို့ မိတ်ဆွေတို့ရဲ့ အကူညီတစ်ချက်ဟာလည်း အတူပူးပေါင်းဆောင်ရွက်ရာရောက်ပါတယ်။ မိတ်ဆွေများအနေနဲ့ တရားခံတွေကို မကျေနပ်ဖူး။ တခုခုလုပ်ချင်တယ် လုံးဝကို ကြိီးမားစွာ ပြစ်ဒဏ်ကျခံစေချင်တယ်ဆိုရင် မိတ်ဆွေတို့ရဲ့ Share တစ်ချက်ဟာ
ကူညိီပံပိုးမှုတစ်ခုပါဘဲ။

အရေးကြိီးလိုအပ်နေတာသည် နစ်နာတဲ့ တရားလိုပါ။
တရားလိုမပေါ်ထွက်လာဘဲနဲ့ ဘာတစ်ခုမှလုပ်ဆောင်လို့မရဖူးနော်။ အရမ်းကြီးမစဥ်းစားနေကြပါနဲ့။ အချိန်မဆွဲမိပါစေနဲ့။ သတ္တိရှိရှိ ဆက်သွယ်ပါ။ နစ်နာမှုအတွက် အကောင်းဆုံးဖြစ်စေရပါ့မယ်ရှင့်။

မိတ်ဆွေ မိဘများခင်ဗျာ။ သတ္တိရှိရှိနဲ့ ကျွှန်မ နဲ့ဆက်သွယ်ပါ။ သတင်းကောင်းလည်းရှိနေသလို တရားခံအမြန်ဆူံးဖမ်းမိနိုင်ဖို့ ကျွှန်မ အပြည့်အဝ အင်အားရှိသမျှ အစွမ်းကုန်လုပ်ဆောင်ဖို့ရာ တစ်ချက်ဘဲလိုတယ်။

*** ကာယံကံရှင်မိဘများ ဆက်သွယ်ပါ။ နစ်နာမှုတွေအတွက် တရားခံ ဖမ်းမိဖို့ ကျွန်မ တာဝန်ယူပေးမယ်ရှင့်။

နစ်နာနေတဲ့ မိဘများ သတ္တိရှိပါလို့ ကြိမ်ဖန်များစွာပြောပါရစေရှင့်။ နစ်နာသူ ဘယ်သူဘယ်ဝါလည်းဆိုတာ မသိရသေးတာ အခက်တွေ့နေပါတယ်ရှင့်။

နစ်နာနေပြီး ပါးစပ်မပိတ်နေပါနဲ့။ ငြိမ်မခံနေပါနဲ့။ ခံလိုက်ရတဲ့ကိုယ်ကလေးလည်း ခံလိုက်ရပြီးပြီ ဘာမှကို လုပ်ချင်စိတ်မရှိဖူးဆိုရင်တော့ အကြီးကြီးမှားသွားပါပြီ။
ငါတို့ ကျေအေးပေးလိုက်မယ်ဆိုရင် နောင်တစ်ခြားကလေးတွေရဲ့ ဘဝတွေအများကြီးရှိပါသေးတယ်နော်။သတ္တိရှိရှိ ဆက်သွယ်လိုက်ပါ။ ကလေးရဲ့အနာဂတ် မည်သည့်အမည်းစက်မှ မဖြစ်စေရပါဖူး။

တရားခံကို ဖမ်းမိဖို့ လက်တစ်ကမ်းမှာဆိုတာသိထားပေးပါ။ တရားခံကို ထိရောက်စွာဖမ်းမိဖို့ ကျွှန်မ တရားလိုမဟူတ်ဖူးရှင့်။ အဲ့ဒီသူတွေကို နစ်နာသူတွေအရေးယူချင်ကြတယ်ဆိုရင် ကျွန်မထံ လာရောက်ဆက်သွယ်ပေးပါလို့ ထပ်မံပြောကြားစေလိုပါသည်။

ရုန်းကန်နေတာက ကျွန်မ တစ်ယောက်ထဲဖြစ်နေတယ်။
သွေးအေးနေမယ်ဆိုရင် တရားခံဖမ်းမိဖို့ ကျွှန်မ အာမ မခံပေးနိုင်ဖူးနော်။ တရားခံသည် တည်ရှိရာနေရာကို လတ်တလောသိထားပါတယ်။
အချိန်တွေဆွဲနေတာနဲ့တင် တရားခံလွတ်သွားနိုင်ချေများတယ်နော်။ အမြန်ဆူံးဆက်သွယ်ပေးပါရှင့်။

ဘယ်သူဘယ်ဝါက နစ်နာနေတဲ့ မိဘကို ရှာဖွေပေးဖို့ ဘယ်သူက ကူညီပေးမလည်းရှင့်? ကာယံကံရှင်တွေ သတ္တိမရှိဖူးလားဟာ။ စိတ်ပါပျက်လာတယ်။ ဘာကြောင့်ငြိမ်ခံနေလည်းဆိုတာ မတွေးတတ်တော့ဖူး။ သတ္တိရှိပါ။ ကျွန်မ အကောင်းဆူံးကူညီပေးမယ်လို့ ပြောနေပါတယ်။

ကလေးအနာဂတ်အတွက် မစိူးရိမ်နဲ့ သားရှင်တွေ သမီးရှင်တွေ နစ်နာသူတွေရဲ့ မိဘနဲ့အဆက်အသွယ်ရဖို့ မိတ်ဆွေတွေအနေနဲ့ နည်းနည်းကြိူးစားပြီး ကူညီပေးပါလို့ ကျွှန်မဘက်က အကူညီတောင်းပါတယ်။ ကျွန်မနဲ့အတူတကွ ဘာကူညီလို့ရမလည်း ။ တတ်နိုင်တာ ကူညီပေးကြပါ။ မိဘများနဲ့ အဆက်အသွယ်ရဖို့ကိုဘဲ ကျွန်မ ကိုကူညီဆောင်ရွက်ပေးကြပါလို့ ပြောကြားလိုပါတယ်။
တရားခံတစ်ယောက်ကတော့ ပြေးသွားပြီဆိုတာတော့ သိထားကြပါရှင့် ။ တရားခံ တစ်ယောက်ဘဲ ကျန်တော့တယ်နော်။ အမိအရ ဖမ်းမှာလား။ လွတ်ပေးမှာလား ဆိုတာကို သေချာစဥ်းစားပြီး မည်သူမဆို အမြန်ဆူံး ဘယ်လိုဆက်သွယ်လို့ရမလည်း မိဘများထံ သတင်းရောက်ရှိသွားအောင် အတတ်နိုင် ပိူစ်ကို တစ်ယောက်မဟူတ် တစ်ယောက်ကနေ မိတ်ဆွေတို့ရဲ့ Share တစ်ချက်ဟာလည်း ဘာသာ သာသနာ့အတွက်ရော် နစ်နာသူတွေအတွက် ပေါင်းကူးတံတားလေးတစ်ခုအဖြစ်နဲ့ ပန်းတိုင်းကို အမြန်ဆုံးရောက်ရှိသွားနိုင်ပါတယ်။

အစဥ်လေးစားလျှက်.......
တရားလွှတ်တော် ရှေ့နေဒေါ်မြင့်မြင့်ခင်

အမြန်ဆုံးဆက်သွယ်ဖို့
09421098785/09663910925
ကျွန်မ နံပါတ်ပါ့ရှင့်

စာကိုသေချာဖတ်ပြီးမှပြောပါနော်။နစ်နာတဲ့မိဘဆိုသူတွေဘက်ကနေ ကူညီဆောင်ရွက်ပေးမို့ ကျွှန်မ ပိုစ်တင်ရခြင်းဖြစ်ပါတယ်။မဆီမဆိုင်သူ...
14/12/2023

စာကိုသေချာဖတ်ပြီးမှပြောပါနော်။နစ်နာတဲ့မိဘဆိုသူတွေဘက်ကနေ ကူညီဆောင်ရွက်ပေးမို့ ကျွှန်မ ပိုစ်တင်ရခြင်းဖြစ်ပါတယ်။မဆီမဆိုင်သူတွေ ဝေဖန်ချင်ရင် တစ်ခြားပိုစ်တွေအောက်သွားမန့်ပါလို့ ပြောချင်ပါတယ်။ နစ်နာသူဘယ်သူဘယ်ဝါရဲ့ မိဘဆိုတာကို တွေ့ချင်လိူ့ စောင့်ဆိုင်းနေရခြင်းပါ။ မည်သူနဲ့မျှမတူတဲ့ တမူထူးခြားပြီး ကျူးလွန်းထားသူတွေကိူ ကျွှန်မအနေနဲ့ မိမိအိတ်ထဲက ငွေကျေးကုန်ကျရင် ကုန်ကျပါစေ။ အစွမ်းကုန် ပညာကုန် အကောင်းဆုံး ကျွှန်မ နစ်နာသူများဘက်မှ လိူက်ပါဆောင်ရွက်ပေးပါမည်။ ကာယံကံရှင် မိဘများကို သိရှိစေလိုရန် လူကြီးမင်းအနေနဲ့ သက်ဆိုင်သူ မိဘများ ဆွေမျိူးသားချင်းများထံ သတင်းတစ်စုံတစ်ရာ ရရှိရန်အတွက် ကူညီပေးချင်ရင် သက်ဆိုင်ရာမိဘ ဘယ်သူ ဘယ်ဝါဆိုတာကို ရှာပေးလိုက်ပါ။ တွေ့ရှိပါက ကျွှန်မ ရေးထားတဲ့လိပ်စာအတိုင်း ခေါ်ဆောင်လာပေးပါ။ စကားအေးဆေးပြောပြီး လူပ်ဆောင်စရာရှိတာကို ကာယံကံရှင်တွေနဲ့ အေးဆေးပြောချင်တာမို့ ကာယံကံရှင်ဖြစ်သူ ဘယ်သူလည်းဆိုတာကိူ စုံစမ်းရှာဖွေနေဆဲပါ။ နစ်နာသူ မိသားစုသိက္ခာမကျဆင်းစေရန် ကျွှန်မ တာဝန်ယူပါသည်။
နစ်နာသူများဖြစ်ကြတဲ့မိဘများက ဆက်သွယ်ပေးစေရန် သတင်းသိရှိစေရန် ကူညီပေးချင်တယ်ဆိုရင် ကျွှန်မနဲ့အတူ လိုက်လံပူးပေါင်းဆောင်ရွက်ပေးပါလို့ပြောကြားစေလိူပါသည်။ နစ်နာသူသည် မည်သူမည်ဝါဆိုတာ ယခုထိကိုမသိရှိသေးပါ။ နစ်နာသူ အမှန်တကယ်ပေါ်​ပေါက်လာစေရန် Cmt မှာဝေဖန်နေမယ့်အစား ဘယ်သူဘယ်ဝါဆိုတာကို လာရောက်တွေ့ဆူံခိုင်းဖို့ ကူညီသူတွေက တာဝန်ယူပေးလိုက်ပါလို့ ပြောကြားစေလိူပါသည်။

၂၆လမ်းမြို့ထဲမှာဖြစ်သွားတဲ့ကိစ္စရပ်နဲ့ပတ်သတ်ပြီး
မုဒိန်းမှုဖြစ်သွားခဲ့တဲ့ နေရာက သူတွေအတွက် အကောင်းဆူံးနဲ့ အထိရောက်ဆူံးကူညီပေးဖို့ ကျွှန်မ အသင့်ရှိပါတယ်ရှင့် တကယ်နစ်နာတဲ့ ကလေးမိဘတွေအနေနဲ့ ကျွှန်မထံဆက်သွယ်နိုင်ပါတယ်။ ကျွှန်မ အကောင်းဆုံးနဲ့ အထိရောက်ဆူံးဖြစ်အောင် အဆုံးထိလိုက်ပေးပါ့မယ်ရှင့်

နစ်နာသူများမိဘများအနေနဲ့ ထိရောက်စွာအရေးယူမှု ပြုလုပ်ချင်တယ်ဆိုရင် အမြန်ဆုံးဆက်သွယ်နိုင်ပါတယ်ရှင့်။ မည်သည့်အခကြေးငွေတစ်စုံတစ်ရာမှ မယူဘဲ အကောင်းဆူံးဆောင်ရွက်ပေးမယ်ရှင့်။

ဥပဒေရေးရာကိစ္စတွေမှာ မသိတာနားမလည်တာကို မေးမြန်းနိုင်ပါတယ်ရှင့်။အမှုမဖွင့်တတ်ရင် လာပြောပါ။

ကျွှန်မ တရားလွှတ်တော်ရှေ့နေ တစ်​ယောက်အနေနဲ့ မုဒိန်းမှုဖြစ်သွားတဲ့ကိစ္စရပ်မှာ ဒီကောင်တွေနဲ့ပတ်သတ်ပြီး အလိုတူ အလိုပါတွေကအစ တိကျတဲ့ ဒီတရားခံတွေရှိတဲ့နေရာကိုသာအတိအကျ လမ်းညွှန်းပေးလိုက်ပါ။
အလ္လာဟ်အရှင့်ကျေးဇူးတရားနဲ့ ထိရောက်မှုရှိစေဖို့ အာမခံနိုင်ပါတယ်ရှင့်။ Hello တစ်ချက်လုပ်ရုံနဲ့တင် လက်ထိပ်ခတ်နဲ့ အရင်ဆူံးဖမ်းပေးဖို့ တာဝန်ယူပါတယ်။

ဖုံးကွယ်ပေးထားတဲ့သူတွေကိုပါ အလိုတူအလိုပါအဖြစ်နဲ့ သိမ်းကျုံးဆွဲထည့်မယ်။

နစ်နာသူမိဘများအနေနဲ့ ကျွှန်မထံ လာရောက်တွေ့ဆူံနိူင်ပါတယ်ဆိုအကြောင်းပြောကြားလိုပါတယ်ရှင့်။
တစ်ယောက်ကိုမှ အလွတ်ပေးဖို့မရှိဖူးရှင့်။ ကျွှန်မကို အဲ့ဒီကိစ္စအပ်လိုက်ပြီဆိုရင်တော့ လုပ်တဲ့သူနှစ်ယောက်အပါဝင် ဖုံးဖိပေးထားတဲ့သူတွေပါ တစ်ဦးမကျန် ဥပဒေရဲ့ပညာရပ်ကို အစွမ်းကုန် အထိရောက်ဆူံး ရေကုန်ရေခမ်းလိုက်ဖို့အထိ ဆူံးဖြတ်ချက်ချထားပြီးသားမို့ပါ။

အချိန်တွေကြန့်ကြာစေတာနဲ့အမျှ တရားခံလွတ်သွားနိုင်ပါတယ်။ တည်နေရာအတိအကျနဲ့ ရှိတဲ့နေရာကိုသာလမ်းညွှန်ဖို့လိုတယ်။ ကျွှန်မထံ နစ်နာသူတွေရဲ့ မိခင် ဖခင်ဆွေးမျိူးအသိုင်းဝိုင်းက သူတွေအနေနဲ့ လာရောက်တွေ့ဆုံမယ်ဆိုရင် ကျွှန်မ ရူံးခန်းတည်ရှိရာနေရာလေးနဲ့ နီးပါတယ်ရှင့်။ လာရောက်အပ်နှံမှုမရှိဖူးဆိုရင်တော့ ဘာမှဆောင်ရွက်ပေးလို့မရပါဖူးရှင့်။ ကူညီပေးချင်သော်လည်း ပါဝါလွဲပေးမှုရှိမှသာ ကူညီဆောင်ရွက်ပေးလို့ရတာပါရှင့်။

ရုံးခန်းလိပ်စာ
အမှတ် ၅၃၊ ပထမထပ်၊ ၅၃လမ်း ၊အနော်ရထာလမ်းကြီးကနေဝင်ပါရန်။ပုဇွန်တောင်မြို့နယ်ရန်ကုန်မြို့။
အိမ်ရှေ့ဝရံတာမှာရှေ့နေ ဆိုင်းဘူတ်လည်းရှိပါတယ်။

အစဥ်လေးစားလျှက်
တရားလွှတ်တော် ရှေ့နေဒေါ်မြင့်မြင့်ခင်
📲 09421098785/09663910925

Address

အမှတ် ၅၄/၅၆ ပထမထပ်၊၅၃လမ်း၊မိဘရိပ်မွန်ကွန်ဒို၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်မြို့
Yangon

Telephone

+959421098785

Website

Alerts

Be the first to know and let us send you an email when တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ခင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category