16/10/2024
နှစ်ဦးသဘောတူ လင်မယားကွာရှင်းခြင်း (အပိုင်း - ၂)
THI THI - ဆရာ … သမီးတို့လင်မယား ကွာရှင်းမလို့ပါဆရာ…!
ATP - ဟေ . . . ဘယ်လိုဖြစ်တာလည်း အရင်ပြောပါဦး…..!
THI THI - အိမ်ထောင်သက်ကြာလာတော့ သူက အပြစ်တွေအရမ်းမြင်လာတယ် ဆရာ . . . . ဘာလုပ်လုပ် သမီးကို အကောင်းမမြင်ဘူး…ဆရာ…
အဲ့ဒါနဲ့ အဆင်မပြေဖြစ်ပြီး နှစ်ယောက်သားစကားများရင်း သူ့မိဘအိမ်ကို ပြန်သွားတယ်..ဆရာ..သမီးလည်း ဖုန်းဆက်ပြီးတော့ ကွာရှင်းပေးလို့ သူ့ကိုပြောတော့ သူက ကွာရှင်းပေး မယ်…သဘောတူတယ်လို့ပြောပါတယ် …ဆရာ..အဲ့ဒါကြောင့် သမီးတို့လင်မယား ကွာရှင်း မလို့ပါ ဆရာ…!
ATP - အေး…အေး… ဟုတ်ပါပြီ ..ဒါနဲ့ …အခုနေတဲ့အိမ်က ညည်းတို့လင်မယား အပိုင်အိမ်လား .. သားသမီးရော ရှိလား….!!!
THI THI - အခုနေတဲ့အိမ်က အငှားနဲ့ နေတာပါ ဆရာ….. သားသမီးလည်း မရှိပါဘူးဆရာ…. ပြီးတော့ဆရာ သူက ထပ်ပြောသေးတယ် … တရားရုံးမှာ လက် မှတ်ထိုးပြီး မကွာရှင်းမပေးနိုင် ဘူးတဲ့… အရပ်စကားအရ (၃) လ ၊ (၆) လ အ ဆက်အသွယ် မလုပ်ရင် လင်ခန်းမယားခန်း ပျက် ပြီ လို့ ထပ်ပြောပါတယ်ဆရာ…အဲ့တာဟုတ်ပါသလားဆရာ…..
ATP - ဟုတ်ပြီ … ညည်းတို့က ဘာလက်ထပ်ပွားပစ္စည်းမှ မရှိဘူးပေါ့ ……
THI THI - ဟုတ်ပါတယ် …ဆရာ….
ATP - အေး….အဲ့ဒါဆို ညည်းပြောသလို အရပ်စကားအရ (၃) လ ၊ (၆) လ အဆက်အသွယ် မလုပ်ရင် လင်ခန်းမယားခန်း ပျက်ပြီ ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆရာ ရှင်းပြမယ်…..
လင်ဖြစ်သူက မိမိဇနီးအပေါ် မှာ မချစ်မနှစ်သက်တော့လို့ အထောက်အပံ့လည်းမပေး (၃) နှစ် တိုင်တိုင် အဆက်သွယ်မလုပ်ဘဲ စွန့်ပစ်ထားရင်ဖြစ်စေ ၊ ဇနီးဖြစ်သူကလည်း မိမိခင်ပွန်းကို ထို့နည်းအတူပဲ (၁) နှစ် စွန့်ပစ်ထားရင် ဖြစ်စေ စွန့်ပစ်ခြင်းခံရသူက လင်ခန်း မယားခန်း ပျက်စဲ လိုတဲ့ စိတ်ဆန္ဒရှိမယ်ဆိုရင် တရားရုံးမှာ ကွာရှင်းခွင့် တောင်းခံနိုင်ပါတယ်……
အဲ့တော့ ညည်းပြောသလို အရပ်စကားအရ (၃) လ ၊ (၆) လ အဆက် အသွယ် မလုပ်ရင် လင်ခန်း မယားခန်း ပျက်ပြီ ဆိုတာ မဟုတ်ဘူး……
ပြီးတော့ … တရားရုံးမှာ လက်မှတ်ထိုးပြီး ကွာရှင်းမပေးနိုင်ဘူး….ဆိုတဲ့ကိစ္စ….........
ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ …. ဖြစ်လာရင်တော့ …. ရှင်းရမယ်ဆိုတဲ့အတိုင်းပဲ……
စာချုပ်စာတမ်းလေးနဲ့ဆိုတော့ နောင်အခါ အရှုပ်အရှင်း အရှုပ်အထွေးပြသနာပေါ်ပေါက်လာရင် ခိုင်ခိုင်လုံလုံရှိတာပေါ့… နှုတ်တစ်ရာ …စာတစ်လုံးဆိုတာ ညည်းလည်းကြားဖူးမှာပေါ့ ….
THI THI - ဟုတ်ကဲ့ပါ ဆရာ … သမီး နားလည်သဘောပေါက်ပါပြီ ဆရာ…..
ဒါနဲ့ဆရာ….. သူ့မိဘအိမ်ကို သမီးလိုက်သွားဦးမယ်…. သူ့ကိုပြန်ခေါ်မလို့လေ….. သမီးက မိန်းကလေးပဲ … အလျော့ပေးလိုက်ပါ့မယ် … ဆရာ….. သေချာရှင်းပြပေးလို့ ကျေးဇူးပါနော် …ဆရာ..!
ATP - အေး…အေး..အေး…
ညည်းကတော့ …. လာလိုက်ရင် အဲ့သလိုတွေပဲ….. သွား…သွား…သေချာသွားချော့လိုက်…..!
မှတ်ချက်။ ယခုဖော်ပြရေးသားချက်များသည် အများနားလည်ရလွယ်ကူစေရန် ရေးသားထားခြင်းဖြစ်ပါသည်။
Legal service