Myanmar Legal Empowerment Network

Myanmar Legal Empowerment Network M-LEN is a platform dedicated to promoting legal empowerment and access to justice for all in Myanmar

[မြန်မာဘာသာဖြင့်အောက်တွင်ဖတ်ရှု့နိုင်ပါတယ်]We are thrilled to announce the official launch of the LinkedIn Page for Brav...
12/08/2026

[မြန်မာဘာသာဖြင့်အောက်တွင်ဖတ်ရှု့နိုင်ပါတယ်]

We are thrilled to announce the official launch of the LinkedIn Page for Braveheart Foundation, the parent organization of our Myanmar Legal Empowerment Network (MLEN)!

You can now connect with them on LinkedIn to stay updated on their humanitarian responses, legal empowerment initiatives, community impact stories, and the latest career opportunities.

We invite all our MLEN member organizations, network partners, and anyone passionate about access to justice and building resilient communities to follow the page and join the professional network! 🤝

🔗 Connect with Braveheart Foundation here: https://www.linkedin.com/company/braveheartfoundation/

Myanmar Legal Empowerment Network (MLEN) ၏ မိခင်အဖွဲ့အစည်းဖြစ်သော Braveheart Foundation ၏ တရားဝင် LinkedIn Page ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ မျှဝေအပ်ပါတယ်။

Braveheart Foundation ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများ၊ တရားဥပဒေပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး (Legal Empowerment) လုပ်ငန်းစဉ်များ၊ လူထုအကျိုးပြု လှုပ်ရှားမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို ယခုအခါ LinkedIn ပလက်ဖောင်းမှတစ်ဆင့် ချိတ်ဆက်၍ အမြဲမပြတ် သိရှိနိုင်ပြီ ဖြစ်ပါသည်။

MLEN ကွန်ရက်အဖွဲ့ဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် တရားမျှတမှု လက်လှမ်းမီရေး၊ ကြံ့ခိုင်သော လူမှုအသိုက်အဝန်း တည်ဆောက်ရေးတို့ကို စိတ်ဝင်စားသူတိုင်း အောက်ပါလင့်ခ်မှတစ်ဆင့် သွားရောက် Follow လုပ်ပြီး ကွန်ရက်တွင် အတူတကွပါဝင်ရန် လှိုက်လှဲစွာ တိုက်တွန်း ဖိတ်ခေါ်အပ်ပါသည်။ 🤝

🔗 ဒီလင့်ခ်မှတစ်ဆင့် Follow လုပ်နိုင်ပါသည် - https://www.linkedin.com/company/braveheartfoundation/

🌎🗣မြေယာ၊ သဘာဝပတ်ဝန်းကျင်နဲ့ Climate အတွက် ဆောင်ရွက်နေကြတဲ့ ဆရာ/ဆရာမများအား  ဖိတ်ခေါ်လျက်=============================🔸ကျ...
06/08/2026

🌎🗣မြေယာ၊ သဘာဝပတ်ဝန်းကျင်နဲ့ Climate အတွက် ဆောင်ရွက်နေကြတဲ့ ဆရာ/ဆရာမများအား ဖိတ်ခေါ်လျက်
=============================
🔸ကျမတို့ Braveheart Foundation ကနေ Land, Environment and Climate ပိုင်းမှာ ဆောင်ရွက်နေကြတဲ့ NGO အဖွဲ့အစည်းတွေ၊ CSO အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မကြာခင် စစ်တမ်းကောက်ခံသွားဖို့ ရှိပါတယ်။

🔸ဒီစစ်တမ်းကတော့ မိမိတို့ရဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ လက်ရှိအခြေအနေတွေကို အဓိကထား လေ့လာသွားမယ့် research project ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

🔸ဒါကြောင့် M-LEN အဖွဲ့ဝင်တွေထဲမှာလည်း Land, Environment and Climate ပိုင်းမှာ ဆောင်ရွက်နေကြတဲ့ ဆရာ/ဆရာမတွေရှိတယ်ဆိုရင် စိတ်ပါဝင်စားပါက အောက်မှာဖော်ပြထားတဲ့ စိတ်ပါဝင်စားကြောင်း ဖော်ပြတဲ့ Google Form လေးကို ဖြည့်သွင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

👥ဒါ့အပြင် မိမိတို့ရဲ့ ကွန်ရက်အသီးသီးမှာလည်း ပြန်လည်မျှဝေပေးပြီး Land, Environment and Climate ပိုင်းမှာ ဆောင်ရွက်နေကြတဲ့ NGO၊ CSO နဲ့ အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း ပါဝင်ဖြေဆိုနိုင်ဖို့ ဖိတ်ခေါ်ပေးပါနိုင်ပါတယ်။

🔗 https://docs.google.com/forms/d/e/1FAIpQLSe9Vwb_292PVmcZ3opBsakKxmMS7mQMwYp5i8mpyLUe0i65yg/viewform?usp=publish-editor

🧡ပါဝင်ဖြေဆိုပေးတဲ့ ဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

👥 Be Part Of Our Journey ! 🧡=====================Position            :  AAP Focal Point (National) - (1) PostJob Locatio...
05/08/2026

👥 Be Part Of Our Journey ! 🧡
=====================

Position : AAP Focal Point (National) - (1) Post
Job Location : North Okkalapa Township, Yangon
Type : Full Time/ Project Base Contract
Reporting Officer : Director
Duration : 1st September, 2026 to 31st January, 2027 (5 months with possible extension)
Starting date : 1st September, 2026 /As soon as possible

Join Our Team 👥🧡===============Position             : PSEA Focal Point  - (1) PostJob Location   : North Okkalapa Townsh...
05/08/2026

Join Our Team 👥🧡
===============
Position : PSEA Focal Point - (1) Post
Job Location : North Okkalapa Township, Yangon
Type : Full Time/ Project Base Contract
Reporting Officer : Director
Duration : 1st September, 2026 to 31st January, 2027 (5 months with possible extension)
Starting date : 1st September, 2026 /As soon as possible

ချန်လှပ်ထားခဲ့လို့ မရတဲ့ အသံများလူသားချင်းစာနာမှုအကူအညီနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအရေးပေါ်အခြေအနေတွေ၊ သဘာဝဘေးအန္တရာ...
15/07/2026

ချန်လှပ်ထားခဲ့လို့ မရတဲ့ အသံများ
လူသားချင်းစာနာမှုအကူအညီနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး

အရေးပေါ်အခြေအနေတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ အထိခိုက်ဆုံးနဲ့ ကျော်လွှားရအက်ခဲဆုံး အခြေအနေတွေကို ရင်ဆိုင်ရသူတွေက ဘယ်သူတွေ ဖြစ်မယ်ဆိုတာ တွေးမိပါသလား?

ကိန်းဂဏန်းတွေအရ ဒီလိုအကျပ်အတည်း ကာလတွေမှာ မသန်စွမ်းသူတွေ (Persons with Disabilities) ဟာ သတင်းအချက်အလက် ရရှိဖို့၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့နဲ့ အခြေခံအကူအညီတွေ ရယူဖို့ အခက်အခဲဆုံးဖြစ်ပြီး ချန်လှပ်ခံရမှု အများဆုံးအုပ်စုမှာ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်တွေ (Humanitarian Action) မှာ မသန်စွမ်းသူတွေကို ထည့်သွင်းစဉ်းစားဖို့ဆိုတာ ရွေးချယ်စရာတစ်ခု မဟုတ်ဘဲ မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါတယ်။

ဒီလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် အောက်ပါ အဓိကအခြေခံမူတွေကို နားလည် လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ် -

၁။ သနားစိတ်နဲ့ ကူညီတာမဟုတ်ဘဲ ရပိုင်ခွင့်အဖြစ် ရှုမြင်ခြင်း (Rights, Not Charity)

မသန်စွမ်းသူတွေကို အကူအညီပေးတယ်ဆိုတာ သနားကရုဏာသက်လို့ ပေးကမ်းကူညီတာ (Charity) မဟုတ်ပါဘူး။ ဘေးကင်းလုံခြုံစွာ ရှင်သန်ခွင့်၊ အကူအညီတွေကို တန်းတူရယူခွင့်နဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ဆိုတာ လူသားတစ်ဦးအနေနဲ့ မွေးရာပါ ရပိုင်ခွင့်ဖြစ်တဲ့ "လူ့အခွင့်အရေး (Human Rights)" ပင် ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေအနေနဲ့ မသန်စွမ်းသူတွေကို "ကူညီကယ်တင်ရမယ့် လူနာတွေ" အဖြစ် မမြင်ဘဲ၊ ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်နိုင်စွမ်းရှိတဲ့ "အခွင့်အရေး ပိုင်ဆိုင်သူတွေ (Rights-holders)" အဖြစ် အသိအမှတ်ပြု လေးစားဖို့ လိုအပ်ပါတယ်။

၂။ တန်းတူညီမျှမှု (Equality) နဲ့ လိုအပ်ချက်အရ မျှတမှု (Equity)

လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ လူတိုင်းကို တူညီတဲ့ အထောက်အပံ့တွေ ပေးအပ်ခြင်းဟာ "တန်းတူညီမျှမှု (Equality)" ဖြစ်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ မသန်စွမ်းသူတွေအတွက် အဟန့်အတား (Barriers) တွေ အများကြီး ရှိနေတတ်ပါတယ်။

(ဥပမာ - ကယ်ဆယ်ရေးစခန်းတစ်ခုမှာ လူတိုင်းကို အစားအသောက် တန်းတူဝေငှပေမယ့်၊ အမြင်အာရုံ မသန်စွမ်းသူ တစ်ဦးအနေနဲ့ အဲ့ဒီနေရာကို သွားရောက်ဖို့ လမ်းကြောင်း အခက်အခဲရှိနေနိုင်သလို၊ ဘီးတပ်ကုလားထိုင် အသုံးပြုသူအနေနဲ့လည်း ရေအိမ် (Toilet) အသုံးပြုဖို့ အခက်အခဲ ရှိနေနိုင်ပါတယ်။)

ဒါကြောင့် လူတိုင်း တူညီတဲ့ ရလဒ်နဲ့ အခွင့်အရေးကို အမှန်တကယ် ခံစားနိုင်ဖို့အတွက် မသန်စွမ်းသူတွေရဲ့ သီးခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ (ဥပမာ - ချဉ်းကပ်လမ်းတွေ ဖန်တီးပေးတာ၊ အလွယ်တကူ ဖတ်ရှုနိုင်တဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးပေးတာမျိုး) လိုအပ်ချက်အရ မျှတမှု (Equity) ကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

၃။ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တွေ ဖန်တီးခြင်း (Inclusion)

အစစ်အမှန် ပါဝင်ခွင့်ဆိုတာ အကူအညီတွေ ဝေငှချိန်ရောက်မှ မသန်စွမ်းသူတွေကို ထည့်သွင်းစဉ်းစားတာ မဟုတ်ပါဘူး။ စီမံကိန်း စတင်ရေးဆွဲတဲ့ အချိန်ကစလို့ သတင်းအချက်အလက် မျှဝေတာနဲ့ အကြံပြုချက်တွေ ရယူတဲ့ (CFM) လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းမှာ မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်အောင် လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်။

"ကျွန်ုပ်တို့နဲ့ မပတ်သက်ဘဲ ကျွန်ုပ်တို့အကြောင်း မဆုံးဖြတ်ပါနဲ့" (Nothing About Us Without Us) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မသန်စွမ်းသူတွေရဲ့ အသံ၊ သူတို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကို နားထောင်ပြီး လုပ်ငန်းစဉ်တွေကို ပုံဖော်တာဟာ အထိရောက်ဆုံးသော လူသားချင်းစာနာမှု အကူအညီပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တွေဟာ လူမှုအသိုင်းအဝိုင်းအတွင်းမှာရှိတဲ့ အဟန့်အတား (Barriers) တွေကို ဖယ်ရှားပေးပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်မထားခဲ့ရေး (Leave No One Behind) ကို ဦးတည်ရမှာ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို လေးစားတာနဲ့ လိုအပ်ချက်တွေကို မျှတစွာ ဖြည့်ဆည်းပေးတာဟာ ပိုမို ကြံ့ခိုင်တောင့်တင်းပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်း (Inclusive Society) ကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

📬 တိတ်ဆိတ်မှုထက် အဖိုးတန်တဲ့ CFM=========================👥လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ ကျမတို့ဟာ လူထုရဲ့ လိုအ...
02/07/2026

📬 တိတ်ဆိတ်မှုထက် အဖိုးတန်တဲ့ CFM
=========================
👥လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ ကျမတို့ဟာ လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ သူတို့ရဲ့ ဘဝတွေ ပိုမိုကောင်းမွန်လာဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျမတို့ ကိုယ်တိုင်မေးဖို့ မေ့သွားတတ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။

“ကျမတို့ရဲ့ အကူအညီဟာ လူထု တကယ်လိုအပ်တာနဲ့ ကိုက်ညီရဲ့လား?”

🔹စီမံကိန်းတစ်ခု အောင်မြင်တယ်လို့ ပြောဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခု ဖြစ်ပါတယ်။ သတ်မှတ်ညွှန်းကိန်းတွေ ပြည့်တယ်၊ Targets တွေ ရောက်တယ်၊ လုပ်ငန်းစဉ်တွေလည်း အစီအစဉ်အတိုင်း ပြီးစီးသွားပါတယ်။ ဒါပေမယ့် အဲ့ဒီ စီမံကိန်းကို လက်ခံရရှိတဲ့ လူတွေ ဘယ်လို ခံစားရသလဲ၊ ဘာတွေ အဆင်မပြေခဲ့သလဲ၊ ဘာတွေ ပိုကောင်းစေချင်သလဲ ဆိုတာကို ကျမတို့ ပြန်လည်ဆန်းစစ်ခဲ့ဖူးပါရဲ့လား။

🔸အဲ့ဒီနေရာမှာ Complaints and Feedback Mechanism (CFM) ရဲ့ အဓိပ္ပာယ်က ပေါ်လာပါတယ်။

🗣CFM ဆိုတာ တိုင်ကြားချက်တွေကို လက်ခံဖို့အတွက် ဖန်တီးထားတဲ့ စနစ်တစ်ခုသာ မဟုတ်ဘဲ လူထုနဲ့ အဖွဲ့အစည်းကြား ယုံကြည်မှု တည်ဆောက်ပေးတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။
ရပ်ရွာလူထုဝင်တစ်ယောက်က အကြုံပြုချက် (ဒါမှဟုတ်) တိုင်ကြားချက်ပေးတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ သူ့ရဲ့ စိုးရိမ်မှုတွေ၊ မကျေနပ်မှုတွေကို ထုတ်ဖော်ပြောဆိုရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ထုတ်ပြောလာတယ်ဆိုရင် အဲ့ဒါဟာ သူ့အသံကို ကြားစေချင်သေးတယ်၊ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေချင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ရှိနေသေးတယ်လို့ ဆိုလိုနိုင်ပါတယ်။

🔸တကယ်တော့ တိုင်ကြားချက်တစ်ခုဟာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ သင်ယူဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ အကြံပြုချက်တစ်ခုဟာ ဝေဖန်မှုတစ်ခု မဟုတ်ပါဘူး။ ပိုကောင်းတဲ့ တုံ့ပြန်မှုတစ်ခုကို တည်ဆောက်ဖို့ လမ်းညွှန်ချက်တစ်ခု ဖြစ်ပါတယ်။

🔸လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းမှာ အန္တရာယ်အရှိဆုံးအရာက တိုင်ကြားချက်များလာတာ မဟုတ်ပါဘူး။ ရပ်ရွာလူထုက မပြောတော့တာ၊ မယုံကြည်တော့တာ၊ သူတို့ရဲ့ အသံကို ပြန်ရုပ်သိမ်းသွားတာ ဖြစ်ပါတယ်။

- လူတွေက အကြံပြုချက်ပေးနေသေးတယ်ဆိုရင် သူတို့မှာ မျှော်လင့်ချက် ရှိနေသေးပါတယ်။
- သူတို့က အဖွဲ့အစည်းကို ယုံကြည်နေသေးပါတယ်။
- သူတို့က ပိုကောင်းတဲ့ ဝန်ဆောင်မှုကို လိုချင်နေသေးပါတယ်။

🧡ဒါကြောင့် CFM ဆိုတာ တိုင်ကြားချက်တွေကို စီမံခန့်ခွဲတဲ့ စနစ်တစ်ခုထက် ပိုပါတယ်။ လူထုရဲ့ အသံကို အလေးထားကြောင်း ပြသတဲ့ ကတိကဝတ်တစ်ခု ဖြစ်ပါတယ်။

📢Opportunity Alert: Make Impact, Build Your Career ========================👨‍💻Position: Human Resource Manager📍Job Locat...
01/07/2026

📢Opportunity Alert: Make Impact, Build Your Career
========================
👨‍💻Position: Human Resource Manager
📍Job Location: North Okkalapa Township, Yangon (Head Office)
🕒 Type: Full Time/ Project Base Contract
👤Reporting to: Director
🔹 Duration: Up to 31st January, 2027 (extendable)
⏳Starting date: As immediately as possible

⚖️ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့မှ ကလေးသူငယ်များ၏ အခွင့်အရေးဆီသို့=============================👦ကလေးဆိုတာ ကျောင်းတက...
12/06/2026

⚖️ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့မှ ကလေးသူငယ်များ၏ အခွင့်အရေးဆီသို့
=============================

👦ကလေးဆိုတာ ကျောင်းတက်ရမယ့်အရွယ်၊ ကစားပျော်ရွှင်ရမယ့်အရွယ်၊ အိပ်မက်တွေ မက်ရမယ့်အရွယ် ဖြစ်ပါတယ်။

🌎ဒါပေမယ့် ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ကလေးပေါင်း ၁၃၈ သန်းလောက်က အလုပ်လုပ်နေရဆဲဖြစ်ပြီး၊ အဲ့ဒီထဲက ၅၄ သန်းနီးပါးကတော့ သူတို့ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိအလုပ်တွေမှာ လုပ်ကိုင်နေရပါတယ်။

🔸ကျွန်မတို့ နေ့စဉ်ဘဝထဲမှာလည်း ဒီလိုကလေးတွေကို မကြာခဏ တွေ့မြင်နေရပါတယ်။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးနေတဲ့ ကလေးတွေ၊ လမ်းမပေါ်မှာ ပန်းရောင်းနေတဲ့ ကလေးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်ကြမ်းလုပ်နေရတဲ့ ကလေးတွေ၊ အလုပ်ရုံတွေမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်နေရတဲ့ ကလေးတွေကို တွေ့ရတဲ့အခါ သူတို့ဟာ အလုပ်သမားလေးတွေမဟုတ်ဘဲ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ကလေးတွေဖြစ်တယ်ဆိုတာ သတိရဖို့ လိုပါတယ်။

👥ကလေးတစ်ယောက် အလုပ်လုပ်နေရတာကို မြင်ရတဲ့အခါ “မိသားစုကို ကူညီနေတာပဲ” လို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လက်ထဲမှာ စာအုပ်တွေ ရှိနေသင့်တဲ့အရွယ်မှာ အလုပ်ကိရိယာတွေ ကိုင်ထားရတယ်။ စာသင်ခန်းထဲမှာ ရှိနေသင့်တဲ့အရွယ်မှာ ဝင်ငွေရှာဖို့ ရုန်းကန်နေကြရတယ်။ အိပ်မက်တွေကို တည်ဆောက်ရမယ့်အချိန်မှာ အခြေအနေတွေကြောင့် အိပ်မက်တွေကို ဘေးဖယ်ထားရတတ်ပါတယ်။

🗣️တကယ်တော့ ကလေးအလုပ်သမားပြဿနာဟာ ဝင်ငွေရှာဖို့ အလုပ်လုပ်နေရတဲ့ ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။ ကလေးတစ်ယောက်ရဲ့ ပညာသင်ကြားခွင့်၊ လုံခြုံစွာ ကြီးပြင်းခွင့်နဲ့ အနာဂတ်အခွင့်အလမ်းတွေ ဆုံးရှုံးနေရတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။

🔸ဒါကြောင့် ကလေးတွေ၊ မိဘတွေ၊ လူမှုအသိုင်းအဝိုင်းတွေက ကလေးတစ်ယောက်မှာ ရှိထားရမယ့် အခွင့်အရေးတွေကို သိဖို့ လိုပါတယ်။ အခွင့်အရေးကို သိရှိနားလည်ခြင်းက ကာကွယ်မှုရဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။

ကလေးတိုင်းဟာ —
📚 ပညာသင်ကြားခွင့် ရှိရမယ်။
🛡️ အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်မှုမှ ကင်းလွတ်ရမယ်။
⚖️ သူတို့ရဲ့ အခွင့်အရေးများကို သိရှိနားလည်ပြီး တရားမျှတမှု ရယူနိုင်ရမယ်။
🌱 မိမိတို့ရဲ့ အိပ်မက်များကို လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ရမယ်။

👥ကလေးတွေက အလုပ်ခွင်ထဲမှာ မဟုတ်ဘဲ စာသင်ခန်းထဲမှာ ရှိသင့်ပါတယ်။ ဝင်ငွေရှာဖို့ထက် အိပ်မက်တွေ တည်ဆောက်ဖို့ အခွင့်အရေး ရှိသင့်ပါတယ်။

👤ကလေးအလုပ်သမား ပပျောက်ရေးက အဖွဲ့အစည်းတစ်ခုတည်း၊ မိသားစုတစ်စုတည်းရဲ့ တာဝန် မဟုတ်ပါဘူး။ လူတိုင်း ဝိုင်းဝန်းကာကွယ်ပေးရမယ့် တာဝန်ဖြစ်ပါတယ်။ ကလေးတစ်ယောက် အလုပ်လုပ်နေရတာဟာ သူ့ရဲ့ရွေးချယ်မှုကြောင့် မဟုတ်ဘဲ အရွယ်ရောက်သူတွေ ဖန်တီးပေးရမယ့် ကာကွယ်စောင့်ရှောက်မှု၊ ပညာရေးအခွင့်အလမ်းနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တွေ မလုံလောက်သေးတာကြောင့် ဖြစ်တတ်ပါတယ်။

🔹ကလေးတစ်ယောက်ရဲ့ အခွင့်အရေးကို ကာကွယ်ပေးခြင်းဟာ သူ့ရဲ့ အနာဂတ်ကို ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။

🌎ဒီနှစ် ၂၀၂၆ ခုနှစ် World Day Against Child Labour ရဲ့ Theme ဖြစ်တဲ့ “Red Card to Child Labour: Fair Play for Children, Decent Work for Adults” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကလေးအလုပ်သမားစနစ်ကို အနီကတ်ပြပြီး ကလေးတိုင်း ပညာသင်ကြားခွင့်၊ လုံခြုံစွာ ကြီးပြင်းခွင့်နဲ့ မိမိအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့် ရရှိနိုင်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့။

👂🧡နှလုံးသားနဲ့ နားထောင်ပေးခြင်းဆိုတာ =============================လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများရဲ့ အခြေခံအုတ်မြ...
08/06/2026

👂🧡နှလုံးသားနဲ့ နားထောင်ပေးခြင်းဆိုတာ
=============================
လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများရဲ့ အခြေခံအုတ်မြစ်တခုဖြစ်ပါတယ်။

🔸Humanitarian Work လို့ပြောတဲ့အခါမှာ အများစုက အစားအသောက်ထောက်ပံ့ခြင်း၊ ငွေကြေးအကူအညီပေးခြင်း၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဒါမှမဟုတ် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ပြေးမြင်လေ့ရှိကြပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်များအားလုံးရဲ့ နောက်ကွယ်မှာ သတိမပြုမိကြတဲ့ အရေးကြီး စွမ်းရည်တစ်ခု ရှိနေပါတယ်။ အဲ့တာကတော့ တက်ကြွစွာနားထောင်ခြင်းလို့ ခေါ်ဆိုတဲ့ Active Listening ပဲဖြစ်ပါတယ်။

👥Active Listening ဆိုတာက ရပ်ရွာလူထုထံက စကားသံကို ကြားရုံသက်သက် မဟုတ်ဘဲ လူတစ်ဦး ပြောဆိုနေသော စကားလုံးများရဲ့ နောက်ကွယ်က ခံစားချက်များ၊ စိုးရိမ်ပူပန်မှုများ၊ လိုအပ်ချက်များနဲ့ မျှော်လင့်ချက်များကို နားလည်ရန် ကြိုးစားခြင်း ပညာရပ်တစ်ခုဖြစ်တယ်ဆိုလည်း မမှားပါဘူး။

👤ကျမတို့ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေဟာ လူထုအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းဆိုတာမျိုးထက် လူထုနဲ့အတူ ဆောင်ရွက်တဲ့ လုပ်ငန်းများ ဖြစ်ဖို့လိုအပ်ပါတယ်။ အဲ့လိုဖြစ်ဖို့အတွက် ပထမဆုံး လိုအပ်ချက်က လူထုရဲ့ အသံကို နားထောင်နိုင်ခြင်းဖြစ်ပါတယ်။

📑အဲ့ဒီအတွက်ကိုပဲ ကျမတို့ရဲ့ လုပ်ငန်းစဉ်တွေမှာ ရပ်ရွာလူထုတုန့်ပြန်မှုယန္တရား (CFM) ဆိုတာတွေကို ထားရှိရခြင်းဖြစ်ပါတယ်။

💁‍♀️Accountability to Affected Populations (AAP)၊ Community Engagement နဲ့ Survivor-Centered Approach တို့အားလုံးရဲ့ အခြေခံအုတ်မြစ်ဟာ Active Listening ပဲဖြစ်ပါတယ်။ လူထုရဲ့ အသံကို နားထောင်ခြင်း မရှိဘဲ “တာဝန်ယူခြင်း” မရှိနိုင်သလို ရှင်သန်ကျန်ရစ်သူရဲ့ဆန္ဒကို နားမထောင်ဘဲ ရှင်သန်ကျန်ရစ်သူ ဗဟိုပြုချဉ်းကပ်နည်း ကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

🔵တက်ကြွစွာနားထောင်ခြင်းဟာ လေးစားမှုကို ပြသခြင်း ဖြစ်ပါတယ်။

🔵တက်ကြွစွာနားထောင်ခြင်းဟာ ယုံကြည်မှုကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။

🔵တက်ကြွစွာနားထောင်ခြင်းဟာ ရပ်ရွာလူထုရဲ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများရဲ့ အနှစ်သာရဟာ လူထုအတွက် ဆောင်ရွက်ခြင်းထက် လူထုနဲ့အတူ ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် Active Listening ဟာ အကူအညီပေးခြင်းရဲ့ အစ၊ Accountability ရဲ့ အခြေခံနဲ့ ယုံကြည်မှုတည်ဆောက်ခြင်းရဲ့ သော့ချက်ဖြစ်ပါတယ်။

📑Humanitarian Sector မှာ "Confidentiality" ကဘာကြောင့် အရေးကြီးတာလဲ?=====================🔸လူသားချင်းစာနာထောက်ထားမှုဆိုင်ရ...
05/06/2026

📑Humanitarian Sector မှာ "Confidentiality" ကဘာကြောင့် အရေးကြီးတာလဲ?
=====================
🔸လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ GBV၊ PSEA စတဲ့ ထိခိုက်လွယ်တဲ့ ကိစ္စရပ်များမှာ "Confidentiality (လျှို့ဝှက်ထိန်းသိမ်းမှု)" က အခြေခံကျတဲ့ ကျင့်ဝတ်မူတစ်ရပ် ဖြစ်ပါတယ်။

🧡Confidentiality ဆိုတာ လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ပြောကြားချက်တွေနဲ့ အတွေ့အကြုံတွေကို ကာယကံရှင်ရဲ့ သဘောတူညီချက်မရှိဘဲ အခြားသူများထံ မျှဝေခြင်းမျိုး မပြုလုပ်ဘဲ ထိန်းသိမ်းထားခြင်းကို ဆိုလိုပါတယ်။

👥တစ်ယောက်ယောက်က ကိုယ့်ဆီလာပြီး သူကြုံခဲ့ရတဲ့ ပြဿနာတစ်ခု၊ အထူးသဖြင့် အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကို ရင်ဖွင့်ပြောပြတယ်ဆိုပါစို့။
အဲ့ဒီအချိန်မှာ သူတို့ အလိုချင်ဆုံးအရာက အကြံဉာဏ်မဟုတ်သေးပါဘူး။ အရင်ဆုံး သူတို့ လိုချင်တာက ယုံကြည်စိတ်ချရမှု ဖြစ်ပါတယ်။

"ငါပြောတဲ့အရာတွေကို တခြားသူတွေ သိသွားမှာလား?"
"ငါ့နာမည်ကို ထုတ်ပြောလိုက်မှာလား?"
"ဒီကိစ္စကြောင့် ငါပိုပြီး အန္တရာယ်ကြုံရမလား?"
ဒီလို စိုးရိမ်မှုတွေ ရှိနေနိုင်ပါတယ်။

📑ဒါကြောင့်ပဲ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေမှာ Confidentiality (လျှို့ဝှက်ထိန်းသိမ်းမှု) ကို အလွန်အရေးကြီးတဲ့ အခြေခံမူတစ်ခုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

🔸Confidentiality ကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ထိခိုက်ခံစားရသူများအတွက် အန္တရာယ်များ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။ ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားသွားခြင်းကြောင့် အရှက်ရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ ခြိမ်းခြောက်ခံရမှု ဒါမှမဟုတ် ထပ်မံထိခိုက်ခံရမှုများ ဖြစ်ပေါ်နိုင်ပါတယ်။

☝️အဲ့တာအပြင်ကို ယုံကြည်မှုပျက်ပြားသွားတယ်ဆိုရင် ရပ်ရွာလူထုအနေနဲ့ အကူညီတောင်းခံဖို့ကို ကြောက်ရွံ့လာနိုင်ပြီးတော့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း မရရှိနိုင်တော့တဲ့ အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်တာကို မေ့ထားလို့မရပါဘူး။

ဒါကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးဝန်ထမ်းတစ်ဦးအနေနဲ့ တစ်ယောက်ယောက်က ကိုယ့်ကို ယုံကြည်ပြီး ပြောပြလာတဲ့အခါ—

✅ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို လေးစားပါ။
✅ ခွင့်ပြုချက်မရှိဘဲ တခြားသူတွေကို မပြောပါနဲ့။
✅ သူတို့ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အမြဲဦးစားပေးပါ။

👤Confidentiality ဆိုတာ သတင်းတစ်ခုကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ ယုံကြည်မှု၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959252254064

Website

Alerts

Be the first to know and let us send you an email when Myanmar Legal Empowerment Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myanmar Legal Empowerment Network:

Shortcuts

Share

Category