KYAW Legal Consultant Service - ဥပဒေအကြံပေးလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • KYAW Legal Consultant Service - ဥပဒေအကြံပေးလုပ်ငန်း

KYAW Legal Consultant Service - ဥပဒေအကြံပေးလုပ်ငန်း ဥပဒေရေးရာ ဝန်ဆောင်မှုရယူခြင်း/ဆွေးနွေးတိုင်ပင်ခြင်းများ
ရယူလိုပါက Page Chat Box မှ တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
09 443210566
(1)

အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေ ထပ်တိုးပေးထားခြင်း
14/10/2025

အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေ ထပ်တိုးပေးထားခြင်း

ဝါကျွတ်ကာလမှာ လက်ထပ်ထိမ်းမြားခြင်းစာချုပ်ကို တရားရုံးတက်၍ ချုပ်ဆိုပြုလုပ်ကြမယ့် မြန်မာဗုဒ္ဓဘာသာဝင် သတို့သား သတို့သမီးမျာ...
05/10/2025

ဝါကျွတ်ကာလမှာ လက်ထပ်ထိမ်းမြားခြင်းစာချုပ်ကို တရားရုံးတက်၍ ချုပ်ဆိုပြုလုပ်ကြမယ့် မြန်မာဗုဒ္ဓဘာသာဝင် သတို့သား သတို့သမီးများအတွက်
- လက်ထပ်စာချုပ်ကို မိတ္တူ ကူးသွားပါ
- မှတ်ပုံတင် မူရင်းယူသွားကြပါ
- မှတ်ပုံတင် မိတ္တူများ ကူးသွားကြပါ

အားလုံးပဲ ပျော်ရွှင်စရာသီတင်းကျွတ်ကာလဖြစ်ပါစေ
Kyaw Legal Consultant Service

တရားမကျင့်ထုံးဥပ‌ဒေ အမိန့်(၁၄)၊နည်း(၅) - အဆိုလွှာနှင့်ချေလွှာတွင် ပါရှိခြင်းမရှိသည့် ပြင်ပအချက်များအပေါ် အခြေခံ၍ ငြင်းချ...
28/07/2025

တရားမကျင့်ထုံးဥပ‌ဒေ အမိန့်(၁၄)၊နည်း(၅) - အဆိုလွှာနှင့်ချေလွှာတွင် ပါရှိခြင်းမရှိသည့် ပြင်ပအချက်များအပေါ် အခြေခံ၍ ငြင်းချက်ထုတ်နိုင် မထုတ်နိုင်။
ဒေါ်ကျင်နု နှင့် ဦးလှိုင် ၁၉၈၁ခုနှစ်၊ စာ-၈
Kyaw Legal Consultant Service

မြန်မာ့ဓလေ့ထုံးတမ်းဥပ‌ဒေ - သတ်မှတ်ထားသော(၃)နှစ်ကာလမပြည့်ပဲ မယားအနေဖြင့် လင်ဖြစ်သူအား စွန့်ပစ်ခြင်းအပေါ် အခြေခံ၍ ကွာရှင်း...
27/07/2025

မြန်မာ့ဓလေ့ထုံးတမ်းဥပ‌ဒေ - သတ်မှတ်ထားသော(၃)နှစ်ကာလမပြည့်ပဲ မယားအနေဖြင့် လင်ဖြစ်သူအား စွန့်ပစ်ခြင်းအပေါ် အခြေခံ၍ ကွာရှင်းပေးစေလိုကြောင်း မစွဲဆိုနိုင်ခြင်း - စွန့်ပစ်ခြင်းမှာ ကွာရှင်းမှုရရှိနိုင်သော အိမ်ထောင်ရေးပြစ်မှုဖြစ်သည့် ရက်စက်မှုတွင် အကျုံးဝင်ကြောင်း မတွေ့ရှိရခြင်း။
(မခင်သိန်း နှင့် မောင်ညံပို ၁၉၈၁ခုနှစ်၊ စာ - ၁၆)
Kyaw legal Consultant Service

မယားခေါ်လိုမှုစွဲဆိုသူသည် အပြစ်ကင်းစင်ရန်လိုခြင်း။(ဦးစံကျော် နှင့် ဒေါ်စိန်စိန်၊ ၁၉၈၁ခုနှစ်၊ စာ၂၈)Kyaw Legal Consultant ...
26/07/2025

မယားခေါ်လိုမှုစွဲဆိုသူသည် အပြစ်ကင်းစင်ရန်လိုခြင်း။
(ဦးစံကျော် နှင့် ဒေါ်စိန်စိန်၊ ၁၉၈၁ခုနှစ်၊ စာ၂၈)
Kyaw Legal Consultant Service

ရဲအရေးမပိုင်သောအမှုကို ရဲကစုံစမ်းပြီး တရားရုံးသို့ တင်လာလျင် တရားရုံးက လက်ခံရခြင်း။ပြစ်မှုဆိုင်ရာအမှုစွဲဆိုရန် စည်းကမ်းသ...
25/07/2025

ရဲအရေးမပိုင်သောအမှုကို ရဲကစုံစမ်းပြီး တရားရုံးသို့ တင်လာလျင် တရားရုံးက လက်ခံရခြင်း။
ပြစ်မှုဆိုင်ရာအမှုစွဲဆိုရန် စည်းကမ်းသတ်ကာလ သတ်မှတ်ချက်မရှိ။
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ နှင့် ပုဒ်မ ၅၆၁-က တို့၏ ခြားနားချက်။
( ဦးစံမြင့် (ခ) ဦးစံညွန့် (ခ) ရှင်အဂ္ဂဝံသ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (ဦးသန်းမြင့်)၊ ၁၉၈၁ခုနှစ်၊ စာ၂၃ )
Kyaw Legal Consultant Service

မမြသက်ဦး နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ပါ၂ (၁၉၉၆ခုနှစ်၊ စာ၁၇၇)တရားခံသည် အမှန်ပင်ဝေဒနာခံစားနေရသည်ကို မြို့နယ်တရားရုံ...
20/07/2025

မမြသက်ဦး နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ပါ၂ (၁၉၉၆ခုနှစ်၊ စာ၁၇၇)
တရားခံသည် အမှန်ပင်ဝေဒနာခံစားနေရသည်ကို မြို့နယ်တရားရုံးအနေဖြင့် တွေ့ရှိပြီး သုံးသပ်၍ ဆုံးဖြတ်ပြီး အာမခံပေးခြင်းမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၇(၁)၏ ခြွင်းချက်ဘောင်အတွင်း ကျရောက်ခြင်း။
( အာမခံပေးခြင်းသည် မူလရုံးက တိုက်ရိုက်မြင်တွေ့ရသည့် တရားခံ၏ ကျန်းမာရေးအခြေအနေကို ထည့်သွင်းစဉ်းစားကာ ဆင်ခြင်တုံတရားဖြင့် အာမခံပေးခြင်းဖြစ်သဖြင့် အထက်တရားရုံးများအနေဖြင့် အကြောင်းထူးမရှိလျင် ထိုအမခံကို ပယ်ဖျက်ရန် သင့်မြတ်မည်မဟုတ်ချေ။ )
Kyaw Legal Consultant Service

14/07/2025

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်/မဝါဝါမြင့် နှင့် မဖြိုးစုလှိုင်/ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၂ (၂၀၂၂ ခုနှစ်၊ စာ ၅၀...
13/07/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်/မဝါဝါမြင့် နှင့် မဖြိုးစုလှိုင်/ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၂ (၂၀၂၂ ခုနှစ်၊ စာ ၅၀)
အချင်းမဖြစ်ပွါးမီနှင့် အချင်းဖြစ်ပွါးပြီးနောက် ပြုမူသည့်အခြေအနေကို ပေါင်းစပ်သုံးသပ်ကြည့်လျင် မရိုးမဖြောင့်သော သဘောရှိကြောင်း ပေါ်လွင်ပါက ထိုသူသည် လိမ်လည်မှုကိုပြုသည်ဟု ယူဆနိုင်မည်ဖြစ်ခြင်း
Kyaw Legal Consultant Service

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက်ပို၍ ကျင့်သုံးခဲ့ခြင်း၊ ပထမအကြိမ်ပြစ်မှုကျူးလွန်ခြင်းနှင့် ...
01/07/2025

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက်ပို၍ ကျင့်သုံးခဲ့ခြင်း၊ ပထမအကြိမ်ပြစ်မှုကျူးလွန်ခြင်းနှင့် ‌ေ_သသူ၏ ရမ်းကားမှုကြောင့် လက်လွန်ခြေလွန်ဖြစ်ခဲ့ရ၍ သက်ညာစွာ စဉ်းစားသင့်ခြင်း
၁၉၇၆ခုနှစ် ဦးဘိုလေး နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် စာ ၁၀၈

တစ်ဆက်တည်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ - မည်သူမဆို လူသ_တ်မှု မမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူ‌ေ_သမှုကို ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် နှစ် (၂၀)ဖြစ်စေ၊ (၁၀)နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
(ရာဇသတ်ကြိးကိုပြင်ဆင်သည့်ဥပဒေ ဥပဒေအမှတ် ၆/၂၀၁၆ ပုဒ်မ-၇ အရ အစားထိုးသည်။)

ဥပဒေအကြံတောင်း Group တွေမှာ တွေ့တွေ့နေရတတ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေ တရားရုံးမှာ လက်ထပ် ထိမ်းမြားတဲ့အခါ ဘာတွေလိုအပ်လဲ? ( ...
08/06/2025

ဥပဒေအကြံတောင်း Group တွေမှာ တွေ့တွေ့နေရတတ်တဲ့
မြန်မာဗုဒ္ဓဘာသာဝင်တွေ တရားရုံးမှာ လက်ထပ် ထိမ်းမြားတဲ့အခါ ဘာတွေလိုအပ်လဲ? ( ပုံပါအတိုင်းဆောင်ရွက်ရုံပါပဲ)
မြန်မာဗုဒ္ဓဘာသာဝင်တွေ တရားရုံးမှာ ကွာရှင်းရင် ဘာတွေလိုအပ်လဲ ? (ပုံပါအတိုင်းဆောင်ရွက်ရုံပါပဲ)

တရားရုံးသွားပြီး ကွာရှင်းဖို့ အဆင်မပြေဘူးဆိုရင် “နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်းကတိစာချုပ်” ပြုလုပ်ချုပ်ဆိုလို့ရပါတယ်

ဒီနေရာမှာ သတိထားရမှာက ပြီးစလွယ်ကွာရှင်းပြတ်စဲကြရင် မွေးထားတဲ့ သားသမီး အုပ်ထိန်းခွင့်၊ လင်မယားပေါင်းသင်းနေထိုင်နေစဉ်အတွင်း ရရှိထားတဲ့ ပစ္စည်း စသည်တို့ကိုတော့ ခုရှုပ်မှ နှောင်ရှင်းဖြစ်စေရန်အတွက် သားသမီးအုပ်ထိန်းခွင့်၊ ပစ္စည်းခွဲဝေခြင်း သဘောတူစာချုပ်များကိုပါ တစ်ပါတည်း ပြုလုပ်ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ဝေမျှပေးလိုက်ပါရစေခင်ဗျာ….

Address

Yangon

Telephone

+959443210566

Website

Alerts

Be the first to know and let us send you an email when KYAW Legal Consultant Service - ဥပဒေအကြံပေးလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KYAW Legal Consultant Service - ဥပဒေအကြံပေးလုပ်ငန်း:

Share

Category