American Dream DV Lottery Service

American Dream DV Lottery Service သင့် American Dream အကောင်အထည်ဖော်ဖို့ Experienced Consultants များ၏ အမှားအယွင်းအကင်းဆုံးနဲ့ စိတ်အချရ

ကျွန်တော်တို့ဝန်ဆောင်မှုထံ ရွေးချယ်အပ်နှံထားတဲ့ မိတ်ဆွေများအားလုံးကို လျှောက်ပေးပီးပါပီ 🙏Confirmation screen မရရှိသေးပါက...
06/11/2024

ကျွန်တော်တို့ဝန်ဆောင်မှုထံ ရွေးချယ်အပ်နှံထားတဲ့ မိတ်ဆွေများအားလုံးကို လျှောက်ပေးပီးပါပီ 🙏

Confirmation screen မရရှိသေးပါက cb ထံ လာရောက်ပြောကြားပေးကြပါခင်ဗျ။

DV ပိတ်ချိန်ကတော့ ယနေ့ည (၀၇.၁၁.၂၄) ၁၁:၃၀ ထိ လျှောက်ခွင့်ရနေဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။

နောင်နှစ်ဆိုတာ မသေချာတာမို့ လျှောက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ 🎉🎉🎉

DV 2026 ကို Nov 7 ကြာသာပတေးနေ့ ည ၁၀:၃၀ ထိလျှောက်ထားနိုင်မှာဖြစ်ပေမယ့် ကျွန်တော်တို့ ဝန်ဆောင်မှူအား ယနေ့ (04.11.24) ညနေ ၅...
04/11/2024

DV 2026 ကို Nov 7 ကြာသာပတေးနေ့ ည ၁၀:၃၀ ထိလျှောက်ထားနိုင်မှာဖြစ်ပေမယ့် ကျွန်တော်တို့ ဝန်ဆောင်မှူအား ယနေ့ (04.11.24) ညနေ ၅ နာရီအထိသာ နောက်ဆုံးထား လက်ခံသွားမှာ ဖြစ်ပါတယ်ခင်ဗျာ 🙇🏻‍♂️

Nov 2 ထိ အသုတ်များအား အကုန်လျှောက်ထားပီးပါပီခင်ဗျာ။ Nov 2 date ပေးထားပီး confirmation screen ပြန်မရသေးပါက cb ကို လာပြောပေးကြပါ။

မချက်အလက်မစုံသေးသူများလည်း အမြန်ပို့ပေးကြပါဦးခင်ဗျာ 🇺🇸

မြန်မာပြည်သူပြည်သားများ လင်းယုန်မြေသို့ ပြောင်းရွေ့အခြေချနိုင်ပီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ 🍀

📣 ဒီနှစ် DV တင်ဖို့ကို အမေရိကန်အစိုးရက နှစ်ရက် ထပ်တိုးပေးလိုကိပါပီ  📣DV ဖောင်တင်ရန်ပိတ်ရက်ကို Nov 5 မှ Nov 7 ထိ extend လ...
29/10/2024

📣 ဒီနှစ် DV တင်ဖို့ကို အမေရိကန်အစိုးရက နှစ်ရက် ထပ်တိုးပေးလိုကိပါပီ 📣

DV ဖောင်တင်ရန်ပိတ်ရက်ကို Nov 5 မှ Nov 7 ထိ extend လုပ်ပေးထားပါတယ်။
DV ပိတ်ရက် : Nov 7 (10:30 Myanmar time)

US dept of state ကတောင် ရက်ပိုတိုးပေးပီး များများလျှောက်စေချင်နေတာ ကိုယ့်ဘက်က လျှောက်ဖို့ကိုလညိး တွေဝေမနေပါတော့နဲ့ ခင်ဗျာ 💪

Diversity Visa Update: The 2026 Diversity Visa Program entry period has been extended. The last day to enter is November 7th at 12 pm (est).

🇺🇸 DV ပိတ်ရန် နှစ်ပတ်ခန့်သာ လိုပါတော့တယ် 🇺🇸ကျွန်တော်တို့ဆီ စာရင်းသွင်းထားတဲ့မိတ်ဆွေများ Oct 17 ထိ date ပေးထားသူများအားလု...
19/10/2024

🇺🇸 DV ပိတ်ရန် နှစ်ပတ်ခန့်သာ လိုပါတော့တယ် 🇺🇸

ကျွန်တော်တို့ဆီ စာရင်းသွင်းထားတဲ့မိတ်ဆွေများ Oct 17 ထိ date ပေးထားသူများအားလုံးကို လျှောက်ပေးပီးပါပီ။ confirmation number ပြန်မရသေးသူများ cb ကို လာပြောပေးကြပါဗျ 🙏
~~~~~~~~~~~~~~~~~

ဒီနှစ် ကျွန်တော်တို့ American Dream ရဲ့ လေးနှစ်မြောက် ဝန်ဆောင်မှုပေးတဲ့ နှစ်လေးပါ။ နှစ်စဉ်လျှောက်နေကြ မိတ်ဆွေများ ၂ နှစ်မြောက် ၃ နှစ်မြောက် လျှောက်ပေးကြသော မိတ်ဆွေများကို နှစ်စဉ်ရွေးချယ်ပေးလို့ အထူးကျေးဇူးတင်ပါတယ်ဗျ။

ဒီနှစ်တော့ online လျှောက်လွှာသီးသန့်သာ လက်ခံပါတယ်ခင်ဗျာ 🙏🙏🙏

~~~~~~~~~~~~~~~~~

🇺🇸 နိုင်ငံခြားရောက် မိတ်ဆွေများက ပုံမရိုက်ခင်မှာ ကျွန်တော်တို့ဆီ ညွှန်ကြားချက်ကိုအရင်လာယူပါခင်ဗျ။ ကျွန်တော်တို့ဆီ ဝန်ဆောင်မှုအပ်သောမိတ်ဆွေများကို အမေရိကန်အစိုးရ official website နေရာနှစ်နေရာမှာစစ်ပေးပီး pass ဖြစ်တဲ့ result ကိုပြန်ပြပေးတာမို့ နှစ်စဉ်လျှောက်နေကျမိတ်ဆွေတွေ အလွန်ကြိုက်နှစ်သက်တဲ့ ဝန်ဆောင်မှုတစ်ခုပါ။

🇺🇸 online မှာ လျှောက်ထားသည့်မိတ်ဆွေများကိုလည်း အချက်အလက်များကို အသေးစိတ်စစ်ပေးပီးမှ လက်ခံပီး သတိလွတ်နိုင်သည့်နေရာများကို မေးခွန်းများမေးကာ confirm နေတာမို့ မေးခွန်းများများမေးတာကို ဗွေမယူကြပါနဲ့ခင်ဗျာ 😃

🇺🇸 အမေရိကား ကို DV ပေါက်လို့သွားရရင် ကုန်မယ့် ကုန်ကျစရိတ်ကို များတယ်လို့ မမြင်စေချင်ပါဘူး။ ပျှမ်းမျှလစာတစ်နာရီကို USD 15 ဝန်းကျင်မို့ DV ပေါက်ရင်ကုန်မယ့် ကုန်ကျစရိတ်က သုံး၊ လေးလနဲ့ ပြန်ရှာလို့ရပါတယ်။

DV ထိုးတာက ပေါက်ရင် Green Card တန်းရတာမို့ တစ်နှစ်မှတစ်ခါအခွင့်အရေးကို လက်လွတ်မခံအောင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့နဲ့ ကံထူးရင် လုံးဝလက်လွတ်မခံဖို့ တိုက်တွန်းပါရစေ။

🇺🇲 Green Card ကို ဆယ်နှစ်လျှင် တစ်ကြိမ် သက်တမ်းတိုးခွင့်ရှိပြီး နေထိုင်ရာကာလတစ်လျှောက်လုံး အမေရိကန်နိုင်ငံသားခံယူခွင့် လျှောက်ထားနိုင်ခြင်း။

🇺🇲 အမြဲတမ်းနေထိုင်ခွင့်ရပြီးနောက် မိမိရဲ့ မိဘ၊ အိမ်ထောင်ဘက်၊ သားသမီးများနဲ့ မောင်နှမတွေကို Green Card လျောက်ထားရာတွင် Sponsor လုပ်ခေါ်ပေးနိုင်ခြင်း။

🇺🇲 ပြဌာန်းထားသော နိုင်ငံဥပဒေများ၊ ပြည်နယ်ဥပဒေများအား အမေရိကန်နိုင်ငံသားများနှင့်တန်းတူ အကျိုးခံစားခွင့်ရှိခြင်း။

စသည့်အကျိုးခံစားခွင့်များကြောင့် မိမိဘဝကော မိမိမျိုးဆက်၊ ဆွေမျိုးတွေဘဝပါ အဆင့်တန်းမြင့်မြင့်နဲ့ မပူမပင်နေရတော့မှာမို့ ရင်းကိုရင်းသင့်တာပါ။

DV မပေါက်ရင် ပိုက်ဆံရှိတဲ့လူတွေတောင် ဘယ်လောက်ရှိရှိ သွားဖို့ခက်ခဲတဲ့ အမေရိကားပါ။

ဒါကြောင့် DV ထိုးမယ့် မိတ်ဆွေများ ခုထိုးတဲ့ DV ကလည်း 2026 နှစ်ဆန်းမှာမှသွားရမှာမို့ ကြားထဲမှာ ပိုက်ဆံစုချိန်၊ ပြင်ဆင်ချိန်လုံလောက်အောင်ရတာမို့ DV ပေါက်မှလိုတဲ့ပြင်ဆင်စရာများကိုတွေးပူနေမယ့်အစား အချိန်မီ DV ထိုးဖြစ်အောင်ထိုးဖို့ တိုက်တွန်းလိုက်ရပါ
တယ်ခင်ဗျာ 🤩🤩🤩

🎊သီတင်းကျွတ်ဆုတောင်း🎊ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ခါသမယမှစတင်၍ ချစ်ခင်တန်ဖိုးထားရသော မိသားစုများနှင့်အတူတကွ ပျော်ရွှင်က...
17/10/2024

🎊သီတင်းကျွတ်ဆုတောင်း🎊

ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ခါသမယမှစတင်၍ ချစ်ခင်တန်ဖိုးထားရသော မိသားစုများနှင့်အတူတကွ ပျော်ရွှင်ကျန်းမာသောဘဝများကို ရရှိပိုင်ဆိုင်နိုင်ပါစေဟု ကျွန်တော်တို့ American Dream မှ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ် 🙏🙏🙏

ကျွန်တော်တို့ American Dream အဖွဲ့သားတွေတော့ Family DV များကိုလျှောက်ပေးရင်း မိသားစုများ အတူတကွ မခွဲမခွါ အမေရိကကို အခြေချနိုင်အောင် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေပါတယ်ခင်ဗျာ
🍀✨🇺🇸

အားလုံးပဲ သတိထားမိကြလား မသိဘူး ?ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ DV ဓါတ်ပုံအတွက် အသုံးများတဲ့ DV lottery photo checker w...
12/10/2024

အားလုံးပဲ သတိထားမိကြလား မသိဘူး ?
ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ DV ဓါတ်ပုံအတွက် အသုံးများတဲ့ DV lottery photo checker website က mobile app အနေနဲ့ ပြောင်းသွားပါပီ 📣

ဒါကြောင့် ကျွန်တော်တို့ American Dream ရဲ့ စတုတ္ထမြောက်နှစ်မှာတော့ ဓါတ်ပုံစစ်ပေးတဲ့ပုံစံကိုပြောင်းထားပါတယ်။

DV lottery photo checker website က official government website မဟုတ်တာကတကြောင်း ခုလို application ပုံစံပြောင်းသွားတာက တကြောင်းမို့ ဒီနှစ်မသုံးတော့ပါဘူးဗျ။

ဒီနှစ်မှာတော့ US government official website နှစ်ခုကို အသုံးပြုပီး စစ်ထားပေးပါတယ်။ travel state government website တဲ့ US state government website နှစ်ခုလုံးမှာ pass ဖြစ်တဲ့ ပုံနဲ့ပဲတင်ပေးပါတယ် 🤩

================================

DV လျောက်တဲ့အခါ ဓါတ်ပုံလိုအပ်ချက်က အဓိကအခန်းကဏ္ဌထဲပါပါတယ်။ သံရုံးကသတ်မှတ်ချက်နဲ့မညီရင် Auto reject ပါယ်မဲဖြစ်သွားမှာမို့ တစ်နှစ်စာအခွင့်အရေးမနစ်နာအောင် ကျွန်တော်တို့ဆီ online ကလျှောက်မည့်မိတ်ဆွေများက တတ်နိုင်သမျှဆိုင်မှာပဲသွားရိုက်ဖို့အကြံပေးပါတယ်ဗျ။

နယ်ကလူတွေနဲ့ ဆိုင်မှာရိုက်လို့အဆင်မပြေတဲ့ နိုင်ငံခြားရောက်မိတ်ဆွေတွေအတွက်တော့ ကိုယ့်ကိုရိုက်ပီးကျွန်တော်တို့က လိုအပ်တာပြန်ပြင်ပေးပါမယ်ခင်ဗျ။

📣 ခြောက်လအတွင်းရိုက်ကူးထားသောပုံဖြစ်ရမည်။
📣 အိမ်ထောင်ဘက်၊ ကလေးတွေ အတွက်လည်း ဦးဆောင်လျှောက်ထားသူနဲ့ ဓါတ်ပုံလိုအပ်ချက်အတူတူပဲဖြစ်ပါတယ်။ တစ်ယောက်ချင်းစီပုံများလိုပါတယ်။
📣 လျှောက်ထားသူ၏ အိမ်ထောက်ဘက် သို့ သားသမီးက US နိုင်ငံသားဖြစ်ပါက ဓါတ်ပုံမလိုပါ။
📣 professional uniform များဝတ်ဆင်၍မရပါ။
📣 ဖြစ်နိုင်လျှင် အကျီအဖြူနှင့် အဖြူအစင်းများပါသော အဝတ်အစားများကို ရှောင်ပေးပါ။
📣 မနှစ်က DV လျှောက်ထားဖူးသောပုံနှင့် ပြန်လျှောက်လို့မရပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိသာဘာရိုက်မယ်ဆိုရင် ဒါလေးတွေသတိထားပေးပါ

🇺🇸 အလင်းရောင်ကောင်းသောနေရာတွင်ရိုက်ပါ။
🇺🇸 ဖုန်းကင်မရာကောင်းတာနဲ့ရိုက်ပါ။
🇺🇸 နောက်ခံအုတ်နံရံပြောင်တွင်ရိုက်ပါ။
🇺🇸 ဖြစ်နိုင်လျင် ၁:၁ အချိုးစတုရန်းပုံ (1:1 ratio) နဲ့ရိုက်ပါ။
🇺🇸 မျက်နှာပေါ်တွင်အရိပ်ကျမနေစေရ။
🇺🇸 ဘေးဘက်သို့ခေါင်းမစောင်းနေရ။
🇺🇸 ခေါင်းမမော့နေရ၊ ခေါင်းမငုံ့နေရ။
🇺🇸 အလယ်စင်တာကျနေရမည်။
🇺🇸 မနီးလွန်း၊ မဝေးလွန်း (ကင်မရာနှင့် နှစ်ပေအကွာလောက်တွင်ရိုက်ပါ)
🇺🇸 အနည်းငယ်သာပြုံးလို့ရပါသည်။ သွားပေါ်၍မရ။
🇺🇸 မျက်မှန်မတပ်ရ။
🇺🇸 နားရွက်ဖော်ထားရမည်။
🇺🇸 မျက်နှာပေါ်သို့ဆံပင်များမကျနေရ။
🇺🇸 သနပ်ခါးမလိမ်းရ
🇺🇸 ကင်မရာတည့်တည့်သို့မျက်လုံးကြည့်ပါ။
🇺🇸 ပုခုံးနှစ်ဖက်ပါပါစေ။

ဒီအချက်အလက်တွေနဲ့ပြည့်စုံမှသာ ကျွန်တော်တို့က ကျန်တဲ့လိုအပ်ချက်များဖြစ်တဲ့ ဆိုဒ်ချိုးပေးတာ၊ နောက်ခံပြောင်းပေးတာနဲ့ တစ်ခြားလိုအပ်ချက်များကို လုပ်ပေးလို့ရမှာပါခင်ဗျာ။

===================================

ဆိုင်မှာသွားရိုက်မယ့်မိတ်ဆွေများက အောက်ပါအချက်အလက်များကိုသာစစ်ပေးရုံပါပဲ။

🇺🇸 နှစ်လက်မပါတ်လည်
🇺🇸 600 x 600 pixel
🇺🇸 equal or less than 240 kb
🇺🇸 နောက်ခံအဖြူ
🇺🇸 ကာလာဓာတ်ပုံ
🇺🇸 မျက်မှန်မတပ်ရ
🇺🇸 နားရွက်ဖော်ထားရပါမယ်
🇺🇸 မျက်နှာပေါ်သို့ ဆံပင်များ ကျမနေစေရ
🇺🇸 ခြောက်လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ရပါမယ်။
❎ အရင်နှစ်က DV လျောက်တုန်းကသုံးထားတဲ့ပုံ ပြန်သုံး၍မရပါ❎
🇺🇸 အရေးကြီးတာက ရိုက်ပြီးတဲ့ပုံကိုသွားရွေးတဲ့အခါ memory stick (သို့) ဖုန်းထဲ jpeg file အနေနဲ့ ထည့်ခိုင်းပေးဖို့မမေ့ပါနဲ့ဗျ 🇺🇸

လိုအပ်သောအကူအညီများကို page messenger, viber မှ‌သော်လည်းကောင်း၊ ဖုန်းဆက်ပီးသော်လည်းကောင်း အချိန်မရွေးမေးမြန်းဆက်သွယ်နိုင်ပါတယ်။

📞Ph Number : 09955180155
📩 Gmail : [email protected]






‼️ Online ကနေလျှောက်ထားလိုသူများအတွက် အမည်စာရင်းလက်ခံပေးနေပါပီ ‼️ရုံးတွင်လာရောက်လျှောက်ထားချင်တဲ့ မိတ်ဆွေများအတွက်တော့ ရ...
03/10/2024

‼️ Online ကနေလျှောက်ထားလိုသူများအတွက် အမည်စာရင်းလက်ခံပေးနေပါပီ ‼️

ရုံးတွင်လာရောက်လျှောက်ထားချင်တဲ့ မိတ်ဆွေများအတွက်တော့ ရက်အတိအကျကို ပြန်လည်ကြေငြာပေးပါမယ်ခင်ဗျာ။

ဒီနှစ် DV 2025 ဟာ ကျွန်တော်တို့ American Dream DV Lottery Service ရဲ့ စတုတ္ထနှစ်မြောက် ဝန်ဆောင်မှုပေးမည့်နှစ်ဖြစ်ပီး နှစ်စဉ်ထိုးသူစုစုပေါင်း၏ 1% (DV Winner 40 ဦးခန့်) ကံထူးရှင်များပေါ်ထွန်းပီးဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားပါရစေခင်ဗျာ။
====================================

အမည်စာရင်းပေးဖို့ အောက်ပါ အချက်အလက်များကို ပေးပို့ရုံပါပဲ 🤩

🇺🇸DV လျောက်ရန် လိုအပ်ချက်များ🇺🇸

DV လျောက်ရန် အဓိကလျောက်မယ့်သူအနေနဲ့ passport ရှိစရာမလိုတော့ပါ။ သို့ပေမယ့် passport ရှိရင် ရှေ့စာမျက်နှာကို ဓါတ်ပုံရိုက်ပို့ပေးပါခင်ဗျ။

🙅‍♀️DV လျှောက်ထားခြင်းအတွက် မည်သည့် စာရွက်စာတမ်းမှ မလိုအပ်သေးပါ။🙅‍♀️

DV ကံစမ်းရန် အဓိကလျောက်ထားသူရဲ့

1. နာမည် English စာလုံးပေါင်း
(Passport ထဲက နာမည်စာလုံးပေါင်းနဲ့ တူရပါမယ်။ Passport မလုပ်ရသေးရင် အခြားစာရွက်စာတမ်းများက နာမည်စာလုံးပေါင်းနဲ့တူရပါမယ်။ Passport လုပ်တဲ့အခါ ပေးထားတဲ့နာမည်စာလုံးပေါင်းနဲ့ တူညီအောင် သတိထားပေးပါခင်ဗျာ။)

2. ကျား/မ

3. မွေးသက္ကရာဇ်

4. မွေးဖွားရာမြို့
(မွေးစာရင်းထဲကအတိုင်း တူရပါမယ်။)

5. မွေးဖွားရာနိုင်ငံ

6. နောက်ခံအဖြူရောင်၊ ၂ လက်မပါတ်လည်၊ ခြောက်လအတွင်းရိုက်ကူးထားသော ကာလာပတ်စပို့ ဓါတ်ပုံ soft copy
(အရင်နှစ်က တင်ထားဖူးသည့်ဓါတ်ပုံဖြင့် ဒီနှစ်ပြန်တင်၍မရပါ။)

7. နေရပ်လိပ်စာ
(လက်ရှိနေရပ်လိပ်စာကို ထည့်ရင် ရပါတယ်။)

8. လက်ရှိရောက်ရှိနေတဲ့နိုင်ငံ

9. ဖုန်းနံပါတ်
(လက်ရှိကိုင်ဆောင်နေတဲ့ ဖုန်းနံပါတ်)

10. Email/Gmail Address

11. အမြင့်ဆုံးပညာအရည်အချင်း
(ဆယ်တန်းအောင်၊ တက္ကသိုလ်တက်နေဆဲ၊ ဘွဲ့ရ၊ မာစတာတန်းတက်နေဆဲ၊ မာစတာဘွဲ့၊ ဒေါက်တာတန်းတက်နေဆဲ၊ ဒေါက်တာဘွဲ့ )

12. အိမ်ထောင်ဘက် သား၊ သမီး ရှိ၊ မရှိ
(မိမိလက်ရှိအခြေအနေအမှန်အတိုင်းဖြေပါ။ DV ပေါက်လျှင်အိမ်ထောင်ဘက်ကို မခေါ်လိုပါက DS260 form ဖြည့်သည့်အချိန်တွင် ချန်လှပ်ထားခဲ့နိုင်ပါသည်။)

13. အိမ်ထောင်ဘက်/ သားသမီးရှိလျှင် ထိုသူများ၏
- အမည်
- မွေးသက္ကရာဇ်
- မွေးဖွားသည့် မြို့
- ဓါတ်ပုံ တို့ကိုပို့ပေးပါ။
(ဓါတ်ပုံလိုအပ်ချက်များက ဦးဆောင်လျှောက်သူ၏လိုအပ်ချက်နှင့် တူတူပါပဲ။)
===================================

နယ်ဝေးမှမိတ်ဆွေများနှင့် နိုင်ငံခြားရောက်ရွှေမြန်မာတို့ ရုံးမှာ ဓါတ်ပုံလာမရိုက်ရလို့ စိတ်မပူပါနဲ့ခင်ဗျာ 😀
သတ်မှတ်ချက်နဲ့အညီ ပါယ်မဲမဟုတ်တဲ့ ပုံဖြစ်ဖို့ တာဝန်ယူပါတယ်။

ကျွန်တော်တို့ဆီမှာတင်တဲ့လူတိုင်းရဲ့ဓါတ်ပုံကို လိုအပ်ချက်တွေပြည့်စုံ၊ မစုံ ကျွန်တော်တို့ကိုယ်တိုင်စစ်ပေးတဲ့အပြင် အမေရိကန်သံရုံးရဲ့ website မှာကော https://dvlottery.me/dv-lottery-photo-checker
ဒီ link မှာပါ photo pass ဖြစ်မဖြစ် သေချာပြန်စစ်ပေးပီး စိတ်ချရမှ တင်ပေးတာပါ။
===================================

ဓါတ်ပုံအတွက် ဘာတွေလုပ်ရမလဲ ⁉️

🇺🇸 အနီးနားကဆိုင်မှာ ဓါတ်ပုံရိုက်ပါ။ ပီးလျှင် ဖုန်းထဲထည့်လို့ရသည့် soft copy တောင်းယူကာ ကျွန်တော်တို့ကို viber, gmail, msger ကပို့ပေးပါ
(ဆိုင်မှာ မရိုက်ခင် ဓါတ်ပုံဆရာကိုပြောပြဖို့၊ ပုံစစ်ဖို့ ညွှန်ကြားချက်ကို အောက်ပါ link တွင်ကြည့်ပါ။)

🇺🇸 ဆိုင်မှာရိုက်လို့မလွယ်သည့် နိုင်ငံခြားရောက်မိတ်ဆွေများ၊ သင်္ဘောသားများအတွက် ကိုယ့်ဘာသာ ဓါတ်ပုံရိုက်ဖို့ညွှန်ကြားချက်ကို အောက်ပါ link တွင်ကြည့်ပါ။
https://m.facebook.com/story.php?story_fbid=187044267067457&id=100357932402758&mibextid=2JQ9oc
===================================

Online လျှောက်လွှာတစ်စောင်လျင်
- တစ်ဦးထဲသီးသန့် ၈,၀၀၀၊
- လင်မယား ၁၀,၀၀၀ နဲ့
- မိသားစုတစ်ခုကို ၁၃,၀၀၀
service fees ယူပြီး လျောက်ပေးပါတယ်။
====================================

ကျွန်တော်တို့ မကြေငြာမချင်း တခြားမှာ service မအပ်ပဲ ကျွန်တော်တို့ကိုယုံကြည့်လို့ စောင့်ဆိုင်းပေးနေတဲ့ မိတ်ဆွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။
လိုအပ်သောအကူအညီများကို page messenger, viber မှ‌သော်လည်းကောင်း၊ ဖုန်းဆက်ပီးသော်လည်းကောင်း အချိန်မရွေးမေးမြန်းဆက်သွယ်နိုင်ပါတယ်။
📞Ph Number : 09955180155
📩 Gmail : [email protected]
🏫 502, Tower B, Mindama Condo, Mindama Road, Mayangone Township, Yangon.





🇺🇸 ဒီနှစ် DV လျှောက်မည့် မိတ်ဆွေများအတွက် သတိထားစရာ အချက် 🇺🇸Smart card တွေလုပ်နေကြချိန်မို့ smart card မှာ ရေးမယ့် မိမိန...
29/09/2024

🇺🇸 ဒီနှစ် DV လျှောက်မည့် မိတ်ဆွေများအတွက် သတိထားစရာ အချက် 🇺🇸

Smart card တွေလုပ်နေကြချိန်မို့ smart card မှာ ရေးမယ့် မိမိနာမည် English စာလုံးပေါင်းကို ဂရုစိုက် စစ်ဆေးစေချင်ပါတယ်။

Passport
အောင်လတ်မှတ်
ဘွဲ့လတ်မှတ်
Smart card

ဒီလေးခုလုံးရဲ့ နာမည်စာလုံးပေါင်းတွေက တူရမှာမို့ မိတ်ဆွေများ smart card သွားလုပ်သည့်အခါ သေချာလေး စစ်ဆေးခဲ့ဖို့ သတိပေးလိုက်ရပါတယ်။

DV ပေါက်မှလိုက်ဖြေရှင်းမယ်ဆို မလိုလားအပ်တဲ့ နောက်ဆက်တွဲ process နဲ့ ပြသနာတွေရှိနိုင်တာမို့ ကြိုတင်စစ်ဆေးထားနိုင်ရန်ပါခင်ဗျာ။


DV-2026 အတွက် အမေရိကန် အစိုးရ website က တရားဝင်ကြေငြာစာထွက်ပါပီ 🥳👏DV ဖွင့်မည့်ရက် - October 2, 2024DV ပိတ်မည့်ရက် - Nove...
29/09/2024

DV-2026 အတွက် အမေရိကန် အစိုးရ website က တရားဝင်ကြေငြာစာထွက်ပါပီ 🥳👏

DV ဖွင့်မည့်ရက် - October 2, 2024
DV ပိတ်မည့်ရက် - November 5, 2024

DV လျှောက်ဖို့ Passport မလိုသေးပါဘူးခင်ဗျာ 🎉

မြန်မာနိုင်ငံသားတွေက လျှောက်ခွင့်ရှိတဲ့ စာရင်းထဲမှာပါသေးတဲ့အပြင် ခုလာမယ့်ရွေးကောက်ပွဲမှာ ထရန့်သာနိုင်ရင် DV program ဘယ်လိုဖြစ်လာမယ် မှန်းမရနိုင်တာမို့ ဒီနှစ်ကို မြန်မာပြည်သူပြည်သားများ များများထိုးကြဖို့ နှိုးဆော်လိုက်ပါတယ်။

🔹 လူတစ်ဦးကို ဦးဆောင်ပီး တစ်ခါပဲတင်ခွင့်ရှိပါတယ်။ တစ်ခါထပ်ပိုသော အစောင်များ auto reject ပါ။

🔹 နာမည် english စာလုံးပေါင်းက passport, smart card အခြားစာရွက်စာတမ်းများနဲ့ တူရပါမယ်။
(Passport မရှိသေးရင် DV အတွက် စာရင်းပေးထားသော နာမည်စာလုံးပေါင်းကိုမှတ်ထားပီး Passport လုပ်လျှင် တူအောင်သတိထားပေးပါ။)

🔹 Passport မလိုတာမို့ DV အတွက် ဓါတ်ပုံလိုအပ်ချက်ကို အထူးသတိထားပါ။
- ခြောက်လအတွင်းရိုက်ကူးထားသောပုံဖြစ်ရမည်။
- အိမ်ထောင်ဘက်၊ ကလေးတွေ အတွက်လည်း ဦးဆောင်လျှောက်ထားသူနဲ့ ဓါတ်ပုံလိုအပ်ချက်အတူတူပဲဖြစ်ပါတယ်။ တစ်ယောက်ချင်းစီပုံများလိုပါတယ်။

🔹 လျှောက်ထားသူ၏ အိမ်ထောက်ဘက် သို့ သားသမီးက US နိုင်ငံသားဖြစ်ပါက ဓါတ်ပုံမလိုပါ။
(မနှစ်က DV လျှောက်ထားဖူးသောပုံနှင့် ပြန်လျှောက်လို့မရပါ။)

🔹 အိမ်ထောင်ဖက်နှင့် သားသမီးရှိပါက ထည့်လျှောက်ကိုလျှောက်ပေးရပါမယ်။ အိမ်ထောင်ဖက်က မလိုက်လိုလျင် DV ပေါက်တဲ့အချိန်မှာ ချန်ထားခဲ့နိုင်ပါတယ်။

🌎 American Dream စဖွင့်ထဲက နှစ်စဉ်ထိုးနေကျ မိတ်ဆွေတွေက အချက်အလက်အပြောင်းအလဲမရှိရင် ဓါတ်ပုံအသစ်ပဲ ပြန်ရိုက်ပို့ပေးရုံပါပဲ။ ကျွန်တော်တို့ဆီ record ရှိပီးသားပါခင်ဗျာ။

လိုအပ်သောအကူအညီများကို page messenger, viber မှ‌သော်လည်းကောင်း၊ ဖုန်းဆက်ပီးသော်လည်းကောင်း အချိန်မရွေးမေးမြန်းဆက်သွယ်နိုင်ပါတယ်။

📞Ph Number : 09955180155
📩 Gmail : [email protected]
🏫 502, Tower B, Mindama Condo, Mindama Road, Mayangone Township, Yangon.






Online ကနေ DV တင်တဲ့ စင်ကာပူက ညီမလေး Congratulations ပါ 🎉🍾DV winner များ Case number ကြီးကြီး သေးသေး အားမလျော့ပဲ DS 260 ...
07/05/2024

Online ကနေ DV တင်တဲ့ စင်ကာပူက ညီမလေး Congratulations ပါ 🎉🍾
DV winner များ Case number ကြီးကြီး သေးသေး အားမလျော့ပဲ DS 260 ကိုတင်ကြပါခင်ဗျာ 🤩

ရုံးမှာ DV လာတင်နေကြ ချစ်စရာသမီးလေးပိုင်ဆိုင်ထားတဲ့ မိသားစုလေး ဒုတိယမြောက်နှစ်မှာ ပေါက်သွားတာပါ 🤩သမီးလေးနောင်ရေးအတွက် ပည...
06/05/2024

ရုံးမှာ DV လာတင်နေကြ ချစ်စရာသမီးလေးပိုင်ဆိုင်ထားတဲ့ မိသားစုလေး ဒုတိယမြောက်နှစ်မှာ ပေါက်သွားတာပါ 🤩
သမီးလေးနောင်ရေးအတွက် ပညာရေးအဆင့်အတန်းမြင့်သွားပီမို့ အရမ်းပျော်ရွှင်မိပါတယ် 🥰

ကျွန်တော်တို့ American Dream ရဲ့ ပထမဆုံး DV 2025 winner ထွက်ပေါ်လာပါပီ။Case number 15000 ကျော်နဲ့ နှစ်စဉ်ထိုးနေကျ ညီမလေး...
05/05/2024

ကျွန်တော်တို့ American Dream ရဲ့ ပထမဆုံး DV 2025 winner ထွက်ပေါ်လာပါပီ။
Case number 15000 ကျော်နဲ့ နှစ်စဉ်ထိုးနေကျ ညီမလေးပါ 🤩🎉
DS 260 အတွက် သေချာပြင်ဆင်ပါတော့ ညီမရေ 🤩

❗အစဉ်လိုက်စစ်ပေးနေတာမို့ ph, chat box Viber မှာ တစ်ဦးချင်းစီအတွက် စာပြန်တာနောက်ကျရင် နားလည်ပေးပါခင်ဗျာ ❗

Address

502, Tower B, Mindama Condo, Mindama Road, Mayangone Township
Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 15:00
Sunday 10:00 - 15:00

Telephone

+959955180155

Website

Alerts

Be the first to know and let us send you an email when American Dream DV Lottery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to American Dream DV Lottery Service:

Share