Htun Myittar Legal Affairs Services

Htun Myittar Legal Affairs Services Legal Affairs Service

03/10/2022
Legal Professional & Lawyer Ethic.
25/03/2022

Legal Professional & Lawyer Ethic.

ကမ္ပဏီ၊ လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများကို စိုက်ပျိုးထားသည့် ကျွန်းပင်များအား ပိုင်ဆိုင်ခွင့်ပြုကြောင်း ကြေညာချက်
03/01/2021

ကမ္ပဏီ၊ လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများကို စိုက်ပျိုးထားသည့် ကျွန်းပင်များအား ပိုင်ဆိုင်ခွင့်ပြုကြောင်း ကြေညာချက်

အခွန်ဆိုင်ရာ အဓိပ္ပါယ် ရှင်းလင်းဖွဲ့ဆိုခြင်းများ
01/01/2021

အခွန်ဆိုင်ရာ အဓိပ္ပါယ် ရှင်းလင်းဖွဲ့ဆိုခြင်းများ

ဥပဒေဘာသာပြန်ကော်မရှင်အမိန့်အမှတ် ၁၂/၂၀၂၀
31/12/2020

ဥပဒေဘာသာပြန်ကော်မရှင်
အမိန့်အမှတ် ၁၂/၂၀၂၀

Civil Suit for Infringement of Trademarks.******************************************ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ချိုးဖော...
29/12/2020

Civil Suit for Infringement of Trademarks.
******************************************

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ချိုးဖောက်ခြင်းဆိုင်ရာ တရားမကြောင်း စွဲဆိုမှုများ

Submitted by npe-user on Sat, 12/26/2020

ဦးကျော်ကျော် (တရားရေး)

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၃၀-၁-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေပုဒ်မ ၃၄ တွင် မှတ်ပုံတင်ထားသော ကုန်အမှတ် တံဆိပ်၏ မှတ်ပုံတင်သက်တမ်းနှင့် မှတ်ပုံတင်သက်တမ်းတိုးနိုင်ခြင်းကို ဖော်ပြသည်။ ယင်းဥပဒေပုဒ်မ ၁(ခ)အရ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင်မှ စတင်အာဏာတည်မည်ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်နိုင်သည့် နည်းလမ်းမရှိသည်မှာ အတည်တကျ ဖြစ်လျက်ရှိသော ဥပဒေဖြစ်သော်လည်း အသုံးပြုခြင်းဖြင့် တံဆိပ်နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့် အခွင့်အရေးရရှိနိုင် သည်ဟု ထုံးဖွဲ့ခဲ့သည်။1
ကုန်အမှတ်တံဆိပ်ဆိုသည်မှာ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်းများကို အခြားသော လုပ်ငန်းများ၏ ကုန်ပစ္စည်းများမှ ခွဲခြားသိရှိ စေနိုင်သော အမှတ်တံဆိပ်တစ်ခုခုကို ဆိုလိုသည်။2
ကျော်ကြားသောအမှတ်တံဆိပ်ဆိုသည်မှာ သတ်မှတ် ထားသော စံနှင့်အညီ နိုင်ငံတော်တွင် လူသိများပြီး ကျော်ကြားသော အမှတ်တံဆိပ်တစ်ခုခုကို ဆိုသည်။3
အမှတ်တံဆိပ်ပိုင်ရှင်သည် ပုဒ်မ ၃၉ နှင့် ၄၀ ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ သီးသန့်အခွင့်အရေး အဖြစ် (၁) ယင်း၏ သဘောတူညီချက်မရှိဘဲ အခြားသူ တစ်ဦးက ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွင် အသုံးပြု၍ ကုန်သွယ်မှုပြုရာ တွင် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေပါက ဤဥပဒေနှင့်အညီ ကာကွယ်တားဆီးခွင့်ရှိသည်။
(၂) မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သူအား ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးအရ ဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်။ (၃)(ကက) မှတ်ပုံတင် ထားသည့် ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်နှင့် အသုံးပြုထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု များအကြား ဆက်နွှယ်မှုရှိသည်ဟု ညွှန်ပြသကဲ့သို့ ဖြစ်နေ ခြင်း၊ (ခခ) ယင်းအမှတ်တံဆိပ်ပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်းစသည့်အခြေအနေများနှင့် ကိုက်ညီလျှင် မှတ်ပုံတင်ထားသည့် ကျော်ကြားသော အမှတ်တံဆိပ်နှင့် ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို မတူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများတွင် ယင်း၏သဘောတူညီချက်မရှိဘဲ ကုန်သွယ်မှုပြုရာတွင် အသုံးပြုခြင်းကို ကာကွယ်တားဆီးခွင့်ရှိသည်။ မှတ်ပုံတင် ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး များကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းတို့ကို အခန်း (၁၃)နှင့် (၁၄)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှဲပြောင်းခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်းပြုနိုင်သည်။4
ကုန်အမှတ်တံဆိပ်ဟူသည် စျေးကွက်တွင် ရောင်းချ သော ကုန်စည်များကို အခြားအလားတူ ကုန်စည်များနှင့် ခွဲခြားနိုင်ရန်လည်းကောင်း၊ တစ်ဦးတစ်ယောက်သော ပိုင်ရှင်နှင့် ဆက်စပ်မိစေရန် လည်းကောင်း၊ ထိုရောင်းသော ကုန်စည်များအတွက် အသုံးပြုသည့် သို့မဟုတ် ကုန်စည် များ အပေါ်တွင် ကပ်ထားသော သင်္ကေတအထိမ်းအမှတ် ဖြစ်သည်။ ကုန်အမှတ်တံဆိပ်က ပုံအမှတ် (device)၊ အမှတ်တံဆိပ် (brand)၊ ခေါင်းစီး (heading) အစရှိသည် များ ၎င်းတို့အား စုပေါင်းထားချက်များ ပါဝင်သည်။
ကုန်အမှတ်တံဆိပ် သုံးစွဲသောကာလနှင့် မိမိ ကုန်သွယ်မှု၏ အတိုင်းအတာအပေါ်မတည်ဘဲ ကုန်သည် တစ်ဦးသည် မိမိကုန်စည်များအပေါ်တွင် ဖြစ်စေ၊ ကုန်စည် များနှင့် စပ်လျဉ်း၍ဖြစ်စေ အသုံးပြုရုံမျှဖြင့် သိသာကွဲပြား သော ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်ခွင့် ရရှိသည်။5
ကုန်အမှတ်တံဆိပ်ကို ပိုင်ဆိုင်သူထံမှ ၎င်း၏ အမွေစား အမွေခံတစ်ဦးက ယင်းတံဆိပ်ပိုင်ဆိုင်သုံးစွဲ ခွင့်ကို အမွေဆက်ခံနိုင်ကြောင်း၊ မူလပိုင်ရှင်သေဆုံးသည့် အခါ ယင်းကုန်အမှတ်တံဆိပ်ကို ၎င်း၏ အမွေဆက်ခံ သော သားသမီးအားလုံးက ရယူသုံးစွဲနိုင်ခွင့်ရှိကြ ကြောင်း၊ အမွေဆက်ခံသူတစ်ဦး၏ ဝေပုံကျသုံးစွဲနိုင်ခွင့် မဟုတ်ဘဲ ညီတူညီမျှသာဖြစ်ကြောင်း အဆိုပါ ကုန်အမှတ် တံဆိပ်ဖြင့် ပြုလုပ်ရောင်းချခြင်းကို ကုန်ထုတ်သူအမည်နှင့် နေရပ်ခွဲခြားလျက် ပိုင်းခြားဝေငှပြီး အသုံးပြုလိုပါက
အမွေဆိုင်အချင်းချင်းပဋိညာဉ်ပြု၍ စီမံခန့်ခွဲနိုင်ကြောင်း၊ ကုန်တံဆိပ်နှင့် လုပ်ငန်းကို အချို့သောအမွေဆိုင်များက တခြားအမွေဆိုင်တစ်ဦးအား စာချုပ်ဖြင့် အပိုင်ရောင်းချ ခြင်းဖြင့် ဝယ်သူမှာ ယင်းကုန်အမှတ်တံဆိပ်နှင့် စပ်လျဉ်း ၍ မိမိတစ်ဦးတည်း ပိုင်ဆိုင်ခွင့်မရနိုင်ကြောင်း၊ ဦးစွာ မှတ်ပုံတင်သုံးစွဲခြင်းဖြင့်လည်း ပိုင်ဆိုင်ခွင့်မရနိုင်ဟု မသန်းပါ၃၊ မအမာ(ခ)မအမာထွေးနှင့် ဦးချစ်ဆွေအမှု6 တွင် ထုံးပြုထားသည်။
တစ်ဦးတစ်ယောက်သောသူသည် မိမိဆပ်ပြာ လုပ်ငန်း၌ ကုန်တံဆိပ်ကို အသုံးပြုလာရာမှ မိမိ၏သဘော တူညီချက်အရ မိမိပါဝင်သော အစုစပ်ကုမ္ပဏီအား အသုံးပြုခွင့်ပေးလျှင် မိမိရရှိပြီးဖြစ်သော အခွင့်အရေးကို စွန့်လွှတ်ခဲ့သည်ဟု ယူဆရမည်ဖြစ်သည်။ ကုန်စည် ကူးသန်းရောင်းဝယ်သည့် ထုံးထမ်းဓလေ့အရ အဆိုပါ ကုမ္ပဏီသည် ထိုကုန်တံဆိပ်ကို အသုံးပြုခွင့်ရှိသည့် ပိုင်ရှင်ဖြစ်သည်။7
အစုစပ်လုပ်ငန်းမှ နုတ်ထွက်သွားသူသည် လုပ်ငန်း အမည်ကို သုံးစွဲခြင်း မပြုရန် သဘောတူဝန်ခံခြင်းဖြစ် သည်။8
ထင်ယောင်ထင်မှား ဖြစ်စေခြင်းနှင့် စပ်လျဉ်း၍ Canon v. Cannon, European Court of Justice, 29 September 1998 တွင် Confusion likely when public encounters different places of production, but not when public can believe the undertakings are not economically-linked there may be a likelihood of confusion within the meaning of Article 4(1)(b) of the Directive even where the public perception is that the goods or services have different places of production. By contrast, there can be no such likelihood where it does not appear that the public could believe that the goods or services come from the same undertaking or, as the case may be, from economically-linked undertakings.
ကုန်အမှတ်တံဆိပ်ကိုအတုပြုလုပ်ရာ၌ ကုန်အမှတ် တံဆိပ်အချင်းချင်းသည် ထပ်တူထပ်မျှ တူညီရန်မလို၊ အမှတ်တံဆိပ် နှစ်ခုကို ယှဉ်၍ကြည့်ရှုလျှင် အနည်းငယ် ကွဲပြားချက်များရှိသော်လည်း တစ်ခုနှင့်တစ်ခု ဆင်တူ ယိုးမှားဖြစ်လောက်အောင် ဆင်တူမှုရှိလျှင် အတုပြုလုပ် ခြင်းမြောက်သည်။9
တုပမှုဖြစ်စေရန်အတွက် တံဆိပ်အစစ်နှင့် အတုသည် အသေးစိတ်အချက်အလက်အားလုံး ထပ်တူတူညီရန်မလို၊ အဆိုပါ တံဆိပ်နှစ်ခုတူနေခြင်းသည် အချင်းဖြစ် ကုန်ပစ္စည်းများကို ရောင်းချရန် ရည်စူးသော လူများအား လှည့်ဖြားရန် စီမံပြုလုပ်ထားသည်ဟု သဘောရရှိလျှင် တုပမှုဖြစ်ရန် ဥပဒေအရ လုံလောက်သည်။10
ကုန်အမှတ်တံဆိပ်အား အသုံးပြုခြင်းကို တားဆီး ပိတ်ပင်သော ယာယီတားဝရမ်းရရှိနိုင်ရန် တရားလိုက ထိုသို့ အရေးတကြီးဆောင်ရွက်ရန် လိုအပ်သောအမှုဖြစ် ကြောင်း၊ တရားလိုတွင် အခြေအမြစ်ရှိသည့် ဆိုင်ရာဆိုင် ခွင့်ရှိကြောင်းနှင့် နောက်ပိုင်းတွင် တရားပြိုင်၌ အခွင့် အရေးရှိကြောင်း တွေ့ရှိရသည့်တိုင်အောင် တားဝရမ်း ထုတ်ဆင့်ခြင်းကြောင့် တရားပြိုင်အား ပြုပြင်၍ မရနိုင် လောက်သည့် ထိခိုက်နစ်နာမှု မရှိကြောင်းကို တရားလိုက ပြသရမည်။11
မူလရုံးတရားပြိုင်များ၏ မိခင်ဒေါ်အေးကျော့နုသည် ROLEX HAIR DRESSING ကုန်အမှတ်တံဆိပ်ကို တစ်ဦး တည်းမူပိုင်အဖြစ် ရန်ကုန်မြို့စာချုပ်စာတမ်းရုံးတွင် မှတ်ပုံ တင်ခဲ့သည်။ ၎င်း၏ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်သွင်း ချိန်က ကုန်အမှတ်တံဆိပ်များ၏ မူပိုင်ခွင့်သက်တမ်း သတ်မှတ်ထားခြင်း မရှိသကဲ့သို့ အမှုစွဲဆိုချိန်တွင်လည်း ကုန်အမှတ်တံဆိပ်များ၏ မူပိုင်ခွင့်သက်တမ်းကို သတ်မှတ် ခြင်းမရှိသေးသည့်အတွက် အယူခံတရားလိုများ၏ မိခင် ဒေါ်အေးကျော့နုမှ မှတ်ပုံတင်သွင်းထားသည့် ROLEX HAIR DRESSING ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှာ အမှု စွဲဆိုချိန်ထိ ဆက်လက်တည်ရှိနေကြောင်း၊ ဒေါ်အေး ကျော့နုက "ROLEX" အလှကုန်ပစ္စည်းထုတ်ခွင့်ပြုသည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခြင်းသည် ဒေါ်အေးကျော့နုမှ မှတ်ပုံတင်ထားသော ROLEX HAIR DRESSING ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ကို ထိခိုက်စေကြောင်း၊ အလှကုန် ပစ္စည်းထုတ်လုပ်ရန် အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင် လက်မှတ်ကို သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ခြင်းသည် ယင်းအလှကုန်ပစ္စည်း၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြယ်စေခြင်းမရှိကြောင်း၊ တရားပြိုင်များသည် တရားလို၏ ကုန်အမှတ်တံဆိပ်ကို အသုံးပြုပြီး ဖြန့်ဖြူး ရောင်းချသဖြင့် တရားလို၏ အကျိုးစီးပွားနစ်နာမှုရှိ ကြောင်း သုံးသပ်၍ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၅၄ အရ ထာဝရတားဝရမ်းခွင့်ပြုခဲ့ခြင်းမှာ ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း မှားယွင်းခြင်း မရှိကြောင်း ဆုံးဖြတ်ထားသည်ကို တင်ပြ အပ်ပါသည်။12
ကုန်အမှတ်တံဆိပ်ကို အတုပြုလုပ်ခြင်းကြောင့် စွဲဆို သည့် အမှုအတောအတွင်း ယာယီအားဖြင့် အမိန့်ကို လျှောက်ထားသူအား ထုတ်မပေးခြင်းကြောင့် ၎င်းအတွက် နစ်နာဆုံးရှုံးမှုမှာ ငွေကြေးဖြင့် တွက်ချက်လျော်ကြေး ပေးရန် မဖြစ်နိုင်သည့်နစ်နာမှုမျိုး ဖြစ်စေနိုင်ကြောင်း၊ ယာယီတားမြစ်မိန့်ကို ထုတ်ပေးမှသာလျှင် တရားမျှတ မှုရှိနိုင်မည်ဖြစ်သည်။13
ယာယီတားဝရမ်းထုတ်ပေးရန် စဉ်းစားရာတွင် ဥပဒေသ ၃ ရပ်ကို မူတည်၍ စဉ်းစားခဲ့သည်။ ၎င်းတို့မှာ (၁)တရားစွဲဆိုသော အမှုသည် သာမန်အမြင်အားဖြင့် အခြေခံရှိ မရှိ၊ (၂) အမှုဖြစ်သည့် ပဋိညာဉ်ကို တရားခံက ဖောက်ဖျက်သောကြောင့် တရားလိုတွင် ကျရောက်အပ် သော ဆုံးရှုံးနစ်နာမှုသည် ငွေကြေးဖြင့် ပေးလျော်၍ မရကောင်းသော အကျိုးဆုံးရှုံးနစ်နာမှုဟုတ် မဟုတ်၊ (၃) ယာယီတားဝရမ်းကို ထုတ်ပေးသောကြောင့်လည်းကောင်း၊ ထုတ်မပေးသောကြောင့်လည်းကောင်း၊ တရားလို တရားခံ တို့အနက် မည်သူ့အား ပိုမို၍ နစ်နာဆုံးရှုံးစေမည်ကို ချိန်ဆရခြင်းတို့ပင် ဖြစ်သည်။14
တရားလိုစွဲဆိုသော အမှုသည် အခြေအမြစ်ရှိပါက ထာဝရတားဝရမ်း မထုတ်ပေးမီ အမှုအတောအတွင်း ယာယီတားဝရမ်းကို ထုတ်ပေးသည့် သာဓကရှိသည်။ ယာယီတားဝရမ်း ထုတ်ပေး သင့်၊ မသင့် စဉ်းစားရာ၌ မူပိုင်တံဆိပ်ကိစ္စ၊ ဆင်တူယိုးမှားတုပခြင်းတို့ကို ကြိုတင်၍ ဆုံးဖြတ်ရန် မလိုအပ်ပေ။ တရားလိုစွဲဆိုသည့်အမှုသည် အခြေအမြစ် ရှိ မရှိကိုသာ စဉ်းစားဆင်ခြင်ရန် လိုပေသည်။ အမှုတွင် တရားပြိုင်သည် ဆင်တူယိုးမှားကုန်အမှတ် တံဆိပ်ဖြင့် တရားလို၏ ကုန်အမှတ်ကိုတုပပြီး ဆေးသနပ် ခါးများ ထုတ်လုပ်ရောင်းချနေသည်ဟု အမြင်အားဖြင့် ယူဆနိုင်အောင် တရားပြိုင်အသုံးပြုသည့် ဆေးညွှန်း စာရွက်၊ ဆေးသနပ်ခါးထည့်၍ရောင်းချသော ဂျပ်ဘူးပါ ကုန်အမှတ်တံဆိပ် ပလတ်စတစ်ဘူးတို့ကို တရားလို အသုံးပြုသည့်ပစ္စည်းများနှင့် နှိုင်းယှဉ်တင်ပြထားသည် ဖြစ်ရာ တရားလိုတို့စွဲဆိုသောအမှုသည် အခြေအမြစ်ရှိ ကြောင်း ပေါ်ပေါက်၍ ယာယီတားဝရမ်းထုတ်ဆင့်ပေး သင့်ပေသည်။15
လေ့ကျင့်ခန်းစာအုပ်များနှင့်စပ်လျဉ်း၍ ကုန်တံဆိပ် ကိုအသုံးပြုရန် တသီးတခြားရရှိသော အခွင့်အရေးသည် အရပ်ရပ်သော စာရေးကိရိယာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ထိုတံဆိပ်ကို တစ်ဦးတည်း သုံးစွဲခွင့်ရရှိစေခြင်းမရှိ။ ကုန်စည်အမျိုးအစား သို့မဟုတ် အတန်းအစားကို ပဓာန မထားဘဲ တစ်ဦးတစ်ယောက်သည် ကုန်အမည်တစ်ခုခုကို တစ်ဦးတည်း သုံးစွဲခွင့် မရရှိနိုင်။ တစ်စုံတစ်ခုသော ကုန်စည်နှင့် စပ်လျဉ်းသည့် ကုန်တံဆိပ်ပိုင်ရှင်သည် အမျိုးအစားအားဖြင့် လုံးဝကွဲခြားသော ကုန်စည်နှင့် စပ်လျဉ်း၍ အဆိုပါ ကုန်တံဆိပ်ကို အသုံးမပြုရန် တားဆီး ပိတ်ပင်ခွင့်မရှိ။ သို့ဖြစ်ရာ ဝီစကီများကို "Johnnie Walker" စာလုံးများနှင့် လမ်းလျှောက်နေသော လူပုံပါ သော တံဆိပ်ဖြင့် ရောင်းချသူသည် အားတိုးဆေးပုလင်း များတွင် အလားတူလမ်းလျှောက်နေသော လူပုံနှင့် "Burmese Johnnie Walker" အမည်ဖြင့် ရောင်းချခြင်းကို တားဆီးပိတ်ပင်ခြင်းမပြုနိုင်။16
ပထဝီဆိုင်ရာအမည်များသည် ကုန်စည်များ၏ မူလ ဇာစ်မြစ်နှင့် အဆက်အစပ်မရှိသဖြင့် ထုတ်လုပ်ရာအရပ်ကို ညွှန်ပြခြင်းမပြုလျှင် အမှန်စင်စစ်သိသာကွဲပြားသော အမည်ဖြစ်သည်။ သို့ဖြစ်ရာ "Rangoon Optical Works" ကုန်တံဆိပ်ကို ပိုင်ဆိုင်ခွင့် ရရှိသည်။17
တရားစီရင်ထုံးဟူသည် မှန်ကန်မျှတ၍ တရား ဥပဒေနှင့်ညီညွတ်မှသာလျှင် လမ်းညွှန်မှုတစ်ရပ်ဖြစ်နိုင် သဖြင့်18 တည်ဆဲဥပဒေများနှင့် ညီညွတ်သမျှ အသုံးပြု နိုင်စေရန် စီရင်ထုံးများပါ လမ်းညွှန်ဆုံးဖြတ်ချက်များကို ထည့်သွင်းဖော်ပြထားပါသည်။
အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးကို ထိပါး ချိုးဖောက်မှုများသည် အစိုးရဌာနနှင့် တရားဝင်ဖွဲ့စည်း ထားသော အဖွဲ့အစည်းတစ်ခုခုက စီးပွားရေးအလို့ငှာ မဟုတ်ဘဲ နိုင်ငံတော်၏ အရေးပေါ်အခြေအနေနှင့် အများ ပြည်သူ ဘေးအန္တရာယ်ကိစ္စများတွင် အမှတ်တံဆိပ်ပါရှိ သည့် ကုန်ပစ္စည်းတစ်ခုခုကို အများပြည်သူအကျိုးငှာ အသုံးပြုခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရကြောင်း ခြွင်းချက် ပြုထားသည်ကို တွေ့ရပါသည်။19
အမှတ်တံဆိပ်ပိုင်ရှင်မဟုတ်သော အခြားသူတစ်ဦးက ယင်းအမှတ်တံဆိပ်ပိုင်ရှင်၏ သဘောတူခွင့်ပြုချက်မပါဘဲ ပုဒ်မ ၃၈ ပါ အခွင့်အရေးတစ်ရပ်ရပ်ကို နိုင်ငံတော်တွင် ကျင့်သုံးဆောင်ရွက်ပါက ဤဥပဒေအရ အကာအကွယ် ပေးထားသော အမှတ်တံဆိပ်ကို ချိုးဖောက်သည်ဟု မှတ်ယူရမည်ဖြစ်သည်။20
ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ထပ်တူ သို့မဟုတ် အလားတူ မှတ်ပုံမတင်ထားသည့် ကျော်ကြားသောအမှတ် တံဆိပ်သင်္ကေတတစ်ခုအား ခွင့်ပြုချက်မရဘဲ အသုံးပြု ခြင်းသည် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေ နိုင်သည်ဟု မှတ်ယူရမည်လည်း ဖြစ်သည်။21
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးရရှိသူသည် နစ်နာမှုအတွက် တရားမကြောင်းအရ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ-၇၉ နှင့် ၈၀ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ ယာယီအရေးယူဆောင်ရွက်သည့် အမိန့်ချမှတ်ပေးရန်မူပိုင်ခွင့်တရားရုံးတွင် တရားမအထွေထွေမှု လျှောက်ထား နိုင်သည်။22
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် အခွင့်အရေးရရှိသူသည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ အရေးယူပေးရန် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင် သည်။23
မှတ်ပုံတင်အရာရှိသည် (က) အကျိုးသက်ဆိုင်သူ တစ်ဦးဦး၏ လျှောက်ထားချက်အရ ပုဒ်မ-၂၊ ပုဒ်မခွဲ(ည)ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီသော အမှတ် တံဆိပ်ဖြစ်ကြောင်း သို့မဟုတ် ပုဒ်မ ၁၃ ပါ ငြင်းပယ်ရန် ခိုင်လုံသည့် အကြောင်းပြချက်တစ်ရပ်ရပ်ကြောင့် မှတ်ပုံ တင်ခွင့်မရရှိသင့်သည့် အမှတ်တံဆိပ်ဖြစ်ကြောင်း အထောက်အထားခိုင်လုံလျှင် (ခ) အကျိုးသက်ဆိုင်သူ တစ်ဦးဦး၏ လျှောက်ထားချက်အရ ပုဒ်မ ၁၄ ပါ ငြင်းပယ် ရန် ဆက်စပ်သော အကြောင်းပြချက်တစ်ရပ်ရပ်ကြောင့် မှတ်ပုံတင်ခွင့်မရရှိသင့်သည့် အမှတ်တံဆိပ်ဖြစ်ကြောင်း အထောက်အထားခိုင်လုံလျှင် (ဂ) အမှတ်တံဆိပ်မှတ်ပုံ တင်ခြင်းကို တရားမဝင်ကြောင်း ကြေညာပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ အပြီးသတ် ဆုံးဖြတ်ချက် သို့မဟုတ် စီရင်ချက်တို့ကို လက်ခံရရှိလျှင် ကုန်အမှတ်တံဆိပ်ဥပဒေပုဒ်မ-၅၀(က)/(ခ)/(ဂ) တို့အရ တရားမဝင်ကြောင်း ကြေညာရမည်ဖြစ်သည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက် များကို သိရှိလိုက်နာခြင်းဖြင့် အမှတ်တံဆိပ်ကို အကာ အကွယ်ပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့် အရေးရရှိသူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေး နိုင်ရန်၊ အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ စျေးကွက်သို့ ဝင်ရောက်လာမှုကို ဟန့်တားနိုင်ခြင်း အားဖြင့် မျှတသော စျေးကွက်ယှဉ်ပြိုင်မှုစနစ်ကို တည်ဆောက်ရန်နှင့် အများပြည်သူအတွက် ဘေးကင်း လုံခြုံသော ပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးနိုင်ရန်၊ ဒေသဆိုင်ရာ အညွှန်းကို အကာအကွယ်ပေးခြင်းဖြင့် နိုင်ငံတော်မှထွက်ရှိသော ဒေသထုတ်ကုန်များ၏ အရည် အသွေးများကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာစျေး ကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းဖြင့် ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဟူသော ဥပဒေ၏ ရည်ရွယ်ချက်ကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အလွယ်တကူ လေ့လာ မှုပြုနိုင်စေရန် ကောက်နုတ်တင်ပြအပ်ပါသည်။

၁။ ဦးကျော်နှင့် ဦးဘအေးအမှု၊ ၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၈၇ (ရုံးချုပ်)
၂။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ - ၂(ဋ)
၃။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ - ၂(တ)
၄။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ - ၃၈
၅။ ဦးချစ်ဆွေနှင့်မသန်းပါ ၄၊ ၁၉၅၈ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး (တရားလွှတ်တော်)စာမျက်နှာ-၃၇၇၊ ဂေါ်ကန်လိုင်းနှင့် စောကျုံ ဆိုင်း၊ ၁၉၃၉ ခုနှစ်၊ ရန်ကုန် ၄၈၈ (စုံညီ)
၆။ ၁၉၆၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ-၁၃၆
၇။ အောင်ဂွမ်းချွမ်း(ခ)အောင်ချွမ်းပါ၂ နှင့် ဘီ၊ ဝိုင်၊ စီ ဆပ်ပြာအလုပ်ရုံ၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ- ၁၀၃၈
၈။ မောင်ထွန်းလှိုင်နှင့် ဒေါ်ခင်သန်း၊ ၁၉၆၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက် နှာ-၁၆၈
၉။ ဦးမောင်မောင်(ခ)အလီဘိုင်နှင့် ဒေါ်ခင်သန်းမြင့် အမှု၊ ၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၇၂
၁၀။ ဂေါ်ရွှမ်းဆွတ်နှင့် အီး၊ စီ၊ မဒါး ဘရားသား(စ်)အမှု၊ ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး(တရား လွှတ်တော်)၊ စာမျက်နှာ-၁၃၆
၁၁။ ဆရာဦးညိုစိမ့်နှင့် ဆရာရှိန်အမှု၊ ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၁၃၄
၁၂။ ဦးကျော်ကျော်ဝင်းပါ ၃ နှင့် ဦးမျိုးသန်းဝင်းအမှု (ပြည်ထောင်စုတရားလွှတ်တော်ချုပ်)၊ ၂၀၁၉ ခုနှစ်၊ တရားမအထူးအယူခံမှုအမှတ် ၉၁
၁၃။ ဦးမောင်မောင်(ခ)အလီဘိုင်နှင့် ဒေါ်ခင်သန်း မြင့်အမှု၊ ၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၇၂
၁၄။ ဦးအောင်နှင့် သာဓုဖလင်ပရိုဒတ်ရှင်းအမှု၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁၁၂၂
၁၅။ ဦးတင်လတ်(ခ) ဦးစိုင်းလတ်ပါ ၂ နှင့် ဦးကျော်ငြိမ်း၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၂၁၆
၁၆။ ဂျွန်နီဝါကားနှင့် သားများလီမိတက်နှင့် ဦးသန်း ရွှေ၊ ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၇၃
၁၇။ ကိုမောင်ငွေနှင့် မစ္စတာ ဘီ၊ လား(လ်)၊ ၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး (တရား ရုံးချုပ်) စာမျက်နှာ-၉၃
၁၈။ ဦးထွန်းပါ ၂ နှင့် ဒေါ်သိန်းပါ ၂ အမှု၊ ၁၉၇၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ - ၈၃
၁၉။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ-၁၀၂
၂၀။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ-၇၈(က)
၂၁။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ-၇၈(ခ)
၂၂။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ-၇၇(က)
၂၃။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ-၇၇(ခ)

Log in or register to post comments
သတင်း

ဆောင်းပါး

အယ်ဒီတာ့အာဘော်

ကြေညာချက်/အမိန့်များ

ဓာတ်ပုံ

Copyright © 2020. All rights reserved.
News and Periodical Enterprise

Trademark Registration Procedure.
29/12/2020

Trademark Registration Procedure.

Changing From First to Use System to First to File System.
29/12/2020

Changing From First to Use System to First to File System.

12/12/2020

# ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၏ အခွင့်အရေးများ

လူကြီးမင်းတို့၏ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ပြီးပါက အမှတ်အသား မှတ်ပုံတင်ထားသောကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများနှင့် ပတ်သက်၍ ကုန်အမှတ်တံဆိပ်ကိုအသုံးပြုရန် အထူးအခွင့်အရေးရရှိမည်ဖြစ်ပါသည်။ အခြားသူတစ်ဦးတစ်ယောက်သည် ကုန်အမှတ်တံဆိပ်ကို လူကြီးမင်း၏ သဘောတူခွင့်ပြုချက်မရှိပဲ ထပ်တူညီသော သို့မဟုတ် အလားတူကုန်ပစ္စည်းများ သို့မဟုတ် ၀ န်ဆောင်မှုများနှင့်စပ်လျဉ်းပြီး အသုံးပြုပါက အမှတ်အသားကိုဖောက်ဖျက်ခြင်းအတွက် တာ၀န်ရှိသဖြင့် လူကြီးမင်းသည် တရား၀င်အရေးယူပြီး ပျက်စီးဆုံးရှုံးမှုများအတွက် ဥပဒေအရ တရားစွဲတောင်းဆိုနိုင်မည်ဖြစ်ပါသည်။

****************

# The Rights of Trademark Registration

When you have registered your trade mark, you have the exclusive right to use the trade mark in relation to the goods and services for which the mark is registered. If any other third party uses your trade mark in relation to the same or similar goods or services without your consent, they may be liable for infringement of your mark. You may take legal action and claim for damages.

Address

Yangon
11401

Telephone

+959987878143

Website

Alerts

Be the first to know and let us send you an email when Htun Myittar Legal Affairs Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Htun Myittar Legal Affairs Services:

Share