Lawyer Maythu

Lawyer Maythu စာချုပ်စာတမ်းနှင့် ဥပဒေအကြံပေးရှေ့နေ�
09-400988608/09-782760725
(Yangon)

"နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်းကတိစာချုပ်"ပြုလုပ်ဖို့ ဘာတွေလိုအပ်လဲ🤵👰နှစ်ဦးစလုံးဗုဒ္ဓဘာသာဝင်တွေဖြစ်ရပါမယ်အိမ်ထောင်မ...
03/06/2026

"နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်းကတိစာချုပ်"
ပြုလုပ်ဖို့ ဘာတွေလိုအပ်လဲ🤵👰

နှစ်ဦးစလုံးဗုဒ္ဓဘာသာဝင်တွေဖြစ်ရပါမယ်
အိမ်ထောင်မရှိ လူပျိုလူလွတ်ဖြစ်ရပါမယ်(အိမ်ထောင်ကျဖူးသူဖြစ်ပါက ယခင်အိမ်ထောင်နှင့် တရားဝင်ကွာရှင်းစာချုပ်ရှိရပါမယ်)

သတို့သား အသက်(၁၈)နှစ်၊ သတို့သမီး အသက်(၂၀)ပြည့်ရပါမယ် (အသက်၂၀မပြည့်ရင် မိဘအုပ်ထိန်းသူခွင့်ပြုချက်လိုပါမယ်)

သတို့သား သတို့သမီးတို့၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်းနှင့် မိတ္တူ

အသက်(၁၈)နှစ်ပြည့်ပြီးသည့် အသိသက်သေနှစ်ဦး
ပါရှိရပါမယ်
အသိသက်သေနှစ်ဦးရဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား
မူရင်းနှင့် မိတ္တူ လိုပါမယ်

တံဆိပ်ခေါင်းအနည်းဆုံး၂၅၀ကျပ်တန်ပါ လက်ထပ်စာချုပ် တစ်စုံ

လက်ထပ်စာချုပ်မှာ ပါရှိတဲ့အချက်တွေကို မှန်ကန်ကြောင်း ကိုယ်တိုင်ဝန်ခံကတိပြုရပါမယ်

゚ #🖤🖤🖤

သက်သေတွေရှေ့မှာ လက်မှတ်ထိုးထားရုံနဲ့ စာချုပ်က ပြည့်စုံပြီလို့ သင်ထင်ပါသလား???စာချုပ်တစ်စောင်မှာ အရေးကြီးဆုံးက ဘာ???စာချု...
02/06/2026

သက်သေတွေရှေ့မှာ လက်မှတ်ထိုးထားရုံနဲ့ စာချုပ်က ပြည့်စုံပြီလို့ သင်ထင်ပါသလား???

စာချုပ်တစ်စောင်မှာ အရေးကြီးဆုံးက ဘာ???

စာချုပ်တစ်စောင်မှာ အရေးကြီးဆုံးက
Terms and Conditions ပါ👍👍👍

စာချုပ်တစ်စောင်မှာ ရောင်းသူနဲ့ ဝယ်သူရဲ့ သဘောတူညီချက်တွေကို တိကျရှင်းလင်းစွာဖော်ပြထားဖို့လိုပါတယ်

ဘယ်နေ့မှာ
ဘယ်သူက ဘယ်သူ့ကိုရောင်းတာလဲ
ဘာပစ္စည်းကိုရောင်းတာလဲ
စျေးနှုန်းဘယ်လောက်လဲ
ငွေပေးချေမှု အချိန်၊ ပုံစံ
ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းပုံစံ
စာချုပ်ဖောက်ဖျက်ရင် ဘယ်လိုတာဝန်ယူမလဲ
စတဲ့အချက်တွေကို တိကျရှင်းလင်းစွာဖော်ပြထားဖို့လိုပါတယ်

မရှင်းလင်းတဲ့စာချုပ်တစ်စောင်ဟာ နောင်တစ်ချိန်မှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်❌❌❌

စာချုပ်တစ်စောင်ဖြစ်လာဖို့အတွက်
(1)ပဋိညာဉ်ဥပဒေ
(2)ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ
(3)စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ
(4)တံဆိပ်ခေါင်းခွန်အက်ဥပဒေ..........
တွေကိုလည်း သိထားသင့်ပါတယ်

#ငွေကြေးလိမ်လည်မှု #ကလေးအုပ်ထိန်းခွင့် #အမွေမှုများ

“မူးယစ်ဆေးဝါး” ဆိုတာ ခဏတာပျော်ရွှင်မှုတစ်ခုပေးနိုင်ပေမဲ့........လူတစ်ယောက်ရဲ့ အနာဂတ်၊ မိသားစုဘဝနဲ့ ကျန်းမာရေး၊စီးပွား​ရေ...
29/05/2026

“မူးယစ်ဆေးဝါး” ဆိုတာ
ခဏတာပျော်ရွှင်မှုတစ်ခုပေးနိုင်ပေမဲ့........

လူတစ်ယောက်ရဲ့
အနာဂတ်၊ မိသားစုဘဝနဲ့
ကျန်းမာရေး၊စီးပွား​ရေးတွေကို
ထိခိုက်ပျက်စီးစေနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

လူငယ်အချို့ဟာ သူငယ်ချင်းအပေါင်းအသင်းကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ curiosity ကြောင့် စမ်းသပ်သုံးစွဲမိတတ်ကြပါတယ်။

ဒါပေမဲ့ “တစ်ခါလောက်ပဲ” ဆိုတဲ့
အတွေးကနေ စပြီး ဘဝတစ်ခုလုံး
ပြောင်းလဲသွားနိုင်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး —
လက်ဝယ်တွေ့ရှိခြင်း🚫
သယ်ဆောင်ခြင်း🚫
ရောင်းဝယ်ဖြန့်ဖြူးခြင်း🚫
သုံးစွဲခြင်းတို့ဟာ 🚫
ဥပဒေအရ အရေးယူခံရနိုင်တဲ့ ပြစ်မှုများဖြစ်ပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ
မကောင်းတဲ့အပေါင်းအသင်းကို သတိထားဖို့လိုပါတယ်။
သူငယ်ချင်းကောင်းတစ်ယောက်ဟာ ကိုယ့်ဘဝကို တိုးတက်စေပြီး
မကောင်းတဲ့အပေါင်းအသင်းကတော့ လမ်းမှားပေါ်ရောက်စေနိုင်ပါတယ်။

“မူးယစ်ဆေးဝါးကို ဝေးဝေးရှောင်ပါ
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ကာကွယ်ပါ”


ကွာရှင်းပြီးရင် ကလေးကို ဘယ်သူခေါ်သွားခွင့်ရှိလဲ???ကလေးအုပ်ထိန်းခွင့်ဆိုတာ ငွေပိုရှိတဲ့သူကို ပေးတာမဟုတ်ပါဘူး❌❌❌မြန်မာနိုင...
17/05/2026

ကွာရှင်းပြီးရင် ကလေးကို ဘယ်သူခေါ်သွားခွင့်ရှိလဲ???

ကလေးအုပ်ထိန်းခွင့်ဆိုတာ
ငွေပိုရှိတဲ့သူကို ပေးတာမဟုတ်ပါဘူး❌❌❌

မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လာရင် မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများဥပဒေများနှင့်အညီ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်

တရားရုံးတွေအနေနဲ့ကလည်း 🏛🏛🏛
📌ကလေးရဲ့အသက်
(ရင်ခွင်ပိုက်အရွယ်ဆိုရင် မိခင်ကိုသာလျှင် အုပ်ထိန်းခွင့်ပေးတာ များပါတယ်)
📌ကလေးအတွက် ပိုမိုကောင်းမွန်တဲ့စောင့်ရှောက်မှု
📌ကလေးရဲ့ ပညာရေး၊ ကျန်းမာရေး
📌မိဘနှစ်ပါးရဲ့ အပြုအမူ၊ အကျင့်စာရိတ္တ
📌ကလေးနေထိုင်ကြီးပြင်းရမဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း
📌ကလေးရဲ့ဆန္ဒ
စတဲ့အချက်တွေပေါ်မူတည်ပြီး ကလေးရဲ့အကျိုးဆန္ဒအကောင်းမွန်ဆုံးဖြစ်စေမဲ့သူကိုသာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ကလေးအုပ်ထိန်းခွင့်ကို ပေးတာဖြစ်ပါတယ်👍👍👍

🚫အထူးသတိပြုရမှာက🚫🚫🚫
အုပ်ထိန်းခွင့်ပဲပေးတာဖြစ်တဲ့အတွက် အုပ်ထိန်းခွင့်မရသူကို ရုံးတော်ကသတ်မှတ်ပေးထားတဲ့အချိန်တွေမှာ ကလေးနဲ့ တွေ့ခွင့်ပြုရမှာဖြစ်ပါတယ်
ငါအုပ်ထိန်းခွင့်ရသွားလို့ နင်လာတွေ့စရာမလိုဘူးဆိုပြီး လုပ်လို့မရပါဘူး❌❌❌

#ကလေးအုပ်ထိန်းခွင့်


Shout out to my newest followers! Excited to have you onboard! Mg Chit, Yuu Par
17/05/2026

Shout out to my newest followers! Excited to have you onboard! Mg Chit, Yuu Par

သားသမီးတစ်ယောက်တည်း အမွေအားလုံးရမလား?ငါ့သမီးလေးတစ်ယောက်ထဲကို အကုန်ပေးခဲ့လို့ရမလား?🚫🚫🚫မရပါမိဘပိုင်ပစ္စည်းဆိုတိုင်း တစ်ယော...
14/05/2026

သားသမီးတစ်ယောက်တည်း အမွေအားလုံးရမလား?
ငါ့သမီးလေးတစ်ယောက်ထဲကို အကုန်ပေးခဲ့လို့ရမလား?

🚫🚫🚫မရပါ
မိဘပိုင်ပစ္စည်းဆိုတိုင်း တစ်ယောက်ထဲယူလို့မရပါဘူး

ဥပဒေမှာ အမွေဆက်ခံခွင့်ရှိသူများကို အဆင့်လိုက်သတ်မှတ်ထားပေးပြီးသားပါ

နားမလည်ဘဲ စာချုပ်ပေါ် လက်မှတ်ထိုးမိရင် နောက်ပိုင်း ပြဿနာကြီးဖြစ်နိုင်ပြီး၊ နစ်နာမှုရှိနိုင်ပါတယ်။

#အမွေမှုများ

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း
14/05/2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း

📌📌📌 ယုံကြည်မှုကိုအသုံးချပြီး ငွေလိမ်သွားတာဥပဒေအရ အရေးယူလို့ရပါတယ်ယခုခေတ်မှာ online shop/  money transfer / investment / ...
07/05/2026

📌📌📌 ယုံကြည်မှုကိုအသုံးချပြီး ငွေလိမ်သွားတာ
ဥပဒေအရ အရေးယူလို့ရပါတယ်

ယခုခေတ်မှာ online shop/ money transfer / investment / loan services ဆိုပြီး လူယုံကြည်အောင်ပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများ များပြားလာပါတယ်
🤝🤝🤝 မိတ်ဆွေ၊သူငယ်ချင်း အချင်းချင်းမှလဲ
📌"ခဏပေးထားပါ"
📌"အမြတ်ပေးပါ့မယ်"
📌"အတိုးပေးပါ့မယ်"
📌"၁လထဲ သုံးပါ့မယ်"ဆိုတဲ့ စကားတွေအောက်မှာ
နစ်နာသူတွေများစွာ ရှိနေပါတယ်

📌ငွေကြေးလိမ်လည်မှုဆိုတာ
တမင်လှည့်ဖျားပြီး တစ်ဖက်သူရဲ့ ငွေ၊ ပစ္စည်း၊ ယုံကြည်မှုကို ရယူသွားခြင်းဖြစ်ပါတယ်။

📌 အဲ့လိုတွေကြုံလာခဲ့ပြီဆိုရင်
စာချုပ်စာတမ်း မချုပ်ထားပေမဲ့လည်း
သက်သေတွေ၊ ငွေလွှဲမှတ်တမ်းတွေ၊ စကားပြောထားတဲ့ screenshots တွေရှိတာနဲ့ အမှုဖွင့်တိုင်ကြားအရေးယူနိုင်ပါတယ်

📌အဲ့လိုလူတွေအတွက်လည်း ဥပဒေက ပြစ်ဒဏ်တွေအသီးသီး ပြဠာန်းချမှတ်ထားပြီးသားပါ။

📌ကိုယ်ရဲ့အခြေအနေက
တရားမကြောင်းအရ ငွေရလိုမှုတရားစွဲနိုင်လား
ရာဇဝတ်ကြောင်းအရ ပြစ်ဒဏ်ပေးရန် တရားစွဲဆိုရမလားဆိုတာကတော့ နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေးပါ

ကိုယ်ချေးလိုက်တဲ့ငွေက "နည်းနည်းလေးဆိုပြီး၊ပြန်မရနိုင်လောက်ပါဘူးဆိုပြီး" လျော့မတွက်လိုက်ပါနဲ့
တရားဥပဒေက နစ်နာသူဘက်က ကာကွယ်ပေးဖို့ရှိနေပါတယ်👍👍👍

#ငွေကြေးလိမ်လည်မှု #🖤🖤🖤

21/10/2025

မင်္ဂလာမောင်မယ်များအတွက်
🤵👰

21/10/2025

Address

Twante

Telephone

+959400988608

Website

Alerts

Be the first to know and let us send you an email when Lawyer Maythu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lawyer Maythu:

Share

Category