29/06/2026
IBJ Myanmar (ဘားအံစင်တာ) တွင် ဘဏ္ဍာနှင့်စီမံရေးရာ အရာရှိ (၁) ဦးကို ခေါ်ယူလျက်ရှိပါသည်။ ဥပဒေအထောက်အကူပြုလုပ်ငန်းများဖြင့်အကျိုးပြုခြင်းကိုစိတ်ပါဝင်စားပြီး၊ ဘဏ္ဍာရေးနှင့် စီမံရေးရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသူများအတွက် သင့်တော်သော အလုပ်အကိုင်အခွင့်အရေးတစ်ရပ်ဖြစ်မည်ဟု IBJ Myanmar မှယုံကြည်ပါသည်။
IBJ Myanmar သည် တန်းတူအခွင့်အရေးများ၊ တက်ကြွသော လုပ်ငန်းပတ်ဝန်းကျင်၊ အပြန်အလှန် လေးစားသင်ယူမှုတို့ကို တန်ဖိုးထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ထို့ကြောင့် လုပ်ငန်း၏ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသော လူငယ်များ၊ လူနည်းစုအုပ်စုဝင်များနှင့် အမျိုးသမီးများအနေဖြင့် အလုပ်ခေါ်စာတွင် ပါဝင်လျှောက်ထားရန် အထူး တိုက်တွန်းလိုပါသည်။
လေ့လာလျှောက်ထားလိုပါက - https://bit.ly/3T7DIAt