Taunggyi University Law Students' Assocaition

Taunggyi University Law Students' Assocaition TULSAforAll

19/02/2022

Greetings from ALSA Myanmar 🇲🇲

3rd Philip C. Jessup International Law Moot Court Competition (Myanmar National Round) ဟာ ယနေ့ ‌February 19 ရက် (Saturday), 2022 မှာ စတင်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။

Jessup ဆိုတာကတော့ reputation ကြီးမားပြီး အပြိုင်အဆိုင်ပြင်းထန်တဲ့ Moot Court Competition တစ်ခုပဲဖြစ်ပါတယ်။ ယခု National Round မှာ အနိုင်ရရှိတဲ့ team က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံပေါင်း 90 ကျော်မှ team များနှင့်အတူ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ဂုဏ်ယူဖွယ်ကောင်းတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။

ယနေ့မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် Participants များအားလုံး Good Luck ပါလို့ ALSA Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ။ ✨

Thank you for your attention!



☝️
🇲🇲

ယနေ့မျက်မှောက် ခေတ်ကာလမှာ တစ်လင်တစ်မယားစနစ်ဆိုပေမယ့် တစ်လင်တစ်မယားစနစ်မတိုင်မီ မယားနှစ်ယောက်နှင့် လင်ကွာရှင်းချိန် ပစ္စည...
09/01/2022

ယနေ့မျက်မှောက် ခေတ်ကာလမှာ တစ်လင်တစ်မယားစနစ်ဆိုပေမယ့် တစ်လင်တစ်မယားစနစ်မတိုင်မီ မယားနှစ်ယောက်နှင့် လင်ကွာရှင်းချိန် ပစ္စည်းခွဲဝေရေး အကြောင်းကို သိကြပါသလား။ ဒါဆိုရင်တော့ ကျနော်တို့TULSA ကနေ ဒီအကြောင်းအရာလေးကို ပြောပြပေးသွားမှာပါ...

၁။ ပထမ မယားနှင့်ရစဉ်လင်၌ပါလာသောပါရင်းပစ္စည်း ၎င်းပစ္စည်းကို ကိုးပုံပုံပြီး ပထမ မယားကသုံးပုံ၊ ဒုတိယမယားက နှစ်ပုံရထိုက်သည်။လင်က ကျန်လေးပုံရထိုက်သည်။
၂။ ပထမမယားနှင့်နေစဉ် လင်အမွေရသည့်ပစ္စည်းတွင်
လည်း ကိုးပုံပုံပြီး ပထမ မယားကသုံးပုံ ၊ ဒုတိယမယားက နှစ်ပုံ၊လင်ကလေးပုံ ရထိုက်သည်။

၃။ ပထမမယားနှင့်နေစဉ် လင်မယားနှစ်ဦးကြိုးပမ်းရရှိသော ပစ္စည်းတွင်၎င်းပစ္စည်းကိုခြောက်ပုံပုံပြီး ပထမမယားကသုံးပုံ၊ဒုတိယမယားက တစ်ပုံနှင့် လင်ကနှစ်ပုံရထိုက်သည်။

၄။ ဒုတိယမယားနှင့် ထိမ်းမြားပြီး မယားနှစ်ယောက်နှင့် နေစဉ် လင်အမွေရပစ္စည်းတွင် ၎င်းပစ္စည်းကိုလေးပုံပုံပြီး လင်ကနှစ်ပုံရထိုက်သည်။ပထမမယားနှင့် ဒုတိယမယားတို့က တစ်ပုံစီရသည် ။တနည်းအားဖြင့်ဆိုသော် လင်၏ဝေစုသည် မယားနှစ်ယောက်ပေါင်းဝေစုနှင့် အညီအမျှဖြစ်သည်။

၅။ မယားနှစ်ယောက်စလုံးနှင့်အကြောင်းပါပြီးနောက် လင်နှင့်မယားနှစ်ယောက်တို့ အတူ ကြိုးပမ်း၍ ရရှိသောပစ္စည်းတွင် ၎င်းပစ္စည်းကို သုံးပုံပုံပြီး၊ပထမမယားကတစ်ပုံ၊ ဒုတိယမယားက တစ်ပုံနှင့် လင်ကတစ်ပုံရသည်။
(မောင်ဖိုးညွန့်နှင့် မစောတင် စီရင်ထုံး)


အားလုံးပဲ မင်္ဂလာပါ TULSAမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရှေ့အပတ်ကမေးခွန်းလေးရဲ့ အဖြေကတော့ ဗုဒ္ဓဘာသာ၀င် လူမျိုးများသည် အမွေခ...
14/12/2021

အားလုံးပဲ မင်္ဂလာပါ TULSAမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရှေ့အပတ်ကမေးခွန်းလေးရဲ့ အဖြေကတော့ ဗုဒ္ဓဘာသာ၀င် လူမျိုးများသည် အမွေခွဲ ဝေခွင့်မရှိပါ။

မြန်မာဓလေ့ထုံးတမ်း ဥပဒေ အမွေဆက်ခံရေးဆိုင်ရာအခြေခံမူရင်း(၁)အရ မြန်မာဗုဒ္ဓဘာသာတို့သည် "သေတမ်းစာ"ရေးခွင့်မရှိပေ။သေဆုံးသူ၏အမွေကို သေတမ်းစာမပါဘဲ ဆက်ခံခြင်းဖြစ်သည်။သေတမ်းစာရေးခြင်းကို အသိအမှတ်မ‌ ပြုဟုပြဆိုထားသည်။

ထိုစီရင်ထုံးက "မဘွင့်နှင့်မရင်" SJ .95 စီရင်ထုံးကိုလိုက်နာသည်။

ဒီအပတ်စဉ်မှာ တော့ မြန်မာဗုဒ္ဓဘာသာ၀င်များ သေတမ်းစာ ရေးခွင့်မရှိကြောင်းနဲ့ ပတ်သက်ပီး ဗဟုသုတ တခုတိုးပွားသွားမယ်လို့ မျှော်လင့်မိပါတယ်။ ဖြေဆိုသူ တဦးတ‌စ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်‌။ နောင်လာမယ့် အပတ်တွေမှာ ဘာတွေတင်ဆက်ပေးမလဲဆိုတာကိုလည်း စောင့်မျှော် ပေးကြပါအုံးနော့^^

အဖြေတောင်းပါရစေ!!ကဲ ဘာအဖြေလဲဆိုတော့ Legal Quizeရဲ့အဖြေပါ။ စာဖတ်သူအပေါင်းကနေပြီးတော့ Legal Quizeရဲ့ အဖြေလေးတွေကို postရဲ့...
08/12/2021

အဖြေတောင်းပါရစေ!!

ကဲ ဘာအဖြေလဲဆိုတော့ Legal Quizeရဲ့အဖြေပါ။ စာဖတ်သူအပေါင်းကနေပြီးတော့ Legal Quizeရဲ့ အဖြေလေးတွေကို postရဲ့Commentလေးမှာ ဖြေသွားပေးဖို့တောင်းဆိုပါတယ်။ ကျွန်တော်တို့TULSAကနေပြီး အဖြေမှန်ကို လာမဲ့ ..12ရက်နေ့မှာ ပြန်တင်ပေးပါမယ်ခင်ဗျာ။ အားလုံးဘဲ စိတ်၀င်တစားဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်^^

Reminder for TULSA Officer Applications🥁TULSA အတွက် Officer Position Registration Form ကို ဒီနေ့ည 12နာရီတိတိမှာပိတ်သိမ်း...
24/11/2021

Reminder for TULSA Officer Applications🥁

TULSA အတွက် Officer Position Registration Form ကို ဒီနေ့ည 12နာရီတိတိမှာပိတ်သိမ်းသွားတော့မှာပဲဖြစ်ပါတယ်။

တောင်ကြီးတက္ကသိုလ်က ဉပဒေကျောင်းသူကျောင်းသားများအနေနဲ့ TULSAရဲ့ Officerတစ်ယောက်အနေနဲ့ အတွေ့ကြုံယူချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ position လေးကို လက်မလွှတ်လိုက်ရလေအောင် အခုပဲ အောက်မှာဖော်ပြထားတဲ့ Link လေးမှာ အသေးစိတ်စုံစမ်းပြီး Registration Form လေးကို အမြန်ဆုံး ဖြည့်လိုက်ကြရအောင်နော

🔺 https://docs.google.com/forms/d/e/1FAIpQLSdtTLgsBpAzReSi4fQWBO8K9BB1Kzl-Lbi_R0WS5ikEzVhY1w/viewform

Interview က November လ 28ဖြစ်တဲ့အတွက်
Form ဖြည့်ပြီးတဲ့သူတွေကိုတော့ TULSAကနေ
November 25မှာ Interview အချိန်နဲ့တကွ
zoom linkလေးကို Emailကနေတစ်ဆင့်ပေးပို့မှာဖြစ်လ်ု့ မိမိတို့ရဲ့ mailတွေကို စစ်ဆေးဖို့တ်ိုက်တွန်းလိုက်ရပါတယ် ရှင်💕

Reminder for TULSA Officer Applications🥁TULSA အတွက် Officer Position Registration Form ကို November 24မှာ ပိတ်သိမ်းသွားတ...
19/11/2021

Reminder for TULSA Officer Applications🥁

TULSA အတွက် Officer Position Registration Form ကို November 24မှာ ပိတ်သိမ်းသွားတော့မှာပဲဖြစ်ပါတယ်။

တောင်ကြီးတက္ကသိုလ်က ဉပဒေကျောင်းသူကျောင်းသားများအနေနဲ့ TULSAရဲ့ Officerတစ်ယောက်အနေနဲ့ အတွေ့ကြုံယူချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ position လေးကို လက်မလွှတ်လိုက်ရလေအောင် အခုပဲ အောက်မှာဖော်ပြထားတဲ့ Link လေးမှာ အသေးစိတ်စုံစမ်းပြီး Registration Form လေးကို အမြန်ဆုံး ဖြည့်လိုက်ကြရအောင်နော

🔺 https://docs.google.com/forms/d/e/1FAIpQLSdtTLgsBpAzReSi4fQWBO8K9BB1Kzl-Lbi_R0WS5ikEzVhY1w/viewform

Interview က November လ 28ဖြစ်တဲ့အတွက်
Form ဖြည့်ပြီးတဲ့သူတွေကိုတော့ TULSAကနေ
November 25မှာ Interview အချိန်နဲ့တကွ
zoom linkလေးကို mailကနေတစ်ဆင့်ပေးပို့မှာဖြစ်လ်ု့ မိမိတို့ရဲ့ mailတွေကို စစ်ဆေးဖို့တ်ိုက်တွန်းလိုက်ရပါတယ် ရှင်💕

𝙍𝙚𝙜𝙚𝙞𝙨𝙩𝙧𝙖𝙩𝙞𝙤𝙣 𝙊𝙥𝙚𝙣 𝙉𝙤𝙬 📣📣ဒီနေ့မှာတော့ TULSAရဲ့လစ်လပ်နေတဲ့နေရာအတွက် officerများကို ခေါ်ယူသွားမှာဖြစ်ပါတယ် ။ Department အလ...
05/11/2021

𝙍𝙚𝙜𝙚𝙞𝙨𝙩𝙧𝙖𝙩𝙞𝙤𝙣 𝙊𝙥𝙚𝙣 𝙉𝙤𝙬 📣📣

ဒီနေ့မှာတော့ TULSAရဲ့လစ်လပ်နေတဲ့နေရာအတွက် officerများကို ခေါ်ယူသွားမှာဖြစ်ပါတယ် ။

Department အလိုက်ပုံတွေအောက်က စာလေးတွေကို သေချာဖတ်ပီးစိတ်ဝင်စားတယ်ဆိုရင်တော့ postအောက်က linkလေးမှာအမြန်ဆုံးဝင်လျှောက်လိုက်တော့နော။

Deadline က November 24ဆိုတော့
ဒီကြားထဲ position တွေနဲ့ပက်သက်ပီးမရှင်းတာရှိရင် page cb မှာ သို့မဟုတ် tulsa.taunggyiuniversity.comကို mailပို့ပီး မေးမြန်းနိုင်ပါတယ်💞

https://forms.gle/xQS3Q4JhTU285NGQ9



ယနေ့ကျရောက်တဲ့ ဒီပါဝလီနေ့မှာ ဟိန္ဒူဘာသာဝင်ညီအကိုမောင်နှမအပေါင်းတို့အတွက် ပျော်ရွှင်သော ဒီပါဝလီနေ့ဖြစ်ပါစေကြောင်း TULSAမှ...
04/11/2021

ယနေ့ကျရောက်တဲ့ ဒီပါဝလီနေ့မှာ
ဟိန္ဒူဘာသာဝင်ညီအကိုမောင်နှမအပေါင်းတို့အတွက်
ပျော်ရွှင်သော ဒီပါဝလီနေ့ဖြစ်ပါစေကြောင်း TULSAမှဆုမွန်ကောင်းတောင်းအပ်ပါသည်။




ယနေ့ကျရောက်တဲ့ သီတင်းကျွတ် လပြည့်နေ့အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး ဖက်ဒရယ်ဒီမိုကရေစီဆန...
20/10/2021

ယနေ့ကျရောက်တဲ့ သီတင်းကျွတ်
လပြည့်နေ့အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး ဖက်ဒရယ်ဒီမိုကရေစီဆန္ဒတွေ အမြန်ဆုံး ပြည့်ဝပါစေလို့ မိမိတို့ တောင်ကြီးတက္ကသိုလ်ဥပဒေကျောင်းသားများအဖွဲ့အစည်းမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။



တောင်ကြီးတက္ကသိုလ်ဥပဒေကျောင်းသားများအဖွဲ့အစည်းအရေးပေါ်ကာလဆိုင်ရာကြေညာချက်ကြေညာချက်အမှတ်၃/၂၀၂၁
20/10/2021

တောင်ကြီးတက္ကသိုလ်ဥပဒေကျောင်းသားများအဖွဲ့အစည်း
အရေးပေါ်ကာလဆိုင်ရာကြေညာချက်
ကြေညာချက်အမှတ်၃/၂၀၂၁

03/10/2021

Greetings from ALSA Myanmar 🇲🇲

ALSA Myanmar မှ ကျောင်းသားကျောင်းသူလူငယ်များကို We Talk-Hour ဆိုတဲ့ Program အသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ အဆိုပါ Program လေးကိုတော့ online social audio app တစ်ခုဖြစ်တဲ့ Clubhouse App မှာ ALSA Myanmar မှ ပထမဦးဆုံးအကြိမ်ပြု‌လုပ်ပေးသွားမှာဖြစ်ပြီး Series အလိုက်သွားမှာဖြစ်ပါတယ်။

ဒီ Program ‌မှာ ဘယ်လိုအစီအစဥ်တွေပါမယ်❓ဘာတွေဆွေးနွေးသွားမယ်❓ဆိုတာတွေကိုတော့ အောက်မှာ ဆက်လက်လေ့လာလိုက်ရအောင်။

We Talk-Hour ဆိုတဲ့အတိုင်းပဲ ကျောင်းသား‌ကျောင်းသူလူငယ်များက မိမိတို့ရဲ့အတွေးအမြင်များကို လူငယ်မှလူငယ်သို့ အပြန်အလှန်ဆွေးနွေးနိုင်မှာဖြစ်တယ့်အပြင် ဥပဒေရေးရာအသိပညာများကိုလည်းနှီးနှောဖလှယ်ပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ program လေးတစ်ခုဆိုလည်းမမှားပါဘူးခင်ဗျာ။

ယခုပထမဆုံး Vol 1 အနေနဲ့ အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ Mental Health Crisis Management ဆိုတဲ့ Topic ဖြစ်ပြီး အဆိုပါ Topic အောက်မှာပဲ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းနှင့် အဆိုပါအိမ်တွင်းအကြမ်းဖက်မှုတွေမှာ Victim တွေကို နိုင်ငံတကာကဘယ်လိုမျိုး Healing လုပ်ပေးနေသလဲ၊ ဘယ်လိုမျိုးဥပဒေတွေနဲ့ကာကွယ်ကူညီပေးနေသလဲဆိုတဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားလူငယ်များ‌အနေနဲ့ ယခုဖော်ပြပါအစီအစဉ်လေးကို စိတ်ဝင်စားလို့ ပါဝင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Clubhouse ဆိုတဲ့ Application ကိုစမ်းသပ်ပြီးအသုံးပြုကြည့်ထားကြဖို့လိုပါတယ်ခင်ဗျာ။

အဆိုပါ Program ကိုတော့ October 9 ရက်နေ့ (စနေနေ့) ၊ ည 8 နာရီအချိန်တွင် Clubhouse မှာ ALSA Myanmar မှ Host လုပ်ပေးသွားမှာဖြစ်ပြီး Public ဖွင့်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့် Clubhouse ထဲကိုဝင်၍ Search bar မှာ ALSA Myanmar (ဒါမှမဟုတ်) We Talk-Hour လို့ရှာ‌ဖွေရိုက်နှိပ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

☝️
🇲🇲

တောင်ကြီးတက္ကသိုလ် ဥပဒေကျောင်းသားများ အဖွဲ့အစည်းကြေညာချက်(၂/၂၀၂၁)တောင်ကြီးတက္ကသိုလ် ဥပဒေကျောင်းသားများ အဖွဲ့အစည်းဆိုင်ရာ...
09/09/2021

တောင်ကြီးတက္ကသိုလ် ဥပဒေကျောင်းသားများ အဖွဲ့အစည်းကြေညာချက်(၂/၂၀၂၁)
တောင်ကြီးတက္ကသိုလ် ဥပဒေကျောင်းသားများ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအား ပထမအကြိမ်
ပြင်ဆင်ခြင်း

Address

Taunggyi
140101

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959787264101

Website

Alerts

Be the first to know and let us send you an email when Taunggyi University Law Students' Assocaition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Taunggyi University Law Students' Assocaition:

Share