SHWE ZIN LAW FIRM

SHWE ZIN LAW FIRM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHWE ZIN LAW FIRM, Criminal lawyer, Taunggyi.

23/07/2023

◾ဥယျာဥ်ခြံမြေအကြောင်း 🌾

၁။ ဥယျာဥ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။
မြေစာရင်း ပုံစံမှာ " G" အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ "G" မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဥ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။

၂။ ဥယျာဥ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဥ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် စျေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဥ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဥ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က "G" မြေများဟာ
ခိုင်မာမှုရှိပြီး စျေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။

၃။ ဥယျာဥ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဥ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဥ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။

၄။ ဥယျာဥ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။ ​အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် " လ/ယ ၃၀" လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။

၅။ ဥယျာဥ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။
◾မူရင်းတင်ပြသူအားလေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

ကူးယူ‌ဖော်ပြခြင်းဖြစ်ပါသည်။

ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထ...
23/06/2023

ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး AML/ CFT ဆိုင်ရာ OFFSITE စစ်တမ်းလွှာဖြေဆိုရန် ကြေညာချက်

⚜ ⚜ ⚜ ⚜ ⚜ ⚜

နေပြည်တော်၊ ဇွန် ၂၂

၁။ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးသည် ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအတွက် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကြေညာချက်များကို ၁၈-၁၂-၂၀၁၉ ရက်စွဲ ဖြင့်လည်းကောင်း၊ ၃၀-၉-၂၀၂၂ ရက်စွဲဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ထားပြီးဖြစ်ပါသည်။

၂။ ကြီးကြပ်ရေးအာဏာပိုင်၏ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို လုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အတွက် AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို အောက်ပါအတိုင်း ဖြေဆိုတင်ပြကြပါရန် အသိပေးကြေညာအပ်ပါသည်။

(က) အထက်တန်းရှေ့နေများ

- သက်ဆိုင်ရာနှစ်အလိုက် သက်တမ်းတိုးလျှောက်ထားရာတွင် ပြည့်စုံစွာဖြေဆိုထားသော AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို မပျက်မကွက်ပူးတွဲတင်ပြရန်၊

- တရားလွှတ်တော်ရှေ့နေ လျှောက်ထားရာတွင် ပြည့်စုံစွာဖြေဆိုထားသော AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို မပျက်မကွက်ပူးတွဲ တင်ပြရန်၊

(ခ) တရားလွှတ်တော်ရှေ့နေများ

တရားလွှတ်တော်ရှေ့နေများသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို ပြည့်စုံမှန်ကန်စွာဖြေဆိုပြီး နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေးအာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက်ပေးပို့တင်ပြရန် နှင့် Email Address; [email protected] သို့ ကြိုတင်ပေးပို့ရန်

(ဂ) နိုတြီပဗ္ဗလစ်များ

နိုတြီပဗ္ဗလစ်များသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို ပြည့်စုံမှန်ကန်စွာ ဖြေဆိုပြီး နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေး အာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက်ပေးပို့တင်ပြရန် နှင့် Email Address; [email protected] သို့ ကြိုတင်ပေးပို့ရန်

(ဃ) Law Firm များ

Law Firm များသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ AML/CFT ဆိုင်ရာ Offsite စစ်တမ်းလွှာကို အကောင်အထည်ဖော်ရေးအရာရှိက ပြည့်စုံမှန်ကန်စွာဖြေဆိုပြီး နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေး အာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက် ပေးပို့တင်ပြရန်နှင့် Email Address; [email protected] သို့ ကြိုတင်ပေးပို့ရန်

၃။ မေးမြန်းလိုသည့်အချက်အလက်များရှိပါက [email protected] သို့ လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇၃၄၃၀၄၂၄ နှင့် ၀၆၇၃၄၃၀၃၃၀ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန ပြည်ထောင်စုတရားလွှတ်တော်ချုပ်

➖➖ 🅢🅞🅤🅡🅒🅔 > usc ➖➖

မင်္ဂလာလက်ထပ်စာချုပ်မော်ကွန်းတင်လက်မှတ်ရေးထိုးခြင်း၀န်ဆောင်မှု ...  🤵👰Marriage Signing Service ...===တရားဝင်လက်ထပ်လက်မှတ...
20/06/2023

မင်္ဂလာလက်ထပ်စာချုပ်မော်ကွန်းတင်လက်မှတ်ရေးထိုးခြင်း၀န်ဆောင်မှု ... 🤵👰
Marriage Signing Service ...
===
တရားဝင်လက်ထပ်လက်မှတ်
ရေးထိုးပေးပိုင်ခွင့်ရှိသူအရာရှိများဖြင့်
လက်မှတ်ရေးထိုးခြင်းအတွက်
ကျွန်တော်/ ကျွန်မတို့ Shwe zin Law firm မှ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝန်ဆောင်မှုတွင်
- မင်္ဂလာပွဲကျင်းပမည့်နေရာတွင် လက်မှတ်ရေးထိုးပေးခြင်း
- တရားရုံးတက် လက်မှတ်‌ရေးထိုးခြင်း
တို့အတွက် တရားဝင်မှတ်ပုံတင်ခြင်းတို့ကို
One Stop Service ဖြင့် လိုက်ပါဆောင်ရွက်ပေးလျက်ရှိပါသည်။
===
Shwe zin Law Firm
095211679
[email protected]

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အမိန့်ကြော်ငြာစာအမှတ်၂၈၆/၂၀၂၃အမိန့်ကြော်ငြာစာအမှတ်၂၈၉/၂၀၂၃အမိန့်ကြော်ငြာစာအမှတ်၂၉၀/၂၀၂၃
15/06/2023

ပြည်ထောင်စုတရားလွှတ်တော်ချုပ်
အမိန့်ကြော်ငြာစာအမှတ်၂၈၆/၂၀၂၃
အမိန့်ကြော်ငြာစာအမှတ်၂၈၉/၂၀၂၃
အမိန့်ကြော်ငြာစာအမှတ်၂၉၀/၂၀၂၃

တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားရာတွင်လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာချက် ⚜  ⚜ ⚜ ⚜ ⚜ ⚜ ⚜ ⚜ ...
18/05/2023

တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားရာတွင်
လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာချက်

⚜ ⚜ ⚜ ⚜ ⚜ ⚜ ⚜ ⚜ ⚜

နေပြည်တော်၊ မေလ ၁၇

၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၁၄-၃-၂၀၂၂ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၂၂) ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနအား ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများ (ရှေ့နေရှေ့ရပ်များ) အပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်စေရေးအတွက် ကြီးကြပ်ရေးအာဏာပိုင်အဖြစ်တာဝန်ပေးအပ်ခဲ့ပါသည်။

၂။ ကြီးကြပ်ရေးအာဏာပိုင်၏ လုပ်ငန်းတာဝန်များအရ ရှေ့နေရှေ့ရပ်များအပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၉) ပါ ပြဌာန်းချက်များအရ ထိန်းသိမ်းကြီးကြပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို လိုက်နာဆောင်ရွက်ရပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအတွက် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာလမ်းညွှန်ချက်နှင့်အညီ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်‌ရေး (AML/CFT) ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုနိုင်ရေးအတွက် လုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်း (Offsite Monitoring)၊ လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခြင်း (Onsite Inspection) တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

၃။ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အခါတွင် ဤကြေညာချက်နှင့်အတူ ပူးတွဲပါရှိသည့် (AML/CFT) ဆိုင်ရာလုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်း (Offsite) စစ်တမ်းလွှာ- နောက်ဆက်တွဲ (၁/ဂ) မေးခွန်းများအားမပျက်မကွက် (မပျက်မကွက်) ဖြေဆို၍ ပူးတွဲတင်ပြလျှောက်ထားကြရမည်ဖြစ်ပါသည်။

၄။ လုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်း (Offsite) စစ်တမ်းလွှာမေးခွန်းများတွင် ရှေ့နေ၏အမည်၊ လက်မှတ်၊ လိုင်စင်အမှတ်၊ ဆက်သွယ်ရမည့်လိပ်စာနှင့်တကွ ဖြေဆိုချက်များကို မှန်ကန်ပြည့်စုံစွာဖော်ပြ၍ ဆောင်ရွက်ကြရန်နှင့် (AML/CFT) ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။



စုံစမ်းရန်နှင့်ဆက်သွယ်ရန်

ရှေ့နေရှေ့ရပ် နှင့် စစ်ဆေးရေးဌာန ၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးအမှတ် (၅၄)၊ နေပြည်တော်

ဖုန်း - ၀၉- ၄၅၉ ၁၄၉ ၈၄၄၊

Email - [email protected]



ကြီးကြပ်ရေးအာဏာပိုင်

ရှေ့နေရှေ့ရပ် နှင့် စစ်ဆေးရေးဌာန

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

➖➖ 🅢🅞🅤🅡🅒🅔 > USC ➖➖

လက်နက်လိုင်စင်နဲ့ကိုင်​ဆောင်လိုသူများတွက် ဥပ​ဒေသစ်
11/02/2023

လက်နက်လိုင်စင်နဲ့ကိုင်​ဆောင်လိုသူများတွက် ဥပ​ဒေသစ်

16/09/2022

ဒီ​နေ့(၁၆.၉.၂၀၂၂) အကြမ်းဖက် ၅၀(ည) နဲ့ပတ်သက်ပြီး လွတ်တဲ့ ဒုတိယ​​မြောက် ​အောင်မြင်မှု ​မေတ္တာနဲ့လိုက်​ပေးတဲ့အမှုမို့ ပိုပြီး​ပျော်ရပါတယ်။

(23.7.2022)တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားမှတ်...
23/07/2022

(23.7.2022)တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားမှတ်တမ်း

🅾🅾🅾🅾🅾🅾🅾🅾🅾🅾

ရှမ်းပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးကျင်းပသော
“ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ” နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက် ( ၉:ဝဝ ) နာရီအချိန်တွင် ရှမ်းပြည်နယ်၊
တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးကြွယ်ကြွယ်က
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့်
စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော်၊
စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန် ကြားရေးမှူး ဦးမောင်မောင်အေးမှ တက်ရောက်လာသူများအား စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်တို့အား ရှင်းလင်းမိတ်ဆက် တင်ပြခဲ့ပါသည်။

အဆိုပါမိတ်ဆက်ရှင်းလင်းပွဲသို့
ဖိတ်ကြားချက်အရ
ရှမ်းပြည်နယ်ရှေ့နေအသင်းအလုပ်အမှုဆောင်များ၊ တောင်ကြီးခရိုင်ရှေ့နေများအသင်း အလုပ်အမှုဆောင်များ၊ တောင်ကြီးမြို့နယ်ရှေ့နေများအသင်းအလုပ်အမှုဆောင်များတက်ရောက်ခဲ့ပါသည်။

👉
တရားရုံးက ဦးဆောင်သည့် ​စေ့စပ်ဖြေရှင်းရေး
ဆိုသည်မှာ-
တရားရုံးတွင် တရားမမှုစွဲဆိုပြီးနောက် နှစ်ဖက်အမှုသည်များ အကြားအငြင်းပွားမှုကို စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အကူအညီရယူ၍ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ၄င်းတို့ကိုယ်တိုင် ကျေနပ်လက်ခံနိုင်သည့် သဘောတူညီမှုရရှိစေသည့်နည်းလမ်း
ဖြစ်သည်။

👉
စေ့စပ်ဖြေရှင်းရေးကိုအသုံးပြုခြင်းဖြင့်
ရရှိနိုင်မည့်အကျိုးကျေးဇူးများ-
▶ အမှုသည်များအနေဖြင့် .. မိမိတို့အမှန်တကယ်ရယူလိုသည့် အခွင့်အရေးကို ကိုယ်တိုင်ညှိနှိုင်း ရယူနိုင်သည့်အတွက် စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊
▶စေ့စပ်ဖြေရှင်းနေစဉ်အတွင်း အမှုသည်များအကြား အပြန် အလှန်ညှိနှိုင်းအဖြေရှာခြင်းအားဖြင့် ၎င်းတို့ကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် စေနိုင်ခြင်း၊
▶ စေ့စပ်ဖြေရှင်းရေးသည် ရိုးရှင်းသည့်စနစ်ဖြစ်၍ အမှုသည်များ သည် ၎င်းတို့အမှုတွင် ကိုယ်တိုင်လွယ်ကူစွာ ပါဝင် ဆောင်ရွက်နိုင်ခြင်း၊
▶ အချိန်တိုအတွင်း လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း
▶ အများပြည်သူရှေ့မှောက်တွင် ဆောင်ရွက်ရန်မလိုအပ်သည့် အတွက် မိမိ ထိန်းသိမ်းလိုသည့်သတင်းအချက်အလက်များကို လုံခြုံစွာလျှို့ ဝှက်ထားနိုင်ခြင်း၊
▶ကုန်ကျစရိတ်သက်သာစွာဖြင့်လွယ်ကူစွာဆောင်ရွက်နိုင်ခြင်းတို့ဖြစ်ကြောင်း၊
ထိုအစီအစဉ်ကို (၁.၈.၂၀၂၂)ရက်နေ့မှ
စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်
သွားမည်ဟုသိရပါကြောင်း
အသင်းဝင်ရှေ့နေဆရာ/ဆရာမများ
သိရှိနိုင်စေရန်
ပြန်လည်မျှဝေအပ်ပါသည်။

================================

23/07/2022
ရှမ်း​​ပြည်နယ်တရားလွှတ်တော်၏ကြိုတင်အမှုခေါ်စာရင်း ရာဇဝတ်၊ 1.8 .2022 မှ 5.8.2022 Source  >>>>>>>   SHN HC
02/07/2022

ရှမ်း​​ပြည်နယ်တရားလွှတ်တော်၏
ကြိုတင်အမှုခေါ်စာရင်း



ရာဇဝတ်၊
1.8 .2022 မှ 5.8.2022

Source >>>>>>> SHN HC

08/06/2022

Address

Taunggyi

Telephone

+9595211679

Website

Alerts

Be the first to know and let us send you an email when SHWE ZIN LAW FIRM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SHWE ZIN LAW FIRM:

Share