Daw Win Lae Phyu Htike

Daw Win Lae Phyu Htike Personal blog

06/10/2023

အမျိုးသားကဖောက်ပြန်နေလို့ အထောက်အထား အနေနဲ့ အပြန်အလှန်ပို့ထားတဲ့စာတွေပဲရှိတယ် တိုင်မယ်ဆိုရင်ဘောင်ဝင်ပါသလား⁉️


စာချွန်တော်လျှောက်ထားချက်များကို ရပ်ဆိုင်းထားကြောင်း ကြေညာချက်နေပြည်တော်၊ သြဂုတ်  ၂ပြည်ထောင်စုတရားလွှတ်တော်ချုပ်
02/08/2023

စာချွန်တော်လျှောက်ထားချက်များကို ရပ်ဆိုင်းထားကြောင်း ကြေညာချက်

နေပြည်တော်၊ သြဂုတ် ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အမိန့်ကြော်ငြာစာအမှတ် - ၅၀/၂၀၂၃၂၀၂၃ခုနှစ် ၊ ဇူလိုင်လ (၂၁)ရက်
26/07/2023

အမိန့်ကြော်ငြာစာအမှတ် - ၅၀/၂၀၂၃
၂၀၂၃ခုနှစ် ၊ ဇူလိုင်လ (၂၁)ရက်

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်လင်မယားကွာရှင်းလိုမှုတွင် ယောကျ်ားဖြစ်သူ မုဒိမ်းမှုကျူးလွန်ခြင်းသည်ကွာရှင်းခွင့် ရ...
23/04/2023

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်လင်မယားကွာရှင်းလိုမှုတွင် ယောကျ်ားဖြစ်သူ မုဒိမ်းမှုကျူးလွန်ခြင်းသည်ကွာရှင်းခွင့် ရထိုက်သော အိမ်ထောင်ရေးပြစ်မှုဟု မဆိုနိုင်ခြင်း ။




20/04/2023

တဖက်သတ်ကွာရှင်းခွင့်လျှောက်ထားနိုင်သလား⁉️




 #မိဘကသားသမီးအားအမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာတွင်ကြေညာရုံမျှဖြင့် အမွေဆက်ခံခွင့်ဆုံးရှုံးနိုင်သလား⁉️     ဖခင်ဖြစ်သူက...
20/04/2023

#မိဘကသားသမီးအားအမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာတွင်ကြေညာရုံမျှဖြင့် အမွေဆက်ခံခွင့်ဆုံးရှုံးနိုင်သလား⁉️

ဖခင်ဖြစ်သူကသားအားသွာနုတ္တသားအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာမှာကြေငြာ ခဲ့သည်။ယင်းကြေညာချက်နှင့်စပ်လျဉ်း၍ သားဖြစ်သူကလည်းဖြေရှင်းချက်ကို မြန်မာ့အလင်းသတင်းစာတွင် ပြန်ထည့်သွင်းကြေငြာခဲ့သည်။ အဆိုပါဖြေရှင်းကြေညာချက်တွင် ဖခင်ကမည်သည့်အကြောင်းကြောင့် မိမိအား သွာနုတ္တသားအဖြစ် ကြေညာရသည့်အကြောင်းရင်းမှန်ကို ထည့်သွင်းဖော်ပြခဲ့သည်။သတင်းစာတွင် မိဘ ဖြစ်သူက သွာနုတ္တသားဖြစ်ကြောင်း ကြေညာရုံမျှဖြင့် သားသမီးသည် အမွေဆက်ခံခွင့်မဆုံးရှုံးနိုင်ပေ။

ဒေါ်ရို့(စ်) (ခ) ဒေါ်ခင်လှမြိုင် ( ကွယ်လွန်သူ ဦးခင်မောင်ရိုး၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်မေဘမောင် (၎င်း၏ကိုယ်စားလှယ် ဦးကိုကိုလေး) ပါ-၄ဦး
တရားရုံးချုပ်၊ ၂၀၀၅ခုနှစ်၊ တရားမအထူးအယူခံမှုအမှတ် ၄၉ နှင့် ၅၉ (၂၀-၃-၂၀၀၅)

(မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ဦးမြစိန် ၊၁၃ ကြိမ်မြောက် ၊ စာ - ၃၀၉)




🔹အစ္စလာမ်တရားဥပဒေအရ လင်မယားကွာရှင်းနည်းများ🔹(၁) တရားရုံး၏အမိန့်ဒီကရီမပါဘဲ လင်၏ဆန္ဒအရ တလာက် (Talak) (၃)ကြိမ် ပေးပြီး လင်မ...
18/04/2023

🔹အစ္စလာမ်တရားဥပဒေအရ လင်မယားကွာရှင်းနည်းများ🔹
(၁) တရားရုံး၏အမိန့်ဒီကရီမပါဘဲ လင်၏ဆန္ဒအရ တလာက် (Talak) (၃)ကြိမ် ပေးပြီး လင်မယားကွာရှင်းခြင်း
(၂) လင်ကမယားအား သဘောတူတလာက် ပေး ကွာရှင်းခွင့်ကို လွှဲအပ်ချက်အရ မယားက တလာက်ပေးကွာရှင်းခြင်း
(၃) နှစ်ဦးသဘောတူကွာရှင်းခြင်း
(၄) တရားရုံး၏အမိန့်၊ဒီကရီဖြင့် လင်ကဖြစ် စေ၊ မယားကဖြစ်စေကွာရှင်းခြင်း
(၅) အစ္စလာမ်ဘာသာကိုစွန့်လွှတ်သဖြင့် လင်ခန်းမယားခန်းပြတ်စဲခြင်း တို့ဖြစ်သည်။

🔸၁၉၅၃ခုနှစ်၊ မူဆလင်လင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ ၂(၁) အရ အစ္စလာမ်တရားဥပဒေအရ လက်ထပ်သောမိိန်းမက လင်မယားကွာရှင်းရန်ဒီကရီရထိုက် သောအကြောင်းများ 🔸
(က) လင်ဖြစ်သူမည်သည့်နေရာရောက်ရှိနေထိုင်သည်ကို မသိခဲ့ရခြင်း
(ခ) မိမိအားလင်ဖြစ်သူက လုံလောက်သော အကြောင်းမရှိဘဲ စားစရိတ်ထောက်ပံ့ရန် (၆) လ တဆက်တည်းပျက်ကွက်ခဲ့ခြင်း သို့တည်းမဟုတ် ငြင်းဆန်ခဲ့ခြင်း
(ဂ) လင်ဖြစ်သူသည် လုံလောက်သောအကြောင်းမရှိဘဲ တစ်နှစ်ပတ်လုံး သံဝါသပြုရန် ပျက်ကွက်ခဲ့ခြင်း
(ဃ) လင်ဖြစ်သူသည် လက်ထပ်စဉ်ကပန်းသေရောဂါစွဲကပ်နေသည့်အပြင် နောက်လည်းဆက်လက်၍ပန်းသေရောဂါစွဲကပ်နေခြင်း
(င) လင်ဖြစ်သူသည် တစ်နှစ်အောက်မနည်း ပြင်းထန်စွာစိတ်ပေါ့သွပ်သောရောဂါစွဲကပ်နေခြင်း သို့တည်းမဟုတ် လင်ဖြစ်သူသည်ပြင်းထန်သော ကုဌနူနာဖြစ်စေ၊ ပြင်းထန်သောကာလသားရောဂါဖြစ်စေ စွဲကပ်နေခြင်း
(စ) မိမိအား အရွယ်မရောက်မီ မိမိ၏ ဖခင် နှင့်ဖခင်၏ဖခင်မှတပါး အခြားအုပ်ထိန်းသူကလက်ထပ်ပေးခဲ့ရာ မိမိ၏လင်ယောကျ်ားနှင့် သံဝါသပြုခြင်းမရှိခဲ့လျှင် အသက် ၁၅ နှစ် မပြည့်မီလက်ထပ်ခြင်းကိုဖျက်သိမ်းခြင်း
(ဆ) လင်ဖြစ်သူက မိမိအား ညှင်းပန်းနှိပ်စက် ခြင်း
(ညှင်းပန်းနှိပ်စက်ခြင်း ဆိုသည်မှာ လက်ရောက်ကျူးလွန်လေ့ရှိခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ စိတ်ဆင်းရဲအောင်ပြုခြင်းနှင့် ပြည့်တန်ဆာဘဝရောက် အောင် အတင်းအကြပ်အားထုတ်ခြင်းတို့ကို ဆိုလိုသည်။)
(ဇ) မိန်းမက လင်မယား ကွာရှင်းပိုင်ခွင့်ရရန် အကြောင်းတစ်ရပ်အဖြစ်ဖြင့် အစ္စလာမ် တရားဥပဒေအရ အသိအမှတ်ပြုသောအခြားအကြောင်းတစ်ရပ်ရပ်
ထို့ပြင် အိမ်ထောင်ပြုပြီးသော မူဆလင် မိန်းမက အစ္စလာမ်ဘာသာကို စွန့်လွှတ် လျှင် ဖြစ်စေ၊ အခြားဘာသာသို့ ကူးပြောင်းလျှင်ဖြစ်စေ လင်မယားကွာရှင်းပြီးဖြစ်စေရမည် ။ (ထိုအက်ဥပဒေပုဒ်မ - ၄)

🔸အစ္စလာမ်ဘာသာဝင် လင်မယားကွာရှင်းခြင်းနှင့်ပစ္စည်းခွဲဝေရေး 🔸
လင်မယားကွာရှင်းသည့်အခါ အစ္စလာမ် တရားဥပဒေအရ ခန်းဝင်ပစ္စည်း (dower)
နှင့်စပ်လျဉ်း၍ အိမ်ထောင်ပြုပြီးသောမိန်းမရထိုက်သည့် အခွင့်အရေးကိုမထိခိုက်စေရ။(ထိုအက်ဥပဒေပုဒ်မ-၅)
အစ္စလာမ်ဘာသာဝင်ဇနီးသည် လင် က မဟာရ်အဖြစ်ပေးသောပစ္စည်း၊ လင်ကဟီဘာအဖြစ်ပေးသောပစ္စည်း၊ မိမိ၏မိဘဆွေမျိုးများက မိမိကိုပေးကမ်းသောပစ္စည်း မယားကိုယ်တိုင်ကြိုးပမ်းရှာဖွေရသော ပစ္စည်းများမှာ မယားတစ်ဦးတည်းပိုင်ဖြစ်သည်။ အစ္စလာမ် တရားဥပဒေမှာ မြန်မာ့ဓလေ့ထုံးတမ်းကဲ့သို့ လင်ပစ္စည်းမယားပိုင်၊ မယားပစ္စည်းလင်ပိုင်သည့်သဘောမရှိပေ။ ပစ္စည်းရှာဖွေထောက်ပံ့သူက ၃ ပုံ ၊ ၂ ပုံ မှီခိုသူက ၃ ပုံ ၊၁ ပုံ ဆိုင်သည်ဆိုသော နိဿယ၊ နိဿိတမူလည်းမရှိပေ။ အမွေဆက်ခံပိုင်ဆိုင်ခွင့်မှတပါး လင့်ပစ္စည်းကိုမယားက မဆိုင်သကဲ့သို့ မယားပစ္စည်းကိုလည်း လင်မဆိုင်ချေ။ သို့အတွက်လင်မယားကွာရှင်း ပြတ်ဆဲချိန် ပစ္စည်းခွဲဝေရေးမှာ အလွန်ရှင်းလင်း လွယ်ကူလှပေသည်။ မယားပိုင်ပစ္စည်းမှန် သမျှ မယားကယူပြီး လင်ပိုင်ပစ္စည်းမှန်သမျှ လင်ကယူရန်ဖြစ်သည်။ ( ဦးခင်မောင်စိန်၏ အစ္စလာမ်တရားဥပဒေ ၊ ဒုတိယအကြိမ်၊ စာ- ၁၂၄)

🔹ဟိန္ဒူဘာသာဝင် လင်မယား ကွာရှင်းခွင့် ရှိမရှိ 🔹
ဟိန္ဒူဥပဒေတွင် လင်မယားကွာရှင်းရေးကိစ္စကို သိလည်းမသိ၊ ရှိလည်းမရှိပါ။ အကြောင်းမှာ ဟိန္ဒူဓလေ့ထုံးတမ်းအရ လက်ထပ်ထိမ်းမြားပြီးသည်နှင့် မည်သို့မျှခွဲခွါ၍မရနိုင်ရန် ဖန်ဆင်းထားသည့်အတွက် ကြောင့်ဖြစ်သည်။ ( 1878, 3 Cal, 305) ; ( 1894, 17 Mad., 479)
သို့ဖြစ်၍ အခြားဘာသာသို့ ပြောင်းသွားခြင်း၊ တစ်ဦးဦးက အခြားသူနှင့်ဖောက်ပြားခြင်း၊ စွန့် ပစ်ခံရခြင်းနှင့်ပြည့်တန်ဆာဖြစ်ခြင်းကြောင့်လည်း ကွာရှင်းခွင့်မရပေ။ ( 1936, 63 I. A., 295); (58 All., 397) ; ( 1936, 58 All., 1019, 164 IC , 1047); ( principles of Hindu Law , 9th EDT. 1940, P. 511)
သို့ရာတွင် အချို့သော ဇာတ်ကွဲပြားမှုနှင့်ဓလေ့ထုံးတမ်းအရ လင်မယားနှစ်ဦးသဘောတူညီချက်ဖြင့် ကွာရှင်းခြင်းကို ခွင့်ပြုသည့်ဓလေ့လည်းရှိသည်။

( ဦးကျော်စိန် ၊ တရားမလက်တွေ့အဆိုအချေများ ( တတိယအကြိမ်) )

#လင်မယားကွာရှင်းရေး



🔹ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်🔹နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       အမိန့်အမှတ်၂၈/၂၀၂၃🔹 ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၇) ရက်
17/04/2023

🔹ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

🔹နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၂၈/၂၀၂၃
🔹 ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၇) ရက်



10/04/2023

မေး - မိဘရဲ့အမွေကို မောင်နှမ (၅)ယောက်ရှိ
တာ (၃) ယောက်က ဆုံးသွားရင် ရှင်တဲ့
(၂)ယောက်ပဲ ခွဲရမှာလား ⁉️




08/04/2023

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာတစ်ဦးသေဆုံးသွားလျှင် အမွေဆက်ခံရေးအခြေခံမူများအရ အမွေဆက်ခံကြရမည့် အမွေခံတို့၏အစီအစဉ်




⚡️ဒီနေ့ social media မှာတက်နေတဲ့ မိဘကကလေးကို ကျပ်သိန်း (၂၀) နဲ့ရောင်းမယ်ပြောနေတာ တွေ့လို့ “ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပ...
08/04/2023

⚡️ဒီနေ့ social media မှာတက်နေတဲ့ မိဘကကလေးကို ကျပ်သိန်း (၂၀) နဲ့ရောင်းမယ်ပြောနေတာ တွေ့လို့
“ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ” ပုဒ်မ ၁၀၆ အရ ကလေးသူငယ်ကို မည်သူမဆို ရောင်းချခြင်း၊ ကလေးသူငယ်၏ကိုယ်အင်္ဂါအစိတ်အပိုင်းအားရောင်းချခြင်း၊ ဝယ်ယူခြင်း၊ တရားမဝင်ထုတ်ယူဖယ်ရှားခြင်း၊တနည်းနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် သိလျှက်နှင့်အစားထိုးခြင်း တို့ကို ပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ် အများဆုံးထောင်ဒဏ် နှစ်(၂၀)ထိ ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်သိန်း(၅၀)မှ အများဆုံး ကျပ်သိန်း(၁၀၀)ထိ ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ် ။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ
၂၀၁၉ခုနှစ် ၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၂၂
၂၀၁၉ခုနှစ်၊ဇူလိုင်လ ၂၃ရက်





⚡️ရူးသွပ်နေသောကြောင့်ဖြစ်စေ၊ စိတ်ရောဂါဝေဒနာခံစားနေရသောကြောင့်ဖြစ်စေ လင် ယောကျ်ားတစ်ဦး ထမ်းဆောင်ရမည့်တာဝန် ပျက်ကွက်နေခြင်...
06/04/2023

⚡️ရူးသွပ်နေသောကြောင့်ဖြစ်စေ၊ စိတ်ရောဂါဝေဒနာခံစားနေရသောကြောင့်ဖြစ်စေ လင် ယောကျ်ားတစ်ဦး ထမ်းဆောင်ရမည့်တာဝန် ပျက်ကွက်နေခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အိမ်ထောင်ရေးပြစ်မှုဟု ဆိုနိုင် - မဆိုနိုင် ။

⚡️ဒေါ်လှလှဝင်း နှင့် ဦးဘရှင် ( ၎င်းအားအုပ်ထိန်းသူ ဦးလှိုင်)
(၁၉၉၁ခု၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၁၅၉)

#စီရင်ထုံးများ



Address

Shwebo

Telephone

+959780707057

Website

Alerts

Be the first to know and let us send you an email when Daw Win Lae Phyu Htike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category