ကိုမင်းသန့် တန်ဖိုးနည်းမြေကွက်ရောင်းဝယ်ရေး နှင့် အိမ်ခြံမြေအကျိုးဆောင်

  • Home
  • Myanmar
  • Patheingyi
  • ကိုမင်းသန့် တန်ဖိုးနည်းမြေကွက်ရောင်းဝယ်ရေး နှင့် အိမ်ခြံမြေအကျိုးဆောင်

ကိုမင်းသန့် တန်ဖိုးနည်းမြေကွက်ရောင်းဝယ်ရေး နှင့် အိမ်ခြံမြေအကျိုးဆောင် Real Estate

🙏🙏 မင်္ဂလာပါမိတ်ဆွေတု့်ိ🙏🙏🙏ထားကောင်းရောင်းစွံတဲ့မြေကွက်လေးနဲ့မိတ်ဆက်ပေးလိုက်ပါရစေ။တည်နေရာက----မန္တလေးမြို့ပုသိမ်ကြီးမြို...
12/11/2025

🙏🙏 မင်္ဂလာပါမိတ်ဆွေတု့်ိ🙏🙏🙏

ထားကောင်းရောင်းစွံတဲ့မြေကွက်လေးနဲ့မိတ်ဆက်ပေးလိုက်ပါရစေ။

တည်နေရာက----မန္တလေးမြို့ပုသိမ်ကြီးမြို့နယ်ကွေ့ကြီးကုန်းရွာလေးမှာပါ။
ရေတံခွန်တောင်သွားလမ်းမနဲ့သိပ္ပံလမ်းမသစ်ကြီးတို့ရဲ့အနီးဆုံးနေရာလေးမှာပါ။

မြေကွက်ရဲ့ဈေးနှုံးလေးက👌👌ပေ(20×40)တကွက်ကိုသိန်း(400)ညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မြေတကွက်ဝယ်ယူသူမိတ်ဆွေတို့ကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ရွှေပြားလေးတပြားကိုလဲမေတ္တာလက်ဆောင်အနေနဲ့ပြန်လည်ချီးမြှင့်ပေးမှာဖြစ်ပါတယ်။

နောက်ထပ်အခွင့်အရေးတခုကမြေကွက်တန်ဖိုးရဲ့စရံငွေကို၁ပုံအရင်ပေးချေထားပီးကျန်ငွေ၂ပုံကိုတော့အတိုးမဲ့အရစ်ကျအဖြစ်၃လဆိုင်းနဲ့ရောင်းချပေးမှာလဲဖြစ်ပါတယ်။

ရေရရှိဖို့နဲ့မီးရရှိဖို့လွယ်ကူတဲ့နေရာလေးတခုလဲဖြစ်ပါတယ်။

ရောင်းချပေးမဲ့မြေကွက်အတွင်းမှာလဲကွန်ကရစ်လမ်း/ရေနုတ်မြောင်း/လမ်းမီးတိုင်များလဲထည့်သွင်းတည်ဆောက်ပေးထားပါတယ်။🥰🥰🥰

ကျနော်ရောင်းချပေးမဲ့မြေကွက်တွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအောက်ပါဖုန်းနံပတ်များကနေဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ဗျ🥰
📲📲📲09256119678
09441041124
09964041124👍👍👍

04/09/2025

မန္တလေးမြို့ပုသိမ်ကြီးမြို့နယ်ဂွေ့ကြီးကုန်းရွာမြို့ပတ်လမ်းအနီးဆုံးမှာရှိတဲ့ထားကောင်းရောင်းစွံမြေကွက်လေးတကွက်နဲ့အရောင်းမိတ်ဆက်ပေးပါရစေ။

နေရာလေးကတိုယိုတာကားအရောင်းပြခန်းရဲ့အရှေ့ဘက်ကပ်
လျက်မှာတည်ရှိပါတယ်။

ပေအကျယ်က(40×60)ပါ။အရှေ့ဘက်လှည့်နဲမြောက်ဖက်လှည့်ထောင့်ကွက်လေးပါ။

ဈေးနှုံးကတော့သိန်း(3500)ညှိနှိုင်းပါ။


☎️ -----09256119678
☎️----09441041124
☎️------09964041124

05/06/2025

ဈေးတန်တန်နဲ့ရောင်းမဲ့မြေကွက်လေးနဲ့အရောင်းမိတ်ဆက်ပေးလိုက်ပါရစေ။
(52)လမ်းမကြီးအတင်လမ်း(30)အနီးမှာတည်ရှိပါတယ်။
(0.20)ဧကအကျယ်ရှိပါတယ်။
ဈေးနှုံးကတော့သိန်း(25000)ညှိနှိုင်း
ပိုင်ရှင်တိုက်ရိုက်ဆုံပေးလို့ရပါတယ်။
09256119678/09441041124/09964041124တို့ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်။

🙏🙏🙏2024နှစ်သစ်မင်္ဂလာအခါသမယမှာမိတ်ဆွေညီအကိုမောင်နှမအပေါင်းဘေးဘယာဝေးကွာပြီ။စီးပွားလာဒ်လာဘများဒီရေအလားတိုးတက်ကြပါစေ။စိတ်ချမ်...
01/01/2024

🙏🙏🙏2024နှစ်သစ်မင်္ဂလာအခါသမယမှာမိတ်ဆွေညီအကိုမောင်နှမအပေါင်းဘေးဘယာဝေးကွာပြီ။စီးပွားလာဒ်လာဘများဒီရေအလားတိုးတက်ကြပါစေ။စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့နေထိုင်သွားနိုင်ကြပါစေ။မြန်မာပြည်ကြီးလဲအမြန်ဆုံးတည်ငြိမ်အေးချမ်းပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🙏🙏

😄😄😄ကျွန်တော်ဆီလဲမြေကွက်တွေများများလာဝယ်နိုင်ကြပါစေဗျာ😄😄😄

10/06/2023

မနက်ဖန်70000တန်
😄😄😄😄😄
အဆင်ပြေအောင်မြင်ပါရစေ
🙏🙏🙏🙏🙏

မန္တလေးမြို့တည်နေရာ နှင့် ရွှေကြိုးသတ်နယ်မြေမန္တလေးမြို့သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၉ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂ...
02/06/2022

မန္တလေးမြို့တည်နေရာ နှင့်
ရွှေကြိုးသတ်နယ်မြေ

မန္တလေးမြို့သည်
မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၉ မိနစ် နှင့်
အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၆ မိနစ် တို့
ဆုံရာ၌ တည်ရှိသည်။
ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း
ဧရာဝတီမြစ် နှင့် ရှမ်းကုန်းပြင်မြင့်အကြား
မြေပြန့်လွင်ပြင်ထက်၌ တည်ရှိသည်။
မြေပြန့်လွင်ပြင်ဟု ဆိုသော်လည်း မြို့၏
မြောက်ဘက်၌ ပေ ၉၀၀ ကျော်မြင့်သည့်
မန္တလေးတောင် နှင့်
အရှေ့ဘက်၌ ပေ ၇၀၀ ကျော်မြင့်သော
ရန်ကင်းတောင် တို့ကို တွေ့မြင်နိုင်သည်။

မင်းတုန်းမင်းကြီးသည်
ရတနာပုံနန်းတော်အသစ် မတည်မီ
ရွှေကြိုးသတ်နယ်မြေ ကို အစဦးစွာ
တိုင်းတာသတ်မှတ်စေသည်။

ရွှေကြိုးသတ်နယ်နမိတ်မှာ

မြောက်ဘက်အရပ်၌ မတ္တရာမြစ်

တောင်ဘက်အရပ်၌ ဒုတ္ထဝတီမြစ် ခေါ်
မြစ်ငယ်မြစ်

အရှေ့ဘက်အရပ်တွင် ရှမ်းကုန်းပြင်မြင့်၏
အခြေ နတ်ထိပ်တောင်ရိုး

အနောက်ဘက်အရပ်တွင် ဧရာဝတီမြစ်

ဟူ၍ မြစ်ကြီးသုံးသွယ် နှင့်
ရှမ်းရိုးမတောင်တန်းကြီး တို့ဖြင့်
ပိုင်းခြားလျက်ရှိကာ
တောင်မြောက်၃၅ မိုင်၊
အရှေ့အနောက် ၁၅ မိုင်ခန့် ကျယ်ဝန်းသည်။

မန္တလေးရွှေကြိုးသတ်နယ် အတွင်း၌
ရွာပေါင်း ၂၃၅ ရွာ
အင်းပေါင်း ၇၀
ချောင်း ၁၁ ချောင်း
ကန်သေး ၂၂ ကန်
ကန်ကြီး ၅ ကန်
တို့ ပါဝင်သည် ဟု သိရသည်။

ထို့အပြင် မန္တလေးမြို့ တည်စဉ်အခါက
တြင်းကြေ နဝင်းကြေ ဖြစ်စေရန်
ကန်ကိုးကန် ကုန်းကိုးကုန်း တောင်ကိုးလုံး
တို့ကို အမည်နာမ နှင့်တကွ ဖွဲ့စည်းသတ်မှတ်
ခဲ့သည် ဟု ဆိုသည်။

ကန်ကိုးကန်

၁။ ကြာနီကန်
၂။ နန္ဒာကန်
၃။ အောင်ပင်လယ်ကန်
၎။ ဇောင်းကလောကန်(တောင်ကလေးကန်)
၅။ မင်္ဂလာကန်(မင်းကန်)
၆။ သရက်ကန်
၇။ မဲနယ်ကန်
၈။ ခံတက်ကန်
၉။ ဆင်ဖြူကန်

ကုန်းကိုးကုန်း

၁။ သစ်ချိုကုန်း
၂။ ကျီတော်ကုန်း
၃။ သဇင်ကုန်း
၎။ သမန်းကုန်း
၅။ ဥသျှစ်ကုန်း
၆။ ဝါခင်းကုန်း
၇။ ကုလားပျိုကုန်း
၈။ ပုဏ္ဏားကုန်း
၉။ ဗောဓိကုန်း

တောင်ကိုးလုံး

၁။ မန္တလေးတောင်
၂။ ရန်ကင်းတောင်
၃။ ကုလမတောင်
၎။ ကြက်ယက်တောင်
၅။ မျက်မွေးတောင်
၆။ တောင်လှုပ်တောင်
၇။ တောင်ပုလုတောင်
၈။ ဆားခါတောင်
၉။ ဂန္ဓမာတောင်

ဟူ၍ မှတ်သားခဲ့ကြပါသည်။

K T W

စာကိုး

မြို့တော်သမိုင်းမန္တလေး

မန္တလေး - ရတနာပုံဘိုးမှတ်စု

ရတနာပုံမန္တလေး

မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနေ့ရက်တွေဖြစ်ပါစေ
08/09/2021

မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနေ့ရက်တွေဖြစ်ပါစေ

09/06/2021

နန်းရှေ့၁၉လမ်းမကြီးတောင်ဖက်|မြို့ပတ်လမ်း(မန်းလေးပြင်ဦးလွင်)အရှေ့ဘက်နန်းဦးလွင်ရွာမှာတန်ဖိုးမြင့်မြေကွက်တွေရောင်းရန်ရှိပါတယ်။

ပေ(33×40)တကွက်ကိုသိန်း(380)ညှိနှိုင်းရောင်းစရာ(1)ကွက်ရှိပါတယ်။

ပေ(40×40)ပတ်လည်မျက်နှာပွင့်2ဖက်လှည့်တကွက်ကိုသိန်း(500)နှင့်သိန်း(520)နှစ်ကွက်ရောင်းစရာရှိပါသေးတယ်။

မြေကွက်ပိုင်ဆိုင်မှုအလုံးစုံအာမခံမှုအပြည့်အဝရှိပါတယ်။

စာချုပ်ချုပ်ဆိုမှုကိုလဲအခိုင်အမာချုပ်ဆိုပေးပါတယ်။
စိတ်ဝင်စားရင်အောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်။
📲📲09256119678📲📲📲

ဝါဆိုလပြည့်နေ့အကြောင်းသိကောင်းစရာ……………………………………………………ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ      သန္ဓေ တောထွက် ဓမ္မစက်  ...
03/08/2020

ဝါဆိုလပြည့်နေ့အကြောင်းသိကောင်းစရာ
……………………………………………………

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣန္ဒြိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

Credit Video 3D

………………………………………………………………

ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Charlie Mdy

Address

Nan Oo Lwin Qr
Patheingyi

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959256119678

Website

Alerts

Be the first to know and let us send you an email when ကိုမင်းသန့် တန်ဖိုးနည်းမြေကွက်ရောင်းဝယ်ရေး နှင့် အိမ်ခြံမြေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category