Kyaw Phyoe Wai-Legal Law

Kyaw Phyoe Wai-Legal Law ဥပဒေရေးရာ ဗဟုသုတများကို မျှဝေပေးမည်။

24/06/2024

ခင်လှိုင် ဒိန်းဒေါင် အရမ်းရီရ😂

24/06/2024

ဆရာမစာသင်ချိန်တွင် နောက်ဆုံးတန်းတွင် အိပ်ငိုက်သောအခါ😂

24/06/2024

တရားစောင့်နတ်သမီး
(Lady Justice ) ဆိုသည်မှာ
***********************************************
တရားဥပဒေစိုးမိုးရေးကိုသရုပ်ဖော်ထားတဲ့အမျိုးသမီးရုပ်ထုတစ်ခုရှိပါတယ် ။
အဲဒီရုပ်ထုကို Lady Justice လို့ခေါ်ပါတယ်!!
အဲဒီရုပ်ထုဟာ မျက်လုံးကိုအဝတ်တစ်စစည်းပိတ်ထားပြီး
ဘယ်ဖက်လက်မှာအတိမ်းအစောင်းမရှိသော
ချိန်ခွင်ကိုကိုင်မြှောက်ထားပြီး ယာဖက်လက်မှာ
တော့ နှစ်ဖက်သွားဓါးတစ်လက်ကိုကိုင်စွဲထားပါ
တယ်
အဲဒီရုပ်ထုဟာ လူ့လောက လူ့အသိုင်းအဝိုင်း
မှာတရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ကြရာမှာ
ထားရှိရမယ့် စိတ်သဘောကို လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ရုပ်အသွင်နဲ့တင်စား
ပုံဖော်ထားတဲ့ရုပ်ထုတစ်ခုပဲဖြစ်ပါတယ်

တရားစောင့်နတ်သမီး Lady Justice ဟာ
ဂရိဒဏ္ဌာရီလာ နတ်ဘုရားတစ်ပါးဖြစ်ပြီး
ဂရိဘာသာမှာ သူမကို Lustitia (သို့)
Justitia လို့ခေါ်ဆိုကြပါတယ်
Lady Justice ဟာဂရိလူမျိုးတို့ရဲ့ဘာသာရေး
ကိုးကွယ်မှု့အရပေါ်ပေါက်လာတဲ့နတ်ဘုရား
မဟုတ်ပါဘူး ။
Lady Justice ဟာ ဂရိနဲ့ ရောမအင်ပါယာ
ဘုရင် Augustus က ဗိမာန်တည်ဆောက်ချီြး
မှင့်ခြင်းခံရတဲ့ နတ်ဘုရားတစ်ပါးသာဖြစ်ပါတယ်

တရားစောင့်နတ်သမီးရဲ့ဝိသေသလက္ခဏာများ
________________________________________
(1) မျက်လုံးကိုအဝတ်စည်းနှောင်ထားခြင်း
Blindfolded

(2) ဘယ်ဖက်လက်တွင်ချိန်ခွင်ကိုကိုင်ဆောင်ထားခြင်း A Set Of Scales

(3) ညာဖက်လက်တွင်ဓါးကိုကိုင်ဆောင်ထားခြင်း
Sword

(4) ရှေးခေတ် ဂရိဝတ်ရုံလွှာခြုံထားခြင်း
Toga

မျက်လုံးကိုအဝတ်စည်းနှောင်ထားခြင်း
Blindfolded
----------------------------------------------
မျက်လုံးကိုအဝတ်စည်းနှောင်ထားခြင်းသည်
သမာသမတ်ကျမှု့ / ဘက်မလိုက်မှု့ကိုကိုယ်
စားပြုပါတယ် !!!
သို့ပေမယ့် တရားစောင့်နတ်သမီးရဲ့ မူလအစ
မှာတော့မျက်လုံးကိုအဝတ်စည်းနှောင်ထားခြင်း
မရှိခဲ့ပါ ။
16 ရာစုအစမှသာ တရားစောင့်နတ်သမီးရုပ်ထု
များတွင် မျက်လုံးကိုအဝတ်စည်းလာခဲ့ခြင်းဖြစ်
ပါသည် ။
တရားစီရင်ဆုံးဖြတ်ရာမှာ မံသစက္ခုလို့ခေါ်တဲ့
မျက်စေ့အမြင်နဲ့မကြည့် / ဥာဏစက္ခု လို့ဆိုတဲ့
ဥာဏ်ပညာဆင်ခြင်တုံတရားနဲ့သာ ချင့်ချိန်ဆုံး
ဖြတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။

ချိန်ခွင် - A Set Of Scales
---------------------------------------
ချိန်ခွင်ကတော့ တရားမျှတမှု့ Justice ကို
ကိုယ်စားပြုပါတယ် ။
တရားမှု့နဲ့ မတရားမှု့ အားပြိုင်သည့် မျှခြေ
တစ်ခုလည်းဖြစ်ပါတယ် ။
အနူးဘစ် - God Anubis ကိုတရားစီရင်စဉ်က
ချိန်ခွင်ရဲ့တစ်ဖက်မှာ သူ့ရဲ့နှလုံးသားကိုတင်ပြီး
ချိန်ခွင်ရဲ့အခြားတစ်ဖက်မှာတော့ အမှန်တရား
ငှက်မွှေးကိုတင်ကာစီရင်ခဲ့ဖူးတယ်လို့မှတ်သား
ရပါတယ် ။

ဓါး - Sword
-------------------
ဓါးကတော့ အခွင့်အာဏာ Authority ကို
ကိုယ်စားပြုပါတယ် ။
တိကျမှန်ကန်ပြတ်သားစွာဆောင်ရွက်သည့်
သဘောဖြစ်တယ်လို့ယူဆရပါတယ် !!
ဂရိခေတ် / ရောမခေတ်တို့မှာ ဓါးသင်္ကေတဟာ အချုပ်အခြာအာဏာကို
ကိုယ်စားပြုပါတယ် ။
ဒါ့အပြင်နှစ်ဖက်သွားဓါးဟာ -
ထက်မြက်ပြတ်သားမှု့ / လျှင်မြန်မှု့နဲ့အဆုံးသတ်မှု့တို့ကိုကိုယ်စားပြု
တာဖြစ်တဲ့အတွက် တရားစီရင်ရေးဆိုသည်မှာ
လည်းထက်မြက်ပြတ်သားရမယ် / လျှင်မြန်ရမယ် / နောက်ဆုံးဖြတ်ချက်ဟာတိကျ
သေချာရမယ်လို့ဖော်ညွှန်းထားတာဖြစ်ပါတယ်!

ဝတ်ရုံလွှာ - Toga
--------------------------
ရှေးခေတ် Greco-Roman ဝတ်ရုံလွှာကတော့
တရားမျှတမှု့ကိုရုပ်လုံးဖော်သောအတွေးအခေါ်
သဘောထားဆိုတဲ့အဓိပ္ပါယ်သင်္ကေတတစ်ခုဖြစ်
ပါတယ် ။
တရားစောင့်နတ်သမီးနဲ့ပူးတွဲတွေ့မြင်ရလေ့ရှိတဲ့နတ်ဘုရားတစ်ပါးကတော့ မှန်နဲ့မြွေကိုကိုင်
ဆောင်ထားတဲ့ Prudentia ဆိုတဲ့နတ်ဘုရား
ပဲဖြစ်ပါတယ် ။
ဒါ့အပြင်သူမနဲ့ တန်းတူအဆင့်ရှိတဲ့အခြားနတ်
ဘုရားနှစ်ပါးရှိပါသေးတယ် ။
သူတို့ကတော့ Themis နဲ့D**e တို့ပဲဖြစ်ကြပါတယ်

THEMIS ဟာ ဇုစ်နတ်မင်းZeus ရဲ့ကြင်ယာတော်တစ်ပါးဖြစ်ပါတယ် ။
သူမဟာ ဂရိအစောဆုံးနတ်တွေဖြစ်တဲ့ =
Gaia (Earth) နဲ့ Uranus (Heaven)တို့ရဲ့
သမီးပါ ။
သူမဟာချိန်ခွင်နဲ့ဓါးကိုကိုင်ဆောင်ထားလေ့ရှိပြီး
တရားမျှတခြင်းနတ်သမီးဖြစ်ပါတယ် ။

D**E - [ God Of Moral Order and
Fair Judgement ]
D**e ကတော့Themis နဲ့ Zeusတို့ရဲ့သမီး
ဖြစ်ပါတယ် ။
သူမကတော့ ချိန်ခွင်နဲ့သံလွင်ခက်ကိုကိုင်ဆောင်ထားပါတယ်
ဂရိဒဏ္ဌာရီတွေထဲမှာတော့ သူမဟာကမ္ဘာကြီးရဲ့
ရွှေခေတ် / ငွေခေတ်တုန်းကကမ္ဘာပေါ်မှာနေ
ထိုင်ခဲ့ပါတယ် ။
သူမနေထိုင်စဉ်အချိန်ကလူသားမျိုးနွယ်များ
ငြိမ်းချမ်းမှု့ရှိခဲ့တယ်လို့သိရပါတယ် ။
နောက်ပိုင်းသူမကို Zeus ကMount Olympusသို့ပြန်ခေါ်လိုက်ချိန်မှာ ကမ္ဘာမှာ
ကြေးခေတ်သို့ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းမှု့ပျက်
သုဉ်းခဲ့တယ်လို့ဆိုပါတယ် ။
သူမနဲ့အတူ ဆက်စပ်တွေ့ရလေ့ရှိတဲ့
နတ်ဘုရားကတော့ Astraea လို့ခေါ်တဲ့
God Of Innocence and Purity ပဲ
ဖြစ်ပါတယ်

Credit :မူရင်းရေးသားသူ ဦးဝေမင်းအိမ်

07/03/2023

လောင်းကစားဥပဒေ

လောင်းကစားဥပဒေအသစ်(လောင်းကစားဥပဒေ(၂၀၁၉))ကို ၂၀၁၉ခုနှစ် မေလ ၇ ရက် ရက်စွဲဖြင့်ပြဌာန်းခဲ့သည် ။ဒုတိယကြိမ် ပြည်ထောင်စုလွှတ်တော်က ပြည် ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃/၂၀၁၉ အဖြစ်ပြဌာန်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပေသည် ။

ယင်းဥပဒေအသစ်တွင် အခန်း ( ၇ ) ခန်းနှင့် ပုဒ်
မ (၂၈) ခု ပါရှိသည်။ ဥပဒေအသစ်၏ ပုဒ်မ ၂၈ ပါ
ပြဌာန်းချက်အရ လောင်းကစားဥပဒေအဟောင်း
(၁၉၈၆ ခုနှစ် ၊ပြည်သူ့လွှတ်တော်ဥပ‌‌ေဒအမှတ် ၆)
ကိုရုပ်သိမ်းခဲ့သည် ။

ဤဥပဒေသစ်တွင်ထူးခြားချက်တစ်ရပ်မှာ ကာစီနို( Casino ) လောင်းကစားကိုခွင့်ပြုလာခြင်းဖြစ်သည် ။ ပုဒ်မ ၂ ၊ပုဒ်မခွဲ(ဋ) တွင်ဖေါ်ပြချက်အရ
ကာစီနို(Casino) ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် ၊သတ်မှတ်ချက်များနှင့်အညီမှတ်ပုံတင်ထားပြီး ၊နိုင်ငံခြားသားများကသာ
သီးသန့်လောင်းကစားခွင့်ရှိသောနေရာ သို့မဟုတ်အ‌ေဆာက်အဦကို ဆိုသည်ဟုသိရှိရသည်။

ထို့ကြောင့်ကာဆီနို ဖွင့်လှစ်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ကိုရယူရမည်ဖြစ်သည်။ မှတ်ပုံမတင်ဘဲမိမိသဘောအလျောက်
ဆောင်ရွက်ခွင့်မရှိပေ။ ထို့ပြင်ကာစီနိုလောင်းကစားကို နိုင်ငံသားများကစားခွင့်မရှိပေ။ နိုင်ငံခြားသားများသာသီးသန့်လောင်းကစားခွင့်ရှိသည် ဟု တွေ့ရသည်။

ပုဒ်မ ၁၁ တွင် မည်သူမျှ ခွင့်ပြုချက်မရှိဘဲ
အောက်ပါတို့ကိုမပြုရဟုပြဌာန်းထားပြီး ၊ပုဒ်မ ၁၁
(ခ) တွင် ကာစီနို တည်ထောင်ခြင်း၊ဖွင့်လှစ်ခြင်း
စီမံခန့်ခွဲခြင်း၊လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း
သို့မဟုတ် ဤသို့ဆောင်ရွက်ခြင်းကိုတစ်နည်းနည်း
ဖြင့်အားပေးကူညီခြင်း ဟု ဖော်ပြထားသည်။

ပုဒ်မ ၁၃ တွင်လည်း မြန်မာနိုင်ငံသားမည်သူကာစီနိုအတွင်း ဝင်ရောက်လောင်းကစားခြင်းမပြုရ
ဟုပြဌာန်းထားသည် ။

ယင်းဥပဒေ၏ ပုဒ်မ ၁၈ တွင်ပုဒ်မ ၁၁ ပါ ပြဌာန်းချက်တရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးတစ်နှစ်မှအများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံး
ကျပ် ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဖော်ပြထားသည် ။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်
သော သက်‌ေသခံ ပစ္စည်းနှင့်ငွေကိုပြည်သူ့ဘဏ္ဍအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်ဟု‌ ဖော်ပြ
ပြဌာန်းထားသည်ကိုတွေ့ရသည်။

ပုဒ်မ ၁၉ တွင် ပြဌာန်းချက်ရ ပုဒ်မ ၁၃ ပါပြဌာန်းချက်တစ်ရပ်ရပ်ကို ( မြန်မာနိုင်ငံသားက ကာစီနို အတွင်း ဝင်ရောက်လောင်းကစားခြင်းကို ) ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစေခြင်းခံရလျှင်
ထိုသူကိုအနည်းဆုံးခြောက်လ မှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ၊ အနည်းဆုံးကျပ် ငါးသောင်းမှ အများဆုံးကျပ်တစ်သိန်းအထိ
ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

လောင်းကစားဥပဒေသစ်တွင် ပြစ်ဒဏ်နှင့်စပ်လျဉ်းပြီး ထူးခြားချက်တစ်ရပ်ကို တွေ့ရသည်။
ပုဒ်မ ၈ တွင်မည်သူမျှအများပြည်သူနှင့်ဆိုင်သောနေရာတွင်
(က) လောင်းကစားခြင်း ပြုလုပ်ရန် လောင်း‌ေကြး
တောင်းခံစုဆောင်းခြင်းမပြုရ။
(ခ) လောင်းကစားခြင်း ၊လောင်းကစားရန်အား‌ပေ
ခြင်း၊ လှုံ့ဆော်ခြင်းမပြုရ ။
(ဂ) မည်သည့်အားကစားပွဲ၊‌ေလ့ကျင့်ပွဲကိုမဆို
လောင်းကစားခြင်း ၊လောင်းကစားရန် တစ်နည်း
နည်းဖြင့် အားပေးကူညီခြင်း၊ လူစု ခြင်း ၊လှုံ့
ဆော်ခြင်း မပြုရဟုပြဌာန်းထားသည်။

ပုဒ်မ ၁၅ (က) တွင် ''မည်သူမဆို ပုဒ်မ ၈ ပါ
ပြဌာန်းချက်တရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးတစ်လမှအများဆုံး ၆လအထိ ထောင်ဒဏ်းချမှတ်ရမည့်အပြင် ကျပ်ငါးသောင်းအထိ‌ငွေဒဏ်လည်းချမှတ်နိုင်သည် ''သည်ဟုပြဌာန်းထားသည်။ ဥပဒေဟောင်းတွင် ပုဒ်မ ၁၂( က) အရ ဤကဲ့သို့သော ပြစ်ဒဏ်မျိုးကိုကျူးလွန်လျှင် အနည်းဆုံးထောင်ဒဏ် ၃လ မှ အများဆုံးထောင်ဒဏ် ၆ လအထိဟု ပြ ဌာန်းထားသဖြင့် ဥပဒေအဟောင်းထက် ဥပဒေအသစ်တွင်အနည်းးဆုံးထောင်ဒဏ်ခြောက်လ လျော့နည်းသွားကြောင်းတွေ့ရသည် ။

လောင်းကစားမှုများနှင့်စပ်လျဉ်း၍ ကျန်ရှိသောပြစ်မှုများနှင့် ပြစ်ဒဏ်များတွင်မူ ဥပဒေအဟောင်းနှင့် အသစ်တို့တွင် ထူးထူးခြားခြားပြောင်းလဲမှုရှိသည်ကိုမတွေ့ရပေ။ တပ်ရိုက်သည်ဒဏ်‌ေငွအရေအတွက်မှာမူ ခေတ်အ‌ေလျာက်ပို၍ များပြားလာမှုကိုတွေ့ရသည် ။

ဆုငွေနှင့် စပ်လျှင်း၍ပြဌာန်းချက်တွင် ဥပဒေအဟောင်း၏ပုဒ်မ ၂၈ တွင်သတင်းပေးသူကို ဆုငွေအနည်းဆုံး ငွေကျပ် ၅၀၀ ချီးးမြှင့်ရန်အမိန့်ချမှတ်နိုင်ကြောင်းနှင့် ဖမ်းဆီးရာတွင်ပါဝင်သူတို့အားလည်း သင့်လျော်သလိုဆုငွေချီးမြှင့်ရန်အမိန့်ချမှနိုင်သည်ဟု ယျေဘုယျ ဆန်စွာပြဌာန်း ဖော်ပြထားသော်လည်း ၊ ဥပဒေအသစ် ၏ပုဒ် ၂၅ တွင်မူ
ဆုငွေနဲ့စပ်လျဉ်း၍ အောက်ပါအတိုင်း တိတိကျကျပြဌာန်းထားသည် ကိုတွေ့ရသည်။

'' သက်ဆိုင်ရာ တရားရုံးသည် ဤဥပဒေအရစစ်ဆေးစီရင်သောအမှုတွင် ပြည်သူ့ဘဏ္ဍအဖြစ်သိမ်းဆည်းငွေနှင့် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန်အမိန့်ချမှတ်သည့် ပစ္စည်းများ ကို
ရောင်းရငွေအနက်မှသတင်းပေးသူအား ၁၀ ရာခိုင်နှုန်း ၊ ဖမ်းဆီးရာတွင်ပါဝင်သူများအားလုံးအား ရာခိုင်နှန်း ၂၀ ဆုငွေ ချီးမြှင့်ရန်
အမိန့်ချမှတ်ရမည် ''

ရှာဖွေဖမ်းဆီးခြင်းနှင့်စပ်လျဉ်း၍
လောင်းကစားအိမ်တွင်လောင်းကစားနေကြောင်း
သတင်းရလျှင်၊ ယုံကြည်ရန်အကြောင်းအချက်ရှိလျှင်၊
ထိုသတင်း၊ ထိုအကြောင်းအချက်ကိုရေးမှတ်ပြီး
မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာမြို့နယ်အတွင်း၌လည်းကောင်း၊ စခန်းမှုးသည်သက်ဆိုင်ရာရဲစခန်းနယ်မြေအတွင်း၌လည်းကောင်း၊မိမိကိုယ်တိုင်ထို လောင်းကစားအိမ်ကိုဝင်ရောက်ရှာဖွေခွင့်ရှိသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာမြို့နယ်မှ ဒုတိယရဲအုပ်ထက်အဆင့် မနိမ့်သူ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် ၁ ထက်မနိမ့်သူ လည်းဝရမ်းထုတ်ပေး၍ဖမ်းဆီး‌‌ေစနိုင်သည် ။

မြို့နယ်ရဲတပ်ဖွဲ့မှူးသို့မဟုတ် ၎င်းအား တိုက် ရိုက်ကြီးကြပ်သူကလဲ ဒုတိယရဲအုပ်ဓထက်အဆင့်မနိမ့်သူ
ကိုဝါရမ်းထုတ်ပေး၍ဖမ်းဆီးစေနိုင်သည်။

ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှုးသည်ပင်
ကျေးးရွာတာဝန်ခံ ၊ရာအိမ်မှုး၊ ဆယ်အိမ်မှူးတစ်ဦးကိုခေါ်ယူပြီး ၊မိမိကိုယ်တိုင်‌ေလာင်းကစားအိမ်သို့ဝင်ရောက် ဖမ်းဆီးနိုင်သည် ၊ သို့မဟုတ်ဒုတိယရဲအုပ်ထက်အဆင့်မနိမ့်သူကိုဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူးပါဝင်သောအဖွဲ့ကိုဖြစ်စေ ၊ ဝါရမ်းထုတ်ပေး၍ဝင်ရောက်ဖမ်းဆီးစေနိုင်သည် ။ယင်းပြဌာန်းအရ ရပ်ကွက်တစ်ခုအတွင်း ၊ယင်း‌ေကျးရွာတစ်ခုအတွင်း လောင်းကစားသတင်းရရှိလျှင် ၊ ဥပဒေနှင့်ညီလိုအပ်သလိုမှတ်ထားပြီး ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် ၊ ကိုယ် တိုင်လည်းဖမ်းဆီးနိုင်သကဲ့သို့ ၊ ဥပဒေနဲ့အညီအဖွဲ့ဖွဲ့ပြီး
ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး ၊ဆယ်အိမ်မှူးတို့ကိုပင်ဝါရမ်းပေးပြီးဖမ်းဆီးစေနိုင်သည်။

လောင်းကစားဥပဒေ အသစ် ( လောင်းကစားဥပဒေ (၂၀၁၉)) ၏ ပုဒ်မ ၁၁ (က) တွင် ထီသို့မဟုတ် ထီကဲ့သို့သော အခြား ကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊လောင်း‌ေကြးလက်ခံခြင်း ၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း ၊ ငွေကြေးအကျိုးမြတ်ရယူခြင်း ၊သို့မဟုတ်ဆောင်ရွက်ခြင်းကိုတစ်နည်းနည်းဖြင့် အားပေးကူညီခြင်းကိုမပြုရန်တားမြစ်ထားရာ ၊ကျူးလွန်ပါက ပုဒ်မ ၁၈(က) အရ အနည်းဆုံးတစ်နှစ်မှအများဆုံး သုံးနှစ်အထိ ထောင်ဒဏ် ချမှတ် ခံရမည်ဖြစ်သည် ဟု ပြဌာန်းထားပါကြောင်း တွေ့ရှိချက်အား ရေးသားဖော်ပြလိုက်ရပေသည်။

''လင်မယာကွာရှင်းပြီးနောက် သားသမီးအုပ်ထိန်းခွင့်''အပြစ်မဲ့ လင် သို့မဟုတ် မယား က ကလေးရဲ့ အုပ်ထိန်းမှုကို ရထိုက်တယ်။သို့သော...
12/12/2022

''လင်မယာကွာရှင်းပြီးနောက် သားသမီးအုပ်ထိန်းခွင့်''

အပြစ်မဲ့ လင် သို့မဟုတ် မယား က ကလေးရဲ့ အုပ်ထိန်းမှုကို ရထိုက်တယ်။သို့သော် အပြစ်မဲ့သူကသာ အုပ်ထိန်းခွင့်ရတယ်လို့ ပုံသေမှတ်ယူလို့ မရပါဘူး။ကလေးရဲ့ ကောင်းရာကောင်းကျိုးကို ကြည့်ပြီး ဆုံးဖြတ်ပေးရပါတယ်

မိခင်ဖြစ်သူဟာ အကျင့်စာရိတ္တ ပျက်ပြားနေတယ်လို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ဆင်းရဲတဲ့ အကြောင်းနဲ့တော့ သားသမီး အုပ်ထိန်းခွင့် မဆုံးရှုံးပါဘူး

အရွယ်မရောက်သေးသူ တစ်ဦးဦးအား မည်သူ၏ အုပ်ထိန်းမှု အောက်တွင် ထားရှိသင့်သည်ဆိုသော ပြဿနာများကို ဆုံးဖြတ်ရာ၌ သက်ဆိုင်ရာ ဘာသာထုံးတမ်းအရ အုပ်ထိန်းခွင့်ရှိသည် မရှိသည် ဆိုသော အချက်မှာ အဓိကမဟုတ် မည်သူ၏ အုပ်ထိန်းမှုအောက်တွင် ထားရှိခြင်းဖြင့် အရွယ်မရောက်သေးသူ၏ ကောင်းကျိုးချမ်းသာမှုကိုအကျိုးပြုစေမည်ဆိုခြင်းကို ဦးစားပေး၍ သုံးသပ်ရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော်

အရွယ်မရောက်သေးသူတစ်ဦး၏ အုပ်ထိန်းသူခန့်ထားရာတွင် အရွယ်မရောက်သေးသူ၏ ကောင်းကျိုးကိုသာလျှင် ဦးစားပေး၍ ဆုံးဖြတ်ရမည် ဖြစ်သည်

မစ္စပါး(လ်)ကျော် နှင့် ဦးကျော် ၁၉၆၇ မတစ ၂၄၉
ဒေါ်ခင်ရီနှင့် ဦးထွန်းအောင် ၁၉၆၇ မတစ ၂၀၅
[တန်စွိကြူ နှင့် ချန်ချိန်လျဉ် ၁၉၄၇ ရန်ကုန်စီရင်ထုံး ၁၀၇ ] နှင့် [ဦးမောင်မောင် နှင့် မအေးသူ ၁၉၅၂ မြန်မာပြည်စီရင်ထုံး ၄၁၆(တရားလွှတ်တော်)
(၁၉၈၀ ပြည့်နှစ် အုပ်ထိန်းသူများနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေ ပုဒ်မ - ၁၇)

U Kyaw Phyoe Wai
Apprentice Lawyer
09770073349

ကိုယ့်ကိုယ်ယုံကြည်မှုပျောက်ဆုံးပြီး စိတ်မပျော်ရွှင်တဲ့မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်ဗျာ❤️
02/10/2022

ကိုယ့်ကိုယ်ယုံကြည်မှုပျောက်ဆုံးပြီး စိတ်မပျော်ရွှင်တဲ့
မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်ဗျာ❤️

ပုဒ်မ ၄၄၇ - ၄၄၈ ( ပိုင်နက်ကျူးလွန်မှု အကြောင်း )
21/09/2022

ပုဒ်မ ၄၄၇ - ၄၄၈ ( ပိုင်နက်ကျူးလွန်မှု အကြောင်း )

မိမိသည်ခိုးမှု၊လုယက်မှု၊အလွဲသုံးစားမှု၊ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုတစ်စုံတစ်ရာမကျူးလွန်သော်လည်းခိုးရာပါပစ္စည်းမိမိလက်ဝယ်...
21/09/2022

မိမိသည်ခိုးမှု၊လုယက်မှု၊အလွဲသုံးစားမှု၊ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုတစ်စုံတစ်ရာမကျူးလွန်သော်လည်းခိုးရာပါပစ္စည်းမိမိလက်ဝယ်တွေ့ရှိနေလျှင်သူခိုးသို့မဟုတ်ခိုးရာပါပစ္စည်းလက်ခံသူမဖြစ်အောင်မည်သို့

ပြုလုပ်ရပါမည်နည်း?

ပထမဦးဆုံးခိုးမှုပုဒ်မ၏အင်္ဂါရပ်ကိုသိဘို့ ၊ ဒုတိယ ခိုးရာပါပစ္စည်းမှုပုဒ်မ၏အင်္ဂါရပ်ကိုသိဘို့ ၊တတိယ သက်သေခံအက်ဥပဒေပြဌာန်းချက်ပါပုဒ်မ-၁၁၄၏ဥပမာ (က)တို့ကိုသိဘို့လိုအပ်ပါသည်။

-ခိုးမှု၏အင်္ဂါရပ်မှာ-
မည်သူမဆို- - -
၁။တစ်ဦးတစ်ယောက်၏လက်ရှိရှိသောရွှေ့ပြောင်းနိင်သောပစ္စည်းကို၊
၂။ထိုသူမသိဘဲ၊
၃။မရိုးမဖြောင့်သောသဘောဖြင့်၊
၄။ယူဆောင်ခြင်းသို့မဟုတ်ယူရန်ကြံရွယ်၍နေရာမှရွေ့စေခြင်းပြုလျှင်၊
ခိုးမှု (Thef )မြာက်ပါသည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၈ )
နေအိမ် ၊ ဥပစာ ၊ပြင်ပတွင်ခိုးမှုကျူးလွန်လျှင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၉အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်
နေအိမ် ၊ ဥပစာ ၊အတွင်းခိုးမှုကျူးလွန်လျှင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၈၀ အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်။
သားသမီး၊အစေခံ ၊အလုပ်သမား၊များကခိုးမှုကျူးလွန်လျှင်ပြစ်မုဆိုင်ရာဥပဒေပုဒ်မ-၃၈၁ အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်။
သေစေရန် ၊ နာကျင်စေရန် ၊ တားဆီးရန် ၊ ပြင်ဆင်၍ခိုးမှုကျူးလွန်လျှင်ပြစ်မှုဆိုင်ဥပဒေပုဒ်မ-၃၈၂ အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်။
ပြစ်ဒဏ်များအနေဖြင့်ပုဒ်မ-၃၇၉ အရပြစ်မှုကျူးလွန်လျှင် ထောင်ဒဏ်(၃)နှစ်အထိ၊ဖြစ်၊ငွေဒဏ်ဖြစ်စေ ၊ဒဏ်(၂)ရပ်လုံးဖြစ်စေ ၊ချမှတ်နိင်သည်။ပုဒ်မ-၃၈၀ ၊ပုဒ်မ-၃၈၁ အရပြစ်မှု ကျူးလွန်လျှင်ထောင်ဒဏ်(၇)နှစ်အထိ
အပြင်ငွေဒဏ်၊ဒဏ်(၂)ရပ်လုံးချမှတ်နိင်ပါသည်။ ပုဒ်မ-၃၈၂အရပြစ်မှုကျူးလွန်လျှင်ထောင်ဒဏ်(၁၀)အထိအပြင်ငွေဒဏ် ၊ ဒဏ်(၂)ရပ်လုံးချမှတ်နိင်ပါသည်။
အထက်ဖေါ်ပြပါခိုးမှုပုဒ်မတစ်ခုခုကျူးလွန်၍ရရှိလာသည့်ရွှေ့ပြောင်းနိင်သောပစ္စည်းသည်ခိုးရာပါပစ္စည်း (Stolen property )ဖြစ်ပါသည်။
ခိုးရာပါပစ္စည်းကိုတစ်နည်းနည်းဖြင့်လက်ဝယ်ထားရှိသူသည်ခိုးရာပါပစ္စည်းလက်ခံသူ ( receiving stolen property )ဖြစ်ပါသည်။
ခိုးရာပါပစ္စည်း၏ပြစ်မှုအင်္ဂါရပ်မှာ - - -
၁။ခိုးမှု ။( Thef )
၂။ခြောက်လှန့်တောင်းယူမှု ။ ( extortion )
၃။ပြစ်မှုမကင်းသောအလွဲသုံးစားမှု ။ ( criminally misappropriated )
၄။ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှု ။ ( criminal breach of trust )
၅။လုယက်မှု ။ ( robbery )
အထက်ဖေါ်ပြပါပြစ်မှုတစ်ရပ်ကိုန်ြမာနိင်ငံအတွင်း/အပြင်ကျူးလွန်၍ပစ္စည်းသည်လက်ဝယ်ရှိသူ၏လက်ဝယ်သို့ပြန်မရောက်မခြင်း"ခိုးရာပါပစ္စည်း"ဖြစ်နေပါသည်။လက်ဝယ်ရှိသူ၏လက်ဝယ်သို့ပစ္စည်းပြန်ရော်လျှင်
ထိုပစ္စည်းသည်ခိုးရာပါပစ္စည်းအဖြစ်မှရပ်ဆဲပါသည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၀ )
ခိုးရာပါပစ္စည်းလက်ခံမှုနှင့်ပတ်သက်၍ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၁ ၊(ခိုးရာပါပစ္စည်းကိုမရိုးမဖြောင့်သောသဘောဖြင့်လက်ခံခြင်း)ကျူးလွန်သူကို၊ထောင်(၃)နှစ်အထိ၊ငွေဒဏ်၊ဒဏ်(၂)ရပ်လုံး။
ပုဒ်မ-၄၁၂ လုယက်မှုသို့မဟုတ်ဓားပြမှုကျူးလွန်ရာမှရရှိလာသောတိုက်ရာပါပစ္စည်းများကိုမရိုးမဖြောင့်သောသဘောဖြင့်လက်ခံခြင်းဖြစ်သည်။ကျူးလွန်သူအားထောင်ဒဏ်တစ်သက်တစ်ကျွန်း(ယခုထောင်ဒဏ်တစ်သက်)၊ဖြစ်စေ၊ထောင်ဒဏ်(၁၀)နှစ်ဖြစ်စေ၊ချမှတ်ရမည့်အပြင်ငွေဒဏ်ပါချမှတ်နိင်ပါသည်။
ပုဒ်မ-၄၁၃သည်ခိုးရာပါပစ္စည်းကိုအမြဲတမ်းရောင်းဝယ်ဆက်ဆံမှုဖြစ်ပါသည်။ကျူးလွန်သူကိုထောင်ဒဏ်တစ်သက်၊ထောင်ဒဏ်(၁၀)နှစ်အပြင်ငွေဒဏ်ပါချမှတ်နိင်သည်။
ပုဒ်မ-၄၁၄သည်ခိုးရာပါပစ္စည်းအားဝှက်သိမ်းပေးထားမှုဖြစ်ပါသည်။ကျူးလွန်သူကိုထောင်ဒဏ်(၃)နှစ်၊ငွေဒဏ်၊ဒဏ်(၂)ရပ်လုံးချမှတ်နိင်ပါသည်။
သက်သေခံအကဥပဒေပုဒ်မ-၁၁၄ ၏ဥပမာ(က)အရ-
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၀ပြဌာန်းချက်ပါပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်၍ရရှိလာသည့်ခိုးရာပါပစ္စည်းသည်မိမိ၏လက်ဝယ်သို့မည်သည့်နည်းဖြင့်လက်ဝယ်သို့ရောက်ရှိနေရခြင်းဖြစ်ကြောင်းကိုခိုင်လုံစွာသက်သေထူ၍
တင်ပြနိင်ခြင်းမရှိလျှင်တရားရုံးသည်သူခိုးသို့မဟုတ်ခိုးရာပါပစ္စည်းလက်ခံသူအဖြစ်မှတ်ယူနိင်ကြောင်းဥပမာပြုထားသည်။
မိမိအနေဖြင့်သူခိုးအဖြစ်မှတ်ယူခြင်းမခံရစေရန်အတွက်ပထမဦးစွာခိုးရာပါပစ္စည်းအားမိမိထံသို့ရောက်ရှိလာရသည့်အကြောင်းရင်းကိုခိုင်လုံစွာသက်သေထူပြပေးပါ။မိမိလက်ဝယ်သို့လာရောက်ပေးသူ/ရောင်းသူ၏
အမည်၊နေရပ်လိပ်စာအမှန်၊လိုအပ်ပါကမှတ်ပုံတင်မိတ္တူ၊စာချုပ်စာတမ်း၊တယ်လီဖုန်းဓါပုံမှတ်တမ်းများဖြင့်တင်ပြသက်သေထူနိင်လျှင်သူခိုးအဖြစ်တော့မှတ်ယူ၍မရနိင်တော့ပါ။ခိုးရာပါပစ္စည်းလက်ခံမှုမမြောက်ရန်အတွက်ပစ္စည်းသည်ခိုးရပါပ္စည်းမှန်းမသိ၍သဘောရိုးဖြင့်လက်ခြင်း၊ဝယ်ယူထားခြငးဖြစ်ကြောင်း၊ကာလပေါက်စျေးအတိုင်းဝယ်ယူကြောင်း၊သူခိုးစျေးဖြင့်ဝယ်ယူခြင်းမဟုတ်ကြောင်း၊သက်သေထူ၍ပစ္စည်းကိုတာဝန်ရှိရဲအားရှာဖွေပုံစံဖြင့်သက်သေများရှေ့ပေးအပ်နိင်မှသာလျှင်ခိုးရာပါပစ္စည်းလက်ခံမှုမှလွတ်၍သက်သေဖြစ်လာမည်ဖြစ်ပါသည်။
မှတ်ချက်။ယနေ့ယခုအခါအရောင်းအဝယ်လောကတွင်ရောင်းမှားဝယ်မှားမှုဟုပြောနေကြသည့်ခိုးရာပါပစ္စည်းလက်ခံမှုများ၊ဖြစ်၍ပစ္စည်းများဆုံးရှုံးနစ်နာမှုများကြောင့်အထောက်အထား၊သက်သေများ၊မှတ်တမ်းဓာပုံများ
အမည်အမှန်၊နေရပ်လိပ်စာအမှန်၊တို့အရယူထားကြပါ။
အထူးမှတ်ရန်။ပြစ်မှုဆိုင်ရာဥပဒေလိမ်လည်မှုပုဒ်မ-၄၁၇၊ပုဒ်မ-၄၂၀၊မှလိမ်လည်ရယူသည့်ပစ္စည်း၊ငွေသည်ခိုးရာပါပ္စည်းမဟုတ်ပါ။
ပစ္စည်းမပေးအပ်နိင်၍အစားထိုးပစ္စည်း၊ငွေအပ်ပေးခြင်းသည်ခိုးရာပါပစ္စည်းပေးအပ်ခြင်းမဟုတ်ပါ။သက်သေခံပစ္စည်းအဖြစ်မှတ်ယူ၍မရပါ။ရှာဖွေပုံစံပျက်ပြယ်စေပါသည်။
တရားခံအမှုမှလွတ်မြောက်လျှင်ပစ္စည်းအပ်ပေးသူအားတရားရုံးကပြန်ပေးသည့်စီရင်ထုံးမြောက်များစွာထုံးဖွဲ့ထားပါသည်။

ကူးယူဖော်ပြပါသည်။
Crd #ဥပဒေရေးရာ

Address

Naypyidaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959770073349

Website

Alerts

Be the first to know and let us send you an email when Kyaw Phyoe Wai-Legal Law posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kyaw Phyoe Wai-Legal Law:

Share