အောင်တံခွန်ဥပဒေသင်တန်း

အောင်တံခွန်ဥပဒေသင်တန်း ဥပဒေနဲ့ပတ်သက်ပြီး သိကောင်းစရာများက

16/02/2024

ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုတာ ဘာလဲ?

"ပြည်သူ့စစ်မှုထမ်းဥပဒေ"ဆိုတာဘာလဲ

၂၀၁၀ ခုနှစ် နို၀င်ဘာ ၄ ရက်နေ့မှာ
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေး
ကောင်စီကပြည်သူ့စစ်မှုထမ်း ဥပဒေကို
ဥပဒေအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တယ်။

ဒီဥပဒေအရ
၁။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသားအားလုံးနဲ့
၂။ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများ
အားလုံးစစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး
စက်မှု လက်မှု အပါအ၀င်
ကျွမ်းကျင်ပညာရှင်ဖြစ်လျှင်တော့….
၁။ အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသားအားလုံးနဲ့
၂။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများ
အားလုံး အကျုံး၀င်မှာ ဖြစ်တယ်။

ဘယ်သူတွေ ကင်းလွတ်ခွင့်ရမလဲဆိုတော့
၁။ သာသနာ့ ၀န်ထမ်းတွေ( မည်သည့် ဘာသာမဆို )
၂။ အိမ်ထောင်သည် အမျိုးသမီးတွေ၊
(သားသမီးရှိတဲ့ အိမ်ထောင်ပျက်အမျိုးသမီးတွေအပါ)
၃။ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန်
မသင့်လျော်သူ။
၄။ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က
သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုတဲ့သူတွေ
ကလွဲရင် အကျုံးဝင်သူအားလုံးဟာ
မဖြစ်မနေ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။

စစ်မှုထမ်းကာလကို ကာလတို
ယာယီရွေ့ဆိုင်းခွင့်ပြုတဲ့သူတွေကတော့
၁။ ယာယီဆေးအဆင့်နိမ့်နေသူများ
၂။ နိုင်ငံ၀န်ထမ်းများ
၃။ ပညာသင်ကြားနေသူများ
၄။ အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့်
မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ
၅။ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများနဲ့
၆။ ထောင်ဒဏ်ကျခံနေရသူများတို့ဖြစ်ပါတယ်။

ကာလတို
ယာယီရွေ့ဆိုင်းခွင့်ရဲတဲ့သူတွေအနေနဲ့
ယာယီရွေ့ဆိုင်းခွင့်ပြုထားတုန်း
အသက်ကန့်သတ်ချက် ကျော်လွန်သွားရင်လဲ
ကင်းလွတ်ခွင့်မပြုပဲ
ဆက်ပြီးတာ၀န်ထမ်းဆောင်ရမယ်။

စစ်မှုထမ်းကာလကတော့
၁။ သာမန် လူတွေ အတွက် ၂ နှစ်ဖြစ်ပြီး
၂။ ပညာသည်တွေ အတွက်ကတော့ ၃ နှစ်ဖြစ်တယ်။
အရေးပေါ် အခြေအနေတွေမှာတော့
မည်သူ့ကိုမဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ
တာ၀န်ထမ်းဆောင်ဖို့ သက်တမ်းတိုးမြှင့်နိုင်ပါတယ်။

စစ်မှုထမ်းဥပဒေအရ
အမှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံရတဲ့မည်သူမဆို
စစ်မှု စတင်ထမ်းတဲ့နေ့ကစပြီး
၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို
လိုက်နာရမှာဖြစ်ပြီး အပြစ်တစ်စုံတစ်ရာ
ကျူးလွန်မယ်ဆိုရင်တော့
စစ်မှုထမ်းကာလအတွင်း
စစ်တရားရုံးက ဖြစ်စေ၊
နယ်ဘက် တရားရုံးကဖြစ်စေ
ချမှတ်တဲ့ပြစ်ဒဏ်ကာလကို
စစ်မှုထမ်းကာလအတွင်း ထည့်သွင်းစဉ်းစားခြင်း
မပြုပဲသတ်မှတ်ကာလပြည့်သည်အထိ
စစ်မှုထမ်းဆောင်ရပါမယ်။

အခွင့်အရေးတွေ အနေနဲ့ကတော့
စစ်မှုထမ်းကာလအတွင်း
အဆင့်လိုက် လစာစားရိတ်များ ခံစားခွင့်ရရှိမှာဖြစ်ပြီး
တာ၀န်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက
တပ်မတော်က သတ်မှတ်ထားတဲ့အတိုင်း
ခံစားခွင့် များ ရရှိပါမယ်။
ပါရဂူဘွဲ့၊ အခြားအသက်မွေး ၀မ်းကျောင်းဘွဲ့နဲ့
သတ်မှတ်အရည်အချင်းပြည့်မီသူတွေကို ….
ပြန်တမ်း၀င်အရာရှိအဖြစ်
တိုက်ရိုက် ခန့်အပ်နိုင်တဲ့အချက်ကိုလည်း
ထည့်သွင်းပြဌာန်းထားပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို
မြို့နယ်/ ခရိုင် /တိုင်းဒေသကြီး /
ဗဟို အဆင့်တွေအထိ
ဖွဲ့စည်းသွားမှာဖြစ်ပြီး
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေက
နှစ်စဉ် စစ်မှုထမ်းရန် အရွယ်ရောက်သူများစာရင်းကို
မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ
ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေပဲ
အရောက်ပေးပို့ရမှာ ဖြစ်တယ်။

မြို့နယ်အဖွဲ့က
အသက်ပြည့်မီသူတွေကို ဆင့်ခေါ်ပြီး
မှတ်ပုံတင်ထားရှိကာ
လက်မှတ်ထုတ်ပေးသွားမှာဖြစ်ပြီး
လက်မှတ်ရရှိသူတွေကိုတော့
ဆေးစစ်ဖိုဆင့်ခေါ်မှာ ဖြစ်တယ်။

စစ်မှုထမ်းဖို့ဆင့်ခေါ်စာကို
သက်ဆိုင်ရာပုဂ္ဂိုလ်ကို
တိုက်ရိုက်ပေးအပ်ရမှာဖြစ်ပြီး
မတွေ့ရှိခဲ့ရင်တော့
မိသားစု၀င်တစ်ဦးဦးဆီ
သက်သေတစ်ဦးရှေ့မှာ ပေးအပ်ရပါမယ်။
ဒါဟာ ဥပဒေအရ
သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲကို
ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ မှတ်ယူပါမယ်။

ပြစ်ဒဏ်တွေကတော့
ပုဒ်မ ၂၃ အရ
၁။ မှတ်ပုံတင်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၂။ ဆေးစစ်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၃။ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၄။ မှတ်ပုံတင်ချိန်မှာ အကြောင်းအရာတစ်ခုခုကို
လိမ်လည်ရေးသားဖော်ပြရင်
၅။ စစ်မှုထမ်းဆောင်ပြီး နှစ်စေ့လို့
ပြန်ရောက်လာတဲ့သူကိုအလုပ်ရှင်က
မူလအလုပ်/ရာထူးမှာ ခန့်အပ်ဖို့ ငြင်းဆန်ရင်
ထောင်ဒဏ် ၃ နှစ် ထိကျခံရမှာဖြစ်တယ်။

ပုဒ်မ၂၄ အရ
စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖို့အတွက်
၁။ ရောဂါရှိဟန်ဆောင်ခြင်း
၂။ တမင် ရောဂါရအောင်လုပ်ခြင်း
၃။ ရောဂါကိုမပျောက်အောင် ပိုဆိုးလာအောင်လုပ်ခြင်း
၄။ အနာတရ ဖြစ်အောင်လုပ်ခြင်းတို့အတွက်
ကျူးလွန်သူက ထောင်ဒဏ်(၅)နှစ်ကျခံရမှာဖြစ်ပြီး
စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲဖို့အတွက်
အားပေးသူကူညီသူဟာ
၁။ အရပ်သားဆို ထောင်ဒဏ် (၁)နှစ် …..
၂။ ၀န်ထမ်းဆို ထောင်ဒဏ်(၃)နှစ်ကျခံရမှာဖြစ်သလို
ရဲအရေးပိုင်တဲ့ပြစ်မှုတွေအဖြစ် သတ်မှတ်ထားပါတယ်။

ပုဒ်မ ၂၃ နဲ့၂၄ ကို ကျုးလွန်သူတွေဟာ
ပြစ်ဒဏ်ကျခံပြီးနောက်
စစ်မှုထမ်းဆောင်ဖို့
ပြန်လည်သတင်းပို့ရမှာပဲဖြစ်ပါတယ်။

ဒီဥပဒေဟာ ပြဌာန်းထားပြီးဖြစ်လို့
သမ္မတ သို့တည်းမဟုတ် လုပ်ပိုင်ခွင့်ရှိသော
အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က
အသက်သွင်းတဲ့နေ့မှာစတင်အသက်၀င်မှာဖြစ်ပြီး
လွှတ်တော်ကို တင်ပြစရာ မလိုတော့ပါ။

#အောင်တံခွန်ဥပဒေရေးရာဗဟုသုတ

#ပြည်သူ့စစ်မှုထမ်းဥပဒေ

ဒီ App တွေကို မဒေါင်းမိပါစေနဲ့ ။down ပြီး Appကို ဖွင့်မိတာနဲ့ငွေအတင်းချေးပါတယ်။ အတိုးတွေ မတန်တဆပေါင်းပြီးတောင်းပါတယ်ငွေပ...
15/02/2024

ဒီ App တွေကို မဒေါင်းမိပါစေနဲ့ ။
down ပြီး Appကို ဖွင့်မိတာနဲ့
ငွေအတင်းချေးပါတယ်။ အတိုးတွေ
မတန်တဆပေါင်းပြီးတောင်းပါတယ်
ငွေပြန်မပေးမချင်း အမျိုးမျိုး
စိတ်ဒုက္ခပေးပါလိမ့်မယ်
မျိုးစုံအရှက်ခွဲခြိမ်းခြောက်အကြပ်ကိုင်မယ်။
မတန်တဆ ဆတိုးငွေကိုမရမကတောင်းပါလိမ့်မယ်

ကိုယ့်ဖုန်း contact ထဲက လူတွေဆီကိုလည်း
မှတ်တမ်းယူထားပြီး တစ်ဦးချင်းစီ
ဖုန်းဆက်ပြီးခြိမ်းခြောက် အရှက်ခွဲပါလိမ့်မယ်။

📌 ငွေလိမ်နေတဲ့ ကျားဖြန့် App တွေပါရှင်။
#အောင်တံခွန်ဥပဒေသင်တန်း

ဥပ​ဒေဘွဲ့ရမဟုတ်တဲ့သူများ ရှေ့နေဖြစ်ချင်ပါက တက်ရောက်ရမည့် ဥပဒေပညာ ဒီပလိုမာဘွဲ့(PGDL)အကြောင်းအသေးစိတ်ရေးသားဖော်ပြလိုက်ပါတယ...
06/09/2023

ဥပ​ဒေဘွဲ့ရမဟုတ်တဲ့သူများ ရှေ့နေဖြစ်ချင်ပါက
တက်ရောက်ရမည့် ဥပဒေပညာ ဒီပလိုမာဘွဲ့
(PGDL)အကြောင်းအသေးစိတ်ရေးသားဖော်ပြလိုက်ပါတယ်

PGDLဆိုတာဘာလဲ။

PGDLဆိုတာ Post Graduate Diploma in Law
(ဥပဒေပညာ ဘွဲ့လွန် ဒီပလိုမာ)ဖြစ်ပါတယ်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၌၂၀၁၂ခုနှစ်တွင်
စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

မေး- ဘယ်သူတွေ တက်ရောက်သင့်တာလဲ?
ဖြေ- ရှေ့နေ အဖြစ်အသက်မွေးလိုသူတွေ၊ဥပဒေ
ပညာကို တက္ကသိုလ်မှာ တက်ချင်ပေမယ့် အခြားဘွဲ့သင်ယူခဲ့ရသူတွေ တက်ရောက်သင့်ပါတယ်။

မေး- သင်တန်းကအောင်မြင်ရင် ရှေ့နေလိုင်စင်ရမှာလား?
ဖြေ- PGDL အောင်မြင်သူဟာ ဘွဲ့လက်မှတ်မှာ Post Graduate Diploma In Law Course is recognized as equivalent to Registered Lawyer Course, as this qualification is certified by Ministry of Education လို့ဆိုထားတဲ့အတွက် PGDL အောင်မြင်ပြီးတဲ့နောက် သတ်မှတ်ထားတဲ့ အလုပ်သင်ရှေ့နေ ကာလပြီးဆုံးတဲ့ အခါ ရှေ့နေလိုင်စင် ရမှာဖြစ်ပါတယ်။ချိန်ဘာဆင်းရပါတယ်။

မေး- လျှောက်ထားသူရဲ့ အရည်အချင်းတွေကရော ဘာတွေလိုမလဲ?
ဖြေ- ဥပဒေဘွဲ့မှအပ မည်သည့်တက္ကသိုလ်မှဖြစ်စေ ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရပါမယ်။ Online Course ဖြစ်တဲ့အတွက် မိမိ နေထိုင်ရာဒေသမှာ အင်တာနက်ကွန်ယက်ရှိရပါမယ်။ စာမေးပွဲဖြေတဲ့အခါမှာကွန်ပျူတာအသုံးပြုရ မှာဖြစ်လို့ ကွန်ပျူတာ ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူဖြစ်ရပါမယ်။

မေး-အသက်ကန့်သက်ချက်ရှိလား
ဖြေ-အသက်ကန့်သက်ချက်မရှိပါဘူး။

မေး- လျှောက်ထားတဲ့အခါ ဘယ်လိုလျှောက်ရမလဲ?
ဖြေ- အင်တာနက်ကွန်ယက်မှတစ်ဆင့် website လိပ်စာ ဖြစ်တဲ့ http://www.yudeonline.edu.mm မှ တစ်ဆင့် လျှောက်ထားရပါမယ်။

မေး- ဘာအချက်အလက်တွေ လိုအပ်လဲ?
ဖြေ-
၁။ အမည်
၂။ မှတ်ပုံတင်နံပါတ်
၃။ ဓာတ်ပုံ passport ပုံ soft copy
၄။ မွေးနေ့သက္ကရာဇ်
၅။ အလုပ်အကိုင်၊ လိပ်စာ၊ လုပ်သက်အတွေ့အကြုံ
၆။ Email လိပ်စာ၊ဖုန်းနံပါတ်
၇။ အဖအမည်၊ မှတ်ပုံတင်နံပါတ်၊အလုပ်အကိုင်၊နေရပ်လိပ်စာ
၈။ အမိအမည်၊ မှတ်ပုံတင်နံပါတ်၊အလုပ်အကိုင်၊နေရပ်လိပ်စာ
၉။ ဘွဲ့အမည်၊ မေဂျာ၊အထူးပြု၊ဘွဲ့လက်မှတ်မိတ္တူ

မေး- စာမေးပွဲကို ရန်ကုန်မှာ သွားဖြေရမှာလား?
ဖြေ- ဝင်ခွင့်ရ ကျောင်းသားကို email ကနေ အကြောင်းကြားမှာဖြစ်ပြီး ကိုယ်တိုင်ဖြစ်စေ လူစားဖြင့် ဖြစ်စေ ကျောင်းအပ်နိုင်ပြီး ၅ လ semester တစ်ခုအတွက် Face to Face ၂ကြိမ်နဲ့ စာမေးပွဲ ဖြေဖို့ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ရန်ကုန်မြို့ သထုံလမ်းမှာရှိတဲ့ အဝေးသင်တက္ကသိုလ်ကို သွားရောက်ရမှာဖြစ်ပါတယ်။

မေး- Face to Face ကဘာလဲ?
ဖြေ- သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး လူတွေ့ ရှင်းလင်းသင်ပြတာဖြစ်ပါတယ်။ Face to Face တစ်ကြိမ်ကို ၂ရက် ပြုလုပ်ပေးပါတယ်။

သင်ကြားတဲ့ဘာသာရပ်များအနေနဲ့ ပထမပညာသင်ကာလမှာ ဘာသာရပ် (၅) ခုရှိပါတယ်။
၁။ Law 6101 _ Criminal Law and Criminal Procedure Code
၂။ Law 6102 _ Family Law
၃။ Law 6103 _ Contract and Tort
၄။ Law 6104 _ Business Law and Labour Law
၅။ Law 6105 _ Land Law and Revenue Law

ပထမ ပညာသင်ကာလရဲ့ ဘာသာရပ် ၅ ခုကို တစ်ခုလျှင် စာစဉ် အ‌ဖြေတစ်ခု တင်ရပြီး၊ တစ်နာရီအတွင်း မေးခွန်း ၆၀ အပြီးဖြေရတဲ့ ကျူတိုရီရယ် တစ်ခု ဖြေရပါတယ်။ ကြားထဲမှာ face to face နှစ်ကြိမ် သင်ယူရပါတယ်။
ပြီးလျှင် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ သွား‌ရောက်ကာ ကွက်လပ်ဖြည့် ၂၀၊ အမှန်ရွေး ၄၀၊ မှားမှန်ရွေး ၄၀ ၊မေးခွန်းတို ၁၀၊ စုစုပေါင်း မေးခွန်း ၁၁၀ ကို ၃ နာရီအတွင်း ဖြေဆိုရပါတယ်။

ဘာသာရပ်တစ်ခုလျှင် ၆၀ မှတ်ရရင် အောင်တယ်ဆိုပါတယ်။ (ဘွဲ့လွန်အောင်မှတ်တွေက ၆၅ ပါ။ ဖြေဆိုသူတွေသိ‌တာက ၆၀ ပါ။ moderation လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆိုပါတယ် လို့ post မှာသုံးထားတာပါ။)

ဒုတိယပညာသင်ကာလအတွက်တော့
၁။ Law 6106 _ Civil Procedure Code
၂။ Law 6107 _ The Evidence Act
၃။ Law 6108 _ Constitutional Law and Administrative Law
၄။ Law 6109 _ International Law
တို့သင်ကြားရပါတယ်။

ဖြေဆိုပုံအောင်မြင်ပုံက ပထမပညာသင်ကာလအတိုင်းဖြစ်ပါတယ်။

ပြီးတော့ဒုတိယပညာသင်ကာလမှာ ဘွဲ့ယူစာတမ်းတစ်ခုတင်သွင်းပြီး အဆိုပါစာတမ်းအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့သွားရောက်ကာ လူတွေ့စစ်ဆေးမှုခံယူရပါတယ်။

အားလုံးကို english ဘာသာရပ်အသုံးပြု၊ ဆက်သွယ်ရေးကွန်ရက်ကြားခံထားသင်ကြားသင်ယူဖြေဆိုရတာပါ။

မေး- သင်တန်းသား ဘယ်လောက်လက်ခံမှာလဲ?
ဖြေ- Batch 13 မှစတင်ပြီး သင်တန်းသား ၁၀၀ လက်ခံသင်ကြားပေးပါတယ်။ယခင်က သင်တန်းသား ၅၀ သာလက်ခံပါတယ်။

မေး-အခုတက်ချင်လို့တက်လို့ရနိုင်မလား
ဖြေ-အောက်တွင်သင်တန်းသားလျှောက်လွှာကိုဖော်ပြပေးလိုက်ပါတယ်

မူရင်းရေးသားသူအာဘော်အားအနည်းငယ်ဖြည့်စွက်ရေးသားထားပါသည်။

#အောင်တံခွန်ဥပဒေရေးရာဗဟုသုတ

မြစ်ကြီးနားတက္ကသိုလ် မှ အဝေးသင်ဥပဒေပညာအထူးပြုများအတွက်✅✅✅(9.10.2023)မှ (18.10.2023) ထိအနီးကပ်သင်တန်း နှင့် (20.10.2023)မ...
06/09/2023

မြစ်ကြီးနားတက္ကသိုလ် မှ အဝေးသင်ဥပဒေပညာအထူးပြုများအတွက်

✅✅✅

(9.10.2023)မှ (18.10.2023) ထိအနီးကပ်သင်တန်း နှင့် (20.10.2023)မှ (26.10.2023) ထိ စာမေးပွဲများဖြေဆိုရပါမယ်..🔖🔖

ဖြေဆိုချင်တဲ့သူများကတော့
🔖ကျောင်းအပ်ထားရမယ်
🔖စာစဥ်နှစ်အုပ်ပေါင်းစုတင်ထားရမယ်....

အောင်တံခွန်အဝေးသင်ဥပဒေဘာသာစုံသင်တန်းလေးကို
စိတ်ဝင်စားလို့တက်ချင်တယ်ဆိုရင်တော့ မြန်မြန်စာရင်းသွင်းထားကြပါနော်

☎09696272234 ကို (10am to 5pm) ထိ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

#အောင်တံခွန်ဥပဒေသင်တန်း

01/10/2022

ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတစ်ဦးကို အခမဲ့နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ် ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစ်စုံတစ်ယောက်ကို အခမဲ့နေထိုင် ခွင့်ပြုထားတာ ၊ ကာလရှည်ငှားရမ်းထားတာ ၁၂ နှစ်ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူးဆိုတဲ့ ဥပဒေရှိသလိုလို ၊ စီရင်ထုံး ရှိသလိုလို ပြောဆိုနေကြတာတွေ ရှိပါတယ် ။ ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ ။
=============================

ဒါကအရပ်ထဲမှာပြောနေကြတာ .. အခုတလောပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားလူကို သွားပြီးတော့ ကိုယ့်အိမ်မှာပေါ့၊ နှစ်ရှည်မငှားထားနဲ့ နှင်လို့မရဘူးဖြစ်သွားမယ်။ အိမ်ငှားလည်း ကြာကြာမငှားနဲ့ နှင်လို့မရဘူး ဖြစ်သွားမှာ စိုးရိမ်တယ်။ တစ်ချို့ကလည်း နှစ်ကြာသွားရင် ပိုင်သွားတယ်။ အိမ်ငှားက အိမ်ပိုင်ဖြစ်သွားတယ်လို့ ဒီလိုလည်း ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့သတိထားစရာတစ်ခုတော့ရှိတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြု ချက်နဲ့ထားတဲ့သူက ဘယ်နနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားတဲ့သူက ခွင့်ပြုချက်နဲ့ထားတာပဲ ၊ သူက အိမ်ပိုင် သွားစရာ အကြောင်းမရှိဘူး။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှား၊ အနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားက အိမ်ပိုင်ဖြစ်မလာနိုင်ဘူး။

ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြ ပါစို့ ။ ခွင့်ပြုချက်နဲ့ထားတယ် ။ အဲ့ဒီခွင့်ပြုချက်န ဲ့ထားတဲ့သူကို ကိုယ့်က ဖယ်ချင်ပြီဆိုရင် အစ်မဖယ်ပေး ပါလို့ ပြောလိုက်လို့ရှိရင် ပြဿနာမရှိဘူး။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ၊ နို့တစ်ထုတ်ရတာပေါ့ ။ နို့တစ် ထုတ်တယ်ဆိုတဲ့အခါကျတော့ ခွင့်ပြုချက်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ ဆိုတာကို သူသိအောင် ပြော ရတာ ၊ အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်နဲ့ရုပ်သိမ်းပြီးပြီးဆိုမှ တရားက စွဲလို့ရတယ်။ ခွင့်ပြုချက် ကို မရုပ်သိမ်းပဲနဲ့ တရားတဘောင်စွဲလို့မရဘူး။

အဲဒီတော့ တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်ပေါ့ ။ ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲမှ အချိန် ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။ အဲ့ဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင် ။ သူက ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုက စွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေက လူတိုင်းသိသင့်တာ။ အမှန်က အဲ့ဒါကို သတိမထားမိရင်တော့ သူက အမှား အယွင်းဖြစ်တတ်တယ်။ ဆိုတော့ အဲ့ဒီကာလစည်းကမ်းသတ်ဥပဒေက ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ထားတာကို ပြန်ရုပ်သိမ်းပြီး ဆိုရင်တဲ့ ၆နှစ်အတွင်း စွဲပါ။ ဒီလိုဆိုထားပါတယ်။ ၆ နှစ်အတွင်း စွဲရမယ်ဆိုတာကတော့ ကာလ စည်းကမ်းသတ်ဥပဒေ၊ ပထမဇယား၊ စာတိုင်မှာ ၁၂၀ မှာ ဒီလိုဆိုထားတာပေါ့ ။ ၆ နှစ်ကျော်သွားပြီးဆိုရင် ဘာဖြစ်လဲ ။ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒါက သတိထားရမဲ့ အချက်ပါ။

ဒီလိုပဲ အိမ်ရှင်အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင်မဖြစ် လာနိုင်ဘူး။ သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိုလို့ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ ။ ပစ္စည်း လွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ နို့တစ်စာပေးတယ်ဆိုတာကတော့ အိမ်ငှား အဖြစ်ဖြတ်တောက်လိုက်ပြီး ဒီတာမနိတ် လုပ်လိုက်တယ်ဆိုတာ သူသိအောင်လို့ ပြောရတာ။ ဘယ်နေ့၊ ဘယ် ရက်မှာတော့ ဆင်းပေးတော့ဆိုတာ ဒီနို့တစ်စာမှာ ပါရတယ်။ ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ ည ၁၂နာရီကျော်လို့ရှိရင် ဒီဥစ္စာလက်ရောက်ပေးအပ်ပါတော့.. ဒါမျိုးက နို့တစ်စာ ထုတ်လေ့ရှိတယ်။

အဲ့ဒီလိုထုတ်ပြီးပြီး ငှားရမ်းခဖြတ်တောက်ပြီးပြီးဆိုရင် တရားစွဲရမယ်လေ။ အဲ့ဒီလို တရားမစွဲပဲ သွားရင် ကာ လစည်းကမ်းသတ်ဥပဒေမှာ ပါတာပေါ့ ၊ စောစောကပြောတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မှာပါတယ်။ အိမ်ငှားတစ်ယောက်ကို ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း သူက စွဲရတာ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပြီး ။ ဒါက သတိပြုရမှာပေါ့ ။ အဲ့ဒီမှာသတိပြုဖို့ကတော့ ဥပမာ မစွဲဖြစ်ဘူး ဆိုပါတယ်တော့ကွယ်။ နို့တစ်ထုတ်လိုက်တယ်၊မစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။ တရားဝင်ပြန်ရုပ်သိမ်းထားလိုက်နော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။ သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင် တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံး ဝင်သွားလို့ ဟိုခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းစွဲ ၊ မစွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။ အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင် ၁၂နှစ်အတွင်း စွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ် တောက်ပြီးပြီးဆိုရင်စွဲတော့ ။ မစွဲဖြစ်ရင်လဲပြန်ရုပ်သိမ်းလိုက် ။ ဒီနို့တစ်စာကို အဲ့လိုမရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲနှင်လို့မရတဲ့အတွက် အဲ့ဒီအချက်ကတော့ အထူးသတိပြုရမယ်လို့ပဲဖြေကြားချင်ပါတယ်။

Crd #ကာလစည်းကမ်းသတ်

ဘွဲ့ရများနဲ့တနေ့တာ😂😂😉
28/09/2022

ဘွဲ့ရများနဲ့တနေ့တာ
😂😂😉

2021အောင်များနဲ့ 2022အောင်များအတွက်သာB.A(law)တက်ရောက်လို့ရမဲ့ တက္ကသိုလ်များနဲ့LL.B. တက်ရောက်လို့ရမဲ့ တက္ကသိုလ်များBA(Law...
29/08/2022

2021အောင်များနဲ့ 2022အောင်များအတွက်သာ

B.A(law)တက်ရောက်လို့ရမဲ့ တက္ကသိုလ်များနဲ့
LL.B. တက်ရောက်လို့ရမဲ့ တက္ကသိုလ်များ

BA(Law)/LL.B.ဘာကွာလဲ?

LL.B ၅နှစ်တန်း အတွက်အမှတ်မီပါက
LL.B တိုက်ရိုက် တက်ရောက်နိုင်သည်။
LL.Bနောက်ဆုံးနှစ်တွင်မဟာတက်ရန်အရည်အချင်း
ထပ်မံပြည့်မီပါက LL.M (ဥပဒေပညာမဟာဘွဲ့)
ဆက်လက်တက်ရောက်ရမည်ဖြစ်သည်။

LL.B အမှတ်မမီသူများအနေဖြင့်

B.A(Law) ၄ နှစ်တက်ရပြီး

B.A(Law)တွင်အရည်အချင်းထပ်မံ​​​ပြည့်မီ​ပါက
နောက်ထပ်ဘွဲ့ဖြစ်သောLL.Bဘွဲ့ ရရန်
LL.Bသင်တန်းပို့ချသော တက္ကသိုလ်များတွင်
နောက်ထပ် ၁ နှစ်ထပ်မံတက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း 5 နှစ် တက်ရောက်ရမည့် သင်တန်းဖြစ်သည်။

B.A(law)တွင် Q အမှတ်မမီပါကအဆိုပါ
B.A(law)ဖြင့်သာရပ်တန့်သွားမည့်ဖြစ်သည်။
B.A(law)သည်ရှေ့နေဖြစ်ခွင့်မရှိ၊
ဥပဒေအရာရှိ၊တရားသူကြီးဖြစ်ခွင့်မရှိသော
ရိုးရိုးသာမာန်ဥပဒေဘွဲ့သာဖြစ်သည်။

ဒါဆိုဘွဲ့ရရင်ဘာလုပ်ကြမှာလဲ?

ဌာနဆိုင်ရာ အစိုးရရုံးများတွင်
အလုပ် လျှောက်ထားနိုင်မည်ဖြစ်သည်။
​ရှေ့နေ၊ ဥပဒေအရာရှိ၊တရားသူကြီးမှလွဲရင်
ကျန်တဲ့ဥပဒေအလုပ်အကိုင်များအတွက်
အဆင်ပြေပါသည်။
ဥပဒေအလုပ်အကိုင်တွေကိုသီးသန့် Post
တစ်ခုအနေနဲ့လေ့လာ ရေးသား ဖော်ပြပေးပါမည်။

အနီးစပ်ဆုံးပြောရရင်

ဥပဒေရေးရာအထောက်အကူပြုပေးသူ
(Paralegal )ကဲ့သို့သော အလုပ်များ
Company များရဲ့ Legal Department များ
နဲ့ဥပဒေအကြံပေးကဲ့သို့သောအလုပ်များ

👩‍⚖️ဥပဒေပညာ သင်ယူ ဆည်းပူးလိုပြီး
LL.Bတက်ရောက်ရန် အမှတ်မမှီသူများအတွက်
အခွင့်အရေးတစ်ရပ်အနေနဲ့
ထပ်မံ တိုးချဲ့ထားခြင်းဖြစ်သည်။

နားမလည်မှာဆိူး၍ထပ်မံရှင်းပြပေးပါမည်။

B.A(law) - LL.B. - LL.M.
(or)
LL.B.- LL.M.

အနည်းဆုံး LL.Bရမှရှေ့နေဥပဒေအရာရှိ၊
တရားသူကြီး လုပ်နိုင်မည်ဖြစ်သည်။

အောင်တံခွန်ဥပဒေသင်တန်း

ဆေးတက္ကသိုလ်များသို့ ဆယ်တန်းအမှတ် ၄၅၀ အထက်ရရှိသူများလျှောက်ထားနိုင်ပါသည်အင်္ဂလိပ်,ဇီဝ,ဓာတုအမှတ်ပေါ်မူတည်ပါသည်လူတွေ့ဖြေရန...
29/08/2022

ဆေးတက္ကသိုလ်များသို့ ဆယ်တန်းအမှတ် ၄၅၀ အထက်ရရှိသူများလျှောက်ထားနိုင်ပါသည်
အင်္ဂလိပ်,ဇီဝ,ဓာတုအမှတ်ပေါ်မူတည်ပါသည်
လူတွေ့ဖြေရန်လိုပါသည်
အပြည့်အစုံဖတ်ရန်
👇👇👇

📌📌📌မြစ်ကြီးနားတက္ကသိုလ် မှ အဝေးသင်ဒုတိယအသုတ် ကျောင်းသားကျောင်းသူများ အတွက်2022ပညာသင်နှစ်မြစ်ကြီးနားတက္ကသိုလ် ပထမနှစ် ၊ ဒ...
28/08/2022

📌📌📌မြစ်ကြီးနားတက္ကသိုလ် မှ အဝေးသင်ဒုတိယအသုတ် ကျောင်းသားကျောင်းသူများ အတွက်

2022ပညာသင်နှစ်မြစ်ကြီးနားတက္ကသိုလ် ပထမနှစ် ၊ ဒုတိယနှစ် နှင့် တတိယနှစ် (ဥပဒေ ၊ စိတ်ပညာ ၊ ဒဿနိက ၊ အရှေ့တိုင်း ၊ English)
အထူးပြုဘာသာများအတွက်
📖📖📖 စာကျက်ဝိုင်းများ ၊ သင်တန်းပို့ချမှုများစတင်လျက်ရှိပါပြီ

📒📒📒တဥိီးချင်းစာကျက်ဝိုင်းများလည်းရှိပါတယ်

🏡🏡🏡သင်တန်းတက်ဖို့တင်သာမက နေထိုင်ရန်အဆောင်အထိပါ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

👍👍👍စိတ်ဝင်စားလို့ တက်ရောက်ချင်ရင်တော့
အမြန်သာဆက်သွယ်လိုက်ပါနော်😊😊😊

09797775392(10am to 5pm) ထိ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

၂၀၂၀ အောင် နှင့် ယခင်နှစ် ဆယ်တန်းအောင်များ ဝင်ခွင့်မလျှောက်လိုက်ရလို့ အခုပြန်လျှောက်လိုပါကအဝေးသင် တက္ကသိုလ်များ မှလွဲ၍မည...
28/08/2022

၂၀၂၀ အောင် နှင့် ယခင်နှစ် ဆယ်တန်းအောင်များ ဝင်ခွင့်မလျှောက်လိုက်ရလို့ အခုပြန်လျှောက်လိုပါက
အဝေးသင် တက္ကသိုလ်များ မှလွဲ၍မည်သည့်တက္ကသိုလ်မှ လျှောက်ထားခွင့်မရှိပါ။
ဒီPost က မေဂျာပြန်လျှောက်ဖို့ မေးနေကြသော သူများအတွက်သာ ရည်ရွယ်ပါသည်။ #အောင်တံခွန်ဥပဒေသင်တန်း

28/08/2022

ဖြစ်နိုင်ရင် တက္ကသိုလ် ဝင်ခွင့်ဖောင်တွေကို စာတိုက်ကမပို့ကြနဲ့နော်။
တစ်ချို့စာတိုက်တွေက ကြာတက်လို့ အချိန်မှီဖောင် မရောက်ရင် ကိုယ်ပဲနစ်နာတာမို့လို့ပါ။
ဒါ့ကြောင့် သက်မှတ်ရက်အတွင်းမှာ မိမိတို့ ရဲ့ မြို့နဲ့ အနီးဆုံး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာ သွားရောက်တင်ပါ။
(၂. ၉.၂၀၂၂ )ရက်နေ့အထိ တင်လို့ရပါမယ်။

#ပညာရေးဝန်ကြီးဌာန #အဆင့်မြင့်ပညာဦးစီးဌာန #အောင်တံခွန်ဥပဒေရေးရာဗဟုသုတ

ကျပ်ငွေအတု လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်လာနိုင်သလဲဘဏ်တွေမှာပါ ငွေအတု အစစ်ခွဲတဲ့ စက်တွေကို အဓိကအသုံးပြုလာရငွေစက္ကူအတုတွေကို ...
14/08/2022

ကျပ်ငွေအတု လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်လာနိုင်သလဲ

ဘဏ်တွေမှာပါ ငွေအတု အစစ်ခွဲတဲ့ စက်တွေကို အဓိကအသုံးပြုလာရ
ငွေစက္ကူအတုတွေကို လက်ဝယ်ကိုင်ဆောင် သုံးစွဲမိပါက မည်သူမဆို ဖမ်းဆီးစစ်ဆေးခံရနိုင်တာကြောင့် သာမန်ပြည်သူတွေအနေနဲ့ အတုအစစ်ခွဲခြားနိုင်တဲ့ အခြေခံအချက်တချို့ကို သိထားဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင်အချို့နဲ့ အကြီးတန်းဘဏ် အရာရှိတချို့က အကြံပြုပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စင်္ကာပူမှာ အိမ်အကူအလုပ်သွားလုပ်ပြီး ပြန်လာတဲ့ အမျိုးသမီးငယ်တစ်ဦး ရရှိလာတဲ့လစာငွေတွေမှာ တစ်သောင်းတန်အတုတွေ ပါဝင်နေလို့ ဖမ်းဆီးခံထားရတဲ့အကြောင်း ကလည်း လူထုအကြားမှာ လက်တလော စိတ်ဝင်စားမှု အရှိန် မြင့်တက်နေတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
သိပ်မကြာသေးခင်တုန်းကလည်း မြန်မာပြည်ကို အလည်လာရောက်တဲ့ စင်္ကာပူ ခရီးသွား ဧည့်သည် ၂ ယောက်ဆီကနေ မြန်မာ ငွေစက္ကူ အတုတွေ သိမ်းဆည်းမိခဲ့ပြီး စင်္ကာပူက ငွေလဲကောင်တာ ၁၈ ခုကိုလည်း စင်္ကာပူရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးခဲ့ပါတယ်။

ဘဏ်အပ်ငွေထဲ အတုတွေပါလာရင် သုံးမရအောင်လုပ်ပြီး ပြန်ပေး
ငွေအတုမှန်းမသိဘဲ လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်နိုင်သလဲ
ငွေအတုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၁ မှာ ဗဟိုဘဏ်က ထုတ်တဲ့ ငွေစက္ကူ၊ ဒင်္ဂါးပြားတွေကို အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်းမပြုဖို့နဲ့၊ ပုဒ်မ ၁၀၂ မှာတော့ အတုပြုလုပ်ခြင်း၊ အတုကိုပြည်ပကနေ သွင်းယူခြင်း ပြည်ပကိုတင်ပို့ခြင်း မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။
အဲဒီမှာ ပုဒ်မ ၁၀၁ ကိုဖောက်ဖျက်ရင် အဲဒီလူကို ငွေဒဏ် ၊ ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးလည်းချမှတ်နိုင်တယ်။ ပုဒ်မ ၁၀၂ ကိုဖောက်ဖျက်ရင်တော့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဗဟိုဘဏ်ရဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေအရ ငွေအတုကို မသိဘဲနဲ့လည်း လက်ဝယ်ကိုင်ဆောင်မိတာ၊ သုံးစွဲမိတာမျိုးရှိခဲ့ရင်လည်း ဖမ်းဆီးအရေးယူခံရနိုင်ခြေရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် ( မရမ်းကုန်း) ကပြောပါတယ်။

"အဲဒါကတော့ ကိုယ်ကမသိကြောင်း၊ ဒါကို အတုမှန်းသိလျက်နဲ့ သုံးစွဲတာမဟုတ်ဘူး၊ လက်ဝယ်ထားတာ မဟုတ်ဘူးဆိုတာ ထုချေဖို့က စွပ်စွဲခံရသူ တရားခံဘက်က တာဝန်ကျသွားတယ်၊ ဒါမျိုးအဖမ်းခံရနိုင်တဲ့အတွက် ကိုယ်တိုင်က ငွေအတုအစစ်နဲ့ပတ်သက်ပြီး ဗဟုသုတရှိဖို့လိုပါတယ်၊ မသိဘဲနဲ့ လက်ဝယ်ထားမိရင် မိမိမှာ တာဝန်ရှိလာပါမယ်၊ ဒါပေမယ့် တာဝန်ရှိတဲ့အပေါ်မှာ လွတ်လပ်စွာချေပထုချေပိုင်ခွင့်ရှိပါတယ်'' လို့ ဦးခင်ဇော် ( မရမ်းကုန်း) ကရှင်းပြပါတယ်။

၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ဝေသုံးစွဲခဲ့တဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေဟာ မြန်မာ့ငွေကြေးထဲမှာ တန်ဖိုး အမြင့်ဆုံး ဖြစ်ပါတယ်။တစ်သောင်းကျပ်တန် ငွေစက္ကူအတုတွေဟာအခုနောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်လာတာကြောင့်လည်း ပုဂ္ဂလိက ဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့ စက်တွေကို အဓိကထားပြီး ခွဲခြားလာရတယ်လို့လည်း သိရပါတယ်။

အတုမှန်းသံသယရှိရင်ဘယ်လိုလုပ်မလဲ
ငွေအတုအစစ်ခွဲတဲ့စက်ကတော့ ဘဏ်တွေနဲ့ လုပ်ငန်းကြီးတွေမှာပဲအများအားဖြင့်ရှိပြီး၊ သာမန်ပြည်သူတွေမှာတော့ အဲဒီလိုစက် မရှိနိုင်တဲ့ အတွက် အတု၊ အစစ် ခွဲခြားဖို့က သုံးစွဲသူတွေ အတွက် အခက်အခဲ ရှိတယ်လို့ CB ဘဏ်အကြံပေးဖြစ်တဲ့ ဦးဖေမြင့်ကပြောပါတယ်။

'' ဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့စက်တွေရှိတော့ ဘဏ်ကိုလာအပ်တဲ့ငွေတွေထဲမှာ အတုတွေပါ လာရင်တော့ ဘဏ်ကပဲ သိမ်းထားလိုက်တာများတယ်၊ ၁ ရွက် ၂ ရွက်ဆိုရင်တော့ ရဲကိုအကြောင်းကြား မနေတော့ဘူး။ ဒါကတော့ ဗဟိုဘဏ် ညွှန်ကြားထားတဲ့အတိုင်းတော့မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ဖောက်သည် တွေ အလုပ်မရှုပ်အောင် လုပ်လိုက်တာပေါ့၊ အတုကများရင်တော့လည်း ရဲကိုဖုန်းဆက်အကြောင်းကြား ရတာပေါ့'' လို့လည်း လက်တွေ့ မြေပြင်အခြေအနေကို ဦးဖေမြင့်ကထပ်မံပြောပြပါတယ်။

သာမန်ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်မှာ ကိုင်ဆောင်ထားတဲ့ ငွေစက္ကူကို အတုလို့ သံသယရှိတယ်ဆိုရင် ကိုယ်တိုင် မီးရှို့ဖျက်ဆီးတာမျိုးလုပ်ပါကလည်း အစစ်ဖြစ်နေရင် ငွေစက္ကူဖျက်ဆီးမှုနဲ့ အရေးယူခံရနိုင်တဲ့ အတွက် ဖျက်ဆီးဖို့လည်းမဖြစ်နိုင်ဘူး လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က ပြောပါတယ်။

''ဘဏ်မှာသွားအပ်လိုက်ရင်တော့ အတုတွေ့ရင် ဖျက်ဆီးပြီး သုံးမရအောင်လုပ်လိုက်မယ်၊ အဲဒီမှာပင် ပြီးသွားပြီ၊ သွားအပ်ရင်တော့ အဖမ်းခံရနိုင်မလားဆိုပြီး လူထုအကြားမှာ စိုးရိမ်ပူပန်မှုလည်း ရှိလာနေတယ်။'' လို့ စင်ကာပူကနေ ပြန်လာအပြီး ရရှိလာတဲ့လစာငွေတွေကိုသုံးစွဲရာက ငွေစက္ကူအတုဖြစ်ကြောင်း သိရတဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့အတူ ရဲစခန်းသွားအပ်ခဲ့ပေမယ့်လည်း လတ်တလောအဖမ်းဆီးခံထားရတဲ့ နော်သော့သွဲ့ထူးကို ရည်ညွှန်းပြီး ဦးခင်ဇော် (မရမ်းကုန်း)ကပြောဆိုသွားတာပါ။

ငွေအတုနဲ့ပတ်သက်ပြီး မသိဘဲသုံးစွဲမိရင် ဒီနိုင်ငံမှာအဖမ်းခံရနိုင်ပေမယ့် အခြားပြည်ပနိုင်ငံတချို့မှာတော့ ဒါမျိုးမရှိဘူးလို့လည်း ဦးဖေမြင့်က သူ့ရဲ့ပြည်ပနိုင်ငံတွေကိုသွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေအရပြောပြ ပါတယ်။

'' အဓိက က ပြည်သူကို မနစ်နာအောင်လုပ်ပေးရမှာ၊ အခုက သုံးတဲ့သူတွေကိုပဲဖမ်းနေတာ၊ အတုလုပ်တဲ့ ဂိုဏ်းတွေ လုပ်နေတဲ့သူတွေကို ဖမ်းဆီးဖို့ လုပ်ရမှာလေ'' လို့ ဦးဖေမြင့်ကပြောပါတယ်။

ကျပ် တစ်သောင်းတန်ကို အတုအစစ် ဘယ်လိုခွဲမလဲ
"တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဗဟိုဘဏ်က ထုတ်ထားတဲ့အချက်တွေကများတယ်။ သာမန်လူတွေ အနေနဲ့ တစ်သောင်းတန်ကိုအတုအစစ်ခွဲဖို့ ဆိုရင် ဘေးတန်းမှာ ကြာပန်းလိုမျိုး အရှည်ပြားလေးပါတယ်၊ ကိုင်ကြည့်လိုက်တာနဲ့ ကြမ်းနေရင်အစစ်၊ ချောနေရင်အတုပဲ၊ ကျန်တာတွေစစ်ဖို့က ကြာတယ်'' လို့ CB ဘဏ် အကြံပေးအရာရှိဖြစ်တဲ့ ဦးဖေမြင့်က ကျပ် တစ်သောင်းတန်ကို အလွယ်ကူဆုံးခွဲခြားနိုင်မယ့်အချက်ကို ပြောပြ ပါတယ်။

ဒါတွေ အပြင် ရေစာ၊ ဖောင်းကြွပုံနှိပ်၊ လုံခြုံရေးကြိုး စတာတွကို သာမန် မျက်စိနဲ့ စစ်ဆေးတာမျိုး၊ ငွေစက္ကူနံပါတ် အမှတ်စဉ်တွေ တူနေတာ ရှိ၊ မရှိ စစ်ကြည့်တာမျိုး နဲ့ အလင်းရောင်မှာတစ်သောင်းတန် ငွေစက္ကူကို ထောင်ကြည့်ရန် ကြာဖူးပုံ ပေါ်၊ မပေါ် စတဲ့ အချက်တွေကို စစ်ဆေးကြည့်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

ကူးယူဖော်ပြပါသည်

#အောင်တံခွန်ဥပဒေသင်တန်း

Address

Myitkyina
09797775392

Telephone

+959696166745

Website

Alerts

Be the first to know and let us send you an email when အောင်တံခွန်ဥပဒေသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အောင်တံခွန်ဥပဒေသင်တန်း:

Share

Category