M9 ခြံရှင်း/ခြံခတ်အပါအဝင် အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုများ - Pyinoolwin

  • Home
  • Myanmar
  • Maymyo
  • M9 ခြံရှင်း/ခြံခတ်အပါအဝင် အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုများ - Pyinoolwin

M9 ခြံရှင်း/ခြံခတ်အပါအဝင် အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုများ - Pyinoolwin Pyinoolwin ရှိ မြေကွက် (ရောင်း/ဝယ်/ခြံခတ်/ခြံရှင်းအတွက်)
Trusted Partner အဖြစ် ဆက်သွယ်နိုင်ပါသည်။ M9 - Real Estate & Property Services

17/01/2026

ခုလိုချိန်မှာ ခိုင်မာမှုကို အဓိကထားရှာနေသူများအတွက် -
☘️ရပ်ကွက်ကြီး 21 မိုးကြိုး(မူလ ရွာမ)၊ ဦးပိုင်အမှတ်(၄၄- ဃ)၊ ကွင်းအမှတ်(၆၇၇)။
☘️မြေအမျိုးအစား - ရွာမြေ (မြေစာရင်းအစစ်ခံနိုင်)။
☘️မြေကွက်နှင့်အကျယ်-A7(40x60), A8(40x60)
☘️Price - တစ်ကွက်လျှင် သိန်း (1750)
❣️ပိုင်ရှင်ကိုယ်တိုင်အရောင်းပါ (အကျိုးဆောင်များ ဖိတ်ခေါ်ပါတယ်)
☎️ 09675730183 (Phone/Viber)

မှတ်ချက်။ Comment မှာ အားသာချက်/အားနည်းချက်လေးတွေ ဖတ်နိုင်ပါတယ်။ စျေး /ကျောင်း လမ်းလျှောက်သွားလို့ရတဲ့ နေရာ​​ကောင်း​လေး။



#အိမ်ခြံမြေ

#ပြင်ဦးလွင်
#ပြင်ဦးလွင်အိမ်ခြံမြေ
#​မေမြို့
#​မေမြို့အိမ်ခြံမြေ

Pyinoolwin မြို့တွင် အိမ်/ခြံ/မြေ ဝယ်/ရောင်း/ငှားအတွက်သာမက  စည်းရိုးခတ်၊ အဆောက်အဦးဆောက်ခြင်းများအတွက် M9 သို့ ဆက်သွယ်နို...
08/01/2026

Pyinoolwin မြို့တွင် အိမ်/ခြံ/မြေ ဝယ်/ရောင်း/ငှားအတွက်သာမက စည်းရိုးခတ်၊ အဆောက်အဦးဆောက်ခြင်းများအတွက် M9 သို့ ဆက်သွယ်နိုင်ပါပြီ။

နေကြာရိုင်းခုတ်/အမြစ်ဖော်တွေ စခြောက်ပီမို့ မီးစရှင်းပါပြီခင်ဗျာ ☘️ရေငယ်☎️09675730183   #ပြင်ဦးလွင်  #မေမြို့
03/01/2026

နေကြာရိုင်းခုတ်/အမြစ်ဖော်တွေ စခြောက်ပီမို့ မီးစရှင်းပါပြီခင်ဗျာ ☘️ရေငယ်

☎️09675730183

#ပြင်ဦးလွင်
#မေမြို့


03/01/2026

🍀Pyinoolwin ရဲ့ Happy New Year အဖွင့်လေးတွေ မျှဝေလိုက်ပါတယ်ခင်ဗျာ။

🏠အေးပြီးလှတဲ့တောင်ပေါမြို့လေးမှာ မိတ်ဆွေတို့ နောင်ရေးအတွက် ရင်းနှီးမြှုပ်နှံဖို့/နေထိုင်ဖို့အတွက်ဆို ကျွန်တောင်တို့ U Mg Real Estate နဲ့ M9 ခြံရှင်း/ခြံခတ် Team ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

☎️09675730183

#ပြင်ဦးလွင်
#မေမြို့



ြံရှင်းခြံခတ်အဖွဲ့


Crd: original videos

👉အမေးများတဲ့_Bankချိတ် (   ) အတွက် ဒီအချက်တွေ လိုပါတယ်👈📌 ပထမဆုံး မိမိ ဝယ်ချင်တဲ့ လုံးချင်း / Condo / တိုက်ခန်းပိုင်ရှင်က...
03/01/2026

👉အမေးများတဲ့_Bankချိတ် ( ) အတွက် ဒီအချက်တွေ လိုပါတယ်👈

📌 ပထမဆုံး မိမိ ဝယ်ချင်တဲ့ လုံးချင်း / Condo / တိုက်ခန်းပိုင်ရှင်က ဘဏ်နဲ့ Home Loan ချိတ်ဝယ်တာကို လက်ခံ မခံ အရင်ဆုံး မေးဖို့ လိုပါတယ်

📌 အဆင့်များပြီး အချိန်ပေးရတာမို့ အိမ်ရှင်တိုင်းက ဘဏ်ချိတ်ကို လက်မခံတတ်ကြပါဘူး

ချိတ် ဆိုတာက လုံးချင်း ၊ Condo ၊ တိုက်ခန်းဝယ်ယူဖို့ မိမိဘက်မှ 30% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ 70% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုး ဖြစ်ပါတယ်။

Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာ အနည်းဆုံး ( 10 ) သိန်း နှင့်် အထက် ရှိဖို့ လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေ၏ ( 3 ) ဆ ရှိရင် ရနိုင်ပါတယ်။

ဥပမာ - 4 သိန်း ဆပ်ရတယ်ဆိုရင် ( 3 )ဆ 12 သိန်း ရှိရင်ရပါပြီ။ တစ်ယောက်ထဲ လစာမလောက်ဘူး ဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့သူနဲ့ ပေါင်းပြလို့ ရပါတယ်။

(က)။ #လူပုဂ္ဂိုလ်တစ်ဦးချင်း(သို့) #ဝန်ထမ်းတစ်ဦးချင်းအတွက်

လိုအပ်သော စာရွက်စာတမ်းများ
(1) မှတ်ပုံတင် မိတ္တူ (မူရင်းပြရန်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(5) ရပ်ကွက်ထောက်ခံစာ
(6) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(7) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ)
(သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။

(😎 ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(9) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(10) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(11) Bank Statement ( 6 ) လစာ တင်ပြရပါမည်

(ခ)။ #ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက်

လိုအပ်သောစာရွက်စာတမ်းများ
(1) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(5) ရပ်ကွက် ထောက်ခံစာ
(6) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(7) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(😎 ဘဏ္ဍာရေး ရှင်းတမ်း( 3 ) နှစ်စာ (တင်ပြနိုင်လျှင်)
(9) Bank statement ( 6 ) လစာ (ရှိလျှင်)
(10) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ

(1) မှတ်ပုံတင် မိတ္တူ (မူရင်းပြရမည်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(5) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(6) စရန်ပေးစာချုပ် မိတ္တူ (မူရင်းပြရမည်)
(7) ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(😎 Form VI, Form XXVI, Form E
(9) ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း
( ဘဏ်တွင် Mortgage Loan (ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာ အားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ )
(10)ဘဏ္ဍာရေး ရှင်းတမ်း(3 နှစ်စာ)(တင်ပြနိုင်လျှင်)
(11) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(12) အခွန်ပြေစာ (3 နှစ်စာ) (ရှိလျှင်)

Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(1) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(2) ကန်ထရိုက်၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(3) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(4) မြေရှင်ရဲ့ မိတ္တူ
(5) BCC စာရွက်
(6) ဆောက်လုပ်ခွင့်စာရွက်
(7) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(😎 အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(9) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
📌 အထက်ဖော်ပြပါ စာရွက်စာတမ်းအားလုံးကို မူရင်းပြပေးရပါမည်။
📌 ထိုအချက်အလက်တွေ အားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှ ဆင်းကြည့်မှာ ဖြစ်ပါတယ်။
ပြီးရင်တော့ မီးအာမခံ ဆင်းကြည့်မှာ ဖြစ်ပါတယ်။
📌 အချက်အလက်တွေ အကုန် ပြည့်စုံပြီ ဆိုရင်တော့ ဝယ်သူဘက်မှ 30% ထုတ်ပေးရမှာ ဖြစ်ပြီး bankဘက်မှ 70% ထုတ်ပေးလိုက်မှာ ဖြစ်ပါတယ်

📌 ထုတ်ပေးလိုက်တဲ့ 70% ကိုတော့ အတိုးနဲ့ နှစ်ရှည် ပြန်ဆပ်ရမှာဘဲ ဖြစ်ပါတယ်။

📌 လိုအပ်သော စာရွက်စာတမ်းများ မိမိမှာ အပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူတာမှုဆိုတာ ပိုလွယ်ကူပြီး မြန်ဆန်ပါကြောင်း ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

© Original Uploader
Credit 😍😍😍

ပြင်ဦးလွင် ​ရေချမ်းအိုး​လေးအ​ရောင်းမတင်မီအရင်ဆုံး ခြံရှင်းဝင်မယ်ဗျာ @ရေချမ်းအိုး  ☎️09675730183  သို့ ဆက်သွယ်လိုက်ပါခင်...
30/12/2025

ပြင်ဦးလွင် ​ရေချမ်းအိုး​လေး
အ​ရောင်းမတင်မီ
အရင်ဆုံး ခြံရှင်းဝင်မယ်ဗျာ @ရေချမ်းအိုး

☎️09675730183 သို့ ဆက်သွယ်လိုက်ပါခင်ဗျာ။

#ခြံရှင်း
#အပင်စိုက်
#အုတ်တံတိုင်း
#စည်းရိုး
#ပြင်ဦးလွင်
#မေမြို့

🏡ယ​​နေ့ Site ဝင်​ပေး​နေတဲ့ တံတိုင်းကာ အလုပ်​လေးပါ။🏡ပြင်ဦးလွင်ရှိ အိမ်/ခြံ/ဧကကွက်များ ရှင်းရန်၊ စည်းရိုး/တံတိုင်းခတ်ဖို့...
23/12/2025

🏡ယ​​နေ့ Site ဝင်​ပေး​နေတဲ့ တံတိုင်းကာ အလုပ်​လေးပါ။

🏡ပြင်ဦးလွင်ရှိ အိမ်/ခြံ/ဧကကွက်များ ရှင်းရန်၊ စည်းရိုး/တံတိုင်းခတ်ဖို့ဆို ဆက်သွယ်နိုင်ပါတယ်။

🏡 ခြံရှင်းဆိုရင် လက်ဖြတ်/စက်ဖြတ်၊ အကြမ်း/အ​ချောအလိုက် သင့်တင့်တဲ့​စျေးနဲ့ ဝန်​ဆောင်မှုကို စိတ်တိုင်းကျရပါ​စေမယ်​​နော်။ အ​သေးစိတ်စုံစမ်းလိုပါက ☎️09675730183 သို့ ဆက်သွယ်လိုက်ပါခင်ဗျာ။

#အုတ်တံတိုင်း
#စည်းရိုး
#ပြင်ဦးလွင်
#မေမြို့

Pyinoolwin ခြံပိုင်ရှင်များခင်ဗျာ...... ယခုလို ဧကကွက်များကိုလည်း ခြံရှင်း/စည်းရိုးခတ် အပ်နှံနိုင်ပါတယ်။🖐 လက်ဖြတ်/စက်ဖြတ်...
23/12/2025

Pyinoolwin ခြံပိုင်ရှင်များခင်ဗျာ...... ယခုလို ဧကကွက်များကိုလည်း ခြံရှင်း/စည်းရိုးခတ် အပ်နှံနိုင်ပါတယ်။

🖐 လက်ဖြတ်/စက်ဖြတ်၊ အကြမ်း/အ​ချောအလိုက် သင့်တင့်တဲ့​စျေးနဲ့ ဝန်​ဆောင်မှုကို စိတ်တိုင်းကျရပါစေမည်။

အ​သေးစိတ်စုံစမ်းလိုပါက ☎️09675730183 သို့ ဆက်သွယ်မေးမြန်းပေးနိုင်ပါပြီ။

#ခြံရှင်း
#အုတ်တံတိုင်း
#စည်းရိုး
#ပြင်ဦးလွင်
#မေမြို့

ပြင်ဦးလွင်ရှိ လူကြီးမင်းတို့၏ အိမ်/ခြံ/ဧကကွက်များ ရှင်းရန်လိုအပ်ပါက   ☎️09675730183  ကို ဆက်သွယ်ပေးပါခင်ဗျာ။  #ခြံရှင်း...
23/12/2025

ပြင်ဦးလွင်ရှိ လူကြီးမင်းတို့၏ အိမ်/ခြံ/ဧကကွက်များ ရှင်းရန်လိုအပ်ပါက
☎️09675730183 ကို ဆက်သွယ်ပေးပါခင်ဗျာ။

#ခြံရှင်း
#အုတ်တံတိုင်း
#စည်းရိုး
#ပြင်ဦးလွင်
#မေမြို့

ယခုထက်ပို စည်ကားလာဦးမယ့် ချယ်ရီ​မြေ    #ပြင်ဦးလွင်  #မေမြို့  #အိမ်ခြံ​​မြေ
18/12/2025

ယခုထက်ပို စည်ကားလာဦးမယ့် ချယ်ရီ​မြေ



#ပြင်ဦးလွင်

#မေမြို့
#အိမ်ခြံ​​မြေ

ဘယ်အချိန် မြေဝယ်ရင် အမြတ်အများဆုံး ရမလဲ❓️ 🤫ဈေးကွက် ဦးဆောင်သူတို့ရဲ့ လျှို့ဝှက်ချက်🤔မြေဝယ်တဲ့အခါ အချိန်ကိုက် ဝယ်နိုင်ဖို့...
12/12/2025

ဘယ်အချိန် မြေဝယ်ရင် အမြတ်အများဆုံး ရမလဲ❓️

🤫ဈေးကွက် ဦးဆောင်သူတို့ရဲ့ လျှို့ဝှက်ချက်🤔

မြေဝယ်တဲ့အခါ အချိန်ကိုက် ဝယ်နိုင်ဖို့ ဆိုတာ အရေးအကြီးဆုံးပဲနော်။

အိမ်ခြံမြေ စက်ဝန်းကို နားလည်ထားတဲ့ ကျွမ်းကျင်သူတွေက ဈေးကွက်ကို ဘယ်လို စောင့်ကြည့်ပြီး ဝယ်ယူလေ့ရှိလဲဆိုတာကို ဖော်ပြပေးပါမယ်။

၁။ငွေကြေးဖောင်းပွမှု မြင့်လာရင် မြေနဲ့ အိမ်ခြံမြေတန်ဖိုး လိုက်တက်ပါတယ်။ မြေက ရွှေလိုပဲ ငွေတန်ဖိုးကျဆင်းမှုကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ဒါကြောင့် ဖောင်းပွမှု စတင်မြင့်တက်ခါစ ဟာ မြေဝယ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး၊ ဈေးတွေ အလွန်အမင်းတက်ပြီးမှ ဝယ်ရင် နောက်ကျနိုင်ပါတယ်။ ဒါပေမယ့် ငွေဖောင်းပွမှုများနေပေမယ့်လည်း ပေါက်ဈေးအောက် ရောက်နေတဲ့ မြေကွက်ကိုတော့ အမြတ်အတွက် စဉ်းစားသင့်ပါတယ်။

၂။ မြေဝယ်ဖို့ အကောင်းဆုံးအချိန်ဟာ ဝယ်သူထက် ရောင်းသူ သိသိသာသာ များနေတဲ့ Buyer's Market ဖြစ်ပါတယ်။ ဈေးကွက်မှာ 'ရောင်းမည်' ဆိုင်းဘုတ်တွေများပြီး ရောင်းသူ ဈေးလျှော့ဖို့ အဆင်သင့်ဖြစ်နေရင် ဝယ်ဖို့ အခွင့်ကောင်းပါပဲ။ ဝယ်သူများပြီး မြေကွက်ကောင်းတွေ ချက်ချင်းကုန်နေတဲ့ Seller's Market ကိုတော့ ဈေးကွက် အမြင့်ဆုံးရောက်နေတာမို့ ရှောင်ရှားသင့်ပါတယ်။

၃။ မြို့ပြချဲ့ထွင်မယ့် ဧရိယာ ဒါမှမဟုတ် အထူးစီးပွားရေးစီမံကိန်းတွေကို စောင့်ကြည့်ပါ။ ဒီစီမံကိန်းတွေ တရားဝင် မကြေညာခင်/အစောဆုံး အဆင့် မှာ မြေဝယ်ထားရင် တန်ဖိုးအမြင့်ဆုံး တက်နိုင်ပါတယ်။ ဥပမာ- လမ်းအသစ်ဖောက်မယ့် လမ်းကြောင်းနားက မြေတွေကို ကြိုဝယ်ထားပါ။စီမံကိန်းတွေ အတည်ပြုပြီး/ပြီးဆုံးပြီးမှ ဝယ်ရင်တော့ ဈေးနှုန်းတွေ အများကြီး တက်သွားနိုင်ပါတယ်။

၄။ မြို့ပြကြီးတွေ၊တစ်ခြားတစ်နေရာကနေ လူတွေ အလုပ်အကိုင် သို့မဟုတ် နေစရိတ်သက်သာတဲ့ အနီးအနားမြို့ငယ်တွေဆီ ပြောင်းရွှေ့လာတာကို စောင့်ကြည့်ပါ။ လူဦးရေ တိုးတက်နှုန်း စတင်မြင့်တက်လာတဲ့ နေရာမျိုးတွေမှာ မြေဝယ်ထားရင် အနာဂတ်မှာ ဝယ်လိုအားမြင့်မားပြီး ဈေးတက်လာနိုင်လို့ပါ။

Crd နေမင်းထွန်း

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ငှားရမ်းခြင်း ၊ ပေးကမ်းခြင်း ၊ အမည်ပြောင်းခြင်း ကို ဒီနှစ်ဇွန်လ...
08/12/2025

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ငှားရမ်းခြင်း ၊ ပေးကမ်းခြင်း ၊ အမည်ပြောင်းခြင်း ကို ဒီနှစ်ဇွန်လကစပြီး လုပ်ဆောင်နိုင်ပြီလို့ သိရပါတယ် ။ အရပ်စာချုပ်နဲ့ လုပ်ထားတာတွေကို မဖြစ်မနေ အမည်ပြန်ပြောင်းရမှာလား ။ မပြောင်းဘူးဆိုရင် အဲဒီစာချုပ်တွေ တရားမဝင်ဖြစ်သွားမလား ဆိုတာကို သိပါရစေ။
=========================

အလွန်ကောင်းသည့် အမေးဖြစ်ပါတယ်။ လက်ရှိ အောက်ခြေတွင် တွေ့ကြုံနေရသော ပြဿနာ တစ်ရပ်လည်း ဖြစ်ပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်များကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်းနှင့် လဲ လှယ်ခြင်းဖြင့် လွှဲပြောင်းခြင်းများအတွက် ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ထမ်း ဆောင်၍ ရပ်ကျေးလယ်စိရှေ့တွင် စာချုပ်ဆိုရန်နှင့် ယင်းစာချုပ်စာတမ်းများကို စာချုပ် စာတမ်း မှတ်ပုံတင်ခ ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ် လယ်စီအင်းဌာနတွင် မှတ်ပုံတင် ခြင်း များ ပြုလုပ် ပြီးနောက် လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ အမည်ပြောင်းခြင်းများကို (၁.၆.၂၀၁၉) မှ စတင်ပြုလုပ် နိုင်ပြီ ဖြစ်ကြောင်း ကြေညာထားပါတယ်။

ထိုအခါတွင် ယခုမေးခွန်းပါ ယခင်တုန်ုးက မှတ်ပုံတင်မထားတဲ့ အရပ်စာချုပ်နဲ့ လယ်ယာမြေ လုပ် ပိုင်ခွင့် လွှဲပြောင်းခြင်း ပြုလုပ်ထားတာတွေကို မဖြစ်မနေ အမည် ပြန်ပြောင်းရမှာလား ။ မပြောင်း ဘူး ဆိုရင် အဲဒီ စာချုပ်တွေ တရားမဝင် ဖြစ်သွားမလားဆိုတဲ့ အမေးက အများပြည်သူ သိချင် နေတဲ့ အချက် ဖြစ်ပါတယ်။။

၂ ပိုင်းခွဲပြီး ဖြေဆိုချင်ပါတယ်။

ပထမ လယ်ယာမြေဥပဒေ၏ ပြဌာန်းချက်အရ ဖြေဆိုပါမယ်။

၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၉ (ခ) အရ ပုံစံ ၇ သူဟာ လယ်ယာမြေ လုပ်ပိုင်ခွင့်အား လွှဲ ပြောင်းပေါင်နှံ ရောင်းချ ပေးကမ်းပိုင်ခွင့် ရှိပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်း တရားဝင် ဖြစ်စေရန်အတွက် လယ်ယာမြေ နည်းဥပဒေ ၂၄ အရ လိုက်နာရမှာ ဖြစ် ကြောင်း ပြဌာန်းထားပါတယ်။ ယခု မေးမြန်းသည့် အရပ်စာချုပ်များသည် နည်းဥပဒေ ၂၄ အရ ရပ်ကျေး လယ်စီရှေ့မှောက်တွင် ထိုက်သင့်တံဆိပ်ခွန်ထမ်းဆောင်၍ ချုပ်ဆိုထားသည့် စာချုပ်များ မဟုတ် ဟု ပြောနိုင်ပါတယ်။ ထို့အပြင် ချုပ်ဆို စာချုပ်များကို ဦးစီးဌာနတွင် ရက် ၁၂၀ အတွင်း တရားဝင် မှတ်ပုံမတင်ခဲ့သော လွှဲပြောင်းခဲ့ခြင်း ဖြစ်သည့်အတွက် တရားမဝင်သော လွှဲပြောင်းမှု Illegally Transaction ဟု သတ်မှတ်နိုင်ပါတယ်။ ထို့ကြောင့် ယင်းစာချုပ်များ အစား လွှဲပြောင်းမှု စာချုပ် အသစ် ပြန်လည် ချုပ်ဆိုပြီး တရားဝင်မှတ်ပုံတင်မှသာ တရားဝင် လွှဲ ပြောင်းခြင်း အဖြစ် ရောက်ရှိ ပါမယ်။ ယခင်စာချုပ်များသည် တံဆိပ်ခွန် မထမ်းဆောင်ခဲ့ခြင်း၊ ရပ်ကျေးလယ်စီအဖွဲ့၏ ချုပ်ဆိုခြင်း ကို အတည်ပြုခဲ့မှု လုပ်ငန်းစဉ် မရှိခဲ့ခြင်း၊ ချုပ်ဆိုပြီး ရက် (၁၂၀) အတွင်း ဦးစီးဌာနတွင် မှတ်ပုံ မတင်ခဲ့ခြင်းကြောင့် တရားဝင်သည်ဟု မပြောနိုင်တော့ပါ။ မဖြစ်မနေ ပြန်လုပ်ရပါမည်။ ဒါက ဥပဒေ ပြဌာန်းချက် အရ ပြောရခြင်း ဖြစ်ပါတယ်။

ဒုတိယဆွေးနွေးရမည့် အချက်မှာ ၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ လယ်ယာမြေ လုပ်ပိုင် ခွင့် လွှဲပြောင်းခြင်းဆိုင်ရာ ပြဌာန်းချက်များအတိုင်း အဆိုပါ ကာယကံရှင်များ အဘယ် ကြောင့် မလိုက်နာခဲ့ပါသနည်း၊ ဥပဒေနှင့်အညီ ဘာကြောင့် မလုပ်နိုင်ခဲ့ပါသလဲ ဆိုသည့် အချက်ကို မျက် ကွယ် မပြုဘဲ ထည့်သွင်းစဉ်းစားရန် ဖြစ်ပါတယ်။

မေးခွန်းတွင် ဖေါ်ပြထားသည့် တရားမဝင် အရပ်စာချုပ်ဖြင့် လွှဲပြောင်းမှု Illegally transaction ဖြစ်ရခြင်းသည် ကာယကံရှင်များမှ ဥပဒေပြဌန်းချက်ကို ချိုးဖေါက် မလိုက်နာခဲ့ခြင်းကြောင့်လား အဘယ်ကြောင့်ပါနည်းဟု ဆိုသောအဖြေကို ပွင့်ပွင့်လင်းလင်း ဖြေဆိုရပါမည်။ နိုင်ငံတော်မှ ပြဌာန်းသော လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းမှု လုပ်ငန်း စဉ်များကို ကာယကံရှင်များ လိုက်နာရန် ပျက်ကွက်ရခြင်း၊ မလိုက်နာခဲ့ရခြင်းမှာ နိုင်ငံံတော်၏ ချို့ယွင်းချက်ကြောင့်သာ ဖြစ်ပါတယ်၊ တစ်နည်း ဆိုရလျှင် လယ်ယာမြေစိမံခန့်ခွဲမှုအား အဓိက တာဝန်ယူဆောင်ရွက်ရသော ဗဟိုလယ်စီအဖွဲ့၏ ချို့ယွင်းချက်ကြောင့်ဟု ပြောပါက မှားမည် မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော် လယ်ယာမြေဥပဒေ၏ ပုဒ်မ ၁၂(ဂ)၊ နည်းဥပဒေ ၂၄၊ ၂၅ များအရ ဆောင်ရွက်နိုင်ရန်မှာ ပုဒ်မ ၁၈ တွင် လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းမှု ကိစ္စအတွက် ချုပ် ဆိုသော စာချုပ်များ ချုပ်ဆို မှတ်ပုံတင်ရာတွင် လယ်ယာမြေတန်ဘိုးကို နှုန်းထားသတ်မှတ်ရန် သင့်လျော်သည့်လယ်စိအဖွဲ့အား ဗဟိုလယ်စီမှ လုပ်ပိုင်ခွင့်အပ်နှင်း တာဝန်ပေးရန်ဟု ပြဌာန်းခဲ့ သော်လည်း ဗဟိုလယ်စီမှ မည်သည့်အဖွဲ့အား ပုဒ်မ ၁၈ ပါတာဝန်ကို ပေးအပ်ကြောင်း ဥပဒေ ပြဌာန်းခဲ့သည့် ၂၀၁၂ မှ ယခု ၂၀၁၉ မေလ မတိုင်မီ ၇ နှစ် တိတိကြာမြင့်သည်ထိ အမိန့် ညွှန်ကြားချက် တစ်စုံတစ်ရာ လုံးဝထုတ်ပြန်ခြင်း မရှိ တာဝန်ပျက်ကွက်ခဲ့ပါသည် ။ တောင်သူ လယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်များအတွက် ပုဒ်မ ၉ (ခ) ပါ အခွင့်အရေးအရ ဥပဒေနှင့်အညီ လွှဲပြောင်းနိုင်ရန် နိုင်ငံတော်ဘက်မှ ညွှန်ကြားဆောင်ရွက်ပေးရမည့် လုပ်ငန်း စဉ် များကို လစ်လျူရှုထားခဲ့ခြင်းကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် ရသူများမှာ မိမိတို့ အစီအစဉ် ဖြင့် ထိုသို့ ဥပဒေနှင့် မညီသည့် လွှဲပြောင်းမှုများ ဆောင်ရွက်ခဲ့ရသည်ကို မည်သို့မျှ မငြင်းနိုင်ပါ။

လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန် မပေးခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်အား ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ တောင်သူများ လွှဲပြောင်းနိုင်ခွင့် အခွင့်အရေးအား မခံစားနိုင်စေရန် ပိတ်ပင်တားဆီး ပြုမူသလို ဖြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ တရားမဝင်သော အရပ်စာချုပ်များ ဖြင့် လွှဲပြောင်းမှုများ ဖြစ်ခဲ့ရခြင်းအတွက် နိုင်ငံတော်တွင် တာဝန်ရှိပါတယ်။ ထိုသို့ ဗဟိုလယ်စီ ၏ ပယောဂကြောင့် မှားခဲ့သည့်အမှားဟု ဆိုနိုင်သော (တရားဝင် ချုပ်ဆို မှတ်ပုံတင်ခွင့် မပေး ခဲ့မှု ကြောင့်) တရားမဝင်လွှဲပြောင်းခဲ့ရသည့် အရပ်စာချုပ်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် ရောင်း၊ ပေါင်၊ ပေး၊ လွှဲပြောင်းမှုများကို ယခု ၂၀၁၉ မေလတွင်မှ ထုတ်ပြန်သော လယ်ယာမြေ လုပ်ပိုင်ခွင့်များ လွှဲပြောင်းမှုဆိုင်ရာ ညွှန်ကြားချက်များ အရသာ တရားဝင်သည်၊ ယခင် လွှဲပြောင်းမှုများ တရား မဝင် အစမှစ ပြန်လုပ်ရမည်ဟု မျက်နှာလွှဲ ခဲပစ် မလုပ်သင့်ဘဲ နည်းလမ်း တစ်ရပ်ရပ်ဖြင့် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကို အဖြေရှာ ဖြေရှင်း ပေးသင့် သည်ဟု ထင်ပါတယ်။
Crd:
#လယ်ယာမြေဥပဒေ

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when M9 ခြံရှင်း/ခြံခတ်အပါအဝင် အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုများ - Pyinoolwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category