KAUNG SAN Legal Adviser & Service

KAUNG SAN Legal Adviser & Service Legal Adviser & General Service

၂၀၂၄-ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
30/08/2024

၂၀၂၄-ခုနှစ်၊ ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

Insolvency Law အရ ပုံစံ အခ​ကြေး​ငွေ သတ်မှတ်သည့် အမိန့်​​ကြော်ငြာစာ ထုတ်ပြန်ချက်
13/08/2024

Insolvency Law အရ ပုံစံ အခ​ကြေး​ငွေ သတ်မှတ်သည့် အမိန့်​​ကြော်ငြာစာ ထုတ်ပြန်ချက်

အနည်းဆုံးလုပ်ခလစာကို နေ့စဥ်လုပ်ခငွေကျပ် (၆၈၀၀)အဖြစ် တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာ။
11/08/2024

အနည်းဆုံးလုပ်ခလစာကို နေ့စဥ်လုပ်ခငွေကျပ် (၆၈၀၀)အဖြစ် တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာ။

09/07/2024

" စာချုပ်ရေးသားသူ " သည် မှန်ကြောင်းလက်မှတ် ရေးထိုးသည့် သက်သေ ဟုတ် ၊ မဟုတ် ဆိုသော ပြသနာ ပေါ်ပေါက်နိုင်သည်။

မှန်ကြောင်း လက်မှတ်ရေးထိုးသည် ဆိုခြင်းမှာ စာချုပ် ချုပ်ဆိုသည်ကို သက်သေက တွေ့မြင်သည်ဟု ဆိုလိုသည်။

စာချုပ်ရေးသားသူက စာချုပ်၌ လက်မှတ်ရေးထိုးခြင်းမှာ စာရေးသူအနေဖြင့် လက်မှတ်ထိုးခြင်း ဖြစ်သည်ဟု သာမန်အားဖြင့် ယူဆရသည်။ မှန်ကြောင်းလက်မှတ်ရေးထိုးသည့် သက်သေအနေဖြင့် လက်မှတ် ရေးထိုးခဲ့သည်ဟု ယူဆရန် မဟုတ်ပေ။

" အက်စ်အမ်အေအာရ်အေအယ်လ်ဖန်း နှင့် အာရ်အမ် အမ်အေဖန်း ၊ အတွဲ ၅ ၊ ရန်ကုန် ၊ ၇၇၂ "

စာရေးသူသည် စာချုပ်ပေါ်၌ စာချုပ်သူ လက်မှတ်ရေးထိုးသည်ကို မြင်ခဲ့ရလျင်ဖြစ်စေ ၊ စာချုပ်ရေးသူအား စာချုပ်သူက စာချုပ်၌ လက်မှတ်ထိုးခဲ့ကြောင်း ဝန်ခံလျင်ဖြစ်စေ စာချုပ်ရေးသားသူသည် မှန်ကြောင်း လက်မှတ်ရေးထိုးသည့် သက်သေတစ်ဦး မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

" အလဂပ္ပါးချစ်တီးယား နှင့် ကိုကုလားပဲ
၁၉၄၀ ၊ ရန်ကုန်စီရင်ထုံး ၊ ၁၉၉ "

အခွန်​ရှောင်တိမ်းခြင်းအတွက် ရဲအရေးယူပိုင်ခွင့်ရှိသောအမှုအဖြစ်သတ်မှတ်ပြီး အရေးယူမည့်အစီအစဉ်များ ထုတ်ပြန်ကြေညာခြင်း။Source...
05/07/2024

အခွန်​ရှောင်တိမ်းခြင်းအတွက် ရဲအရေးယူပိုင်ခွင့်ရှိသောအမှုအဖြစ်သတ်မှတ်ပြီး အရေးယူမည့်အစီအစဉ်များ ထုတ်ပြန်ကြေညာခြင်း။
Source Fb.
Credit to copy.

လူချစ်လူခင်ပေါစေမည့် အကောင်းဆုံး(၁၀)ခု(၁) ပြုံးပါ။𝐒𝐦𝐢𝐥𝐞.အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်း...
02/07/2024

လူချစ်လူခင်ပေါစေမည့် အကောင်းဆုံး(၁၀)ခု

(၁) ပြုံးပါ။
𝐒𝐦𝐢𝐥𝐞.

အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့
လှပစေမှာပါ။

(၂) နားထောင်ပါ။
𝐋𝐢𝐬𝐭𝐞𝐧.

တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို
မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက်
ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို
ပိုသဘောကျလာမှာပါ။

(၃) မနှိုင်းယှဉ်ပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐜𝐨𝐦𝐩𝐚𝐫𝐞.

သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့
စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ
ကောင်းကျိုးမပေးပါဘူး။

(၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐞𝐱𝐩𝐞𝐜𝐭 𝐚𝐧𝐲𝐭𝐡𝐢𝐧𝐠.

လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ
စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့
တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

(၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။
𝐇𝐮𝐦𝐛𝐥𝐞 𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟.

သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက်
ပိုပြီး ထိရောက်ပါတယ်။

(၆) ချီးမွမ်းစကားပြောဆိုပါ။
𝐒𝐩𝐞𝐚𝐤 𝐩𝐫𝐚𝐢𝐬𝐞.

တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု
ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ
ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

(၇) သူများမကောင်းကြောင်း မပြောပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐬𝐚𝐲 𝐛𝐚𝐝 𝐭𝐡𝐢𝐧𝐠𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐭𝐡𝐞𝐫𝐬.

သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။
လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင်
ကြိုးစားနေထိုင်ပါ။

(၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။
𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭 𝐰𝐢𝐭𝐡 𝐩𝐞𝐨𝐩𝐥𝐞.

လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။
လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့
ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို
ချစ်မှာ မဟုတ်ပါဘူး။

(၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။
𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐞 𝐚 𝐩𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐚𝐭𝐭𝐢𝐭𝐮𝐝𝐞.

ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

(၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။
𝐒𝐭𝐚𝐲 𝐭𝐡𝐞 𝐰𝐚𝐲 𝐲𝐨𝐮 𝐚𝐫𝐞.

ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။



#လေ့လာပါ_လွတ်လပ်စွာတွေးခေါ်ပါ
#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်း

(က)ကာလစည်းကမ်းသတ်မှတ်မထားသည့်တရားမမှုများ(၁) အမွေထိန်းစာထုတ်ပေးစေလိုမှု(၂) မယားစရိတ်ရလိုမှု(၃) ဝရမ်းခွာပေးစေလိုမှု(၄) အရ...
21/06/2024

(က)ကာလစည်းကမ်းသတ်မှတ်မထားသည့်တရားမမှုများ

(၁) အမွေထိန်းစာထုတ်ပေးစေလိုမှု
(၂) မယားစရိတ်ရလိုမှု
(၃) ဝရမ်းခွာပေးစေလိုမှု
(၄) အရွယ်မရောက်သေးသူ လူပုဂ္ဂိုလ်(သို့) ပစ္စည်းအုပ်ထိန်းသူ ခန့်ထားပေးရန်လျှောက်ထားမှု
(၅) မယားခေါ်လိုမှု
(၆) လူမွဲအဖြစ်သတ်မှတ်ပေးရန်လျှောက်လွှာ
(၇) သေတမ်းစာ အတည်းပြုပေးရန်လျှောက်လွှာ
(၈) အမွေထိန်းလက်မှတ်လျှောက်လွှာ

(ခ)ကာလစည်းကမ်း သတ်မှတ်ထားသည့်တရားမမှုများ

(၁) ၆-လ အတွင်း စွဲဆိုရမည့်အမှုများ
**************************
လက်မဲ့ဖြစ်သွားသည့်အခန်းကို ပြန်လည် လက်ရောက်ရလိုမှု
(သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၉ အရ စွဲဆိုသော အမှုများ)

(၂) ၁-နှစ်အတွင်း တရားစွဲဆိုရမည့်အမှုများ
******************************
(က) လူ့ခန္ဓာကိုယ်ထိခိုက်နာကျင်စေသည့်အတွက် လျော်ကြေးရလိုမှု
( ခ) နစ်နာကြေးရလိုမှု
(ဂ ) အမိန့် ၂၁၊ နည်း (၆၃)အရ ပိုင်ဆိုင်ကြောင်းထင်ရှား စေလိုမှု
(ဃ) အမိန့် ၂၁ ၊ နည်း(၁၀၃)အရ ပိုင်ဆိုင်ကြောင်း ထင်ရှားစေလိုမှု
(င) တရားနိုင်ဝရမ်းကပ်ထားသည့် အိမ်မြေမှာ မိမိပိုင်ဖြစ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု

(၃) ၂-နှစ်အတွင်း တရားစွဲဆိုရမည့်အမှုများ
*******************************
လမ်းသွားလာခွင့် မပိတ်ပင်ရန် အမြဲတမ်း တားဝရမ်း ထုတ်ပေးစေလိုမှု

(၄) ၃-နှစ်အတွင်း တရားစွဲဆိုရမည့်အမှုများ
******************************
(က) ငွေရလိုမှုများ
( ခ) ကုန်အမှတ်တံဆိပ်ဖောက်ဖျက်မှုနှင့်စပ်လျဥ်း၍စွဲဆိုမှု
( ဂ) ပဋိညာဥ်အတိုင်းဆောင်ရွက်ပေးစေလိုမှုများ
(ဃ) စာချုပ်ပယ်ဖျက်ပေးစေလိုမှု
( င) အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု
( စ) လိမ်လည်လှည့်ဖြား၍တစ်ဖက်သတ်ရယူထားသည့် ဒီကရီကို ပယ်ဖျက်ပေးစေလိုမှု
(ဆ) သီးခြားသက်သာခွင့်ဥပဒေပုဒ်မ ၁၀ အရ စွဲဆိုမှု
( ဇ) ဌာနဆိုင်ရာအပေါ်စွဲဆိုမှု(အစိုးရ)
(စျ) ပိုင်ရှင်က ကိုယ်စားလှယ်အပေါ် စာရင်းရှင်းလင်းပေးရန် စွဲဆိုမှု
(ည) အိမ်လခရလိုမှု
(ဋ ) ဘဏ်မှချေးယူခဲ့သော ငွေရလိုမှု(အတိုးငွေပေး)
(ဌ ) လျော်ကြေးငွေရလိုမှု

(၁၈-၆-၂၀၂၄)ရက်နေ့ အင်္ဂါနေ့ ရုံးပိတ်ပါသည်။
12/06/2024

(၁၈-၆-၂၀၂၄)ရက်နေ့ အင်္ဂါနေ့ ရုံးပိတ်ပါသည်။

(၃၁.၅.၂၀၂၄) ရက်စွဲပါ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှမြို့နယ်တရားရုံး၏ တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်မျာ...
03/06/2024

(၃၁.၅.၂၀၂၄) ရက်စွဲပါ
ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှ
မြို့နယ်တရားရုံး၏ တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ ဝတ်စားဆင်ယင်မှု ပြင်ဆင်သတ်မှတ် ခြင်းကိစ္စ...
အမိန့်ညွှန်ကြားချက် အပြည့်အစုံ
•~•~•~•~•~•~•~•~•~•~•~•~•~•~•

(၁) နာရီကထိုးတော့မယ် အမ မအေးငြိမ်းငြိမ်းသူ မနက်ရုံးတင်နိုင်အောင် စာဖတ်လိုက် ကိုယ်တိုင်စာရိုက်လိုက်နဲ့  အခုထိမပြီးသေးဘူး....
28/05/2024

(၁) နာရီကထိုးတော့မယ် အမ မအေးငြိမ်းငြိမ်းသူ မနက်ရုံးတင်နိုင်အောင် စာဖတ်လိုက် ကိုယ်တိုင်စာရိုက်လိုက်နဲ့ အခုထိမပြီးသေးဘူး..
စစ်ဆေးဆဲအမှု ဆိုင်းငံနဲ့ပတ်သက်လို့
စီရင်ထုံးကလည်း Update ကလည်းမတွေ့
တွေ့တယ်စီရင်ထုံးတွေးကလည်း Long Long ago က စီရင်ထုံးတေပဲ အဲဒါလည်း ဗမာလို့တစ်ခုမှမရှိ အားလုံး အင်္ဂလိပ်စာတေနဲ့ဆိုတော့
ဒီညတော့ အိပ်ရမယ် မထင်ဘူး မိုးလင်းမယ်ပုံ
သို့သော်......
ငါဇွဲမလျော့ပါဘူး...
အဆင်ပြေအောင်
ငါကြိုးစားနေတယ်...😃😇😂
မှတ်ချက် -
အမှုကိစ္စ
ဥပဒေရေးရာကိစ္စနှင့်
စာချုပ်စာတမ်းချုပ်ဆို ဆွေးနွေးလိုပါက
ဖုန်း- 09798842054, 09257085978 ကို Hello လိုက်ပါ....😄😃😀


အတွေ့အကြုံက စျေးကြီးတယ်"""""""""""""""""""""""""""""""""""""""""""ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပြုပြင်န...
26/03/2024

အတွေ့အကြုံက စျေးကြီးတယ်
"""""""""""""""""""""""""""""""""""""""""""

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော
စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ
သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ
တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာ ကို ညင်သာစွာ ခေါက်လိုက်သည်။
မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။
အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန်
စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း
ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို.....?" ဟု ပိုင်ရှင်က မကျေမနပ် နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူး ငါ့ကို အသေးစိတ်
ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘေလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..

- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ
အတွက် ပညာကြေးက - $9,998
( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို
ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရရန်
အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျှင်၊ ဤကဲ့သို့ မိနစ် 30 နဲ့
ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ
သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့
ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက စျေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့
လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

Address

Sikar-1 Street, Sikar Village, Aung Chan Thar Village Group
Maymyo
05081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959798842054

Website

Alerts

Be the first to know and let us send you an email when KAUNG SAN Legal Adviser & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KAUNG SAN Legal Adviser & Service:

Share

Category