Shwe Myanmar House Mandalay

Shwe Myanmar House Mandalay business

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုးရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှ...
25/11/2023

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၉) မျိုး အကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။

၁။ မြေပိုင်မြေ
==========
မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း
စနစ္တက် မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယယွူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

၂။ ဘိုးဘပိုင်မြေ
===========
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ္မခြဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးခ်" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို ဆိုလိုသည်။

၃။ ဂရန်ရှိမြေပိုင်မြေ
==============
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုလိုသည်။

၄။ လိုင်စင်မြေ
==========
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာ မြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည်။

၅။ ပါမစ်မြေ
=========
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်
စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့ "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကို ဆိုလိုသည်။

၆။ မြေငှားဂရန်မြေ
=============
မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့်
အငှားချထားသည့် မြေကိုဆိုလိုသည်။

၇။ စကွာတာမြေ
===========
စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေကို
ဆိုလိုသည်။

၈။ ကျူးလွန်ခြင်းမြေ
==============
ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။

၉။ ကျူးကျော်မြေ
=============
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရွိသူမ်ား ၀ငရွောကနွထေိုငလွှှကရွှိသော မြေကို ဆိုလိုသည်။

မြို့ကွက်မြေပုံ
==========
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ္တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

မြို့မြေစာရင်း
==========
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။တင်ပြပြီးနောက်

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများ ဖြစ်ပါသည်။

ယင်းသို့မြေ အမျိုးမျိုးအကြောင်း သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါသေးသည်။

၁။ အခွန်လွတ်သာသနာ့မြေ
===================
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကို ဆိုသည်။

၂။ အခွန်လွတ်သာသနာ့မြေဂရန်
======================
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူ အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) (အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

၃။ အခွန်လွတ်ဗဒ္ဓသိမ်မြေ
==================
အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့် ရှိသည့် မြေကိုဆိုသည်။

၄။ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
=====================
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ
လျှောက်ထားခွင့်ရှိသော မြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါ၀င်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

photo

မဂ်လာပါ... ရွှေမြန်မာ..
28/09/2023

မဂ်လာပါ... ရွှေမြန်မာ..

ဥယျာဥ်ခြံမြေ အကြောင်း၁။ ဥယျာဥ်ခြံမြေဆိုတာ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။မြေစာ...
19/07/2023

ဥယျာဥ်ခြံမြေ အကြောင်း

၁။ ဥယျာဥ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။
မြေစာရင်း ပုံစံမှာ " G" အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ "G" မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဥ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။

၂။ ဥယျာဥ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဥ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် စျေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဥ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဥ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က "G" မြေများဟာ
ခိုင်မာမှုရှိပြီး စျေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။

၃။ ဥယျာဥ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဥ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဥ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။

၄။ ဥယျာဥ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။ ​အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် " လ/ယ ၃၀" လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။

၅။ ဥယျာဥ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။

▪အမေးများတဲ့ Customers များအတွက် ဥယျာဥ်ခြံမြေ အ​ကြောင်း ဖြေပေးလိုက်ပါတယ်။

▪အားလုံးပဲ အဆင်ပြေပါစေကြောင်း

ပြန်လည်ကူးယူဖော်ပြပါသည်။

ဒေါ်မေသဥ္ဇာသိန်း
တရားလွှတ်တော်ရှေ့နေ
Law Garden Law Firm
09262685744

2022 Aug 21,မိတ်ဆွေကောင်းများနှင့်အတူ ကြိုးစားခြင်း၏ ရလဒ်
25/08/2022

2022 Aug 21,မိတ်ဆွေကောင်းများနှင့်အတူ ကြိုးစားခြင်း၏ ရလဒ်

တစ်လ 10သိန်းအငှား မင်္ဂလာ(72×32 )လမ်း အနီး
22/08/2022

တစ်လ 10သိန်းအငှား မင်္ဂလာ
(72×32 )လမ်း အနီး

❤ 10.8.2022 အရောင်းဝယ် မင်္ဂလာ🔰 နှင်းဆီလမ်းတင်၊53လမ်းအနီး🔰 ပေ(80×60)💵 သိန်း(9500) ❤အတူလက်တွဲအကျိူးဆောင်ပေးကြတဲ့ အကျိူးတေ...
10/08/2022

❤ 10.8.2022 အရောင်းဝယ် မင်္ဂလာ
🔰 နှင်းဆီလမ်းတင်၊53လမ်းအနီး
🔰 ပေ(80×60)

💵 သိန်း(9500)

❤အတူလက်တွဲအကျိူးဆောင်ပေးကြတဲ့ အကျိူးတော်ဆောင်ကြီးများကျေးဇူးပါခင်ဗျ။

🔰 အိမ်၊ခြံ၊မြေ နှင့်ပက်သက်သောလူကြီးမင်းတို့အကျိူးစီးပွားများအတွက် ရွှေမြန်မာ အိမ်၊ခြံ၊မြေမှ တိကျမှန်ကန်စွာ အကျိူးဆောင်ပေးလျှက်ရှိပါတယ်ခင်ဗျ။🙏🙏🙏

☎ 09-444039020 / 09-451000990

Viber /09-444039020

❤ 5.8.2022 အရောင်းဝယ် မင်္ဂလာ🔰 58လမ်းမကြီးအတင်၊လမ်း 30 အနီး🔰 ပေ(30×40)💵 သိန်း(3000) ❤အတူလက်တွဲအကျိူးဆောင်ပေးကြတဲ့ အကျိူး...
05/08/2022

❤ 5.8.2022 အရောင်းဝယ် မင်္ဂလာ
🔰 58လမ်းမကြီးအတင်၊လမ်း 30 အနီး
🔰 ပေ(30×40)

💵 သိန်း(3000)

❤အတူလက်တွဲအကျိူးဆောင်ပေးကြတဲ့ အကျိူးတော်ဆောင်ကြီးများကျေးဇူးပါခင်ဗျ။

✳ လူကြီးမင်းတို့၏ အိမ်၊ခြံ၊မြေ နှင့်ပက်သက်သော (အရောင်း၊ဝယ်၊အငှား)များအတွက်
''ရွှေမြန်မာ'' အိမ်၊ခြံ၊မြေ မှ တိကျမှန်ကန်စွာ တာဝန်ယူ အကျိူးဆောင်ပေးပါရစေခင်ဗျာ။🙏🙏🙏

☎ 09-444039020 / 09-451000990

Viber /09-444039020

❤ 3.8.2022 အရောင်းဝယ် မင်္ဂလာ🔰 မနော်ဟရီလမ်း၊51လမ်းအနီး🔰 ပေ(40×60)💵 သိန်း(3700) ❤အတူလက်တွဲအကျိူးဆောင်ပေးကြတဲ့ အကျိူးတော်ဆ...
03/08/2022

❤ 3.8.2022 အရောင်းဝယ် မင်္ဂလာ
🔰 မနော်ဟရီလမ်း၊51လမ်းအနီး
🔰 ပေ(40×60)

💵 သိန်း(3700)

❤အတူလက်တွဲအကျိူးဆောင်ပေးကြတဲ့ အကျိူးတော်ဆောင်ကြီးများကျေးဇူးပါခင်ဗျ။

🔰 အိမ်၊ခြံ၊မြေ နှင့်ပက်သက်သောလူကြီးမင်းတို့အကျိူးစီးပွားများအတွက် ရွှေမြန်မာ အိမ်၊ခြံ၊မြေမှ တိကျမှန်ကန်စွာ အကျိူးဆောင်ပေးလျှက်ရှိပါတယ်ခင်ဗျ။🙏🙏🙏

☎ 09-444039020 / 09-451000990

Viber /09-444039020

❤ 21.7.2022 အရောင်းဝယ် မင်္ဂလာ🔰 62လမ်း၊104လမ်းအနီး🔰 ချမ်းမြသာစည်မြို့နယ်အတွင်း🔰 ပေ(20×60)💵 သိန်း(3000) ❤တစ်ကွက်ပြ တစ်ကွက...
21/07/2022

❤ 21.7.2022 အရောင်းဝယ် မင်္ဂလာ
🔰 62လမ်း၊104လမ်းအနီး
🔰 ချမ်းမြသာစည်မြို့နယ်အတွင်း
🔰 ပေ(20×60)

💵 သိန်း(3000)

❤တစ်ကွက်ပြ တစ်ကွက်တည့်
❤အတူလက်တွဲအကျိူးဆောင်ပေးကြတဲ့ အကျိူးတော်ဆောင်ကြီးများကျေးဇူးပါခင်ဗျ။

🔰 အိမ်၊ခြံ၊မြေ နှင့်ပက်သက်သောလူကြီးမင်းတို့အကျိူးစီးပွားများအတွက် ရွှေမြန်မာ အိမ်၊ခြံ၊မြေမှ တိကျမှန်ကန်စွာ အကျိူးဆောင်ပေးလျှက်ရှိပါတယ်ခင်ဗျ။🙏🙏🙏

“ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"______________________________ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင...
12/07/2022

“ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"
______________________________

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ
အခါတော်နေ့ အထိမ်းအမှတ်အဖြစ်
ကျင်းပရခြင်းမှာ ထိုနေ့၌
ဓမ္မစကြာတရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့
နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား
ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့်
ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည်
၀ိနည်းမဟာဝါပါဠိတော်၌
ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့်လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
ဓမ်မစက်ကပ၀တ်တန
၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ်မစက်ကပ၀တ်တန
သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ်မစက်ကပ၀တ်တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊
လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။
ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို
ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏
အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

ဓမ္မစကြာတရားတော်ကို
စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို
ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး
သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထား
သောကြောင့် ဗုဒ္ဓဝါဒ၏ တိကျ ခိုင်မာသော
သေဘာတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော
တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င်
ရဟန်းရှင်လူတို့က ဓမ္မစကြာ
တရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ်
သရဇ္ဈာယ်တော်မူကြပါသည်။
အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ
အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင်
ဆောင်ရွက်လျက်ရှိကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက်
၀ါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသော နေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသော နေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသော နေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို
၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ
စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ
စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဧဟိ ဘိက္ခု-ဟူသော စကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့်
ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က
ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့
သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊
၀ါဆိုသင်္ကန်းလှူဒါန်းခြင်း၊ဓမ္မစကြာတရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့်
၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို
ဆင်နွှဲ ပြုလုပ်ကြပါသည်။

Address

Mandalay

Telephone

+959444039020

Website

Alerts

Be the first to know and let us send you an email when Shwe Myanmar House Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Myanmar House Mandalay:

Share