13/05/2024
E-extension visa service ကို Jus Burma Law Firm မှာ ယုံကြည်စိတ်ချစွာနဲ့ ရယူနိုင်ပါပြီခင်ဗျာ။
ထိုင်းနိုင်ငံကို ၁၄ ရက် ဗီဇာနဲ့ ရောက်လာပြီးအကြောင်းကြောင်းကြောင့် ဗီဇာရက် ထပ်တိုးပြီး နေလိုသူများ၊ Tourist visa နဲ့ ရောက်လာပြီး visa extension လုပ်ဖို့ လိုအပ်နေသူများအတွက် e-extension Visa service ကို ကျွန်တော်တို့ Jus Burma Law Firm ရဲ့ Bangkok ရှိ Team Member များမှ ဆောင်ရွက်ပေးနေပါပြီခင်ဗျာ။
e-extension လျှောက်ထားလိုသူကတော့ လက်ရှိထိုင်းနိုင်ငံမှာရောက်ရှိနေဖို့ လိုပါတယ်ဗျ။
ဒီ service မှာ သံရုံးထောက်ခံစာယူတာကနေ passport page မှာ ဗီဇာ တုံးထိပြီးတဲ့အထိ ပါဝင်တာမို့ အသေးစိတ်သိရှိလိုပါက ကျွန်တော်တို့ page ရဲ့ Messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
လက်ရှိအချိန်မှာတော့ e-extension တိုးခြင်းဝန်ဆောင်မှုကိုသာ ဆောင်ရွက်ပေးနေတာဖြစ်ပြီး ထပ်မံပြီး ရရှိနိုင်မယ့် ဝန်ဆောင်မှု အသစ်တွေကိုလည်း မကြာခင်မှာ ကြေညာသွားပါ့မယ်ခင်ဗျာ။