Myanmar Construction Entrepreneurs Federation Mandalay Region

Myanmar Construction Entrepreneurs Federation Mandalay Region (Mandalay)Myanmar construction entrepreneur federation

Covit-19 ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်ချက်များ ရှိလာပါကလွယ်လင့်တကူ ရရှိနိုင်ရန်နှင့် ကိုယ်ပိုင်၀ယ်ယူထားရှိလိုသူများအတွ...
08/09/2021

Covit-19 ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်ချက်များ
ရှိလာပါကလွယ်လင့်တကူ ရရှိနိုင်ရန်နှင့် ကိုယ်ပိုင်၀ယ်ယူထားရှိလိုသူများအတွက် ပစ္စည်းများ ရောက်ရှိပါပြီ ခမျ🙏🙏🙏
၎င်းအိုးများကိုမူလသတ်မှတ်ဈေးနှုန်းမှလည်း
လျော့ချကာ ချိုသာသောဈေးနှုန်းဖြင့်ရောင်းချပေး
သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်
ရောက်ရှိလာတဲ့ ပစ္စည်းများနှင့် ဈေးနှုန်းများကတော့
⏩Longfian O2 concentrator 10L 950000 ကျပ်
⏩Kenta O2 concentrator 10L 1200000 ကျပ်
40L O2 ဗူး Flow meter ပါပြီး 200000 ကျပ်
O2 Concentrator (Ygn / Mdy)
40L O2ဗူး (Mdy)

📞📞မှာယူလိုပါက -
09-400449944
09-43010623
09-797825504

MCEF(mdy)အသင်း၀င်များခင်ဗျား။MCEF အသင်း၏မိသားစု၀င်များအတွက်Covit-19 ရောဂါကြောင့်အောက်ဆီဂျင်လိုအပ်ချက်များရှိလာပါကလွယ်လင့...
18/08/2021

MCEF(mdy)အသင်း၀င်များခင်ဗျား။
MCEF အသင်း၏မိသားစု၀င်များအတွက်Covit-19 ရောဂါကြောင့်အောက်ဆီဂျင်လိုအပ်ချက်များရှိလာပါကလွယ်လင့်တကူရရှိနိုင်ရန်နှင့်ကိုယ်ပိုင်၀ယ်ယူထားရှိလိုသူများအတွက် 40 L Oxygenအိုးများမှာယူခဲ့ရာလမ်းခရီးကြန့်ကြာမှုများရှိနေ၍မူလရောက်ရှိမည့်နေ့ရက်အစား(21-8-2021)ရက်နေ့မှရောက်ရှိမည်ဖြစ်ပါသည်။၎င်းအိုးများကိုမူလသတ်မှတ်ဈေးနှူံးမှလည်းလျော့ချကာ(200000k)နှူံးဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်းအသိပေးကြေငြာအပ်ပါသည်။၎င်းအပြင် 10 L Oxygen Concentratorအသက်ရှူစက်များလည်းထပ်မံရောက်ရှိလာပြီး(1300000k)နှူံးဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ မှာယူလိုပါက -
09-400449944
09-43010623
09-797825504

18/08/2021

ကိုဗစ်၁၉ ကာလ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် (OSH) နှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်လျော့ချရေးအတွက် သင်တန်းသူ/သားများခေါ်ယူ

ရန်ကုန်၊ ဩဂုတ်လ ၁၈

ကိုဗစ်၁၉ ကာလ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၏ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) သင်တန်းကို MCEF အသင်းချုပ် နှင့် ILO တို့မှပူးပေါင်း၍ Zoom Online ဖြင့် (အခမဲ့) သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို တစ်နိုင်ငံလုံးရှိဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းဝင်များ၊ Site Engineer များ၊ Safety officer များ၊ Supervisor များမှ ကြိုတင်စာရင်းပေးသွင်းတက်ရောက်နိုင်မည်ဖြစ်သည်။

 Refresher Course
သင်တန်းစတင်မည့်ရက်- ၁၃ရက် စက်တင်ဘာလ ၂၀၂၁
သင်တန်းကာလ - နေ့တစ်ဝက်

(အဆိုပါ သင်တန်းကို လူဦးရေ (၁၅)ဦးသာလက်ခံသင်ကြားပေးမည်ဖြစ်ပြီး၊ယခင် ကဖွင့်လှစ်ခဲ့သောသင်တန်းသို့တက်ရောက်ဖူးသူဖြစ်ရပါမည်။)

 😭 Course
သင်တန်းစတင်မည်ရက်-( ၁၄ ၊ ၁၅ ) ရက် စက်တင်ဘာလ ၂၀၂၁
သင်တန်းကာလ - ၂ရက်

(အဆိုပါသင်တန်းကို လူဦးရေ (၈၀)ဦးလက်ခံသင်ကြားပေးမည်ဖြစ်ပြီး ယခင်မတက်ဖူးသူများလည်း တက်ရောက်နိုင်ပါသည်။)

အောက်ဖော်ပြပါ အချက်အလက်များဖြင့် စာရင်းပေးသွင်းပါရန်။
၁။ အမည် -
၂။ကုမ္ပဏီအမည်/အဖွဲ့အစည်းအမည် -
၃။ ဖုန်းနံပါတ်(အမြဲတမ်းအသုံးပြုသော) -
၄။ NRC No -
၅။ Zoom ကိုယ်ပိုင် acc -
၆။ Email Address -

စက်တင်ဘာလ (၁၀)ရက်နေ့နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ပါသည်။

ဆက်သွယ်စုံစမ်းရန်-
ဦးအေးလင်း - 095104983
ရွှန်းလဲ့ - 09422721757

အသင်းချုပ်၏ ဖုန်းနံပါတ်များ_
09893217108,
09893217109,
09893217110

သတင်း - MCEFပြန်ကြားရေး

မဟာမြတ်မုနိဘုရားသမိုင်း(မန္တလေး) မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြ...
14/01/2021

မဟာမြတ်မုနိဘုရားသမိုင်း(မန္တလေး)

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများအရ ထေရဝါဒဗုဒ္ဓဘာသာ ရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒ အဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပါသည်။

စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်ခဲ့သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိခဲ့သည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကို ရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာ၀တ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမမြတ်ဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် မြတ်ဗုဒ္ဓက သူ၏တပည့်သာ၀က တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသည့် ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမမြတ်ဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် မြတ်ဗုဒ္ဓ၏ ရှေးရှေးဘဝပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် မြတ်ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးခဲ့လေသည်။ ဤကဲ့သို့မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင်" မဟာပထဝီမြေကြီးသည် တုန်လှုပ်လာပြီး ပင်လယ်သမုဒ္ဒရာရေတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့လေသည်။" စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်း ဖြစ်လေသည်။ ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းအရင်းကို စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမမြတ်ဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား "ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတရားတော်"ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်တော်မူမည်ကို ဗုဒ္ဓက သဘောတူလက်ခံလေသည်။ မြို့တော်မှ မြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် မြတ်ဗုဒ္ဓ၏ ရုပ်ထုကိုယ်ပွားတော် တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။

နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ် ထည့်လိုက်သောအခါ ဂေါတမမြတ်ဗုဒ္ဓ နှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာ ကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထဝီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမမြတ်ဗုဒ္ဓသည် သူ၏သာ၀က တပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလေသည်။ ယင်းအချိန်အတွင်း စန္ဒသူရိယဘုရင်မင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပခဲ့လေသည်။" ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်"ဟု အဆိုရှိခဲ့လေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်၀န်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည် ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။

ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခု တည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကို ကျူးကျော်၀င်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုခဲ့ကြသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်ဆောက်ခဲ့ကြလေသည်။

မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခု ဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ များအရ ဘုရားဖူးခရီးစဉ်တစ်ခ စတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံံံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။

၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတို့ ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်၀န်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကို တည်ဆောက်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာခဲ့သည်။

မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော် ၀င်ရောက်သူများ လက်အောက် ရခိုင်ပြည် ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခ ခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏ အကြွင်းအကျန် လုံး၀မရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံ နံရံနှစ်ဆင့် က ဝိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှေ့ဘက်၀င်ပေါက်ကို အဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒ္ဓရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ။ အိန္ဒိယအရှေ့မြောက်ပိုင်း "နာလန္ဒ" ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာ၀င်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။

(ZawGyi)ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်ကြီးများအသင်းမှ ဆဌမအကြိမ်မြှောက် သံဃာ အပါး(၂၀)အားကထိန်သင်္ကန်းကပ်ပွဲပြုလုပ်ရန် လျာထ...
09/01/2021

(ZawGyi)


သို့ဖြစ်ပါ၍







အလှူငွေထည့်လိုပါက
KBZPay -0943010623
(သို့)

လိပ်စာ

(Unicode)
(ZawGyi)
ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်ကြီးများအသင်းမှ ဆဌမအကြိမ်မြှောက် သံဃာ အပါး(၂၀)အား
ကထိန်သင်္ကန်းကပ်ပွဲပြုလုပ်ရန် လျာထားခြင်း

MCEF (Mandalay)ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်ကြီးများအသင်းမှ ဆဌမအကြိမ်မြှောက် သံဃာအပါး(၂၀)အားကထိန်သင်္ကန်းကပ်ပွဲ
အခန်းအနားလျာထားခြင်း

သို့ဖြစ်ပါ၍
MCEF အဖွဲ့ဝင်များအနေဖြင့် ကထိန်အလှူအား
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်
စေတနာသဒ္ဓါတရား နည်းများမဆို ပါဝင်
ကုသိုလ်ပြုနိုင်ပါသည်။

ဒေါ်မြင့်မြင့်သိန်း(ထိုက်စင်ဆောက်လုပ်ရေး)မှ
ကထိန်အလှူငွေ(50,000)လှူဒါန်းပါသည်။

ဦးဆန်နီ(Power Seven Construction )မှ
ကထိန်အလှူငွေ(300,000)လှူဒါန်းပါသည်။

ဦးသန်းဝင်း(မြန်မာမန္တလေး ကုမ္ပဏီ)မှ
ကထိန်အလှူငွေ(300,000)လှူဒါန်းပါသည်။

ဦးထွန်းဝင်း(Match Construction Co.,Ltd )မှ ကထိန်အလှူငွေ(200,000)လှူဒါန်းပါသည်။

ဦးအောင်ဝင်း(AAK Steel Structure Construction )မှ ကထိန်အလှူငွေ(10,000)လှူဒါန်းပါသည်။

(၂၀.၁.၂၀၂၁)ပြာသိုလ်လဆန်း(၈)ရက် ဗုဒ္ဓဟူးနေ့ တွင်ရွှေဘုံသာကျောင်း မှ သံဃာတော် အပါး(၂၀) အား ဆဌမအကြိမ်မြောက် ကထိန် သဃန်း ဆပ်ကပ်လှူဒါန်း ပူဇော် မည်ဖြစ်ပါ၍ ကထိန်အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း
အသိပေးနိုးဆော်အပ်ပါသည်။

အလှူငွေထည့်လိုပါက
KBZPay -0943010623
(သို့)
09797825504 သို့ဆက်သွယ် လှူဒါန်းနိုင်ပါတယ်ခင်ဗျာ

လိပ်စာ
လမ်း၈၀၊၂၆လမ်းနှင့်၂၇လမ်းကြား
မန္တလေးမြို့၊မန္တလေးတိုင်းဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်း

ယနေ့ January 4 ရက်နေ့တွင်ကျရောက်သော(၇၃)ကြိမ်မြောက်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနေ့ ကို MCEF [Mandalay]မ...
04/01/2021

ယနေ့ January 4 ရက်နေ့တွင်ကျရောက်သော
(၇၃)ကြိမ်မြောက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏
လွတ်လပ်ရေးနေ့ ကို
MCEF [Mandalay]မှ
ဝမ်းမြှောက်စွာ ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ ❤️

လွတ်လပ်ရေးသမိုင်း အကျဉ်းချုပ်
👇👇👇

https://www.facebook.com/112051960422824/posts/220629182898434/

ယနေ့ January 4 ရက်နေ့တွင်ကျရောက်သော
(၇၃)ကြိမ်မြောက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏
လွတ်လပ်ရေးနေ့ ကို
MCEF[Mandalay]မှ
ဝမ်းမြှောက်စွာ ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ ❤️

လွတ်လပ်ရေးသမိုင်း အကျဉ်းချုပ်
👇👇👇

https://www.facebook.com/112051960422824/posts/220629182898434/

လွတ်လပ်ရေးနေ့ သမိုင်း လွတ်လပ်ရေးနေ့ (အင်္ဂလိပ်: Independence Day)သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသ...
03/01/2021

လွတ်လပ်ရေးနေ့ သမိုင်း

လွတ်လပ်ရေးနေ့ (အင်္ဂလိပ်: Independence Day)သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စစ်မှန်သော လွတ်လပ်ရေးကို ရရှိသည်။ တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍အထွတ် အမြတ် သတ်မှတ်ထားလေသည်။

ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။

“ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။

MCEF(Mandakay)
Source From Wekipedia

Shallow Foundation ကို မြန်မာလိုပြန်ကြည့်မယ်ဆိုရင်တော့ တိမ်ပါးတဲ့ အခြေခံအုတ်မြစ်လို့ ပြန်ကြည့်နိုင်တယ်။ ဒါကကျွန်တော့်ရဲ့...
02/01/2021

Shallow Foundation ကို မြန်မာလိုပြန်ကြည့်မယ်ဆိုရင်တော့ တိမ်ပါးတဲ့ အခြေခံအုတ်မြစ်လို့ ပြန်ကြည့်နိုင်တယ်။ ဒါကကျွန်တော့်ရဲ့ Opinion အတိုင်းပြန်ကြည့်တာပါ။ Shallow Foundation ကိုတည်ဆောက်ရင်တော့ အပေါ်ယံမြေကြီးအလွှာရဲ့အောက် (1.5 Meter)နဲ့ အထက် အနည်းဆုံးတူးပြီး တည်ဆောက်ရတယ်။ Shallow Foundation ရဲ့ အဓိကစွမ်းဆောင်ချက်ကတော့ Foundation ဆိုတဲ့အတိုင်း အပေါ်ကကြလာတဲ့ Structural Load ဝန် တွေကို ထမ်းထားဖို့ပဲဖြစ်ပါတယ်။ Shallow Foundation ရဲ့ Footings တွေရဲ့အနက်က သူ့ရဲ့ အကျယ်ထက်အမြဲတမ်း နည်းနေရပါတယ်။
Shallow Foundation ကို ဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ - မိမိဆောက်မဲ့ အဆောက်အအုံ (သို့မဟုတ်) Structure တခုက လွန်စွာကြီးမားလေးလံခြင်း မရှိတဲ့ အဆောက်အအုံမျိုး (သာမန်ထက်လွန်စွာ ကြီးမားနေခြင်း)ကို တည်ဆောက်ရာမှာလည်းကောင်း၊ အဆောက်အအုံ ဆောက်လုပ်မယ့် မြေကြီး၊ မြေသားက လုံလောက်တဲ့ ကျစ်လစ်သိပ်သည်းမှု ရှိသည့်အခါမှာလည်းကောင်း၊ အထပ်မြင့်အဆောက်အအုံ ( ယေဘူယျအားဖြင့် ၆ ထပ် ထက်မမြင့်သော) မဟုတ်သည့်အခါမှာလည်းကောင်း Shallow Foundation ကို အသုံးပြုကြပါတယ်။ Shallow Foundation ကို (၅)မျိုးခွဲခြားတည်ဆောက်လို့ရပါတယ်။
(၁) Strip Footing
(၂) Spread or isolated footing
(၃) Combined Footing
(၄) Strap or Cantilever Footing
(၅) Mat (or) Raft Footing
အဆိုပါ Footing များကို တစ်ခုချင်းစီ ပုံများဖြင့် နားလည်လွယ်အောင် ဆက်လက်ရှင်းပြသွားပါမည် ခင်ဗျား။
(၁) Strip Footing (တွဲဆက် Footing)
Strip Footing ဆိုတာက bearing wall တခုလုံး(ဒါမှမဟုတ်) တလျှောက်လုံးကို ထမ်းထားရတဲ့ Footing မျိုးဖြစ်ပါတယ်။ နောက်ပြီး Strip Footing တွေကို isolated Footing (တလုံးချင်း Footing)တွေလွန်စွာ နည်းကပ်စွာ တည်ရှိနေပြီး Footing 2ခု ထပ်(over lap) ဖြစ်နေတဲ့ အခြေအနေမျိုးတွေမှာလည်း Strip Footing ကို တည်ဆောက်အသုံးပြုပါတယ်။ Strip Footing တွေကို များသောအားဖြင့် တစ်ထပ်တိုက်အဆောက်အဦးတွေမှာ တွေ့မြင်နိုင်ပါတယ်။ Strip Footing ကို Continous Footing ကိုလည်း ခေါ်ဆိုနိုင်ပါတယ်။
(၂) Spread or isolated footing (တခုတည်း ရှိသော Footing)
Isolated Footing ကတော့ Column တခုချင်းစီကို သီးသန့်ထမ်းထားရသော Footing မျိုးဖြစ်ပါတယ်။ ဒီ Footing ကတော့ Residential အဆောက်အအုံတွေမှာ အသုံးအများဆုံး Footing အမျိုးအစားပါ။ Isolated Footing တွေကို အဝိုင်းသဏ္ဍာန် (သို့မဟုတ်) လေးထောင့်သဏ္ဍာန် တည်ဆောက်နိုင်ပါတယ်။ တချို့ အနေအထားတွေမှာဆိုရင် Isolated Footing ကို လှေကားထစ်ပုံစံ အထပ်ထပ် တည်ဆောက်လေ့ရှိပါတယ်။
ထိုသို့ တည်ဆောက်ခြင်းအားဖြင့် အပေါ်မှသတ်ရောက်လာတဲ့ ၀န် (load)ကို ကြီးမားတဲ့ Footing မျက်နှာပြင်များက ဖြန့်ကြပ်ပီးထမ်းထားတဲအတွက် Structure ပိုင်းဆိုင်ရာမှာ ပိုမိုခိုင်ခန့်မှုရှိပါတယ်။ Isolated Footing တွေကို ဆောက်လုပ်ရာတွင် သံကူကွန်ကရစ်(Reinforced Concrete) နဲ့သာအဓိက ဆောက်လုပ်ကြပါတယ်။
(၃) Combined Footing (တွဲရက် Footing)
Combined Footing ဆိုတာကတော့ အပြိုင်နီးကပ်စွာ တည်ရှိနေတဲ့ တိုင် (Column) နှစ်ခုမှလာသော ၀န် (Load) ကို တွဲလျက်ထောက်ပံ့ပေးထားရခြင်းကို Combed Footing လိုခေါ်တယ်။ Column နှစ်ခုအလွန်နီးကပ်စွာ ရှိနေတဲ့ အနေအထားတွင် သူတို့ကို ထမ်းထားတဲ့ Individual Footing တွေက Over Lap ထပ်နေပါလိမ့်မယ်။ အဲ့လိုအခြေအနေမျိုးများ Column တစ်တိုင်အတွက် Footing တစ်ခုချင်းအသုံးမပြုပဲ တွဲလျက်နီးကပ်စွာ ရှိနေတဲ့ တိုင်နှစ်တိုင်ရဲ့ Footing တွေကို ပေါင်းစည်းတစ်ခုတည်းဖြစ်အောင် ဆောက်လုပ်ခြင်းဖြင့် Combined Footing ဖြစ်လာပါတယ်။ နောက်ပြီး အဆောက်အဦးရဲ့ အပြင်ဘက် Column တိုင် အချို့သည် Property Line သတ်မှတ်ထားသော အဆောက်အဦ area ရဲ့ အစွန်းတွင်တည်ရှိနေလျှင် (သို့မဟုတ်) အဆောက်အဦးရဲ့ အစွန်းဖက်တိုင် Column အချို့ သည် အခြားအဆောက်အဦး တစ်ခုနှင့် ကပ်လျက်အနေအထားတွင် ရှိနေလျှင် ထို Column ကို ထမ်းထားမည့် Footing ကို (enccentrially Loaded) အနေအထားသို့ ပြောင်းကာ အတွင်းရှိ အနီးဆုံး (Column)တိုင်ရဲ့ Footing နှင့် ပေါင်းစည်းလိုက်ခြင်းဖြင့် Combined Footing ကို ဆောက်လုပ်နိုင်သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် အဆောက်အဦး အစွန်းရှိ Column တိုင်သည် eccentric ဖြစ်နေသော်လည်း Combined Footing က ဖြန့်ဝေ distributed လုပ်ကာ ဝန်ကို ထမ်းသွားမည် ဖြစ်သောကြောင့် Structure ပိုင်းတွင်လည်း ပြသာနာမရှိနိုင်ပေ။ Combined Footing တွေက လေးထောင့်ကွက်အနေအထား (သို့မဟုတ်) တရိုင်ပီဇိုင်တမ် (Trapatoidal) အနေအထားရှိနိုင်သည်။
(၄) Strap or Cantilever Footing
Strap Footing ဆိုတာကလည်း Isolated Footing နှစ်ခုကိုပေါင်းစည်းထားတဲ့ combined footing အမျိုးအစားအတိုင်းပါပဲ။ ဒါပေ Strap Footing က combined footing လိုမျိုး Footing ကိုအပြည့်အနေအထား ပေါင်းစည်းထားတာမဟုတ်ပါဘူး။ Isolated footing နှစ်လုံး ကို သံကူကွန်ကရစ် တန်း (Strap R.C Beam) တစ်ချောင်းနဲ့ တွဲချုပ်ထားခြင်းကို Strap Footing လိုခေါ်ပါတယ်။ ထိုကဲ့သို့တွဲ ချုပ်ထားခြင်းဖြင့် ထိုfooting နှစ်ခုကို တစ်ခုတည်းအဖြစ်သတ်မှတ်ပါတယ်။ ထိုတွဲချုပ်တန်းStrap Beam ကို rigid beamကဲ့သို့ designလုပ်ရပါတယ်။ Soil Pressure မြေကြီးဖိအား မြင့်မားပြီး column နှစ်ခုရဲ့ကြားအကွာအဝေးများသောအခြေအနေမျိုးတွင် Strap footing ကိုသုံးခြင်းအားဖြင့် combined footing ရဲ့လုပ်ဆောင်ချက်အတိုင်းလုပ်ဆောင်နိုင်ပြီး combined footing ထက်လည်း Strap Footingကပိုပီး economic ဖြစ်ပါတယ်။
(4) Mat or Raft Footing (ဖျာ Footing)
Mat Footing ဆိုတာကတော့ အကြမ်းဖြင်းအားဖြင့် အဆောက်အဦ Structure ကြီးတစ်ခုလုံး နံရံ၊ တိုင်တွေအားလုံးကို RC သံကူကွန်ကရစ် Slab အထူကြီးအပေါ်မှာ တည်ဆောက်ထားခြင်းကို Mat Footing Foundation လို့ခေါ်ပါတယ်။ ထို RC Slab ကြီးတခုလုံးကို Combined Footing ကြီးတခုပမာထားပီး တည်ဆောက်ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ သာမာန်သိထားတာတော့ Mat Footing ကို Basement or Car Parking ပါသော Structure တွေမှာ Mat Footing ကိုအသုံးပြုပြီး Foundation တည်ဆောက်ကြတယ် လို့သိကြပါတယ်။ Engineering အရတော့ Mat Footing ကိုဘာကြောင့် အသုံးပြုရသလဲဆိုတော့ အဆောက်အဦအတွက် Design လုပ်ထားတဲ့ Spread Footing တွေရဲ့ စုစုပေါင်း Area က Building ရဲ့ Area ထက် 50%ကျော်နေမယ်ဆိုရင် ထိုအဆောက်အဦကို Mat Footing အသုံးပြုရမှာဖြစ်ပါတယ်။
Mat Footing ကိုအသုံးပြုရတဲ့ အဓိကအချက်ကတော့ လုံလောက်တဲ့မြေသား ဖိအားမရှိခြင်း (သို့) အဆောက်အဦရဲ့ Column တိုင်တွေ နံရံ (Wall)တွေ အများစု လွန်စွာကပ်လျက်အနေအထားမှာရှိနေလျှင် Mat Footing ကို အသုံးပြုကြပါတယ်။ နောက်ပြီး Non Homogenous Soil အနေအထားမျိုးမှာ အဆောက်အဦကို ကျွံကြခြင်း (Settlement )မဖြစ်အောင် Mat Foundation ကိုအသုံးပြုရပါတယ်။
ဝေဖန်အကြံပြုပေးပါဦးဗျ ။

မန္တလေးတိုင်း ၊ မန္တလေးခရိုင်အတွင်း Covid-19 သံသယလူနာများအား စစ်စေးပေးမည်။
21/12/2020

မန္တလေးတိုင်း ၊ မန္တလေးခရိုင်အတွင်း Covid-19 သံသယလူနာများအား စစ်စေးပေးမည်။

Zawgyi မန္တလေးခရိုင်အတွင်း ဆီမီးလော့ဒေါင်း ချမှတ်ထားမှု တိုင်းအစိုးရ ပယ်ဖျက်COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်း...
18/12/2020

Zawgyi



Unicode

မန္တလေးခရိုင်အတွင်း ဆီမီးလော့ဒေါင်း ချမှတ်ထားမှု တိုင်းအစိုးရ ပယ်ဖျက်၊

MI News၊ ဒီဇင်ဘာ-၁၈

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးခရိုင်အတွင်း နေထိုင်သည့် ပြည်သူများ လိုက်နာရန် တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်မိန့်များကို ပယ်ဖျက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရက ကြေညာသည်။

COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရက ပြည်သူသို့ တင်ပြခြင်း ဆိုသည့် သတင်းစာ နှစ်မျက်နှာ အပြည့်ပါ ကြေညာချက်တွင် ယနေ့ ဒီဇင်ဘာ(၁၈)ရက်မှ စတင်ကာ မန္တလေးခရိုင်အတွင်း သတ်မှတ်ထားသည့် Stay At Home ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ဒဏ်တပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ဟု ဖော်ပြထားသည်။

ပြည်တွင်းပုံမှန် လေကြောင်းခရီးစဉ်များပြန်လည်ပြေးဆွဲမှုပြည်တွင်းလေကြောင်းပြန်လည် ပြေးဆွဲရာတွင် လေယာဉ်စီးခရီးသည်များ လိုက်န...
13/12/2020

ပြည်တွင်းပုံမှန် လေကြောင်း
ခရီးစဉ်များပြန်လည်ပြေးဆွဲမှု

ပြည်တွင်းလေကြောင်းပြန်လည် ပြေးဆွဲရာတွင် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures - SOP)

၁. ခရီးသည်၏ အမည် နိုင်ငံသား စိစစ်ရေးအမှတ် နေရပ်လိပ်စာ ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို လေယာဉ်လက်မှတ်ဝယ်ယူသည့်နေရာနှင့် Check In ပြုလုပ်သည့်အချိန် မိမိသွားသည့်ခရီးဆုံးလေဆိပ်သို့ ရောက်ရှိချိန်များတွင် တာဝန်ရှိသူအား တင်ပြရမည်

၂.Rapid Antigen Diagnostic Test(RDT)စစ်ဆေးရန်အတွက် ခရီးသည်များသည် ဝယ်ယူထားသော လေယာဉ်လက်မှတ်ကို သက်ဆိုင်ရာ ကျန်းမာရေးဌာနအားပြသရပါမည်

၃.ခရီးသည်အနေဖြင့် Covid-19 သံသယဖြစ်ဖွယ် ဖျားခြင်း ချောင်းဆိုးခြင်း ရုတ်တရက် အနံ့ပျောက်ဆုံးခြင်း အစရှိသည့် အလုံးစုံကင်းမှသာ သတ်မှတ်ခရီးစဉ်တွင် လိုက်ပါရမည်

၎.72 နာရီအတွင်း စစ်ဆေးထားသော RDT ကြိုတင်စစ်ဆေးချက်အား သက်ဆိုင်ရာလေကြောင်းလိုင်းတွင် ပြသရမည်

၅လေယာဉ်ခရီးစဉ်တစ်လျှောက် ခွဲစိတ်ခန်းသုံး ပါးစပ် နှာခေါင်းစည်း(Surgical Mask) မျက်နှာကာ(Face shield)တို့အား သေချာစွာဝတ်ဆင်ထားရှိရမည်

၆.မိမိသွားလိုသည့်မြိုသို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှု့များနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရပါမည်

UNICODE (လူ့အခွင့်အရေးနေ့)လူ့အခွင့်အရေးနေ့ကိုဒီဇင်ဘာလ ၁၀ ရက်နေ့တွင်နှစ်စဉ်ကျင်းပလေ့ရှိသည်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်...
10/12/2020

UNICODE (လူ့အခွင့်အရေးနေ့)

လူ့အခွင့်အရေးနေ့ကိုဒီဇင်ဘာလ ၁၀ ရက်နေ့တွင်နှစ်စဉ်ကျင်းပလေ့ရှိသည်။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာ
၁၀ ရက်ကို ကမ္ဘာ့ကုလသမဂ္ဂကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကို ပဲရစ်ရှိ Palais de Challoit တွင်ဂုဏ်ပြုသောအားဖြင့်ဂုဏ်ပြုရန်အပြည်ပြည်ဆိုင်ရာအခမ်းအနားကျင်းပခဲ့သည်

ZAWGYI (လူ့အခွင့်အရေးနေ့)


Address

80street, Between26*27street
Mandalay
05022

Telephone

+959764939125

Website

Alerts

Be the first to know and let us send you an email when Myanmar Construction Entrepreneurs Federation Mandalay Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share