Shwe Moe Real Estate & Construction

Shwe Moe Real Estate & Construction အိမ်ခြံမြေရောင်းဝယ်ငှား နှင့် ဆောက?

12လက်မ = 1 ပေ3ပေ = 1 ကိုက်22 ကိုက် = 1 သံကြိုး10 သံကြိုး = 1 ဖာလုံ8ဖာလုံ =1 မိုင်16 အောင်စ = 1 ပေါင်14 ပေါင် = 1 စတုန်2 ...
31/12/2021

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1ft3 = 6.24 Gallons
1 Gallons = 2 viss ( ပိသာ )
1 CWT = 31.11 viss
1 lb = 0.278 viss
Water 1 Gallon = 8.34 lbs
Glue 1 Gallon = 10 .70 lbs
1 Inch = 2.54 centimeter
1cm = 0. 3937 inch
1 ft = 0.3048 meter
1m = 3.28 ft
1m2 = 10.80 ft2
1 yard ( ကိုက် ) =0.9144 m
1m = 1.0940 yards
1 mile = 1. 6090 km
1 km = 0. 6214 mile
1 Gallon =4. 54 liters
1 liter = 0.22 Gallon
1 ounces = 28.53 grams
1 grams = 0.0352 ounce
1 kg = 2.2 lb
1lb = 0.4536 kg
၁ ကျပ်သား = ၁၆ . ၃၂၉၃ ဂရမ်

၁ကျင်း=၁၀၀ ကုဗပေ
အလျား×အနံ×အမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1ton = 50 cft
အသား ၅၀ ကုဗပေက်ို တစ်တန်ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ× ဗြက် ၂၀ လက်မ× အရှည် ၁၈ ပေ
( သို့ )
၄၀၀ လက်မ× အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်
( ကျသင့်ငွေ = ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷ 7200)
ဥပမာ 1တန် 720000 ဖြင့် 4"2" အရှည် 9 ပေအချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ= 4×2×9×720000×50÷7200ကျပ်
=360000ကျပ်
၁ဧက = ၄၃၅၆၀ စတုရန်းပေ
၁ဧကရှိသော စတုရန်းပုံအနားတစ်ဖက်=
၂၀၈.၇၁ပေ ( ၂၀၉ )
၁ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄
ပေ ( ၈၄၆ )
မြေဧကဖွဲ့နည်း တွက်နည်းနှင့် စိုက်ပျိူးပင် တွက်နည်း
======================
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း = လျား ၂၀၈.၇၁ ပေ× နံ ၂၀၈.၇၁ ပေ
နှစ်နားညီ စတုဂံ = လျား×နံ÷ 43560
နှစ်နားညီတြာဗီဇီယံ= ပြိူင်နား နှစ်ခုပေါင်း ÷ ၂ ×နံ÷
43560
တြိဂံ = ၀.၅×အခြေ×အမြင့်÷ 43560
တြိဂံ =1/2 အခြေ×အမြင့် ÷ 43560
ထောင့်မှန်တြိဂံ - အခြေ×အမြင့် = ရလာဒ်÷၂÷43560
စက်ဝိုင်း - အချင်းဝက်×အချင်းဝက်×3.1416÷43560
စက်ဝိုင်း - အချင်း× အချင်း×.၇၈၅၄
၀.၇၈၅၄ သည်ပိုင်ကိန်း ၃.၁၄၁၆ကို ( အနားလေးဖက် ) ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်သည်။
အနား၅မျက်နှာ ၆မျက်နှာနှင့်အနားများစွာ =စတုဂံ
စတုရန်း
တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အ၀န်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိူးရေး စာအုပ်မှ......)
(A)လျား×နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား× နံ မြောက်ကိန်း ÷ ပင်ခြား ကွာဝေး မြှောက်ကိန်း
မြေကွက် လျား ၃၀၀× နံ၂၀၀ = ၆၀၀၀၀ စတူရန်းပေ
သစ်ပင် ၁၂ပေခြားစိုက်လျှင် ၁၂× ၁၂= ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ × . ၁၅ = ၆၂
၄၁၆ +၆၂ = ၄၇၈ ပင်
( C ) ဧကပြည့်( ၁ ) ဧကတွက်လျှင်
စိုက်ပင်အကွာအဝေးနှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်အကွာအဝေး ၁၉ ×၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ × . ၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

https://www.facebook.com/groups/868316750506510/?ref=share

# crd

တရုတ်ပြည်က တရုတ်သဌေးနဲ့ ​​ပလာဇာမှာ coffee သောက် အလုပ်ကိစ္စပြောရင်း ကားအကြောင်းတွေရောက် မြန်မာတွေရဲ့ စိတ်ထားအကြောင်းတွေပါ...
25/12/2021

တရုတ်ပြည်က တရုတ်သဌေးနဲ့ ​​
ပလာဇာမှာ coffee သောက် အလုပ်ကိစ္စပြောရင်း ကားအကြောင်းတွေရောက် မြန်မာတွေရဲ့ စိတ်ထားအကြောင်းတွေပါ ပါလာတယ် ပြောရင်းနဲ့ သူပြောတာတွေ စိတ်တိုမိပေမဲ့ အမှန်တွေပြောလာတာမလို့ ငြိမ်နားထောင်ခဲ့ရတယ်

Made in myanmar ?

အဲ့စကားက တော်တော်ထိတယ်
မင်းတို့ဆီမှာဘာရှိလဲ made in myanmar ဆိုပြီး မြန်မာတွေသုံးနေတာဘာရှိလဲ

မြန်မာတွေက ဟိုကပစ္စည်းယူ စျေးအမြတ်တင် ဒီမှာပြန်ရောင်း ဒါပဲ တတ်တာများတယ်
ပညာတတ်လူတန်းစား သိပ်မရှိဘူး

စိုက်ပျိုးသီးနံ့တွေ ?
တောင်သူတွေအဲ့ဒါတွေစိုက်ပြီးချမ်းချမ်းသာသာနေနိုင်လား?
နယ်ဖက်မှာ ခရမ်းချဥ်သီး တစ်ပိတ်သာ ၃၀ ကျပ် ပဲရှိတယ်
အခု ငါတို့သောက်တဲ့ Coffee တစ်ခွက် ၃၀၀၀ ကျပ်ရှိတယ်မင်းစဥ်းစားကြည့်ပေါ့
မင်းတ်ို့လူမျိုးအချင်းချင်းပဲ နယ်မှာ ၃၀ နဲ့ စျေးဖြတ်ပြီး မြို့မှာ စျေးတင်ပြီးရောင်းတာမလား?
အစိုးရက ဘယ်လောက်နဲ့ဝယ်ပါဆိုပြီး စျေးစိီစစ်သတ်မှတ်ပေးလား?

ဒီ DATA တွေ အကုန် တရုတ်ပြည်မှာရှိနေပြီ
တရုတ်နယ်စပ်က မြန်မာပွဲစားတွေ အဲ့ထက်ကောင်းတဲ့အသီးကို စျေးသက်သက်သာသာနဲ့သွင်းတယ်
မင်းတို့တောင်သူတွေ ယှဥ်နိုင်လား ?
ဘာမှလုပ်စားလို့မရဘူးမလား?

it ပစ္စည်းတွေဖြစ်တဲ့
ဖုန်း
ကွန်ပျူတာ စတာတွေ မြန်မာတွေထုတ်ထားတာ ဘာရှိလဲ?
အိမ်ဆောက်ပစ္စည်း အသုံးအဆောင်ပစ္စည်း
အဝတ်အစားက အစအကုန် ထိုင်းနဲ့ တရုတ်ကိုအားကိုးနေရတယ်မလား
သူတို့ မထုတ်ပေးရင် မင်းတို့ ဘာမှမသုံးနိုင်ဘူးဆိုတာမင်းလက်ခံမှရမယ်

ပိုဆိုးတာက မင်းတို့ မြန်မာအချင်းချင်းဆို အထင်သေးတတ်တဲ့စိတ်က မင်းတို့လူမျိုးကို အောက်တန်းကျစေတာပဲ

ငါ့ရုံးက မြန်မာ ​ဝန်ထမ်း​တွေ သူတို့စားတဲ့ဆန်က Vietnam ဆန်ဆိုပြီး ဂုဏ်ယူပြီးစားကြတယ် ဘာကြောင့်လဲ? ? ?
ဒါမြန်မာအချင်းချင်းသတ်လိုက်တာပဲ

ငါ့လက်ထောက် တရုတ်ပဲ မြန်မာနိုင်ငံမှာမွေးတယ်ကြီးတယ် မြန်မာနိုင်ငံသား
ဒီကောင့်လစာ ၂၀ ဝန်းကျင်
ဒီကောင့်ရာထူးနဲ့ ကားလေးနဲ့ဖြစ်သင့်လို့ကားဝယ်ဖို့ တိုက်တွန်းလာတာ ၁ နှစ်ကျော်ပြီ
ပြီးမှကားလေးတစ်စီးဝယ်လိုက်တယ်

SKD ကားလေး ကားလေးကကောင်းတယ်
ဒါပေမဲ့သူကားဝယ်ပြီး ရုံးကလူတွေ ဝိုင်းပြောတာခံရလို့ဆိုပြီးစိတ်ညစ်နေတယ်

ဘာပြောလဲမေးတော့

အရစ်ကျကား Thilawar ကား ဘယ်သူမှမစီးဘူး
ကားဘောဒီ ဆေး အင်ဂျင် တစ်ခုမကောင်းဘူး
အ'လို့ ဒီကားဝယ်စီးတယ် မြန်မာတွေထုတ်တဲ့ကားကို သိန်း၂၀၀ ကျော်ပေးစီးတာ အရူးပဲရှိတယ်

ဒီစကားက မြန်မာအချင်းချင်းပြောတဲ့စကား
မင်းတို့မှားနေတယ် အမှန်က Thilawar စီးတဲ့သူထက်
ထုတ်တဲ့စက်ရုံကို ဖိအားပေးရမှာမဟုတ်ဘူးလား?

ကား???

Japan နဲ့ usa က သီလဝါစက်မူဇုံကိုလာထောင်ပေးလို့ ဒီလိုတပ်ဆင်နိုင်လာတာ မနေ့တနေ့ကမှပဲရှိပါသေးတယ်
ထိုင်း တရုတ် တွေက ကိုယ်ပိုင်ကားစက်ရုံနဲ့ ကားထုတ်နိုင်တယ် တပ်ဆင်နိုင်တာမဟုတ်ဘူး
ငါတို့ နိုင်ငံ ထုတ်တဲ့ ပစ္စည်း ငါတို့လူမျိုးသုံးတယ်
လူမျိုးအချင်းချင်း မနှိမ်ဘူး
မင်းတို့?

Made in Thilawar ဆိုတာ
Made in myanmar မဟုတ်ဘူး
မင်းတို့ ဘာမှမထုတ်နိုင်သေးဘူး
မင်းတို့ ထုတ်နိုင်တဲ့ အဆင့်မရှိသေးဘူး
မင်းတို့ ဝယ်ရောင်းလောက်ပဲလုပ်တတ်တာမလား?

ငါတို့ တရုတ်ပြည်က ပစ္စည်းတွေ
ဖုန်း ကွန်ပျူတာ ကား
အကုန် တရုတ်လိုပါတယ်
တရုတ်လိုသုံးရတာကို ဂုဏ်ယူတယ်
E လိုမတတ်ဘူးလို့တော့လာမပြောနဲ့
မြန်မာတွေထက်ပိုပြီပြင်အောင်ပြောနိုင်တယ်

ဒါ့အပြင်
အခု ယူနန်ပြည်မှာ မြန်မာကျောင်းဖွင့်ပြီး မြန်မာစာ ​​
မြန်မာ စကားသင်ပေးနေပြီ နောက်ပိုင်း မန်နေဂျာအဆင့်ဆို တရုတ်ပြည်က မြန်မာစကားတတ်
တဲ့သူပဲခေါ်သုံးတော့မှာ မြန်မာနိုင်ငံကလူတွေကို အဲ့အဆင့်မပေးတော့ဘူး
မန်နေဂျာအောက်နိမ့်တဲ့ ​​နေရာတွေပဲကိုပဲ မြန်မာအလုပ်သမားတွေကိုသုံးတော့မှာ

ဒါ တရုတ်တစ်နိုင်ငံထဲမဟုတ်ဘူး ထိုင်း ကိုရီးယား တွေရော မြန်မာကျောင်းတွေတတ်နေပြီ
မင်းတို့လူမျိုးတွေ ဘာသာစကားတတ်ရုံနဲ့ အရင်လိုလုပ်စားလို့ရနိုင်ပါ့မလား?
မင်းတို့ဆီမှာ မြန်မာလိုရေးတာနဲ့ E လိုရေးတာ
E လိုရေး E လို ပြောတာ ဂုဏ်ယူတယ်မလား?

ထုတ်လုပ်နိုင်တဲ့နည်းပညာမရှိ သူများဆီကအကုန်ဝယ်သုံးရင်း ကမ္ဘာ့မြေပုံပေါ်က တချို့နိုင်ငံတွေ ပျောက်သွားခဲ့ရတယ်
ပျောက်သွားတယ်ဆိုတာ သူတို့လူမျိုးအကုန် အလုပ်သမားလူတန်းစားဘဝနဲ့ ဖြတ်သန်းရတာလည်း ပျောက်သွားတာပဲ

မူလရေးသားသူကို Credit ပေးပါသည်။

"အတုယူတတ်ကြဖို့ လိုတယ်"စိုင်းစိုင်းခမ်းလှိုင် MTV တစ်ခုမှာ စတိုင်ပင်ကို ခါးပတ်မပတ်ဘဲ ဝတ်ထားတာ သဘောကျလို့ လိုက်ဝတ်တယ်။တော...
30/11/2021

"အတုယူတတ်ကြဖို့ လိုတယ်"

စိုင်းစိုင်းခမ်းလှိုင် MTV တစ်ခုမှာ
စတိုင်ပင်ကို ခါးပတ်မပတ်ဘဲ ဝတ်ထားတာ
သဘောကျလို့ လိုက်ဝတ်တယ်။
တောသားမြို့တက် လို့ ပြောခံလိုက်ရတယ်၊၊

ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို
အားကျလို့ဆိုပြီး အလုပ်ကို တီရှပ်နဲ့
ဂျင်းဘောင်းဘီ ဝတ်သွားလိုက်တယ်။
မန်နေဂျာ ခေါ်သတိပေးတာ ခံလိုက်ရတယ်၊၊

ဦးကျော်သူကို အားကျလို့
မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး လိုက်ထားတယ်။
အလုပ်အပ်ဖို့ စုံစမ်းတဲ့သူတွေ တစ်ယောက်မှ
မလာတော့ဘူး၊၊

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ ပြည်သူတွေ ခုထိမမေ့နိုင်သေးတာကို ကြည့်ပြီး ကျန်းမာရေးဟောပြောပွဲမှာ "ခင်ဗျားတို့ကိုယ့်ကျန်းမာရေးမှ
ကိုယ်ဂရုမစိုက်လို့ကတော့
အကုန်လုံး -ာသည်ရွာ ဖြစ်ကုန်မယ်"လို့ သွားပြောတယ်။

တစ်ရွာလုံး ဓါးမနဲ့ ထွက်ခုတ်လို့ မနည်းပြေးလာရတယ်၊၊

မှန်ပါတယ်...၊၊
ဖန်ခွက်တစ်ခွက်ရဲ့ တန်ဖိုးဟာ
အပြင်မှာ ခြယ်သထားတာတွေနဲ့ မဆိုင်ပါဘူး၊၊
အထဲထဲမှာ ရေသန့်သန့် ပါလာဖို့ကသာ
အရေးကြီးတာပါ၊၊
လူတွေကလည်း အထဲကရေ သန့်တာကိုသာ တကယ်ယုံကြည်သွားရင် အပြင်မှာ ဘယ်လိုပဲ ခြယ်သထား ခြယ်သထား၊ နေရာပေးကြစမြဲပါပဲ၊၊

ဒါပေမယ့် အဲဒီလို တန်ဖိုးရှိတဲ့ ဖန်ခွက်တစ်ခွက်ဖြစ်ဖို့
အရင်ဆုံးလုပ်ရမှာက ရေသန့်သန့်တွေနဲ့ ပြည့်နေအောင် လုပ်ဖို့ပါ၊၊ အပြင်က ဒီဇိုင်းကို အရင်အတုယူရမှာ မဟုတ်ပါဘူး၊၊

ဖက်ရှင်ဟာ လူတစ်ယောက်ကို အတိုင်းအတာတစ်ခုထိ ယုံကြည်မှု ရှိစေပါတယ်၊၊ ဒါကြောင့် ဖက်ရှင်မော်ဒယ်တစ်ယောက်ဆီက အတုယူရမယ်ဆိုရင် သူ့အသားအရည်၊ အရပ်အမောင်းနဲ့ အချိုးအစားအလိုက် အဆင်ပြေအောင် ဝတ်စားဆင်ယင်တတ်တာကို ယူရမှာ ဖြစ်ပါတယ်၊၊ သူဝတ်တဲ့အတိုင်း တစ်ပုံစံတည်း လိုက်ဝတ်ရမှာ မဟုတ်ပါဘူး၊၊

မာ့ခ်ဇူကာဘတ်ကို သဘောကျရမှာက စွန့်ဦးတီထွင်တတ်တဲ့စိတ်၊ ရိုးရိုးရှင်းရှင်း နေတတ်တဲ့စိတ်၊ အလှူအတန်းရက်ရောတဲ့စိတ်တွေကိုပါ၊၊ ပွဲလမ်းသဘင်တိုင်း တီရှပ်လိုက်ဝတ်ဖို့က အဓိက မကျပါဘူး၊၊

မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး လိုက်ထားတိုင်း ဦးကျော်သူလို တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်မလာပါဘူး၊၊ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကြုံဆုံလာသမျှ လူအားလုံးကို တတ်နိုင်သလောက် ကူညီမယ်ဆိုတဲ့ ပရဟိတစိတ်မျိုးနဲ့ ရှင်သန်နေထိုင်ဖို့ကသာ အဓိကလိုရင်း ဖြစ်ပါတယ်၊၊

ကိုယ့်ကိုယ်ကျိုးအတွက် လုံးဝမစဉ်းစားဘဲ တိုင်းပြည်လွတ်လပ်ရေးရဖို့ပဲ ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ စေတနာနဲ့ အရည်အသွေးကို ပြည်သူအားလုံးက နားလည်ပြီးသား ဖြစ်ပါတယ်၊၊ ဒါကြောင့် ဘယ်လိုစကားလုံးမျိုး သုံးပါစေ ပြည်သူတွေက စိတ်မဆိုးတဲ့အပြင် ခပ်ဘွင်းဘွင်းပြောတတ်တယ်ဆိုပြီး ပိုတောင် သဘောကျသွားခဲ့ကြပါသေးတယ်၊၊ ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ အဲဒီစိတ်ဓါတ်နဲ့ စေတနာတွေ၊ အရည်အချင်းတွေ မရှိပါဘဲ နယ်လှည့်ပါးရိုက်လာတာ ဆိုတဲ့စကားမျိုး ပြည်သူကို သွားပြောရင်တော့ ပြည်သူတွေရဲ့ ဝေဖန်မှုနဲ့ပဲ ကြုံရပါလိမ့်မယ်၊၊

အခုခေတ်လူငယ်တွေမှာ စံထားစရာ role model တွေ မရှိကြဘူးလို့ ပြောကြပါတယ်၊၊ တကယ်တော့ နယ်ပယ်အသီးသီးမှာ စံထားစရာ ပုဂ္ဂိုလ်တွေအများကြီး ရှိပါတယ်၊၊ သတင်းနည်းပညာကလည်း ဖွံ့ဖြိုးလာတာကြောင့် သူတို့အကြောင်းတွေကို အလွယ်တကူ လေ့လာလို့လည်း ရလာတယ်၊၊

အမှန်က အတုယူစရာ လူမရှိတာ မဟုတ်ပါဘူး၊၊ အတုယူလွဲနေကြတာသာ ဖြစ်ပါတယ်၊၊

အတုယူလွဲတယ်ဆိုတဲ့နေရာမှာ ကိုယ်ကျင့်တရားနဲ့ လုပ်ရပ် ကောင်းတဲ့သူထက် ချမ်းသာမှု၊ နာမည်ကျော်ကြားမှုတွေသက်သက်ကိုပဲ ပိုပြီးအားကျနေတတ်ကြတာမျိုး ပါသလို၊ တကယ်အရေးကြီးတဲ့ အနှစ်သာရပိုင်းကို အတုမယူမိဘဲ အပေါ်ယံရှပ် အတုယူနေကြတာလည်း ပါပါတယ်၊၊

ကျနော်တို့လူငယ်တွေ အတု တကယ်ယူတတ်ကြဖို့ လိုပါတယ်၊၊

𝑪𝒓𝒆𝒅𝒊𝒕_𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫

☸ မိတ်ဆွေအနေနဲ့ အိမ်ခြံမြေ ရောင်းရန်၊ ၀ယ်ရန်၊ ငှားရန်အတွက် ✅ ရွှေမိုးဟိန်းကို ဆက်သွယ်ပြီး လွယ်ကူလျှင်မြန်သော ဝန်ဆောင်မှု...
16/11/2021

☸ မိတ်ဆွေအနေနဲ့ အိမ်ခြံမြေ ရောင်းရန်၊ ၀ယ်ရန်၊ ငှားရန်အတွက်
✅ ရွှေမိုးဟိန်းကို ဆက်သွယ်ပြီး လွယ်ကူလျှင်မြန်သော ဝန်ဆောင်မှုကိုရယူလိုက်ပါ
🌐 အကျိုးဆောင်များလည်းဆက်သွယ်ဆောင်ရွတ်နိုင်ပါတယ်
🔯အိမ်ဆောက်ချင်သူများဆက်သွယ်စုံစမ်းနိုင်ပါတယ်

☎09790 999 497

မြို့ပက်လမ်းအရှေ့ဘက် သိပ္ပံလမ်းသစ်နှင့်19လမ်းကြားရှိ ဧကကွက်များရောင်းရန်ရှိပါတယ် တစ်ဧက3500သိန်းမှသိန်း10000​ကျော်အထိအစား...
15/11/2021

မြို့ပက်လမ်းအရှေ့ဘက် သိပ္ပံလမ်းသစ်နှင့်19လမ်းကြားရှိ ဧကကွက်များရောင်းရန်ရှိပါတယ် တစ်ဧက3500သိန်းမှသိန်း10000​ကျော်အထိအစားစားရှိပါတယ်
ဆက်သွယ်ရန် 09790 999 497

မြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်း သုံးသော်လည်းအင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdomဟူ၍ နှစ်မျိုးကွဲလေသည်Educatio...
12/11/2021

မြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်း သုံးသော်လည်း
အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdom
ဟူ၍ နှစ်မျိုးကွဲလေသည်

Education ဆိုတာက ကျောင်းကနေသော် လည်းကောင်း
မိဘ ဆီကနေသော် လည်ကောင်း သင်ယူတက်မြောက်
ဘွဲ့ရလာတာကို ဆိုလိုတာပါ

အဲ့တာကို ပညာတက် educated person လို့ခေါ်ပါတယ်

နောက်ပညာတစ်ခုက
အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ
ဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်
ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ်
ဘယ်လိုမယူဆ သင့်ဘူး ဘယ်လို ယူဆသင့်တယ်
စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ်
Wise ဆိုတဲ့စာလုံးက လာတာပါ
................................
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာ
မှာ ဘာသာပြန်လုပ်တာ ၁ သိန်းရပါတယ်လခ

ကျွှန်တော့အတွက် ဖူလုံ ပါတယ်
ဒါပေမယ့် ကျွှန်တော် ဆက်တက်ချင်တဲ့ ဗြိတိ ကောင်စယ်က
၈ ပတ် ကို ၃ သိန်းသွင်းရမယ်

IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့
ကျွှနိတော့ လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်
မလုံလောက်ပါဘူး

အဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွကိ လိုက်ပြီး
မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီး
ကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်
...............................

နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါ
တယ်
ကျွှန်တော်က တော့ သင်တန်းတွေ လိုက်တက်ပါတယ်

ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်
ဖယ်ရီ ယူ ထားပါတယ်

တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည် ကျောက်တန်းဘုရား
ရှေ့ထိပါ ကျွှန်တော် ကိုယ်တိုင်မောင်းပါတယ်
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်
မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့်
တစ်နေ့ ၄ သောင်း ရပါတယ်
...................................................................

" Wisdom ရဲ့ အရေးကြီးပုံ''

ကျွှန်တော့တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်

ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ '' အငယ်လေး '' ဆိုတဲ့
လူငယ် တစ်ယောက်ရှိတယ်
အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်

ညနေ မှာ ပြန်ခါနီး သူက ပိုနေတဲ့ ရေ ခဲရေ ကို
လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်

ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး
လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတက်လို့
လူ ချစ်ခံရတယ်

ကျွှန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့
သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်

သူနေ့တိုင် လာလာပြင်ပေးတယ်
ကျွှန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်

ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်
ကျွှန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့
စီယာတိုင် ယူဆ ပုံ ကို သူကျွှမ်းကျင်လာတော့
ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့့ပေးတယ်
ကျွှန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာ
ပေါ့

လိုရင်းပြော ရရင် သူ ကားကြီး မောင်းနိုင်သွားတယ်

နောက်တော့ ကျွှန်တော်ကို စပယ်ယာ လိုင်စင် လုပ်ပေးဖို့
ပူဆာ တယ်

ကျွှန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့
ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့
ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ
လာပြောရင် ကွှန်တော်အဆငိပြေအောင်လုပ်ပေးတာချည်းပဲ

နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ် တခြားကား
မှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှူ့ ရသွားတော့
Owner casher ဖြစ်လာတယ် ငွေသိမ်းပေါ့

အဲ့ဒီ အချိန်မှာ ကျွှန်တော် IELTS စာမေးပွဲမှာ6.7
ရသွားတော့ ကားလောက ကနေ
ကျွှန်တော် ထွက်သွားတယ်

၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော
သင်တန်းဖွင့်လိုက်ပါတယ်

ဒီနေ့ အချိန် ထိ
အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ
ကားသမားဘဝ နဲ့
အင်္ဂလိပ်စာဆရာ ဘဝ
ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကျွှန်တော်ပျော်တယ်
ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို
ကျွှန်တော်နှစ်သက်ပါတယ်...................................................................

၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ
ကျွှန်တော် မြို့တော်ခန်းမ ရှေ့မှာ
ဗီယက်နာမ် တစ်ယောက်ကို
မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကျွှန်တော့ ဘေးမှာ လာရပ် ပြီး
'' ကိုကျော် ကျွှန်တော့ မှတ်မိလား '' ကျွှန်တော် အငယ်လေး ပါ''
ဂိတ်ဘက်ရောက်ရင် ဝင် လာ ခဲ့ပါဦးဗျာ ကျေးဇူးဆပ် ချင်လို့
ကျွှန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ''

ကျွှန်တော် ပြုံး မိ တယ်
တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ခလေး
အခု လိုင်းကားတစ်စီး ပိုင်သွားတယ်
သူ့မှာ education မရှိခဲ့ဘူး
ဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူး
ဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်
ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်
အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်

သူက ဘဝ ကို Education မရှိပေမယ်
Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်
...................................................................

" Education '' ရဲ့ အရေးပါ ပုံ

Education ကလည်း အရမ်းအရေးပါ ပါတယ်

တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေး
ကို '' သင်ညာ '' တွေ ဆို ပြီး wisdom လောက် အရေးမပါ
ဘူး လို့ ဆိုတာလည်း မကြာခဏ ဖတ်ရ ပါတယ်

ကျွှနိတော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်

Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်

ဆရာတစ်ယောက်က ပညာဆိုတာ
'' ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်း
အောင်ဖို့ထက် လူ လိုနားလည် ဖို့ လိုတယ် လို့
ဆိုတယ် ''

သူပြော ချင်တာက. လူ့ဘဝ နေတက် ဖို့ ကို အပြု
သဘောဆို ချင်တာ။

ဒါပေမယ့် အဲ့ဒီ စကားကို
ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က
ယူ သုံးရော

" ဆယ်တန်းအောင် ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ''

အမှန်က မိဘ ကျောင်းထားပါ လျှက်
ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေ နိုင်တဲ့ ကောင်က
ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို
ကာဘာလုပ်သွားတယ်
..................................................................

ကျွှန်တော် ကားသမား ဘဝ မှာ
ယုဇန ဥယဉ်မြို့တော်က
ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်
မျက်စိကို အဝတ်စည်းထားပြီး
ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင်
ဘယ်နေရာက မူလီ ဆိုတာ အလွှတ်ပြောနိုင်အောင်
သူ့Subject ကို သူနိုင် နင်းတယ်
အပြောအဆိုလည်း ညက်တယ်

ကျွှန်တော် ရဲ့
မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း
အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်

အချိန်တန်ဘွဲ့ရ လာတယ်
education certificate ရှိတယ်
စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့်
ကားရဲ့ ပင်စတင် တောင် အပြင်မှာ မတွေ့ ဘူးဖူး

အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ်
သဘောင်္တက်တော့
စက်ကို အရမ်းကျွှမ်းတဲ့ ညီညီ အောင်က
ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ်
လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့
အင်ဂျင်နီယာကျောင်းဆင်းက
တတိယ အရာရှိ ဖြစ်သွားတယ်
လခ သိန်း၂၀
ဘာကွာသွားလဲ
Education ကွာသွားတာပဲ

ဒါကြောင့် Education ကလည်း
ဘဝ ရပ်တည်ရေးအတွကိ
သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော
ဘာပဲပြောပြော
ပြောချင်တာပြော အသုံးဝင်တယ်
...................................................................

တစ်ချို့ အရာ ရှိတွေ
သိပ်မောက်မာ ရိုင်းစိုင်းတယ်
လူကြီးကို လည်း ဆဲ ချင်ဆဲတယ်
Wisdomမရှိဘူးပေါ့
ဒါပေမယ့် Education က ရှိနေတော့
ဘဝ ရပ်တည်လို့ရနေတယ်

တစ်ချို့လည်း Education မရှိပေမယ့်
နေတက် ထိုင်တက် တော့
တဖြည်းဖြည်း အထက်ရောက်လာတယ်
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့

ဘဝ မှာ
Education
သို့မဟုတ်
Wisdomတစ္ခု
ကောင်းကောင်းရှိရင်
ဘဝ ရပ်တည်လို့ရတယ်

နှစ်ခု လုံး ရှိရင် Perfect ဖြစ်သွားပါတယ်

ဒါကြောင့်
ကိုယ့်မှာ လိုနေတာ
ကိုယ့် ကြိုးစားဖြည့်ပေါ့

အလားတူပဲ
Education ကသာ ကောင်းတယ်
Wisdom ကသာ မှန်တယ် လို့
ဇောင်းပေးပြီ မပြောအပ်ပါဘူး

ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့
...................................................................

ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ

အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော စက်မူ့လက်မူ့အတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာခြင်းယဥ်ကျေးခြင်း

ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း
ကောင်းမြတ်သော မင်္ဂလာမည်ပေ၏

ကျော်မင်းထွန်း ( 24.3.2019)

Credit Ko Kyaw Min Tun

သိပ်ကောင်းတယ်ဗျာ။
ဖတ်ကြည့်ပါ။ မူရင်းစာရေး
သူ ကိုကျော်မင်းထွန်းကိုအထူးကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်…KO✴

【လူဖြစ်ရကျိုးတော့နပ်ချင်တယ်】ဘဝမှာကျွန်တော်အကြောက်မိဆုံးက ဘာမှအဖြစ်မရှိ ဘာမှရေရေရာရာမလုပ်နိုင်တဲ့ အသုံးမကျ ဆန်ကုန်မြေလေး ...
12/11/2021

【လူဖြစ်ရကျိုးတော့နပ်ချင်တယ်】

ဘဝမှာကျွန်တော်အကြောက်မိဆုံးက ဘာမှအဖြစ်မရှိ ဘာမှရေရေရာရာမလုပ်နိုင်တဲ့ အသုံးမကျ ဆန်ကုန်မြေလေး တစ်ယောက်ဖြစ်မှာကိုပါ။ အကျိုးမဲ့ကြီးသေမသွားချင်ဘူးပေါ့။ လူတွေကကျွန်တော့်ကို အသုံးမကျလိုက်တာလို့ တီးတိုး ပြောမှာကြောက်တယ်၊ ကျွန်တော့်မိသားစုက ကျွန်တော့်ကိုမယုံကြမှာကြောက်တယ်၊ အဆိုးဆုံးကတော့ဗျာ ကျွန်တော် ကိုယ့်အပေါ်ထားတဲ့ ယုံကြည်မှုပျောက်ဆုံးပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်သွားမှာကိုပေါ့။

အခုလိုကာလမှာဆို ပိုဆိုးတယ်ဗျ။ အတိတ်ကကိုယ်လုပ်ခဲ့တာတွေ၊ ဖြစ်ပျက်ခဲ့တာတွေ… အခုလက်ရှိ ကိုယ်လုပ်နေတာတွေ ပြန်စဉ်းစားပြီး ငါဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ပါလား၊ ငါအခုလည်း ဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်နိုင်ပါလား ဆိုပြီး စိတ်ဓာတ်ကကျချင်ချင်ဖြစ်လာတယ်။ တစ်ချို့ကိစ္စတွေ မြင်နေသိနေရုံမှတစ်ပါး တခြားဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်အဖြစ်ကိုလည်း အပြစ်တင်မိပြန်တယ်။

ကျွန်တော်ကတော့ အနာဂတ် Plan တွေဆိုပြီး အစီအစဉ်ချခဲ့တာပါပဲ။ တတ်နိုင်သလောက်လည်း လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ ဘာလို့များ အသုံးမကျသူတစ်ယောက်လို ကျွန်တော်အဆုံးသတ်နေရသလဲ။ ဘာကြောင့်များ အသက်ရှင်ရကျိုး မနပ်ဘူး… ဘာမှမလုပ်နိုင်ခဲ့ဘူးလို့ ခံစားနေရတာလဲ။

လွတ်လွတ်လပ်လပ်နေတတ်တဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တာလေး မှတ်မိသေးတယ်။ “မင်းက အနာဂတ်အစီအစဉ်တွေဆိုပြီး Plan တွေအသေချ၊ အဲ့ဘောင်ထဲမှာပဲနေနေတော့ မင်းဘဝကိုရော မင်းပျော်ရဲ့လား။ မင်းကြည့်ရတာ တာဝန်တွေပိနေသလိုပဲ။ လူဆိုတာအချိန်ရတုန်းမှာ လုပ်သင့်တာကိုလုပ်ရင်း လုပ်ချင်တာကိုလည်း လုပ်သင့်တယ်။ ဒါမှလည်း လူဖြစ်ရကျိုးနပ်မှာပေါ့ကွ… မဟုတ်ရင် ဘဝကြီးကပျင်းစရာကြီးနဲ့အဆုံးသတ်သွားမှာ” တဲ့ဗျာ။

ကျွန်တော့်စိတ်ထဲမှာတော့ မင်းကတော့ပြောအားရှိတာပေါ့ ဘဝချင်းမှမတူတာလို့ပဲ တွေးခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ တကယ်တမ်း ပြောရရင် သူ့မှာလည်း သူ့အပူ သူ့ဒုက္ခတွေရှိတယ်။ တစ်ခါတစ်လေကျွန်တော့်ထက်တောင် သူရင်ဆိုင်ရတာတွေ ပိုကြီးမား သေးတယ်။ သူကျတော့ပျော်နေနိုင်ပြီး… ဘဝကိုကျေနပ်နေပေမယ့် ကျွန်တော်ကျတော့ ဘာလို့မကျေမနပ်ဖြစ်ရတာလဲ။

ကျွန်တော့်ဘဝမှာ အရေးကြီးဆုံးသည် မိသားစုနဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။ သူတို့တွေဂုဏ်ယူဖို့၊ ချီးကျူးလာကြဖို့၊ အကောင်းမြင်ဖို့ ကျွန်တော်ရသမျှနည်းနဲ့ ကြိုးစားခဲ့တယ်။ ချီးကျူးခံရရင်ပျော်ပေမယ့် ဒါဟာခနပဲ။ အပြစ်လေးတစ်ခု ရှိသွားတာနဲ့ အပြောခံရတာမပြီးတော့ဘူး။ အဲ့ကျတော့ ဘာမှအမှားအယွင်းမရှိရလေအောင် အမြဲဂရုစိုက်ရတဲ့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်ငရဲခန်းထဲပိတ်လိုက်သလိုပါပဲ။ အမြဲတမ်းလောင်မြိုက်နေရတာပေါ့။

လူငယ်တွေဟာ ပေါ့ပါးသင့်ပါတယ်၊ ပျော်ရွှင်နေသင့်ပါတယ်။ ဘဝမှာ တာဝန်ဝတ္တရားတွေဟာ ရှောင်လွှဲမရတာမှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးမသွားဖို့လည်း သတိပြုစေချင်တယ် ကျွန်တော့်လိုပေါ့။ ကိုယ့်မှာလည်း စဉ်းစားဆင်ခြင် တွေးတောနိုင်စွမ်းရှိတယ် ဒါကြောင့် မှန်တယ်ထင်ရင် လုပ်ချင်ရင် လုပ်စေချင်တယ်။ ဘာလို့လဲဆိုတာ့ ဒီအခွင့်အရေးက ငယ်ရွယ်တုန်းပဲရတာမို့လို့ပါ။ လွတ်လပ်ပေါ့ပါးစွာ အသက်ရှင်ခြင်းက လူငယ်ဖြစ်ရကျိုးနပ်ခြင်းပါပဲ။

လူဖြစ်ရကျိုးနပ်ဖို့ဆိုရင်တော့ ဘာလုပ်ပါလို့ ကျွန်တော်လည်းမသတ်မှတ်တတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့လေ။ ကျွန်တော့်အတွက်ကတော့ လိပ်ပြာသန့်ခြင်းပဲဗျ။ ကျွန်တော့်ရဲ့အတိတ်မှာ လိပ်ပြာမသန့်ခဲ့တဲ့ကိစ္စတွေ အများကြီးရှိတယ်။ ဒီအရာတွေဟာ ကျွန်တော့်ကို အရိပ်မည်းလို နေ့နေ့ညညလိုက်နေတာ။ ပြောစရာရှိတာတွေ ဖွင့်ထုတ်ပြောပြ၊ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားနဲ့ ရိုးရိုးသားသားနေ၊ ကိုယ့်ရပ်တည်ချက်အတိုင်း ကိုယ်နေတာမျိုး… အမှန်တရားဘက်မှာ ရပ်တည်တာမျိုးဟာ လိပ်ပြာလုံစေခြင်းရဲ့အဓိကအချက်တွေလို့ ကျွန်တော်တော့ မြင်တယ်။ အကုန်လုံးကို လျှို့ဝှက်ပြီး သိမ်းထားပြန်ရင်လည်း ထိခိုက်တာကကိုယ်ပဲလေ။

ကျွန်တော်ကတော့ အနာဂတ်မှာလိပ်ပြာသန့်အောင် အခုလုပ်နေပါတယ်။ ပြတ်သားစွာ ရပ်တည်နိုင်အောင် ကြိုးစားနေပါတယ်။ မလုပ်ချင်ရင် မလုပ်ချင်ဘူးပြောမယ်၊ လုပ်ချင်တယ်ဆိုရင် လုပ်ချင်ကြောင်းပြောပြီး လုပ်နိုင်အောင် ကြိုးစားမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း မညာတော့ဘူး၊ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေသေချာမေးနေပါတယ်။ အဖြေတွေရလာရင် အဲဒီအတိုင်း ကျွန်တော်လုပ်သွားမှာပါ။ အဲဒီအခါကျရင် အသုံးမကျဘူးဆိုတဲ့အတွေးတွေ… ဘာမှမလုပ်နိုင်ဘူး ဆိုတဲ့အတွေးတွေလည်း မရှိလောက်တော့ဘူးထင်ပါတယ်။

လိပ်ပြာသန့်ခြင်း၊ လိပ်ပြာလုံခြင်းက ကျွန်တော့်အတွက် လူဖြစ်ရကျိုးနပ်ခြင်းရဲ့အဓိပ္ပါယ်ဆိုရင် စာဖတ်ပရိသတ်တို့ရဲ့ လူဖြစ်ရကျိုးနပ်ခြင်းကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြမလဲ။ ပြောပြဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ။


______________________________
ော်
✍✍✍✍✍✍✍✍✍
လေးစားစွာ ေးပါသည်"
ဗဟုသုတ စာပေများကို
ဖတ်ချင်လိုပါကအကောက်ကို
add & Followed
See First လုပ်ထားလိုက်ပါ
______________________________
မေတ္တာဖြင့်တဆင့်ပြန်လည်
မျှဝေပေးပါသည်

ဘာဖြစ်လို့မင်းနဲ့ငါရဲ့ ချမ်းသာမှုက ကွာခြားရတာလဲ ? ** အလုပ်ချိန်မှာ မင်း---- Facebook သုံးတယ် ၊ Coffee သောက်တယ် ၊ အလုပ်ပေ...
09/11/2021

ဘာဖြစ်လို့မင်းနဲ့ငါရဲ့ ချမ်းသာမှုက ကွာခြားရတာလဲ ?
** အလုပ်ချိန်မှာ
မင်း---- Facebook သုံးတယ် ၊ Coffee သောက်တယ် ၊ အလုပ်ပေါ်အရေးမထားဘူး
၊ဒါကြောင့် မင်း OT ဆင်းရတယ်။
ငါ---- အလုပ်ကိုမြန်မြန်ပြီးအောင်ငါအရင်ကြိုးစာတယ် ။ OT ဆင်းစရာမလိုအောင် ငါကြိုးစားတယ်။
ဒါမှ ငါ့မှာအလုပ်ချိန်အပြင် အချိန်ပိုရှိမှာလေ
** ရုံးဆင်းချိန်မှာ
မင်း---- သူငယ်ချင်းနဲ့ မင်း Beer သောက်တယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်တယ်
ဒါမှ မဟုတ် မင်းအပြင်ကို ထွက်လည်တယ်
ငါ---- Youtube မှာ ဟင်းချက်နည်း တွေငါအိမ်မှာ ထိုင်ကြည့်တယ်၊လေ့လာတယ်
ပြီးတော့ ငါလက်တွေ့ ဆန်းလုပ်ကြည့်တယ်
** ရုံးပိတ်ရက်
မင်း ---- အိပ်ရာထနောက်ကျတယ် ၊ shopping center မှာလျှောက်ပတ်တယ် ၊ နယ်ဘက်သွားလည်တယ်
ငါ ---- မနက်အစောကြီးထတယ် ၊ ငါ Youtube မှာသင်ထားတဲ့ဟင်းချက်နည်းနဲ့ ငါတစ်ခုခုချက်ပြီးငါရောင်းတယ် ။ အစကတော့ ဝယ်တဲ့ သူသိပ်မရှိပေမဲ့ ။ ငါကောင်းသထက်ကောင်းအောင် ငါကြိုးစားတယ်
** ရက်ရှည်ရုံးပိတ်ရက်
မင်း ----မင်းခရီးထွက်လည်တယ်၊ ကမ်းခြေသွားမယ် ဓာတ်ပုံရိုက်တယ်
Facebook ပေါ်တက်ကြွားတယ်
ငါ---- Online ကနေကိုယ်ရောင်းချင်တဲ့ အရာကို ဘယ်လိုရောင်းရမှာလဲဆိုတာ ငါအိမ်မှာ လေ့လာတယ်
** ပိတ်ရက်လဲပြီးရော
မင်း ---- ပိုက်ဆံ ပြောင်ရော
ငါ ---- online Selling ကနေတဆင့် ဝင်ငွေ နောက်တစ်လမ်းရှိပြီ
** နောက် ၂ နှစ် ၃ နှစ် ကြာသွားတဲ့အခါ
မင်း ---- ဘဝက အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲဘူး
ပြီးတော့ ဒီအကြောင်းပြချက်တွေနဲ့ တိုင်ပတ်နေ တယ်
ငါအဆင်သင့်မဖြစ်သေးဘူး
ငါအရင်းအနှီး လိုသေးတယ်
ငါအခွင့်အရေးမရှိသေးဘူး
ငါ ---- ငါရောင်းတဲ့အစားအစာတွေ သဘောကျတဲ့သူရှိလာတော့၊ ငါဆိုင်ခွဲအများကြီးဖွင့်တယ် အလုပ်သမားကိုငါရာခိုင်နှုန်းခွဲပေးတော့ ငါကိုယ်တိုင်သွားထိုင်ရောင်းစရာမလိုဘူး
ပြီးတော့ ငါ့ရဲ့ Online စီးပွားရေးက အစက နဲနဲတော့ ရောင်းရတယ် ၃၊၄ ကြိမ်လောက် ငါကျရှုံးတယ်
ငါ့လိုအပ်ချက်ကို ငါပြုပြင်တယ် ၊ နောက်ဆုံးတော့ ငါ့ online ပေါ်ကဆိုင်လဲ နာမည်ရနေပြီ ။
** ဆယ်နှစ်လောက်ကျော်သွားတဲ့အခါ
မင်းငါ့ကိုကြည့်တဲ့အမြင် ----
အေးပါကွာ မင်းတော်တော်ကံကောင်းတာပဲ အခွင့်အရေးကမင်းဆီပဲဝင်ဝင်လာတယ်တဲ့
တကယ်မေးပါရစေ မင်းဘယ်က အချိန်ပိုရှိလို့ လုပ်နိုင်တာလဲ ??
ငါ မင်းလိုသာ အချိန်ပိုရှိရင် ငါလဲလုပ်နိုင်ပါတယ်ဟာ
ငါတို့ လူတွေက ကံကွာတယ်ကွာ မင်းအရင်ဘဝက ကောင်းမှုတွေအများကြီးလုပ်ခဲ့လို့နေမှာ
ဒါကြောင့်မင်းအမြဲတမ်းကံကောင်းနေတာ
ငါမင်းကိုကြည့်တဲ့အမြင် -----
မင်းဘယ်သိမှာလဲ ငါဒီနေရာရောက်ဖို့ ဘယ်လောက်ထိပေးဆပ်ရလဲဆိုတာ
မင်းကိုပြောပြတယ် ၊ မင်းကို သတိပေးတယ် ၊ မင်းက ခေါင်းထဲမှမထည့်တာ
၊ တခါတလေ မင်းထိုင်ပြီးတွေးတာကို မြင်ပါတယ်
ဒါပေမဲ့ မင်းလက်တွေ့ချလုပ်တာကို ငါဘယ်တော့မှ မမြင်ဘူး
မင်းသူများမှားတယ်ဆိုပြီး အပြစ်တင်တယ် ၊ ကိုယ့်ကိုကိုယ်ဘယ်တော့မှ အပြစ်မတင်ဘူး
မင်းငါ့ကိုချီးကျူးတဲ့အချိန်မှာ ငါလဲပြုံးပြတယ်
ဟုတ်မှာပေါ့ ငါကံကောင်းပါတယ်
မင်းထက်ငါကြိုးစားချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပါ
Crd
နန်းယုယုထွေး
#သော်တာမင်း

 #ဂရန်အတု  #ဂရန်အစစ် အားအောက်ပါအချက်များဖြင့်ခွဲခြားနိုင်ပါသည်။📂ဂရန်မျက်နှာဖုံးက သားရေအစိမ်းရင့်ပါ တွန့်ကြေခြင်းမရှိပါ ။...
04/11/2021

#ဂရန်အတု #ဂရန်အစစ် အားအောက်ပါအချက်များဖြင့်ခွဲခြားနိုင်ပါသည်။

📂
ဂရန်မျက်နှာဖုံးက သားရေအစိမ်းရင့်ပါ တွန့်ကြေခြင်းမရှိပါ ။
ဌာနတံဆိပ်မှာ ရွှေရောင် လက်နှင့်ပွတ်ကြည့်လျင် ကြမ်းပြီး ဖောင်းကြွ ဖြစ်ပါတယ် ။
အိုးအိမ်ဂရန် မှာ အပြာရောင်ပါ ( အတုမှာနက်ပြာရောင်သို့မဟုတ်အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ ။)

📂
ဌာနတံဆိပ်ရေစာ မှာအပြာနုပါ ထင်ရှားပြီး မှုံဝါး
မနေ ၊အရောင်မှာအရမ်းတောက်ပမနေပါ။

📂
စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာ သပ်သပ်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ (အတုမှာချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်)

📂
စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။ စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ ပြီးပြတ်သားစွာ မြင်ရပါတယ်။(အတုသည် ရေစာအားcolourprinterဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီး စာရွက်သားမှာ မထူပါ။
စာလုံးများအားပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်။)

📂
မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း အား မှင်နီဖြင့် ဆွဲပြီးလက်ရာမှာ သေသပ်ပြီး အစွန်းများထွက်မနေပါ။
လိုင်းများညီညာလွန်းပါတယ် စာသားအားအနက်ဖြင့် သာရေးလေ့ရှိပါတယ်(အတုမှာဘောင်လိုင်းများအစွန်းထွက်ပြီးစာသားအား မှင်ပြာဖြင့်ရေးလေ့ရှိပါတယ်။)

📂
ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ရှိပါတယ်။

မူရင်းရေးသားသူအား Credit ပေးပါသည်။

🎑" အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ" 🎑*ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့*စီးဆင်းရတယ်။*လိုအပ်သူတွေက ပြုံးတဲ့အခါ*မလိုအပ်သူတွေက မုန်း...
31/10/2021

🎑" အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ" 🎑

*ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့
*စီးဆင်းရတယ်။

*လိုအပ်သူတွေက ပြုံးတဲ့အခါ
*မလိုအပ်သူတွေက မုန်းကြမယ်။
*ထိုအခါ ကိုယ်ဟာ မပြုံးမပျက်စေနဲ့။

*မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ
*ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့
*သူတို့ရဲ့အကြောင်းတွေထက်
*ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ
ပြင်ဆင်လိုက်ပါ။

*အကြောင်းကောင်းမှ
*အကျိုးဆက်ဟာ အဖိုးထက်မှာမို့
*အတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့
*ဘဝကို ဘေးမထိုးမိပါစေနဲ့။

*အပြောတွေ ချိုသာပါ။ ယဉ်ကျေးပါ။
*စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့
*စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။

*စကားကိုလည်း အလွယ်မယုံမိပါစေနဲ့။
*အလွယ်လည်း မပြောမိပါစေနဲ့။

*သူတစ်ပါးရဲ့စကားကြောင့်
*ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို
-ကိုယ့်ရဲ့ဖြစ်စလွယ် စကားကြောင့်လည်း
*တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။

-မှန်ကန်သော အပြောဖြင့်
*သတိထား ဆုံးဖြတ်နိုင်ပါစေ။

*မှားသောသူ တွေ့တိုင်းလည်း
*မပုတ်ခတ်မိပါစေနဲ့။
*မှန်သောသူ တွေ့တိုင်းလည်း
*ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။

-ကိုယ်မှားရင် တောင်းပန်ပါ။
*ကိုယ်မှန်ရင်လည်း အနေမှန်ပါ။

*ဘဝတွေကို
*ဘဝင်မြင့်သော စိတ်တွေနဲ့
*မပေါင်းထည့်လိုက်ပါနဲ့။

*မုန်းနေပါစေ....ကိုယ့်မှာရှိသော
*စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ
*လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။

*ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင်
*ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။

*သစ္စာတရားဖြင့် စကားပြော၍
*မေတ္တာတရားဖြင့် လူတိုင်းကို ပြုံးပေးပါ။

*ဘဝဟာ မေတ္တာတရားတွေနဲ့
*အထာကျသွားရင်.......
*နေလို့လည်းကောင်းမယ်။
*အေးလည်း အေးချမ်း မယ်။
*လူတိုင်းကိုလည် အကောင်းမြင်လာမယ်။

*ကိုယ့်ဘက်ကသာ
*အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင်
*လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေ
*ဖြစ်လာမှာပါ။

စာအုပ်စာပေ လူ့မိတ်ဆွေ
#ဘဝအောင်မြင်ရေးစာပေများ

Address

Mandalay

Telephone

+959790999497

Website

Alerts

Be the first to know and let us send you an email when Shwe Moe Real Estate & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category