ShweLone Myanmar Business Law

ShweLone Myanmar Business Law .

🏛 ဥပဒေရုံး အဆင့်ဆင့်ဖွဲ့စည်းပုံ 🏛    #ဥပဒေရုံး
30/05/2020

🏛 ဥပဒေရုံး အဆင့်ဆင့်ဖွဲ့စည်းပုံ 🏛




#ဥပဒေရုံး

⚖️ တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ ⚖️    #တရားရုံး
30/05/2020

⚖️ တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ ⚖️




#တရားရုံး

⚖️ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)                                      Vs အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ⚖️ 💻ဆက်သွယ်ရေးဥ...
28/05/2020

⚖️ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)
Vs
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ⚖️

💻ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ( ဃ ) 💻

💻ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ( ဃ ) နှင့် အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်ချက်(၂)ရပ်မှာ-

👉(၁) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြု၍

👉 (၂) ပုဂ္ဂိုလ်တစ်ဦးဦးကို -

ခြောက်လှန့်တောင်းယူခြင်း၊
အသရေဖျက်ခြင်း၊
နှောင့်ယှက်ခြင်း သို့မဟုတ်
ခြိမ်းခြောက်ခြင်းတို့ဖြစ်သည်။

💣ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၏ပြစ်ဒဏ်💣

နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသောငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

🗒မှတ်ချက်🗒

🎈(ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ကျူးလွန်မှသာဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။)🎈

📲အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ) 📲

📲အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)နှင့် အရေးယူဆောင် ရွက်နိုင်ရန် လိုအပ် ချက်(၂)ရပ်မှာ -

👉(၁) အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကိုထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ

👉(၂) သတင်းအချက်အလက်ကို အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင် ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း သို့မဟုတ်ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်အလက်ကိုဖြန့်ချိခြင်း တို့ဖြစ်သည်။

💣အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)၏ပြစ်ဒဏ်💣

💣ငွေဒဏ်ကျပ်သိန်းငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိချမှတ်ရမည်။💣

🗒မှတ်ချက်🗒

🎈ပုဂ္ဂိုလ်တစ်ဦးဦးကို ဂုဏ်သိက္ခာကျဆင်းစေရန် အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်ပြီး မိမိအသုံးပြုသည့် အီလက်ထရောနစ်ပစ္စည်းတွင်သိမ်းဆည်းကာ ဖြန့်ချိခြင်း မရှိသော် လည်း အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)အရအရေးယူဆောင်ရွက်နိုင်ပါသည်။ 🎈

🎈ဆက်သွယ်ရေးဥပဒေအရ အရေးယူရာတွင် အသရေဖျက်မှုမြောက်ရန် ဖြန့်ချိခြင်းသို့မဟုတ် အခြားတစ်နည်းနည်းဖြင့်ပြုလုပ်မှသာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)အရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။)🎈

⚖️လူတိုင်းသိသင့်သည့် ယာဉ်တိုက်မှုနှင့်စပ်လျဉ်းသော ဥပဒေပုဒ်မများအကြောင်း⚖️ 🏎🏎ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာမောင်းနှ...
23/05/2020

⚖️လူတိုင်းသိသင့်သည့် ယာဉ်တိုက်မှုနှင့်စပ်လျဉ်းသော ဥပဒေပုဒ်မများအကြောင်း⚖️

🏎🏎ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာမောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပါသည်။ သို့သော် ယာဉ်တိုက်မှုများနှင့် စပ်လျဉ်းသည့် သီးခြား ဥပဒေ ပြဋ္ဌာန်းချက်မရှိိသေးပေ။ 🏎🏎

🏍🏍ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာပြု၍ ယာဉ်တိုက်မှု ဖြစ်ပါက ယာဉ်တိုက်မှု ကြောင့် ရရှိသည့် ဒဏ်ရာအပေါ် မူတည်ကာ ရာဇသတ်ကြီးပုဒ်မ ၃၃၇ ၊ ၃၃၈ တို့အရ အရေးယူဆောင်ရွက်ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိပြီးသေဆုံးပါက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အရေးယူဆောင်ရွက်ကြပါသည်။ ဒဏ်ရာရရှိသူမရှိသော်လည်း အများ ပြည်သူဆိုင်ရာလမ်းပေါ်၌ အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေယာဉ်ကိုမောင်းလျှင် သို့မဟုတ် စီးလျှင် ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အရေးယူဆောင်ရွက်နိုင်ပါသည်။🏍🏍

🚎☠️ယာဉ်ကို အရမ်းသို့မဟုတ် ပေါ့လျော့စွာပြုကာ လူကိုသေစေ၍ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အရေးယူခံရပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ၇ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါသည်။
ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာပြုကာ လူကို အပြင်းအထန်နာကျင်စေ၍ ရာဇသတ်ကြီး ပုဒ်မ ၃၃၈ အရ အရေးယူခံရပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ၅ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ခံရမည့် အပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါသည်။🚎☠️

🚗👹ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာပြုကာ လူကို နာကျင်စေ၍ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ အရ အရေးယူခံရပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ၂ နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ တစ်သိန်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရပါမည်။
အများပြည်သူဆိုင်ရာလမ်းပေါ်၌ ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာ မောင်း၍ သို့မဟုတ် စီး၍ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အရေးယူခံရပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၂ နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ တစ်သိန်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရပါမည်။🚗👹

🚙👾ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄-က တို့သည် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သဖြင့် ရဲအရာရှိက အမှုဖွင့်ဆောင်ရွက်နိုင်ပါသည်။🚙👾

LAW FOR ALL

https://www.mlis.gov.mm/astSc.do?menuInfo=0_1_2&query=penal%20code


#ယာဉ်တိုက်မှု #ယာဉ်မတော်တဆမှု
#ရာဇသတ်ကြီး

👨‍👩‍👦 မိဘအမွေ မဆက်ခံထိုက်သော သားသမီး ၆ မျိုး 👨‍👩‍👦      🙅🏼 ၁။ သွာနုတ္တ = မိဘစကား နားမထောင်သော ခွေးနှင့်တူသောသား။        ...
09/05/2020

👨‍👩‍👦 မိဘအမွေ မဆက်ခံထိုက်သော သားသမီး ၆ မျိုး 👨‍👩‍👦

🙅🏼 ၁။ သွာနုတ္တ = မိဘစကား နားမထောင်သော ခွေးနှင့်တူသောသား။

🙅🏼‍♂️ ၂။ ဒိန္ဒက = သူတစ်ပါးကပေး၍ ရသောသား။

🙅🏼‍♀️ ၃။ သဟောဍ္ဎ = ဝယ်၍ရသောသား။

🙅🏼 ၄။ ပုနာနုဗ္ဗဝ = မိမိမယား သူတစ်ပါးနှင့် ရ၍ မွေးဖွားသောသား

🙅🏼‍♂️ ၅။ ကိဠိတ = ကစားမြူးတူးရာ ရသောသား။

🙅🏼‍♀️ ၆။ ဆာတဘတ္တ = ထမင်းငတ်မွတ်သည့်အခါ မှီခို လာသောသား။

👉 မြန့်မာ့ဓလေ့ထုံးတမ်း ဥပဒေ 👈

#ဥပဒေ

👩‍👩‍👦မိဘအမွေ ဆက်ခံထိုက်သော သားသမီး ၆ မျိုး 👩‍👩‍👦      👶၁။   ဩရသ = ရင်၌ဖြစ်သောသား။       👧၂။   ကိတ္တီမ  = အမွေခံသားအဖြစ် ...
09/05/2020

👩‍👩‍👦မိဘအမွေ ဆက်ခံထိုက်သော သားသမီး ၆ မျိုး 👩‍👩‍👦

👶၁။ ဩရသ = ရင်၌ဖြစ်သောသား။

👧၂။ ကိတ္တီမ = အမွေခံသားအဖြစ် အထင်အရှား မွေးစားသောသား။

👶၃။ အပတိဌ = ကောက်၍မွေးသောသား။

👧၄။ ပုဗ္ဗက = မယားပါ လင်ပါ အထက်သား။

👶၅။ ဟေဌိမ = အပြောင်မယားသား

👧၆။ ခေတ္တဇ = ကျွန်နှင့် သင့်နေရာမွေးသောသား

👉 မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ 👈

for all

👩‍❤️‍💋‍👨👩‍❤️‍💋‍👨လင်မယားဖြစ်ရာသောအကြောင်းသုံးပါး 👩‍❤️‍💋‍👨👩‍❤️‍💋‍👨   1️⃣မိဘနှစ်ပါးပေးထိမ်းမြား၍နေစားကြသောလင်မယား 2️⃣ သူတစ်...
08/05/2020

👩‍❤️‍💋‍👨👩‍❤️‍💋‍👨လင်မယားဖြစ်ရာသောအကြောင်းသုံးပါး 👩‍❤️‍💋‍👨👩‍❤️‍💋‍👨

1️⃣မိဘနှစ်ပါးပေးထိမ်းမြား၍နေစားကြသောလင်မယား
2️⃣ သူတစ်ပါးတို့ အောင်သွယ်၍ နေစားခြင်း
3️⃣ နှစ်ဦးသဘောတူ၍ နေစားခြင်း

➡️( မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ )⬅️

#ဥပဒေ #ဥပဒေသုတ

.

👮ပြစ်ဒဏ်ချမှတ်သည့် ရည်ရွယ်ချက်များ👮     👉 (က) နောင်ကြဉ်ဟန့်တားခြင်း                 ပြစ်မှုကျူးလွန်သူအား ထပ်မံ၍ အလားတူပြ...
08/05/2020

👮ပြစ်ဒဏ်ချမှတ်သည့် ရည်ရွယ်ချက်များ👮

👉 (က) နောင်ကြဉ်ဟန့်တားခြင်း
ပြစ်မှုကျူးလွန်သူအား ထပ်မံ၍ အလားတူပြစ်မှု မကျူးလွန်ဝံ့စေရန်နှင့် ယင်း ပြစ်မှုမျိုးကို ကျူးလွန်ရန် အလားအလာရှိသူများအား မကျူးလွန်ဝံ့စေရန် သတိပေးသည့် ရည်ရွယ်ချက်များပါရှိပါသည်။

👉(ခ) အကာအကွယ်ပေးခြင်း
ပြစ်မှုကျူးလွန်ရန် ကြံစည်စိတ်ကူးသူများ မကျူးလွန်ရဲစေရန်နှင့် ပြစ်မှုကျူးလွန် သူများအား နောက်ထပ် ပြစ်မှုမကျူးလွန်နိုင်စေရန် ရည်ရွယ်၍ အပြစ်ပေးခြင်း ဖြစ်ပါ သည်။

👉(ဂ) ပြုပြင်ခြင်း
ပြစ်မျုကျူးလွန်သူများကို နောင်တစ်ချိန်တွင် လူကောင်းသူကောင်း နိုင်ငံသား ကောင်း ပြန်ဖြစ်လာစေရန် ရည်ရွယ်၍ အပြစ်ပေးသည့် ရည်ရွယ်ချက်များလည်း ရှိပါ သည်။

👉(ဃ) တုန့်ပြန်ဂလဲ့စားချေခြင်း
ဂလဲ့စားချေသည့်ရည်ရွယ်ချက်ဖြင့် ပြစ် ဒဏ်ပေးခြင်းသည် ရှေးယခင် တရားစီရင် ရေးခေတ်များက ကျင့်သုံးခဲ့ကြပါသည်။ ဂလဲ့စားချေသည့် ရည်ရွယ် ချက်တွင် လူမဆန် သည့် ပြစ်ဒဏ်များ ဥပမာ- သေစားသေစေအမိန့်များ၊ သူတစ်ပါး၏မျက်စေ့ကန်းစေလျှင် ပြုလုပ်သူ၏ မျက်စေ့ကို ဖျက်ဆီးစေရမည်စသော ရည်ရွယ်ချက်များပါဝင်ပါသည်။ ယနေ့တရားစီရင်ရေးတွင် တုန့်ပြန်ဂလဲ့စားချေသည့် ရည်ရွယ်ချက်ဖြင့် ပြစ်ဒဏ်ပေးခြင် မပြုလုပ်တော့ပေ။

🔔(ဦးဗကြိုင်၊ လက်တွေ့ပြစ်မှုစာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)🔔

🧨ပြစ်မှု vs တရားမမှု 🧨          🎈 “ပြစ်မှု”ဟူသည် ဥပဒေကို ဆန့်ကျင်ကျူးလွန်မှု၊ ကျူးလွန်သောအပြစ်ကိုဆိုသည်။ ( မြန်မာ အဘိဓာန...
08/05/2020

🧨ပြစ်မှု vs တရားမမှု 🧨

🎈 “ပြစ်မှု”ဟူသည် ဥပဒေကို ဆန့်ကျင်ကျူးလွန်မှု၊ ကျူးလွန်သောအပြစ်ကိုဆိုသည်။ ( မြန်မာ အဘိဓာန်)🎈

🎈“ပြစ်မှု” ဆိုသောစကားရပ်သည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်ဒဏ်ထိုင်သင့်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကိုဆိုသည်။( ၁၉၇၃ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့် ဆိုရေးဥပဒေ)🎁

🎎 “တရားမမှု”ဟူသည် အမွေမှုစသော ကိုယ်ပိုင်အခွင့်အရေးနှင့် ပတ်သက်သည့် အမှုအခင်း ကိုဆိုသည်။ (မြန်မာအဘိဓာန်)🎎

🏛တရားဥပဒေ၏ အဓိပ္ပါယ်🏛            ⚖️ “တရား” ဟူသော ဝေါဟာရနှင့် “ဥပဒေ” ဟူသော ဝေါဟာရနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ⚖...
08/05/2020

🏛တရားဥပဒေ၏ အဓိပ္ပါယ်🏛
⚖️ “တရား” ဟူသော ဝေါဟာရနှင့် “ဥပဒေ” ဟူသော ဝေါဟာရနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ⚖️
⚖️ “တရား”ဟူသော အဓိပ္ပါယ်မှာ မှန်ကန်ခြင်း၊ မျှတခြင်းဖြစ်ပါသည်။ “ဥပဒေ”မျာ ပါဠိ စကားဥပဒေသမှ ဆင်းသက်လာသော စကားဖြစ်၍ ညွှန်ကြားသူ၊ ညွှန်ကြားခြင်း၊ ညွှန်ကြားချက်၊ အမိန့် စည်းမျဉ်းစသည့် အဓိပ္ပါယ်ရပါသည်။ ⚖️
☑️ သို့ဖြစ်၍ တရားဥပဒေဆိုသည်မှာ မှန်ကန်မျှတ သော ညွှန်ကြားချက်၊ အမိန့်၊ စည်းမျဉ်းများဖြစ်ပါတော့သည်။ ☑️
🔊။ တစ်နည်းအားဖြင့်ဆိုသော် တရားဥပဒေသည် လူသားအားလုံးက ကျင့်သုံးရမည့် လူ့စည်းကမ်း၊ လူ့စည်းမျဉ်းများ ဖြစ်ပါ သည်။🔊

🔔(ဦးဗကြိုင်၊ လက်တွေ့ပြစ်မှုစာအုပ်မှကိုးကားတင်ပြသည်။🔔

Address

53လမ်း၊ 131လမ်းနှင့် 132လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
Mandalay

Alerts

Be the first to know and let us send you an email when ShweLone Myanmar Business Law posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share