Unique H - Legal Services & Consultant

Unique H - Legal Services & Consultant Legal Case, Real Estate, Trademark Registration & Company Registration and Consultation

17/09/2022

🔰အိမ်ခြံ‌‌မြေစာချုပ်စာတမ်းမှတ်ပုံတင်လိုလျှင်🔰

စာချုပ်မှတ်ပုံတင်ချုပ်ချင်လျှင်
အခွန်တော် တံဆိပ်ခေါင်း ကပ်✔️

အခွန်တော်တံဆိပ်ခေါင်းကပ်ဖို့
မြေကွက်တန်ဖိုးသိရမယ်✔️

မြေကွက်တန်ဖိုးသိဖို့က
ရာဖြတ်တင်ရမယ်✔️

ရာဖြတ်တင်ဖို့က
မြေပုံမြေရာဇဝင် လိုပါတယ်✔️

အရောင်းအဝယ်စာချုပ် ချုပ်ပြီးဆိုလျှင် -

📌(ပထမအဆင့်အနေနဲ့)
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသွားရပါမည်။
ရန်ကုန်နဲ့မန္တလေးမှာဆို "စာချုပ်စာတမ်းမှတ်ပုံတင်ရုံး" ဆိုပြီး သီးသန့်ရှိတယ်။ အခြား မြို့တွေမှာဆို မြေစာရင်းရုံးကို သွားရလိမ့်မယ်။

📢လိုအပ်မည့်စာရွက်စာတမ်းတွေကတော့📢

၁။ စာချုပ်နှင့် မြေပုံမြေရာဇဝင်
၂။ မြေငှားဂရန် နှင့် ဆက်စပ်စာချုပ် (မိတ္တူ)
၃။ ရောင်းသူရဲ့မှတ်ပုံတင် (မိတ္တူ)
၄။ ဝယ်သူရဲ့မှတ်ပုံတင် (မိတ္တူ)
၅။ ဝယ်သူရဲ့အိမ်ထောင်စုစာရင်း (မိတ္တူ)
#၎င်း(၅)မျိုးကို မိတ္တူ (၆)စုံဆွဲရမယ်။
( ၆စုံ ဆိုတာ စစ်ဆေးမည့်အဖွဲ့က ၆ဖွဲ့မို့ပါ)

၆။ မြေကွက်နှင့်အိမ်ဖြစ်လျှင် (ရှေ့ဖက်မှ) (ဓာတ်ပုံ၂ပုံ)
၇။ မြေကွက်နှင့်အိမ်ဖြစ်လျှင်(အနောက်ဖက်မှ) (ဓာတ်ပုံ၂ပုံ)

အဲ့ဒီ ၇ မျိုး ပါကိုပါရမယ်။ ဝယ်သူကိုယ်တိုင်ပါရမယ်။ ဝန်ခံချက်ပုံစံမှာ လက်မှတ်ထိုးရမယ်။ အများအားဖြင့် ရက်ချိန်း(၂)ပတ် ဝန်းကျင်လောက်ပေးလိမ့်မယ်။

📌(ဒုတိယအဆင့်အနေနဲ့)
လုပ်ဆောင်ရမှာတွေကတော့....

၁။ ရာဖြတ်တန်ဖိုးသိရလျှင် ဝယ်သူနေထိုင်ရာ မြို့နယ်အခွန်ဦးစီးဌာန ကိုသွား။

၂။ ရာဖြတ်တန်ဖိုးရဲ့ %ကို တွက်။
ကျသင့်ငွေကို တံဆိပ်ခေါင်းအခွန်အဖြစ် ဝယ်။
ချလန်တစ်စောင်ရလိမ့်မယ်။

၃။ ရာဖြတ်တန်ဖိုးအတွက် ငွေဖြူ/ ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ငွေ/ အခွန်စည်းကြပ်ပြီးသောငွေကို ပြရမယ်။ ချလန်တစ်စောင် ထပ်ရမယ်။

၄။ မပြနိုင်လျှင် ဝယ်ယူတဲ့ပစ္စည်းတန်ဖိုး(ရာဖြတ်တန်ဖိုး) က
သိန်း ၁၀၀၀ အောက် - ၃%
သိန်း ၁၀၀၀ - ၅၀၀၀ ကြား - ၅%
သိန်း ၅၀၀၀ - ၁၀၀၀၀ ကြား - ၁၀%
သိန်း ၁၀၀၀၀ - ၁၅၀၀၀ ကြား - ၂၀%
သိန်း ၁၅၀၀၀ အထက် ဆို - ၃၀% အဝယ်ခွန် ပေးဆောင်ရမယ်။

၅။ စုစုပေါင်း ချလန်၂စောင်ဖြစ်မယ် မြို့နယ်အခွန်ဦးစီးဌာနက ညွှန်တဲ့ ဘဏ်ကိုသွား။ ငွေသွင်း။

၆။ ငွေသွင်းပြီးရင် ချလန်မူရင်း၂စောင်ပြန်ရလာမယ်။ မိတ္တူ ၂ စုံကူး။ မြို့နယ်အခွန်ဦးစီးဌာနကို ပြန်ပေး။

၇။ အခွန်တံဆိပ်ခေါင်းယူဖို့ ရက်ချိန်းပေးလိမ့်မယ်။

၈။ ထိုချိန်းတဲ့ရက် မြို့နယ်အခွန်ဦးစီးဌာနကို သွား၊ အခွန်တံဆိပ်ခေါင်း ယူ။ ၅% အတွ​က် တံဆိပ်ခေါင်း ရမယ်။ ကျန်တာအတွက် မရ။

📌(တတိယအဆင့်အနေနဲ့)

၁။ အခွန်ရုံးကထုတ်ပေးတဲ့ အခွန်တော်ခေါင်း၊
၂။ ဂရန်မူရင်း/မိတ္တူ ၊ ဆက်စပ်စာချုပ် မူရင်း/မိတ္တူ၊ အခွန်ဆောင်ရမယ့်အရောင်းအဝယ်စာချုပ်၊ မြေခွန် ကွာတားကြေး ပြေစာ၊ ရာဖြတ်ကစာရွက်။
၃။ ရောင်းသူ၊ ဝယ်သူ၊ သက်သေ၂ဦးရဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ။

အထက်ပါစာရွက်စာတမ်းတွေနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကိုသွား-

-မူရင်းနဲ့ မိတ္တူတွေ တိုက်စစ်၊
-ပြည့်စုံလျှင် လက်ဗွေနိုပ်(ရောင်းသူ၊ ဝယ်သူ၊ သက်သေအမှတ်၁)
- အလုံးစုံ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင် ဦးစီးအရာရှိက လက်မှတ်ထိုး။
- စာရေးမက ယာယီစာချုပ်နံပါတ် ထုတ်ပေး/ ရက်ချိန်းပေး။
- စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အခွန်ပြေစာနံပါတ်၃ ( အခမ-၃) ရမှ ရုံးကနေ " မှတ်ပုံတင်ပြီးပြတ်သွားတဲ့အရောင်းအဝယ်စာချုပ်" ပြန်ပေးပါလိမ့်မယ်....



📱092035230
📱09977292420
☎️09946192322
✉️ [email protected]

#ယုံကြည်စိတ်ချစွာဆက်သွယ်နိုင်ပါသည်
#တစ်ခါဆက်ဆံရာသက်ပန်
#အိမ်ခြံ‌‌မြေစာချုပ်စာတမ်းမှတ်ပုံတင်လိုလျှင်



#စာချုပ်စာတမ်း
#ကုန်အမှတ်တံဆိပ်
#အိမ်ခြံမြေ
#ဥပဒေ


🔰လူကြီးမင်းတို့အတွက် ယုံကြည်စိတ်ချရပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ Legal Services & Consultant တစ်ခုကိုရှာနေပ...
17/09/2022

🔰လူကြီးမင်းတို့အတွက် ယုံကြည်စိတ်ချရပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ Legal Services & Consultant တစ်ခုကိုရှာနေပါသလား?🔰

🙏အားလုံးပဲ မင်္ဂလာပါခင်ဗျာ
Unique H – Legal Services & Consultant မှကြိုဆိုပါတယ်ခင်ဗျာ......

📌မိတ်ဆွေလူကြီးမင်းတို့အားလုံးကို / ဒီPage ကနေ/ မိမိတို့ရဲ့နေ့စဉ်လူမှုစီးပွားရေးတွေအတွက် ဗဟုသုတရဖွယ် အိမ်၊ ခြံ၊ မြေ နဲ့ပါတ်သက်တဲ့ စာချုပ်စာတမ်းအကြောင်းအရာတွေ၊ စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်း အကြောင်း အရာများနဲ့ အခြားဗဟုသုတရဖွယ် ဉပဒေအကြောင်းအရာများကို ဝေမျှပေးသွားမှာဖြစ်ပါတယ်....

📢ကျွန်တော်တို့လုပ်ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေကတော့📢

✅အိမ်၊ ခြံ၊ မြေနှင့် စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းအမျိုးမျိုး၊ မှတ်ပုံတင်စာချုပ်စာတမ်းအမျိုးမျိုးကို ချုပ်ဆိုပေးပြီး၎င်းစာချုပ်စာတမ်းတွေနဲ့ပါတ်သက်ပြီးတော့ အသေးစိတ်ဆွေးနွေးပေးတာတွေ၊ သုံးသပ်ပေးတာတွေနဲ့ အကြံပြုပေးတာ‌ေတွကိုလည်းပြုလုပ်ပေးပါတယ်

✅ကုမ္ပဏီ တည်ထောင်ဖို့အတွက် မှတ်ပုံတင်ပေးခြင်း နဲ့ DICA-MyCO ဝန်ဆောင်မှုပေးခြင်းကိုလည်း ဆောင်ရွက်ပေးပါတယ်

✅သက်ဆိုင်ရာ တရားရုံးများမှာ တရားစွဲဆိုဆောင်ရွက်ပေးခြင်း နှင့် တရားရုံးကျမ်းကျိန်လွှာ အမျိုးမျိုး ကိုလည်း ဆောင်ရွက်ပေးပါတယ်

✅အထူးကိုယ်စားလှယ်လွှဲစာ(SP)၊ အထွေထွေကိုယ်စားလှယ်လွှဲစာ(GP) နှင့် နိုတြီဘာသာပြန်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးပါတယ်

✅ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ အခွန်၊ FDA၊ ပို့ကုန်သွင်းကုန်နှင့် လုပ်ငန်းလိုင်စင်အမျိုးမျိုး တို့ကို ဆောင်ရွက်ပေးခြင်း တို့ပဲ ဖြစ်ပါတယ်

🆗ဒီ Page ကို Like & Follow လုပ်ထားရုံနဲ့ လူကြီးမင်းတို့အတွက် အကျိုးတစ်စုံတစ်ရာ ရရှိမယ်လို့ အာမခံပါတယ်

📱092035230
📱09977292420
☎️09946192322
✉️ [email protected]




#စာချုပ်စာတမ်း
#ကုန်အမှတ်တံဆိပ်
#အိမ်ခြံမြေ
#ဥပဒေ


Address

Corner Of 115 Street & 60 Street
Mandalay
05051

Website

Alerts

Be the first to know and let us send you an email when Unique H - Legal Services & Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share