ရွှေကောင်းကင်

ရွှေကောင်းကင် I'm fine.

 ;အပြင်မှာ .... တစ်ကြိမ် တစ်ခါတောင်မတွေ့ဘူးပေမယ့်,စိတ်ထဲမှာ .... ရင်းနှီးနေသူတွေရှိတယ် .......။🇻🇳!လူကောင်းလား ...? လူဆို...
25/09/2025

;
အပြင်မှာ .... တစ်ကြိမ် တစ်ခါတောင်
မတွေ့ဘူးပေမယ့်,
စိတ်ထဲမှာ .... ရင်းနှီးနေသူတွေရှိတယ် .......။🇻🇳!

လူကောင်းလား ...? လူဆိုးလား...?
၁၀၀%မသေခြာပေမဲ့ ကိုယ့်ရင်ထဲမှာတော့
သူတို့က လူကောင်းပါပဲ ............။

ကိုယ့်အကြိုက် သူ့အကြိုက်
တူချင်မှ တူပေမယ့်....
တင်တဲ့ post တွေကို အမြဲဖတ်တယ်။

အကြိုက်တူရင် လက်မလေးထောင်ခဲ့တယ်။

စ ,နောက်သင့်တဲ့ post ဆိုရင်,
ဝင်ပြီး စ , နောက်ကြတယ် ................။

သူ့အမြင် ကိုယ့်အမြင် တူချင်မှ တူမယ်။

( ဒါပေမယ့် ) ..... သူက ကိုယ့်ကိုခင်တယ်။

ကိုယ်က သူ့ကိုခင်တယ်။
ခင်မင်ခြင်းတွေကတော့ တူပါတယ် ..........။

ခင်မင်ရင်းနှီးတာခြင်း တူပေမယ့်,
ယောင်္ကျား မိန်းမ ကွဲပြားလိမ့်မယ် ............။

ဒါပေမယ့်.....
သူ့စည်း ကိုယ့်စည်း လူမှု့စည်းကမ်းတွေနဲ့
နေတာချင်းတော့ တူကြတယ် ..........။

သံသရာကြီးက အကျယ်ကြီး အရှည်ကြီးဆိုတော့....

လူတိုင်းဟာ ဘဝတစ်ခုမှာ
ဆွေမျိုးတွေ ဖြစ်ခဲ့တယ်ဆိုရင်,
သိပ်မဝေး သိပ်မကွာခြားလှတဲ့ ...
ဘဝတွေမှာ ........

ဒို့တစ်တွေဟာ
ညီအစ်ကို မောင်နှမ
သားအမိ သားအဖတွေ
ဆွေမျိုးတွေ
ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ် .................။🥰!

Original Writter Credit

ရုန်းထွက်နိုင်သူ ဖြစ်ပါစေ...... သူငယ်ချင်း အောင်မြင်ဖို့ ကြိုးစားနေချိန်မှာအမြင့် မတက်နိုင်ရင်နေ မင်း ရင့်ကျက်ဖို့တော့ လ...
10/12/2023

ရုန်းထွက်နိုင်သူ ဖြစ်ပါစေ......

သူငယ်ချင်း
အောင်မြင်ဖို့ ကြိုးစားနေချိန်မှာ
အမြင့် မတက်နိုင်ရင်နေ
မင်း ရင့်ကျက်ဖို့တော့ လိုလိမ့်မယ်

သူငယ်ချင်း
မင်းဆင်းရဲနေတာ အပြစ်မဟုတ်ပေမယ့်
ကိုယ့်ကိုယ်ကို ညှင်းဆဲပြီး ပျင်းတွဲနေရင်တော့
မင်းအပြစ်ပဲ ။

မင်း..သတိထားမိလား
မင်းလဲကျတိုင်း
ကြားနေရမှာက လက်ခုပ်သံတွေပါ
ကမ်းလက်မဟုတ်ဘူး

မင်းရှုံးနိမ့်နေချိန် မင်းအနားမှာ
ဘယ်သူမှမရှိနေတာ သတိပြုလိုက်ပါ~~~
သေချာတယ် မင်းရုန်းကန်နေချိန်
မင်းအတွက် အရာရာ ခက်ခဲနေမယ်ဆိုတာ
ငြင်းလို့ မရဘူး ။

ကြိုးစားတိုင်း~~~
အမြင့် မရောက်ပေမယ့်
အမြင့်ရောက် သူတိုင်းက
ကြိုးစားခဲ့လို့ပဲ သူငယ်ချင်း

ဘဝဆိုတာ ပြက္ခဒိန် ရက်စွဲတွေထဲမှာ
ကုန်ဆုံးစေဖို့ မဟုတ်ဘူး
ကြောက်ရွံ့ စိုးရိမ်စိတ်တွေ
မင်းရင်ထဲက အပြီးအပိုင်
မောင်းထုတ်ပြစ်လိုက်ပါ သူငယ်ချင်း.....။

လူတိုင်းကို အထင်မသေးလိုက်ပါနဲ့
အထူးသဖြင့် မင်းကိုယ်မင်းပေါ့
အတိတ်မှာ လူအဖြစ် ရရှိဖို့
မင်းတကယ် ကြိုးစားခဲ့တယ်နော်
ဒါကြောင့် လက်ရှိအချိန်ကို
ထပ်ပြီးကြိုးစားလိုက်ပါ သူငယ်ချင်း.....

မင်း လုပ်သမျှတွေကို ပတ်ဝန်းကျင်ရဲ့
အသိမှတ် ပြုမှုကို မမျှော်လင့်ပါနဲ့ ။
ဒါပေမယ့် မင်းဘာလုပ်လုပ်
ပတ်ဝန်းကျင်က မျက်လုံးဒေါက်ထောက်ကြည့်နေလိမ့်မယ်
ဒါကို မင်းစိတ်ထဲမှာ
စောဒက မတက်မိပါစေနဲ့ သူငယ်ချင်း......

မင်းမှန်နေဖိုတော့ လိုလိမ့်မယ်
လူအထင်ကြီး ခံချင်စိတ်နဲ့ ကြိုးစားနေရင်
သေချာတယ်
မင်းရဲ့ ကြိုးစားမှုဟာ
အစစ်အမှန် မဟုတ်ဘူး သူငယ်ချင်း......။

အိမ်မက်ဆိုတာ သေဆုံးစေဖို့ မဟုတ်ဘူး
ခုံဖိနပ်ကို ကြိုးတပ်စီးပြီး
လျှောက်နေရတဲ့ လမ်းမျိုးတော့ မဖြစ်စေနဲ့

အောင်မြင်သူတစ်ယောက် ဖြစ်လာတဲ့အခါ
အချစ်ဆိုတဲ့ အရာဟာ မင်းရဲ့ခြေရင်းမှာ
သူအလိုလို ဝပ်ဆင်းလာလိ့မ်မယ်သူငယ်ချင်း။
******************************

မူရင်းရေးသူအားလေးစားလျက်
မေတ္တာဖြင့် ပြန်လည်မျှဝေ

😘😘

08/03/2022

ဘာကြောင့် ဥပဒေပညာဘွဲ့ ,မဟာဥပဒေပညာဘွဲ့ ကို
အတိုကောက် LL.B ,LL.M လို့ ခေါရတာလဲ ?

သိပ္ပံဘွဲ့(Bachelor of Science) ကို B.Sc လို့ ခေါပြီး ,
၀ိဇ္ဇာဘွဲ့ ( Bachelor of Art )ကိုလည်း B.A လို့ ခေါသလို

ဥပဒေပညာဘွဲ့ ကျ အခြားဘွဲ့တွေနဲ့. မတူပဲ
Bachelor of Law ~ B.L လို့မခေါပဲ LL.B လို့ခေါတာလဲ ?
Master of Law ~ M.L လို့ မခေါပဲ LL.M လို့ ခေါရတာလဲ?

အရင်ဆုံးကြိုတင်အသိပေးချင်တာက Bachelor of Law ,Master of Law ဆိုရင် မှားနေပါတယ် ။
Bachelor of Laws ,Master of Laws လို့ သုံးနှုန်းမှသာ အမှန်ဖြစ်ပါတယ် ။

Law မှာ s ပါ ပါတယ် ( အထူးသဖြင့် မေဂျာသမားများ မိမိတို့ ဘွဲ့ ကို အရှည်ရေးတဲအခါ Law မှာ S ထည့်ဖို့ သတိပြု ပါ )

အမှန်က LL.B နဲ့ LL.M ဆိုတဲ့ အတိုကောက်စာလုံးတွေ က Latin ဘာသာ က လာတာပါ ~
LL.B = Legum Baccalaureus
LL.M= Magister & Magister Legum

Legum ဆိုတာကတော့ English လို Law ကိုပြောတာပါ ၊ Baccalaureus က Bachelor ကို ဆိုလိုခြင်းဖြစ်ပြီး Magister ကတော့ Master ကို ရည်ညွှန်း ခြင်း ဖြစ်ပါတယ် ဗျား ။

Latin ဘာသာစကား မှာ Plural Noun ( အများကိန်း) ကို အတိုကောက် ဖော်ပြတဲ့အခါမှာ အတိုကောက်စာလုံးကို ၂ လုံးဆင့် ယူရပါတယ် ။
ဒါကြောင့် Legum (Laws) ဥပဒေများကို ဆိုလိုခြင်း ဖြစ်တဲ့အတွက် အတိုကောက်စာလုံးကို LL လို့ ၂ လုံးဆင့် ယူထားခြင်း ဖြစ်ပါတယ် ။

ဒါကြောင့်
LL.B = Legum Baccalaureus=Bachelor of Laws
LL.M=Legum Magister= Master of Laws

လို့ ပြောထားတာပါ ။

ဥပဒေပညာဘွဲ့ရ တစ်ဦးဟာ ကျောင်းတက်နေစဉ် တည်ဆဲဥပဒေအားလုံးမဟုတ်သော်လည်း အဓိကကျတဲ့ ဥပဒေများ အားလုံးနီးပါးကို (နယ်ပယ်ပေါင်းစုံ) သင်ကြားရတဲ့အတွက် Law မှာ s ထည့်ထားရခြင်း ဖြစ်ပါတယ် ။
LL.B အဆင့်မှာ ဥပဒေများ၏ General Concept (ယေဘုယျသဘောတရား) ကိုသာ သင်ကြားခဲ့ရခြင်း ဖြစ်ပါတယ် ။

ဥပဒေပညာ မဟာတန်းသို့ ရောက်ရှိသည့်အခါမှသာ သီးသန့် ဥပဒေနယ်ပယ်တစ်ခုကို အထူးပြု သင်ယူ လေ့လာရခြင်း ဖြစ်ပါတယ် ။

လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေပညာ မဟာတန်းမှာ အထူးပြု လေ့လာနိုင်တဲ့ ဘာသာရပ်အုပ်စု ၄ ခု ရှိပါတယ် ။

Group A

Civil Law ( Criminal Law )
တရားမဥပဒေအုပ်စု ပြစ်မှုဆိုင်ရာဥပဒေများပါ အကျုံး၀င်လေ့လာရပါတယ် ။

Group B

International Law
အပြည်ပြည်ဆိုင်ရာ ဥပဒေ အုပ်စု

Group C

Commercial Law
စီးပွားရေးဆိုင်ရာ ဥပဒေ အုပ်စု

Group D

Maritime Law
ပင်လယ်ရေးကြောင်း ဥပဒေအုပ်စု

Group A ကို ဥပဒေပညာမဟာတန်း ဖွင့်လှစ်သင်ကြားနေတဲ့ မည်သည့်တက္ကသိုလ်များတွင် မဆိုတက်ရောက်နိုင်ပါတယ် ။

Group B ကိုတော့ မန္တလေးရှိတက္ကသိုလ် များနှင့် ရန်ကုန်ရှိ တက္ကသိုလ်များတွင် တက်ရောက်နိုင်ပါတယ် ။

Group C နဲ့ D ကိုတော့ ရန်ကုန်ရှိတက္ကသိုလ်များတွင်သာ တက်ရောက်နိုင်ပါတယ် ။

ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် တွေမှာ တက်ရောက်ချင်ရင်တော့ Entrance ဖြေရမှာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ တော့ ဥပဒေအုပ်စု ၄ ခုသာ မဟာဘွဲ့ ပေးပေးမယ့်
အမေရိက မှာတော့ မဟာဘွဲ့ အတွက် ဥပဒေ အုပ်စုပေါင်း ၂၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေပါတယ် ။

ဥပမာအားဖြင့်

🎓 Human Rights Law (လူ့အခွင့်အရေးဆိုင်ရာဥပဒေ )

🎓Banking Law ( ဘဏ်လုပ်ငန်းဥပဒေ )

🎓Environmental Law (ပတ်၀န်းကျင်ထိန်းသိမ်းရေးဥပဒေ )

🎓 Insurance Law ( အာမခံ ဥပေဒ)

🎓 Intellectual Property Law ( အသိညဏ်ပစ္စည်းဆိုင်ရာ ဥပဒေ)

🎓Military Law ( စစ်ဘက်ဆိုင်ရာ ဥပဒေ )

🎓Telecommunications Law ( ဆက်သွယ်ရေးဆိုင်ရာဥပဒေ )

Dispute Resolution (အငြင်းပွားမှုဖြေရှင်းရေး ) အစရှိသဖြင့် သင်ကြားပေးလျက်ရှိပါတယ် ။

မြန်မာနိုင်ငံက LL.M ဘွဲ့ ၄ မျိုးရှိတဲ့အတွက် ဥပဒေပညာမဟာဘွဲ့ကို ရေးတဲ့အခါ
LL.M (Civil Law )
LL.M (International Law )
LL.M ( Commercial Law )
LL.M (Maritime Law )

ထိုသို့ရေးမှ ပြည့်စုံပါမယ် ။

အချုပ်အားဖြင့် ဆိုရရင် LL.B ,LL.M ဆိုတာ Latin ဘာသာစကား ကနေ အတိုကောက်ပြု ထားတဲ့ စကားလုံး ဖြစ်ပါတယ် ။ ဘွဲ့အရှည် ရေးရာမှာလည်း Law မှာ s ထည့်ဖို့ မမေ့ပါနဲ့ ဗျား ။

ဥပဒေ ကျောင်းသားအနေနဲ့ မိမိဘွဲ့အမည် အတိုကောက်အကြောင်းကို သိကို သိထားရပါမယ် အများမေးလာခဲ့ရင်လည်း ဖြေနိုင်ရပါမယ် ။

Credit - WME
Copy from copy

Admin HLA

04/03/2022

ဖတ်ရတာ တန်ဘိုးရှိလိုက်တာ၊
******************

ကျွန်မစာတွေ အများကြီးသင်ခဲ့တယ်
စီးပွားရေးပညာမှာ ပေါ်ပြူလာအဖြစ်ဆုံး
ဘွဲ့တစ်ခုကိုရခဲ့တယ်။

ကျွန်မ ကျောင်းကို ပြန်သွားတဲ့အခါ
အခု ကျောင်းတက်နေကြတဲ့
လူငယ်တွေက ကျွန်မကို

ဟာ..10th Batch က အစ်မကြီးရယ်လို့
နှုတ်ဆက်ကြ အသိအမှတ်ပြုကြတယ်
သူတို့ အခုကြုံနေရတဲ့ အခက်အခဲတွေကို
ကျော်ဖြတ်ခဲ့ပြီးသွားသူတစ်ယောက်အနေနဲ့ပေါ့..

ဒီ အသိုင်းအဝိုင်းထဲကပြန်ထွက်လာချိန်မှာ
ကျွန်မဟာ လှည်းတန်းစျေးမှာ စျေးဝယ်နေတဲ့
သာမာန်မိန်းမတစ်ယောက်ပဲဖြစ်သွားတယ်

အတန်းပညာမတတ်တဲ့ အိမ်ရှင်မတစ်ယောက်
သာမာန်မိန်းမတစ်ယောက်လို့လည်း
မြင်မိရင် မြင်မိကြလိမ့်မယ်..

ကျွန်မ ဘာဘွဲ့ရခဲ့လည်း
ဘယ်သူမှစိတ်မဝင်စားဘူး
ဘွဲ့တွေ ဒီကရီတွေ ဆိုတာ တန်ဖိုးသိသူတွေ
လက်ထဲမှာပဲ အသုံးဝင်နေတာပါလားလို့
တွေးမိတယ်

ပညာတွေအရမ်းတတ်တယ်လို့ ထင်ခဲ့ပေမဲ့
ခုချိန် ကားလာပြင်ခိုင်းရင်ပြင်တတ်မှာမဟုတ်ဘူး
ကားပြင်ဆရာကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး
မက်မောမှာမဟုတ်ဘူး။

ပညာဆိုတာလည်း အကန့်အသတ်လေးတွေနဲ့
ရှိနေတာပါလား စဉ်းစားမိလာတယ်။

အဲတော့..
ပညာဆိုတာ တကယ်တော့
ဆင်ခြင်တုံတရားပဲ လို့ သိလာတယ်

ကျွန်မ တစ်ခါ သူငယ်ချင်း တစ်ယောက်ကို
စာအုပ်လက်ဆောင်ယူခဲ့ပေးဖို့ မေ့ခဲ့လို့..
မြန်မာပလာဇာက အင်းဝ စာအုပ်ဆိုင်မှာ
မွန်ဟော်စီရဲ့ စိတ်ပျော်အောင်နေတတ်ဖို့ ဆိုတဲ့
စာအုပ်ကလေး ဝင်ဝယ်တယ်..ဒီစာအုပ်က
Best seller ထဲပါတယ် တစ်အုပ်ပဲ
ကျန်တော့တယ်တဲ့..

ပိုက်ဆံ ၃၀၀၀ပေးပြီး
ကောင်တာကလှည့်အထွက်..
အရောင်းစာရေးမလေးတစ်ယောက်
ကျွန်မကို ပြောပြောဆိုဆို ဝင်တိုက်တယ်။

"စိတ်ပျော်အောင်နေတတ်ဖို့
အုပ်၂၀ထပ်မှာပါဦးဟေ့'..တဲ့..
ကျွန်မပြုံးမိတယ်
ကျွန်မ ဘယ်သူလဲဆိုတာ ဘယ်သူမှ
စိတ်မဝင်စားခဲ့ပါဘူး..

အောင်မြင် ကျော်ကြားမှုနောက်ကို
ကျွန်မလိုက်နေပေမဲ့..
ဒီအောင်မြင်မှုဆိုတာ ကျွန်မကို
အစဉ်အမြဲ အလေးပြုမနေတဲ့အရာပါလား
သဘောပေါက်မိတယ်

ဒါကြောင့်..
အောင်မြင်မှုဆိုတာ တကယ်တော့
လောဘ ဒေါသ နဲ့ မောဟကို ထိန်းချုပ်
ကွပ်ကဲနိုင်တာကသာ အောင်မြင်မှု
အစစ်အမှန်ဖြစ်တယ်လို့ လက်ခံလာမိတယ်။

အလုပ်တွေတော်တော်လုပ်ခဲ့တယ်
အလုပ်ထဲမှာ ရာထူးတစ်ခုရှိခဲ့တယ်
ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ
ကျွန်မဟာ ဘာမှမဟုတ်တော့ပြန်ဘူး

ပွဲလမ်းသဘင်တွေရောက်တော့
အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့
မထိုင်ရတော့ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့
နောက်နားလေး မသိမသာပို့တာခံရတယ်။
ဆရာကြီးတို့ ဆရာမကြီးတို့ဆိုတဲ့ ရာထူး ရာခံ
ဂုဏ်ဒြပ်တွေဟာ ကိုယ့်ကို တစ်သက်လုံး
မစောင့်ရှောက်နိုင်ပါလား သိသွားတယ်။

အဲဒီနောက်ပိုင်း..
သူကတော့ ဘာမို့လို့ အထင်ကြီးတယ်
သူ့ကိုတော့ အထင်သေးတယ်..
ဆိုတာတွေမရှိတော့ဘူး

နေရာ ဆိုတာ ဘယ်နေရာဖြစ်ဖြစ်
နေတတ်ဖို့ကသာ အရေးကြီးပါတယ်လို့
တွေးတတ်လာတယ်..

ပိုက်ဆံတွေရှာခဲ့တယ်
ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံခဲ့တယ်..
ခရီးတွေသွားခဲ့တယ်
ဝတ်ကောင်းစားလှတွေဝတ်ခဲ့ စားခဲ့တယ်

ဒါပေမဲ့..ကိုယ့်လောက်မရှိတဲ့
သူရှေ့မှာ ကိုယ်က သူဌေးဖြစ်နေပြီး
ကိုယ့်ထက်အဆတစ်ရာလောက်
ချမ်းသာတဲ့သူတွေရှေ့မှာ ကိုယ်က
မရှိဆင်းရဲသားလေးဖြစ်သွားတာ တွေ့ရတော့..

ပိုက်ဆံနဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာ နေကြပါစေ..
အဲဒီ ဂုဏ်တွေ မြောင်းထဲရောက်သွားတဲ့
အခါတွေလည်း ရှိပါသေးလား ..
မြင်တတ်လာတယ်..

ပိုက်ဆံဆိုတာ..
ဘယ်လောက်ရှိရှိ ကိုယ်နဲ့ မထိုက်တန်..
ကိုယ့်အတွက် မဟုတ်ရင် ဘယ်လောက်ပဲ
ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ.. ထားခဲ့ရတာပါပဲ..

ကျွန်မတို့တွေနေ့တိုင်း ရှင်သန်နေကြပါတယ်
ပညာနောက်ကို လိုက်နေလား
အောင်မြင် ကျော်ကြားမှု
နောက်ကို လိုက်နေလား

ရာထူးရာခံဂုဏ်ဒြပ်တွေ
စည်းစိမ်ချမ်းသာပကာသနတွေ..
နောက်ကိုများ လိုက်နေမိလား..
ဘာတွေနောက်လိုက်ပြီး..
ဘယ်လိုပုံစံနဲ့ ရှင်သန်နေကြတာလဲ...

ကိုယ့်ကိုကိုယ် မေးကြည့်မိတာဖြစ်ပါတယ်..

ဘဝ အတွေ့အကြုံတွေအရ ဒါတွေဟာ
တခဏ အချိန်အတိုင်းအတာတစ်ခု
အခြေအနေတစ်ခု အတွက်သာ
အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့လည်း
ကိုယ့်ကို အမြဲမစောင့်ရှောက်နိုင်ဘူး ဆိုတာ
လက်ခံလာမိတယ်။ ကိုယ် ယုံကြည်အားကိုးလို့
မရဘူးဆိုတာသိလာတယ်။

တကယ်တော့ လိုက်ချင်းလိုက်ရင်..
ကိုယ့်ကို ဒီတစ်ဘဝအတွက်သာမက
သံသရာမှာပါ ကာကွယ် စောင့်ရှောက်ပေးမဲ့
တရားတွေ အကျင့်တွေ ဥာဏ်တွေနောက်ကို
လိုက်ကြရမှာပါ

ဒါကို ကျွန်မ စောပြီး သိခဲ့တာ..
ကံကောင်းပါတယ်

ကျွန်မတို့ လူအများစုဟာ ဘယ်တော့မှ
ပြီးပြည့်စုံသွားပြီလို့မရှိတဲ့ အရာတွေရဲ့
နောက်ကို အမောတကော လိုက်နေကြပါတယ်။
ဘယ်လိုလိုက်လိုက် သေသာသွားရော...
ဘယ်တော့မှလည်း ပြီးဆုံးသွားသည်မရှိပါ..

ကျွန်မလည်းအပါအဝင်ပေါ့လေ..
မောလိုက်တာ..ဘာကိုလိုက်မှန်းမသိ
လိုက်နေမိတာ..

ဒါပေမဲ့..ကျွန်မလေ..
လုံးဝမရပ်နိုင်သေးသည့်တိုင်
အရှိန်လျှော့ပြီး ဘရိတ်တော့
အုပ်လိုက်နိုင်ပြီရှင့်။

သန့်ရှင်းရေးလုပ်သားကို အထင်သေးလို့မရသလို ဘဏ်သူဌေးဆိုတိုင်းလဲအထင်ကြီးလိုမရပါဘူး
လူတိုင်းသူ့နေရာနဲ့သူ တန်ဖိုးရှိနေတယ်
ကောင်းတဲ့စိတ်ကလေးမွေး တတ်ဖို့ပါပဲ

Credit

02/03/2022

▶ သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ
ကိုယ်ဘာလုပ်လုပ်
နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။

သူအမျှဝေတာကို အကြောင်းပြုပြီး
သူ့ပတ်ဝန်းကျင်က နတ်တွေဟာ
ကုသိုလ်ရဲ့အဖို့ဘာဂတွေရပြီး
ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့
အဲဒီ နတ်တွေကလည်း သူ့ကို
စောင့်ရှောက်ကြတာပေါ့။

▶ ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။
မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လို
ပြောထားတုန်းဆိုတော့ …

ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတ
ဇာတိယော
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ
အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်
ကောင်းမှုတစ်ခုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့
အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို
အမျွဝေပါတဲ့။

အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို
စောင့်ရှောက်လိမ့်မယ်။

ကိုယ်က အမျှအတန်းပေးဝေတော့
သူတို့မှာ ဘုန်းတန်ခိုးတွေတက်တယ်။

ဘုန်းတန်ခိုးတွေတက်တော့
ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ
ထားလာတယ်။

▶ ဒေဝတာနုကမ္ပိတော ပေါသော၊
သဒါဘဒှာနိ ပဿတိ
နတ်တွေရဲ့
အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ
အကောင်းချည်းပဲ တွေ့တယ်။
တိုးတက်ဖို့ အခွင့်အလမ်းတွေ
အများကြီး ကြုံလာတယ်။

ဘာလုပ်လုပ် အဆင်ပြေလာတယ်။

အန္တရာယ်တွေ ကင်းလာတယ်။

မာတာပုတ်တံ သွရသံ _ မိခင်က
သားသမီးအပေါ်မှာ စောင့်ရှောက်သလို
နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ
မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကို စောင့်ရှောက်
လာတယ်။

ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု
လုပ်တိုင်း အမျှဝေရမယ်။

ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ ရေချမ်း
လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
အိမ်စောင့်နတ်တို့ဘာတို့ကို ဖိတ်ခေါ်ပြီး
အမျှအတန်းပေးဝေရမယ်။

အဲဒီလိုသူတော်ကောင်းပုဂ္ဂိုလ်တွေဟာ
ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း
အမျှအတန်းပေးဝေကြတယ်။

အဲဒီအမျှအတန်းပေးဝေမှုကြောင့်
နတ်တွေကိုလည်း အကျိုးပြုရာရောက်တယ်ပေါ့။

🙏🙏🙏
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံ

#ဘာလေးပဲလှူလှူအမျှအတန်းပေးဝေနိုင်ကြပါစေ

သဗဗြဒါနံ ဓမမြဒါနံ ဇိနာတိ

မေတ္တာများစွာဖြင့်- မြင့်မြင့်

02/03/2022

📚 #တန်ဖိုး✍
📖📖📖📖📖

"ကိုယ်" ဘယ်လောက်ပဲ
အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
တန်ဖိုးသိသူနဲ့ တွေ့မှ
တန်ဖိုးထားခံရမှာပါ။🍁

"ကိုယ်" ဘယ်လောက်ပဲ
ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
အလေးထားတဲ့သူနဲ့ တွေ့မှ
ကိုယ့်ရဲ့ပေးဆပ်မှုဟာ
အရာထင်ပါလိမ့်မယ်။🍁

"ကိုယ်" ဘယ်လောက်ပဲ
ရိုးသားနေပါစေ မှန်ကန်တဲ့
လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာ
ကျော်ဇောနိုင်မှာပါ ။🍁

"ကိုယ်" ဘယ်လောက်ပဲ
အလျှော့ပေးတဲ့ လူတစ်ယောက်
ဖြစ်နေပါစေ ကိုယ့်အပေါ်
ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
တွေ့မှ ဒါတွေကို
သိတတ်ခံစားနိုင်မှာပါ ။🍁

တစ်ကယ်လို့ ကောင်းမွန်တဲ့
သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
နေထိုင်သွားဖို့.....
သတိပေးနေရင် ရပါပြီ။🍁

နားမလည်သူများရဲ့.....
အကြည့်တွေ အပြောတွေကို
ခဏ ဖယ်ထုတ်လိုက်ပါ။🍁

02/03/2022

#သိစေချင်လို့ပါ #

🙏🙏🙏🙏🙏🙏🖕

👣 ခြေထောက်တွေက
သတိပေးနေသော
အသက်အန္တရာယ်
ဖြစ်စေနိုင်တဲ့
လက္ခဏာရပ်များ👣
~~~~~~~~
👣 ကျွန်​တော်တို့ရဲ့
ခြေထောက်တစ်စုံဟာ

ကျွန်​တော်တို့
ခန္ဓာကိုယ်တစ်ခုလုံးရဲ့
အလေးချိန် ကို သယ်ပိုးထားရတဲ့
အင်္ဂါအစိတ်အပိုင်း
တစ်ခုဖြစ်ပါတယ်။

👣 ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။

👣 ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။

👣 ဒါ့ကြောင့်
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့်
ကျွန်​တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို
သိရှိနိုင်ပါတယ်။

👣 ၁။ ခြေထောက်အကြောဆွဲခြင်းနှင့် ကြွက်တက်ခြင်း။

~ လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပြီး
အကြောမလျှော့ခြင်းနှင့်
ဒေါက်မြင့်ဖိနပ်စီးခြင်း
တို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။

👣 ၂။ ခြေမအရွယ်အစားကြီးလာခြင်း။

~ ဂေါက် (Gout) လို့ခေါ်တဲ့
အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့ လက္ခဏာတစ်ခုပါ။

အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်
မကောင်းသူ၊ အရက်သောက်တတ်သူနဲ့ အသားစား များသူတွေမှာ
အများဆုံးတွေ့ရတတ်ပါတယ်။
ဂေါက်ရောဂါက
ဆီးကျောက်တည်နိုင် ခြေကိုလည်း
မြင့်မားစေပါတယ်။

ဤဆောင်းပါးကို
ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

👣 ၃။ ခြေဖျားအေးစက်ခြင်း။

~ သွေးလည်ပတ်မှုမကောင်းခြင်း၊
ဆီးချိုသွေးချိုရောဂါနဲ့
သွေးအားနည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ခြေဖဝါးက အနီရောင်ကနေ
ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး
ခြေဖျားတွေအေးစက်စေတဲ့
ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။

👣 ၄။ ခြေထောက်ဖူးရောင်ခြင်း။

~ နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့ သွေးလည်ပတ်မှုစနစ်မကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

နာကျင်မှုမရှိဘဲ
ဖူးယောင်နေတယ်ဆိုရင်တော့
ခန္ဓာကိုယ်တွင်းမှာ
အရည်တွေများပြီး ခြေထောက်မှာ
လာစုရခြင်းကြောင့်
ဖူးရောင်တာဖြစ်ပါတယ်။

👣 ၅။ ဇွန်းပုံစံခြေသည်း (သို့) ခွက်နေတဲ့ခြေသည်း။

~ အာဟာရဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။ ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။

👣 ၆။ ခြေသည်းအရောင်ပြောင်းခြင်း။

~ ခြေသည်းနီမကြာခဏဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း ခြေသည်းက အဝါရောင်ပြောင်းတတ်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်းကို ညွှန်ပြနေတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

👣 ၇။ ခြေထောက် တဆစ်ဆစ်ကိုက်ခြင်းနှင့် ထုံကျင်ခြင်း။

~ ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။

သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။

👣 ၈။ ခြေဆစ်နာကျင်ခြင်း

~ အဆစ်ရောင်ရောဂါကြောင့် အရိုးတွေဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့ဒဏ်က ခြေဆစ်လေးတွေကို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။

👣 ၉။ ကာလကြာရှည်စွာ အနာဖြစ်ခြင်း

~ ခြေထောက်မှာ ကာလကြာရှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေထောက်ရဲ့ သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါတယ်။ ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

👣 #အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ ပြောင်းလဲမှု လေးတွေဖြစ်တယ်ဆိုရင် မပေါ့ဆဘဲ သေချာဂရုစိုက်ပါနော်။

ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေကြောင့် အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီလက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိပြုပါလို့ အကြံပေးပါရစေရှင်။👣

Credit
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
သိ​စေရန်
ပြန်လည်မျှ​​ဝေသူ
သိန်း၀င်း ( လူမှုထူးချွန် )
ကျမ်းမာရေးအသိ ပြန်လည်
ဝေမျှပါတယ်..

19/11/2021

ဘ၀မှာ ကိုယ်ရှင်းပြခွင့်မရဘဲ
ထွက်သွားကြတဲ့သူတွေ ရှိတယ်။

ဘ၀မှာ ကိုယ်မသိလိုက်ဘဲ
သူများအပြောနဲ့တင်
မုန်းနေတတ်တဲ့သူလည်း ရှိတယ်။

ဘ၀မှာ ဖြည့်မတွေးဘဲ
ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး
အနိုင်လိုချင်တဲ့သူလည်း ရှိတယ်။

ဘ၀မှာ ဘာမဟုတ်တာလေးနဲ့
အပြစ်တွေကို
တအား အကျယ်ချဲ့တတ်တဲ့သူလည်း
ရှိတယ်။

ဘ၀မှာ စ-မိတာလေး အတွက်နဲ့
စိတ်ကွက်
စိတ်ဆိုးဖြစ်သွားတဲ့ သူတွေလည်း
ရှိတယ်။

ဘ၀မှာ မာနလေးတွေ ခံလို့
မခေါ် မပြောနိုင်တဲ့သူတွေလည်း
ရှိတယ်။

တကယ်တော့…
အကန့်အလွှာ အသီးသီးမှာ
သူ့ဘက်ရော ကိုယ့်ဘက်ပါ
မျှကြည့်
ခံစားပေးတတ်ကြမယ် ဆိုရင်

စိတ်တွေ မညစ်နွမ်းရဘဲ
အမြဲတမ်း ငြိမ်ချမ်းမှုရနေကြမှာပါ။

(သာရ ဂ ဝေ သီ)

24/10/2021
Crd;
17/09/2021

Crd;

August 10, 2021 Lifestyle / Motivation / News အဆင့်တူ တန်းတူချင်းပဲ ပြိုင်ကြပါ.ဆွေးနွေးကြပါ. Posted by admin အဆင့်တူ တန်းတူချင်းပဲ ပြိုင်ကြပါ.ဆွေး.....

Crd;
17/09/2021

Crd;

success ကိုယ့်ကိုယ်ကို ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ်ယူဆထားတယ်ဆိုရင် Facebook ပေါ်မှာ မပြုလုပ်သင့်တဲ့ အရာများ 13 hours ago25 Views2 min...

Address

U Phone Cho Road
Kyaiklat
045

Telephone

+959895090908

Website

Alerts

Be the first to know and let us send you an email when ရွှေကောင်းကင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share