ဥပဒေရေးရာသိလိုရာမေး

ဥပဒေရေးရာသိလိုရာမေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဥပဒေရေးရာသိလိုရာမေး, Legal Service, Hlaing.

~~မိဘတွေကွဲလျှင် ကလေးကို ဘယ်သူပိုင်သလဲ~~(သားသမီး ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ)မိဘတွေ ကွဲကြ တဲ့အခါ သားသမီးဖြစ်သူကလေးတ...
07/05/2025

~~မိဘတွေကွဲလျှင် ကလေးကို ဘယ်သူပိုင်သလဲ~~
(သားသမီး ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ)

မိဘတွေ ကွဲကြ တဲ့အခါ သားသမီးဖြစ်သူကလေးတွေကို ဘယ်သူ ပိုင်သလဲဆိုတဲ့ မေးခွန်းက အမေးများကြပါတယ်။

လင်မယားတွေ ကွဲတဲ့အခါ သားသမီးထိန်းသိမ်း ရေးနဲ့ ပတ်သက်ပြီး တဦးနဲ့တဦး ကြည်ဖြူစွာ ထိန်းသိမ်းခွင့်ပေးတယ်ဆိုရင်တော့ ပြသာနာမရှိကြပါဘူးး။

သူယူမယ် ငါယူမယ် အငြင်းပွါးကြတဲ့အခါ ကလေးကို ယောက်ျားက ပိုင်တယ် မိန်းမက ပိုင်တယ်ဆိုတဲ့ စကားတွေ အရပ်ထဲမှာ ကြားဖူးကြမှာပါ။

တကယ့် ဥပဒေအရဆုံးဖြတ်မှုတွေက
ကလေးက အရမ်းနုနယ်ပြီး ငယ်ရွယ်သေးတဲ့ အရွယ်ဆိုရင် မိခင်ကသာ ကောင်းစွာ ထိန်းကြောင်းနိုင်တယ်ဆိုပြီး မိခင်ဖြစ်သူကို ပေးလေ့ရှိပါတယ်။

တရားရုံးရဲ့ အဓိကဆုံးဖြတ်မှုသည် ကလေးငယ်ရဲ့ အကျိုးကျေးဇူးကို အဓိကထားဆုံးဖြတ်လေ့ရှိပါတယ်။ ကလေးရဲ့ ကျန်းမာရေး၊ နေထိုင်ရေး၊ ပညာရေး၊ စာရိတ္တပြုပြင်ရေး အစရှိတဲ့ အချက်အလက်တို့မှာ အဖေဖြစ်သူက ကောင်းအောင်လုပ်ပေးနိုင်မလား အမေဖြစ်သူက ကောင်းအောင်လုပ်ပေးနိုင်မလား အစသဖြင့် သုံးသပ်ပြီး ရွေးချယ်ပေးလေ့ရှိပါတယ်။

တရားရုံးဟာ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်ရင် အုပ်ထိန်းသူနှင့်အုပ်ထိန်းခံရသူများ အက်ဥပဒေအရ အဆုံးအဖြတ်ပေးကြတယ်။ အဲ့ဒီ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများ အက်ဥပဒေရဲ့ ဥပဒေပုဒ်မ-၁၇ တွင်အောက်ပါအတိုင်းပြဌာန်းထားသည်။

(၁) အရွယ်မရောက်သေးသူ တစ်ယောက်အတွက် အုပ်ထိန်းသူကိုခန့်ထားရာတွင်(သို့) ကြေညာရာတွင် တရားရုံးသည်ဤပုဒ်မပါ ပြဌာန်းချက်များကို အထောက်အထားပြုလျက် အရွယ်မရောက်သေးသူနှင့် သက်ဆိုင် သော ဥပဒေနှင့်ညီညွတ်စွာ အရွယ်မရောက်သေးသူ၏ ကောင်းကျိုးချမ်းသာရရှိမှုကို လမ်းညွှန်အဖြစ် ခံယူ ထားရှိရမည်။
(၂) အရွယ်မရောက်သေးသူ၏ကောင်းကျိုးချမ်းသာ ရရှိစေရန်အတွက် စဉ်းစားရာ၌ တရားရုံးသည်-
(က) အရွယ်မရောက်သေးသူ၏ အသက်အရွယ် ကျား/မ ကိုးကွယ်သည့်ဘာသာ၊
(ခ) အုပ်ထိန်းသူ၏ အကျင့်စာရိတ္တ၊ အုပ်ထိန်းနိုင်စွမ်းရှိမရှိနှင့် အရွယ်မရောက်သေးသူနှင့် သွေးနီးစပ်မှု၊
(ဂ) အရွယ်မရောက်သေးသူ၏ ကွယ်လွန်ပြီးဖြစ်သော မိဘနှစ်ပါး၏ဆန္ဒ(ရှိခဲ့လျှင်)၊
(ဃ) အရွယ်မရောက်သေးသူနှင့် အုပ်ထိန်းလိုသူတို့၏ ယခုနှင့်ယခင် ဆက်ဆံမှုအခြေအနေတို့ကို ဂရုပြုရမည် လို့ ပြဌာန်းထားတယ်။ အဲ့ဒီအချက်အလက်တွေနဲ့ အညီ ဆုံးဖြတ်လေ့ရှိတယ်။

မိခင်ဖြစ်သူဟာ အကျင့်စာရိတ္တပျက်ပြားသူ ဒါမှမဟုတ် ကလေးကို အုပ်ထိန်းမှုမပေးနိုင်ကြောင်း အကြောင်းပြချက် လုံလောက်အောင်မပေးနိုင်ပဲ ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝခြင်း မရှိဆိုသော အကြောင်းပြချက်ဖြင့် သားသမီးအုပ်ထိန်းခွင့် မရှိဟုမဆိုနိုင်ပေ လို့ စီရင်ထုံးတခုမှာ ဖွဲ့ဆိုထားတယ်။
ဆိုတော့ သားသမီးအုပ်ထိန်းခွင့် က ဆင်းရဲ ချမ်းသာ နဲ့ မသတ်မှတ်ဘူး။

အချုပ်ဆိုရမယ်ဆိုလျှင်
သားသမီးအုပ်ထိန်းခွင့်မှာ အဓိကဟာ သားသမီးရဲ့ ကောင်းကျိုးချမ်းသာကိုသာ ကြည့်ရတာပါ။

သားသမီးတို့ရဲ့ ကျန်းမာရေး၊ နေထိုင်ရေး၊ ပညာရေး၊ စာရိတ္တပြုပြင်ရေး စသည့်အချက်အလက်တို့မှာ အမိက ကောင်းအောင်လုပ်နိုင်မလား? အဖက ကောင်းအောင် လုပ်နိုင်မလား? စတဲ့အချက်တွေပေါ်စဉ်းစားဆုံးဖြတ်ပါတယ်။

ဆင်းရဲတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် သားသမီးအုပ်ထိန်းခွင့် မဆုံးရှုံးနိုင်ပါဘူး။

ကလေးဟာ စဉ်းစားတွေးခေါ်နိုင်တဲ့ အရွယ်ဆိုရင် ကလေးရဲ့ ဆန္ဒကို အလေးပေးရမယ်။

အထက်မှာဖော်ပြခဲ့တဲ့ အုပ်ထိန်းသူနှင့်အုပ်ထိန်းခံရသူ များအက်ဥပဒေ ပုဒ်မ ၁၇ပါ အချက်အလက်တွေအတိုင်း ဆုံးဖြတ်ပါတယ်။

ဘာသာဓလေ့တွေနဲ့လည်း ကလေးအုပ်ထိန်းခွင့်နဲ့မဆိုင်ပါဘူးး။

အကယ်၍ ဒီထပ်အသေးစိတ် သိလိုသည်ပဲ ဖြစ်စေ၊ ဥပေဒေနှင့်ပတ်သတ်သည့် အကြောင်းအရာများ မေးမြန်းလိုသည်ဖြစ်စေ
Viber /Ph( 09781102019 ) သို့လည်းကောင်း Page Messenger သို့လည်း ကောင်း ဆက်သွယ် မေးမြန်းနိုင် ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း

နိုင်ငံရပ်ခြားတွင် ရှိနေသူက မြန်မာနိုင်ငံတွင် မြေဝယ်ယူသည်နှင့် ပတ်သတ်၍ သိကောင်းစရာ~~~~နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေ...
24/11/2024

နိုင်ငံရပ်ခြားတွင် ရှိနေသူက မြန်မာနိုင်ငံတွင် မြေဝယ်ယူသည်နှင့် ပတ်သတ်၍ သိကောင်းစရာ~~~~

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံက မြေကို ကိုယ့်အမည်ပေါက်နဲ့ ဝယ်ယူချင်တဲ့အခါတွင် ဆောင်ရွက်ရမဲ့ နည်းလမ်းတွေရှိပါတယ် ဝယ်ယူလို့လဲရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ရှင်းလင်းတင်ပြလိုသည်မှာ…

အရင်ဆုံး မြေကွက်ဝယ်တဲ့အခါ ကိုယ်တိုင်လက်မှတ်ရေးထိုး အရောင်းအဝယ် စာချုပ်ပြုလုပ်မှ မြေကွက်အမည် ပေါက်ရမယ်လို့ အားလုံးသိထားကျမှာပါ အရပ်စာချုပ်နဲ့ အရင်ဝယ်ပြီး အဲဒါကိုစာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီးမှ သက်ဆိုင်ရာ မြေ ယာဌာနမှာ အမည်ပြောင်းလျှောက်ထားရမှာဖြစ်ပါတယ်။ ကိုယ်ချုပ်ဆိုရင်တော့ အကောင်းဆုံးပါ။

အကယ်၍ နိုင်ငံရပ်ခြားမှာရှိနေတယ် ဒီကမြေကွက်လဲ ကိုယ့်အမည်ပေါက်ဖြစ်အောင် ဝယ်ချင်တယ်ဆိုရင် ကိုယ်စားလှယ်လွှဲစာနဲ့ ချုပ်ဆိုရပါလိမ့်မယ်။
အိမ်ထောင်ရှိတဲ့သူဆို ဇနီးထံ ကိုယ်စားလှယ်လွှဲပေးအပ်ဆောင်ရွက်ရင်တော့ဖြစ်ပါတယ်
အိမ်ထောင်မရှိတဲ့သူဆိုရင် မိသားစုဝင်ဖြစ်တဲ့
ညီမကိုဖြစ်စေ၊ အမေကိုဖြစ်စေ၊ အဖေကိုဖြစ်စေကိုယ်စားလှယ်လွှဲစာ ပေး အပ်ပြီး အရောင်းအဝယ်စာချုပ် ပြု လုပ် ချုပ်ဆိုနိုင်ပါတယ်။

ကိုယ်စားလှယ်လွှဲစာနဲ့ဆိုရင် ပြုလုပ်သူရဲ့နာမည်နဲ့ကို ထွက်ပါတယ်။ ပြုလုပ်သူရဲ့အမည်က ဥပမာ ဦးတင်အောင်ဆိုပါတော့
ဝယ်သူကဦတင်အောင် (၄င်း၏ ကိုယ်စားလှယ်စာရသူဒေါ်လှ) ဆိုတာမျိုး စာချုပ်မှာဖော်ပြရပါတယ်။ အမည်ပေါက် လျှောက်တော့လည်းမြေကွက် အမည်ပေါက်အဖြစ် ဦးတင်အောင်(၄င်း၏ ကိုယ်စားလှယ်လွဲစာရသူ ဒေါ်လှ) ဆိုပြီး မြေရာဇဝင်မှာ ဖော်ပြမှာဖြစ်ပါတယ်”
ဒီမှာပြောစရာက G .P နဲ့ S.P ဆိုတာကဘယ်လိုကွာသလဲဆိုတာပါပဲ အရင်ကဖော်ပြဖူးခဲ့ပေမဲ့ သက်ဆိုင်နေလို့ ထပ်မံဖော်ပြပေးပါမယ်…

အချို့ကပြောတော့ G.P ဆိုရင် မိမိမသိ လိုက်ဘဲ ပြန်ရောင်းတာမျိုးလည်း ရှိတတ်တယ်လို့ပြောကြပါတယ်…ဒါနဲ့ပတ်သတ်ပြီးပြောရရင်

ပထမဆုံးအနေနဲ့ G.P ပဲ ဖြစ်ဖြစ် S.P ပဲဖြစ်ဖြစ် ပုံစံစာရွက်မှာ တံဆိပ်ခေါင်းအပြည့်အစုံ ကပ်ပြီးဖြည့် စွတ်ရပါမယ်။ ပြီးရင် ကိုယ်စားလှယ်အဖြစ်လက်ခံမယ့်သူရဲ့ မှတ်ပုံတင်နိုင်ငံသားကတ် ဓာတ်ပုံမိတ္တူနဲ့အတူ နိုင်ငံခြားနေတဲ့ပြုလုပ်သူဆီ ပို့ပေးရမှာဖြစ်ပါတယ်။ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)ကတော့ အကြောင်းအရာ ထည့် သွင်းဖော်ပြဖို့မလိုဘူး။ အထူးကိုယ်စားလှယ်လွှဲစာ (S.P) ကတော့ မိမိကိုယ်စားဆောင်ရွက်ရမယ့်အကြောင်း အရာကိစ္စကို အတိအကျဖော်ပြရပါတယ်။
အထူးကိုယ်စားလှယ်လွှဲစာ (S.P)ဆိုရင် ဘာတွေထည့်သွင်းဖော်ပြရပါသလဲဆိုရင်
ယခု ဝယ်မယ်ဆိုတဲ့ မြေကွက်၊ အဆောက်အအုံပါရင် အဆောက်အအုံအမျိုးအစား၊ ပျဉ်ထောင်၊ အုပ်ညှပ် နှစ်ထပ်တိုက်၊ နှစ်ထပ်အိမ်စတဲ့အတိ အကျဖော်ပြရပါမယ်။ နေအိမ်အမှတ်၊ လမ်း၊ ရပ်ကွက်အပြည့်အစုံ ဖော်ပြရ မယ်။ အဓိကအချက်က၊ မြေကွက် အမည်ပေါက်၊မြေကွက်အမှတ်၊ မြေတိုင်းအမှတ်တို့ကို အသေးစိတ်ဖော်ပြ ပြီး၊ အဆိုပါမြေနဲ့အိမ်အတွက် အဝယ်စာချုပ်ချုပ်ဆိုခြင်း၊ အမည်ပြောင်းခြင်း၊ မှတ်ပုံတင်စာချုပ်ရုံးနှင့် အခွန်ရုံးတို့ တွင် မိမိကိုယ်စား လက်မှတ်ရေးထိုးခြင်း၊ ထွက်ဆိုပြောကြားခြင်းစတဲ့ အချက်များကို အသေးစိတ် ဖော်ပြရပါ့မယ်။

ကောင်းတာကတော့ အထူးကိုယ်စားလှယ်စာ (S.P) ကကောင်း ပါတယ်။ ကိုယ်စားလှယ်အလွှဲခံရသူအနေနဲ့ အဆိုပါ မြေနဲ့အဆောက်အအုံကို အဝယ်စာချုပ်ကိစ္စနဲ့ အမည်ပြောင်းကိစ္စသာ ဆောင်ရွက်ခွင့်ပေးထားတာဖြစ် လို့ ပြန်ရောင်းချခြင်းကိစ္စကို ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်ပါဘူး”

အထူးကိုယ်စားလှယ်လွှဲစာ (S.P) နိုင်ငံခြားမှာရှိတဲ့ ပြုလုပ်သူထံရောက်ရှိရင် ဘယ်လိုဆက်လုပ်ဆောင်ရသလဲဆိုရင်..

အဲဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက လက်ခံကျင့်သုံးတဲ့ စနစ်ကို ပြောပြပါမယ်

တရားရုံးချုပ်ကဆုံးဖြတ်ထားတဲ့ Seasons overseas pte.Ltd ပါ(e) နှင့် Great Light Co.Ltd ပါ(၇)၊ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ-၄၃၊ အမှုမှာ- နိုင်ငံခြား တိုင်းပြည်တွင်ပြုလုပ်သည့် ကိုယ်စား လွှဲစာကိုဖြစ်စေ၊ အခြားစာရွက်စာ တမ်းတစ်စုံတစ်ရာဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံရှိ နိုတြီပဗ္ဗလစ်က ၄င်းရှေ့တွင် ပြုလုပ်ခြင်း မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး ယင်းလက်မှတ်ရေးထိုးသူ နိုတြီပဗ္ဗလစ်သည် သက်ဆိုင်နိုင်ငံဥပဒေအရ ခန့်ထားသည့် နိုတြီပဗ္ဗလစ်ဖြစ်ကြောင်း အဆိုပါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သံအရာရှိ သို့မဟုတ် ကောင်စစ်ဝန်က ထပ်ဆင့် လက်မှတ်ရေးထိုး အတည်ပြုမှသာ ယင်းကိုယ်စားလှယ်လွှဲစားကို မြန်မာနိုင်ငံ တရားရုံးက၊ သက်သေခံ ဥပဒေပုဒ်မ ၈၅ အရ မှန်သည်ဟု မှတ်ယူခွင့်ရှိကြောင်း၊ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် (S.P) စာရွက်ရရင် ဂျပန်နိုင်ငံမှာရှိတဲ့ နိုတြီ ပဗ္ဗလစ် တစ်ဦးရှေ့မှာ လက်မှတ်ရေးထိုးရမယ်။ နိုတြီပဗ္ဗလစ်အရာရှိ ကိုယ်တိုင်တံဆိပ်နဲ့တကွ လက်မှတ်ပါရှိပြီး ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှာ မှတ်ပုံတင် စာရင်းသွင်းရပါမယ်။ မြန်မာသံရုံးက သံအရာရှိ၊ ဒါမှမဟုတ် ကောင် စစ်ဝန် တစ်ဦးဦးက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး မူရင်းစာရွက်ကို ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။”
သက်တမ်းမကျော်သေးကြောင်း ပတ်စ်ပို့မိတ္တူကို ပူးတွဲတင်ပြရပါမယ်။ ဒါမှ အရောင်းအဝယ်စာချုပ်ချုပ်ဆို ရာမှာ စာချုပ်စာတမ်းမှတ် ပုံတင်ရုံးက လက်ခံချုပ်ဆိုပေးမှာဖြစ်တယ်ဟု အကြံပြု ရေးသားတင်ဆက်လိုက်ပါတယ်။

ဒီရက်ပိုင်းတွေမအားလပ်မှုတွေကြောင့် ဥပဒေဆောင်းပါးများ တင်ဆက်မှုနောက်ကျခဲ့တာရှိနေသည့်အတွက် နားလည်ပေးပါရန် မေတ္တာရပ်ခံပါတယ်။

အကယ်၍ ဒီထပ်အသေးစိတ် သိလိုသည်ပဲ ဖြစ်စေ၊ ဥပေဒေနှင့်ပတ်သတ်သည့် အကြောင်းအရာများ မေးမြန်းလိုသည်ဖြစ်စေ
Vibe( 09781102019 ) သို့လည်းကောင်း Page Messenger သို့လည်း ကောင်း ဆက်သွယ် မေးမြန်းနိုင် ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း( ဥပဒေရေးရာ သ်ိလိုရာမေး)
09-781102019

အများသိစေရန်ကြေငြာခြင်း..မသင်းသင်းကြူအမည်ရှိ (၈/မကန(နိုင်)၂၂၄၄၅၂) မှတ်ပုံတင်ကိုင်ဆောင်ထားသော ၎င်း၏ဖုန်းနံပါတ် (094558771...
05/06/2024

အများသိစေရန်ကြေငြာခြင်း..

မသင်းသင်းကြူအမည်ရှိ (၈/မကန(နိုင်)၂၂၄၄၅၂) မှတ်ပုံတင်ကိုင်ဆောင်ထားသော ၎င်း၏ဖုန်းနံပါတ် (09455877177) သူသည် ကျွန်ုပ်၏ ခွင့်ပြုချက်မရှိ၊ ကျွန်ုပ်နှင့်လဲ သိကျွမ်းခြင်းမရှိ၊ ကျွန်ုပ်၏အမှုသည်လည်း မဟုတ်ဘဲ ကျွန်ုပ်၏ရှေ့နေတံဆိပ်တုံး၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် လက်မှတ်အား အတုအပပြုလုပ်ကာကျွန်ုပ်ကဲ့သို့ဟန်ဆောင်၍ အောက်ဖော်ပြပါနိုတစ်စာအား အတုပြုလုပ်၍ အမှုသည်တစ်ဦးထံသို့ ပေးပို့ခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သတ်၍ ကျွန်ုပ်မှပေးပို့သော နိုတစ်စာ မဟုတ်သည့်အတွက် ကျွန်ုပ်နှင့်မသက်ဆိုင်ကြောင်းနှင့် အဆိုပါ အတုပြုလုပ်သူအား တည်ဆဲဥပဒေနှင့်အညီ အရေးယူရန်ဆောင်ရွက်နေပြီဖြစ်ကြောင်းအများသိစေရန်ကြေငြာအပ်ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း

ဆရာဆီကို ဖုန်းခေါ်မေးမြန်းတဲ့လူတွေကို အသိပေးအကြောင်းကြားစရာရှိပါတယ်.. လက်ရှိမှာ ဆရာက ဘန်ကောက်မှာပါ ပြောရမယ်ဆိုရင် ကျောင်...
05/05/2024

ဆရာဆီကို ဖုန်းခေါ်မေးမြန်းတဲ့လူတွေကို အသိပေးအကြောင်းကြားစရာရှိပါတယ်.. လက်ရှိမှာ ဆရာက ဘန်ကောက်မှာပါ ပြောရမယ်ဆိုရင် ကျောင်းထပ်
တက်နေတာပါ အဲ့တော့ ဆွေးနွေးတိုင်ပင်တဲ့အခါ မြန်မာပြည်က အဝင် Call တွေဆို ဘေလ်အရမ်းကုန်ပါလိမ့်မယ်..

အဲ့တာကြောင့် ဆရာ့ Page Messenger, 09781102019(Viber) ကနေတဆင့်ဆက်သွယ်မေးမြန်းပေးပါရန် မေတ္တာရပ်ခံပါတယ်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း

အရင်လို မေးခွန်းတွေပြန်ဖြေနိုင်ပြီဖြစ်တဲ့ အတွက် မေးခွန်းများလာရောက်မေးလို့ရပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။လေး...
27/04/2024

အရင်လို မေးခွန်းတွေပြန်ဖြေနိုင်ပြီဖြစ်တဲ့ အတွက် မေးခွန်းများလာရောက်မေးလို့ရပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း

ဥပဒေရေးရာသိလိုရာမေး တွင် ဒီရက်ပိုင်း ဆောင်းပါးများမတင်ဆက်နိုင်ပေးတာကို အနူးအညွတ်အားနာရပါတယ်… ဆရာအနေဖြင့်  ဥပဒေဆိုင်ရာပညာ...
27/03/2024

ဥပဒေရေးရာသိလိုရာမေး တွင် ဒီရက်ပိုင်း ဆောင်းပါးများမတင်ဆက်နိုင်ပေးတာကို အနူးအညွတ်အားနာရပါတယ်…

ဆရာအနေဖြင့် ဥပဒေဆိုင်ရာပညာရပ်များထပ်မံလေ့လာ ရန် နှင့် လုပ်ငန်းကိစ္စများဆောင်ရွက်
ရန် ရှိနေသည့်အတွက် ဘန်ကောက်သို့ ခေတ္တပြောင်းရွေ့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဆွေးနွေးမှုများကိုလည်း Remote Job အနေဖြင့် Online မှ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆောင်းပါးများနှင့် ဥပဒေအသိပညာ Video များကိုလည်း ဂရုတစိုက် တင်ဆက်ပေးမည်ဖြစ်ကြောင်း နှင့် အမှုအခင်းကိစ္စများကိုလည်း ဆရာ့ Lawfirm ရှိ ဆရာ/ဆရာမများနှင့် ဆက်လက်၍ ချိတ်ဆက်လမ်းညွှန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း
Your Legal Trust Law Firm

ဥပဒေအမှတ်၊ ၂၇ /၂၀၁၀ ဖြင့်ပြဌာန်းခဲ့သော စစ်မှုထမ်းဥပ​ဒေ အား အတည်ပြု အမိန့်စာ
10/02/2024

ဥပဒေအမှတ်၊ ၂၇ /၂၀၁၀ ဖြင့်
ပြဌာန်းခဲ့သော စစ်မှုထမ်းဥပ​ဒေ အား အတည်ပြု အမိန့်စာ

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ခြိမ်းခြောက်ခြင်း၊ခေါင်းပုံဖြတ်ခြင်း...ယခုခေတ် လူငယ်သမီးရည်းစား အများစုတို့တွင် လိင်ပိုင်...
28/01/2024

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ခြိမ်းခြောက်ခြင်း၊ခေါင်းပုံဖြတ်ခြင်း...

ယခုခေတ် လူငယ်သမီးရည်းစား အများစုတို့တွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ခြိမ်းခြောက်ခြင်းများ မကြာခဏတွေ့နေရတယ်။

အခုနောက်ပိုင်း ဆိုရှယ်မီဒီယာကို အသုံးပြုသူ များလာတာနဲ့ အမျှ ချစ်သူရည်းစားဘဝမှာ အတူနေခဲ့တဲ့ Video Fileတွေ၊ ဓာတ်ပုံတွေ၊ S*x Chat ဖို့တောင်းဆိုရင်း ပြောဆိုကြတဲ့အခါ မှတ်တမ်းယူထားတဲ့ Video File နှင့် ဓာတ်ပုံတွေကို ချစ်သူရည်းစားတွေ အဆင်မပြေတဲ့ အချိန် တယောက်နဲ့တယောက် လမ်းခွဲတဲ့အခါတွေမှာ ဒါတွေကိုအသုံးချပြီး လိင်အမြတ်ထုတ်ဖို့ကြိုးစားတာတွေ၊ ခြိမ်းခြောက်တာတွေနဲ့ ငွေညှစ်တောင်းတဲ့ ဖြစ်စဉ်တွေအဖြစ်များလာပါတယ်။ တချို့နှစ်ပေါင်းများစွာ လိင်အမြတ်ထုတ်ခြင်း ခံခဲ့ရတဲ့လူတွေလဲ မနည်းပါ။

အင်တာနက်နဲ့ ဖုန်းဟာ လက်တကမ်းဆိုတော့ ကိုယ့်ရဲ့အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေဟာ တမဟုတ်ချင်းမှာပဲ လူအများဆီပျံ့နှံ့နိုင်ပါတယ် ။ နောက်ဆက်တွဲအကျိုးရလာဒ်တွေကလဲ ဘာဖြစ်နိုင်မယ်ဆိုတာ တွေးသာကြည့်ပါ။

ဆိုတော့....
မည်သူကိုမျှမယုံပါနဲ့ မိမိချစ်သူပဲဖြစ်နေပါစေ အတူနေစဉ်တွင် ဘာအကြောင်းနှင့်ဖြစ်နေပါစေ ဓာတ်ပုံ/Video မရိုက်ကူးပါနဲ့ ရိုက်ကူးမခံပါနှင့်။
များသောအားဖြင့် ယောက်ျားလေးတွေတချို့ဟာ ဒီလိုကိစ္စတွေကို လက်တည့်စမ်းချင်ကြပါတယ်။ မတော်တရော်ကိစ္စတွေကို ရုပ်သံမှတ်တမ်းတင်ချင်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ မိမိကိုယ်တိုင်သာ သိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ယောက်ျားလေးတွေဖက်က ဒီလိုမျိုး (ခွင့်တောင်းပြီးတော့ပဲဖြစ်ဖြစ်၊ခိုးကြောင်ခိုးဝှက်ပဲဖြစ်ဖြစ်) မရိုက်ကူးသင့်သလို မိန်းကလေးဖက်ကလည်း မဟုတ်တဲ့နေရာမှာ အလိုမလိုက်ဖို့ အရေးကြီးပါတယ်။

ချစ်နေတုန်း၊တည့်နေတုန်း အရေးမကြီးပေမယ့် မတော်တဆ အခန့်မသင့်လို့ ခွာပြဲကြပြီဆိုရင် ဒါတွေဟာ အင်မတန် ဒုက္ခပေးမယ့် အရာတွေပါ။ဒါကြောင့် ချစ်စရာရှိတာ ချစ်ကြပါ၊ပျော်စရာရှိတာ ပျော်ကြပါ။ ဒါပေမယ့် လက်မဆော့ပါနဲ့။ မယုတ်မာပါနဲ့။ မှတ်တမ်းတင်တယ်ဆိုတာ နေရာတိုင်းမကောင်းပါ။

နောက်ဆုံး မိမိချစ်သူက ယုံကြည်စိတ်ချရပါသည် ဆိုနေဦးတော့ ဖုန်းထဲမှာ ရိုက်ကူးထားသည်ဖြစ်သည့်အတွက် လုံခြုံပါသည်ဟု မမှတ်ယူသင့်ပါ။ ဖုန်းပျောက်ခဲ့သည်သော်လည်းကောင်း၊ Hack ခံရသော်လည်းကောင်း Social Media ပေါ်သို့များစွာ ပျံ့နှံနိုင်ပါသည်။

နောက်ပြီး လင်ကိုယ်မယားပဲဖြစ်ဖြစ်၊ချစ်သူရည်းစားပဲဖြစ်ဖြစ် ချစ်ကျွမ်းဝင်ကြတော့မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရွေးချယ်ပါ။ လုံခြုံစိတ်ချရခြင်းမရှိတဲ့ နေရာ(သစ်ပင်အောက်၊ ခြုံပုတ်၊ အိမ်ပျက်) မှာ ချစ်ကျွမ်းဝင်ကြတော့ ကိုယ့်ရဲ့မတော်တရော်တွေကို အများသိဖို့ ရာခိုင်နှုန်းများပါတယ် ။ဥပမာ ချောင်းရိုက်တွေလိုမျိုးပေါ့ .....
တခုခုဖြစ်လာရင် Risk ကမတန်တဆပါပဲ.ဒါကြောင့်
မိမိကိုယ်ကိုရော၊မိမိရဲ့ ချစ်သူ/အိမ်ထောင်ဖက်ကိုပါ တန်ဖိုးထားလေးစားဖို့လိုအပ်ပါတယ်။

တချို့ချစ်သူစုံတွဲတွေ အဆင်မပြေတဲ့အချိန် တွင်လည်း Onlineပေါ်တွင် ကောင်မလေးဘက်မှ အလိုတူသည်ဖြစ်စေ၊ အလိုမတူ သည်ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ Video /ဓာတ်ပုံ ရိုက်ကူးပြီး Online ပေါ်တင်မည်ဟု ခြိမ်းခြောက်ခြင်း ၊ မိဘဆွေမျိုးများထံသို့ပေးပို့မည်ဟု ခြိမ်းခြောက်ခြင်း၊ တချို့သက်ဆိုင်သော လုပ်ငန်းခွင်နှင့် ကျောင်း ပတ်ဝန်းကျင်တို့တွင် ဖြန့်ဝေခြင်းများစွာရှိနေကြပါတယ်။

အခုလိုမျိုး ကိစ္စတွေကို Online ကနေ ခြိမ်းခြောက်လာပြီး အသရေဖျက်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ချက်ခြင်း တုန့်ပြန်သင့်ပါတယ်။ သင့်အတွက် သက်သောင့်သက်သာမဖြစ်တော့တဲ့ အခြေအနေရောက်နေပြီဆိုတာကို ချက်ခြင်း အသိပေးတုန့်ပြန်ခြင်းက လက်ရှိအခြေအနေကို ပိုပြီး ဆိုးမလာအောင် တားဆီးတာနဲ့ အတူတူပါပဲ။

ငြိမ်မခံပါနဲ့ အဲ့လိုငြိမ်ခံရင်း အမျိုးသမီးတွေက ခြိမ်းခြောက်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်လာနိုင်ပါတယ်။ တချို့ကိုယ့်ကို ကိုယ်သတ်သေမှုတွေ၊ တချို့တွေအလုပ်ပါထွက်လိုက်ရသည့်အဖြစ်တွေ၊ ကျောင်းဆက် မတက်ရဲတော့ပဲ ကျောင်းထွက်ရတဲ့အဖြစ်တွေ.. တချို့ဆို စိတ်ကျန်းမာရေးပါ ထိခိုက်မှုများ ခံနေရတဲ့အဖြစ်တွေ မြန်မာနိုင်ငံမှာ မနည်းမနောပါ။

ကျူးလွန်သူကို ဒီကိစ္စကို မိမိအနေနဲ့ လက်ခံပေးလို့မရကြောင်း ကောင်းကောင်းမွန်မွန် ပြောပြပါ။ စကားလုံးအရ ပြင်းထန်သွားမှာကို မစိုးရိမ်ပါနဲ့ လိုအပ်ရင် လိုအပ်သလိုပြောပါ။ကျူးလွန်သူကို ခွင့်လွှတ်နားလည်ပေးလိုက်တာမျိုး မလုပ်သင့်ပါ။ အရှက်ကွဲမှာ ဆိုးသည် ဖြစ်စေ ကြောက်လို့ဖြစ်စေ တောင်းဆိုမှုတွေကို မလိုက်လျောပါနဲ့။

လိင်အမြတ်ထုတ်ခြိမ်းခြောက်တာက တရားမဝင်တဲ့အတွက် ချက်ခြင်းစီမံဖြေရှင်းဖို့ လိုပါတယ်။ အကယ်၍ ပထမအဆင့်နားဝင်အောင်လုပ်ပြီး တားဆီးလိုက်လို့ ကျူးလွန်သူက ရပ်တန့်သွားခဲ့ရင်တောင်မှ ဘယ်အချိန်မှာ ဘာတွေဖြစ်ခဲ့တယ်၊ သင်က ဘယ်လိုတုန့်ပြန်ခဲ့တယ်ဆိုတာကို အသေးစိတ်ကအစ မှတ်တမ်းတင်ထားပါ။ ကျူးလွန်သူက နောက်ထပ်ဘယ်လို့ ပြန်တုန့်ပြန်မလဲဆိုတာကို မသိနိုင်တဲ့အတွက် မှတ်တမ်းတင်ထားသင့်ပါတယ်။ record (မှတ်တမ်း)ယူထားပြီး သက်ဆိုင်ရာ ဥပဒေတွေနဲ့ တရားစွဲဖို့ ပြင်ဆင်ထားပါ။
အကယ်၍ ဒါမျိုး နောက်တစ်ခါ ထပ်ကြုံတဲ့အခါ အသုံးဝင်နိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခံရပါက ရာဇဝတ်မှုတစ်ခုအနေနဲ့ တိုင်ကြားဖို့ အခွင့်အရေးရှိပါတယ်။ ဒီလိုကျူးလွန်ခံရတာ သင့်အမှားတစ်ခုမဟုတ်သလို ရှက်စရာတစ်ခု မဟုတ်တဲ့အတွက် တိုင်ကြားဖို့ စိုးရွံ့နေတာမျိုး မဖြစ်သင့်ပါ။ နောက်ပြီး ဒီလိုလူမျိုးကို လွှတ်ထားလိုက်ရင် ဒီထက်ဆိုးဝါးတဲ့ အမှုတွေ ဆက်ဖြစ်လာစေဖို့ ခွင်ပြုလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။

အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ အများကြီးရှိတဲ့အတွက် သင့်အနေနဲ့ အများကြီး စိုးရိမ်ဖို့ မလိုအပ်သလို လုံးဝ သည်းခံနေစရာမလိုပါဘူး သက်ဆိုင်တဲ့ ဥပဒေနဲ့ တိုင်ချက်ဖွင့်ပါ။ ဥပဒေရဲ့အကာအကွယ်ကို ယူပါ။

သတ္တိမွေးပါ
ဒါ ဘဝပျက်တဲ့ ကိစ္စမဟုတ်ပါ။ နာမည်ပျက်မှာပဲဆိုပြီးတော့ လဲ မျိုသိပ်မထားပါနဲ့ မိသားစု နှင့် သူငယ်ချင်းတွေကို ဖွင့်ပြောပါ/ တိုင်ပင်ပါ။ မိသားစု အနေနဲ့လည်း ဒီလို အဖြစ်တွေနဲ့ ကြုံလာရပြီဆိုရင် ကိုယ့်ရဲ့ သား/သမီးတွေ အပေါ်မှာ အပြစ်မဖို့ဘဲ တရားမျှတမှု ရဖို့အတွက် မိသားစု ဝင်နေ အနေနဲ့ အားပေးဖို့လိုတယ်။ ခံနေရတဲ့ လူကလည်း သတ္တိရှိဖို့လိုပါတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ မဖြေရှင်းပါနဲ့ တက်ကျွမ်းနားလည်တဲ့ ဥပဒေပညာရှင် တွေ အမျိုးသမီးရေးရာ နှင့် အဆိုပါကိစ္စရပ်များ ကိုလိုက်ပါ ဆောင်ရွက်ကူညီပေးသောသူများ အား အကူအညီတောင်းခံပါ။

နောက်ပြီး ဆရာတို့နိုင်ငံမှာ Generation Gap အရ လူကြီးမိဘတွေ အနေနဲ့ မိမိတို့၏ သားသမီးတွေနဲ့ အမြင်မတူတာတွေ များစွာရှိပါတယ်။ ဆိုတော့ မိဘနဲ့ သားသမီး အမြင်ချင်း ဖလှယ်ကြပြီး မိမိတို့ ၏ သား၊သမီး များ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ မခံရဖို့ အတွက် လိင်ပိုင်းဆိုင်ရာ ပညာပေး ဗဟုသုတ များ လက်တွေ့ကျကျ နားဝင်အောင်ပြောပြသင့်ပါ တယ်။ အဆိုပါ ကိစ္စများ ဖြစ်လာခဲ့ရင်လဲ အားပေးပါ၊ ဖေးမပါ၊ နွေးထွေးပါ၊ ကူညီပါ။ ကိုယ်ကိုတိုင်လဲ နားလည်တက်ကျွမ်းအောင် လေ့လာထားပါ။ အကူညီတောင်း ဖို့ပြင်ဆင်ပါ။

အဓိက သတ္တိရှိရှိနဲ့ ပြန်လည်ခုခံတိုက်ခိုက်သည့် နည်းလမ်းနဲ့ ဖြေရှင်းမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ရအောင် ရုန်းထွက်ပါ အခုနောက်ပိုင်း မှာ သတ္တိရှိိရှိ ဖြေရှင်းလာတဲ့ လူတွေများ လာကြပါပြီ။

အကယ်၍ ဒီထပ်အသေးစိတ် သိလိုသည်ပဲ ဖြစ်စေ၊ ဥပေဒေနှင့်ပတ်သတ်သည့် အကြောင်းအရာများ မေဆွေးနွေးတိုင်ပင်လိုသည်ဖြစ်စေ
Viber /Ph( 09781102019 ) သို့လည်းကောင်း Page Messenger သို့လည်း ကောင်း ဆက်သွယ် မေးမြန်းနိုင် ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း

~ခင်ပွန်းဖြစ်သူ ရဟန်းပြုရင် ကျန်ရစ်သူဇနီး နောက်အိမ်ထောင်ပြုလို့ ရ မရ?ဒီမေးခွန်းကို ဘယ်သူမေးမလဲလို့စောင့်နေခဲ့တာ။ မေးတဲ့သ...
08/01/2024

~ခင်ပွန်းဖြစ်သူ ရဟန်းပြုရင် ကျန်ရစ်သူဇနီး နောက်အိမ်ထောင်ပြုလို့ ရ မရ?

ဒီမေးခွန်းကို ဘယ်သူမေးမလဲလို့စောင့်နေခဲ့တာ။ မေးတဲ့သူရှိတာနဲ့ လိုရင်းတိုရှင်း လေးတင်ပြပေးလိုက်ပါတယ်

ခင်ပွန်းဖြစ်တဲ့သူဟာ ရဟန်းပြုသွားတဲ့အခါ ကျန်ရစ်တဲ့ ဇနီးမယား က အားကိုးရာမဲ့နေလို့ နောက်အိမ်ထောင်ပြုလို့ ရပါသလား။ ကလေးရှိခဲ့ရင် ရဟန်းထံ မယားနဲ့ ကလေးစရိတ် တောင်းလို့ရပါသလား။ ?

လင်ဖြစ်တဲ့သူ ဟာ ရဟန်းဘောင်သို့ ကူးပြောင်းရင် လင်ခန်းမယားခန်း ပြတ်စဲတယ်လို့ ဓမ္မသတ် ၃၆ စောင်တွဲ၊ ဒုတိယတွဲ၊ အခန်း ၁၄၊ ပုဒ်မ- ၄၁၁ မှာပြဆိုထားပါတယ်။ မနုကျယ်ဓမ္မသတ် တွဲ အခန်း ၁၇မှာ - `လင်သည် မယားရှိလျက် ရဟန်းပြုသော် ခုနှစ်ရက် ငံ့လင့်ရာ၏။ ခုနှစ်ရက်ကျော်လွန်မှ ရဟန်းလူထွက်လျှင် ငါ့မယားဖြစ်သည် မဆိုသာ။ မယားလင်နေပိုင်စေ’ဟု ပြဆိုထားတဲ့အတွက် ရဟန်းပြုပြီး ခုနှစ်ရက်ကျော်တာနဲ့ ရဟန်းဘဝနဲ့ ဆက်နေမယ်ဆိုရင် ကျန်ရစ်သူ မယား နောက်အိမ်ထောင်ပြုလို့ရတယ်လို့ အဓိပ္ပာယ်ရပါတယ်။

မယားစရိတ်နဲ့ ကလေးစရိတ်ကတော့ `မောင်ညွန့်တင်နှင့်မပု၊၁၉၅၄၊ ဘီအယ်လ်အာ-လွှတ်တော်’ စီရင်ထုံးမှာ လူတယောက် ရဟန်းဘောင်သို့ ကူးဝင်သွားစေကာမူ မယားနှင့် သားသမီး စားစရိတ်ပေးရန် တာဝန်မှ မလွတ်ကင်းကြောင်း ထုံးဖွဲ့ထားပါတယ်။
ဒါပေမဲ့လို့ဗျာ ခင်ပွန်းသည်က ရဟန်းဘောင်ဝင်သွားတဲ့ ကိစ္စမှာ အပူမပေးပဲနဲ့ ပါရမီဖြည့်လိုက်ပါ ဘာစရိတ်မှမတောင်းဘဲ ကုသိုလ်ယူလိုက်တာ အကောင်းဆုံးပါပဲဗျာ

ကိုးကား.. ဓမ္မသတ် ၃၆၊ မနုကျယ်ဓမ္မသတ်၊ မောင်ည့န့်တင်နှင့်မပု ၁၉၅၆၊ ဘီအယ်လ်အာ-လွှတ်တော်၊ ဦးမြင့်လွင်

အကယ်၍ ဒီထပ်အသေးစိတ် သိလိုသည်ပဲ ဖြစ်စေ၊ ဥပေဒေနှင့်ပတ်သတ်သည့် အကြောင်းအရာများ ဆွေးနွေးတိုင်ပင်လိုသည်ဖြစ်စေ
Viber /Ph( 09781102019 ) သို့လည်းကောင်း Page Messenger သို့လည်း ကောင်း ဆက်သွယ် မေးမြန်းနိုင် ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း

~~~~~မယားခေါ်လိုမှု~~~~          ကြားဖူးနေကျစကားတွေပေါ့ မယားကအိမ်ပေါ်ကဆင်းသွားလို့ဆရာ ဘာလုပ်လို့ရလဲ အစသဖြင့်ပေါ့.. အရင်ဆ...
06/01/2024

~~~~~မယားခေါ်လိုမှု~~~~

ကြားဖူးနေကျစကားတွေပေါ့ မယားကအိမ်ပေါ်ကဆင်းသွားလို့ဆရာ ဘာလုပ်လို့ရလဲ အစသဖြင့်ပေါ့.. အရင်ဆုံး နိုတစ်စာနဲ့ ညှိနှိုင်းပြီးခေါ်ယူကြပါတယ် နိုတစ်စာပို့သည်တိုင် မရခဲ့သည်ဆိုလျှင်
တရားမကြောင်းနဲ့ တရားရုံးမှာ ဇနီးမယား
ဖြစ်သူကို ပြန်လည်ပေါင်းသင်းလိုမှု
(Restitution Of Conjugal Right) စွဲလို့ရပါတယ်။
အရပ်အခေါ် မယားခေါ်လိုမှုပေါ့။

အချက်တွေနဲ့ပြောရမယ်ဆိုလျှင်

(၁)မယားဖြစ်သူသည် မိမိနှင့် ပေါင်းသင်းနေ
ထိုင်စဉ် အကြောင်းမဲ့ နေအိမ်မှ ထွက်ခွါသွားလျှင်
လင်မယားအဖြစ် ပြန်လည်ပေါင်းသင်းလိုမှုဖြင့်
တရားစွဲဆိုနိုင်ပါသည်။

(၂)လင်က မယားကို ပြန်လည်ပေါင်းသင်းလိုမှုစွဲဆို
ရာတွင် သက်ဆိုင်သည့် ဥပဒေအရ တရားဝင်
လင်မယား ဟုတ်မဟုတ်၊ ပြန်လည်ပေါင်းသင်း
လိုသူက အပြစ်ကင်းမကင်း၊ တရားပြိုင် သည်
အကြောင်းမဲ့ ခွဲခွါနေခြင်း ဟုတ်မဟုတ်ကို
အဓိကထား တင်ပြရပါမည်။

(၃)မယားသည် ခိုင်လုံသော အကြောင်းပြချက်ရှိလျှင်
ပြန်လည်ပေါင်းသင်းရန် ငြင်းဆိုနိုင်သည်။

(၄)မယားခေါ်လိုမှု သည် မယားအပေါ်စွဲဆိုရန်ဖြစ်ပြီး
ယောက်ခမ အားစွဲဆိုရန်မဟုတ်ချေ။

(၅)လင်မယားပြန်လည်ပေါင်းသင်းလိုသည့် ဒီကရီကျ
စေကာမှု တရားရှုံးဖြစ်သူ က ပြန်လည်ပေါင်းသင်း
နေထိုင်ဖို့ မလိုလားလျှင် ဒီကရီအတည်ပြုရန်
မလွယ်ချေ။

အကယ်၍ ဒီထပ်အသေးစိတ် သိလိုသည်ပဲ ဖြစ်စေ၊ ဥပေဒေနှင့်ပတ်သတ်သည့် အကြောင်းအရာများ ဆွေးနွေးတိုင်ပင်လိုသည်ဖြစ်စေ
Viber /Ph( 09781102019 ) သို့လည်းကောင်း Page Messenger သို့လည်း ကောင်း ဆက်သွယ် မေးမြန်းနိုင် ပါသည်။

လေးစားစွာဖြင့်
ရှေ့နေဦးရဲဇော်သိန်း

Address

Hlaing

Telephone

+959781102019

Website

Alerts

Be the first to know and let us send you an email when ဥပဒေရေးရာသိလိုရာမေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category