Ko Kywe Gyi Myanmar Law Channel

Ko Kywe Gyi Myanmar Law Channel Legal Knowledge For All.
ကျွန်ုပ်လေ့လာသိရှိသမျှ ဥပဒေဗဟုသုတများကို ပြန်လည်မျှဝေရန်။

29/05/2026

#အလုပ်သင်​ရှေ့​နေတို့အတွက်​လေ့လာသင်ယူနည်းလမ်းညွှန် အပိုင်း(၁) [စနစ်တကျ Strategy ချမှတ်ခြင်း]

"ချိန်ဘာမာစတာဟာ ကျူရှင်ဆရာမဟုတ်ဘူး။ ချိန်ဘာမာစတာဟာ မင်းရဲ့ဆရာဖြစ်ပြီး မင်းကိုယ်တိုင်ကတော့ မင်းရဲ့ဂိုက်ဆရာပဲ။"

ရှေ့နေအလုပ်သင် (၁) နှစ်တာကာလအတွင်းမှာ အချိန်တွေမဖြုန်းတီးဘဲ၊ အခြေခံကျကျ စနစ်တကျ လေ့လာသင်ယူနိုင်ဖို့အတွက် ကျွန်တော်ရဲ့ အလုပ်သင်ဘဝ လက်တွေ့အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး လမ်းညွှန်ဆွေးနွေးပေးထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။

အခုအပိုင်း (၁) မှာတော့ အလုပ်သင်ကာလကို စနစ်တကျစီမံခန့်ခွဲပြီး Strategy ချမှတ်ဖို့ ၊ ထားရှိသင့်တဲ့ ဥပဒေအသိနဲ့ တရားခွင်အတွင်း လေ့လာသင့်တဲ့ အခြေခံတွေကို မျှဝေပေးထားပါတယ်။

YouTube Channel တွင် ဝင်​ရောက်​ကြည့်ရှု့​ပေးကြပါ။
Comment တွင့် လင့်ခ်ရှိပါသည်။

ကိုကြွယ်ကြီး(​ကောင်းမြတ်သူ-ဥပ​ဒေ)

#အလုပ်သင်​ရှေ့​နေ
#ချိန်ဘာ #ကိုကြွယ်ကြီး #​ကောင်းမြတ်သူ_ဥပ​ဒေ

ဟိုတ​လောက NotebookLM အ​ကြောင်း Photoပို့စ်တင်ထား​တော့ လုပ်ရတာအဆင်မ​ပြေဘူး​ပြောတဲ့ ဆရာ၊ဆရာမတို့အတွက် ကျ​နော်နားလည်သ​လောက်...
26/05/2026

ဟိုတ​လောက NotebookLM အ​ကြောင်း Photoပို့စ်တင်ထား​တော့ လုပ်ရတာအဆင်မ​ပြေဘူး​ပြောတဲ့ ဆရာ၊ဆရာမတို့အတွက် ကျ​နော်နားလည်သ​လောက် ကျ​နော့်ရဲ့ YouTube Channel မှာ ရှင်းလင်း​ပြောပြထားပါတယ်။

ကိုကြွယ်ကြီး(​ကောင်းမြတ်သူ-ဥပ​ဒေ)

#ဥပ​ဒေနဲ့AI

ဥပ​ဒေစာအုပ် စာ​ပေ​တွေကို Google AI ဖြစ်တဲ့ NotebookLM ထဲမှာထည့်သွင်...

 #လင်နှင့်မယားတို့၏သက်ဆိုင်ရာပစ္စည်းများ"ပါရင်း အထက် နှစ်ပါးမြတ်၊လက်ထပ် ခန်းဝင် ၅ချက်ရှင်။သင်းသီး မင်း​ပေး ​ခေတ်ဒုန်း​ဝေ...
15/05/2026

#လင်နှင့်မယားတို့၏သက်ဆိုင်ရာပစ္စည်းများ

"ပါရင်း အထက် နှစ်ပါးမြတ်၊
လက်ထပ် ခန်းဝင် ၅ချက်ရှင်။
သင်းသီး မင်း​ပေး ​ခေတ်ဒုန်း​ဝေး။"

- လင်နှင့်မယားတို့၏ သက်ဆိုင်ရာပစ္စည်း (၇)မျိုးရှိသည်။ သို့​သော် ​ခေတ်ကာလ ​ပြောင်းလဲမှုများအရ သင်းသီးပစ္စည်းနှင့် မင်း​ပေးပစ္စည်းမျိုးမှာ ယခု​ခေတ်၌ မရှိ​တော့​ပေ။

#ကိုကြွယ်ကြီး(​ကောင်းမြတ်သူ-ဥပ​ဒေ)
#ပါရင်းပစ္စည်း #အထက်ပါပစ္စည်း #နှစ်ပါးစုံပစ္စည်း #လက်ထပ်ပွားပစ္စည်း #ခန်းဝင်ပစ္စည်း #သင်းသီးပစ္စည်း #မင်း​ပေးပစ္စည်း

 , S.17 to S.23 (အလွယ်မှတ်သား မှတ်စုကဗျာများ)၁၇ကစ ဖွင့်ဆိုပြ ဝန်ခံချက်ရဲ့ အနက်ရ။Who Can Make Admission ၁၈၊၁၉၊၂၀ တွင်Rele...
28/07/2025

, S.17 to S.23 (အလွယ်မှတ်သား မှတ်စုကဗျာများ)
၁၇ကစ ဖွင့်ဆိုပြ
ဝန်ခံချက်ရဲ့ အနက်ရ။
Who Can Make Admission
၁၈၊၁၉၊၂၀ တွင်
Relevancy တင်ကာပြ
တူးဝမ်း၊ တူးတူးက
နှစ်ဆယ့်သုံးက တရားမ။

ရိုသေစွာဖြင့်
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
#သက်သေခံအက်ဥပဒေ
Kaung Myat Thu

YouTube Channel - https://www.youtube.com/

28/07/2025

#{EA, S.11 to S.16}
👉EA, S.11 (အလွယ်မှတ်သား မှတ်စုကဗျာများ)
ဆန့်ကျင် ၊ ယုတ္တိရှိ/မရှိ
Alibiပြ ဆယ့်တစ်က
အိန္ဒိယကား သတိရ။
- ဥပမာ (၂)ခုရှိသည်။
- ရန်ကုန်မှာ ပြစ်မှုဖြစ်၊ ထိုအချိန် မေမြို့မှာရှိနေတယ်ပြောသည့်ကိစ္စ။

👉EA, S.12
12 Vol% သောက်ကာ
လျော်ကြေးတောင်း
ပြောသည့်အကြောင်း စပ်ဆိုင်ကြောင်း။

👉EA, S.13 (အ-စ)
ခွင့် ၊ တောင်း ၊ ပြင် ၊ မှတ် ၊ ပြောဆိုချက်၊
ငြင်းဆို ၊ ရှိသည် ဆန့်ကျင်လျက်၊
ပြုခြင်း ပြုသည် ကန့်ကွက်ချက်၊
EA ၁၃ မှတ်။
- ဥပမာ(၁)ခုရှိသည်။
- အင်းကိစ္စ။ A အဖက ဘိုးစဉ်ဘောင်ဆက် အပိုင်ပေးပိုင်လာ၊ ပေါင်းနှံ၊ အပေါင်းနဲ့ဆန့်ကျင်ပြီးငှားရမ်း၊ အခွင့်အရေးအဖြစ်အသုံးပြုခဲ့သည့် သီးခြားအစဉ်အလာနဲ့ အနီးအနားနေထိုင်သူတို့တားမြစ်ချက်က စပ်ဆိုင်။
- ပထစVsနော်ခွန်ဇော်ဘာ (၁၉၆၆၊မတစ၊တရားရုံးချုပ်၊ ၁၄၁၇)အမှု

👉EA, S.14
စိတ် ၊ ကိုယ်ခန္ဓာ ၊ ခံစားရာ၊
ဖေဖော်ဝါရီ ၁၄ပါ။
- ဥပမာ( ၁၆)ခုရှိသည်။
- ခိုးရာပါပစ္စည်းဝယ်သည့်ကိစ္စ၊ ဈေးလျော့ဝယ်တယ်၊ သိမ်းထားတယ်။

👉EA, S.15
လပြည့်ညမှာ ထားလို့သွား၊
မတော်တဆလား ၊ တမင်လား။
- ဥပမာ(၃)ခုရှိသည်။
- အိမ်မီးရှို့၊ မီးအာမခံတောင်းစားသည့်ကိစ္စ။

👉EA, S.16
၁၆ဘားနဲ့ Dissတာဟာ
လုပ်ရိုးလုပ်စဉ်အကွက်တွေပါ။
- ဥပမာ(၂)ခုရှိသည်။
- စာပို့လုလင်ကိစ္စ။ စာတိုက်ပုံးမှစာကို စာတိုက်ပို့တာ စာပို့လုလင်လုပ်ရိုးလုပ်စဉ်။ စာတိုက်ပုံးထဲ စာထည့်လိုက်တယ်ဆိုတဲ့အကြောင်းစပ်ဆိုင်။
- စာသေရုံးမှ စာပြန်မလာ။ ပို့လိုက်ပြီဟုယူဆကိစ္စ။

(မှတ်ချက်။ အလွယ်တကူပေါ့ပေါ့ပါးပါး မှတ်သားလွယ်ရန် ရေးထားခြင်းဖြစ်ပါသည်။ အသေးစိတ်ရှင်းလင်းချက်များကို YouTube Channel တွင် ရှင်းလင်းတင်ပြသွားပါမည်။)

ရိုသေစွာဖြင့်
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
#သက်သေခံအက်ဥပဒေ
KO KYWE GYI Myanmar Law Channel - ကိုကြွယ်ကြီး မြန်မာ ဥပဒေချန်နယ်

YouTube Channel - https://www.youtube.com/

28/07/2025

#{EA, S.6 to S.10}
👉EA, S.6 (အလွယ်မှတ်သား မှတ်စုကဗျာများ)
Relevancy of facts forming part of same transaction.
ကိစ္စတစ်ခုတည်းအဖြစ် ဆက်စပ်နေလျှင် စပ်ဆိုင်တာက Six(6).
- ဥပမာ(၄)ခုရှိသည်။
- အစိုးရကို ပုန်ကန်မှုဖြစ်၊ လက်နက်ကိုင်ပြီး ပစ္စည်းဖျက်ဆီး၊ စစ်တိုက်၊ ထောင်ဖောက်၊ တစ်ချိန်စီ တနေရာစီဖြစ်ပေမဲ့ ကိစ္စတခုတည်းမှာဖြစ်။

👉EA, S.7 (အလွယ်မှတ်သား မှတ်စုကဗျာများ)
Facts which are the occasion, cause or effect of facts in issue.
အခွင့်---အခါ၊
အကျိုး---အကြောင်း၊
အခြေ---အနေ ၊
အခွင့်---အလမ်း၊
Lucky 7.
- ဥပမာ(၃)ခုရှိသည်။
- လုယက်မှုမဖြစ်ခင် ငွေကိုင်လျက်ပွဲဈေးသွား၊ ငွေပါကြောင်းထုတ်ပြ ပြောပြခြင်းများကိစ္စ။

👉EA, S.8 (အလွယ်မှတ်သား မှတ်စုကဗျာများ)
Motive, preparation and previous or subsequent conduct.
လှုံ့ ၊ ပြင် ၊ မူ ၊ ရှစ်(၈)။
- ဥပမာ (၁၁)ခုရှိသည်။
- လုယက်သည် မလုယက်သည်ကိစ္စ၊ ရဲတွေရှာနေပြီပြောရော ရုတ်တရက်ထွက်ပြေးသွားခြင်းကိစ္စ။

👉EA, S.9 (အလွယ်မှတ်သား မှတ်စုကဗျာများ)
ရှင်းလင်း ၊ ဖော်ထုတ်၊
မှန်ကြောင်းထောက်ခံ ၊ ချေပရန်၊
မှန်သည် ၊ မမှန်သည် အထင်ရှား၊
အချိန် ၊ နေရာပိုင်းလို့ခြား၊
Relationship Partiesများ၊
ရေတွက်ကြည့်က အဖြေရ။ (9)
- ဥပမာ(၆)ခုရှိသည်။
- ပြစ်မှုကျူးလွန်ပြီးနောက် အိမ်ကထွက်ပြေး၊ ပုဒ်မ ၈အရ စပ်ဆိုင်၊ ထွက်ပြေးသွားတဲ့နေရာမှာ အရေးတကြီးကိစ္စရှိလို့ ထွက်ပြေးရခြင်းဟု ပြောခြင်းသည် ထွက်ပြေးရသည့်အကြောင်း ရှင်းလင်းခြင်းဖြစ်၍ စပ်ဆိုင်သည့်ကိစ္စ။

👉EA, S.10 (အလွယ်မှတ်သား မှတ်စုကဗျာများ)
ဘူကောင်တွေနဲ့ ပူးပေါင်းကြံ ဘူဖြစ်ခဲ့ရပြန်။
- ဥပမာ(၁)ခုရှိသည်။
- အစိုးရကိုစစ်မက်ပြိုင်ရန်ပူးပေါင်းကြံစည်၊ လက်နက်ဝယ်ဖို့၊ ရန်ကုန်မှာငွေစု၊ ပုသိမ်မှာလူစု၊ တောင်ငူမှာ ကြံစည်ချက်အားပေး စာရေးသား၊
ကောက်ခံထားတဲ့ငွေတွေ မန္တလေးမှ တောင်ကြီးပို့သည့်ကိစ္စ။ ပူးပေါင်းကြံစည်သူ တစ်ဦး၏လုပ်ရပ်က အားလုံးအပေါ်သက်ရောက်။

ရိုသေစွာဖြင့်
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
#သက်သေခံအက်ဥပဒေ
KO KYWE GYI Myanmar Law Channel - ကိုကြွယ်ကြီး မြန်မာ ဥပဒေချန်နယ်

YouTube Channel - https://www.youtube.com/

25/04/2023
23/04/2023

🙋ရပ်တန့်ခဲ့သောခြေလှမ်းများအား
တဖန်ပြန်လည်ရွှေ့လျားခြင်း
(သို့မဟုတ်) Candle Law School - ဖယောင်းတိုင် ဥပဒေပညာသင်ကျောင်း

(၁-၂-၂၀၂၁)ရက်နေ့မှစ၍ ဥပဒေသင်တန်းများ သင်ကြားခြင်း နှင့် ဥပဒေမှတ်စုများ ရေးသားခြင်း/ထုတ်ဝေရောင်းချခြင်း တို့ကို ရပ်တန့်ခဲ့ပါသည်။ အမှန်စင်စစ်အားဖြင့် ကျွန်တော်သည် တရားသူကြီး အလုပ်အပြင် ဥပဒေမှတ်စုရေးသားခြင်း၊ ဥပဒေသင်တန်းသင်ကြားခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုသူတစ်ဦးဖြစ်ပါသည်။ အခြေအနေ အကြောင်းတရားများနှင့် စိတ်ခံစားချက် တစ်ချို့ကြောင့် အထက်ပါလုပ်ဆောင်မြဲအလုပ်ကို ရပ်တန့်ခဲ့ခြင်းဖြစ်ပါသည်။
ယင်းသို့ရပ်တန့်ထားစဉ်ကာလအတွင်း မိမိ၏အရည်အချင်းကို ဖြည့်တင်းခြင်း၊ ဥပဒေရေးရာမှတ်စုများ စုဆောင်းရေးမှတ်ခြင်း၊ သင်ရိုးညွှန်းတမ်းများစနစ်တကျပြင်ဆင်ခြင်း တို့ဖြင့် အချိန်များစွာကို ကုန်ဆုံးစေခဲ့ပါသည်။
ယခုအခါ ကျွန်ုပ်၏ဘဝဆက်လက်ရပ်တည်ရေးနှင့် သင်ယူလိုသည့်အချို့သော ဥပဒေကျောင်းသားများ ဥပဒေပညာကိုဆက်လက်သင်ယူနိုင်ရေးအတွက် ဥပဒေသင်တန်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို စတင်လုပ်ဆောင်သွားတော့မည်ဖြစ်ပါသည်။
ယခင်က သုံးနှုန်းခဲ့သော ကိုကြွယ်ကြီး ဆိုသည့် အမည်နာမထက် ကျွန်တော့်ဘဝ ဥပဒေလောကထဲ စတင်အခြေချစဉ်က သုံးနှုန်းခဲ့ သော "ဖယောင်းတိုင်" ဆိုသည့် အမည်နာမ လေးကို ပိုမို၍ တမ်းတမိသည့်အတွက် "ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်း- Candle Law School" ဟူ၍ ဥပဒေပညာသင်ကျောင်းကြီးကို စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ ထိုသို့ ဖွင့်လှစ်ရာတွင် ကျွန်တော်တစ်ဦးတည်း ဖွင့်လှစ်သည့် ပုံစံမျိုး မဟုတ်ပဲ သင်တန်းတက်ရောက်သူတို့ ဥပဒေအသိပညာပိုမိုတိုးတက်စေရန် အခြားသောပညာရှင် အသီးသီးဖြင့်လည်း ပူးပေါင်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဦးစွာ အနေဖြင့် အောက်ပါ သင်တန်းကျောင်းလင်ခ့်ကို Like and Follow လုပ်ထားပေးကြပါလို့ တောင်းဆိုအပ်ပါသည်။ သင်တန်းကျောင်း အစီအစဉ်များကို အောက်ပါ "ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်း- Candle Law School" Pageမှ မကြာမီတင်ပြသွားမည် ဖြစ်ပါသည်။
ရိုသေစွာဖြင့်
ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
Candle Law School
👇👇👇
https://www.facebook.com/profile.php?id=100091910027751&mibextid=ZbWKwL

ဥပဒေဆိုင်ရာအတက်ပညာရပ်များအား လေ့ကျင့်သင်ကြားပေးသည့် သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။

ကဲ ပြန်တွေ့ပြန်ပြီ နောက်တခု။၂၀၁၈ခုနှစ်က ပို့စ်ပါ။ အမှန်တော့ ဒီတိုင်းမှတ်သားထားလည်းရပါတယ်။ ကျွန်တော်အဲ့တုန်းက ဘယ်လိုအတွေး...
13/11/2022

ကဲ ပြန်တွေ့ပြန်ပြီ နောက်တခု။
၂၀၁၈ခုနှစ်က ပို့စ်ပါ။ အမှန်တော့ ဒီတိုင်းမှတ်သားထားလည်းရပါတယ်။ ကျွန်တော်အဲ့တုန်းက ဘယ်လိုအတွေးပေါက်ပြီး ကဗျာတွေ စပ်ခဲ့လည်းမသိ။

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေရှင်တစ်ဦး သေဆုံးသည့်အခါတွင် အမွေဆက်ခံရေးအခြေခံမူများအရ အမွေခံတို့သည် အစီအစဉ်တကျဆက်ခံကြရပါသည်။
အမွေခံတို့၏ အစီအစဉ်များမှာ-
၁။ သားသမီးများ
၂။ မြေးများ
၃။ မြစ်များ
၄။ ညီအစ်ကိုမောင်နှမများ
၅။ မိဘများ
၆။ ဘိုးဘွားများ
၇။ တူ/တူမများ
၈။ ဦးကြီး ဦးရီး ဦးလေး အရီးကြီး အရီးလေး
မိကြီး အဒေါ် များ
၉။ တူ တူမများ၏ သားသမီးများ
၁၀။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ
၁၁။ တူ တူမများ၏ မြေးများ
၁၂။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ၏ သားသမီးများ
၁၃။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ၏
မြေးများ —–စသည့်အတိုင်းဖြစ်သည်။
အထက်ပါအစီအစဉ်က လေ့လာဖတ်ရှု့ရင်း
အောက်ပါအတိုင်း ကဗျာလေးရေးစပ်မိပါ၍ တင်ပြပေးလိုက်ပါသည်။

**အမွေခံတို့၏ အစီအစဉ်**

အမှတ်စဉ် တစ်မှာ သားသမီးလာ
နှစ် သုံး မြေး မြစ် တန်းစီပါ
လေးမှာ ညီအစ်ကိုမောင်နှမများ
အနန်တ ငါးပါး မိဘထား။
ဘိုးဘိုးဘွားဘွား အသက်ခြောက်ဆယ်
တူ တူမကို ခွန်ထားကွယ်
ချစ်လိုက်ကြပါ ဦး/ဒေါ်များ
တူ တူမရင်သွေး အားကိုးထား။

တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမဆို
အမှတ်စဉ်မှာ ဘူပဲဗျို
တူ တူမရဲ့ မြေးတော်များ
ဆယ့်တစ်မီးငြိမ်းတာ သိပါသလား။

ကဗျာဆုံးအောင် ထပ်စပ်မယ်
၁၂/၁၃ မှတ်ထားကွယ်
တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများ သားသမီး
မြေးမှာ အဆုံးသတ်သွား——–။

မှတ်ချက်။ ခွန် ကို (၇)ဟုမှတ်ပါ။
ချစ် ကို (၈)ဟုမှတ်ပါ။ ဘူ ကို (၁၀)ဟုမှတ်ပါ။
****** ****** ****** ***** ******။
ရိုသေစွာဖြင့်
ကောင်းမြတ်သူ
(၂၁-၇-၂၀၁၈)

#အမွေခံတို့၏အစီအစဉ်
#မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ

#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)

Address

Dagon
11191

Alerts

Be the first to know and let us send you an email when Ko Kywe Gyi Myanmar Law Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ko Kywe Gyi Myanmar Law Channel:

Share