Bang Teng Customs Clearance Co., Ltd

Bang Teng Customs Clearance Co., Ltd Customs Clearance, Customs Declaration, Trucking, Licenses and Other Services.

ယနေ့ ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့တွင် ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း...
01/05/2026

ယနေ့ ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့တွင် ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။




ယနေ့ ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအားလုံး ဒါန၊သီလ၊ဘာဝနာအမှုတို့ကို တတ်စွမ်းသလောက် ပ...
30/04/2026

ယနေ့ ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအားလုံး ဒါန၊သီလ၊ဘာဝနာအမှုတို့ကို တတ်စွမ်းသလောက် ပြုလုပ်အားထုတ်နိုင်ကြပြီး စိတ်အေးချမ်းသာရှိကြပါစေကြောင်း Bang Teng Customs Clearance Co., Ltd မှဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။



ပြီးပြည့်စုံတဲ့ Export / Import လုပ်ငန်းစဉ်တစ်ခု ဖြစ်ဖို့ BT Customs Clearance က အသင့်ရှိနေပါတယ်။Export Import လုပ်ငန်းစ...
21/04/2026

ပြီးပြည့်စုံတဲ့ Export / Import လုပ်ငန်းစဉ်တစ်ခု ဖြစ်ဖို့ BT Customs Clearance က အသင့်ရှိနေပါတယ်။

Export Import လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့လုပ်ငန်းစဉ် ၂ ရပ်ရှိပါတယ်။
▪️Documents Handling Processes
▫️Operation Procedures
တို့ဖြစ်ပါတယ်။ ပထမလုပ်ငန်းစဉ်အနေနဲ့…
▪️Documents Handling Processesဆိုတာ ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းပြင်ဆင်ပြုစုခြင်းလို့ခေါ်ပါတယ်။
1️⃣ Commercial Documents
Invoice , Packaging , Sales Contract, Specifications , etc…
2️⃣ Transport Documents
Truck Note , Master & House Way Bill ( Shipping & Carrier Line )etc..
3️⃣ Financial Documents
Letter Of Credit , Bill Of Exchange, Bank Draft ,etc…
4️⃣ Insurance Documents
Insurance Policy ,
Insurance Certificate
5️⃣ Official / Legal Documents
C/O , CEPT , GMP , HACCP , FDA , Export & Import License ( Governmental recommendation letter ),etc…
6️⃣ Inspection / Quality Documents
Inspection Certificate, Health Certificate, Phytosanitary Certificate,etc…
Documents Handlingဆိုတာ လုပ်ငန်းစဉ်တခုလုံးရဲ့ silent Processesဖြစ်ပြီး လုပ်ငန်းစဉ်တိုးတက်လာတာနဲ့အမျှ စာရွက်စာတမ်းထိမ်းသိန်းခြင်းလုပ်ငန်းစဉ်ဟာ ပိုမိုအရေးကြီးအသေးစိတ်လာပါတယ်။

▫️Operation Procedures ဆိုတာ
▪️Export Operation Procedure
▪️Import Operation Procedure
▪️Logistics Operation Procedure အစရှိတဲ့လုပ်ငန်းစဉ်တွေပါဝင်ပါတယ်။

ယျေဘုယျလုပ်ငန်းစဉ်တွေအနေနဲ့…
1️⃣ Buyer / Seller အကြောင်းအချက် သဘောတူညီခြင်း (Quotation / Contract)
2️⃣ Proforma Invoice ထုတ်ခြင်း
3️⃣ Buyer မှ Purchase Order (PO) ထုတ်ခြင်း
4️⃣ LC (Letter of Credit) ဖွင့်ခြင်း (သို့မဟုတ် TT ပေးချေခြင်း)
5️⃣ Export License / COO တင်သွင်းခြင်း
6️⃣ Shipment Arrangement (Booking Cargo Space, Container Pickup)
7️⃣ Customs Clearance (Export Declaration, Duty, etc.)
8️⃣ Cargo Loadingလုပ်ဆောင်ခြင်း& BL Issue ထုတ်ပေးခြင်း
9️⃣Document Preparation (Invoice, Packing List, BL, COO, Insurance)
🔟Bank သို့ Documents တင်သွင်းခြင်း (For Payment Collection)
Payment Received & Record KeepingအစရှိသောOperation Procedure ရဲ့ အရေးပါမှုတွေကလုပ်ငန်းမှာ အမှားအယွင်းနည်းစေပါတယ်။
✔️အသစ်ဝင်တဲ့ ဝန်ထမ်းတွေကို လွယ်လွယ်ကူကူ လေ့လာနိုင်တယ်။
✔️Customer နဲ့ Company အကြားယုံကြည်မှုတိုးတက်စေတယ်။
✔️အချိန်နှင့် အရင်းအနှီး သက်သာစေတယ်။
✔️Quality Control & Compliance အတွက် အထောက်အကူဖြစ်ပါတယ်။

သွင်းကုန် ထုတ်ကုန်များ လွယ်ကူစွာ ပို့ဆောင်သယ်ယူနိုင်ဖို့ Bang Teng Customs Clearance Co., Ltd မှ ဆွေးနွေးတိုင်ပင်ပြီး ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

ဆက်သွယ်မေးမြန်း စုံစမ်းလိုပါက
📞 09 768 095 720
📞 09 750 207 215

📍 Bang Teng Customs Clearance Co., Ltd.
"Your Trusted Partner in Customs Clearance."
တိုက်အမှတ် B2၊ အခန်း 101
သီရိမင်္ဂလာဥယျာဉ်အိမ်ရာ ၊ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး



မြန်မာနှစ်ကူး နှစ်ဆန်းတစ်ရက် နေ့တွင် စိတ်၏ချမ်းသားခြင်း ကိုက်၏ကျန်းမာခြင်း များပိုင်ဆိုင်နိုင်ကြပြီး  စီးပွားလာဒ်လာဘ်မျာ...
17/04/2026

မြန်မာနှစ်ကူး နှစ်ဆန်းတစ်ရက် နေ့တွင် စိတ်၏ချမ်းသားခြင်း ကိုက်၏ကျန်းမာခြင်း များပိုင်ဆိုင်နိုင်ကြပြီး စီးပွားလာဒ်လာဘ်များတိုးပွားနိုင်ကြပါစေကြောင်း Bang Teng Customs Clearance မှာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



အတာသင်္ကြန် နှစ်သစ်ကူး အချိန်ကာလတွင် သာယာပျော်ရွှင်ဖွယ်ကောင်းနေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပြီး အတာရေနှင့် အတူနှစ်ဟောင်...
11/04/2026

အတာသင်္ကြန် နှစ်သစ်ကူး အချိန်ကာလတွင် သာယာပျော်ရွှင်ဖွယ်ကောင်းနေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပြီး အတာရေနှင့် အတူနှစ်ဟောင်းမှ နှစ်သစ်သို့ အတူတူဖြတ်သန်းနိုင်ကြပါစေကြောင်း Bang Teng Customs Clearance မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



Bang Teng Customs Clearance Co., Ltd မှ လုပ်ငန်းအတွေ့အကြုံရှိသော ဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရင် ခေါ်ယူလျက်ရှိပါသည်။C...
03/04/2026

Bang Teng Customs Clearance Co., Ltd မှ လုပ်ငန်းအတွေ့အကြုံရှိသော ဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရင် ခေါ်ယူလျက်ရှိပါသည်။

Customer Service (1) Post

အသက်(၃၀) နှင့် အထက်ဖြစ်ရမည်
Customer Services ပိုင်းအတွေ့ အကြုံ ရှိရမည်။
Customer များအားစိတ်ရှည်စွာဖြင့် မိမိလုပ်ငန်းအကြောင်း သေချာစွာရှင်းပြနိုင်ရမည်။
တရုတ်စကား ကျွမ်းကျင်စွာ ပြောတတ်သူကို ဦးစားပေးမည်။
လစာ - ညှိနှိုင်း

Sales Person (1) Post

အသက်(၃၀) နှင့် အထက်ဖြစ်ရမည်။
Customer များအားစိတ်ရှည်စွာဖြင့် မိမိလုပ်ငန်းအကြောင်း သေချာစွာရှင်းပြနိုင်ရမည်။
တရုတ်စကား ကျွမ်းကျင်စွာ ပြောတတ်သူကို ဦးစားပေးမည်။
Sales နယ်ပယ်တွင် အတွေ့အကြုံ ရှိသူပိုဦးစားပေးမယ်။
လစာ - ညှိနှိုင်း

CV များပေးပို့ရန် Viber ( 09 786 173 517)
Mail address - [email protected]



ကုမ္ပဏီလုပ်ငန်းများအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များသည် တိကျမှု၊ လုံခြုံမှုနှင့် အချိန်မီဆောင်ရွက်နိုင်မှုတို့...
28/03/2026

ကုမ္ပဏီလုပ်ငန်းများအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များသည် တိကျမှု၊ လုံခြုံမှုနှင့် အချိန်မီဆောင်ရွက်နိုင်မှုတို့ အထူးလိုအပ်ပါသည်။

Bang Teng Customs Clearance Co., Ltd. သည် စီးပွားရေးလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော Customs Clearance Partner အဖြစ် ရပ်တည်လျက်ရှိပြီး စနစ်တကျလုပ်ငန်းစဉ်များနှင့် အတွေ့အကြုံပြည့်ဝသောအဖွဲ့ဖြင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

➤Timely & Accurate Documentation Handling
➤Compliance-focused Clearance Process
➤Risk Awareness & Coordination with Relevant Authorities
➤Confidential & Professional Service Standards
➤လုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုများ၊ Service Proposal သို့မဟုတ် Long-term Cooperation အတွက် ကျွန်ုပ်တို့၏ ရုံးသို့ ကိုယ်တိုင် လာရောက် ဆွေးနွေးနိုင်သကဲ့သို့ ဖုန်းမှတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါသည်။

📍 Bang Teng Customs Clearance Co., Ltd.
"Your Trusted Partner in Customs Clearance."
တိုက်အမှတ် B2၊ အခန်း 101
သီရိမင်္ဂလာဥယျာဉ်အိမ်ရာ ၊ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး

📞 09 786 030 016
📞 09 750 207 215

( ပို့/သွင်းကုန်လုပ်ငန်း အခေါ်အဝေါ်မှတ်စုများ ) ကို ဗဟုသုတရစေရန် Bang Teng မှ ဝေမျှ ပေးလိုက်ပါတယ်။BL = Bill Of Lading ( ...
24/03/2026

( ပို့/သွင်းကုန်လုပ်ငန်း အခေါ်အဝေါ်မှတ်စုများ ) ကို ဗဟုသုတရစေရန် Bang Teng မှ ဝေမျှ ပေးလိုက်ပါတယ်။

BL = Bill Of Lading ( ကုန်တင်စာရင်းသက်သေခံလက်မှတ် )
DO = Delivery Order ( ကုန်ပစ္စည်းထုတ်ယူခွင့် )
AN = Arrival Notice ( ကုန်တင်ယာဉ်မဆိုက်ကပ်မီအကြောင်းကြားလွှာ)
SI = Shipping Instruction ( သင်္ဘောတင်ညွှန်ကြားလွှာ )
C/O = Certificate Of Origin ( ပင်ရင်းဒေသ/နိုင်ငံဆိုင်ရာထောက်ခံလက်မှတ် )
Shipper / Seller / Exporter / Consigner = ( ကုန်ပစ္စည်းတင်ပို့သူ )
Buyer / Importer / Consignee = ( ကုန်ပစ္စည်းဝယ်ယူသူ )
AWB = Air Way Bill ( လေယာဉ်တန်ဆာ )
HBL = House Way Bill ( Forwarderမှထုတ်ပေးသောတန်ဆာလက်မှတ် )
D/F = Dead Freight ( ကုန်စည်တင်ပို့ရန် ကုန်တင်ယာဉ်နေရာပျက်ကွက်မှု )
Transshipment = ကုန်တင်ယာဉ်အဆင့်ဆင့်ပြောင်းလဲတင်ပို့ခြင်း
Transit Trade = နိုင်ငံတဆင့်ခံကုန်သွယ်မှု
Cross Border Trade = နိုင်ငံနယ်နိမိတ်ဖြတ်ကျော်ကုန်သွယ်ခြင်း
Draw Back Cargo = မူရင်းနိုင်ငံမှအချိန်အတိုင်းတာတခုတင်သွင်းပြီးမူရင်းနိုင်ငံသို့ပြန်လည်ပေးပို့ခြင်းကုန်စည်
Temporary Administration = ကုန်စည်ယာယီတင်သွင်းခြင်း
A.F = Advanced Freight ( ကုန်တင်ယာဉ်တန်ဆာကြိုတင်ပေးငွေ )
B.G = Bank Guarantees ( ဘဏ်အာမခံ )
MBL = Master Way Bill ( Shipping Line မှထုတ်ပေးသောတန်ဆာလက်မှတ် )
POD =Port Of Discharge ( ကုန်ချဆိပ်ကမ်း )
POL = Port Of Loading ( ကုန်တင်ဆိပ်ကမ်း )
ETA = Estimated Time Arrival ( ခန့်မှန်ဆိုက်ကပ်ရက်စွဲ )
ETD = Estimated Time Departure ( ခန့်မှန်းထွက်ခွါရက်စွဲ )
ETC = Estimated Time Of Completion ( ကုန်တင်/ကုန်ချမည့်ခန့်မှန်းရက်)
CEPT = Common Effective Preferential Tariff ( ဒေသဆိုင်ရာဦးစားပေးအခွန်ကင်းလွတ်သက်သာခံစားခွင့် )
Form AI = Asian - India Free Trade Agreement
Form AK = Asian - Korea Free Trade Agreement
Form E = Asian - China Free Trade Agreement
Form AJ = Asian - Japan Free Trade Agreement
Form D = Asian Trade in goods Agreement
AANZFTA = ASEAN - Australia & New Zealand Free Trade Agreement
MOC = Ministry Of Commerce ( ကုန်သွယ်ရေးဦးစီးဌာန )
AFTA = ASEAN Free Trade Area ( ASEAN လွတ်လပ်စွာကုန်သွယ်မှုဒေသ )
BE = Bill Of Exchange ( ဘဏ်တွင်ငွေတောင်းခံရန်တောင်းခံလွှာ )
H.S Code = Harmonized System Code ( WCO )
DG = Dangerous Goods ( အန္တရာယ်ရှိသော ကုန်ပစ္စည်း )
SO = Special Order ( အထူးအိမ့်ညွှန်ကြားချက် )
PO = Payment Order ( ငွေချေမှုခွင့်ပြုချက် )
GC = General Cargos ( အထွေထွေကုန်ပစ္စည်းများ )
AV = Assessable Value ( ကုန်ပစ္စည်းတန်ဖိုးငွေရင်း )
CD = Customs Duty ( အကောက်ခွန်တန်ဖိုး )
CT = Commercial Tax ( ကုန်သွယ်ခွန်တန်ဖိုး )
AT = Advanced Income Tax ( ကြိုတင်ငွေခွန်တန်ဖိုး )
SGT = Special Goods Tax ( အထူးကုန်စည်ခွန် )
SF = Security Fees ( ထိန်းသိမ်းစောင့်ရှောက်ကြေး )
SAD = Shipping Agency Department
MPA = Myanmar Port Authority ( မြန်မာ့ဆိပ်ကမ်းအာဏာပိုင် )
MACCS = Myanmar Automatic Cargo Clearance System ( ကုန်ပစ္စည်းအလိုလျောက်ရှင်းလင်းထုတ်ယူခြင်း )
VAT = Value Added Tax ( ကုန်တန်ဖိုးထပ်ပေါင်းမတည်ခွန် )
FAQ ( Fair Average Quality) = အဆင့်မီအရည်အသွေး
PI = Proforma Invoice ( ရောင်းသူ/ဝယ်သူအကြားကုန်ပစ္စည်းတန်ဖိုး )
CI = Commercial Invoice ( ကုန်သွယ်မှုဆိုင်ရာတန်ဖိုးငွေ )
P/L = Packing List ( ကုန်ပစ္စည်းထုတ်ပိုးပုံ )
S/C = Sales Contract ( အရောင်းအဝယ်စာချုပ် )
ID = Import Declaration ( သွင်းကုန်ကြေညာလွှာ )
ED = Export Declaration ( ပို့ကုန်ကြေညာလွှာ )
RO = Release Order ( ထုတ်ယူခွင့် )
Issuing Bank = ငွေလွှဲစာတမ်း ဖွင့်လှစ်သောဘဏ်
Advising Bank = ငွေလွှဲစာတမ်းလက်ခံရရှိပြီး ဆက်လက်အကြောင်းကြားရမည့်ဘဏ်
Credit Memo = ငွေတောင်းခံသူအား ငွေထုတ်ပေးကြောင်းလက်မှတ်
Excess Cargo = တင်သွင်းခွင့်ပြုခြင်းထက် ပိုမိုပါရှိလာသော ကုန်စည်
T/T = Telegraphic Transfer ( ကြေးနန်းငွေလွှဲစာငွေလွှဲစနစ် )
L/C = Letter Of Credit ( ငွေစာရင်းသက်သေခံအာမခံအထောက်အထား )
CMP = Cutting , Making , Packing ( လက်ခ လစာစားစနစ် )
WCO = World Customs Organization ( ကမ္ဘာ့အကောက်ခွန်အဖွဲ့အစည်း
WTO = World Trade Organization ( ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း ) တို့ပဲဖြစ်ပါတယ်။

သွင်းကုန် ထုတ်ကုန်များ လွယ်ကူစွာ ပို့ဆောင်သယ်ယူနိုင်ဖို့ Bang Teng Customs Clearance Co., Ltd မှ ဆွေးနွေးတိုင်ပင်ပြီး ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

ဆက်သွယ်မေးမြန်း စုံစမ်းလိုပါက
📞 09 786 030 016
📞 09 750 207 215

📍 Bang Teng Customs Clearance Co., Ltd.
"Your Trusted Partner in Customs Clearance."
တိုက်အမှတ် B2၊ အခန်း 101
သီရိမင်္ဂလာဥယျာဉ်အိမ်ရာ ၊ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး



Bang Teng Customs Clearance Co., Ltd တွင်တာဝန်ထမ်းဆောင်ရန် Marketing 2 ဉီး အလိုရှိပါသည်။Requirements- ဘွဲ့ရရှိပြီးသူ (သိ...
17/03/2026

Bang Teng Customs Clearance Co., Ltd တွင်တာဝန်ထမ်းဆောင်ရန် Marketing 2 ဉီး အလိုရှိပါသည်။

Requirements

- ဘွဲ့ရရှိပြီးသူ (သို့) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
- Marketing ပိုင်းတွင် အတွေ့အကြုံ (၁)နှစ် နှင့်အထက်ရှိရမည်။ (Logistics ပိုင်းတွင်အတွေ့အကြုံရှိသူကိုဉီးစားပေးမည်။)
-အသင်းအဖွဲ့နှင့် လုပ်ဆောင်နိုင်ရမည်။
-စည်းကမ်းလိုက်နာ၍ ပေးအပ်ထားသောတာဝန်များကို လုပ်ဆောင်ပေးနိုင်ရမည်။

တရုတ်စကား ပြောဆိုနိုင်သူကို ဦးစားပေးမည်။

-အစမ်းခန့်ကာလ (၂)လဖြစ်ပြီး အစမ်းခန့်ကာလပြီးဆုံးပါက မိမိ Target၏ 2% ခံစားခွင့်ရှိမည်။

Salary - 600,000 ~ 800,000 MMK
Working Hours - 8:30 AM to 5:00 PM
Off Days - Sunday & Gazetted Holiday

Send your cv - +959 786 173 517 (Viber)
Email - [email protected]

📍 Bang Teng Customs Clearance Co., Ltd.
"Your Trusted Partner in Customs Clearance."

တိုက်အမှတ် B2၊ အခန်း 101
သီရိမင်္ဂလာဥယျာဉ်အိမ်ရာ ၊ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး


ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ 𝐏𝐂𝐀 (𝐏𝐨𝐬𝐭 𝐂𝐥𝐞𝐚𝐫𝐚𝐧𝐜𝐞 𝐀𝐮𝐝𝐢𝐭) ဆိုတာ ဘာလဲ?ကုန်ပစ္စည်းတွေ Customs...
12/03/2026

ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ 𝐏𝐂𝐀 (𝐏𝐨𝐬𝐭 𝐂𝐥𝐞𝐚𝐫𝐚𝐧𝐜𝐞 𝐀𝐮𝐝𝐢𝐭) ဆိုတာ ဘာလဲ?

ကုန်ပစ္စည်းတွေ Customs ကနေ ထုတ်ယူပြီးသွားပြီဆိုတော့ ကိစ္စပြီးပြီလို့ ထင်နေပါသလား?
"အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်းစစ်ဆေးခြင်း" (Post Clearance Audit - PCA) ဆိုတာ ရှိပါသေးတယ်။

၁။ PCA ဆိုတာ ကုန်သွယ်မှုလုပ်ငန်းစဉ်မှာပါဝင်သူတွေရဲ့ စာရင်းဇယား၊ မှတ်တမ်းမှတ်ရာတွေကို စနစ်တကျ ပြန်လည်စစ်ဆေးပြီး အကောက်ခွန်ကြေညာလွှာတွေ မှန်ကန်မှု ရှိ/မရှိ စိစစ်တဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။

၂။ ဘယ်သူတွေ စစ်ဆေးခံရနိုင်လဲ? (Auditees) သွင်းကုန်/ပို့ကုန် လုပ်သူတွေသာမကပါဘူး။
✅ ကိုယ်စားလှယ် (Agents) များ
✅ ကုန်ပစ္စည်းသိုလှောင်သူများ
✅ သယ်ယူပို့ဆောင်သူများ
✅ ကုန်သွယ်မှုမှာ တိုက်ရိုက်/သွယ်ဝိုက် ပါဝင်သူအားလုံး အကျုံးဝင်ပါတယ်။

၃။ လုပ်ငန်းရှင်တွေရဲ့ အဓိကတာဝန် (၂) ရပ်ရှိပါသေးတယ်။
စာရင်းသိမ်းဆည်းခြင်း: ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ စာရင်းအင်း၊ ငွေစာရင်း၊ မှတ်တမ်းတွေကို (၇) နှစ် တိတိ မပျက်မကွက် ထိန်းသိမ်းထားရပါမယ်။

ပူးပေါင်းဆောင်ရွက်ခြင်း: စစ်ဆေးရေးအဖွဲ့လာရောက်တဲ့အခါ နေရာ၊ ကုန်ပစ္စည်းတွေကို စစ်ဆေးခွင့်ပြုရမှာဖြစ်သလို လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ထုတ်ပြပေးရပါမယ်။

၄။ ငွေကြေးပိုင်းဆိုင်ရာ သိထားရမည့်အချက်များ
အခွန်လိုနေရင်:စစ်ဆေးတွေ့ရှိချက်အရ အခွန်ငွေလျော့နည်းပေးဆောင်ထားတယ်ဆိုရင် အကောက်ခွန်စည်းကြပ်တဲ့နေ့ကစပြီး (၇) နှစ်အတွင်း ပြန်လည်ပေးသွင်းဖို့ တောင်းဆိုနိုင်ပါတယ်။
အခွန်ပိုပေးထားရင်: အကယ်၍ အခွန်ငွေ ပိုပေးဆောင်ထားမိတယ်ဆိုရင်တော့ ပေးသွင်းတဲ့နေ့ကစပြီး (၁) နှစ်အတွင်း ပြန်လည်တောင်းခံနိုင်ပါတယ်။

၅။ လုပ်ငန်းရှင်တွေရဲ့ အခွင့်အရေး စစ်ဆေးရေးအဖွဲ့ လာရောက်တဲ့အခါ သူတို့ရဲ့ တာဝန်ပေးအပ်စာနဲ့ ဝန်ထမ်းကတ်ပြားတွေကို တောင်းဆိုကြည့်ရှုခွင့်ရှိပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေကို သဘောမတူရင်လည်း ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ (၇) ရက်အတွင်း ပြန်လည်ဖြေရှင်းတင်ပြခွင့် ရှိပါတယ်။

သွင်းကုန် ထုတ်ကုန်များ လွယ်ကူစွာ ပို့ဆောင်သယ်ယူနိုင်ဖို့ Bang Teng Customs Clearance Co., Ltd မှ ဆွေးနွေးတိုင်ပင်ပြီး ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

ဆက်သွယ်မေးမြန်း စုံစမ်းလိုပါက
📞 09 786 030 016
📞 09 750 207 215

📍 Bang Teng Customs Clearance Co., Ltd.
"Your Trusted Partner in Customs Clearance."
တိုက်အမှတ် B2၊ အခန်း 101
သီရိမင်္ဂလာဥယျာဉ်အိမ်ရာ ၊ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး





ပို့ကုန် သွင်းကုန် စတင်တော့မယ်ဆိုရင် ဘာကြောင့် TradeNet License က အရေးကြီးတာလဲ??ပို့ကုန်၊ သွင်းကုန် လုပ်ငန်းကို တရားဝင် ...
06/03/2026

ပို့ကုန် သွင်းကုန် စတင်တော့မယ်ဆိုရင် ဘာကြောင့် TradeNet License က အရေးကြီးတာလဲ??

ပို့ကုန်၊ သွင်းကုန် လုပ်ငန်းကို တရားဝင် လုပ်ကိုင်တော့မယ့် ကုမ္ပဏီတွေအတွက် TradeNet Registration က အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပို့ကုန်/သွင်းကုန် လိုင်စင်နဲ့ ပါမစ်တွေ လျှောက်ဖို့၊ နောက်ပြီး အကောက်ခွန်လို အခြားဆက်စပ်ဌာနတွေနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့ဆိုရင် TradeNet Registration က မရှိမဖြစ်လိုအပ်တာကြောင့်ပါပဲ။

ဥပဒေနဲ့အညီ အမှားအယွင်းမရှိဘဲ အချိန်ကုန်သက်သာစွာ ဆောင်ရွက်နိုင်ဖို့ Bang Teng မှ တာဝန်ယူ ဆောင်ရွက်ပေးပါရစေ။

⮞ TradeNet 2.0 မှာ Member အဖြစ် မှတ်ပုံတင်ခြင်း
⮞ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ရရှိအောင် လိုအပ်တဲ့ အဆင့်တိုင်းကို စနစ်တကျ ဆောင်ရွက်ပေးခြင်း
⮞ Online မှာ တင်ပြရမယ့် စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်ဖို့အတွက် ကူညီပံ့ပိုးပေးခြင်း
စတဲ့ လုပ်ငန်းစဉ်တွေကို Bang Teng Customs Clearance Co., Ltd မှဆောင်ရွက်ပေးနေပါသည်။

ဆက်သွယ်မေးမြန်း စုံစမ်းလိုပါက
📞 09 786 030 016
📞 09 750 207 215

📍 Bang Teng Customs Clearance Co., Ltd.
"Your Trusted Partner in Customs Clearance."
တိုက်အမှတ် B2၊ အခန်း 101
သီရိမင်္ဂလာဥယျာဉ်အိမ်ရာ ၊ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး



"Easy way to pass Oversea Customs Clearance"အရင်လို Oversea Customs Clearance ရှင်းဖို့ မခက်ခဲတော့ပါဘူး...Bang Teng Cust...
04/03/2026

"Easy way to pass Oversea Customs Clearance"

အရင်လို Oversea Customs Clearance ရှင်းဖို့ မခက်ခဲတော့ပါဘူး...

Bang Teng Customs Clearance Co., Ltd မှ ကျွမ်းကျင် ပညာရှင်များက လူကြီးမင်းတို့ရဲ့ သွင်းကုန် ထုတ်ကုန် တွေကို အဆင်ပြေချောမွေ့အောင် အချိန်တို အတွင်းလုပ်ဆောင်ပေးနိုင်ပါတယ်။

လိုအပ်သော Customs Process များဖြစ်တဲ့
HS, Value, Form(D), Group Appraiser, D/O, S/P, Operation Charge, Labor Charge နှင့် Trucking အထိပြီးမြောက်အောင် One Stop Services ဖြင့် Bang Teng Customs Clearance Co., Ltd မှ ဝန်ဆောင်မှု အသက်သာဆုံးဖြင့် လုပ်ဆောင်ပေးနေပါပြီ။

ဆက်သွယ်မေးမြန်း စုံစမ်းလိုပါက
📞 09 786 030 016
📞 09 750 207 215

📍 Bang Teng Customs Clearance Co., Ltd.
"Your Trusted Partner in Customs Clearance."
တိုက်အမှတ် B2၊ အခန်း 101
သီရိမင်္ဂလာဥယျာဉ်အိမ်ရာ ၊ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင်အနီး ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး


Address

No. (B2), Room (101) , Thiri Mingalar Garden Housing , Lut Lat Yay Ward
Ahlone
11121

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Website

Alerts

Be the first to know and let us send you an email when Bang Teng Customs Clearance Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category