Misamo Emigration Corporation

Misamo Emigration Corporation Lets go to America!

အလုပ်ဖြင့်အခြေချခွင့်အသနားခံစာ ခွင့်ပြုချက်ရရှိ၍ ၁နှစ်ခန့်ကြာပါက work permit ဆက်လက်လျှောက်ထားနိုင်▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪...
07/09/2015

အလုပ်ဖြင့်အခြေချခွင့်အသနားခံစာ ခွင့်ပြုချက်ရရှိ၍ ၁နှစ်ခန့်ကြာပါက work permit ဆက်လက်လျှောက်ထားနိုင်
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

I-140 ခွင့်ပြုချက်ရရှိပြီး ၁နှစ်ကြာလျှင် Work Permit လျှောက်ထားခြင်းနှင့် စပွန်ဆာပြောင်းလဲခြင်းကို ခွင့်ပြုမည်။

၁၀လပိုင်းအတွင်း ပထမအဆင့် မူကြမ်းရေးဆွဲကာ အကြံပြုချက်ရယူပြီးနောက် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲကာ လာမည့်နှစ်ဦးပိုင်းတွင် အကောင်အထည်ဖော်မည်။

အလုပ်အကိုင်ဖြင့် အခြေချနေထိုင်ခွင့်လျှောက်ထားသူများသည် I-140 အခြေချနေထိုင်ခွင့် အသနားခံခြင်းကို ခွင့်ပြုချက်ရရှိပြီး ၁နှစ်နောက်ပိုင်းတွင် အခြေချခွင့်တံခါးပေါက်သို့ ၀င်ရောက်နိုင်ခြင်းမရှိသေးပါကလည်း Work Permit Card ကို ရယူ၍ စပွန်ဆာကိုပါ ပြောင်းလဲနိုင်သော စီမံချက်ကို လာမည့် ၁၀လပိုင်းနောက်ပိုင်းတွင် အဓိကထား အကောင်းအထည်ဖော်ပြမည်ဖြစ်ကြောင်း ကြေငြာထားသည်။

ပြည်ဝင်ခွင့်ဝန်ဆောင်မှုဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်သစ်စတင်သော ၁၀လပိုင်းနောက်ပိုင်းတွင် ပထမအဆင့်
စီမံချက်မူကြမ်းကို ကြေငြာကာ အကြံပြုချက်များရယူပြီးနောက်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ်မူကြမ်းရေးဆွဲက လာမည်နှစ်ဦးပိုင်းမှစ၍ ပြဌာန်းဆောင်ရွက်ရန် မျှော်မှန်းထားသည်။

အလုပ်အကိုင်ဖြင့် အခြေချနေထိုင်ခွင့် လျှောက်ထားသူများသည် အခြေချနေထိုင်ခွင့်လျှောက်ထားနေစဉ်အတွင်း ပိုမိုဆောလျှင်စွာ Work Permit ကိုရယူ၍ အလုပ်လုပ်ကိုင်ပြီး၊ အခြေချနေထိုင်ခွင့် စပွန်ဆာကိုလည်း အလွယ်တကူပြောင်းလဲနိုင်တော့မည်ကို မျှော်လင့်လျှက်ရှိကြသည်။

အိုဘားမား လက်ရှိအစိုးရမှ ကြိုတင်ကြေငြာထားခဲ့သော အခြေချနေထိုင်ခွင့် လျှောက်ထားမှုစနစ်ကို ခေတ်မီစေရေး၊ ရိုးရှင်းလွယ်ကူစေရေး စီမံချက်၏ အရေးပါသောခြေလှမ်းအနေဖြင့် လျှောက်ထားသူများထံသို့ သင့်တင့်သော အကျိုးခံစားခွင့်များပေးအပ်သွားမည့် စီမံချက်ကို ၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်သစ်စတင်မှုနှင့်အတူ အင်တိုက်အားတိုက် အကောင်အထည်ဖော်သွားရန် ပြင်ဆင်လျှက်ရှိသည်။

Department of Homeland Security နှင့် လူဝင်မှုကြီးကြပ်ရေးရုံး (USCIS) တို့သည် အလုပ်အကိုင်ဖြင့် အခြေချနေထိုင်ခွင့်လျှောက်ထားသူများကြားတွင် အချို့သော အလုပ်အကိုင်ဖြင့်အခြေချနေထိုင်ခွင့်အသနားခံစာ(I-140) ခွင့်ပြုချက်ရရှိသူများနှင့်ပတ်သက်၍ Work Permit Card ကို ထုတ်ပေးပြီး အခြေချနေထိုင်ခွင့် စပွန်ဆာကို ပြောင်းလဲနိုင်အောင် ခွင့်ပြုပေးသော ပြုပြင်ပြောင်းလဲမှုတစ်ခုကို တွန်းအားပေးဆောင်ရွက်လျှက်ရှိသည်။

Department of Homeland Security အနေဖြင့် ၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်သော ၁၀လပိုင်းအတွင်းတွင် ပထမအဆင့် အဆိုပြုချက်မူကြမ်း(Proposed Rule)ကို ထုတ်ပြန်ကြေငြာပြီး ရက်(၆၀)အတွင်း အကြံဥာဏ်များတောင်းခံပြီးနောက် နှစ်ကုန်ပိုင်းတွင် အပြီးသတ်စီမံချက်ရေးဆွဲထုတ်ပြန်ကာ ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်ကြေငြာထားသည်။

ပထမဆုံးအကြိမ် အကျိုးခံစားခွင့်ရရှိမည့် အလုပ်အကိုင်ဖြင့်အခြေချနေထိုင်ခွင့် လျှောက်ထားသူများမှာ အလုပ်ဖြင့်အခြေချနေထိုင်ခွင့်အသနားခံစာ (I-140)ကို ခွင့်ပြုချက်ရရှိပြီးနောက် ၁နှစ်ကျော်ခန့် ကြာမြင့်စွာ စောင့်ဆိုင်းနေရသူများဖြစ်လိမ့်မည်ဟု သိရှိထားသည်။

ထိုသို့သော အခြေအနေမျိုးတွင် အလုပ်ဖြင့်အခြေချနေထိုင်ခွင့် အသနားခံစာကို ခွင့်ပြုချက်ရရှိပြီးနောက် ၁နှစ်ကျော်ခန့်ကြာမြင့်နေသော အခြေချနေထိုင်ခွင့်လျှောက်ထားသူများအနေဖြင့် ကြီးမားသော အကျိုးကျေးဇူး(၂)ခုကို ရရှိလိမ့်မည်ဖြစ်သည်။

ပထမအချက်အနေဖြင့် Work Permit ရရှိကာ အလုပ်ဝင်ရောက်လုပ်ကိုင်၍ ၀င်ငွေရှာနိုင်မည်ဖြစ်သည်။

လက်ရှိ၌ Visa Bulletin တနည်း အခြေချခွင့်တံခါးပေါက်တွင် cutoff date အတွင်း အကျုံးဝင်ပါမှ I-485(အခြေချခွင့် လျှောက်ထားလွှာ)ကို တင်သွင်းနိုင်ကာ Work Permit ကိုပါ လျှောက်ထားနိုင်သော်လည်း ယင်းအချက်ကို များစွာတိုးတက်၍ ခွင့်ပြုပေးထားခြင်းဖြစ်သည်။

နောက်တစ်ချက်အနေဖြင့် အခြေချနေထိုင်ခွင့် စပွန်ဆာ သို့မဟုတ် အခြေချနေထိုင်ခွင့်လျှောက်ထားသောဒေသကို ပြောင်းလဲနိုင်တော့မည်ဖြစ်သည်။

လက်ရှိတွင် I-485 ကို တင်သွင်းပြီးနောက် ရက်ပေါင်း ၁၈၀ ကျော်လွန်မှသာ မိမိ၏ Priority Date စသည့် အခြေချခွင့်လျှောက်ထားမှု ရလဒ်များကို မူလအတိုင်းဆက်လက်ထိန်းသိမ်း၍ အလုပ်နေရာကို ပြောင်းလဲနိုင်သဖြင့် ဤအပိုင်းတွင်လည်း များစွာတိုးတက်သော အကျိုးခံစားခွင့်ကို ပေးထားခြင်းပင်ဖြစ်သည်။

လက်ရှိတွင် အလုပ်ဖြင့်အခြေချခွင့်ကိုလျှောက်ထား၍ Visa Bulletin ၏ cutoff date ကြောင့် အခြေချနေထိုင်ခွင့်ရရှိရန် စောင့်စားနေကြသော နိုင်ငံခြားသားဦးရေ ၄သိန်းခန့်ရှိကြောင်း သိရှိရပြီး၊ ယင်းတို့အနက် I-140 ခွင့်ပြုချက်ရရှိသည်မှာ ၁နှစ်ခန့်ကြာမြင့်နေကြသူများအနေဖြင့် Work Permit ကို ကြိုတင်ရယူကာ အခြေချခွင့်စပွန်ဆာကို ပြောင်းလဲခြင်းဖြစ်စေ၊ အခြေချနေထိုင်ခွင့် လျှောက်ထားသောဒေသကို ပြောင်းလဲနိုင်တော့မည်ဖြစ်ဟု ယူဆရသည်။

ရေးသားသူ - ** မီဆာမို လမ်းပြကြယ် **

http://misamomm.com/?p=2215 မှ ကူးယူဖော်ပြပါသည်။

ခရီးသွားရင်း မီးဖွားသော Anchor Baby အရေအတွက်သည်၊ တရားမ၀င်နေထိုင်သူမိဘများမှ မွေးဖွားသော သားသမီးများ၏ ၁၀ပုံ ၁ပုံခန့်သာရှိ...
07/09/2015

ခရီးသွားရင်း မီးဖွားသော Anchor Baby အရေအတွက်သည်၊ တရားမ၀င်နေထိုင်သူမိဘများမှ မွေးဖွားသော သားသမီးများ၏ ၁၀ပုံ ၁ပုံခန့်သာရှိ
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ခရီးသွားစဉ် မွေးဖွားသော ကလေးဦးရေမှာ ၁နှစ်လျှင် ၄သောင်းခန့်သာရှိပြီး၊ တရားမ၀င်အခြေချနေထိုင်သော မိဘများမှမွေးဖွားသော ကလေးဦးရေ ၃သိန်းနှင့် နှိုင်းယှဉ်ပါက ၁၀ပုံ ၁ပုံခန့်သာရှိ

ကိုရီးယားနှင့် ထိုင်ဝမ်နွယ်ဖွား မီးဖွားကြသူများရှိသည်လည်း မကြာသေးမီနှစ်များအတွင်းတွင် တရုတ်လူမျိုးများမှာ အများဆုံးဖြစ်

သမ္မတလောင်း Donald Trump နှင့် သမ္မတလောင်း Jeb Bush အစရှိသည့် ရီပဗ္ဗလစ်ကန် ရွေးကောက်ပွဲဝင်သမ္မတလောင်းများ စကားစစ်ထိုးလျှက်ရှိကြသော ခရီးသွားစဉ် မီးဖွားခြင်းကိစ္စရပ်တွင် Achor Baby အရေအတွက်သည် တစ်နှစ်လျှင် ဦးရေ ၄သောင်းအောက်ခန့် ရှိနေပြီး၊ တရားမ၀င်နေထိုင်ကြသော မိဘများမှမွေးဖွားသည့် ကလေးဦးရေ ၃သိန်းနှင့်နှိုင်းယှဉ်ပါက ၁၀ပုံ ၁ပုံခန့်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အခြေချနေထိုင်ခြင်းကိုအားပေးသော အဖွဲ့အစည်းများမှလည်း ခရီးသွားစဉ်မွေးဖွားသော Anchor Baby အရေအတွက်သည် အမှန်တကယ်တွင် ဦးရေ ၁သောင်းအောက်ခန့်သာရှိကြောင်း
ပြန်လည်ချေပပြောဆိုလျှက်ရှိသည်။

အာရှပစိဖိတ်နွယ်ဖွား လူ့အဖွဲ့အစည်း၏မကျေနပ်မှုများကို နှိုးဆွပေးခဲ့သော သမ္မတလောင်း Jeb Bush ၏ ပြောဆိုမှုများသည် အမေရိကန်ပြည်ထောင်စုအတွင်းရှိ Anchor Baby များသည် မည်သူမည်ဝါများဖြစ်ပြီး တစ်နှစ်လျှင် ဦးရေမည်မျှခန့် မွေးဖွားလျှက်ရှိကြောင်းတို့နှင့်ပတ်သက်၍ စိတ်ဝင်စားမှုများကို တိုးပွားစေလျှက်ရှိသည်။

အများအားဖြင့် Anchor Baby များသည် ခရီးသွားစဉ် မီးဖွားခြင်းနှင့် တရားမ၀င်အခြေချနေထိုင်သော မိဘများမှ အမေရိကန်ပြည်ထောင်စုတွင်
မွေးဖွားခဲ့ကြသောကြောင့် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကို ရရှိကြသော သားသမီးများကို ခေါ်ဆိုခြင်းဖြစ်သော်လည်း သမ္မတလောင်း Jeb Bush ၏ ပြောဆိုမှုကြောင့် နှစ်ဖွဲ့ကွဲသွားကာ အငြင်းပွားမှုများ
ပေါ်ပေါက်စေလျှက်ရှိသည်။

ဝါရှင်တန်အခြေစိုက် ပြည်ဝင်ခွင့်ကိုဆန့်ကျင်သော ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် CIS(ပြည်ဝင်ခွင့်သုတေသနစင်တာ) နှင့်
ပြည်ဝင်ခွင့်ကိုထောက်ခံသော အဖွဲ့အစည်းဖြစ်သည့် Pew Hispanic Center တို့၏ တွက်ချက်မှုကိန်းဂဏန်းများအရ Anchor Baby ဟု ခေါ်ဆိုကြသောကလေးများသည် တစ်နှစ်လျှင် ဦးရေ ၃သိန်း၎သောင်းခန့် မွေးဖွားလျှက်ရှိကြောင်း တွေ့ရသည်။

ယင်းတို့အနက် တရားမ၀င်အခြေချနေထိုင်သော မိဘများမှမွေးဖွားသည့်
နိုင်ငံသားဖြစ်ခွင့်ရရှိသူ သားသမီးများသည် နှစ်စဉ် ဦးရေ ၃သိန်းခန့်ပေါ်ပေါက်လျှက်ရှိကြောင်း ပြည်ဝင်ခွင့်သုတေသနဌာနမှ ထုတ်ဖော်ပြောကြားလိုက်သည်။

ပြည်ဝင်ခွင့်ကိုထောက်ခံသောအဖွဲ့အစည်း Pew Hispanic Center ၏ စာရင်းဇယားတွင်မူ ၃သိန်း၃သောင်းအနေဖြင့် ပိုမိုမြင့်မားစွာ ဖော်ပြထားသည်။

ဤနည်းအားဖြင့် တရားမ၀င်အခြေချနေထိုင်သော မိဘနှစ်ပါး သို့မဟုတ် မိဘတစ်ပါးမှ မွေးဖွားလာသော အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိသူ သားသမီးများသည် ၄.၅သန်းခန့်ရှိနေကြောင်း Pew Hispanic Center က တွက်ချက်ဖော်ပြထားသည်။

တဖက်တွင်မူ အာရှနွယ်ဖွားမြောက်များစွာတို့မှ အခွင့်အရေးကို တလွဲအသုံးချလျှက်ရှိသည်ဟူသော ခရီးသွားစဉ်မွေးဖွားသည့် Anchor Baby များမှာမူ တစ်နှစ်လျှင် ဦးရေ ၃၉၀၀၀ ခန့်ရှိကြောင်း ပြည်ဝင်ခွင့် သုတေသနစင်တာမှ ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ခရီးသွားစဉ်မွေးဖွားလာသော ကလေးငယ်များသည် တရားမ၀င်အခြေချနေထိုင်သောမိဘများမှ မွေးဖွားလာသော အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိသူကလေးများနှင့်နှိုင်းယှဉ်ပါက ၁၀ ပုံ ၁ ပုံခန့်သာရှိကြောင်း ဖော်ပြလျှက်ရှိသည်။

တရားမ၀င်အခြေချနေထိုင်သော မိဘများ၏ ၉၀ရာခိုင်နှုန်းကျော်သည် မက္ကဆီကိုနှင့် အမေရိကအလယ်ပိုင်းမှ ဖြစ်ကြသောကြောင့် Anchor Baby ပြဿနာသည် အာရှနွယ်ဖွားအမျိုးသမီးများ၏ ခရီးသွားစဉ် မီးဖွားကြသောအပြစ်ကြောင့်ဟုပြောဆိုခဲ့သော သမ္မတလောင်း Jeb Bush ၏ ယူဆပြောဆိုမှုသည် ပါစင်အောင် လွဲမှားလျှက်ရှိကြောင်းကို သက်သေခံပေးလျှက်ရှိပေသည်။

ခရီးသွားစဉ် မီးဖွားမှုများတွင် ကိုရီးယားနှင့် ထိုင်ဝမ်နွယ်ဖွားများ များပြားခဲ့သော်လည်း၊ မကြာသေးမီနှစ်များအတွင်းတွင်မူ တရုတ်လူမျိုးများမှာ အများဆုံးဖြစ်သည်။

ထို့ပြင် ပြည်ဝင်ခွင့်ကိုထောက်ခံသော အဖွဲ့အစည်းများမှလည်း အမေရိကန်ပြည်ထောင်စုအတွင်း မွေးဖွားမှုစစ်တမ်းများကို လေ့လာကြည့်ပါက အမေရိကန်အခြေချနေထိုင်ခွင့်ရရှိသူ သို့မဟုတ် နိုင်ငံသားမဟုတ်သော
နိုင်ငံခြားသားအမျိုးသမီးများမှ အမေရိကန်ပြည်ထောင်စုတွင်မွေးဖွားသော Anchor Baby ဦးရေမှာ တစ်နှစ်လျှင် ၇၅၀၀ဦးခန့်သာရှိကြောင်း
ထောက်ပြပြောဆိုလျှက်ရှိသည်။

သို့ရာတွင် Anchor Baby ဟု ခေါ်ဆိုကြသော ကလေးများနှင့် ကွဲပြားခြားနားစွာ အမေရိကန်ပြည်ထောင်စုတွင် ပညာတော်သင် သို့မဟုတ် အလုပ်လုပ်ကိုင်ခြင်းအားဖြင့် ယာယီနေထိုင်လျှက်ရှိကြသော မိဘများမှ မွေးဖွားသော သားသမီးများမှာလည်း တစ်နှစ်လျှင် ဦးရေ၂၀၀၀၀ခန့် ထပ်မံရှိနေကြောင်း မှတ်တမ်းဝင်လျှက်ရှိသည်။

အပြီးသတ်တွင်မူ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများနှင့် ခရီးသွားစဉ် မီးဖွားသူများ၊ တရားမ၀င်အခြေချနေထိုင်သူ မိဘများစသည်တို့မှ မွေးဖွားလာကြသော Anchor Baby များအားလုံးကို စုပေါင်းလိုက်ပါက ၁နှစ်လျှင် ဦးရေသုံးသိန်းခွဲသာသာခန့်သာရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် အလိုလျှောက်နိုင်ငံသားဖြစ်ခွင့် စနစ်ကို ရပ်တန့်ပစ်စေရလောက်အောင် အရေးပါသောကိစ္စရပ် မဟုတ်ဟူသော ထင်မြင်ချက်များသာ ပိုမိုအားကောင်းလာမည့် အရိပ်လက္ခဏာပင်ဖြစ်ပေသည်။

ရေးသားသူ - ** မီဆာမို လမ်းပြကြယ် **

http://misamomm.com/?p=2211 မှ ကူးယူဖော်ပြပါသည်။

Jeb Bush " Anchor Baby ပြဿနာသည် အာရှနွယ်ဖွား ခရီးသွားရင်း မီးဖွားသူများ၏အပြစ်” ဟု ပြောကြား▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪Ancho...
05/09/2015

Jeb Bush " Anchor Baby ပြဿနာသည် အာရှနွယ်ဖွား ခရီးသွားရင်း မီးဖွားသူများ၏အပြစ်” ဟု ပြောကြား
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

Anchor baby အလိုလျောက် နိုင်ငံသားဖြစ်ခွင့်အား အငြင်းပွားဝေဖန်မှုများမှာ အာရှနွယ်ဖွား ခရီးသွားရင်း မီးဖွားသူများ၏ တာဝန်ဖြစ်သည်ဟု စွပ်စွဲ

အာရှပစိဖိတ်နွယ်ဖွားအုပ်စုများကို သိပ်ကျုံး၍ စွပ်စွဲပြစ်တင်ခဲ့၊ အာရှပစိဖိတ်နွယ်ဖွားများ၏ ဆန္ဒမဲရရှိရန်မလွယ်ကူ

ရီပဗ္ဗလစ်ကန်ပါတီ၏ သမ္မတလောင်း Jeb Bush သည် Anchor Baby ပြဿနာမှာ အာရှနွယ်ဖွားများ၏ ခရီးသွားစဉ် မီးဖွားမှုနှင့် ပိုမိုဆက်စပ်လျှက်ရှိကြောင်း ပြောကြားလိုက်ပြီး၊ အာရှပစိဖိတ်နွယ်ဖွား လူ့အဖွဲ့အစည်းအနေဖြင့် ပြင်းထန်သော အငြင်းပွားဝေဖန်မှုများကို ဖန်တီးနေခြင်းဖြစ်ကြောင်းစသည်ဖြင့် ထောက်ပြခဲ့သည်။

သမ္မတလောင်း Jeb Bush အနေဖြင့် ရာဇ၀တ်ဂိုဏ်းများ၏ ခရီးသွားစဉ်မီးဖွားသော လိမ်လည်မှုများကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သော်လည်း အခြေချနေထိုင်သူများကို လက်တင်အမေရိကနွယ်ဖွားနှင့် အာရှနွယ်ဖွားဟူ၍ ခွဲခြားဆက်ဆံလိုသောပြောဆိုမှုဟု ဝေဖန်သရော်လျှက်ရှိကြသည်။

ရီပဗ္ဗ္ဗလစ်ကန်ပါတီ၏ ရွေးကောက်ပွဲဝင် သမ္မတလောင်းများကြားတွင် သာမန်ထက်ထူးခြားသော အခြေချနေထိုင်ခွင့်ကိုလိုလားသူဖြစ်ကြောင်း ၀ံ့ကြွားလာခဲ့သော ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Jeb Bush သည် Anchor Baby ဝေဖန်အငြင်းပွားမှုတွင်ပါဝင်လာကာ အာရှနွယ်ဖွားများ၏ ခရီးသွားစဉ်မီးဖွားခြင်းကြောင့်ဖြစ်ကြောင်း အပြစ်ပုံချပြောခြင်းဖြင့် ဂယက်ရိုက်စေခဲ့သည်။

သမ္မတလောင်း Jeb Bush အနေဖြင့် အလိုလျောက်နိုင်ငံသားဖြစ်ခွင့်(Birth Citizenship)ကို ရုပ်သိမ်းရန် ပြောဆိုနေသော သမ္မတလောင်း Donald Trump ၏ အခြေချနေထိုင်ခွင့်မူဝါဒကို ဝေဖန်ခဲ့သောအနေအထားမှ ရှေ့နောက်မညီစွာပင် Anchor Baby ပြဿနာကို အာရှနွယ်ဖွားများ၏ ခရီးသွားစဉ်မီးဖွားခြင်းကြောင့်ဟု အပြစ်ပုံချသောပုံစံကိုပြသခဲ့သည်။

“ပွင့်လင်းစွာပြောရလျှင် Anchor Baby ပြဿနာသည် အာရှသားများနှင့်သာ ပို၍သက်ဆိုင်မှုရှိကြောင်း” “အမေရိကန်ပြည်ထောင်စုသို့လာရောက်၍ ကလေးမွေးဖွားကာ အလိုလျောက် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကို ရယူလိုသော အာရှနွယ်ဖွားအမျိုးသမီးများနှင့် ရာဇ၀တ်ဂိုဏ်းများသည် အလိုလျောက်နိုင်ငံသားဖြစ်ခွင့်ကို အသုံးချနေကြောင်း” သမ္မတလောင်း Jeb Bush က ထောက်ပြခဲ့သည်။

သမ္မတလောင်း Jeb Bush ၏ ဤကဲ့သို့ပြောဆိုမှုကို သိရှိသည်နှင့်တပြိုင်နက် အမေရိကန်ပြည်ထောင်စုအတွင်းရှိ အာရှနွယ်ဖွား လူ့အဖွဲ့အစည်းအတွင်း ဒေါသူပုန်ထခဲ့ကြရသည်။

အာရှပစိဖိတ်နွယ်ဖွား လွှတ်တော် အထွေထွေအစည်းအဝေးဥက္ကဌ
အောက်လွှတ်တော်အမတ် Judi Chu ၊ အာရှပစိဖိတ်နွယ်ဖွား အမေရိကန်နိုင်ငံသားများ နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်း နှင့် အာရှပစိဖိတ်နွယ်ဖွား ရပိုင်ခွင့်နှင့်အခွင့်အရေးအဖွဲ့ OCA စသည်တို့မှ သမ္မတလောင်း Jeb Bush ၏ ၀ါးလုံးသိမ်း၍ ကြေငြာပြောဆိုခြင်းကို
ဝေဖန်ခဲ့သည်။

ကိုရီးယား၊ တရုတ်နွယ်ဖွားစသူတို့မှ ဦးဆောင်လျှက်ရှိသော OCA ကမူ “ သမ္မတလောင်း Jeb Bush သည် ဥပဒေကို လေးစားလိုက်နာ၍
နေထိုင်လာကြသော အာရှနွယ်ဖွားသန်းပေါင်းများစွာကို ပြည်ဝင်ခွင့်စနစ်ကို အမြတ်ထုတ်နေကြသောအုပ်စုအနေဖြင့် သိမ်းကျုံးပြောဆိုကာ အခြေချနေထိုင်ခွင့်ကိုဆန့်ကျင်သူများနှင့်၊ နိုင်ငံခြားသားများကိုမနှစ်မြို့သူများ၏ ပစ်မှတ်ဖြစ်အောင် ဖန်တီနေကြောင်း” ပြင်းထန်စွာဝေဖန်ခဲ့သည်။

အာရှပစိဖိတ်နွယ်ဖွား အမေရိကန်နိုင်ငံသားများ နိုင်ငံလုံးဆိုင်ရာ
အဖွဲအစည်းမှလည်း “ သမ္မတလောင်း Jeb Bush သည် Anchor Baby ဆိုသည့် ဝေါဟာရကို အသုံးချ၍ နိုင်ငံခြားသား မုန်းတီးမှုနှင့်
ပြောင်းရွှေ့အခြေချသူများ၏ အပယ်ခံဖြစ်မှုများကို တွန်အားပေးလျှက်ရှိသည်”ဟု ရှုံ့ချပြောဆိုခဲ့သည်။

မက္ကဆီကန်ဇနီးသည်ရှိသော သမ္မတလောင်း Jeb Bush သည် လတ်လောတွင် လက်တင်အမေရိကနွယ်ဖွားများ၏ ဆန္ဒမဲကိုသာ အာရုံစိုက်ပြီး၊ အာရှနွယ်ဖွားများကို လစ်လျူရှုကာ တာဝန်လွှဲချနေခြင်းပင်လားဟု သုံးသပ်ချက်များထွက်ပေါ်ခဲ့သည်။

လက်ရှိ အမေရိကန်ပြည်ထောင်စုတွင် Anchor Baby များသည် တစ်နှစ်လျှင် ဦးရေ ၃၄၀၀၀၀ ခန့် မွေးဖွားလျှက်ရှိသော်လည်း ဦးရေး ၃၀၀၀၀ခန့်မှာ တရားမ၀င်အခြေချနေထိုင်သူမိဘများ၏ သားသမီးများဖြစ်ပြီး၊ ခရီးသွားစဉ် မီးဖွားမှုမှာ ဦးရေ ၄၀၀၀၀ ခန့်သာရှိကြောင်း တွေ့ရှိရသည်။

အာရှနွယ်ဖွားများ၏ ပြင်းထန်သော ဝေဖန်မှုများနှင့်ပတ်သက်၍ သမ္မတလောင်း Jeb Bush က “ လူနည်းစုသော ရာဇ၀တ်ဂိုဏ်းများ၏ ခရီးသွားစဉ်မီးဖွားသော လိမ်ညာမှုများကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း”
ဖြေရှင်းပြောကြားခဲ့ပြီး၊ မိမိအနေဖြင့် အလိုလျောက်နိုင်ငံသားဖြစ်ခွင့်စနစ်ကို တက်ကြွစွာ ထောက်ခံလျှက်ရှိကြောင်း ပြေငြိမ်းစေရန် ပြောဆိုခဲ့သည်။

သို့ရာတွင် အာရှနွယ်ဖွား အဖွဲ့အစည်းများသည် သမ္မတလောင်း Jeb Bush ၏ ပြောဆိုမှုကို Facebook, Twitter စသည်တို့တွင် ပျံ့နှံ့စေလျှက်ရှိပြီး၊ သမ္မတလောင်း Trump အပါအ၀င် ရွေးကောက်ပွဲပြိုင်ဘက်များသည်လည်း Bush ကို တိုက်ခိုက်ရန်အတွက် အသုံးချလျှက်ရှိသောကြောင့် သမ္မတလောင်း Jeb Bush အတွက် ချက်ကောင်းထိသော ထိုးနှက်ချက်များဖြစ်နိုင်သည်ဟု ယူဆရသည်။

ရေးသားသူ - ** မီဆာမို လမ်းပြကြယ် **

http://misamomm.com/?p=2208

အမေရိကန်ပြည်ထောင်စုအတွင်းရှိ လက်တင်အမေရိကနွယ်ဖွားများနှင့် အာရှနွယ်ဖွားများ ဆန္ဒမဲပေးမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ကြီးထွာ...
04/09/2015

အမေရိကန်ပြည်ထောင်စုအတွင်းရှိ လက်တင်အမေရိကနွယ်ဖွားများနှင့် အာရှနွယ်ဖွားများ ဆန္ဒမဲပေးမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ကြီးထွားလာခြင်း

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

လက်တင်အမေရိကနွယ်ဖွားဦးရေ (၅၄) သန်း၊ အာရှနွယ်ဖွားဦးရေ (၁၆) သန်းတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၁၈.၁) သန်းရှိ

ဝယ်ယူနိုင်စွမ်းအနေဖြင့် လက်တင်အမေရိကနွယ်ဖွားများသည် (၁.၃) ထရေလီယံဒေါ်လာရှိကာ အာရှနွယ်ဖွားများကမူ (၇၇၀) ဘီလီယံဒေါ်လာအထိ ရောက်ရှိ

အမေရိကန်ပြည်ထောင်စုအတွင်းတွင် လက်တင်အမေရိကနွယ်ဖွားနှင့် အာရှနွယ်ဖွား အခြေချနေထိုင်သူများ၏ ဆန္ဒမဲပေးမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြီးထွားလျှက်ရှိနေသည်။

လက်တင်အမေရိကနွယ်ဖွားဦးရေ (၅၄) သန်း၊ အာရှနွယ်ဖွားဦးရေ (၁၆) သန်းအနေဖြင့် စုစုပေါင်းလူဦးရေ၏ ၂၂ ရာခိုင်နှုန်းအထိရောက်ရှိနေကာ၊ (၁၅.၂) သန်းသည် ဆန္ဒမဲပေးမည်ဖြစ်ကာ ရွေးကောက်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်လျှက်ရှိပြီး၊ ထုတ်ကုန်ဝယ်ယူနိုင်စွမ်းအနေဖြင့် လက်တင်အမေရိကန်နွယ်ဖွားများသည် (၁.၃) ထရေလီယံဒေါ်လာရှိကာ အာရှနွယ်ဖွားများကမူ (၇၇၀)ဘီလီယံဒေါ်လာသို့ ရောက်ရှိခဲ့သည်။

အခြေချနေထိုင်သော တိုင်းပြည်ဖြစ်သည်နှင့်အညီ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်သူများ၏ နိုင်ငံရေး၊ စီးပွားရေး ပါဝါမှာ နှစ်စဉ် အင်အားကြီးမားလာလျှက်ရှိသည်။

အမေရိကန်ပြည်ဝင်ခွင့်အဖွဲ့အစည်းမှ ထုတ်ပြန်သော အစီရင်ခံစာအသစ်အရ ၂၀၁၃ခုနှစ်မှ လက်ရှိအချိန်ထိ လက်တင်အမေရိကနွယ်ဖွား (၅၄) သန်းရှိကာ နိုင်ငံလူဦးရေ၏ ၁၇.၁ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီး၊ အာရှနွယ်ဖွားများကမူ လူဦးရေ (၁၆) သန်းရှိကာ ၅.၁ရာခိုင်နှုန်းကို နေရာယူထားသည်။

လက်တင်အမေရိကနွယ်ဖွားများတွင် ၃၅ ရာခိုင်နှုန်းနှင့် အာရှနွယ်ဖွားများ၏ ၆၆ ရာခိုင်နှုန်းမှာ နိုင်ငံခြားတွင်မွေးဖွားခဲ့သော ပြောင်းရွှေ့အခြေချသူများဖြစ်ကာ၊ အမေရိကန်ပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချနေထိုင်သူစုစုပေါင်း (၄၁.၃) သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၁၃.၁ရာခိုင်နှုန်းအထိရှိနေကာ လူ၈ဦးတွင် ၁ဦးကျရှိကြောင်း စစ်တမ်းအရသိရှိရသည်။

အခြေချနေထိုင်သူများ၏ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိမှုနှုန်းအနေဖြင့် တစ်ဝက်နီးပါးခန့်ဖြစ်သော ၄၆.၇ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည်။

သမ္မတရွေးကောက်ပွဲနှင့် အထွေထွေရွေးကောက်ပွဲကို တပြိုင်နက်တည်းပြုလုပ်သော ၂၀၁၂ခုနှစ်ရွေးကောက်ပွဲတွင် စာရင်းပေးခဲ့သော ဆန္ဒမဲပေးခွင့်ရှိသူ၏ ၁၁.၈ရာခိုင်နှုန်းဖြစ်သော (၁၈.၁) သန်းသည် အခြေချနေထိုင်သူမိသားစုများမှဖြစ်ပြီး၊ မူးရင်းနိုင်ငံသားဖြစ်ခွင့်ရှိသူများမှာ (၁၅.၂) သန်းဖြစ်ကာ ပြောင်းရွှေ့အခြေချနေထိုင်သောမိသားစုမှ အမေရိကန်ပြည်ထောင်စုတွင်မွေးဖွားခဲ့သော သားသမီးများအနေဖြင့် ဆန္ဒမဲပေးခွင့်ကို ရယူနိုင်သူမှာ (၇.၃) သန်းရှိကြောင်း တွေ့ရှိရသည်။

၂၀၁၂ခုနှစ် ရွေးကောက်ပွဲတွင် အခြေချနေထိုင်သော ဆန္ဒမဲပေးခွင့်ရှိသူ (၁၅.၂) သန်းသည် အမှန်တကယ် ဆန္ဒမဲများပေးခဲ့ကြကာ၊ လက်တင်အမေရိကနွယ်ဖွား (၁၁.၂)သန်းနှင့် အာရှနွယ်ဖွား (၃.၉)သန်း ဆန္ဒမဲပေးခဲ့ကြောင်း တွေ့ရှိရသည်။

ယခုအချိန်အထိ အခြေချနေထိုင်သူများ၏ အမှန်တကယ် ဆန္ဒမဲပေးမှုရာခိုင်နှုန်းသည် နည်းပါးနေသေးသည်ဟု ယူဆရသော်လည်း မဲဆန္ဒနယ်မြေ ၈နေရာ၏ ထက်ဝက်ကျော်တွင် အခြေချနေထိုင်သူများ စုဝေးနေသောကြောင့် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးလျှက်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများမှာလည်း (၆) ဦးတွင် (၁)ဦးမှာ ပြောင်းရွှေ့အခြေချနေထိုင်သူများဖြစ်ကြောင်း တွေ့ရှိရသည်။

တရားဝင် အခြေချနေထိုင်သူ (၂၃.၃) သန်းမှာ အလုပ်လုပ်ကိုင်လျှက်ရှိပြီး၊ စုစုပေါင်း လုပ်သားအင်အား၏ ၁၆.၅ ရာခိုင်နှုန်းဖြစ်ကာ၊ တရားမ၀င်အခြေချနေထိုင်သော လုပ်သားများကမူ (၈.၁) သန်း အလုပ်လုပ်ကိုင်လျှက်ရှိပြီး ၅.၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်။

အခြေချနေထိုင်သူများ၏ ၀ယ်ယူနိုင်စွမ်းသည်လည်း နှစ်စဉ်ကြီးထွားလာလျှက်ရှိပြီး လက်တင်အမေရိကနှင့် အာရှနွယ်ဖွားများကို စုပေါင်းလိုက်ပါက ၀ယ်ယူနိုင်စွမ်းမှာ (၂) ထရေလီယံဒေါ်လာကျော်လွန်နေသည်။

၂၀၁၄ခုနှစ်တွင် လက်တင်အမေရိကနွယ်ဖွားများ၏ ၀ယ်ယူနိုင်စွမ်းသည် (၁.၃) ထရေလီယံဒေါ်လာသို့ ရောက်ရှိခဲ့ပြီး၊ အာရှနွယ်ဖွားများ၏ ၀ယ်ယူနိုင်စွမ်းမှာမူ (၇၇၀) ဘီလီယံဒေါ်လာအထိရှိသည်။

လာမည့် ၂၀၁၉ခုနှစ်တွင်မူ လက်တင်အမေရိကနွယ်ဖွားများသည် (၁.၇) ထရေလီယံဒေါ်လာ၊ အာရှနွယ်ဖွားများသည်လည်း (၁) ထရေလီယံဒေါ်လာအထိ ၀ယ်လိုအား (Purchasing Power) ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ရေးသားသူ - ** မီဆာမို လမ်းပြကြယ်**

http://misamomm.com/?p=2202 မှ ကူးယူဖော်ပြပါသည်။

အခြေချနေထိုင်သူများ၏ ဆန္ဒမဲများကို ပုတ်ထုတ်နေကြသော ရီပဗ္ဗလစ်ကန် သမ္မတလောင်းများ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪လက်တင်အမေရိကနွယ်ဖွား ...
04/09/2015

အခြေချနေထိုင်သူများ၏ ဆန္ဒမဲများကို ပုတ်ထုတ်နေကြသော ရီပဗ္ဗလစ်ကန် သမ္မတလောင်းများ

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

လက်တင်အမေရိကနွယ်ဖွား ၂၅သန်းနှင့် အာရှလူ့အဖွဲ့အစည်းမှ ၉သန်းတွင် voting power ရှိနေ

ဆန္ဒမဲ ၄၀%ကျော်လျှင် ရွေးချယ်ခံရပြီး၊ ၃၀%အောက်ကျဆင်းပါက ရှုံးနိမ့်မည်ဖြစ်ကာ၊ ရှုံးနိမ့်မည့်လမ်းကိုသာ လျှောက်လှမ်းနေကြ

သမ္မတလောင်း Donald Trump အပါအ၀င် ရီပဗ္ဗလစ်ကန်ပါတီ၏ သမ္မတလောင်းအများစုသည် အသာစီးရနိုင်မည့် ပြင်းထန်သော အခြေချနေထိုင်ခွင့်ဆန့်ကျင်သည့်မူဝါဒများကို သွန်ချလျှက်ရှိသောကြောင့် ရွေးကောက်ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသွားမည့် အခြေချနေထိုင်သူများ၏ ဆန္ဒမဲများကို ပုတ်ထုတ်နေကြခြင်းဖြစ်သည်ဟု လက်ညှိုးထိုးခံရလျှက်ရှိသည်။

ရီပဗ္ဗလစ်ကန်ပါတီ၏ သမ္မတလောင်းသည် ၃၄သန်းသော အခြေချနေထိုင်သူများ၏ ဆန္ဒမဲ ၄၀ရာခိုင်နှုန်းခန့်ကို ရရှိမည်ဆိုပါက ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်ပြီး၊ ၃၀ရာခိုင်နှုန်းအောက် ရောက်ရှိသွားပါက ရွေးကောက်ပွဲရှုံးနိမ့်မည်ဖြစ်သော်လည်း ယခုအကြိမ်တွင်လည်း အခြေချနေထိုင်ခွင့်မူဝါဒစကားစစ်ထိုးပွဲဖြင့် ရှုံးနိမ့်မည့်လမ်းကို ဦးတည်နေကြောင်း သုံးသပ်တွေ့ရှိရသည်။

ရီပဗ္ဗလစ်ကန်ပါတီ၏ သမ္မတလောင်းများအနေဖြင့် အခြေချနေထိုင်သူများ၏ ဆန္ဒမဲ ၄၀ရာခိုင်နှုန်းကိုရရှိလျှင် အောင်နိုင်မည်ဖြစ်ပြီး၊ ၃၀ရာခိုင်နှုန်းအောက် ကျဆင်းသွားပါက ရှုံးနိမ့်မည်ဖြစ်ကြောင်း မှတ်တမ်းပြုထားသော်လည်း အခုအကြိမ်တွင်လည်း ရှုံးနိမ့်မည့်လမ်းကိုပင် ရွေးချယ်လက်ရှိသောကြောင့် ရလဒ်ကို စောင့်ကြည့်ခံရလျှက်ရှိသည်။

သမ္မတ George W. Bush သည် အခြေချနေထိုင်သူများ၏ ဆန္ဒမဲ ၄၁ရာခိုင်နှုန်းနှင့် ၄၄ရာခိုင်နှုန်းကို ရရှိခဲ့ခြင်းကြောင့် ပထမနှင့် ဒုတိယသက်တမ်းတို့ကို ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်းဖြစ်ပြီး၊ တစ်ဖက်တွင်မူ အထက်လွှတ်တော်အမတ် John McCain လက်ထက်တွင် ၃၁ရာခိုင်နှုန်း၊ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူ Mitt Romney ကမူ ၂၇ရာခိုင်နှုန်းဖြင့် အသီးသီးရှုံးနိမ့်ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ခွင့်ရရှိထားသူများထဲတွင် လက်တင်အမေရိကနွယ်ဖွား ၂၅သန်းနှင့် အာရှလူ့အဖွဲ့အစည်းမှ ၉သန်း၊ စုစုပေါင်းဦးရေ ၃၄သန်းတို့သည် မိမိတို့၏ voting power ကို ၀ံ့ကြွားလျှက်ရှိကြပြီး၊ မဲဆန္ဒနယ် ၈နေရာ၏ ထက်ဝက်ခန့်တွင် နောက်ဆုံးအနိုင်အရှုံးမှာ အခြေချနေထိုင်သူများ၏ ဆန္ဒမဲပေါ်တွင်မူတည်နေခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်ရသည်။

သို့ရာတွင် သမ္မတလောင်း Donald Trump အမှူးပြုသော များစွာသော ရီပဗ္ဗလစ်ကန် ရွေးကောက်ပွဲဝင်သမ္မတလောင်းများသည် ပါတီတွင်းရှေးရိုးစွဲမူဝါဒ၊ အခြေချခွင့်ကို ဆန့်ကျင်သည့်မူဝါဒများ၏ ဆန္ဒမဲများကိုသာ ဦးတည်လျှက်ရှိကြပြီး၊ သူ့ထက်ငါ ပြင်းထန်သော အခြေချနေထိုင်ခွင့်မူဝါဒများကို ထုတ်ဖော်လျှက်ရှိကြသည်။

သမ္မတလောင်း Trump အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ကြေငြာခဲ့စဉ်မှစ၍ မက္ကဆီကိုသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တရာခံများစသည့် လူဆိုးလူမိုက်များကို အမေရိကန်ပြည်ထောင်စုသို့ မြောက်များစွာစေလွှတ်လျှက်ရှိသည်ဟု ဖွင့်ဟပြောကြားခဲ့ပြီး ဝေဖန်မှုများကို ပွဲဆူစေခဲ့သည်။

သမ္မတလောင်း Trump သည် အထူးသဖြင့် ရာဇ၀တ်မှုမှတ်တမ်းရှိသူ အခြေချနေထိုင်သူများအားလုံးကို ပြည်နှင့်ဒဏ်ပေးခြင်း၊ အလိုလျောက် နိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ခြင်း၊ တရားဝင်အခြေချနေထိုင်ခွင့်ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းခြင်း စသည်ဖြင့် အလွန်ပြင်းထန်သော အခြေချနေထိုင်ခွင့်ဆန့်ကျင်ရေးမူဝါဒများကို ထုတ်ဖော်လျှက်ရှိသည်။

သမ္မတ Trump ၏ အခြေချနေထိုင်ခွင့်ဆန့်ကျင်ရေးမူဝါဒနှင့်ပတ်သက်၍ Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker နှင့် အထက်လွှတ်တော်အမတ် Ted Cruz တို့မှ တက်ကြွစွာ ထောက်ခံခဲ့ကြသည်။

မက္ကဆီကန်ဇနီးသည်ရှိသော သမ္မတလောင်း Jeb Bush ကမူ ယခုအချိန်ထိ အခြေချနေထိုင်ခွင့်အကာအကွယ်ပေးရေး မူဝါဒကို ဖော်ထုတ်ပြောဆိုရင်း အထီးကျန်စွာ ယှဉ်ပြိုင်လျှက်ရှိသော်လည်း ရွေးကောက်ပွဲပြိုင်ပွဲတွင် အင်အားဆုတ်ယုတ်လျှက်ရှိကာ အခြေချနေထိုင်ခွင့်ကို ထောက်ခံသောမူဝါဒဖြင့် အပြောင်းအလဲကို ဦးဆောင်နိုင်ခြင်းမရှိပေ။

သမ္မတလောင်း Jeb Bush အနေဖြင့် အခြေချနေထိုင်ခွင့်ပြင်ဆင်ရေးဥပဒေကို အတည်ပြုသည့်အချိန်အထိ တရားမ၀င်အခြေချနေထိုင်သူ ဆယ်ကျော်သက်များအား ပြည်နှင်ဒဏ်လျော့ပေါ့ပေးခြင်းကို အသိအမှတ်ပြုပေးပြီး၊ တရားမ၀င်အခြေချသူများအတွက်လည်း သတ်မှတ်ထားသော လုပ်ငန်းအဆင့်များကိုဖြတ်သန်း၍ တရားဝင်အထောက်အထားများ ထုတ်ပေးမည်ဟူသော အခြေချနေထိုင်ခွင့်ပြင်ဆင်ရေးမူကြမ်းကို ထုတ်ဖော်ပြောဆိုလျှက်ရှိသော်လည်း အမေရိကန်နိုင်ငံသားဖြစ်ခွင့်အထိ ခွင့်ပြုပေးမပေးကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ရီပဗ္ဗလစ်ကန်ပါတီ၏ ရွေးကောက်ပွဲဝင်သမ္မတလောင်းအများစုသည် လာမည့်နှစ် ပထမနှစ်ဝက်မတိုင်မီ ရွေးကောက်ပွဲအောင်နိုင်ရန် လိုအပ်သဖြင့် ပြင်းထန်သော အခြေချနေထိုင်ခွင့်ဆန့်ကျင်ရေးမူဝါဒများကို အလေးပေးသွားမည်မှာသေချာသော်လည်း ရီပဗ္ဗလစ်ကန်ပါတီ၏ သမ္မတလောင်းနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်မည့် လှည့်ပြောင်းခြေဖြစ်သော နောက်ဆုံးပိတ်ရွေးကောက်ပွဲတွင် အခြေချနေထိုင်သူများ၏ ဆန္ဒမဲကိုရရှနိုင်ရန်အတွက် အခြေချနေထိုင်ခွင့်မူဝါဒပိုင်းတွင်လည်း ဦးတည်ဘက်ကို အနည်းငယ်ပြောင်းလဲလိမ့်မည်ဟု ခန့်မှန်းရသည်။

ရေးသားသူ - ** မီဆာမို လမ်းပြကြယ်**

http://misamomm.com/?p=2195 မှ ကူးယူဖော်ပြပါသည်။

အမေရိကန်ပြည်ထောင်စုအတွင်း တရားမ၀င်အခြေချနေထိုင်သူ ကိုရီယားလူမျိုးဦးရေ ၁၉၂၀၀၀ ဦးရှိ၊ အဌမမြောက် အများဆုံးဖြစ်▫▫▫▫▫▫▫▫▫▫▫...
03/09/2015

အမေရိကန်ပြည်ထောင်စုအတွင်း တရားမ၀င်အခြေချနေထိုင်သူ ကိုရီယားလူမျိုးဦးရေ ၁၉၂၀၀၀ ဦးရှိ၊ အဌမမြောက် အများဆုံးဖြစ်

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

၁၉၉၀ ခုနှစ်တွင်ရှိခဲ့သော ၂၄၀၀၀ဦးနှင့် နှိုင်းယှဉ်ပါက ၂၅နှစ်အတွင်း ၇၀၀% (၈)ဆ တိုးပွားလာခဲ့သည်။

၁၉၉၀ခုနှစ်တွင် တရားမ၀င်အခြေချနေထိုင်သူစုစုပေါင်း ၃.၅ သန်းမှ လက်ရှိအချိန်တွင် ၁၁.၀၂သန်းအထိ ရှိလာ

အမေရိကန်ပြည်ထောင်စုအတွင်းတွင် နေထိုင်ခွင့်အထောက်အထားမရှိဘဲ နေထိုင်လျှက်ရှိသော ကိုရီးယားလူမျိုး တရားမ၀င်အခြေချနေထိုင်သူများသည် ၂၅နှစ်အတွင်း ၇၀၀ရာခိုင်နှုန်း (၈)ဆခန့် တိုးပွားလာခဲ့ပြီး ဦးရေ ၁၉၂၀၀၀ဦးအနေဖြင့် နိုင်ငံများအလိုက် အဌမမြောက် အများဆုံးအနေဖြင့် တွေ့ရှိရသည်။

ယင်းတို့အထဲတွင် ပြည်နှင်ဒဏ်လျော့ပေါ့ပေးခြင်းကို ရရှိနိုင်သော ကိုရီးယားလူမျိုး ဆယ်ကျော်သက်ဦးရေမှာ ၄၅၀၀၀ဦးရှိပြီး၊ ယင်း၏ ၂၀%ဖြစ်သော ၉၀၀၀ဦးခန့်ကသာ လျှောက်ထားမှုပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင် တရားမ၀င်အခြေချနေထိုင်သူ ၁၁.၀၂သန်းအထိရှိလာပြီး၊ ယင်းတို့အနက် ကိုရီးယားလူမျိုးဦးရေးသည် ၁၉၂၀၀၀ဦးအနေဖြင့် ၁.၇% ရှိကာ နိုင်ငံအလိုက်တွင် အဆင့်(၈)အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကိုရီးယားလူမျိုး တရားမ၀င်အခြေချနေထိုင်သူများသည် တရားမ၀င်အခြေချနေထိုင်မှုများ တိုးပွားခေတ်စားခဲ့သည့် ၂၅နှစ်ခန့်ကာလအတောအတွင်း ၇၀၀% (၈)ဆခန့် တိုးပွားလာခဲ့သည်။

Washington အခြေစိုက် ပြည်ဝင်ခွင့်ရေးရာအကြံပေးအဖွဲ့ဖြစ်သော MIP(ပြည်ဝင်ခွင့်မူဝါဒ သုတေသနဌာန)၏ အစီရင်ခံစာအသစ်တွင် အမေရိကန်ပြည်ထောင်စုအတွင်း တရားမ၀င်အခြေချနေထိုင်သူများသည် ၂၀၁၃ခုနှစ်မှ လက်ရှိအချိန်ထိ ၁၁.၀၂သန်းအထိ တိုးပွားလာခဲ့ကြောင်း ခန့်မှန်းတွက်ချက်ဖော်ပြထားသည်။

၎င်းအရေအတွက်သည် ၁၉၉၀ ခုနှစ်တွင် ၃.၅သန်း၊ ၂၀၀၀ခုနှစ်တွင် ၇သန်းတို့နှင့် နှိုင်းယှဉ်ပါက ၁.၆ဆ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

ယင်းတို့အနက် ကိုရီးယားလူမျိုးတရားမ၀င်အခြေချနေထိုင်သူဦးရေမှာ ၁၉၂၀၀၀ဦးရှိကြောင်း စားရင်းထွက်လာခဲ့သည်။

၎င်းအရေအတွက်သည် ၁၉၉၀ခုနှစ်၏ ဦးရေ ၂၄၀၀၀နှင့် နှိုင်းယှဉ်ပါက (၈)ဆ၊ ၂၀၀၀ခုနှစ်၏ ဦးရေ ၅၅၀၀၀နှင့် နှိုင်းယှဉ်ပါက ၃.၅ဆ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအတွင်းရှိ တရားမ၀င်အခြေချနေထိုင်သူများအနက် မက်ဆီကိုအနွယ်ဝင်စုစုပေါင်းမှာ ၆.၁၉၄သန်းအနေဖြင့် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ၅၆%အထိရှိကာ ပထမအများဆုံး အဆင့်(၁)အနေဖြင့် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် Guatemala နိုင်ငံသားဦးရေမှာ ၇၀၄၀၀၀ဦးအနေဖြင့် အဆင့်(၂)၊ El Salvador နိုင်ငံသားဦးရေမှာ ၄၃၆၀၀၀ ဦးအနေဖြင့် အဆင့်(၃)တွင် ရပ်တည်နေခဲ့သည်။

အဆင့်(၄)တွင်မူ Honduras နိုင်ငံမှ ၃၁၇၀၀၀ဦးအနေဖြင့် အမေရိကအလယ်ပိုင်းတိုင်းပြည်များတွင် ထိပ်ဆုံးမှရှိနေခဲ့သည်။

အဆင့်(၅)တွင်မူ တရုတ်နိုင်ငံမှ ၂၈၅၀၀၀ဦးအနေဖြင့် ရပ်တည်နေပြီး၊ အဆင့်(၆)တွင်မူ အိန္ဒိယနိုင်ငံမှ ၂၈၄၀၀၀ဦးအနေဖြင့် နောက်မှလိုက်လျှက်ရှိသည်။

အဆင့်(၇)တွင်မူ ဖိလစ်ပိုင်နိုင်ငံမှ ၁၉၇၀၀၀ဦးရှိပြီး၊ အဆင့်(၈)တွင်မူ ကိုရီးယားနိုင်ငံမှ ၁၉၂၀၀၀ဦးအနေဖြင့် အသီးသီးရှိကြောင်း တွေ့ရှိရသည်။

၁၉၉၀ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ၂၅နှစ်ခန့်အတောအတွင်း အိန္ဒိနွယ်ဖွား တရားမ၀င်အခြေချနေထိုင်သူများသည် ၉၁၄% အနေဖြင့် အများဆုံးတိုးပွားလာခဲ့ပြီး၊ ကိုရီးယားလူမျိုးများကမူ ၇၀၀% ဒုတိယမြောက်အများဆုံးအနေငြဖ့် တိုးပွားလာခဲ့ကာ၊ Honduras နိုင်ငံသား ၆၅၅%၊ Guatemala နိုင်ငံသား ၄၉၇% စသည်ဖြင့် တိုးပွားမှုနှုန်းမြင့်မားခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

၂၀၁၂ခုနှစ် အိုဗားမား၏ ပြည်နှင်ဒဏ်လျော့ပေါ့ပေးခြင်းမူဝါဒကို အကျိုးခံစားခွင့်ရှိသော တရားမ၀င်အခြေချနေထိုင်သူ ကိုရီးယားလူမျိုး ဆယ်ကျော်သက်များသည် ၄၅၀၀၀ ဦးခန့်ရှိကြောင်း တွေ့ရှိရသော်လည်း ယခုနှစ် ၃လပိုင်းကုန်အထိ ပြည်နှင်ဒဏ်လျော့ပေါ့ခွင့်နှင့် Work Permit လျှောက်ထားခဲ့သော ကိုရီးယားလူမျိုးဆယ်ကျော်သက်ဦးရေမှာ ၉၀၀၀ဦးခန့်သာရှိပြီး၊ လျှောက်ထားခွင့်ရှိသူစုစုပေါင်း၏ ၂၀ရာခိုင်နှုန်းခန့်သာရှိကြောင်း တွေ့ရသည်။

ရေးသားသူ - ** မီဆာမို လမ်းပြကြယ် **

http://misamomm.com/?p=2189 မှ ကူးယူဖော်ပြပါသည်။

[ ခက်ခဲရှုပ်ထွေးသော Case] Mr. Park ** နှင့် တစ်မိသားစုလုံးသည် အမေရိကန်ပြည်ထောင်စု အလုပ်အကိုင်ဖြင့်အခြေချနေထိုင်ခွင့်အတွက်...
03/09/2015

[ ခက်ခဲရှုပ်ထွေးသော Case] Mr. Park ** နှင့် တစ်မိသားစုလုံးသည် အမေရိကန်ပြည်ထောင်စု အလုပ်အကိုင်ဖြင့်အခြေချနေထိုင်ခွင့်အတွက် Unskilled Worker အလုပ်ဖြင့် အခြေချနေထိုင်ခွင့်ဗီဇာအင်တာဗျူးကို အောင်မြင်ခဲ့ပါပြီ။
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ အခြေချဗီဇာအင်တာဗျူးတွင် ငြင်းဆိုခံရပြီးနောက် ၂ပတ်အကြာ ၂၀၁၅ခုနှစ် ၉လပိုင်း ၁ရက်နေ့တွင် အမေရိကန်သံရုံးမှ Mr. Park ** (Case Farms၊ North Carolina ပြည်နယ်၊ Morgaton အလုပ်ရုံ) နှင့် တစ်မိသားစုလုံး၏ အခြေခံလုပ်သားအလုပ်အကိုင် အလုပ်ဖြင့်အခြေချနေထိုင်ခွင့်အတွက် အခြေချဗီဇာကို ထုတ်ပေးမည်ဟူသော အကြောင်းကြာစာ ဆိုက်ရောက်လာခဲ့ပါပြီ။

ဤပုဂ္ဂိုလ်၏ Case သည် ထူးခြားသော ပုဂ္ဂိုလ်ရေး ကိစ္စရပ်များရှိနေခြင်းကြောင့် အတော်ပင် ခက်ခဲ ရှုပ်ထွေးခဲ့ပါသည်။ မီဆာမိုနှင့် စာချုပ်မချုပ်ဆိုမီ ပြည်ဝင်ခွင့်လုပ်ငန်းမျိုးစုံသို့ သွားရောက်ခဲ့ပြီး၊ သွားရောက်ခဲ့သော လုပ်ငန်းများအားလုံးမှ Green Card(အခြေချနေထိုင်ခွင့်ဗီဇာ) ရရှိနိုင်မည်မဟုတ်သောကြောင့် စာချုပ်ချုပ်ဆိုရန်မဖြစ်နိုင်ကြောင်း ပြောကြားမှုများကိုသာ နားထောင်ခဲ့ရ၍ အခြေချနေထိုင်ခွင့်လျှောက်ထားမှုကို လက်လျော့ရန်ပင်ဆုံးဖြတ်ခဲ့သူဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် မီဆာမိုနှင့် ဆွေးနွေးပြီးနောက်တွင် မီဆာမိုမှသာ အခြေချနေထိုင်ခွင့်ကို မဖြစ်မနေရရှိစေရန် ပြုလုပ်ပေးမည်ဟု ပြောကြားခဲ့ပြီး၊ လျှောက်ထားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ မီဆာမို၏ ကျွမ်းကျင်သူများနှင့် အမေရိကန်လိုင်စင်ရရှေ့နေများ၏ ထူးချွန်ပြောင်မြောက်သော စွမ်းရည်၊ ကာလရှည်လျားသော ပြည်ဝင်ခွင့်ဆိုင်ရာ အတွေ့အကြုံနှင့် Customer နှင့်ပတ်သက်သော တာဝန်ယူမှုများကို အခြေခံ၍ အားစိုက်ထုတ်ခဲ့ခြင်းကြောင့် ယခုမကြာမီအချိန်တွင် အခြေချဗီဇာကို ရရှိနိုင်တော့မည်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ရန်အိပ်မက်သည် လက်တွေ့ အကောင်အထည်ပေါ်လာတော့မည် ဖြစ်ပါသည်။

ဤပုဂ္ဂိုလ်များသည် မိမိအိမ်ကို ရောင်းချပြီးသည်နှင့်တစ်ပြိုင်နက် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်၍ အခြေချနေထိုင်ရန်စီစဉ်ထားပါသည်။ မီဆာမိုကို ယုံကြည်၍ အဆုံးထိ လျှောက်လှမ်းပေးခဲ့ကြသော Mr. Park ** နှင့် မိသားစုဝင်အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

USA Green Card ရယူကြပါစို့ ...
02/09/2015

USA Green Card ရယူကြပါစို့ ...

[House of Reaford] Unskilled Worker အနေဖြင့် ၁၀လပိုင်းတွင် အလုပ်သမားရုံးသို့ တင်သွင်းမည့်သူများကို ခေါ်ယူနေပါသည်။▫▫▫▫▫▫▫▫...
02/09/2015

[House of Reaford] Unskilled Worker အနေဖြင့် ၁၀လပိုင်းတွင် အလုပ်သမားရုံးသို့ တင်သွင်းမည့်သူများကို ခေါ်ယူနေပါသည်။

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

* စာချုပ်သတ်မှတ်ချက်

1. သတ်မှတ်ထားသော အလုပ်သမားရုံးသို့တင်သွင်းမည့်နေ့ရက်မှ ရက်(၃၀)ခန့်ကျော်လွန်၍ တင်သွင်းနိုင်ခြင်းမရှိပါက ၁၀၀% ငွေပြန်အမ်းခြင်း
2. Labor Certificate ငြင်းဆိုခံရပါက ၁၀၀% ငွေပြန်အမ်းခြင်း သို့မဟုတ် ထပ်တိုးကုန်ကျစရိတ်မရှိ ထပ်မံလျှောက်ထားပေးခြင်း
3. လျှောက်ထားမှုလုပ်ငန်းစဉ်ရပ်ဆိုင်းခဲ့ပါက ၁၀၀% ငွေပြန်အမ်းခြင်း သို့မဟုတ် ထပ်တိုးကုန်ကျစရိတ်မရှိ ထပ်မံလျှောက်ထားပေးခြင်း

အသေးစိတ်အချက်အလက်များကို Misamo Emigration Corporation သို့ ဆက်သွယ်မေးမြန်းစုံစမ်းစေလိုပါသည်။

[ထပ်တိုးကိုတာရရှိခြင်း] မီးဖိုချောင်အကူ အလုပ်အကိုင်ဖြင့် ၂၀၁၅ခုနှစ် ၁၀လပိုင်းတွင် အလုပ်သမားရုံးသို့ တင်သွင်းမည့်သူများေ...
02/09/2015

[ထပ်တိုးကိုတာရရှိခြင်း] မီးဖိုချောင်အကူ အလုပ်အကိုင်ဖြင့် ၂၀၁၅ခုနှစ် ၁၀လပိုင်းတွင် အလုပ်သမားရုံးသို့ တင်သွင်းမည့်သူများ ခေါ်ယူခြင်း
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

၂၀၁၅ခုနှစ် ၅လပိုင်း ၆လပိုင်းတို့တွင် အလုပ်သမားရုံးသို့တင်သွင်းခဲ့သော Restaurant မဟုတ်ဘဲ၊ အလုပ်ခန့်ထားသော ကုမ္ပဏီအသစ်ဖြစ်သည့် Restaurant ၏ မီဖိုချောင်အကူအလုပ်အကိုင်ဖြင့် ၂၀၁၅ခုနှစ် ၁၀လပိုင်းတွင် တင်သွင်းမည့် လျှောက်ထားသူများကို ခေါ်ယူလျှက်ရှိပါသည်။ လက်ရှိရရှိထားသော ကိုတာများသာမက ထပ်တိုးကိုတာ (၈)ခုကို ထပ်မံ၍ အာမခံနိုင်ခဲ့ပါသည်။

– တာဝန်ထမ်းဆောင်သောကာလကို လျှောက်ထားသူမှ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါသည်၊ ထိပ်တန်းအဆင့် ကျောင်းနယ်နိမိတ်ရှိသော ဒေသဖြစ်ပြီး၊ အလုပ်အနေအထားနှင့် လုပ်ကိုင်ရသော ပတ်ဝန်းကျင်တို့မှ မျှတသက်သာပါသည်။

စားသောက်ဆိုင်အသစ်သည် ၁၅နှစ်ခန့်သက်တမ်းရှိခဲ့ပြီး၊ ရောင်းအားနှင့် ၀င်ငွေပမာဏကြီးမားက စဉ်ဆက်မပြတ် ကြီးထွားလျှက်ရှိပါသည်။ သုံးလေးနှစ်ခန့်အတော့အတွင်း အခြေချနေထိုင်ခွင့်အတွက် စပွန်ဆာပေးအပ်ခဲ့ခြင်းမရှိသောကြောင့် ၂၀၁၅ခုနှစ်တွင် တင်သွင်းမည့်သူများအတွက် Labor Certificate ရရှိရန် ပြဿမရှိနိုင်ဟု သုံးသပ်ပါသည်။ မီဆာမိုအနေဖြင့် Labor Certificate ခွင့်ပြုချက်ရရှိမှုနှုန်းမြင့်မားရန်အတွက် အလုပ်ခန့်ထားသော ကုမ္ပဏီအသစ်များကို အဆက်မပြတ် ရှာဖွေလျှက်ရှိပါသည်။ မီဆာမိုသည် လောဘကိုရှေ့တန်းမတင်ဘဲ သင့်တင့်သောဦးရေကိုသာ အလုပ်သမားရုံးသို့ တင်သွင်းပါသည်။ အလုပ်ခန့်ထားသော ကုမ္ပဏီ၏ အလုပ်ခန့်ထားနိုင်စွမ်းကို ကျော်လွန်၍ အလွန်များပြားစွာ မကြာခဏတင်သွင်းပါက ငြင်းဆိုခံရနိုင်မှုနှုန်း မြင့်မားလာနိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ Labor Certificate ခွင့်ပြုချက်ရရှိမှုနှုန်း မြင့်မားစေရန်အတွက် အလုပ်ခန့်ထားသောကုမ္ပဏီအသစ်ဖြင့် ပထမဦးဆုံးအလုပ်သမားရုံးသို့ တင်သွင်းခြင်းဖြစ်စေ၊ နောက်ဆုံးတင်သွင်းပြီးနောက် လုံလောက်သော အချိန်ကာလကိုကွာခြားစေပြီးမှ ထပ်မံတင်သွင်းခြင်းဖြင့်ဖြစ်စေ Labor Certificate ခွင့်ပြုချက်ရရှိမှုနှုန်းကို များစွာမြင့်မားစေနိုင်ပါသည်။ လုပ်ငန်းတူများထဲတွင် အမျိုးအစားစုံလင်၍ များပြားလှသော အလုပ်ခန့်ထားသောကုမ္ပဏီများကိုလည်း အာမခံပေးနိုင်ခဲ့ပါသည်။ ဤအချက်များသည် ပြည်ဝင်ခွင့် လုပ်ငန်းများကြားတွင် Labor Certificate ခွင့်ပြုချက်ရရှိမှုနှုန်း ပထမဖြစ်ခဲ့ရခြင်း၏ လျှို့ဝှက်ချက်များပင်ဖြစ်ပါသည်။

မီးဖိုချောင်အကူအလုပ်အနေဖြင့် မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့်ကာလမရှိဘဲ လျှောက်ထားသူမှ လွတ်လပ်စွာဆုံးဖြတ်နိုင်ပါသည်။ အလုပ်ပတ်ဝန်းကျင့် အလုပ်အင်အား မျှတသက်သာပါသည်။ ထို့ပြင် လုပ်ကိုင်ရမည့်ဒေသသည် ပညာရေးမြို့တော်ဖြစ်ပါသည်။ လူကြိုက်များသော Unskilled Worker အလုပ်အကိုင်အမျိုးအစားဖြစ်ပါသည်။

#အကြီးစားစားသောက်ဆိုင်ကြီး၏ မီးဖိုချောင်အကူအလုပ်အကိုင်

အမေရိကန်ပြည်ထောင်စု အလုပ်အကိုင်ဖြင့် အခြေချနေထိုင်ခွင့် ဦးစားပေး(၃) Unskilled Worker မီးဖိုချောင်အကူအလုပ်အကိုင်ဖြင့်
လျှောက်ထား၍ အခြေချနေထိုင်ခွင့်(Green Card) ရယူလိုသည့် လျှောက်ထားသူများကို ခေါ်ယူနေပါသည်။

ဤအလုပ်ခန့်ထားသော ကုမ္ပဏီသည် လတ်လလော ၂နှစ်ခန့်အတောအတွင်း နိုင်ငံခြားသားများထံသို့ အခြေချနေထိုင်ခွင့်စပွန်ဆာပေးအပ်ခဲ့ဖူးခြင်းမရှိသောကြောင့် Labor Certificate ရရှိရန်အတွက် အခက်အခဲမရှိနိုင်ဟု သုံးသပ်ပါသည်။

– အလုပ်ကာလ : ၆ လကျော် တာဝန်ထမ်းဆောင်စေလို၊ မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့်ကာလ မရှိပါ၊ လျှောက်ထားသူတွင် လွတ်လပ်ပိုင်ခွင့်ရှိပါသည်။

– တာဝန် : ပန်းကန်သုတ်ခြင်း၊ စားပွဲရှင်းလင်းခြင်းစသည်ဖြင့်
– အလုပ်ချိန် : တစ်ရက် ၈နာရီ၊ တစ်ပတ် နာရီ ၄၀၊ တစ်ပတ် ၅ရက်၊ မနက်တစ်ပိုင်း သို့မဟုတ် နေ့လည်တစ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန်
– အလုပ်ပတ်ဝန်းကျင်နှင့် အလုပ်အင်အား : ထိပ်တန်းအဆင့်
– လုပ်ခ : တစ်နာရီ ၁၀ဒေါ်လာ ၊ တစ်နှစ် ဒေါ်လာ ၁၈၀၀၀
– တည်နေရာ : မြို့ကြီးပြကြီး
– ကျောင်းနယ်နိမိတ် : အမေရိကန်ပြည်ထောင်စုတွင် ထိပ်တန်းအဆင့်
– အခြေချနေထိုင်ရာဝန်းကျင် : နှစ်လိုဖွယ်ကောင်းပြီး အေးချမ်းလုံခြုံပါသည်။

* စာချုပ်သတ်မှတ်ချက်
1. သတ်မှတ်ထားသော အလုပ်သမားရုံးသို့တင်သွင်းမည့်နေ့ရက်မှ ရက်(၃၀)ခန့်ကျော်လွန်၍ တင်သွင်းနိုင်ခြင်းမရှိပါက ၁၀၀% ငွေပြန်အမ်းခြင်း
2. Labor Certificate ငြင်းဆိုခံရပါက ၁၀၀% ငွေပြန်အမ်းခြင်း သို့မဟုတ် ထပ်တိုးကုန်ကျစရိတ်မရှိ ထပ်မံလျှောက်ထားပေးခြင်း
3. လျှောက်ထားမှုလုပ်ငန်းစဉ်ရပ်ဆိုင်းခဲ့ပါက ၁၀၀% ငွေပြန်အမ်းခြင်း သို့မဟုတ် ထပ်တိုးကုန်ကျစရိတ်မရှိ ထပ်မံလျှောက်ထားပေးခြင်း

စာချုပ်ချုပ်ဆိုပြီးနောက် လိုအပ်သော စာရွက်စာတမ်းများကို တင်သွင်းပါက စားသောက်ဆိုင်အကူအလုပ်အနေဖြင့် အလုပ်သမားရုံးသို့ တန်း၍ လျှောက်ထားပေးပါမည်။

Address

Seoul
(ZIPCODE:135-792)

Alerts

Be the first to know and let us send you an email when Misamo Emigration Corporation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Misamo Emigration Corporation:

Share