14/05/2026
Eiju လျှောက်ဖို့ စဉ်းစားနေပြီလား? ဒါဆိုရင်တော့ ဒီအချက်တွေကို သိထားဖို့ လိုပါမယ်! 💡
📢 [Free Online Seminar] အမြဲတမ်းနေထိုင်ခွင့် (Eiju) လျှောက်ထားရာမှာ ဘာကြောင့် ငြင်းပယ်ခံရတာလဲ?
~ ၂၀၂၆ ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ် လမ်းညွှန်ချက်အသစ်များအကြောင်း အသေးစိတ်ရှင်းလင်းပွဲ ~
ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (Eiju) လျှောက်တဲ့အခါ "ဝင်ငွေလည်း ပြည့်မီတယ်"၊ "နေထိုင်တဲ့ သက်တမ်းလည်း ပြည့်တယ်"၊ "အလုပ်လည်း ပုံမှန်လုပ်နေတာပဲ" ဒါပေမယ့် ဘာကြောင့် အပယ်ခံရတာလဲ? 🤔
မကြာသေးမီက ဂျပန်အစိုးရရဲ့ စစ်ဆေးမှုပုံစံတွေ ပြောင်းလဲလာသလို၊ လူအများ သတိမထားမိတဲ့ အချက်အလက်သေးသေးလေးတွေကြောင့် အပယ်ခံရတဲ့ case တွေ ပိုများလာပါတယ်။
ဒီ Seminar မှာ လက်တွေ့ Eiju လျှောက်လွှာပေါင်းများစွာကို ကိုင်တွယ်နေတဲ့ Gyoseishoshi (ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်) ကိုယ်တိုင်က -
✅ ၂၀၂၆ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောင်းလဲသွားတဲ့ Guideline အသစ်များ
✅ ဘယ်လိုအချက်တွေကြောင့် အပယ်ခံရတတ်သလဲ? (Real Case များ)
✅ လျှောက်လွှာတင်တဲ့အခါ သတိထားရမယ့်အချက်နဲ့ ကြိုတင်ပြင်ဆင်မှုများ
✅ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ သတ်မှတ်ချက်များကို အသေးစိတ် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
✨ ဒီ Seminar မှာ ဘာတွေ သိခွင့်ရမလဲ?
မိမိကိုယ်တိုင် Eiju လျှောက်ဖို့ အခြေအနေ ပြည့်မီခြင်း ရှိ/မရှိ ဆုံးဖြတ်နိုင်ခြင်း။
လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မှန်မှန်ကန်ကန် နားလည်သွားခြင်း။
တစ်ကြိမ် အပယ်ခံရဖူးသူများ ပြန်လည်လျှောက်ထားရာမှာ သတိပြုရမယ့်အချက်များ။
🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ?
Eiju လျှောက်ဖို့ စဉ်းစားနေတဲ့ မြန်မာနိုင်ငံသားများ။
အရင်က လျှောက်ဖူးပြီး အပယ်ခံထားရလို့ အကြောင်းရင်းကို သိချင်သူများ။
မိမိဝန်ထမ်းတွေရဲ့ Eiju ကိစ္စကို ကူညီပေးချင်တဲ့ ကုမ္ပဏီတာဝန်ရှိသူများ။
📅 Seminar အသေးစိတ်
Date: ၂၀၂၆၊ မေလ ၂၈ ရက် (ကြာသပတေးနေ့)
Time: ည ၈:၀၀ မှ ၉:၀၀ အထိ (ဂျပန်စံတော်ချိန်)
Method: Online (Zoom)
Attendance: အခမဲ့ (Free)
Speaker: GIC-IS Gyoseishoshi ရုံးမှ Ms. Miyuki Yamaji
မိမိရဲ့ ရှေ့ရေးအတွက် အရေးကြီးတဲ့ Eiju လျှောက်ထားခြင်းကို မှန်ကန်တဲ့ ဗဟုသုတတွေနဲ့ ပြင်ဆင်နိုင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
🔗 [စာရင်းပေးသွင်းရန် Link]
https://forms.cloud.microsoft/pages/responsepage.aspx?id=h-oCPezWdUiFJ8KopY9agvuFXqZ_zFFCtaOW5NVm4lBURDNMOTZBQjVRSDZFMlM4T1gxOUJSRFVHWS4u&origin=lprLink&route=shorturl
👉GIC Website မှာလည်းအသေးစိတ်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်
https://gicjp.com/archives/86313
(စာရင်းပေးသွင်းရန် Link သို့မဟုတ် အသေးစိတ်သိလိုပါက Messenger တွင် စုံစမ်းနိုင်ပါသည်။)