Esaka Immigration Law Office

Esaka Immigration Law Office 🇲🇲တွေအတွက် မြန်မာလူမျိုးက အသေးစိတ် ဘာသာပြန်ရှင်းပြပြီး ဂျပန်လဝကလက်မှတ်ကိုင်ထားသူက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်

PR (永住権) လျှောက်ဖို့ စဉ်းစားနေတဲ့သူတွေကဒီနှစ်အတွင်း ဂျပန်မှာ ၁၀ နှစ်ပြည့်မယ့်သူတွေ ဆိုရင် ဒီနှစ်ထဲမှာပဲ လျှောက်ထားတာ အကေ...
27/07/2026

PR (永住権) လျှောက်ဖို့ စဉ်းစားနေတဲ့သူတွေက

ဒီနှစ်အတွင်း ဂျပန်မှာ ၁၀ နှစ်ပြည့်မယ့်သူတွေ ဆိုရင်

ဒီနှစ်ထဲမှာပဲ လျှောက်ထားတာ အကောင်းဆုံး လို့ ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အောက်တိုဘာလမှာ

ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအသစ်တွေဟာ

နောက်နှစ် ဧပြီလကစပြီး

အကောင်အထည်ဖော်ဖို့ စီစဉ်ထားပြီး၊

PR လျှောက်တဲ့ အခြေအနေတွေက

အရင်ထက် ပိုပြီးတင်းကျပ်လာနိုင်ပါတယ်။

အရည်အချင်းပြည့်မီနေပြီဆိုရင်

အချိန်မဆွဲဘဲ အမြန်ပြင်ဆင်ပြီး

လျှောက်ထားဖို့ အကြံပြုပါတယ်။

🇯🇵 ဂျပန် (PR) လျှောက်ချင်တဲ့သူတွေက ပင်စင် (Pension)厚生年金 က နှစ် 30 လောက် ပေးထားတဲ့သူရဲ့ ပမာဏလောက် ရှိဖို့ လိုမှာလား?အစိုး...
25/07/2026

🇯🇵 ဂျပန် (PR) လျှောက်ချင်တဲ့သူတွေက
ပင်စင် (Pension)厚生年金 က
နှစ် 30 လောက် ပေးထားတဲ့သူရဲ့
ပမာဏလောက် ရှိဖို့ လိုမှာလား?

အစိုးရက PR ခွင့်ပြုတဲ့စည်းမျဉ်းတွေကို
ပိုတင်းကျပ်အောင် ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။

အဓိကပြောင်းလဲမယ့်အချက်တွေကတော့👇

✅ နှစ်စဉ်ဝင်ငွေ (Annual Income) က ဂျပန်မိသားစုတွေရဲ့ ပျမ်းမျှဝင်ငွေထက် မြင့်ရမယ်။

✅ အနာဂတ်မှာ ရရှိမယ့် ပင်စင် (Pension) ကလည်း
厚生年金ကို နှစ် 30 လောက်
ပေးထားတဲ့သူရဲ့ အဆင့်လောက် ရှိဖို့လိုမယ်။

➖ဆိုလိုတာက အသက်ကြီးလာတယ့်အခါလိုအပ်တဲ့ ပင်စင်ရရှိမယ့်ပမာဏက
တစ်နှစ်ကို(130~180万円) လောက်ရှိဖို့ လိုမယ်။

➖ဒါဆိုရင် လစာကလည်း အတော်မြင့်မှ ရမှာပါ
PRရဖို့ 10 နှစ်အထက်ဂျပန်မှာနေရမှာမို့
တစ်နှစ်ကို ¥ (1300~1500万円) လောက် ဝင်ငွေရှိဖို့ လိုနိုင်တယ်။
ဂျပန်တွေ နှစ် ၄၀ လောက် သွင်းခဲ့တယ့် ပင်စင်ကြေးကို
ကိုယ်က ၁၀ နှစ်နဲ့ ပြည့်အောင်ဖြည့်ရမှာမို့ပါ။

(တရားဝင်ထုတ်ပြန်ထားတဲ့ ဂဏန်းတော့ မဟုတ်သေးပါ)

✅ ဝင်ငွေ မလုံလောက်ရင်တော့ စုဆောင်းငွေ (Savings) ရှိရင်လည်း ထည့်သွင်းစဉ်းစားပေးမယ်။

✅ ဂျပန်ဘာသာစကား အသုံးပြုနိုင်မှုနဲ့ ဂျပန်ရဲ့ စည်းမျဉ်း၊ ဥပဒေတွေကို နားလည်မှုကိုလည်း အကဲဖြတ်မယ်။

📅 ဒီ Guideline အသစ်ကို ၂၀၂၆/၁၀/၁ရက်ကစပြီး ထုတ်ပြန်မှာဖြစ်ပြီး၊
၂၀၂၇ ခုနှစ် ၄လပိုင်းကစတဲ့ PR လျှောက်လွှာတွေမှာ
ဒီစည်းမျဉ်းအဖြစ် အသုံးပြုသွားမယ်လို့ သိရပါတယ်။

PR လျှောက်ဖို့ စီစဉ်ထားတဲ့သူတွေကတော့
ဒီနှစ်အတွင်း ပြင်ဆင်ပြီးလျှောက်ထားတာ အကောင်းဆုံးပါ။
အသေးစိတ်ကိုမက်ဆင်ဂျာကနေ
အားမနာပဲ မေးလို့ရပါတယ်နော်။


#永住者
#無料相談

🇯🇵 ဂျပန်မှာ နေထိုင်ခွင့် (Visa) နဲ့ PR လျှောက်ထားခကို၂၀၂၆ ခုနှစ် ၁၀ လပိုင်း (October 2026) ကစပြီး စတင်တိုးကောက် မယ်လို့ ...
25/06/2026

🇯🇵 ဂျပန်မှာ နေထိုင်ခွင့် (Visa) နဲ့ PR လျှောက်ထားခကို
၂၀၂၆ ခုနှစ် ၁၀ လပိုင်း (October 2026) ကစပြီး
စတင်တိုးကောက် မယ်လို့ သတင်းထုတ်ပြန်

ဂျပန်出入国在留管理庁က
၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ
နိုင်ငံခြားသားတွေရဲ့ 在留手続き (ဗီဇာ Update / Change / PR)
ကြေးနှုန်းအသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။

📌 Visa Update / Change Fee
လက်ရှိ — ¥6,000 (တစ်မျိုးတည်း)
အသစ် — နေထိုင်ခွင့်ကာလအလိုက် ¥10,000 ~ ¥75,000

အသေးစိတ်👇
• ၃ လအောက် → ¥10,000
• ၁ နှစ် → ¥33,000
• ၃ နှစ် ~ ၅ နှစ်အောက် → ¥64,000
• ၅ နှစ်နှင့်အထက် → ¥75,000

📌 永住権 (PR) လျှောက်ခ
လက်ရှိ — ¥10,000
အသစ် — ¥200,000 😳

Online ကနေ လျှောက်ရင် (၃ လအောက်မဟုတ်ပါက)
¥10,000 အထိ Discount ရနိုင်ပါတယ်။

⚠️ PR လျှောက်ဖို့ စဉ်းစားထားသူတွေ၊
Visa Update လုပ်ဖို့ရှိသူတွေ
အချိန်မီပြင်ဆင်ထားတာက ပိုကောင်းမယ်နော်။

Fee တက်တာက တကယ်ကြီးပါတယ်…
PR က ¥10,000 ကနေ ¥200,000 ထိတက်မယ်ဆိုတာကြီးကတော့😥



#永住権
#在留資格

📢 ဂျပန်မှာ 特定在留カード (Tokutei Zairyu Card) စနစ် စတင်2026年6月14日 မှစပြီး 特定在留カード (Specified Residence Card) စနစ်ကို စတင်အသုံ...
18/06/2026

📢 ဂျပန်မှာ 特定在留カード (Tokutei Zairyu Card) စနစ် စတင်

2026年6月14日 မှစပြီး
特定在留カード (Specified Residence Card) စနစ်ကို စတင်အသုံးပြုလို့ရပါပီ

⬅️အရင်က

* 在留カード (Residence Card)
* マイナンバーカード (My Number Card)

ကတ် ၂ ကတ် သီးသန့်ကိုင်ရမယ်

➡️အခုတော့ ကတ်တစ်ကတ်တည်းနဲ့ ၂ မျိုးလုံး အသုံးပြုနိုင်အောင် ပေါင်းစည်းထားပါတယ်။

✅ မဖြစ်မနေ ပြောင်းရမလား?
❌ မဖြစ်မနေ မဟုတ်ပါဘူး။
လက်ရှိ 在留カード နဲ့ My Number Card ကို ဆက်သုံးလို့ရပါတယ်။

✅ ဘယ်သူတွေ လျှောက်နိုင်လဲ?

* Visa သက်တမ်းတိုးသူ
* Visa type ပြောင်းသူ
* 永住申請 (PR) လျှောက်သူ
* Card ပျောက်/ပျက်လို့ ပြန်ထုတ်သူ

✅ ဘာအကျိုးရှိလဲ?
✔️ ကတ်တစ်ကတ်တည်း ကိုင်ရုံ
✔️ 手続き ပိုလွယ်ကူ
✔️ 行政手続き ပိုမြန်

⚠️ သတိထားရန်
Card အသစ်မှာ

* 在留資格
* 在留期間
စတဲ့ အချက်အလက်တချို့ကို ကဒ်ပေါ်မှာ
မရေးတော့ဘဲ IC chip ထဲမှာသာ သိမ်းထားမယ်

ဂျပန်မှာ နေထိုင်နေတဲ့ နိုင်ငံခြားသားများအတွက် အနာဂတ်မှာ ပိုအဆင်ပြေမယ့်
စနစ်တစ်ခု ဖြစ်လာမယ်လို့ ယူဆရပါတယ် 🇯🇵

#在留カード
#特定在留カード


📢 ဂျပန် 永住権 (PR / Permanent Residence) လျှောက်ထားခ မကြာခင် ¥300,000 ဖြစ်သွားပြီလား?ဒီရက်ပိုင်း Facebook နဲ့ SNS တွေမှာ❌ ...
13/06/2026

📢 ဂျပန် 永住権 (PR / Permanent Residence) လျှောက်ထားခ မကြာခင် ¥300,000 ဖြစ်သွားပြီလား?

ဒီရက်ပိုင်း Facebook နဲ့ SNS တွေမှာ

❌ “PR လျှောက်ရင် ယန်း ၃ သိန်း ပေးရတော့မယ်”
❌ “အခုချက်ချင်း ¥300,000 ဖြစ်သွားပြီ”

ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်နေသူတွေ များလာပါတယ်။

ဒါပေမယ့် လက်ရှိအချိန် (2026 ခုနှစ် ဇွန်လ) အထိတော့ ဒီအချက်ဟာ မမှန်သေးပါဘူး။

✅ လက်ရှိ PR (永住権) လျှောက်ထားခ ဘယ်လောက်လဲ?

လက်ရှိမှာ 永住許可 (PR) ခွင့်ပြုချက်ရပြီးနောက် ပေးဆောင်ရတဲ့ အစိုးရကြေးက ¥10,000 ပဲ ဖြစ်ပါတယ်။

✅ ဒါဆို ¥300,000 ဆိုတာ ဘာလဲ?

2026 ခုနှစ်မှာ ဂျပန်အစိုးရက ဥပဒေပြင်ဆင်ပြီး PR လျှောက်ထားခကို

“အများဆုံး ¥300,000 အထိ သတ်မှတ်နိုင်တယ်”

ဆိုတဲ့ ဥပဒေအထက်ကန့်သတ်ချက် (Upper Limit) ကို အတည်ပြုခဲ့ပါတယ်။

⭕ အနာဂတ်မှာ လိုအပ်ရင် ¥300,000 အထိ သတ်မှတ်နိုင်အောင် ဥပဒေပြင်ထားတာပါ။

ဒါကြောင့် အခု PR လျှောက်နေသူတွေ ¥300,000 ချက်ချင်းပေးရမှာ မဟုတ်ပါဘူး။

✅ အနာဂတ်မှာ ဘယ်လောက်ဖြစ်နိုင်လဲ?

လက်ရှိအစိုးရဘက်က ဆွေးနွေးနေတဲ့ အချက်အလက်တွေအရ

🔹 PR (永住権) – ¥200,000 ဝန်းကျင်
🔹 Visa သက်တမ်းတိုး / ပြောင်းလဲမှု – ¥10,000 မှ ¥70,000 အထိ

ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် တရားဝင် သတ်မှတ်ချက် မထွက်သေးပါဘူး။

📌 လက်ရှိအခြေအနေကို အတိုချုပ်ပြောရရင်

✅ ယနေ့ PR ကြေး = ¥10,000
✅ ဥပဒေအရ အများဆုံး သတ်မှတ်နိုင်သည့် ပမာဏ = ¥300,000
✅ တကယ်ပေးရမည့် ပမာဏ = မကြေညာသေး
✅ “အခုချက်ချင်း ¥300,000 ဖြစ်သွားပြီ” ဆိုတာ မမှန်သေး

PR လျှောက်ဖို့ စီစဉ်ထားသူများအနေနဲ့ သတင်းမှန်ကိုသာ ယုံကြည်ပြီး 出入国在留管理庁 (Immigration) ရဲ့ တရားဝင် ကြေညာချက်ကို စောင့်ကြည့်ဖို့ အကြံပြုလိုပါတယ်။

#永住権

#日本ビザ
#在留資格
#行政書士

📢 ဂျပန်မှာ ဗီဇာနဲ့ စာရွက်စာတမ်းကိစ္စတွေ အခက်အခဲရှိနေပါသလား?行政書士 (Gyoseishoshi) ဆိုတာ ဂျပန်အစိုးရဌာန、immigrationတွေကို တင...
30/05/2026

📢 ဂျပန်မှာ ဗီဇာနဲ့ စာရွက်စာတမ်းကိစ္စတွေ အခက်အခဲရှိနေပါသလား?

行政書士 (Gyoseishoshi) ဆိုတာ ဂျပန်အစိုးရဌာန、immigrationတွေကို တင်ပြရတဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပေးပြီး လုပ်ငန်းစဉ်တွေကို ကူညီပေးတဲ့ တရားဝင် ကျွမ်းကျင်ပညာရှင် ဖြစ်ပါတယ်။
အေးဂျင့်မဟုတ်ပါ။

✅ ဗီဇာ လျှောက်ထားခြင်း
✅ ဗီဇာ သက်တမ်းတိုးခြင်း
✅ မိသားစုခေါ်ယူခြင်း (家族滞在)
✅ အမြဲတမ်းနေထိုင်ခွင့် (永住)
✅ နိုင်ငံသားခံယူခြင်း (帰化)
✅ ကုမ္ပဏီတည်ထောင်ဖို့စာရွက်စာတမ်းပြင်ခြင်း
✅ စီးပွားရေးလုပ်ငန်းလိုင်စင်များ လျှောက်ထားခြင်း

“ဘာစာရွက်စာတမ်းလိုလဲ?”
“ဘယ်လိုလျှောက်ရမလဲ?”
“Reject ဖြစ်နိုင်ချေ ရှိလား?” ဆိုတဲ့ မေးခွန်းတွေကိုလည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း၊ စီးပွားရေးလုပ်ငန်း စတင်ခြင်းတို့အတွက် ယုံကြည်စိတ်ချရတဲ့ အကူအညီ လိုအပ်ပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📩 Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်

#行政書士



#ဗီဇာ

#မြန်မာလူမျိုးများအတွက်

#ဂျပန်နေထိုင်ခွင့်

#家族滞在

#経営管理ビザ

#永住権

#帰化申請

🇯🇵 「特定活動ビザ」ဆိုတာ…တစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး လူတော်တော်များများက“特定活動 = နိုင်ငံရေး visa” လို့ထင်တတ်ပေမယ့်…အမှန်ကtypeအမျ...
22/05/2026

🇯🇵 「特定活動ビザ」ဆိုတာ…
တစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး

လူတော်တော်များများက
“特定活動 = နိုင်ငံရေး visa” လို့ထင်တတ်ပေမယ့်…
အမှန်ကtypeအများကြီးရှိပါတယ် 👀

ဥပမာ👇

📌 内定後の待機
→ ကျောင်းပြီးပြီး အလုပ် မဝင်ခင် စောင့်တဲ့ visa 🏢

📌 就職活動
→ ဘွဲ့ရပြီး အလုပ်တန်းဝင်ဖို့
ခက်ခဲသူတွေအတွက်学校卒業後
Japan မှာ အလုပ်ရှာဖို့ပေးတဲ့ visa 🔍

📌 離婚・死別後
→ Japanese spouse visa နဲ့နေပြီး
divorce / spouse သေဆုံးသွားတဲ့အခါ
special case အနေနဲ့ပေးတာ 💔

📌 出産・育児関係
→ ကိုယ်ဝန်၊ကလေးမွေးပြီး situation အရ stay extend ပေးတဲ့ case 👶

📌 難民申請関係
→ Refugee လျှောက်ထားသူတွေအတွက် visa📄

📌 インターンシップ
→ Internship လာတဲ့ student တွေ 🎓

📌 介護・建設など特例
→ 特定業界တွေမှာ special program နဲ့လာတဲ့သူတွေ 🏗️

📌 ワーキングホリデー
→ Japan မှာ ခရီးသွားရင်း အလုပ်လုပ်နိုင်တဲ့ visa ✈️

ဒါကြောင့်
“私、特定活動ビザです” လို့ပြောရုံနဲ့
ဘာ type လဲဆိုတာ မသိနိုင်ပါဘူး

特定活動ビザမှာ
✔️ အလုပ်လုပ်လို့ရတဲ့ type
✔️ အလုပ်လုပ်လို့ မရတဲ့ type
✔️ အချိန်တိုတာ
✔️ ဗီဇာ သက်တမ်းတိုးလို့ရတာ မရတာ
တွေကွာပါတယ်။

အရေးကြီးတာက…
📌 自分の特定活動が何号なのか
📌 何ができて、何が禁止なのか
ကို သေချာနားလည်ထားဖို့ပါ 🇯🇵✨

#特定活動

Esaka Immigration law office ကနေ ရတယ့် service တခုဖြစ်တယ့် visit visa အကြောင်း✈️ 短期滞在ဗီဇာ (Visit Visa) နဲ့ Japan လာမယ်ဆိ...
21/05/2026

Esaka Immigration law office ကနေ ရတယ့် service တခုဖြစ်တယ့် visit visa အကြောင်း
✈️ 短期滞在ဗီဇာ (Visit Visa) နဲ့ Japan လာမယ်ဆိုရင်…

လူတော်တော်များများက
“Invitation Letter ရှိရင် ရပြီ”
“ခေါ်တဲ့သူ Japan မှာရှိရင် OK ပဲ”
လို့ထင်ကြပေမယ့်… 😅

Japan Embassy ကတော့
👀 “တကယ်ပြန်မလား”
👀 “ဘာလုပ်မလဲ”
👀 “ငွေအခြေအနေ OK လား”
👀 “Relationship က အမှန်လား”
ဆိုတာတွေကို သေချာကြည့်ပါတယ်။

တချို့ case တွေဆို…
📄 စာရွက် ၁ရွက်လေးလိုနေပြီး Reject
📅 Schedule မရှင်းလို့ Reject
💸 Bank Statement မနိုင်လို့ Reject

ဒါပေမယ့်…
Document တွေကို သေချာပြင်ပြီး
Reason / Schedule / Sponsor အပိုင်းတွေကို strong ဖြစ်အောင်လုပ်လိုက်ရင်
Approve ထွက်တဲ့ case တွေလည်း အများကြီးရှိပါတယ် ✨

Especially…
💑 Boyfriend/Girlfriend ကိုသွားတွေ့ချင်သူ
👨‍👩‍👧 Family visit
🎓 Graduation / Event တက်ချင်သူ
🗼 Japan လည်ချင်သူတွေက
Documentation အပိုင်းကို ပေါ့ပေါ့မထားသင့်ပါဘူး။

Japan visa ဆိုတာ
📑 “Document Quality” က ပိုအရေးကြီးပါတယ် 🇯🇵

#家族滞在ビザ

#အလည်ဗီဇာ

အခုတလော ကိုယ်ကိုတိုင်လျှောက်တယ့်မှီခိုဗီဇာလည်း Reject တွေများလာပါတယ်🇯🇵家族滞在ဗီဇာလျှောက်ထားပြီး 不許可 (Reject) ထွက်ခဲ့ပေမယ့်က...
20/05/2026

အခုတလော ကိုယ်ကိုတိုင်လျှောက်တယ့်
မှီခိုဗီဇာလည်း Reject တွေများလာပါတယ်🇯🇵

家族滞在ဗီဇာလျှောက်ထားပြီး 不許可 (Reject)
ထွက်ခဲ့ပေမယ့်

ကျွန်တော်တို့江坂行政書士事務所မှာ
အလုပ်ချိတ်ဆက်ပြီး documentation / status ကို
သေချာ support လုပ်ပေးပြီးနောက်…
無事に許可 ထွက်လာတာတွေ အများကြီးရှိလာပါပြီ 🎉🇯🇵

reject ထွက်တယ်ဆိုတာ = 完全終了 ❌မဟုတ်ပါဘူး။
ကျွန်တော်တို့行政書士事務所မှာ
case ကို သေချာပြန်စစ်ပြီး
✔ 現在の状況
✔ 仕事内容
✔ 会社側説明
✔ 必要書類
✔ 入管に伝えるポイント
တွေကို detail support လုပ်ပေးခဲ့ပါတယ် ✍️📄

その後…
✔ どんな仕事か
✔ 安定しているか
✔ 書類が合っているか
✔ 説明に矛盾がないか
✔ 今後日本でどう生活するか
ဒီအချက်တွေ balance ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်。

Reject ထွက်ဖူးလို့ စိတ်မလျော့ပါနဲ့ ✨
Case တိုင်းမှာ “可能性” ရှိနိုင်ပါတယ်။

最近は…
✔ 家族滞在
✔ 技人国ビザ
✔ 特定技能
✔ COE申請
✔ 特定活動
✔ 書類作成
တို့နဲ့相談လာတဲ့人များလာနေပါတယ် 📩

“မဖြစ်နိုင်ဘူး”
ဆိုတဲ့ case တွေလည်း အတူတူစဉ်းစားအဖြေထုတ် ပြီး support လုပ်ပေးပါတယ် 💪

ဂျပန်မှာ
仕事・ビザ・将来のことで悩んでる人တွေ
まずは気軽に message 来てください 😊🇯🇵

#家族滞在ビザ
#အခမဲ့ဆွေးနွေးခြင်း
#江坂行政書士事務所

17/05/2026

ဂျပန်က အခုနောက်ပိုင်း “ဗီဇာပေးတဲ့ပုံစံ” ပြောင်းလာတာ ကြောင့် ဘယ်ဗီဇာတွေ လျှောက်လာတာ များလဲ🇯🇵

အရင်တုန်းက�“Company ထောင် → 経営管理ビザ”�“10 နှစ်နေ → PR”�“5 နှစ်နေရင် နိုင်ငံသား”

ဆိုတဲ့ flow ကို လူတော်တော်များများ လျှောက်ခဲ့ကြတယ်။

ဒါပေမယ့် အခု Immigration ဘက်က ကြည့်တဲ့ပုံစံက လုံးဝပြောင်းလာတယ်။

အခုခေတ်မှာ�
❌ စာရွက်လှလှ
→ Business plan ကို AI နဲ့ပဲဖြစ်ဖြစ် consultant နဲ့ပဲဖြစ်ဖြစ်လှအောင်လုပ်ခဲ့ကြတယ်

❌ Company name ကြီးကြီး
→ KK / Group company / office လှလှရှိတိုင်း
business အမှန် run နေတာမဟုတ်ဘူးဆိုတာ
Immigration လည်း သိလာပြီ။

❌ Capital money များများ
→ Account ထဲ ပိုက်ဆံတစ်ခါထည့်ထားပြီး
နောက်နေ့ပြန်ထုတ်တဲ့ case တွေများလာတော့ “capital amount” တစ်ခုတည်း မယုံတော့ဘူး။

ထက်

✔️ အခွန်မှန်လား�✔️ 年金သွင်းလား�✔️ Income stable ဖြစ်လား�✔️ Business တကယ် run နေလား�✔️ Skill တကယ်ရှိလား
ဒါတွေကို ပိုကြည့်လာတယ်။

ဒါပေမဲ့
PR / 国籍 / 経営管理ビザ တွေ တင်းကျပ်လာတဲ့တစ်ဖက်မှာလည်း �ဂျပန်က “လူမရှိတဲ့အလုပ်တွေ” အတွက်တော့ နိုင်ငံခြားသားကို ပိုခေါ်လာတယ်။

အထူးသဖြင့်�• 特定技能�• IT / Engineer�• Construction�• Kaigo�• Hotel / Food service

ဒီလို sector တွေမှာ လူလိုနေတုန်းပဲ။

အဓိပ္ပါယ်က…

ဂျပန်က “နိုင်ငံခြားသားမလိုချင်တော့တာ” မဟုတ်ဘူး။

“Paper only” လူတွေထက်
“တကယ်အလုပ်လုပ်နိုင်တဲ့သူ” ကို ပိုရွေးလာတာ။

နောက် 5 နှစ်မှာ
skill ရှိတဲ့သူနဲ့
paper only လူတွေ
difference အရမ်းကွာလာမယ်ထင်တယ်။

住所

広芝町4-34江坂第一ビル6F/4
Suita-shi, Osaka
564-0052

ウェブサイト

アラート

Esaka Immigration Law Officeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー