20/09/2026
🌸 ဂျပန်မှာ “သက်ကြီးရွယ်အိုများကို ဂုဏ်ပြုတဲ့နေ့” ရှိတယ်ဆိုတာ သိပြီးပြီလား?
ဂျပန်ရောက်တာကြာပြီဖြစ်တဲ့သူများက သိနိုင်သလို မသိသေးတဲ့သူလေးတွေလည်းရှိနိုင်တာဖြစ်လို့ သက်ကြီးရွယ်အိုများကို ဂုဏ်ပြုတဲ့နေ့လေးအကြောင်း မျှဝေလိုက်ပါရစေရှင်။
🇯🇵🌸 စက်တင်ဘာ ၂၁ ရက်နေ့က ဂျပန်နိုင်ငံရဲ့ 敬老の日 (Keirō no Hi) — Respect for the Aged Day ဖြစ်ပါတယ်။
ဒီနေ့ဟာ လူ့အဖွဲ့အစည်းအတွက် နှစ်ပေါင်းများစွာ ကြိုးစားပေးခဲ့ကြတဲ့ သက်ကြီးရွယ်အိုများကို လေးစားဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။ 🤍
ဂျပန်နိုင်ငံမှာတော့ ဒီနေ့အခါသမယမှာ မိဘ၊ အဘိုးအဘွားတွေဆီ သွားရောက်တွေ့ဆုံတာ၊ လက်ဆောင်ပေးတာ၊ ကျေးဇူးတင်စကားပြောတာတွေ ပြုလုပ်လေ့ရှိပါတယ်။ 🌷
အသက်ကြီးလာသူတွေကို တန်ဖိုးထားပြီး အတူတကွ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ အရေးကြီးကြောင်း သတိပေးတဲ့ နေ့လေးတစ်နေ့ပါရှင်။
🌻 ဂျပန်မှာနေထိုင်သူတွေအနေနဲ့လည်း ဒီနေ့မှာ ဒီ Post လေးကိုတွေ့တယ်ဆိုရင် ကိုယ့်ရဲ့အိမ်က မိဘ၊ အဘိုးအဘွားတွေကို Message ပို့ပေးတာဖြစ်စေ၊ Video Call ခေါ်ပြီးဖြစ်စေ နွေးထွေးတဲ့ စကားလေးတစ်ခွန်းပြောပေးလိုက်ကြရအောင်နော်။
🌻 ကိုယ့်ရဲ့အိမ်ကို ဆက်သွယ်ဖို့ အခက်အခဲရှိနေတဲ့သူတွေအနေနဲ့ ဒီ Post လေးရဲ့အောက်မှာ ပြောချင်တဲ့စကားလေးကို comment ရေးသွားလို့ရပါတယ်ရှင့်။
#敬老の日