Ishida အခွန်စာရင်းကိုင်/ စီမံခန့်ခွဲရေး စာရင်းကိုင်ရုံး

  • ホーム
  • 日本
  • Nagoya-shi, Aichi
  • Ishida အခွန်စာရင်းကိုင်/ စီမံခန့်ခွဲရေး စာရင်းကိုင်ရုံး

Ishida အခွန်စာရင်းကိုင်/ စီမံခန့်ခွဲရေး စာရင်းကိုင်ရုံး Ishida အခွန်စာရင်းကိုင်/ စီမံခန့်ခွဲရေး စာရင်းကိုင်ရုံး, 弁護士・法律事務所, 2-23 Yada-Higashi Higashi-ku, Nagoya-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

28/03/2025

အသိပေးကြေငြာချက်

Ishida အခွန်စာရင်းကိုင် . လဝကစာရေးရုံး ရဲ့ မြန်မာစကား ဆားဗစ်ကို ရပ်နားပါမယ်။
တစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ မြန်မာလူမျိုးအများစုကို သတင်းအချက်အလက်များပေးနိုင်ခဲ့ပီးဧည့်သည်အများစုဆီကနေအလုပ်လက်ခံရရှိပီးပြသာနာမျိုးစုံကိုဖြေရှင်းပေးနိုင်ခဲ့လို့လဲ ဝမ်းသာမိိပါတယ်။
ခက်ခဲနေတဲ့ မြန်မာလူမျိုးအများအပြားရှိနေတဲ့ကြားက ကျမတို့ရုံးရဲ့ မြန်မာစကားဆားဗစ်ကို ပိတ်လိုက်ရလို့လဲ များစွာစိတ်မကောင်းဖြစ်မိပါတယ်။
ဗီဇာအခက်ခဲဖြစ်နေတဲ့ သူများ တိကျမှန်ကန်တဲ့အင်ဖော်မေးရှင်းပေးနိုင်ပီးဥပဒေဘောင်အတွင်းကဆောင်ရွက်ပေးနိုင်တဲ့ မြန်မာစကားဆားဗစ်ပေးနိုင်တဲ့ လဝကစာရေးရုံးတွေ့ရှိကြပါစေလို့ဆုတောင်းပါတယ်။

၂၀၂၅ခုနှစ် မတ်လ
Ishidaအခွန်စာရင်းကိုင် • လဝက စာရေးရုံး
ဦးဆောင်သူ ISHIDA KENTARO

အလုပ်ခေါ်စာဆောက်လုပ်ရေးလုပ်ငန်းမှာကြာကြာလုပ်နိုင်တဲ့သူကိုခေါ်တာပါ[လက်ရှိမြန်မာတွေကိုထုတ်ပေးထားတဲ့ katsudou visa(နာရီ၄၀)က...
27/02/2025

အလုပ်ခေါ်စာ

ဆောက်လုပ်ရေးလုပ်ငန်းမှာကြာကြာလုပ်နိုင်တဲ့သူကိုခေါ်တာပါ[လက်ရှိမြန်မာတွေကိုထုတ်ပေးထားတဲ့ katsudou visa(နာရီ၄၀)ကိုင်ထားသူလဲလျှောက်နိုင်ပါတယ်]
အလုပ်အကြောင်းအရာ
ကွန်ကရစ်ပြင်တဲ့လုပ်ငန်း၊ဆောက်လုပ်ရေးစီမံခန့်ခွဲမှုလုပ်ငန်း
အလုပ်နေရာ တိုကျို၊ဖုခုအိုကာ(တစ်နိုင်ငံလုံးကိုအလုပ်နဲ့သွားရတာများပါမယ်)
လိုအပ်တဲ့ဂျပန်စာလယ်ဘယ်
* N2နဲ့အထက်
* ဗီဇာ
* ဂီနိုး၂
* ဂီနိုး၁(၁နှစ်မြောက်)
*မြန်မာနိုင်ငံသားကိုထုတ်ပေးတဲ့ katudo visa
* တေးဂျူးဗီဇာ၊အေးဂျူးဗီဇာ
*အနာဂတ်မှာ မြန်မာနိုင်ငံသားကိုထုတ်ပေးတဲ့ katsudo visaမရှိတော့တဲ့အခါ၊ဂီနိုး၁ကနေ ဂီနိုး၂နောက်ဆုံးအေးဂျူးပြောင်းပီး မန်နေဂျာအထိလုပ်နိုင်သွားမဲ့သူ။
* ဂိနိုး၂ဖြစ်သွားရင် အလုပ်ရှိသမျှကာလပတ်လုံး ဂျပန်မှာနေထိုင်သွားလို့ရပီး၊မိသားစု(အမျိုးသမီးနဲ့ကလေးကို) မိသားစုဗီဇာကိုလဝက က ထုတ်ပေးပါတယ်။

   ထရိန်နင်မပီးသေးဘဲထွက်ပြေးထားတဲ့သူအလုပ်လျှောက်လို့မရပါ။

   ဂီနိုး၁ကို၃နှစ်နဲ့အထက်ကျော်နေရင်လဲအလုပ်လျှောက်လို့မရပါ။

အလုပ်သမားခံစားခွင့်
* တစ်လ¥၂၆သောင်း~
* ဘောနပ်စ်တစ်နှစ်၂ကြိမ်
* ရှခိုင်းဟိုခဲန်းရှိပါတယ်
* လစာရခွင့်ရက်ခံစားခွင့်
* အဆောင်စီစဉ်ပေးနိုင်ပါတယ်(အဆောင်လခ၃သောင်းနဲ့အထက်)
*တိုကျို၊ဖုခုအိုကာ
*ဝိုင်ဖိုင်နဲ့အသုံးအဆောင်ပါပီး

အလုပ်လျှောက်ချင်တဲ့သူ
CV form
ဇိုင်းလျူးကဒ်
လဝက ကပတ်စပို့မှာကပ်ပေးထားတဲ့စာရွက်
စတာတွေကို ပေ့ဂျ်ရဲ့မက်ဆင်ဂျာမှာ ပို့ပေးပါ

သံရုံးတွင် ကာလတိုဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍ ကာလတိုဗီဇာ လျှောက်ထားမှု စာရွက်စာတမ်းများကို မြန်မာနိုင်ငံရှိ ဂျပန်သံရု...
26/02/2025

သံရုံးတွင် ကာလတိုဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍

ကာလတိုဗီဇာ လျှောက်ထားမှု စာရွက်စာတမ်းများကို မြန်မာနိုင်ငံရှိ ဂျပန်သံရုံးသို့ တင်ပြရန် ကြိုတင်ဘိုကင်ယူရန် လိုအပ်ပါသည်။

သံရုံး၏webတွင် ကြိုတင်ဘိုကင်ယူမှုစနစ်အား လက်ရှိတွင် မရနိုင်ပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မနေ့က (25.2.2025) မှာသံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပြီးဘိုကင်ကြိုတင်ယူမှုများများလွန်းသောကြောင့် ရပ်တန့်ထားခြင်းဖြစ်ပါသည်။

📣 လက်ရှိတွင် အီးမေးလ်မှတစ်ဆင့် ကြိုတင်စာရင်းသွင်းမှုများကို လက်ခံနေပါသည်။

ကာလတိုဗီဇာ လျှောက်လွှာများကို လက်ခံခြင်းအား ရပ်ဆိုင်းထားခြင်းမရှိပါ။

ထရိန်နင်ဗီဇာကနေနိုင်ငံရေးအခြေအနေအရထုတ်ပေးထားတဲ့ katsudou visa ကို ပြောင်းချင်တယ်လို့တွေးနေတဲ့သူတွေအတွက်။၂၀၂၄ခုနှစ်၁၀လပို...
10/10/2024

ထရိန်နင်ဗီဇာကနေနိုင်ငံရေးအခြေအနေအရထုတ်ပေးထားတဲ့ katsudou visa ကို ပြောင်းချင်တယ်လို့တွေးနေတဲ့သူတွေအတွက်။

၂၀၂၄ခုနှစ်၁၀လပိုင်း၁ရက်နေ့ကစပီးထရိန်နင်သက်တမ်းမကုန်သေးဘဲတဝက်တပျက်နဲ့ထွက်ပြေးမဲ့သူ တွေကို လဝကရဲ့ စည်းမျဉ်းက ဥပဒေအရပြောင်းလဲခဲ့ပါတယ်။
လဝကကိုမေးမြန်းတဲ့အခါ ယေဘုံယျအားဖြင့် ထရိန်နင်ကနေထွက်ပြေးလာတဲ့သူတွေကို katsudo visa ထုတ်မပေးဘူးလို့ဆိုပါတယ်။လဝက က ထရိန်နင်နဲ့လာတဲ့ ကုမ္ပဏီကိုအသေးစိတ်မေးမြန်းမှာဖြစ်သလို၊ ဗီဇာသက်တမ်းကျန်နေသေးရင် ပိုလို့တောင်တင်းတင်းကျပ်ကျပ် စီစစ်မယ်လို့ဆိုပါတယ်။

ကျမတို့ရုံးအနေနဲ့ ထွက်ပြေးလာတဲ့ထရိန်နင်သမားတွေကို လဝက က တပတ်၂၈နာရီနဲ့ katsudo visa ပေးလိမ့်မယ်လို့ထင်ခဲ့ပါသေးတယ်။ထင်သလိုမဟုတ်ပဲ ဗီဇာမပေးတဲ့အထိတင်းကျပ်နေပုံပါပဲ။

ဒါပေမဲ့ လုပ်ငန်းခွင်မှာအနိုင်ကျင့်ခံရတဲ့ အဖြစ်ဆိုရင်တော့ လဝက က တခြားပုံစံနဲ့စီစစ်ပေးပေမဲ့၊ ယေဘုံယျအားဖြင့်ကတော့ ထရိန်နင်သက်တမ်းမကုန်သေးတဲ့သူတွေကို katsudo visaထုတ်မပေးတော့ပါဘူး။ ဒါကြောင့် ဂရုစိုက်ပါ။

၉လပိုင်းနောက်ဆုံးအပတ်မှာ ကျမတို့ရုံးရဲ့ဗီဇာဝန်ဆောင်မှုကနေ၂၁နှစ်အရွယ်ယောကျာ်းလေး၊၂၈နှစ်အရွယ်မိန်းကလေးက အခက်အခဲမရှိဂျပန်ဗီ...
07/10/2024

၉လပိုင်းနောက်ဆုံးအပတ်မှာ ကျမတို့ရုံးရဲ့ဗီဇာဝန်ဆောင်မှုကနေ၂၁နှစ်အရွယ်ယောကျာ်းလေး၊၂၈နှစ်အရွယ်မိန်းကလေးက အခက်အခဲမရှိဂျပန်ဗီဇာရခဲ့ပီးမြန်မာပြည်ကနေထွက်ခွါခွင့်ရပီးဂျပန်ရောက်လာခဲ့ပါတယ်။ယောကျာ်းလေးကတော့ ဂျပန်ကမိသားစုဝင်ကဖိတ်ခေါ်ခဲ့ပီး၊မိန်းကလေးကတော့ အွန်လိုင်းကနေချစ်ကြိုက်ခဲ့တဲ့မြန်မာလူမျိုးချစ်သူကဖိတ်ခေါ်ပေးခဲ့တာပါ။ဘယ်အချိန်မှာအခြေအနေတွေပြောင်းလဲမလဲမသိရသေးပေမဲ့၊အခုတော့ ရက်တိုဗီဇာနဲ့ဂျပန်ကိုလာလို့ရနေပါသေးတယ်။

၉လပိုင်းအစောပိုင်းမှာ မြန်မာနိုင်ငံရှိဂျပန်သံရုံးကိုကျမတို့ရုံးက လဝကစာရေးကဖုန်းဆက်မေးခဲ့ပါသေးတယ်။ဂျပန်လူမျိုးဝန်ထမ်းကဖုန်းပြန်ဖြေပေးခဲ့ပါတယ်။

အဲအချိန်တုန်းကသံရုံးဝန်းထမ်းကအောက်ပါစကားတွေကိုပြောခဲ့ပါတယ်။
① မြန်မာနိုင်ငံရှိဂျပန်သံရုံးရဲ့ဗီဇာစီစစ်မှုမှာ အခြေအနေအကြောင်းအရာကိုက်ညီပြည့်စုံနေရင် သံရုံးအနေနဲ့ဗီဇာကိုထုတ်ပေးပါတယ်။
② ဗီဇာရှိထားလဲ လေဆိပ်မှာ ပြည်ပထွက်ခွါခွင့်တားမြစ်ခံရတာလဲရှိတယ်။
③မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လဝကအပြင် စစ်အစိုးရလို့ထင်ရတဲ့(စစ်သား)သူတွေလဲရှိသလို ပြည်ပြထွက်တဲ့အကြောင်းကိုအသေးစိတ်မေးပါတယ်။
④ လေဆိပ်မှာ၊ ဂျပန်ဘက်မှာတည်းမဲ့နေရာ၊အလည်အပတ်သွားဖို့စီစဉ်ထားတဲ့နေရာ၊အာမခံပေးတဲ့သူ၊အပြန်လေယာဉ်လက်မှတ်စတာတွေကိုအသေးစိတ်မေးပီး စာရွက်စာတမ်းတောင်းတာတွေလုပ်ပါတယ်။
⑤သံရုံးကိုလာတဲ့လူငယ်တွေထဲမှာ တစ်ခုခုမေးလိုက်ရင် [မသိဘူး] [သေချာမသိဘူး]စတဲ့ ကိုယ်နဲ့မဆိုင်သလိုအချိုးနဲ့တခြားတစိမ်းတစ်ယောက်ရဲ့ကိစ္စကိုဖြေနေတဲ့ပုံစံနဲ့သူက တော်တော်များပါတယ်။ဒီလိုပုံစံ ဒီလိုအချိုးနဲ့ လေဆိပ်ကမေးတာကိုဖြေလိုက်ရင် ပြည်ပထွက်ခွါခွင့်မရတာလဲဖြစ်နိုင်တယ်မဟုတ်လား။
အထက်ပါအကြောင်းအရာက ဂျပန်သံရုံးကဂျပန်လူမျိုးရဲ့အမြင်နဲ့ပြောပြလာတဲ့ အကြောင်းအရာပါ။

ကျမတို့ရုံးရဲ့ လဝကစာရေးကအတူလိုက်ပေးခဲ့တဲ့ ဂျပန်လဝကမှာလဲမြန်မာလူမျိုးလူငယ်တွေက လဝကဝန်ထမ်းကအသံမာမာနဲ့မေးခွန်းမေးလိုက်ရင် လန့်သွားပီး ရုတ်တရက် တကယ့်အဖြစ်မှန်နဲ့ကွဲလဲတဲ့ စကားကိုပြောတာ[ကျနော်၊ကျမဘာမှမသိပါဘူး လဝကစာရေးကရေးပေးတာပါလုပ်ပေးတာပါ]စတာတွေကိုပြောတာအရမ်းများတယ်လို့ဆိုပါတယ်။
ခက်ခဲတဲ့အခြေအနေတွေမှာ တင်းတင်းကျပ်ကျပ်မေးခံရရင် ပုံမှန်မဟုတ်တဲ့မေးခွန်းကိုမေးခံရရင် ဘာပဲဖြစ်ဖြစ်ဒီအမေးကနေလွတ်အောင်ဆိုပီး မသိပါဘူးဆိုတဲ့အဖြေနဲ့မေးခွန်းကိုရှောင်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့လဲ ဒီလိုအဖြေက သံရုံးဝန်ထမ်းနဲ့ လဝကဝန်ထမ်းတွေအတွက် သိပ်ကိုမတင်မကျနဲ့ ဘဝင်မကျစရာ ဖြစ်စေတဲ့ပုံပါပဲ။
ကျမတို့ရုံးအနေနဲ့ကတော့ ပြည်ပထွက်ခွါခွင့်၊လဝကရဲ့မေးခွန်းစတာတွေအတွက်ပြင်ဆင်ပေးပီး ဘာတွေမေးခံရတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကိုစုဆောင်းပီး မေးခံရမယ်လို့ထင်ရလောက်တဲ့ မေးခွန်းတွေကိုဖြေတတ်အောင်လေ့ကျင့်ပေးတာလဲလုပ်ပေးနေပါတယ်။

ဒီမြန်မာဘာသာနဲ့ရေးတင်တဲ့ Ishida FB ရဲ့pageကနေပထမဆုံးအလုပ်အပ်ခဲ့တဲ့ဧည့်သည်က၂၀၂၄ခုနှစ်၈လပိုင်းအစမှာဂျပန်ကိုရောက်လာခဲ့ပါတယ်...
13/09/2024

ဒီမြန်မာဘာသာနဲ့ရေးတင်တဲ့ Ishida FB ရဲ့pageကနေပထမဆုံးအလုပ်အပ်ခဲ့တဲ့ဧည့်သည်က၂၀၂၄ခုနှစ်၈လပိုင်းအစမှာဂျပန်ကိုရောက်လာခဲ့ပါတယ်။
ဒီကေ့စ်က
* ဂျပန်ဖက်ကဖိတ်ခေါ်သူနဲ့ ဘာပတ်သတ်မှုမှမရှိတဲ့ တချိန်တုန်းက အိမ်နီးချင်းမိတ်ဆွေ
* ကျမတို့ရဲ့လဝကစာရေးကအာမခံ
ဒီလိုမျိုးထူးခြားပီးခက်ခဲခဲ့တဲ့ကေ့စ်ပါ။လဝကစာရေးကမြန်မာနိုင်ငံအပါအဝင်အမျိုးမျိုးသောဗီဇာဆောင်ရွက်မှုတွေမှာအတွေ့အကြုံရှိတာကြောင့်၊မြန်မာဝန်ထမ်းကိုခန့်အပ်ပီး၊Ishidaအခွန်စားရင်ကိုင်၊ဗီဇာဝန်ဆောင်မှုရုံးကနေမြန်မာဘာသာစကားနဲ့ဒီပေ့ဂျ်ကိုစတင်ခဲ့ပါတယ်။post တွေတင်တာကနေစလို့ မြန်မာလူမျိုးတွေသိလာပီး ဒီပေ့ဂျ်အသစ်၊အဖွဲ့အစည်းအသစ်ကိုယုံကြည်စွာအပ်နှံပီး အခွန်စာရင်းကိုင်၊လဝကစာရေးIshidaအဖွဲ့အစည်းရဲ့ကြိုးစားမှုကနေ ရလာတဲ့ ရလဒ်ပါ။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တခြားတိုင်းပြည်က ဂျပန်သံရုံးမှာ မတောင်းတဲ့စာရွက်စာတမ်းတွေကို မြန်မာနိုင်ငံဂျပန်သံရုံးကတောင်းတာတွေရှိခဲ့ပါတယ်။

ဒီကေ့စ်မှာ မြန်မာနိုင်ငံဂျပန်သံရုံးကတာဝန်ရှိသူတွေက ဒီဘက်ကဖိတ်ခေါ်သူရဲ့အလုပ်ထိဖုန်းဆက်ပီးမေးသလို၊အာမခံပေးခဲ့တဲ့ကျမတို့ရုံးရဲ့လဝကစာရေးIshidaဆီကိုလဲဖုန်းနဲ့ ဆက်ပီးမေးမြန်းတာတွေထိရှိခဲ့ပါတယ်။ဖောင်တင်တဲ့အချိန်ထပ်ခဲ့တဲ့လေယာဉ်ဘိုကင်လဲ အသစ်ပြန်ထပ်ခဲ့ရပီး ဒီဖက်ကဖိတ်ခေါ်သူနဲ့ ဂျပန်လာချင်တဲ့ကလေးနဲ့မိသားစုဟာလဲ မျိုးစုံသောပူပင်သောကတွေရောက်ခဲ့ရပေမဲ့ ဘေးကင်းစွာနဲ့ဂျပန်ရောက်လာခဲ့ပါတယ်။

Team Ishida ကို ယုံကြည်ပီးအပ်နှံပေးခဲ့တဲ့ ပထမဆုံးဧည့်သည်လဲဖြစ်သလို ဖိတ်ခေါ်တဲ့သူကလဲနာဂိုရာမှာနေတာကြောင့် CHUBU International Airport ထိ ကျမတို့သွားကြိုပေးခဲ့ပါတယ်(ပုံမှန်ကတော့ လေဆိပ်ထိအကြိုအပို့မလုပ်ပါဘူး)။ ကျမတို့ဧည့်သည်ကသူဖိတ်ခေါ်ပေးခဲ့တဲ့သူနဲ့ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာပြန်လည်တွေဆုံခဲ့ရတာဖြစ်လို့ အတိုင်းမသိဝမ်းသာမိပါတယ်။ လေဆိပ်ကအပြန် ဖိတ်ခေါ်တဲ့သူရဲ့နာဂိုရာအိမ်မှာ ကျမတို့ကို(လဝကစာရေးနဲ့မြန်မာဝန်ထမ်း) ကိုယ်တိုင်ချက်လက်ရာကောင်းကောင်း မြန်မာအစားအစာနဲ့ဧည့်ခံခဲ့လို့ သုံးဆောင်ခဲ့ရပါသေးတယ်။

ဟိုတလောလေးက မြန်မာကနေလိမ်ခေါ်ခံလာရပီး အတင်းအဓ္ဓမအလုပ်ခိုင်းခံရတဲ့မြန်မာလူမျိုး ကိုလဲ ကူညီကာကွယ်ပေးခဲ့ပါသေးတယ်။ ရဲစခန်း၊လဝကနဲ့တရာရေးဌာန(Ministry of Justice)ရဲ့ စုံစမ်းစစ်ဆေးတာတွေမှာပူပေါင်းဆောင်ရွက်ခဲ့ပီးမျိုးစုံသောခက်ခဲ့တဲ့ လုပ်ငန်းတွေမှာပါဝင်ပတ်သတ်ခဲ့ပါသေးတယ်။ကျမတို့Team Ishida က မြန်မာလူမျိုးတွေကိုအခမဲ့ကူညီပေးနေတဲ့ NPOအဖွဲ့အစည်းမဟုတ်ပေမဲ့ ကျွမ်းကျင်တဲ့အသိပညာဗဟုသုတကိုလိုအပ်လာတဲ့အခါ၊ဘယ်လိုလုပ်ရမယ်မသိလို့ကူညီပါဆိုပီးတောင်းဆိုမှုတွေပြုလာတဲ့အခါ ဂျပန်မှာအရမ်းဒုက္ခရောက်နေပါတယ်ဆိုတဲ့မြန်မာလူမျိုးတွေအတွက် တတ်နိုင်တဲ့အတိုင်းအတာ ဘောင်အတွင်းကနေ ပူးပေါင်းကူညီဆောင်ရွက်ပေးနေပါတယ်။အရမ်းပူနေတဲ့နွေရာသီမှာ လဝကစာရေးနဲ့ မြန်မာဝန်ထမ်းက နာဂိုရာကနေ တိုကျိုထိသွား၊စုံစမ်းစစ်ဆေးရေးတွေမှာအချိန်ပေးပူးပေါင်းဆောင်ရွက်ခဲ့သလို အရမ်းပင်ပန်းပီးဝမ်းနဲနေတဲ့မြန်မာလူမျိုးရဲ့ခံစားချက်ကို အတူတူလိုက်ခံစားပေးတာကြောင့် team Ishida လဲပင်ပန်းနေတဲ့အချိန်မှာ team Ishida ရဲ့ပထမဆုံးဧည့်သည်က အခက်အခဲမရှိဂျပန်ကိုလာလို့ရပီဆိုတဲ့စကားကြားရတာ အရမ်းကိုဝမ်းသာမိပါတယ်။နောက်ပီး မြန်မာပြည်ရဲ့လက်ဆောင်အဖြစ် မြန်မာ့စောင်းကောက်ကို ယူလာပေးပါသေးတယ်။အရမ်းလက်ရာဝင်ပီးတော်တော်လေးလှပါတယ်။
ရုံးကလဝကစာရေးလဲတော်တော်လေးနှစ်သက်သဘောကျတာကြောင့်Ishidaရုံးရဲ့ဧည့်သည်တွေ့ဆုံတဲ့အခန်းမှာ အလှဆင်ထားပါတယ်။

ဂျပန်လာတဲ့ကလေးနဲ့မိသားစုဝင်တွေ၊ဖိတ်ခေါ်ပေးခဲ့တဲ့ဂျပန်ဖက်ကမိတ်ဆွေ၊ဂျပန်နိုင်ငံကိုရောက်ရှိလာတဲ့အတွက် congratulationsပါ။မြန်မာပြည်မှာကျန်ခဲ့တဲ့မိသားစုရဲ့ခံစားချက်ကိုလဲတွေးမိပါတယ်။မိသားစုဝင်တွေလဲခွဲခွါရလို့ဝမ်းနဲနေပေမဲ့ဂျပန်မှာရောက်နေတဲ့ ကလေးကိုပျော်ရွှင်တိုးတက်စေချင်တဲ့ဆန္ဒတွေလဲပြည့်နှက်နေပါလိမ့်မယ်။ဂျပန်ရောက်နေတဲ့ကလေးဒီထက်မက ပျော်ရွှင်မှုများစွာရရှိပါစေလို့ team Ishida မှဆုတောင်းပါတယ်။

မေး ။ ရက်တိုဗီဇာကနေနိုင်ငံရေးအခြေအနေကြောင့်ချပေးထားတဲ့ katsudou visaပြောင်းဖို့ အချိန်ဘယ်လောက်လိုတာလဲ။ဖြေ။ရက်တိုဗီဇာ(အလည...
09/08/2024

မေး ။ ရက်တိုဗီဇာကနေနိုင်ငံရေးအခြေအနေကြောင့်ချပေးထားတဲ့ katsudou visaပြောင်းဖို့ အချိန်ဘယ်လောက်လိုတာလဲ။

ဖြေ။ရက်တိုဗီဇာ(အလည်ဗီဇာ)၃လ(ရက်ပေါင်း၉၀)+ရက်တိုဗီဇာသက်တမ်းတစ်ကြိမ်တိုး၃လ(ရက်ပေါင်း၉၀) စုစုပေါင်းရက်ပေါင်း၁၈၀လိုပါတယ်။

မေး ။ ရက်တိုဗီဇာ၊သက်တမ်းတိုး၊katsudou visa အစဉ်တိုင်းလုပ်တဲ့အခါ ရက်တိုဗီဇာကို၃လ(ရက်ပေါင်း၉၀)+သတ်တမ်းတိုး ၃လ(ရက်ပေါင်း၉၀)မဟုတ်ပဲ၊ ရက်တိုဗီဇာ၁လ(ရက်ပေါင်း၃၀)+သက်တမ်းတိုး၁လ(ရက်ပေါင်း၃၀)စသဖြင့်အချိန်တိုအောင်လုပ်လို့မရဘူးလား။

ဖြေ။ မြန်မာပြည်နိုင်ငံရေးအခြေနေကြောင့်ချပေးထားတဲ့ katsudou visaကိုပြောင်းဖို့ရက်တိုဗီဇာနဲ့ ဂျပန်မှာရက်ပေါင်း၁၈၀နေထိုင်ပီးမှသာkatsudou visaကိုပေးတယ်လို့ ဂျပန်လဝက ကဆိုပါတယ်။(၂၀၂၄/၇/၂ဂျပန်လဝကကိုမေးမြန်းထားခြင်းပါ)

နှစ်တစ်ဝက်(၆လ) အလုပ်လုံးဝလုပ်လို့မရလို့ဖိတ်ခေါ်သူရဲ့အိမ်မှာနေထိုင်မယ်ဆိုရင်တောင်မှ အဲဒီ၆လစာ စားရိတ်ကိုအတိုင်းအတာတစ်ခုအထိပြင်ဆင်ထားဖို့လိုပါတယ်။

住所

2-23 Yada-Higashi Higashi-ku
Nagoya-shi, Aichi
461-0044

ウェブサイト

アラート

Ishida အခွန်စာရင်းကိုင်/ စီမံခန့်ခွဲရေး စာရင်းကိုင်ရုံးがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する