Knowledge Nexus by Thura

Knowledge Nexus by Thura Sharing is Caring

လမ်း ဆိုတာ လျောက်ရင်းပျောက်တက်ပါတယ်။ ဒါပေမယ့် ရွေ့ နေသ၍ ရှေ့ ကို ရောက်နေမှာပါ ။ ရပ်မနေဖို့ပါပဲ 😊
31/10/2024

လမ်း ဆိုတာ လျောက်ရင်းပျောက်တက်ပါတယ်။ ဒါပေမယ့် ရွေ့ နေသ၍ ရှေ့ ကို ရောက်နေမှာပါ ။ ရပ်မနေဖို့ပါပဲ 😊

မေး။   ကြိုးစားတိုင်းအောင်မြင်မှာလား?ဖြေ။   Don't work hard , Work smart 😊
31/10/2024

မေး။ ကြိုးစားတိုင်းအောင်မြင်မှာလား?

ဖြေ။ Don't work hard , Work smart 😊

Do the best in given situation 😋
27/10/2024

Do the best in given situation 😋

တောင်ပံမခက်တဲ့ငှက်ကြီးတွေ မိုးပေါ်ကနေပျံသွားတာ မြင်တိုင်း ငါလည်းတစ်နေ့ အိမ်ပြန် နိုင်ရမယ်လို့တွေး မိပါရဲ့။လူသားစက်ရုပ်ပမ...
17/08/2024

တောင်ပံမခက်တဲ့ငှက်ကြီးတွေ မိုးပေါ်ကနေပျံသွားတာ မြင်တိုင်း ငါလည်းတစ်နေ့ အိမ်ပြန် နိုင်ရမယ်လို့တွေး မိပါရဲ့။

လူသားစက်ရုပ်ပမာ လှုပ်ရှားပြီး ပိုက်ဆံရှာ တိုင်း ပိုက်ဆံကို မက်မော လို့ မဟုတ်ဘူး ဆို တဲ့ ခံယူချက်ဟာ အဝေးရောက်သူတိုင်း ရဲ့ စကားလုံးမရှိတဲ့ ရင်ဘက်ထဲ မှာ အရင်ကတည်းက ကိန်းအောင်းနေပြီးသားပါ။

လူမျိုးမတူ ယဉ်ကျေးမှုမတူ ဘာသာစကားတွေ မတူတဲ့ နေရာသစ် ဟာ ဘဝမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ပြည့်နှက်လျက်ရှိပါတယ်။

တစ်ခါတလေ အိပ်ချိန်ဆိုတာ ဘာမှန်းတောင်မသိရသည်အထိ ပင်ပန်းပေမယ့် ငါအိမ်ပြန်တဲ့အခါ ငါ့ကိုဝမ်းသာစွာ ကြိုလင့်နေမယ့် သူတေတွေရှိသေးတယ် ဆိုတဲ့အသိနဲ့ နိုးတစ်ဝက်အိပ်မက်ကို လက်စသတ်ပြီးအလုပ်သွားခဲ့ရတဲ့ အရုဏ် တက်
ချိန်တွေ လည်းမနည်းလှပါ။

ကို့မြေကို့ရေ မှာနေထိုင်ပြီး လူငယ်ဘဝ ကို လွတ်လပ်ပေါ့ပါးစွာဖြတ်သန်းနေတဲ့ လူငယ်တွေမြင်မိတဲ့အခါ ငါလည်းသူတို့လို နေချင်လိုက်တာလို့ တွေးမိလိုက်တော့လည်း
ငါတို့ခေတ်မှာ မဖြစ်နိုင် ရင်တောင် နောက်လာနောက်သားတွေအတွက်ဆိုပြီး အသက်ကိုစတေးနေတဲ့ လူငယ်အာဇာနည်တွေကိုပြန်ပြီးလေးစားနေရပြန်ရော

လူတိုင်းအိမ်ပြန်ချင်ကြပါတယ်........

အိမ်ပြန်ချင်တဲ့လူတိုင်းလည်းဆန္ဒတွေ

မြန်မြန်ပြည့်ဝကြပါစေ🙏

"နေ့တိုင်းဟာ သင့်အနာဂတ်ကို ပုံဖော်နိုင်ဖို့အတွက် အခွင့်အရေးသစ်တစ်ခုပါပဲ။ အိပ်မက်တွေက သင်ထင်ထားတာထက် ပိုနီးနေတာဖြစ်ပြီး၊ ...
16/08/2024

"နေ့တိုင်းဟာ သင့်အနာဂတ်ကို ပုံဖော်နိုင်ဖို့အတွက် အခွင့်အရေးသစ်တစ်ခုပါပဲ။ အိပ်မက်တွေက သင်ထင်ထားတာထက် ပိုနီးနေတာဖြစ်ပြီး၊ ဒီနေ့ အဆင့်သေးသေးလေး တစ်ဆင့်တက်တိုင်းဟာ
အဲ့ဒီအိပ်မက်တွေကို နီးကပ်စေပါတယ်။

ကိုယ့်ကို ကို ယုံကြည်ပါ၊ အာရုံစိုက်ပါ၊ ကြိုးစားအားထုတ်မှုရဲ့ စွမ်းအားကို မလျှော့စားပါနဲ့။

ကမ္ဘာကြီးအတွက် မင်းရဲ့ ထူးခြားတဲ့ အလင်းတန်းလိုအပ်နေပါတယ် — ထာဝရတောက်ပနေပါစေ!" ❤️

ကောက်ရိုးတွေ သိမ်းခဲ့ရတာလည်းတူတယ်ကြက်တိုက်တာ လည်းတူတယ်မတူတာက ကျွန်တော်တို့က Vitoria မတိုင်ခင် ခေတ်မှာ ကျန်ခဲ့တာပဲ🥴photo ...
03/07/2024

ကောက်ရိုးတွေ သိမ်းခဲ့ရတာလည်းတူတယ်

ကြက်တိုက်တာ လည်းတူတယ်

မတူတာက ကျွန်တော်တို့က Vitoria မတိုင်ခင် ခေတ်မှာ ကျန်ခဲ့တာပဲ🥴

photo credit from Tate Britain ( London)

28/06/2024

မူရင်း Credit #

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ဝတ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေဝိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။

ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။

ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။

ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။

ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။

တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။

ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။

မိခင်အနွယ်ဝင် ကရင်များကို ပဝိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။

ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။

အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပဝိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပဝိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။

(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)

တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။

(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)

Lahu, Akha, and Lisu (page 7, line 13, column 1)

Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)

တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )

ဤ ဖော်ပြမှုသည် ကျွနု်ပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။

ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ဝတ်စားဆင်ယင်သော အဝတ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။

ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
စောကျော်ခရော့စ် ဘလော့မှ ကူးယူတင်ထားသည်။

ဘဝ ဆို တာ လုပ်သလိုမဖြစ်တော့လည်း ဖြစ်သလို လုပ်တက် ရ တာပေါ့ 😎
27/06/2024

ဘဝ ဆို တာ လုပ်သလိုမဖြစ်တော့လည်း ဖြစ်သလို လုပ်တက် ရ တာပေါ့ 😎

"ခံနိုင်ရည်ရှိခြင်း" ဘဝမှာစိန်ခေါ်မှုတွေကိုရင်ဆိုင်ရတဲ့အခါမိမိ​၏ခွန်အားနှင့် စိတ်ပိုင်းဖြတ်မှုသည် အောင်မြင်မှုလမ်းစကို ခ...
11/05/2024

"ခံနိုင်ရည်ရှိခြင်း"

ဘဝမှာစိန်ခေါ်မှုတွေကိုရင်ဆိုင်ရတဲ့အခါ

မိမိ​၏ခွန်အားနှင့် စိတ်ပိုင်းဖြတ်မှုသည်

အောင်မြင်မှုလမ်းစကို ခင်းပေးလိမ့်မည်။

မဆုတ်မနစ်သော ရဲရင့်မှုနှင့် ခံနိုင်ရည်ရှိမှု

ဖြင့် သာ ရှေ့သို့ ဆက်လက် တွန်းအားပေးပါ။

မိမိ​၏ဘဝမှာ အရမ်းကြီးမားတဲ့လိုချင်တာတွေရှိလာခဲ့ရင်မိမိကိုယ်တိုင်ကြိုးစားပြီးယူလို့ရတဲ့ အရာတွေကို အရင်ကြိုးစားကြည့်ပါ။အဲ့...
02/05/2024

မိမိ​၏ဘဝမှာ အရမ်းကြီးမားတဲ့လိုချင်တာတွေရှိလာခဲ့ရင်

မိမိကိုယ်တိုင်ကြိုးစားပြီးယူလို့ရတဲ့ အရာ

တွေကို အရင်ကြိုးစားကြည့်ပါ။

အဲ့လောက်မှ မလုပ်နိုင်သေးဘူးဆိုရင် တော့

လောက ကြီးက မတရားဘူးလို့ပြောဖို့အချိန်မတန်သေးဘူး။

#ဧရာဝတီကငါးကလေး

Address

London

Website

Alerts

Be the first to know and let us send you an email when Knowledge Nexus by Thura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share

Category