Contract Lawyer By Myat

Contract Lawyer By Myat အိမ် ခြံ မြေ.ဗဟုသုတများကို

တစ်နေရာထဲတွင်

လွယ်ကူစွာသိရှိနားလည်ရန်ရည်ရွယ်ပါသည်။

09/03/2026

စုံ/မ မထွက်ရ အမိန့်ကို ဖောက်ဖျက်ရင် ဒီ ပုဒ်မ နဲ့ အရေးယူခံရပါမည်။

"ဒေသန္တရ အမိန့် ၁၈၈" ဆိုသည်မှာ တရားဝင်အခေါ်အဝေါ်အရ "ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈" (Section 188 of the Penal Code) ကို ဆိုလိုခြင်းဖြစ်ပါသည်။

၎င်းသည် "ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီ ထုတ်ပြန်သော အမိန့်ကို ဖီဆန်ခြင်း" (ဥပမာ - မြို့နယ်အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်သည့် ညမထွက်ရအမိန့်၊ လူစုလူဝေးမလုပ်ရအမိန့် စသည့် ဒေသန္တရအမိန့်များကို ချိုးဖောက်ခြင်း) အတွက် အရေးယူ ပြစ်ဒဏ်ပေးသော ဥပဒေပုဒ်မ ဖြစ်ပါသည်။

'ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ၏ ပြစ်ဒဏ်များ'
ဤပုဒ်မအရ ပြစ်ဒဏ်ကို ချိုးဖောက်မှုအခြေအနေပေါ်မူတည်ပြီး နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်-

၁။ သာမန် ဖီဆန်ချိုးဖောက်မှု (အနှောင့်အယှက် သို့မဟုတ် နစ်နာမှုဖြစ်စေလျှင်)
အစိုးရဝန်ထမ်းက ထုတ်ပြန်ထားသည့် အမိန့်ကို ချိုးဖောက်သည့်အတွက် တရားဝင် တာဝန်ထမ်းဆောင်နေသူများကို အနှောင့်အယှက်ဖြစ်စေလျှင်၊ နစ်နာစေလျှင် (သို့) ထိုသို့ဖြစ်စေရန် အကြောင်းရှိလျှင် -
• အလုပ်မဲ့ ထောင်ဒဏ် ၁ လ အထိ ဖြစ်စေ၊
• ငွေဒဏ် ဖြစ်စေ၊ edited - ဒဏ်ငွေ ၂သောင်းတဲ့
• ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ပါသည်။
(မှတ်ချက် - လက်တွေ့တွင် ညမထွက်ရအမိန့်ကို သာမန် ချိုးဖောက်သွားလာသူများကို ဤပြစ်ဒဏ်အရ ထောင်ဒဏ် ၁ လ (သို့) ငွေဒဏ်များ အများဆုံး ချမှတ်လေ့ရှိပါသည်)

၂။ အန္တရာယ် (သို့) ရုန်းရင်းဆန်ခတ် ဖြစ်စေမှု
ထိုသို့ အမိန့်ဖီဆန်ချိုးဖောက်မှုကြောင့် လူတို့၏ အသက်၊ ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေလျှင် (သို့) ရုန်းရင်းဆန်ခတ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စေလျှင် (သို့) ထိုသို့ဖြစ်စေရန် အကြောင်းရှိလျှင်-

• ထောင်ဒဏ် ၆ လ အထိ ဖြစ်စေ၊
• ငွေဒဏ် ဖြစ်စေ၊
• ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ပါသည်။

cpcd 2 org

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Contract Lawyer By Myat publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager