𝑴𝒆𝒐𝒘 𝒐𝒓 𝑵𝒆𝒗𝒆𝒓

𝑴𝒆𝒐𝒘 𝒐𝒓 𝑵𝒆𝒗𝒆𝒓 အစ္စလာမ့်တရားဓမ္မများနှင့် ဘဝအတွက် လမ်းညွှန်ချက်များကို မျှဝေရာ Hidayat Gate (ဟေဒါယသ် တံခါးပေါက်) မှ ကြိုဆိုပါတယ်။"🤲🕋

🕌 ရမဇာန်တစ်လတာ သိမှတ်ဖွယ်ရာ အဖြာဖြာ 🕌 °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°  🌟 လမြတ်ရမဒွါန်၏ အာဒါဗ် 🌟...
12/02/2026

🕌 ရမဇာန်တစ်လတာ သိမှတ်ဖွယ်ရာ အဖြာဖြာ 🕌

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

🌟 လမြတ်ရမဒွါန်၏ အာဒါဗ် 🌟

(၁) လမြတ်ရမဒွါန်ကို ပျော်ရွှင်ဝမ်းမြောက်စွာ စောင့်ဆိုင်းပါ။
ရဂျ ဗ်လမြင်သည်နှင့် အောက်ပါ ဒိုအာကို ဆိုရ၏။
‎اَللّٰهُمَّ بَارِكۡ لَنَا فِی رَجَبَ وَشَعۡبَانَ وَبَلِِّغۡنَا رَمَضَانَ

(၂) ရမဒွါန် လဆန်းကြည့်ရန် ရှအ်ဗာန်လကို ရေတွက်ပါ။
‎اَللّٰهُمَّ اَهِلَّهُ عَلَيۡنَا بِالۡيُمۡنِ وَالۡاِيۡمَانِ وَالسَّلَامَۃِ وَالۡاِسۡلاَمِ، رَبِِّیۡ وَرَبُّكَ اللّٰهُ

(၃) လဆန်းမြင်သောအခါ အထက်ပါဒိုအာကို ဖတ်ပါ။

(၄) လက်အောက် ငယ်သားများအား နူးညံ့သိမ်မွေ့စွာ ဆက်ဆံပါ။ (ဤဆက်ဆံမှုသည် အစဉ်အမြဲ ရှိရမည် ဖြစ်သော်လည်း ရမဇာန်လမြတ်တွင် ပို၍ ဂရုပြုရမည်။ လုပ်သား၏ တာဝန်ကို လျှော့လျှင် မိမိအဖို့ မဂ်ဖိရသ်ကို ရယူနိုင်သော အခွင့်အရေး ရှိမည်။)

(၅) ဆွဒကဟ် (နဖိလ်တာဝန်အရ) လှူဒါန်းရာတွင် ရက်ရောပါ။

🌟 ရိုဇဟျ၏ အာဒါဗျ 🌟

(၁) အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူရန် ရိုဇဟ်ထားပါ။

(၂) နဖိလ်ရိုဇဟ်ကိုလည်း တတ်နိုင်သမျှ စောင့်ထိန်းပါ။ (ထွတ်မြတ်သော နေ့များအနက် ရှောက်ဝါလ် (၆)လုံး ရိုဇဟ်၊ မုဟရ်ရမ် (၁၀)ရက်နေ့၏ ရိုဇဟ်၊ ဇိလ်ဟဂျ်၏ ၁၀ရက် ရိုဇဟ်နှင့် လစဉ် ၃ရက် ရိုဇဟ်များ။)

(၃) ရေတစ်ငုံပင် ဖြစ်စေ စဲဟ်ရီစားပါ။ (ဗရကသ်ရှိသည်)

(၄) စဲဟ်ရီ စားရာတွင် စဲဟ်ရီ နောက်ဆုံးချ ိန်ထိ ဆိုင်းငံ့၍ စားပါ။

(၅) ကောင်းမြတ်သော အမလ်များ များမြောင်စွာ ဆောက်တည်ပါ။

(၆) အကျူ ိးမဲ့ လုပ်ရပ်များမှ ရှောင်နေပါ။

(၇) ရိုဇဟ်ထားလျက် အရှက်မဲ့သော အပြုအမူနှင့် အပြောအဆိုများ မပြုလုပ်ရပါ။

(၈) အထူးသဖြင့် အလ္လာဟ်အရှင်မြတ် မနှစ်သက်သော ဂိုနာဟ်အပေါင်းမှ ရှောင်ကြဉ်ပါ။

(၉) အချ ိန်ဝင်သည်နှင့် ဝါဖြေပါ။ တတ်နိုင်ပါက စွံပလွန်သီးဖြင့် အိဖ်သာရ် ဝါဖြေပါ။

(၁၀) အခြားသူများ အိဖ်သာရီ စားသောက်ရန်အတွက် တတ်နိုင်သမျှ စီစဉ်ပေးပါ။

(၁၁) အိဖ်သာရီ၏ ဒိုအာရွတ်ပါ။ အိဖ်သာရီ မလုပ်ဘဲ ရိုဇဟ် ဆက်တိုက် မစောင့်ရပါ။

🌟 ရိုဇဟ် ဆိုသည်မှာ 🌟

ရေနှင့် အစားအစာသည် စည်းစိမ် ဖြစ်သည်ကို မတွေးမိကြပေ။ နေဝင်ချ ိန် ငတ်ပြတ်လွန်းကာမှ စားသောက်ရလျင် ဆုလာဘ်ကြီး ပါလားဟု သိရှိကြပေမည်။ ရိုဇဟ်တွင် နေ့၏ စားသောက်မှု့ကို စွန့်ခြင်းသည် မိမိအပေါ် အလ္လာဟ်အရှင်မြတ်အား ကွပ်ကဲသူအဖြစ် တင်မြောက်ခြင်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးကြီးမားမှုကို မိမိစွမ်းအင် နည်းပါးရာမှ အာရုံပြုတတ်လာမည်။ မုအ်မင်န်၏ သက်တမ်းသည် ဥပုသ်သည်၏ သက်တမ်းဖြစ်ရမည်။ ရိုဇဟ်သည် အတွင်းအပြင် ကျန်းမာရေးကို အလွန် အထောက်အကူပြု၏။ ဤသည်ကိုလည်း မရည်ရွယ်ပါ။ သက်တမ်းကို လှပစေသော သက္ကဝါ တရား ကိုသာ အဓိက ရည်ရွယ်၏။
အစ္စလာမ်ဆိုသည်မှာ တားမြစ်ချက် မှန်သမျှအား ရှောင်ရှားခြင်း ဖြစ်သည်။ နှစ်စဉ် ရိုဇဟ်ဖြင့် ဤသင်ခန်းစာ ကျက်မှတ်ရန် ဖရပ်ဇ် အဖြစ် သတ်မှတ်၏။ ရိုဇဟ်ဖြင့် သက္ကဝါတရား သင်တန်းဆင်းရ၏။ ရိုဇဟ်သည် ငတ်ပြတ်ရေး အစဉ်အလာ သက်သက်မဟုတ်၊ ရိုဇဟ်ဖြင့် စာရိတ္တ မဏ္ဍိုင် ထူထောင်ရာ၏။ တစ်နှစ်တာ ဗရကသ်ဟူသမျှက်ို လမြတ်၏ ရဟ်မသ်လမ်းမှ ရရှိပေမည်။ လမြတ်နှင့် ပက်ပင်းတိုးသော်လည်း မဂ်ဖိရသ် မရသူ အပေါ်ဝယ် လအ်နသ် ကျရောက်၏။ (အရှင်မြတ်ထံ ခိုလှုံပါ၏။)
လွတ်လပ်မှုသည် ဗန္ဓဟ်ဖြစ်ခြင်းမှ ပယ်၍၊ အလ္လာဟ်အရှင်မြတ်အား သခင်အဖြစ်မှ ငြင်းရာရောက်၏။ အရှင်မြတ်၏ ချူ ပ်ကိုင်သလို ကျေနပ်မှုရှိမှ ပြည့်စုံသော မွတ်စ်လင်မ်ဖြစ်မည်။ ညကိုလည်း ရိုဇဟ်ကို သတ်မှတ်လျှင် လူ့ဗီဇနှင့် အီဗာဒသ်၊ ရှရီအသ်နှင့် လူ့သဘာဝကို ခွဲခြားနိုင်မည် မဟုတ်။ ရိုဇဟ်ဖျက်သူသည် အဇာဗ်ကို ရွေးချယ်ခြင်းဖြစ်သည်။ ရိုဇဟ်သည် ဗန္ဓဟ်လူသားအား စည်းကမ်းဖြင့် ထိန်းချူ ပ်နိုင်သည့် အရည်အချင်းကို ဖြစ်ပေါ်စေသည်။ ရိုဇဟ်ရှိသော်လည်း အထိန်းအကွပ် မရှိလျင် ရိုဇဟ် မမည်ပေ။

🌟 ရိုဇဟ်၏ နိယသ် 🌟

ဖရပ်ဇ်နှင့် နဖိလ်ရိုဇဟ်အတွက် မွန်းမတည့်မီအလျင် နေ့စဉ် နိယသ်ပြုရ၏။ သို့သော် ကဇာ ဝါဂျစ်ဗ် ရိုဇဟ်အတွက် ဆိုက စွဗ်ဟေ ဆာဒစ်က်မတိုင်ခင် ရိုဇဟ်နိယသ်ပြုရ၏။

🌟 ကဇာရိုဇဟ် 🌟

အမျူ ိးသမီးများ အနေနှင့် ဟိုင်ဇ်(ဓမ္မတာ) ရက်များတွင် ရိုဇဟ်ထားခွင့် မရှိပါ။ သို့သော် နမာဇ်ကဲ့သို့ မာဖ်မဖြစ်ပါ။ ဟိုင်ဇ်ကြောင့် လွတ်ခဲ့သည့် ရိုဇဟ်များကို ကဇာထားရမည်။
အကြောင်းမဲ့ ရိုဇဟ် လွှတ်ခွင့် မရှိပါ။ အပြစ်ကြီးသည်။ ရှရီအသ်အရ ခွင့်ပြုချက်ရှိက လွှတ်နိုင်သည်။ သို့သော် ကဇာ ထားရမည်။ ကဇာ ထားနိုင်လျက်နှင့် ဖစ်ဒယဟ်ပေးခွင့် မရှိပါ။ သက်ရွယ်ကြီးရင့်လာပြီး မစွမ်းနိုင်တော့ပါမှ ဖစ်ဒယဟ် ပေးရ၏။ ရောဂါသည် ပြန်ကောင်းလာရန် မျှော်လင့်ချက် မရှိတော့လျှင် ဖစ်ဒယဟ် ပေးရ၏။
မွေးကင်းစ ကလေးကို နို့တိုက်ရသဖြင့် ကလေးအတွက် ရိုဇဟ် မထားဖြစ်လျှင်လည်း နောက်ပိုင်း ကဇာထားရမည်။ ရောဂါကြောင့် ဖြစ်စေ၊ ဆာလောင်မွတ်သိပ်၍ ဖြစ်စေ၊ ရိုဇဟ်ကြောင့် အသက်အန္တရာယ် ဖြစ်မှာကို စိုးရိမ်ရလျှင် ရိုဇဟ်ဖျက်ခွင့် ရှိသည်။ သို့သော် နောက်ပိုင်း ကဇာထားရမည်။ ရိုဇဟ်ထားလျက် အကြောင်းမဲ့ ရိုဇဟ် ဖျက်လိုက်ပါက ကဇာနှင့်တစ်ကွ ကဖ်ဖာရဟ် (နှစ်လဆက်တိုက် ရိုဇဟ်ထားခြင်း)လည်း ဆောင်ရွက်ရမည်။

🌟 ရိုဇဟ်တာဝန် 🌟

အရွယ်ရောက်ပြီး မွတ်စ်လင်မ်၊ ရှရီအသ်အရ ခွင့်ပြု မှု ချွင်းချက် တစုံတရာ မရှိလျှင် ရိုဇဟ်ထားရန် ဖရပ်ဇ် ဖြစ်သည်။ ကိုယ်ဝန်သည်၊ ခရီးသည်၊ ရောဂါသည်၊ ရူးသွပ်နေသူ၊ မေ့မျောနေသူများ ချွင်းချက် ရှိသဖြင့် ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ သို့သော် နောက်ပိုင်း ရိုဇဟ် ကဇာထားရမည်။ ရိုဇဟ်နိယသ် မပြုဘဲ ငတ်ပြတ်နေထိုင်လျှင် ရိုဇဟ် အထမမြောက်ပေ။ မေ့ပြီး စားသောက်မိလျှင်၊ ဆေးထိုးလျှင်၊ သွေးစစ်လျှင်၊ အမှတ်တမဲ့ ပါးစပ်ထဲ ယင်ကောင် ဝင်သွားလျှင်၊ အလိုအလျောက် အော့အန်လျှင်၊ အေဟ်သိလာမ် ဖြစ်သွားလျှင်၊ သွားကြားမှ သွေးထွက်လျှင်၊ နားထဲ ရေဝင်လျှင်၊ ပူလွန်း၍ ရေချူ ိးလျှင်၊ တံတွေးမျူ ိလျှင်၊ ခေါင်းမှာ ဆီလိမ်းလျှင်၊ ရေစိုအဝတ် ခေါင်းပေါ်တင်လျှင် ရိုဇဟ် မပျက်ပေ။
အခိုးအငွေ့ တစုံတရာကို တမင်ရှုရှိူက်လျှင်၊ နာကျင်သဖြင့် အကိုက်အခဲပျောက်ဆေး ပါးစပ်ထဲထည့်လျှင်၊ လက်ထည့်ပြီး အန်ချလျှင်၊ ကွမ်းငုံ၍ အိပ်ပျော်သွားပြီး မနက်ရိုဇဟ်ထားလျှင်၊ ပလုပ်ကျင်းနေစဉ် လည်ချောင်းထဲ ရိုဇဟ်အသိရှိလျက် ရေဝင်သွားလျှင်၊ နားထဲ ရေထည့်လျှင်၊ မြေကြီးစားလျှင်၊ သွားဖုံးမှ သွေးထွက်ကာ လည်ချောင်းထဲ ဝင်လျှင်၊ ဆေးလိပ်သောက်လျှင် ရိုဇဟ်ပျက်သည်။ ကဇာထားရမည်။

🌟 တရာဝီဟ် 🌟

အေရှာပြီး ရကအသ်-၂၀- စလာမ်-၁၀ကြိမ်နှင့် တကွ ဖတ်ခြင်းသည် အမျူ ိးသား အမျူ ိးသမီး အားလုံးအတွက် စွန္နသေမုအတ်ကဒဟ်ဖြစ်သည်။ တရာဝီဟ်နမာဇ်ကို ဂျမာအသ်နှင့် ဖတ်ခြင်းက စွန္နသေကိဖာယဟ်ဖြစ်သည်။ ကုရ်အာန် စဆုံး အနည်းဆုံး တစ်ခသမ် ဖတ်ခြင်းသည် စွန္နသ် ဖြစ်သည်။ ရမဇာန်လတွင် ဝိသစ်ရ်နမာဇ်ကို ဂျမာအသ်နှင့် ဖတ်ခြင်းက မြင့်မြတ်သည်။

🌟 ရှဗေကဒရ် 🌟

လပေါင်း တစ်ထောင်ထက် ထူးမြတ်သော ညဖြစ်သည်။ ဖဂျရ်အချ ိန်တိုင် ဗရ်ကသ်၊ ရဟ်မသ်တော်များ ကျရောက်လျက်ရှိ၏။ ကဒရ် ညမြတ်အား တတ်စွမ်းလျှင် တစ်နှစ်ပတ်လုံး ရှာဖွေသင့်၏။ ထိုသို့ မတတ်နိုင်ပါက ရမဇာန် (၁)လလုံး၊ သို့မဟုတ်လျှင် နောက်ဆုံး (၁၀)ရက်၊ မစွမ်းပါက နောက်ဆုံး(၁၀)ရက်၏ "မ" ညများ၊ နောက်ဆုံးအနေဖြင့် ရမဇာန် ၂၇.ရက် ညက်ိုမူ ထူးခြားသော အခွင့်အရေးဟု မှတ်ယူကာ အိဗာဒသ် ပြုရမည်။ ကဒရ်ညမြတ်နှင့် မဆုံစည်းသည့်တိုင် စဝါးဗ်မှ လက်မဲ့ ဖြစ်မည် မဟုတ်။

🌟 အိသေကာဖ် 🌟

ရှဗေကဒရ်ကို ရှာဖွေ၍ အေဗာဒသ်ကို တိုးမြှင့်ရန် အေသိကာဖ်ထိုင်ခြင်းမှာ အလွန် မြင့်မြတ်သည်။ စွန္နသေကိဖာယဟ် ဖြစ်သည်။ အမျူ ိးသမီးလည်း မိမိ နမာဇ်ဖတ်ခန်းတွင် အေသိကာဖ် ထိုင်ခွင့်ရှိသည်။ သို့သော် ဟိုင်ဇ် ပေါ်လာသော် အေသိကာဖ် ပျက်သည်။ အကြောင်းမဲ့ ဗလီပြင်ထွက်ပါက အေသိကာဖ်ပျက်သည်။ သို့သော် အိမ်မှ ထမင်းပို့မည့်သူ မရှိလျှင် ကိုယ်တိုင် သွားယူခွင့် ရှိသည်။ (ယခုအခါ ဗလီများတွင်စဲဟ်ရီ ပို့သူများကို တွေ့ရ၏။)
ရမဇာန် နောက်ဆုံး ၁၀ရက်တွင် အေသိကာဖ်ထိုင်ခြင်း စိတ်ရောကိုယ်ပါ အေဗာဒသ် ပြု ခြင်း၊ ဇိကိရ်များမြောင်စွာ တသခြင်း၊ အရှင်မြတ်ဘက် အာရုံပြည့် ရှိနေခြင်း၊ စကားစမြည် လိုအပ်မှ အနည်းငယ်ပြောခြင်း၊ စိတ်လိုရာ ဟူသမျှကို ချေဖျက်နေခြင်းတို့မှာ အေသိကာဖ်၏ အာဒါဗ်များ ဖြစ်သည်။

🌟 ဇကာသ် 🌟

ဇကာသ်အတွက် လက်ဝယ်ပိုင်ဆိုင်မှုသည် နှစ်ပြည့်ရမည်။ ဖစ်သရဟ်တွင် နှစ်ပြည့်ရန် မလိုပါ။ ရွှေ၏ နေစာဗ်မှာ ၇.တိုလာ၊ ငွေ၏ နေစာဗ်မှာ ငွေသား ၅၂.တိုလာခွဲ သို့မဟုတ် ၎င်း၏တန်ဖိုး (နှစ်စဉ် ၎င်းပေါက်ဈေးကို အာလင်မ်များထံ မေးမြန်းပါ။) ရောင်းဝယ်ဖောက်ကားရန် စုဆောင်းထားသောပစ္စည်း၊ ၎င်းပစ္စည်းသည် ငွေနေစာဗ်မျှ လက်ဝယ်ရှိနေ၏၊ အကြွေးလည်း ကင်းလွတ်၏၊ အရေးတကြီး သုံးစွဲရာတွင် မပါဝင်သော ပစ္စည်းလည်း ဖြစ်ရမည်။ ၎င်းပစ္စည်းကို ပိုင်ဆိုင်သော်လည်း လက်ဝယ်မရှိက ဇကာသ် ချက်ချင်းထုတ်ရန် မလိုပါ။
ဇကာသ်ထုတ်ရန် တာဝန်မရှိသော ပစ္စည်းများကား. နေအိမ်၊ အဝတ်အစား၊ အိမ်သုံးပစ္စည်း၊ အစီးအနင်း၊ ကာကွယ်ရန် ထိန်းသိမ်းထားသော လက်နက်၊ အိမ်ရှိ စားသောက်ဖွယ်များ၊ အလှဆင်ထားသော အိုးခွက် ပန်းကန်များ၊ ပုလဲ စိန် ရတနာများ၊ လေ့လာစရာ စာအုပ် စာပေများ၊ စက်ရုံသုံးပစ္စည်းများ၊ အငှါးပေးထားသော မော်တော်ကားများ၊ လယ်ယာသုံး တန်ဆာပလာများတို့ ဖြစ်သည်။
လွန်ခဲ့သည့်နှစ်က ဇကာသ်မထုတ်ခဲ့လျှင် ဦးစွာ ၎င်းဇကာသ်ကို ထုတ်လိုက်ပါ။ နောက်မှ ကျန်ရှိပစ္စည်းကို တွက်ချက်ပြီး ယခုနှစ်၏ ဇကာသ်ကို ထုတ်ရမည်။ (ဇကာသ် ကဏ္ဍမှာ အလွန်ကျယ်ပြန့်သဖြင့် အာလင်မ်များထံ မေးမြန်း၍ ဆောင်ရွက်ကြပါ။)

🌟 ဆွဒကဟ်ဖစ်သ်ရ် 🌟

ဇကာသ် ဝါဂျစ်ဗ်ထိုက်သူသည် ဖစ်သရဟ်လည်း ထုတ်ရမည် မိမိအရွယ်မရောက်သေးသော ကလေးများ အတွက်လည်း ဖစ်သရဟ် ထုတ်ရ၏။ အရွယ်ရောက်သော သားသမီးအတွက် ဖစ်သရဟ်ထုတ်ရန် အရေးမကြီးသော်လည်း ၎င်းတို့ မိမိအိမ်တွင် ရှိနေသဖြင့် သင်က ထုတ်လိုက်လျင်လည်း အထမြောက်မည်။ ဂျူ ံကြမ်း ဆွာအ်တစ်ဝက် (၁ပိသာ ၁၀သား)ကို ဖြစ်စေ၊ ၎င်း၏ တန်ဖိုးကို ဖြစ်စေ၊ တစ်ဦးချင်းဘက်မှ ထုတ်ရမည်။ ဈေးနှုန်းကို လက်ရှိ ပေါက်ဈေးအတိုင်း စုံစမ်း၍ ပေးရမည်။ ဇကာသ်ယူထိုက်သူကို ပေးရ၏။

🌟 အီးဒ်​၏ အာဒါဗ်​ 🌟

ရေချူ ိးခြင်း၊ အမွှေးအကြိုင်လိမ်းခြင်း၊ အကောင်းဆုံး ဝတ်စုံဆင်ခြင်း၊ အီးဒ်ဖတ်ရန် မသွားမီ ဖစ်သရဟ်ဆွဒကဟ် ပေးဆောင်ခြင်း (ဖစ်သရဟ်သည် ဝါဂျစ်ဗ် ဖြစ်သည်)၊ အီဒွလ်ဖိသ်ရ် ဖတ်ရန် မသွားမီ အချူ ိ တစုံတရာစားခြင်း၊ (အီဒွလ့်အဒ်ဟာဆိုမူ ကုရ်ဗာနီ မပြုမီ မစားခြင်း)၊ အီးဒ်နေ့ အိဒ်ဂါသို့ စောစောသွားခြင်း၊ (ကလေးငယ်များကို ခေါ်သွားခွင့်ရှိသည်)၊ အီးဒ်အတွက် ခြေလျင်သွားခြင်း၊ အီဒွလ်ဖိသ်ရ်သို့ သွားလျက် သပ်က်ဗီရ်ကို တီးတိုးစွာ၊ အီဒွလ်အဒ်ဟာသို့ သွားရာတွင် သပ်က်ဗီရ်ကို အသံဖြင့်ဖတ်ခြင်း၊ အီးဒ်မတိုင်မီ နဖိလ်နမာဇ် မဖတ်ရ၊ အီးဒ်သို့ တစ်လမ်းမှသွားပြီး တစ်လမ်းမှပြန်ခြင်း၊ အီးဒ်အကြို ညများတွင် အေဗာဒသ်ကို အထူးဂရုစိုက်ခြင်း၊ အီးဒ်အတွက် အာဇာန် အေကာမသ် မရှိပါ။ အီးဒ်နမာဇ်ဖတ်ရန် ဝါဂျစ်ဗ်ထိုက်သူများသည် နမာဇ်မဖတ်ခင် ကွရ်ဗာနီ မပြုရ၊ (ခွင့်ပြုချက် ရရှိပါက အီးဒ်ဂါတွင် ကွရ်ဗာနီ ပြုသင့်သည်)၊ အီးဒ်နမာဇ်ပြီး ခွတ်သဗဟ်မြွက်ကြားနေစဉ် မိမိနေရာတွင် ထိုင်လျက် အေမာမ်ဘက် အာရုံပြုလျက် နားထောင်ရပေမည်။

★ ရိုဇဟ်၊ ဇကာသ်၊ သရာဝီဟ်နှင့် ဖစ်သရဟ် သက်ဆိုင်သည့် ပညတ်ချက်များ အသေးစိတ်ကို အာလင်မ်များအား မေးမြန်း၍ ဆောင်ရွက်ကြပါရန်။ ★
--------------------------------
မူရင်းရေးသားတင်ပြသူအားခရက်ဒစ်ပေးပါသည်။


`Telegram Channel Link ´... (Join... )
https://t.me/TaunggyiMuslimFamily

04/02/2026

#

04/02/2026
04/02/2026

အစအဆုံးနားထောင်ကြည့်ပါ
#အလ္လာဟ်ရှင်မြတ်အားလုံးက်ုတောင်ဗာဟ်လုပ်နိုင်တဲ့စွမ်းအားချီးမြှင့်ပေးသနားတော်မူပါ

03/02/2026
✅အစဆုံးဖတ်ကြည့်လိုက်ပါ။ တန်ဖိုးရှိပါတယ်✅ မြန်မာဘာသာ ဖြင့် ဒိုအာတောင်းနည်း .......ရှဗေဗရာအသ်ညမြတ်မှာအားပါးတရတောင်းချလိုက်...
03/02/2026

✅အစဆုံးဖတ်ကြည့်လိုက်ပါ။ တန်ဖိုးရှိပါတယ်✅

မြန်မာဘာသာ ဖြင့် ဒိုအာတောင်းနည်း .......
ရှဗေဗရာအသ်ညမြတ်မှာအားပါးတရတောင်းချလိုက်ပါသူငယ်ချင်းတို့...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မရဲ့ အပြစ်ဂိုနဟ်တွေကို
ခွင့်လွှတ်တော်မူပါ...

နေ့မှာ ဖြစ်စေ ~ ညမှာ ဖြစ်စေ
အလင်းမှာ ဖြစ်စေ ~ အမှောင်မှာ ဖြစ်စေ
သိလျက်နဲ့ ဖြစ်စေ ~ မေ့မှားပြီး ဖြစ်စေ
တစ်ဦးထဲ ဖြစ်စေ ~ အုပ်စုလိုက် ဖြစ်စေ
ကိုယ်ထိလက်ရောက် ဖြစ်စေ ~ စိတ်ကူးနဲ့ ဖြစ်စေ
ကျူးလွန်ခဲ့မိတဲ့ ဂိုနဟ် ဆွဂီရဟ် , ဂိုနဟ် ကဗီရဟ် အားလုံးကို မအ်ဖ်လုပ်တော်မူပါ...

#အို_အလ္လာဟ်
ကျန်ရှိသက်တမ်းမှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်တွေ အားလုံးကို
တမန်တော်မြတ်(صَلَّی اللّٰهُ عَلَیهِ وَسَلَّمَ)
ရဲ့ စွန္နသ်တော်အတိုင်း နာခံခွင့် ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
မိမိ စိတ်ကြိုက် ဘဝ သက်တမ်းကို နေခဲ့ခြင်းမှ မအ်ဖ်လုပ်တော်မူပါ...

အလ္လာဟ်အရှင် ကျေနပ်နှစ်သက်တဲ့ ပုံစံအတိုင်း ကျန်ရှိ သက်တမ်းကို ကုန်ဆုံးနိုင်စွမ်း ပေးသနားတော်မူပါ...

#အို_အလ္လာဟ်
ဆွဟာဗဟ်တွေကတော့ ကောင်းတဲ့ အသိုင်းအဝိုင်းကို ရရှိခဲ့ပါတယ်...

ကျွန်တော်မျိုး/မတို့ ပတ်ဝန်းကျင်ကတော့ ဂိုနဟ်နဲ့ အသိုင်းအဝိုင်းပါ...
အလ္လာဟ် ထိန်းသိမ်းတော်မူပါ...

#အို_အလ္လာဟ်
အမျိုးသားတွေကိုလည်း ထိန်းသိမ်းတော်မူပါ...
အမျိုးသမီးတွေကိုလည်း ထိန်းသိမ်းတော်မူပါ...
ကလေး သူငယ်များကိုလည်း ထိန်းသိမ်းတော်မူပါ...
ကောင်းတဲ့ အသိုင်းအဝိုင်းမှာပဲ ထားတော်မူပါ...

#အို_အလ္လာဟ်
မိဘ ၊ ဆရာသမားတွေရဲ့ အပြစ်တွေကို
မအ်ဖ်လုပ်တော်မူပါ...

#အို_အလ္လာဟ်
ကလိမဟ်နဲ့ ကိုက်ညီတဲ့ ဘဝသက်တမ်းကို ချီးမြှင့်တော်မူပါ...
ကလိမဟ်ရဲ့ ဟကီကသ်ကို ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
တမန်တော်မြတ် (صَلَّی اللّٰهُ عَلَیهِ وَسَلَّمَ)
ရဲ့ စွန္နသ်တော် အတိုင်း ဘဝဇင်ဒဂီကို ကုန်ဆုံးနိုင်တဲ့ သက်တမ်း ချီးမြှင့်တော်မူပါ...
စွန္နသ်တော်တွေ သင်ယူဆည်းပူးပြီး သူ့နေရာနှင့်သူ ဖတ်ရွတ်နိုင်စွမ်း ပေးသနားတော်မူပါ...

#အို_အလ္လာဟ်
နမာဇ် (၅) ကြိမ် ကို စွဲစွဲမြဲမြဲ ဖတ်နိုင်စွမ်း ပေးသနားတော်မူပါ...

ဂျမအသ် နှင့် တကွ ဖတ်နိုင်စွမ်း
ချီးမြှင့်တော်မူပါ...

သတ်က်ဗီးရ်အူလာ နှင့် ဖတ်နိုင်စွမ်း
ချီးမြှင့်တော်မူပါ...

ဆွဖ်ဖေအူလာမှာ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...

အသက်ပါတဲ့ နမာဇ် ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...

အလ္လာဟ်ရဲ့ ဒဟ်ယာန်နဲ့ တကွ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
အေလင်မ်ရဲ့ နူရ်ကို ချီးမြှင့်တော်မူပါ...

ဇိကိရ်ရဲ့ နူရ်ကို ချီးမြှင့်တော်မူပါ...

ဂျဟာလသ်ကို အလ္လာဟ် ခတမ် လုပ်တော်မူပါ...

အစ်ကရာမ်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မတို့ရဲ့ အခ်လားက်ကို မြင့်မားအောင် လုပ်ပေးတော်မူပါ...

မွတ်စ်လင်မ်ရဲ့ တန်ဖိုး ကျွန်တော်မျိုးမတို့ရဲ့ နှလုံးသားထဲ ထည့်ပေးတော်မူပါ...

မွတ်စ်လင်မ်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်မျိုး/မတို့ရဲ့ နှလုံးသားထဲ ထည့်ပေးတော်မူပါ...

အခ်လားက်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မတို့ရဲ့ ဂျန်မာလ်ကို
အလ္လာဟ့် ဒီန်း အတွက် လက်ခံတော်မူပါ...

မကောင်းတဲ့ နေရာတွေမှာ သုံးစွဲမိပါတယ်...

ဒီနေ့က စပြီး ကောင်းတဲ့နေရာမှာပဲ သုံးမယ်လို့ အဇာအင်မ် လုပ်ပါတယ်...

#အို_အလ္လာဟ်
နောက်ဆုံးအချိန် ကျွန်တော်မျိုး/မတို့ကို ရာဇွီဖြစ်တော်မူပါ...
အလ္လာဟ် ကျေနပ်တော်မူပါ...

နောက်ဆုံး အချိန်အထိ ဒီန်းရဲ့ အသိုင်းအဝိုင်းမှာပဲ ထားတော်မူပါ...

သေခါနီး အချိန်မှာ ကလိမဟ်ကို ချီးမြှင့်တော်မူပါ...

ဟွစ်နေခါသေမဟ်ကို ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မ အပါအဝင် ၊
ကျွန်တော်မျိုးမ မောင်နှမ , မိသားစု ၊ ကျွန်တော်မျိုးမ မိဘ အပါအဝင် ၊ ကျွန်တော်မျိုး/မ အမျိုးအသိုင်းအဝိုင်းများ အားလုံးကို ယာအလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူတော်မူရာတွင် ဆိုးရွားစွာ အလ္လာဟ် အမိန့်ခံခြင်းမှ ဖယ်ရှားပေးတော်မူပါ ယာအလ္လာဟ်..

ချောချောမွေ့မွေ့နှင့် ညင်သာစွာ အလ္လာဟ် အမိန့် ခံယူနိုင်တဲ့ နစေ့ဖ် အလ္လာဟ်အရှင် ချီးမြှင့်ပေးတော်မူပါ...

အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူပြီးတဲ့နောက်မှာလည်း ကဗရ် အဇားဗ်မှ လွတ်ငြိမ်းခွင့်ပေးတော်မူပါ...

ကဗရ်ကို ကျယ်ဝန်းစေတော်မူပါ...
ဂျန္နသ်ရဲ့ တံခါးများကို ဖွင့်ပေးတော်မူပါ...

ကဗရ်ကို လင်းဝင်းစေတော်မူပါ...

မနက်ဖြန် ကေယာမသ်နေ့ကျရင် အလ္လာဟ်ရဲ့ အရှ်ရဲ့ အရိပ်အာဝါသ အောက်မှာ ထားတော်မူပါ...

#အို_အလ္လာဟ်
အအ်မာနာမာကို ညာဘက်မှ ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
အလ္လာဟ့် ရှေ့မှာ ရပ်ရမယ်...
ကျွန်တော်မျိုး/မတို့ လုပ်ထားသောအပြစ် အားလုံးပေါ်မယ်...
အလ္လာဟ် ကျွန်တော်မျိုးမရဲ့ အပြစ် ဂိုနဟ်တွေကို ဖုံးပေးတော်မူပါ...

ပွရ်ဆွေရားသ် တံတားမှ လျင်မြန်စွာ
ဖြတ်ကူးနိုင်စွမ်း ပေးတော်မူပါ...

#အို_အလ္လာဟ်
ဂျန္နသွလ်ဖရ်ဒေါက်စ်ကို ချီးမြှင့်တော်မူပါ...

အလ္လာဟ့်ထံမှာ ဂျန္နသွလ်ဖရ်ဒေါက်စ်ကို တောင်းခံပါတယ်...
မထိုက်တန်ပါဘူး ယာအလ္လာဟ်...

သို့သော်.. အလ္လာဟ် နဗီက ဂျန္နသွလ်ဖရ်ဒေါက်စ်ကို တောင်းခိုင်းထားပါတယ်...

#အို_အလ္လာဟ်
အလ္လာဟ် ဂျဟန္နမ်ကနေ ဖယ်ရှားပေးတော်မူပါ...

အလ္လာဟ့် ဒေါသကနေ ဖယ်ရှားပေးတော်မူပါ...

အလ္လာဟ် ကျွန်တော်မျိုး/မအပေါ် အဇားဗ် မချလိုက်ပါနဲ့...

အလ္လာဟ်ရဲ့ ရဟ်မသ်တော်ကို မျှော်ကိုးပါတယ်...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မတို့ရဲ့ တိုတောင်းလှတဲ့ ဘဝဇင်ဒဂီလေးထဲမှာ လိုအပ်ချက်တွေကို အလ္လာဟ် ဖြည့်ဆည်းပေးတော်မူပါ...

ကျွန်တော်မျိုးမတို့ရဲ့ စီးပွားရေးမှာ ဗရ်ကသ်ပေးတော်မူပါ ယာအလ္လာဟ်...

ကျန်းမာရေးမှာလည်း ဗရ်ကသ်ပေးတော်မူပါ ယာအလ္လာဟ်...

ရိုဇီပေးတော်မူပါ ယာအလ္လာဟ်...

#အို_အလ္လာဟ်
သူများရှေ့မှာ လက်မဖြန့်ရပါစေနဲ့...

သူများစီက မချေးငှါးရပါစေနဲ့...

သူများအရိပ် မခိုရပါစေနဲ့...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မ သေပြီးနောက်လည်း သားသမီးတွေ သူများအရိပ်မခိုရပါစေနဲ့...

အလ္လာဟ်ရဲ့ ခဇာနဟ် အလွန်ပဲကြီးကျယ်ပါတယ်...

အလ္လာဟ်.. ကျွန်တော်မျိုး/မကိုလည်း ပေးပါ...ပေးပါ...ပေးပါ...

အလ္လာဟ်မှ မပေးရင် ပေးမယ့်အရှင် မရှိပါဘူး...
အလ္လာဟ် ပေးပါ...

#အို_အလ္လာဟ်
အလ္လာဟ်အရှင် ဂနီပါ ယာအလ္လာဟ်...
ကျွန်တော်မျိုး/မဟာ သူတောင်းစားပါ ။
ယာအလ္လာဟ်...

တမန်တော် အမိန့်ရှိခဲ့တယ် ။
ယာအလ္လာဟ်...
အလ္လာဟ်စီကနေ မတောင်းရင် အလ္လာဟ် စိတ်ဆိုးတော်မူတယ်တဲ့...

#အို_အလ္လာဟ်
အခု အလ္လာဟ် စိတ်မဆိုးအောင် တောင်းနေပါပြီ ယာအလ္လာဟ်...

ရိုဇီထဲမှာ ဗရ်ကသ် ပေးတော်မူပါ
ယာအလ္လာဟ်...

အရောင်းအဝယ်မှာ ဗရ်ကသ် ပေးတော်မူပါ ယာအလ္လာဟ်...

အဖျက်ဆီး ခံထားရတဲ့ ဗလီများကို အမြန်ဆုံး ပြုပြင်နိုင်စွမ်း ပေးသနားတော်မူပါ...

ဗလီများ ၊ မဒ်ရဆာများ ၊ ခန်ကာများ ၊ ကဗရ်စတာန်များကို ထိန်းသိမ်းတော်မူပါ...

မွတ်စ်လင်မ်များရဲ့ ဂျန်မာလ်ကို ထိန်းသိမ်းတော်မူပါ ယာအလ္လာဟ်...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မကို မွေးထုတ်ခဲ့တဲ့ မိခင်နဲ့ ၊ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဖခင်တို့အား ဒွန္နယာ အာခိရသ် နှစ်ဌာန နှစ်ဘဝစလုံး ဂျန္နသ်သွလ်ဖရ်ဒေါက်စ်ရဲ့ မြင့်မားသော အဆင့်အတန်း ချီးမြှင့်တော်မူပါ...

#အို_အလ္လာဟ်
ကျွန်တော်မျိုးမအား သန့်ရှင်းစင်ကြယ်သော ဘဝဇင်ဒဂီကို ၎င်း ၊

ကောင်းမြတ်သော နိဂုံးကို ၎င်း ပေးသနားတော်မူ၍

နောင်အာခိရသ်ဍ္ဍ် အရှက်တကွဲ အကျိုးနည်းရမည့် အဖြစ်ဆိုးမှ ကယ်တင်စောင်မတော်မူပါ ယာအလ္လာဟ်...

#အို_အလ္လာဟ်
အရှင်သာလျှင် ရေးသားခြင်း ၊
ပယ်ဖျက်ခြင်းများအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်ပါတယ်...

သို့ရှိလေရာ အကယ်၍များ အရှင်က ကျွန်တော်မျိုးမကို ကံဆိုးသူဟု ရေးသားထားပါမူ ပယ်ဖျက်လျက် ကံကောင်းသူဟု ရေးသားပေးသနားတော်မူပါ...

#အို_အလ္လာဟ်
ကျွန်တော်မျိုး/မ တောင်းတဲ့ ဒိုအာကို
တမန်တော်မြတ် (صَلَّی اللّٰهُ عَلَیهِ وَسَلَّمَ)
ကို အကြောင်းခံပြီး လက်ခံပေးတော်မူပါ...
#ဒိုအာကလွဲပြီး_ဘာမှမတတ်နိုင်တဲ့_သူတွေရဲ့_ဒိုအာကို_လက်ခံပေးတော်မူပါ_ယာအလ္လာဟ်

#အာမီးန်

29/01/2026
Mothers day မှာ အမေနဲ့တစ်ပွဲနွှဲပြီးအိမ်ပေါ်ကဆင်းလာခဲ့ပြီ 😄
11/05/2025

Mothers day မှာ အမေနဲ့တစ်ပွဲနွှဲပြီးအိမ်ပေါ်ကဆင်းလာခဲ့ပြီ 😄

ရေနွေးအိုးကြီး ကျနေတာပဲ ရှင်ရယ်ဆူလိုက်တာ
08/05/2025

ရေနွေးအိုးကြီး ကျနေတာပဲ ရှင်ရယ်
ဆူလိုက်တာ

အံမယ် ရုပ်ကိုက ဒူးရင်းသီးစားချင်နေတဲ့ရုပ် ဝယ်ကျွေးမယ် ဝယ်ကျွေးမယ် ခနစောင့် လစာထုတ်တော့မှာ
30/04/2025

အံမယ် ရုပ်ကိုက ဒူးရင်းသီးစားချင်နေတဲ့ရုပ် ဝယ်ကျွေးမယ် ဝယ်ကျွေးမယ် ခနစောင့် လစာထုတ်တော့မှာ

မိမိမှာ အပျော်ဆိုပီးတွဲလိုက်သော်လဲ သူကအတည်ကြီးကိုယ့်ကို ယူမယ်ပြောလာသောအခါ
28/04/2025

မိမိမှာ အပျော်ဆိုပီးတွဲလိုက်သော်လဲ သူကအတည်ကြီးကိုယ့်ကို ယူမယ်ပြောလာသောအခါ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝑴𝒆𝒐𝒘 𝒐𝒓 𝑵𝒆𝒗𝒆𝒓ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์