Ko Aung I’m proudly to help you all whatever you want to solutions in Thailand. Especially Passport, Visa, Work Permit and other documentation.

11/10/2024

ประชาสัมพันธ์ : แจ้งเตือน

တကယ်အသိပေးချင်တာက TR Visa နဲ့ အခြား သံရုံးထောက်ခံစာနဲ့မှ သက်တမ်းတိုးရမည့်လူတွေကို ………..ထိုင်းဘက်အခြမ်းကို သက်တမ်းတိုးမပေ...
10/10/2024

တကယ်အသိပေးချင်တာက
TR Visa နဲ့ အခြား သံရုံးထောက်ခံစာနဲ့မှ
သက်တမ်းတိုးရမည့်လူတွေကို
………..
ထိုင်းဘက်အခြမ်းကို သက်တမ်းတိုးမပေးဖို့မှ
တားဆီးပိတ်ပင်ဖို့ မဖြစ်နိုင်တာပဲလေ….။

မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်၍ ထောက်ခံစာ မပြုလုပ်သူများ သတိပြုရန် အသိပေးခြင်း
(၉-၁၀-၂၀၂၄)
၁။ မြန်မာသံရုံး (ဗန်ကောက်) သည် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် လည်းကောင်း၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ဖြင့်လည်းကောင်း ရောက်ရှိနေသူများအား အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းတိုးနိုင်ရန် လိုအပ်သည့် ထောက်ခံစာ ပြုလုပ်ပေးလျက်ရှိပါသည်။
၂။ ထောက်ခံစာ ပြုလုပ်ပေးရာတွင် နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၇ ရက်ကျန်ရှိသူများကိုသာ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ၇ ရက်မကျန်ရှိသူများ၊ သက်တမ်းကျော်လွန်နေထိုင်သူများကို လုံးဝ (လုံးဝ) ပြုလုပ်ပေးခြင်း မပြုကြောင်း အသိပေးထားပြီး ဖြစ်ပါသည်။
၃။ ရက်ကျော်လွန်နေထိုင်သူအချို့သည် ယခုအခါ ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လာရောက်ပြီး မြန်မာသံရုံး၏ ထောက်ခံစာအတု (အတု) ဖြင့် ဗီဇာသက်တမ်းတိုး လျှောက်ထားမှုများ ရှိနေကြောင်း သက်ဆိုင်ရာမှ အသိပေးလာပါသည်။ (အောက်တွင်ဖော်ပြထားသော ထောက်ခံစာ)
၄။ ထောက်ခံစာနှင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန် နိုင်ငံတကာသံရုံးများသည် သက်ဆိုင်ရာနိုင်ငံ၏ ဌာနများသို့ မိမိသံရုံး၏ ကောင်စစ်အရာရှိများ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့သော ထောက်ခံစာများ၏ စာနံပါတ်နှင့် ရက်စွဲတို့ကို ပေးပို့ထားပြီးဖြစ်ပါသည်။
၅။ ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံများ၏ ဌာနများအနေဖြင့် ထောက်ခံစာတစ်စောင်အပေါ် သံသယရှိပါက ချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း၊ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားကာ စာနံပါတ်၊ ရက်စွဲ၊ ထုတ်ပေးသူအမည်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ကြပါသည်။
၆။ နောင်တွင် အတုအပပြုလုပ်ပေးသူ၊ အတုအပထောက်ခံစာဖြင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများသို့ လာရောက်သူများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊ ဉပဒေကြောင်းအရ အရေးယူခြင်း ပြုလုပ်ရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၇။ အောက်ဖော်ပြပါ Passport No. MF364672 (Date of Birth 01 March 1997) ကိုင်ဆောင်သူအနေဖြင့် မြန်မာသံရုံး (ဗန်ကောက်) သို့ လာရောက်သတင်းပို့ရန်နှင့် ရှင်းလင်းရန် လိုအပ်ပါသည်။ ၂၅-၁၀-၂၀၂၄ ရက်နေ့အတွင်း မလာရောက်ပါက ဤနိုင်ငံကူးလက်မှတ်အား Null a Void ကြေညာဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Credit; Myanmar Embassy Bangkok
ဗီဇာ-ပါမစ်နှင့်ဆက်လျဉ်း-
Ko Aung ( Documentation)
☎️ 094-751-4371

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ)

ငွေသားကိုင်စရာပင် မလိုတော့သည့်  အခြေ အနေသို့ရောက်ရှိ
27/09/2024

ငွေသားကိုင်စရာပင် မလိုတော့သည့် အခြေ အနေသို့ရောက်ရှိ

"ထိုင်းတစ်နိုင်ငံလုံးမှ 7-Eleven မှာ PromptPay QR Code နဲ့ ငွေပေးချေနိုင်ပြီ"

ထိုင်းနိုင်ငံ 7-Eleven ရဲ့ Customer တွေဟာ Mobile Banking App မှာ QR Code ကို ဖွင့်ပြီး ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ထိုင်းတစ်နိုင်ငံလုံးမှ 7-Eleven စတိုး ၄၈၀ မှာ QR code promtpay ဖြင့်ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှု အသစ်ကြောင့် Customer တွေဟာ ငွေရှင်းကောင်တာမှာ PromptPay QR Code ကို Scan လုပ်ခြင်းဖြင့် ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေအတွက် လွယ်ကူစွာ ငွေပေးချေနိုင်မှာ ဖြစ်ပြီး ဒီစနစ်မှာ လူသုံးများတဲ့ Mobile Banking App အားလုံးကို ထောက်ပံ့ထားပါတယ်။

ဒါ့အပြင်အရင်က ငွေပေးချေတဲ့ စနစ်တွေ ဖြစ်တဲ့ ငွေသား၊ TrueMoney Wallet ၊ Credit Cards တွေနဲ့ ဆက်လက် ငွေပေးချေနိုင်ပါတယ်။

PromptPay နဲ့ ငွေပေးချေဖို့ နည်းလမ်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
💢သင့်ရဲ့ Bank App ကို ဖွင့်ပြီး “My QR” Option ကို ရွေးချယ်ပါ။
💢ပေးရမယ့် ငွေပမာဏကို ထည့်သွင်းပါ။
💢Scan လုပ်ဖို့ QR Code ကို Cashier ကို ပြပါ။
💢PromptPay နဲ့ ငွေပေးချေပါ။

Ref : aseannow
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ထိုင်း၌ မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု တဟုန်ထိုးမြင့်တက် ဧရာဝတီ၊ စက်တင်ဘာ ၂၄၊ ၂၀၂၄ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံ...
25/09/2024

ထိုင်း၌ မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု တဟုန်ထိုးမြင့်တက်

ဧရာဝတီ၊ စက်တင်ဘာ ၂၄၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုသည် ၂၀၂၄ နှစ်လယ်၌ ၂၀၂၃ တနှစ်လုံး၏ စံချိန်ကို ကျော်လွန်ခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်ဌာန (REIC) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

REIC ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ နှစ်လယ်အထိ ထိုင်းနိုင်ငံတဝန်း ဘတ် ၃ ဒသမ ၂၅ ဘီလီယံ တန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၆၃၈ ခန်းကျော်ကို မြန်မာနိုင်ငံသားများက ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဝယ်ယူမှုသည် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု အများဆုံးဟု မှတ်တမ်းတင်ထားသည့် ၂၀၂၃ တနှစ်လုံး၏ စံချိန်ထက် မြင့်မားနေခြင်းဖြစ်ပြီး ၂၀၂၃ တွင် ဘတ် ၃ ဒသမ ၇ ဘီလီယံ တန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၅၆၄ ခန်း ရောင်းထွက်ခဲ့သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၁ တွင် ၂၇၄ မီလီယံဘတ် တန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၃၀ သာ ဝယ်ယူခဲ့သော်လည်း ၂၀၂၂ ၌ ၂ ဒသမ ၅၅ ဘီလီယံဘတ် တန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၃၄၉ ခန်းအထိ ဝယ်ယူမှုမြင့်တက်ခဲ့ကြောင်း သိရသည်။

REIC ၏ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က “ကွန်ဒိုလွှဲပြောင်းဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာလူမျိုးတွေဟာ ၂၀၂၂ ကစပြီး ပထမဆုံးအကြိမ် ထိပ်ပိုင်း ၁၀ နိုင်ငံထဲ ပါဝင်လာခဲ့တာပါ။ အရင်နှစ်တွေတုန်းကဆို တနှစ်မှ ကွန်ဒိုတိုက်ခန်း ၂၀ ကနေ ၅၀ အတွင်းသာ ရှိခဲ့တာပါ” ဟု ပြောသည်။

၂၀၂၂ တွင် တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်ပြီးလျှင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု အဆင့် ၆ နေရာ၌ ရှိခဲ့ပြီး တန်ဖိုးအရကြည့်မည်ဆိုပါက မြန်မာနိုင်ငံသည် တရုတ်၊ ရုရှားပြီးလျှင် တတိယမြောက် ဖြစ်ခဲ့သည်။

၂၀၂၃ တွင်မူ တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ပြီးလျှင် မြန်မာသည် ကွန်ဒိုဝယ်ယူမှု စတုတ္ထမြောက်နေရာအထိ မြင့်တက်လာကြောင်း၊ ၂၀၂၄ နှစ်လယ်တွင်မူ ကွန်ဒိုဝယ်ယူမှုနှုန်းရော၊ ဝယ်ယူမှုတန်ဖိုးအရရော မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ ဒုတိယနေရာ၌ ရှိခဲ့သည့် ရုရှားကို ကျော်လွန်ပြီး ဒုတိယမြောက်နေရာထိ ရောက်လာကြောင်း REIC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - Bangkok Post




စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

CI စာအုပ်ကိုင်ဆောင်ထားသူများ သက်တမ်းတိုးနယ်စပ်ပြန်ရနိုင်…မုန်တိုင်း(ထိုင်း) နှင့် ရေ(မြန်မာ)ပေါင်းစပ်ကာဖြင့်ရွှေ့ပြောင်း...
22/09/2024

CI စာအုပ်ကိုင်ဆောင်ထားသူများ
သက်တမ်းတိုးနယ်စပ်ပြန်ရနိုင်…

မုန်တိုင်း(ထိုင်း) နှင့် ရေ(မြန်မာ)ပေါင်းစပ်ကာဖြင့်
ရွှေ့ပြောင်းလုပ်သားများရဲ့ဘဝတွေ
ကျေအောင်များ ဖန်ရက်နေလေသလား…

มติ 3,2565 ယခုလာမည့်နှစ် 13/2/2025 ခုနှစ်မှာ
သက်တမ်း 2နှစ်ပြည့် သက်တမ်းတိုးရမည့်သူများ
(ထိုင်းဘက်ခြမ်း) ပြန်ပြီး MOU Return စနစ်ဖြစ်
ပြောင်းလဲကာသက်တမ်းတိုးရနိုင်ချေရှိပါသည်။

အကယ်၍ (၂၄) ရက်နေ့
အစည်းအဝေးဆုံးဖြတ်ချက်တွင်
အတည်ပြုလိုက်ပါက-
😢😢😢😢😢

သို့ဖြစ်ပါ၍ CI စာအုပ်ကိုင်ဆောင်ထားသူများအနေဖြင့်
စာအုပ်သက်တမ်း၄ နှစ်ပြည့်အောင် မစောင့်ဘဲ
မှတ်ပုံတင်မူရင်းလက်ဝယ်ရှိသူများမှာ
စာအုပ်အနီ (PJ) သို့ ကြိုတင်ကာ
ပြောင်းလဲလုပ်ဆောင်ခြင်းဖြင့်
မြန်မာနိုင်ငံသားဖြစ်ကြောင်း
သေချာစေရန်ဆိုသည့်
အကြောင်းပြချက်မှ လွတ်ကင်းနိုင်ပြီး
နယ်စပ်သို့ပြန်လည်ကာထွက်ခွာပြီးမှ
သက်တမ်းတိုးလုပ်ဆောင်ရမည့်
လုပ်ငန်းစဥ်ကိုလည်း
‌ရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း
အကြံပြုမျှဝေအပ်ပါသည်။

ဗီဇာ-ပါမစ်နှင့်ဆက်လျဥ်း
Ko Aung (Documentation)
☎️ 094-751-4371

ที่อยู่

Bangkok

เบอร์โทรศัพท์

+66947514371

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ko Aung:

แชร์