𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐌𝐚𝐭𝐞 𝐒𝐰𝐞 - မြန်မာ့မိတ်ဆွေ

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐌𝐚𝐭𝐞 𝐒𝐰𝐞 - မြန်မာ့မိတ်ဆွေ ထိုင်းနိုင်ငံအတွင်း ပတ်စပို့သက်တန်းတိုးခြင်း၊ ဗီဇာ သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း

သတင်းကောင်းပါ
06/12/2024

သတင်းကောင်းပါ

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးခြင်း
(၆-၁၂-၂၀၂၄)
၁။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ “MOU လုပ်သားများကဲ့သို့ ၁၃-၂-၂၀၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport - စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI - စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော လုပ်သားများအား ထိုင်းနိုင်ငံအတွင်း ( ၂ ) နှစ် သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း၊ ဆက်လက်၍ ( ၂ ) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း ( ၄ ) နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း” သိရှိရပါသည်။
၂။ အထက်ပါလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြ ချက်တွင် “မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်” ဟု ဖော်ပြနေကြကြောင်း တွေ့ရှိရပါသည်။ မြန်မာသံရုံး (ဗန်ကောက်) သည်လည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သည်လည်း ကောင်း၊ အလုပ်သမားသံမှူးရုံး (ဗန်ကောက်) သည်လည်းကောင်း ဤလုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန်မရှိ (မရှိ) ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။
၃။ ၂% အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဗန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာအုပ်များ ပြုလုပ်ရမည်ဖြစ်ပါသည်။
၄။ သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဉီးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ပါသည်။
၅။ အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ပါသည်။
၆။ အကျိုးဆောင်အေဂျင်စီများအနေဖြင့် မရှင်းလင်းပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်၊ သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ)

လူဟောင်းသမားများ သက်တန်းတိုးဖို့အတွက် အရင်တုန်းကလို ထိုင်းဖက်တစ်ခြမ်းဘဲ တိုးလို့မရတော့ပါဘူး၊ဒီနှစ် မြန်မာဖက်ခြမ်းပါ နိမ်...
21/11/2024

လူဟောင်းသမားများ သက်တန်းတိုးဖို့အတွက် အရင်တုန်းကလို ထိုင်းဖက်တစ်ခြမ်းဘဲ တိုးလို့မရတော့ပါဘူး၊ဒီနှစ် မြန်မာဖက်ခြမ်းပါ နိမ်းလစ်တင်၊အခွန်ဆောင်ပြီးမှ ထွက်လာတဲ့ နိမ်းလစ်ကို ယူပြီး ထိုင်းဖက်ခြမ်းမှာ သွေးစစ်၊ဝတ်ပါမစ်ငွေသွင်း၊ပန်ကန်ဝယ်၊ဗီဇာထု ပြီးရင် ရလာတဲ့စာရွက်စာတန်းများကို အလုပ်သမားရုံးကပေးထားတဲ့ ဝတ်စိုက်ထဲ ပြန်ထည့်ပေးပြီးမှ (ဝတ်ပါမစ်)ခေါ်
ဘိုင်အနူမတ်ပြန်ကျလာမှာပါ။ကြိုတင်လုပ်ကြပါ ၊ ဒီနှစ်ကတော့ လူအကုန် ဝတ်ပါမစ်ရဖို့ ကြိုတင်လုပ်ဆောင်ကြမှ အဆင်ပြေပါလိမ့်မယ်၊စာအုပ်တော်ရမယ့် လုပ်ငန်းစဉ်များသလို ကုန်ကျစရိတ်လည်း များပါတယ်။

လူဟောင်းများ စရင်းပေးထားလို့ရပါပြီ။
ရုံးမှ အမှန်တကယ်ဖွင့်ပြီဆိုမှ ငွေလက်ခံမည်။

အားလုံးဘဲ အစဉ်ပြေကြပါစေ 🌻

💁‍♂️ပတ်စပို့စာအုပ်အနီ 2020 နှင့် 2021 ခုနှစ် ကုန်သမား စာအုပ်လဲလိုပါကဆက်သွယ်လာခဲ့ပါ စောင့်စရာမလိုအထူးအခွင့်အရေးရှိသည်။🥰  ...
24/11/2022

💁‍♂️ပတ်စပို့စာအုပ်အနီ 2020 နှင့် 2021 ခုနှစ် ကုန်သမား စာအုပ်လဲလိုပါကဆက်သွယ်လာခဲ့ပါ စောင့်စရာမလိုအထူးအခွင့်အရေးရှိသည်။🥰

#ပတ်စပို့သက်တမ်းတိုး #ထိုင်းနိုင်ငံအတွင်းစာရွက်စာတမ်းနှင့်အထွေထွေဝန်ဆောင်မှု

🙏မင်္ဂလာပါ🙏ရက် ၉၀ တုံးဘယ်မှာထုရမလဲမသိဖြစ်နေလား?ကျွန်ပ်တို့ရဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐌𝐚𝐭𝐞 𝐒𝐰𝐞 - မြန်မာ့မိတ်ဆွေ Page မှာဆက်သွယ်လိုက်ပါ သ...
09/11/2022

🙏မင်္ဂလာပါ🙏
ရက် ၉၀ တုံးဘယ်မှာထုရမလဲမသိဖြစ်နေလား?
ကျွန်ပ်တို့ရဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐌𝐚𝐭𝐞 𝐒𝐰𝐞 - မြန်မာ့မိတ်ဆွေ Page မှာဆက်သွယ်လိုက်ပါ သင်မထင်မှတ်လောက်အောင် ဈေးနှုန်းချိုသာပြီး ကောင်းမွန်လျှင်မြန်တဲ့ဝန်ဆောင်မှုကိုထိတွေခံစားလိုက်ပါ။🥰🥰🥰

#ထိုင်းနိုင်ငံအတွင်းစာရွက်စာတမ်းနှင့်အထွေထွေဝန်ဆောင်မှု #ရက်၉၀တုံး

OWIC ကဒ်များအား TDCC မဟာချိုင်ရုံးတွင် 2022 ခုနှစ် နိုင်ဝင်ဘာလ 8 ရက်နေ့ မှစတင်ပြီးထုတ်ပေးနေပါပြီ။ပြီးခဲ့သည့် 22 ရက်နေ့ န...
09/11/2022

OWIC ကဒ်များအား TDCC မဟာချိုင်ရုံးတွင် 2022 ခုနှစ် နိုင်ဝင်ဘာလ 8 ရက်နေ့ မှစတင်ပြီးထုတ်ပေးနေပါပြီ။

ပြီးခဲ့သည့် 22 ရက်နေ့ နိုင်ဝင်လာလ 5 ရက်နေ့တွင် မဟာချိန်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှထုတ်ပေးရေးဌာစိတ်၊ ယာယီအချက်အလက်စုဆောင်းရေးဌာန (DATA Collection Center) မှ 2022 ခုနှစ် နိုင်ဝင်ဘာလ 8 ရက်နေ့ မှစတင်ပြီး လျှောက်ထား/ထုတ်ပေးခြင်းကို စတင်လက်ခံလုပ်ဆောင်ပေးသွားမည်ဟုထုတ်ပြန်ခဲ့ပါသည်။
ပြည်ပအလုပ်သမားသက်သေခံကဒ်ပြားခေါ် OWIC ကဒ်အား‌လျှောက်ထားရန်အတွက် ပုံစံဖြည့်သွင်းရာတွင် လိုအပ်သည့်အချက်အလက်များမှာ
-Foreign Company အမည်နှင့်လိပ်စာ
-ပတ်စပို့နှင့်မှတ်ပုံတင်ပါအချက်အလက်များ
စသည့်အချက်အလက်များကိုမိမိတို့အဆင်ပြေသလို ဖုန်းနှင့်ဓာတ်ပုံရိုက်၍ သော်လည်းကောင်း၊ မိတ္တူကူး၍သော်လည်းကောင်း ယူဆောင်လာပြီးအချက်အလက်များကိုဖြည့်စွတ်နိုင်ကြောင်းထုတ်ပြန်ထားပါသည်။

#ထိုင်းနိုင်ငံအတွင်းစာရွက်စာတမ်းနှင့်အထွေထွေဝန်ဆောင်မှု

CI စာအုပ်အစိမ်းရောင်ကို ဘယ်သူတွေကိုင်ဆောင်ရမလဲ?🤔📌အုပ်စု (၁) မတ်တီ ၂၉.၁၂.၂၀၂၀ဘောတော ၄၈ ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများ📌အု...
08/11/2022

CI စာအုပ်အစိမ်းရောင်ကို ဘယ်သူတွေကိုင်ဆောင်ရမလဲ?🤔

📌အုပ်စု (၁)
မတ်တီ ၂၉.၁၂.၂၀၂၀
ဘောတော ၄၈ ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများ

📌အုပ်စု (၂)
မတ်တီ ၂၈.၀၉.၂၀၂၁
ဘောတော် ၅၀ အော် ၃ Work permit စာအုပ် အပြာရောင်ကိုင်ဆောင်ထားသူများ

📌အုပ်စု (၃)
မတ်တီ ၀၅.၀၇.၂၀၂၂
ဘောတော် ၅၀ အော် ၄
နောက်ဆုံအသုတ်ဘတ်စာရင်းတင်ထားသူများ

📝 အထက်ဖော်ပြပါစာရင်းဝင်အုပ်စာများသည် ယခုဖွင့်လှစ်ပြုလုပ်ပေးမည့် CI စာအုပ်ကိုလျှောက်ထားနိုင်ပြီး ရရှိလာသည့်၎င်း CI စာအုပ်တွင် ထိုင်းနိုင်အတွင်းတရားဝင်နေထိုင်ခွင့် ဗီဇာတုံးထုရဦးမည်ဖြစ်ကြောင်း 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐌𝐚𝐭𝐞 𝐒𝐰𝐞 - မြန်မာ့မိတ်ဆွေ ထိုင်းရှိရွှေမြန်မာများသိရှိစေရန်တင်ပြအပ်ပါသည်။ 🥰

#ထိုင်းနိုင်ငံအတွင်းစာရွက်စာတမ်းနှင့်အထွေထွေဝန်ဆောင်မှု

ထိုင်းနိုင်ငံအတွင်း မူလ CI စာအုပ်ကိုင်ထားသူများ CI မှာ CI စာအုပ်ချိန်းရန်အတွက် ၁၄/၁၁/၂၀၂၂ အထိသာနောက်ဆုံးသတ်မှတ်ပေးထားပါသ...
08/11/2022

ထိုင်းနိုင်ငံအတွင်း မူလ CI စာအုပ်ကိုင်ထားသူများ CI မှာ CI စာအုပ်ချိန်းရန်အတွက် ၁၄/၁၁/၂၀၂၂ အထိသာနောက်ဆုံးသတ်မှတ်ပေးထားပါသည်။

ที่อยู่

Bangkok

เบอร์โทรศัพท์

+66612232292

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐌𝐚𝐭𝐞 𝐒𝐰𝐞 - မြန်မာ့မိတ်ဆွေผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์