S&T Visa Services

S&T Visa Services ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก S&T Visa Services, หนังสือเดินทางและบริการวีซ่า, Phetchaburi 7 Alley, Thung Phaya Thai, Ratchathewi, Bangkok.

ထိုင်းနိုင်ငံမှာ အချိန်ကြာကြာနေနိုင်ဖို့အတွက်
လိုအပ်တဲ့နေထိုင်ရေး ဗီဇာ အမျိုးမျိုးကိုတစ်နေရာထဲမှာ ယုံကြည်၊စိတ်ချ၊မြန်ဆန်၊မှန်ကန်မှု 𝐒&𝐓 မှအထူးဝန်ဆောင်မှုပေးနေပါပြီ။

လက်ရှိ နိုင်ငံအလိုက် visa exemption ရတဲ့ update ပါရှင်။
22/05/2026

လက်ရှိ နိုင်ငံအလိုက် visa exemption ရတဲ့ update ပါရှင်။

🙏အစ်မဆီ ED-ED Extension တိုးမဲ့ကျောင်းသားတွေအတွက် Year 2 / Year 3 သမားတွေအတွက် Old Student Discountရှိပါမယ်နော်။🙏💕သက်တမ်...
28/04/2026

🙏အစ်မဆီ ED-ED Extension တိုးမဲ့ကျောင်းသားတွေအတွက် Year 2 / Year 3 သမားတွေအတွက် Old Student Discountရှိပါမယ်နော်။🙏💕

သက်တမ်းတစ်နှစ်ထပ်တိုးရင် နိုင်ငံပြင်ပထွက်စရာမလိုပါ။

✅Year 2 - 4500 Cash Back
✅✅Year 3 - 6000 Cash Back

သုံးယောက်အထက် စုအပ်ရင် extra 1000 စီထပ်လျော့ပေးပါမယ်ရှင့်။🙏

🤩ED-EDသမားတွေCancellation free of chargeလုပ်ပေးပါတယ်။

🙏April 28 ကနေ May 19 ထိပဲcash back လေးရှိပါမယ်ရှင့်။

🙏ပတ်စပို့ကို ခုတိုးရတော့မလား ဘယ်ချိန်တိုးရမလဲအကြံဉာဏ်လာတောင်းကြလို့ ဒါလေးကိုတင်ပေးတာပါ။ 😇အားလုံးက အရမ်းလန့်နေကြလို့ တိုး...
19/03/2026

🙏ပတ်စပို့ကို ခုတိုးရတော့မလား ဘယ်ချိန်တိုးရမလဲအကြံဉာဏ်လာတောင်းကြလို့ ဒါလေးကိုတင်ပေးတာပါ။ 😇

အားလုံးက အရမ်းလန့်နေကြလို့ တိုးပါတိုးပါလို့ မလိုအပ်ဘဲတော့ မတိုးစေချင်ပါဘူး။ မတိုးနဲ့လို့ပြောဖို့ရာလည်း ခက်တဲ့အခြေအနေပါ။😅
အခြေအနေကတစ်ဦးနဲ့တစ်ဦးမတူတာမလို့ သေချာလေးစဉ်းစားပြီးမှ တိုးပါနော်။
ခုအခြေအနေကတော့ စောင့်ကြည့်နေရဆဲမလို တစ်ခုမဟုတ်တစ်ခု ဖြေရှင်းနည်းကတော့ရှိလာမှာပါ။
✅တကယ်ကုန်ခါနီးသမားတွေကတော့အချိန်မဆွဲသင့်တဲ့အချိန်ပါ။
😇လိုအပ်တာရှိရင် လုပ်ဖြစ်သည်ဖြစ်စေ ၊ မဖြစ်စေ လာမေးပြီးအကြံဉာဏ်တောင်းလို့ရပါတယ်။
‼️လမ်းကြောင်းနဲ့တိုးတဲ့အခါ စျေးလည်းမနည်းတာမလို့ ခုချိန် အားလုံးကတိုးဖို့ပြောနေကြတော့ သေချာ စဉ်းစားလို့ရအောင်ပါ။ ‼️
Visa တွေ service ပေးကတည်းက မလိုအပ်တာမကုန်အောင် ဖြစ်နိုင်ချေအားလုံးကို consult လုပ်ပြီးမှ အကောင်းဆုံးကိုအကြံပေးတာမလို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ serviceယူဖို့ ရည်ရွယ်ချက်နဲ့ အကြံမပေးပါဘူးရှင်။ အကောင်းဆုံးကိုသာ ရည်ရွယ်ပြီးအကြံပေးပါတယ်။ ✅
ယုံကြည်ပြီးသက်တမ်းတိုးလာအပ်ကြတာကိုလည်းကျေးဇူးတင်ပါတယ်ရှင့်။ ခုချိန်ကအားလုံးက စိုးရိမ်နေကြလို့ စာအဝင်လေးတွေလည်းများတာမို့ စာပြန်တာကြာနေရင် ဖုန်းဆက်လို့ရပါတယ်။ 🙏

📞ပတ်စပို့သက်တမ်းတိုးတာနဲ့ပက်သက်ပြီးအသေးစိတ်ဆွေးနွေးလိုပါက
မဟေဇယ်ရဲ့ သက်ဆိုင်ရာ Line/Viber/CB ဒါမှမဟုတ် ဖုန်း
082-431-8657 ကိုဆက်သွယ်ပြီး တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
You can contact directly to my line
Hazel
Line number: +66824318657
Line ID : hazel_nuts_
Viber : +66824318657

📣Passport ကဘန်ကောက်သံရုံးမှာတော့လက်ရှိအချိန်ထိ အရင်စနစ်အဟောင်းတိုင်း UID မပါဘဲ သက်တမ်းတိုးပေးနေပါတယ်။📣UID နဲ့ epassport ...
19/03/2026

📣Passport ကဘန်ကောက်သံရုံးမှာတော့လက်ရှိအချိန်ထိ အရင်စနစ်အဟောင်းတိုင်း UID မပါဘဲ သက်တမ်းတိုးပေးနေပါတယ်။📣

UID နဲ့ epassport က 2027မှစမယ်လို့ရေးထားပါတယ်။ ✅
🔹လက်ရှိကတော့ ဥပဒေအသစ်ကို ထုတ်ပြန်ထားတာဖြစ်ပြီးတော့ စနစ်အတွက်ပြင်ဆင်နေတုန်းပါ။ နည်းဥပဒေအသေးစိတ်ထွက်လာဖို့ရှိမယ်ထင်ပါတယ်။
🔹ခုလက်ရှိအထိ အခြေအနေကမြန်မာနိုင်ငံမှာသက်တမ်းတိုးမယ်ဆိုရင်တော့ UID မရှိရင် လက်မခံပါဘူး။ ဘာလို့ဆို ကိုယ်တိုင် 13ရက်နေ့ကမှတိုးလာတာမလို့ပါ။
🔹ဘန်ကောက်သံရုံးတွေဘက်ကတော့ ဘယ်နေ့မှာ UIDစတင်ပြီး လိုအပ်ပါမယ် ပြောထာတာမရှိသေးပါဘူးရှင်။ လက်ရှိ သက်မှတ်ချက်အတိုင်း ကိုက်ညီရင်တော့ တိုးလို့ရပါမယ်ရှင့်။

🔹နည်းဥပဒေအသေးစိတ်ထွက်လာတာကိုစောသ့်ကြည့်ရပါမယ်ရှင့်။

ညကျရင်ဘယ်လို အခြေအနေမျိုးဆို ကြိုတိုရသင့်လဲ ဘယ်လိုမျိုးဆို မတိုးလည်းရလဲဆိုတာမျိုးကိုအသေးစိတ်ရေးပေးပါမယ်ရှင့်။ 🙏

🤔EID/e-ID ကဘာလဲ ?UID ကဘာလဲ? UID နဲ့Smart cardနဲ့တူတူပဲလား ဆိုပြီး pageမှာလာမေးကြလို့ပါ။ 🔹မိမိရဲ့ မှတ်ပုံတင်အချက်အလက်တွေ ...
19/03/2026

🤔EID/e-ID ကဘာလဲ ?UID ကဘာလဲ? UID နဲ့Smart cardနဲ့တူတူပဲလား ဆိုပြီး pageမှာလာမေးကြလို့ပါ။

🔹မိမိရဲ့ မှတ်ပုံတင်အချက်အလက်တွေ လဝကရဲ့ system ထဲကို ရေးသွင်းတာကို EID လို့ခေါ်ပြီး
🔹အဲ့လိုသွင်းပြီးရင် ကိုယ်ပိုင် ဂဏန်း (10)လုံး သတ်မှတ်ပေးပါတယ် အဲ့ဒီ ဂဏန်း (10)လုံးက UID (Unique Identification Number)လို့ခေါ်ပါတယ်။
📍ပိုရှင်းအောင်ပြောရရင် e-ID စနစ်ဆိုတာက နိုင်ငံသား ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့အမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ ကျား/မ စတဲ့Demographic အချက်အလက်တွေနဲ့ Biometrics အချက်အလက်တွေဖြစ်တဲ့ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်၊ မျက်နှာသွင်ပြင်တွေကို ကောက်ယူပေါင်းစပ်ပြီး ဂဏန်း ၁၀ လုံး ပါဝင်တဲ့ Unique Identification (UID) နံပါတ်ထုတ်ပေးတဲ့စနစ်ပါ

✅အဲ့ဒီ UID ရှိပြီးသားသူကို ကတ်ပြန်ထုတ်ပေးတာကို Smart Card ထုတ်ပေးတယ်ခေါ်ပါတယ်။
🔹Smart Card ဆိုတာက UID ကဒ်ရပြီးမှ နောက်ပိုင်းမှာ ပန်းရောင် မှတ်ပုံတင်ကတ်အစား ထုတ်ပေးမဲ့ဟာပါ။
‼️ခုလက်ရှိထုတ်ပေးနေတဲ့ အဖြူအမဲစာရွက်နဲ့ scanပါတဲ့ဟာက UID ပဲရှိပါသေးတယ်။ UID ကဒ်လို့ပဲပြောလို့ရပါသေးတယ်။ ‼️
📍UID or Smart Card လုပ်ဖို့ Biomatric ရိုက်ရန်အတွက်
EID အချက်အလက်များ ကြိုစစ်သင့်ပါတယ် ။
အချက်အလက်တွေကို အောက်က websiteမှာကြိုစစ်လို့ရပါတယ်။
https://service.eid.gov.mm

🔷UID အတွက် အချက်အလက်မမှန်ရင် လုပ်လို့မရပါဘူး။ အမှား အကြီး ကနေ အသေးလေးက အစ လဝကရဲ့ ကွန်ပျူတာထဲမှာ မတူရင်
အရင်ဆုံး အမှားပြင်ပေးရမှာ ဖြစ်ပါတယ်။ မိမိမှတ်ပုံတင်လုပ်ခဲ့တဲ့ လဝကရုံးတွေမှာပြင်လို့ရပါတယ်၊
ဒါကြောင့် EID ကြိုစစ်ရန်လိုတာပါ ။
UID number ရဖို့အတွက်က လဝကရုံးမှာ နိုင်ငံသားကဒ်ယူသွားပြီး UID ကိုလျှောက်လို့ရပါတယ်။
ခုလက်ရှိဘန်ကောက်မှာကတော့ UID မလိုဘဲ passport သက်တမ်းတိုးပေးနေသေးပေမဲ့ policyအပြောင်းအလဲအရ ဘာမဆိုပြောင်းနိုင်တာမလို့ passport ကုန်ခါနီးသူများ၊ ရိုးရိုးတိုးလို့အဆင်မပြေသူများ ခုချိန် ကြိုတိုးဖို့ recommend ပေးပါတယ်။

📞ပတ်စပို့သက်တမ်းတိုးတာနဲ့ပက်သက်ပြီးအသေးစိတ်ဆွေးနွေးလိုပါက
မဟေဇယ်ရဲ့ သက်ဆိုင်ရာ Line/Viber/CB ဒါမှမဟုတ် ဖုန်း
082-431-8657 ကိုဆက်သွယ်ပြီး တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
You can contact directly to my line
Hazel
Line number: +66824318657
Line ID : hazel_nuts_
Viber : +66824318657

📣📍ဒီနေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် passport ထုတ်ပေးရေး အတွက်ပြဌာန်းလိုက်တဲ့ ဥပဒေအသစ် အသေးစိတ်ပါ။ Electroni...
18/03/2026

📣📍ဒီနေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် passport ထုတ်ပေးရေး အတွက်ပြဌာန်းလိုက်တဲ့ ဥပဒေအသစ် အသေးစိတ်ပါ။ Electronic Passport System ကို ပြောင်းတော့မှာပါ။ အတိုကောက်ကတော့ ePassport (chips)အဖြစ်စတင်သုံးတော့မှာပါ။ 📣📍

Suvarnbhumi လေဆိပ်မှာဆိုရင် တချို့နိုင်ငံသားတွေက immigration officer ဆီမှာ တန်းစီစရာမလိုဘဲ passport ကို Auto Laneကနေ ဖြတ်သွားတာတွေ တွေ့ဖူးကြမှာပါ။ အဲ့ဒီ လို Auto laneတွေ မြန်မာပတ်စပို့က နောက်ပိုင်းသုံးလိုရတော့မဲ့သဘောပါ။

ePassportဆိုတာက chips သုံးပြီး database တွေနဲ့ချိတ်ဆက်ထားတာမလို့ အရင်လို ပတ်စပို့ကို နာမည်ပြောင်းပြီး အသစ်လုပ်တာမျိုးတွေ လုပ်လို့မရနိုင်တော့ပါဘူး။

ဥပဒေ အသစ် ပုဒ်မ 29-30 အရ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွါး အတွက် ပြဌာန်းထားတဲ့အချက်တွေနဲ့ ငြိရင် ပတ်စပို့ထုတ်ပေးခွင့်ကို ငြင်းပယ်လို့ရပါတယ်။

အသစ်ပြဌာန်းထားတဲ့ဥပဒေအရ အောက်ပါအချက်တွေနဲ့ ငြစွန်းရင် passport ထုတ်ပေးမှာမဟုတ်တော့ပါဘူး။

🔹နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မခိုင်လုံခြင်း။
🔹နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သူလို့ ယူဆရခြင်း။
🔹တရားရုံးက ပြစ်ဒဏ်ကျခံနေရသူ သို့မဟုတ် တရားခံပြေးဖြစ်နေခြင်း။
🔹ပြည်ပနိုင်ငံတစ်ခုခု၏ တည်ဆဲဥပဒေကို လိုက်နာရန် ပျက်ကွက်ခြင်း။ (ပြည်ပနိုင်ငံတွေမှာOverstay ဖြစ်နေရင် ဒါမှမဟုတ် ဥပဒေချိုးဖောက်ထားရင် မြန်မာဘက်က ပတ်စပို့ သက်တမ်းမတိုးပေးဘဲ နေလို့ရပါတယ်)။

📍ဥပဒေဟောင်းမှာ အရင်က ပတ်စပို့ ထုတ်မပေးတာမျိုး သိပ်မရှိသလို၊ ပယ်ဖျက်ဖို့ကလည်း ခက်ပါတယ်။

အောက်ပါအခြေအနေတွေမှာ ပတ်စပို့ကို ပြန်သိမ်းတာ (သို့မဟုတ်) ပယ်ဖျက်တာ ခံရနိုင်ပါ တယ်။

🔹ပတ်စပို့ပျောက်ဆုံးသွားလို့ အသစ်ပြန်လျှောက်တဲ့အခါ။
🔹နိုင်ငံသားအဖြစ်မှ ရပ်စဲခံရတဲ့အခါ။
🔹ပတ်စပို့စာအုပ်ဟာ သုံးစွဲလို့မရအောင် ပျက်စီးနေတဲ့အခါ။

📍ဥပဒေဟောင်း: အရင်က စာအုပ်ကိုပဲ အဓိကထားပြီး လူကိုယ်တိုင် စိစစ်တာမျိုးပါ။
🔹ဥပဒေသစ် (ပုဒ်မ ၃-စ၊ ဍ): အခုမှာတော့ UID (Unique Identification Number) နဲ့ e-Passport (Chip) စနစ်ကို အခြေခံလိုက်ပါပြီ။ ဆိုလိုတာက လက်ဗွေ၊ မျက်နှာသွင်ပြင် ဒေတာတွေက ဗဟိုစနစ်နဲ့ ချိတ်ဆက်ထားတဲ့အတွက် လူတစ်ယောက်က နာမည်ပြောင်းပြီး ပတ်စပို့ အုပ်ရေအများကြီး လုပ်တာမျိုး လုံးဝမရတော့ပါဘူး။

📍ဥပဒေဟောင်း: အရင်က ပြစ်ဒဏ်တွေက သိပ်မပြင်းထန်သလို၊ ဒဏ်ငွေကလည်း ခေတ်နဲ့မညီတော့ပါဘူး။
🔹ဥပဒေသစ် (ပုဒ်မ ၃၅ မှ ၄၂): ပတ်စပို့ထဲက အချက်အလက်ပြင်ရင်၊ အတုလုပ်ရင် ထောင်ဒဏ် ၆ လမှ ၃ နှစ် အထိ ကျနိုင်ပါတယ်။
ကိုယ့်ပတ်စပို့ကို သူများဆီ ရောင်းတာ၊ ပေါင်နှံတာ လုပ်ရင်လည်း ထောင်ဒဏ် ၁ နှစ် အထိ ရှိလာပါတယ်။
ဒဏ်ငွေတွေကလည်း သိန်းဂဏန်း (၅ သိန်းမှ ၁၀ သိန်းအထိ) တိုးသွားပါတယ်။

#ကိုးကား

📣တတိယနှစ် Extension တိုးမဲ့ ကျောင်းသားဟောင်း များတွက် Cancellation Free of charge + Cash Back 3500 B Promotion လေးလည်းရှ...
17/03/2026

📣တတိယနှစ် Extension တိုးမဲ့ ကျောင်းသားဟောင်း များတွက် Cancellation Free of charge + Cash Back 3500 B Promotion လေးလည်းရှိပါတယ်။ 😇

🤔ချင်းမိုင်မှာ ဒုတိယနှစ် University Language ED Visa ကုန်လို့ နိုင်ငံပြင်ပမထွက်ချင်သေးဘူး နောက်ထပ် တစ်နှစ်- တတိယနှစ်ကိုနိုင်ငံပြင်ပမထွက်ဘဲ နိုင်ငံတွင်းမှာပဲ ထပ်တက်ချင်တယ်ဆိုရင် 1 year stamp တစ်ခါတည်းရတဲ့ ကျောင်းလေးရှိပါတယ်။ ✅

Cancellationပါအပါ တစ်ခါတည်း လုပ်ပေးပြီး Transportation ပါတစ်ခါတည်းစီစဉ်ပေးပါတယ်။

📞အသေးစိတ်ကို
မဟေဇယ်ရဲ့ သက်ဆိုင်ရာ Line/Viber/CB ဒါမှမဟုတ် ဖုန်း
082-431-8657 ကိုဆက်သွယ်ပြီး တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
You can contact directly to my line
Hazel
Line number: +66824318657
Line ID : hazel_nuts_
Viber : +66824318657

🚨‼️လက်ရှိ ဘန်ကောက်မှာ ED Visaနဲ့ပက်သက်တဲ့ policyအပြောင်းအလဲလေးတွေရှိပါတယ်။ Language ED Visaပြောင်းမယ်ဆိုရင် ဘန်ကောက်မြို...
17/03/2026

🚨‼️လက်ရှိ ဘန်ကောက်မှာ ED Visaနဲ့ပက်သက်တဲ့ policyအပြောင်းအလဲလေးတွေရှိပါတယ်။ Language ED Visaပြောင်းမယ်ဆိုရင် ဘန်ကောက်မြို့ပေါ်က တချို့ language schoolတွေက Overstay ဖြစ်ထားရင် နိုင်ငံတွင်းပြောင်းလို့မရဘဲ အပြင်ပြန်ထွက် ခိုင်းနေပါတယ်။ ကျောင်းတိုင်းတော့မဟုတ်ဘဲ course ဆွဲထားတဲ့အပေါ်မူတည် တာမလို့ ကျောင်းအပ်ချိန် သတိထားဖို့ပါ။

ကျောင်းတွေမဖြစ်မနေတက်ဖို့ ကျောင်းတွေတော်တော်များများကစာပို့နေပါတယ်။ ကျောင်းကကျောင်းတက်ဖို့ ခေါ်တာတွေရှိတာမလို့ ကိုယ့်visaကုန်မဲ့ရက်နီးတဲ့သူတွေ ကျောင်းကို informလုပ်ပြီး updateမေးဖို့လိုပါတယ်။

လက်ရှိ ချင်းမိုင်ကျောင်းတွေကတော့ တတိယနှစ် အပ်တာကို ရပ်ထားတာကလွဲ ကျန်တဲ့updateမရှိသေးပါဘူး။ 🙏

😇“လေဆိပ်မှာ အစစ်အဆေး အမေးမြန်းမရှိဘဲ ထိုင်းနိုင်ငံထဲဝင်ရောက်နိုင်မဲ့ VIP pass”🛬😇ထိုင်းနိုင်ငံကို အဝင်အထွက်ခဏခဏ လုပ်နေရလိ...
24/02/2026

😇“လေဆိပ်မှာ အစစ်အဆေး အမေးမြန်းမရှိဘဲ ထိုင်းနိုင်ငံထဲဝင်ရောက်နိုင်မဲ့ VIP pass”🛬😇

ထိုင်းနိုင်ငံကို အဝင်အထွက်ခဏခဏ လုပ်နေရလို့ immigration မှာ အရစ်ခံရတဲ့ပြသနာရှိလို့ စိတ်ရှုပ်နေရပြီလား😔
အရစ်ခံရတာမျိုး မကြုံချင်ရင် ၊ အေးအေးဆေးဆေး ထိုင်းနိုင်ငံကိုအဝင်အထွက်လုပ်ချင်ရင် VIP pass ယူဖို့ recommend ပေးပါတယ်။ 🙏
ထိုင်းဘက်ခြမ်းမှာ VIP Pass နဲ့ ဝင်မယ်ဆိုရင်

✅Return Ticket ပြစရာမလိုပါဘူး
✅Hotel Booking ပြစရာမလိုပါဘူး
✅Show Money ပြစရာ မလိုပါဘူး
✅immigration မှာအမေးအမြန်းမရှိဘဲ ထိုင်းနိုင်ငံကိုဝင်ရောက်နိုင်မှာပါ။

VIP passကလူတိုင်းတော့ဝယ်စရာမလိုပါဘူး။ နိုင်ငံအဝင်အထွက် ခဏခဏလုပ်တာမျိုးမရှိရင်၊ ကိုယ်က အဝင်အထွက် မေးမြန်းတာမျိုးအတွက် သေချာဖြေနိုင်တယ်ဆိုရင်၊ စာရွက်စာတမ်းပြည့်စုံတယ်ဆိုရင် VIP passမဝယ်လည်း အင်မီဂရေးရှင်းကို အဆင်ပြေပြေဖြတ်လို့ရပါတယ်။ 🙏

ဘယ်လိုလူမျိုးတွေ service ယူသင့်ပါသလဲ?
🔹14ရက် Free Visa နဲ့ပထမဆုံးအကြိမ်လာဖို့ပြင်နေပြီး show money/ဟိုတယ် booking မပြင်ဆင်အားတဲ့သူတွေ
🔹14 ရက် free visaနဲ့ နိုင်ငံအဝင်အထွက် ခဏခဏ လုပ်နေရလို့ အရစ်ခံရမှာစိုးရိမ်နေတဲ့သူတွေ
🔹ကျောင်းသား visa နဲ့မို့နိုင်ငံအဝင်အထွက်မှာ အရစ်ခံရမှာစိုးရိမ်တဲ့သူတွေ
🔹DTV Visaနဲ့ စာရွက်စာတမ်းပြဖို့အဆင်မပြေတဲ့သူတွေ
🔹Overstay recordရှိလို့ ပြန်အဝင်မှာအရစ်ခံရမှာစိုးတဲ့သူတွေ
🔹အကြောင်းအမျိုးမျိုးကြောင်းနိုင်ငံအဝင်အထွက်ကို အေးဆေးဆေးဆေး hassle freeဖြတ်ချင်တဲ့သူတွေ
အတွက်သင့်လျော်ပါတယ်။ 😇

စျေးကတော့ visa stampနဲ့ visaအမျိုးအစားပေါ်မူတည်ပြီး 3500ကနေ အစားစား ရှိပါတယ်။ ✅

အရင်ကတော့ကျောင်းသားတွေအတွက်သီးသန့်ပဲ service ပေးတာပါ။ requestလုပ်တာလေးတွေရှိလို့ pageမှာပါ serviceပေးဖို့တင်လိုက်တာပါရှင်။

အသေးစိတ်ကို
မဟေဇယ်ရဲ့ သက်ဆိုင်ရာ Line/Viber/CB ဒါမှမဟုတ် ဖုန်း
082-431-8657 ကိုဆက်သွယ်ပြီး တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယိ

You can contact directly to my line

Hazel
Line number: +66824318657
Line ID : hazel_nuts_
Viber : +66824318657

Visa service တွေက ပုံမှန်အတိုင်းလုပ်ပေးပါတယ်ရှင့်။ ခရီးတောက်လျှောက်သွားနေရတာနဲ့ နေမကောင်းခဏဖြစ်နေလို့ ဒီကြားထဲactive မဖြ...
11/02/2026

Visa service တွေက ပုံမှန်အတိုင်းလုပ်ပေးပါတယ်ရှင့်။ ခရီးတောက်လျှောက်သွားနေရတာနဲ့ နေမကောင်းခဏဖြစ်နေလို့ ဒီကြားထဲactive မဖြစ်တာပါရှင်။

Visa service ကိစ္စများအတွက် စာပြန်နောက်ကျပါက ဖုန်းနံပါတ် 082-431-8657ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

🇰🇷 Feb လအစလေးမှာ Korea Visit Visa Approved 😇✈️ထိုင်းကနေ ကိုရီးယား သွားဖို့ visit visaလျှောက်ပေးဖြစ်တာလေးပါ။🫶ထိုင်းမှာ lo...
11/02/2026

🇰🇷 Feb လအစလေးမှာ Korea Visit Visa Approved 😇✈️

ထိုင်းကနေ ကိုရီးယား သွားဖို့ visit visaလျှောက်ပေးဖြစ်တာလေးပါ။🫶

ထိုင်းမှာ long term မရှိဘဲ ကိုရီးယား visaလျှောက်မယ်ဆို မြန်မာပြည်ကိုပြန်စရာမလိုဘဲလျှောက် လို့ရပါတယ်။✅😇

🙏အသေးစိတ်ကို 082-431-8657ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

ที่อยู่

Phetchaburi 7 Alley, Thung Phaya Thai, Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+66824318657

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ S&T Visa Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์