18/06/2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဝယ်လိုအားကျဆင်းတာ၊ တိုက်ခန်းလက်ကျန်ပမာဏ (Unsold Stock) များပြားတာနဲ့ ဘဏ်ချေးငွေအကန့်အသတ်တွေကြောင့် ဖိအားကြုံနေရချိန်မှာ... ထိုင်းအခြေစိုက် ထိပ်တန်း Developer ကြီးတွေဟာ ရင်းနှီးမြှုပ်နှံမှု အားလုံးကို ဖူးခက် (Phuket) ကျွန်း ဘက်သို့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရွှေ့ပြောင်းလာကြပါတယ်။လက်ရှိမှာ ဖူးခက်ဟာ ရိုးရိုးကမ္ဘာလှည့်ခရီးသွားကျွန်းအဆင့်ကနေ "ကမ္ဘာ့အဆင့် ဇိမ်ခံအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဗဟိုချက်" (Global Real-Estate Investment Destination) အဖြစ် လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း Knight Frank (Thailand) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အဆိုပါ အစီရင်ခံစာပါ စိတ်ဝင်စားဖွယ်ရာ ကိန်းဂဏန်းများနှင့် ဈေးကွက်အခြေအနေများကို အနှစ်ချုပ် တင်ပြပေးလိုက်ရပါတယ်ဗျာ -🏢 ၁။ ကွန်ဒိုမီနီယံ (Luxury Condo) ဈေးကွက် အခြေအနေပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပရောဂျက်အသစ်တွေ အလုအယက် ထွက်လာခဲ့ပြီးနောက်... ၂၀၂၅ ခုနှစ် မှာတော့ ဖူးခက်ရဲ့ စုစုပေါင်း ကွန်ဒိုမီနီယံ အခန်းအရေအတွက် ၄၂,၀၆၁ အခန်း အထိ ရှိလာခဲ့ပါတယ်။ဈေးကွက်ထိန်းညှိမှု: ၂၀၂၅ ခုနှစ်အတွင်း အခန်းအသစ် ၅,၀၇၃ ခန်းသာ ထပ်မံရောင်းချခဲ့ပြီး ၎င်းပမာဏဟာ ယခင်နှစ်ထက် ၅၁.၇% ကျဆင်း သွားပါတယ်။ Developer များက ဝယ်လိုအားနှင့် အထောက်အပံ့ (Supply & Demand) မျှတအောင် သတိထား လျှော့ချလာခြင်း ဖြစ်သည်။လူကြိုက်အများဆုံး နေရာများ: ကွန်ဒိုအသစ်တွေရဲ့ ၃၀.၈% က Bang Tao (ဘန်းတောင်) ဧရိယာမှာ ရှိပြီး ဒုတိယက Karon (၂၁.၁%) နှင့် တတိယက Rawai (၁၅.၆%) တို့ ဖြစ်ကြသည်။ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေက အဓိကနေရာ ဖြစ်နေဆဲပါ။🏡 ၂။ ဇိမ်ခံဗီလာ (Luxury Villa) ဈေးကွက်နှင့် နေရာအသစ်များဖူးခက်ရဲ့ သီးသန့်ရေကူးကန်ပါ ဇိမ်ခံဗီလာ (Pool Villa) စုစုပေါင်း Supply မှာ ၇,၇၈၉ ယူနစ် ရှိလာခဲ့ပြီး ၂၀၂၅ တွင် ဗီလာအသစ် ၇၇၄ ယူနစ်သာ ထပ်မံမိတ်ဆက်ခဲ့ပါတယ် (ယခင်နှစ်ထက် ၄၈.၂% ကျဆင်း)။နေရာသစ်များသို့ ရွှေ့ပြောင်းခြင်း: ကမ်းခြေအနီး မြေကွက်ရှားပါးလာပြီး မြေဈေး အလွန်ကြီးလာတာကြောင့် Developer တွေဟာ မြို့ပြင်ပတ်လမ်း နေရာသစ်တွေဆဲ ရွှေ့ပြောင်းလာကြသည်။ထိပ်ဆုံးနေရာသစ်များ: Sri Sunthon (သီဆွန်သွန်) က ဗီလာအသစ်ဈေးကွက်ရဲ့ ၁၈.၁% ဖြင့် ပထမဆုံးအဖြစ် ဦးဆောင်နေပြီး Thalang (၁၇.၈%) နှင့် Bang Jo (၁၆.၃%) တို့က ဒုတိယနှင့် တတိယအဖြစ် လိုက်ပါလာသည်။📈 ၃။ အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းများနှင့် နိုင်ငံတကာ ပြိုင်ဆိုင်မှုဖူးခက်ရဲ့ ကမ်းခြေအနီး အိမ်ခြံမြေဈေးနှုန်းတွေဟာ ဘန်ကောက်မြို့လယ်ခေါင်က စီးပွားရေးဇုန် (Prime Area) ဈေးနှုန်းတွေနဲ့ တန်းတူဖြစ်လာနေရုံတင်မကဘဲ အင်ဒိုနီးရှားက ဘာလီ (Bali)၊ ဒူဘိုင်း (Dubai) တို့လို ကမ္ဘာ့အဆင့် အပန်းဖြေစခန်းတွေနဲ့ပါ ယှဉ်ပြိုင်လာနေပါတယ်။💰 ကွန်ဒိုမီနီယံ ပျမ်းမျှ အရောင်းဈေးနှုန်း (တစ်စတုရန်းမီတာလျှင်)အဆင့်တည်နေရာ (Location)ပျမ်းမျှဈေးနှုန်း (ထိုင်းဘတ်ငွေ)၁Bang Tao (ဘန်းတောင်)၂၈၃,၉၇၅ ဘတ် / စတုရန်းမီတာ၂Layan (လာယန်)၁၉၇,၀၀၀ ဘတ် / စတုရန်းမီတာ၃Kamala (ကာမာလာ)၁၈၂,၃၇၅ ဘတ် / စတုရန်းမီတာ💎 အထက်တန်းစား (Ultra-Luxury Villa) ပျမ်းမျှ ဈေးနှုန်း (တစ်လုံးလျှင်)Layan ဧရိယာ: တစ်လုံးလျှင် ပျမ်းမျှ ဘတ် ၂၈၅ သန်း (အမြင့်ဆုံးစံချိန်)Bang Tao ဧရိယာ: တစ်လုံးလျှင် ပျမ်းမျှ ဘတ် ၂၅၅.၈ သန်းKamala ဧရိယာ: တစ်လုံးလျှင် ပျမ်းမျှ ဘတ် ၂၃၄.၃ သန်း🔮 ၄။ ၂၀၂၆ ခုနှစ်နှင့် ရေရှည်အလားအလာ (Future Outlook)စိန်ခေါ်မှုများ: ပြီးခဲ့သည့် ၃-၄ နှစ်အတွင်း အိမ်ခြံမြေစီမံကိန်း အများအပြား ပြိုင်တူထွက်ပေါ်ခဲ့ခြင်းကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း Off-plan (မဆောက်လုပ်ရသေးမီ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခြင်း) ဈေးကွက်မှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လာနိုင်ပါတယ်။ ပရောဂျက်အချင်းချင်း ဈေးနှုန်း၊ အရောင်းပရိုမိုးရှင်းများနှင့် ငွေပေးချေမှုပုံစံများကို အပြိုင်အဆိုင် ချပြလာကြရမည်ဖြစ်ပြီး၊ ထူးခြားချက်မရှိသော မြို့ပြင်ပရောဂျက်များ အရောင်းနှေးကွေးနိုင်ပါသည်။လေဆိပ်အသစ်၏ သက်ရောက်မှု: ဖန်င (Phang Nga) ခရိုင်တွင် ဆောက်လုပ်ရန် လျာထားသော လေဆိပ်အသစ်စီမံကိန်း သာ အကောင်အထည်ပေါ်လာပါက... ဖူးခက်မြောက်ပိုင်းရှိ Mai Khao၊ Nai Yang နှင့် ဖန်ငဘက်က Thai Mueang၊ Natai ဒေသများသည် လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း နောက်ထပ် မြေကွက်သစ် အလားအလာကောင်းများ (Next Wave of Property Development) ဖြစ်လာနိုင်ချေ ရှိပါသည်။ဝယ်လက်များ: လက်ရှိ ဖူးခက်ဈေးကွက်ကို မောင်းနှင်နေသူများမှာ ရုရှား၊ တရုတ်၊ ဥရောပ၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ သူဌေးကြီးများဖြစ်ကြပြီး ၎င်းတို့သည် ဖူးခက်ကို ဗီလာ/ကွန်ဒိုများ ဝယ်ယူ၍ ဒုတိယအိမ်အဖြစ် ရေရှည်အခြေစိုက် နေထိုင်ရန် သို့မဟုတ် တစ်နှစ်ပတ်လုံး ငှားရမ်းခအမြတ်အစွန်း (Rental Yield) ရယူရန် ရည်ရွယ်ချက်များဖြင့် အဓိက ဝယ်ယူနေကြခြင်း ဖြစ်ပါတယ်ဗျာ။
#ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း