Lex Myanmar Partners - Legal & Business Consultant Firm

Lex Myanmar Partners - Legal & Business Consultant Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lex Myanmar Partners - Legal & Business Consultant Firm, Lawyer & Law Firm, No (25/26), Shu Khin Thar Street, 3 ward, South Okkalapa Township, Yangon.

Lex Myanmar Partners is providing legal and business consultancy service in Myanmar, providing expert solutions in law, investment, and strategy for local and international clients.

17/04/2026

New Talents
New Reels
Coming Soon.....

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ။
17/04/2026

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ။

16/04/2026

သင်္ကြန်အတက်နေ့ ရောက်လာပြန်ပါပြီ

မြန်မာ သက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်မှာ
ကျန်းကျန်းမာမာ ဘေးရန်ကွာလျက်
နောက်နှစ်သင်္ကြန်မှာ ပြန်လည် ဆုံဆည်းကြပါဦးစို့

13/04/2026
MIC Permit လျှောက်ထားခြင်းဖြင့်ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။✅ ၁။ အခွန်ကင်းလွတ်ခွင့်များ ...
12/04/2026

MIC Permit လျှောက်ထားခြင်းဖြင့်ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

✅ ၁။ အခွန်ကင်းလွတ်ခွင့်များ (Tax Incentives)

(က) ဝင်ငွေအခွန် (Corporate Income Tax – CIT) ကင်းလွတ်ခွင့်

MIC Permit ရရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက်၊

သတ်မှတ်ထားသည့်အချိန်အတွင်း (၃နှစ်မှ ၇နှစ်အထိ)
ကုမ္ပဏီဝင်ငွေအခွန် (CIT) ကင်းလွတ်ခွင့် ရနိုင်ပါသည်။

(ခ) တင်သွင်းခွန် (Import Duty) နှင့် အခွန်အခများ ကင်းလွတ်ခွင့်

MIC Permit ရရှိသူများသည် အောက်ပါပစ္စည်းများအတွက် Import Duty, Commercial Tax ကင်းလွတ်နိုင်သည်။

1. စက်ယန္တရားများ၊ တည်ဆောက်ရေးပစ္စည်းများ
2. အစစအမျိုးမျိုးသောကုန်ကြမ်းများ၊ အထုပ်ပိုးပစ္စည်းများ
3. စက်ရုံဖွင့်ခြင်းအတွက်လိုအပ်သောကုန်များ

✅ ၂။ မြေဌာရမ်းးခွင့် (Land Use Right)

MIC Permit ရရှိသူများအနေဖြင့်

📌 မြေဌားခွင့်ကို စတင်၍ ၅နှစ်မှ ၅၀နှစ်အထိ
MIC မှ သက်တမ်းအတိုးဖြင့် ခွင့်ပြုပါသည်။

📌 MIC ၏ မြေသုံးခွင့်ဥပဒေအရ – စက်မှုဇုန်များနှင့် Private Industrial Zones တို့တွင် မြေဌားခွင့် တရားဝင်ရနိုင်သည်။

✅ ၃။ နိုင်ငံခြားသားဝန်ထမ်းအတွက် ဗီဇာနှင့် အလုပ်သမားခွင့်

MIC Permit ရရှိသူများသည် MIC Recommendation Letter ဖြင့်

- Stay Permit (Visa Extension)
- Multiple Entry Visa
- Work Permit for Foreign Experts များကို တရားဝင်လျှောက်ထားနိုင်သည်။

MIC မှ ထောက်ခံစာဖြင့် Ministry of Immigration သို့ တင်ပြရမည်။

✅ ၄။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအကာအကွယ်

MIC Permit ရရှိသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (Myanmar Investment Law, 2016) အရ –

- အဓိကအခွန်အခပြောင်းလဲမှုမှ ကာကွယ်ခြင်း
- အမျိုးသားပြုမှုမရှိသည့်အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ၏ပိုင်ဆိုင်မှုအကာအကွယ်
- နိုင်ငံခြားငွေပြန်ယူခွင့် (Repatriation of Profits)
တို့ကို တရားဝင်ခံစားခွင့်ရှိသည်။

✅ ၅။ သက်တမ်းအတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံခွင့်

အကျိုးအမြတ်ဖြစ်လာသည့်အချိန်တွင်

📌 မူရင်းရင်းနှီးမြှုပ်နှံမှုအပြင်, အကျိုးအမြတ်ထပ်မံရင်းနှီးမြှုပ်နှံခွင့် MIC မှ တရားဝင်ပြန်လည်လျှောက်ထားခွင့်ရှိသည်။

✅ ၆။ ပြည်တွင်းဘဏ်များမှ ငွေကြေးထောက်ပံ့မှု ခွင့် (Collateral Recognition)

MIC Permit ရရှိထားသည့် Project များအနေဖြင့်

Commercial Bank များနှင့် project-based loan ယူရန်အတွက် MIC Permit သည် တန်ဖိုးထားသော Security တစ်ခုအဖြစ် အသုံးပြုနိုင်သည်။

ဆက်သွယ်ရန်...

Phone: 09421745652, 09769483330
Website: https://www.lexmyanmarpartners.com
Email: [email protected]
Address: No (25), Shu Khin Thar Street, (3)-B Block, South Okkalapa Township, Yangon. Myanmar.

သင်္ကြန် ပိတ်ရက် မှာပျော်ရွှင်ကြပါစေ။ စိတ်အေးချမ်းစွာအနားယူနိုင်ကြပါစေ။ကျနာ်တို့ ၀န်ဆောင်မှု ကိုပိတ်ရက် မရှိ ဆက်လက် ဆောင...
10/04/2026

သင်္ကြန် ပိတ်ရက် မှာပျော်ရွှင်ကြပါစေ။ စိတ်အေးချမ်းစွာအနားယူနိုင်ကြပါစေ။
ကျနာ်တို့ ၀န်ဆောင်မှု ကိုပိတ်ရက် မရှိ ဆက်လက် ဆောင်ရွက်ပေးနေမှာဖြစ်ပါတယ်ခင်ဗျာ။

MIC Permit ဆိုတာဘာလဲ?MIC Permit ဆိုတာက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission – MIC) ...
09/04/2026

MIC Permit ဆိုတာဘာလဲ?

MIC Permit ဆိုတာက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission – MIC) မှတရားဝင်ထုတ်ပေးသော ရင်းနှီးမြှုပ်နှံခွင့်ပြုချက် (Investment Permit) ဖြစ်ပါတယ်။

ဒီ Permit ကို ယူရတဲ့အဓိကအကြောင်းအရင်းကတော့ –
✔️ အခွန်ကင်းလွတ်ခွင့်များ (Tax Incentives)
✔️ စက်မှုဇုန်မြေဌားခွင့် (Land Use Rights)
✔️ သက်တမ်းရှည်ရင်းနှီးမြှုပ်နှံမှုအကာအကွယ်
✔️ နိုင်ငံခြားသားအလုပ်သမားဝင်ခွင့် / အလုပ်သမားခွင့်ပြုချက်များ
အတွက် တရားဝင်အသိအမှတ်ပြုခြင်းတစ်ခုဖြစ်ပါတယ်။

🧾 MIC Permit လျှောက်ရန် လုပ်ဆောင်ရမည့်အဆင့်များ

၁။ MIC Proposal Form (Form-1) ဖြည့်ရန်

MIC website မှ Download လုပ်၍ ဖြည့်စွက်ရမည်။

၂။ DICA မှ Company မှတ်ပုံတင်ပြီးဖြစ်ရမည်။

၃။ Environmental Impact Assessment (EIA / IEE)

- သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိမှုကိုသက်သေပြရန်။ (လုပ်ငန်းအမျိုးအစားအပေါ် မူတည်)

၄။ Project Proposal & Business Plan တင်ပြခြင်း

အောက်ပါအချက်အလက်များ ပါဝင်ရမည်။

- Project Description
- Investment Amount (Capital)
- Employment Plan
- Technology Usage
- Implementation Timeline
- Profit Forecast

၅။ မြေဌားသက်သေစာတမ်း

မြေစာချုပ်၊ ဂရံပြတ်လက်မှတ်/စက်မှုဇုန်ထံမှ ခွင့်ပြုချက်စာလိုအပ်သည်။

၆။ MIC Meeting & Approval Process

Proposal စိစစ်ပြီး MIC ညီလာခံမှ ဆုံးဖြတ်ချက်ချသည်။

၇။ MIC Permit ထုတ်ပေးခြင်း

အသိအမှတ်ပြုသည့်နောက် ၁၂လအတွင်း Project စတင်ရန်လိုအပ်ပါသည်။

ဆက်သွယ်ရန်...
Phone: 09421745652, 09769483330
Website: https://www.lexmyanmarpartners.com
Email: [email protected]
Address: No (25), Shu Khin Thar Street, (3)-B Block, South Okkalapa Township, Yangon. Myanmar.

လုပ်ငန်း အမှတ်တံဆိပ် အသိပေးကြေညာချက်နှင့်တကွကျောင်းလိုက်စင်လျှောက်ထားခြင်းအခွန်ပေးဆောင်ခြင်းLogo မှတ်ပုံတင်အလုပ်ရှင် အလု...
08/04/2026

လုပ်ငန်း အမှတ်တံဆိပ် အသိပေးကြေညာချက်နှင့်တကွ
ကျောင်းလိုက်စင်လျှောက်ထားခြင်း
အခွန်ပေးဆောင်ခြင်း
Logo မှတ်ပုံတင်
အလုပ်ရှင် အလုပ်သမားစာချုပ်
Vendor Service Agreement အပါအ၀င် Client လိုအပ်သည့် ကိစ္စ အ၀၀ကို စီမံဆောင်ရွက်ပါကြောင်း အသိပေးအပ်ပါသည်။

ယနေ့ခေတ်စီးပွားရေးကဏ္ဍတွင် ကုန်သွယ်မှုများ၊ ဝန်ဆောင်မှုစာချုပ်များ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကြောင့် မလိုလားအပ်တ...
07/04/2026

ယနေ့ခေတ်စီးပွားရေးကဏ္ဍတွင် ကုန်သွယ်မှုများ၊ ဝန်ဆောင်မှုစာချုပ်များ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကြောင့် မလိုလားအပ်တဲ့ ငြင်းခုံမှုများဖြစ်ပွားလျက်ရှိပါသည်။ ဖြစ်ပေါ်လာသော ငြင်းခုံမှုများကို ဖြေရှင်းရာတွင် အဓိကအသုံးပြုကြသောနည်းလမ်းများမှာ Alternative Dispute Resolution (ADR) တွင်ပါဝင်သော Arbitration (အနုညာတစီရင်ဆုံးဖြတ်ခြင်း) နှင့် Litigation (တရားစီရင်ရေး) တို့ဖြစ်ပါသည်။

🔶 Arbitration ဆိုသည်မှာ

Arbitration သည် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် စာချုပ်သဘောတူညီချက်အရ တရားရုံးကိုမသွားဘဲ သီးခြား arbitrator သို့မဟုတ် arbitration tribunal မှတစ်ဆင့် ငြင်းခုံမှုကို ဖြေရှင်းခိုင်းခြင်းဖြစ်ပြီး ဤနည်းလမ်းတွင် အချက်အလက်များကို လျှို့ဝှက်ထားပြီး စနစ်ကျသည့် စီစဉ်ဖြေရှင်းမှုရလဒ်ကို အချိန်တိုအတွင်းရရှိနိုင်ပါသည်။ နိုင်ငံတကာ တွင်လက်ရှိကျင့်သုံးလျက်ရှိပါသည်။

🔶 Litigation ဆိုသည်မှာ

Litigation သည် တရားရုံးအား တရားမျှတစွာ ဖြေရှင်းခိုင်းခြင်းဖြစ်ပြီးတော့ တရားသူကြီးက ဥပဒေအရဆုံးဖြတ်ချက်ချပါသည်။ အရေးကြီး‌‌ သောပြဿနာများ၊ အစိုးရဥပဒေနှင့်သက်ဆိုင်သောအမှုများတွင် အများအားဖြင့် Litigation ကို အသုံးပြုကြပါသည်။


မြန်မာနိုင်ငံတွင် Arbitration Law (2016) ကိုပြဋ္ဌာန်းပြီးနောက်ပိုင်း သီးခြားတရားလွှတ်တော်များအသုံးပြုမှုမှာ တဖြည်းဖြည်း တိုးလာခဲ့ပါသည်။ Myanmar Arbitration Centre (MIAC) ကိုလည်း ဩဂုတ်လ ၃ ရက်နေ့၊ ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံအတွင်း commercial contracts များတွင် arbitration clauses များထည့်သွင်းရေးသားမှုများမြင့်တက်လာပါသည်။

တရားရေးဖြင့် ဖြေရှင်းခြင်းဖြစ်သည့် litigation သည် စနစ်ကျမှုရှိပြီး မြန်မာ့ဥပဒေအောက်တွင် တရားမျှတစွာ ဖြေရှင်းမှုရရှိနိုင်သော်လည်း အချိန်ကြာ၍ စရိတ်ပိုများခြင်းသည် ပြဿနာတစ်ခုဖြစ်လျက်ရှိ‌နေပါသည်။

အရောင်းအဝယ်ဆိုင်ရာ ငြင်းခုံမှုတစ်ခုတွင် ဘယ်နည်းလမ်းကိုရွေးမလဲဆိုသည်မှာ အမှုအခြေအနေ၊ စာချုပ်ပါသဘောတူညီချက်များ၊ လျှို့ဝှက်လိုအပ်မှု၊ Appeal လုပ်ချင်/မချင် စသဖြင့် အချက်အလက်အမျိုးမျိုးကို တိုင်းတာပြီးမှ ဆုံးဖြတ်သင့်ပါသည်။ မြန်မာစီးပွားရေးကဏ္ဍသည် နိုင်ငံတကာအဆင့်သို့မီနိုင်ရန် Arbitration system ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်‌ပါသည်။

ဆက်သွယ်ရန်

Phone: 09421745652, 09769483330
Website: https://www.lexmyanmarpartners.com
Email: [email protected]
Address: No (25), Shu Khin Thar Street, (3)-B Block, South Okkalapa Township, Yangon. Myanmar.

🔸 လက်ထပ်စာချုပ် ဖြဲလိုက်တာနဲ့ တရားဝင်ကွာရှင်းခြင်း မဖြစ်သေးပါ။လက်ထပ်စာချုပ် ဆိုသည်မှာ လင်မယားနှစ်ဦးအကြား သဘောတူညီချက်တစ်...
05/04/2026

🔸 လက်ထပ်စာချုပ် ဖြဲလိုက်တာနဲ့ တရားဝင်ကွာရှင်းခြင်း မဖြစ်သေးပါ။

လက်ထပ်စာချုပ် ဆိုသည်မှာ လင်မယားနှစ်ဦးအကြား သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး၊ ဥပဒေအရ သက်တမ်းရှိသော စာချုပ်တစ်စောင်သာ ဖြစ်ပါသည်။ ထိုစာချုပ်ကို တင်ဖြဲထားခြင်းသာဖြင့် တရားဝင်အိမ်ထောင်ရေးပြတ်စဲခြင်း (divorce) ဖြစ်သွားသည်ဟု မဆိုနိုင်ပါ။

မြန်မာနိုင်ငံတွင် တရားဝင်လင်မယားအဖြစ်မှ ပြတ်စဲရန်အတွက် အိမ်ထောင်ရေးစာရင်းသွင်းမှု (Marriage Registration) ပထမဦးစွာ ပြုလုပ်ပြီးဖြစ်ရပါမည်။ ထို့နောက် တရားဝင်ကွာရှင်းလိုပါက တရားရုံးမှ တရားသူကြီး ဆုံးဖြတ်ချက်ဖြင့်သာ ကွာရှင်းမှုကို အတည်ပြုနိုင်ပါသည်။

ကွာရှင်းမှုကို သက်သေပြနိုင်ရန် အတွက် တရားသူကြီးလက်မှတ်ပါသော ဆုံးဖြတ်ချက် စာရွက်စာတမ်းများ လိုအပ်ပါသည်။

🔹 အရေးကြီးချက်များ

လက်ထပ်စာချုပ်သည် သဘောတူညီချက်တစ်ခုဖြစ်ပြီး ဥပဒေအရ ကွယ်လွန်သည်အထိသက်တမ်းရှိပြီး
✅ တရားဝင်လင်မယားအဖြစ် သတ်မှတ်နိုင်ပါသည်။
✅ တရားဝင်ကွာရှင်းမှုကိုလည်း တရားသူကြီး လတ်မှတ်ပါရမည်။


“လက်ထပ်စာချုပ် ဖြဲထားသော ကြောင့်တရားဝင်လင်မယားကွာရှင်းခြင်း ဖြစ်သည်ဟု မထင်မှတ်သင့်ပါ။ တရားဝင်အိမ်ထောင်ရေးကိစ္စများအတွက် တရားရုံးဆိုင်ရာနည်းလမ်းများဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်သည်။”

ဆက်သွယ်ရန်
Phone: 09421745652, 09769483330
Website: https://www.lexmyanmarpartners.com
Email: [email protected]
Address: No (25), Shu Khin Thar Street, (3)-B Block, South Okkalapa Township, Yangon. Myanmar.

အလုပ်ပိတ်ရက်ကြေညာခြင်း
04/04/2026

အလုပ်ပိတ်ရက်ကြေညာခြင်း

03/04/2026

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာတို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။

Address

No (25/26), Shu Khin Thar Street, 3 Ward, South Okkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Lex Myanmar Partners - Legal & Business Consultant Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share