ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း Real Estate Lawyer

Struckoff အဆင့်ရောက်ရှိနေသော company များအားမြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၁ ( စ )အရကင်းလွတ်ခွင့်ပြန်လည်လျှောက်ထာ...
11/06/2026

Struckoff အဆင့်ရောက်ရှိနေသော company များအားမြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၁ ( စ )အရကင်းလွတ်ခွင့်ပြန်လည်လျှောက်ထားခြင်း..
==================================================

DICAတွင်နှစ်စဉ်အစီရင်ခံစာ (AnnualReturn) တင်ပြရန် ပျက်ကွက်ခဲ့သည့်ကုမ္ပဏီများအနေဖြင့် Struck Off အခြေအနေမှRegistered ပြန်လည်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ အောက်ပါအတိုင်းဖြစ်ပါသည်။

မိမိတို့ DICA Accountမှ Z2 formလိုအပ်ပါမည်။

Z2form ရရှိပါက ကုမ္ပဏီလိပ်စာတည်ရှိသောသက်ဆိုင်ရာခရိုင်တရားရုံးတွင် တရားမ အထွေထွေမှု -ကုမ္ပဏီများ ဥပဒေပုဒ်မ -၄၃၁(စ) အရ ကင်းလွတ်ခွင့်လျှောက်ထားရပါမည်။

တရားရုံးမှအမိန့်ရပါက Myco DICAတွင် အမိန့်စာပူးတွဲတင်ပြကာRegistered company အဖြစ်သို့ပြန် လည်ရရှိနိုင်ပါမည်။

-off ဆိုတာက ဘာလဲ

အောက်ပါလင့်မှာ အသေစိတ်👇

https://www.facebook.com/share/p/18LPBxex1z/

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

ဂရန်မြေခွဲမည်ဆိုပါက (က) အခြမ်းနှင့် (ခ) အခြမ်း ဘယ်လိုသတ်မှတ်ကြလဲ=================================================ကျမတို့...
01/06/2026

ဂရန်မြေခွဲမည်ဆိုပါက (က) အခြမ်းနှင့် (ခ) အခြမ်း ဘယ်လိုသတ်မှတ်ကြလဲ
=================================================

ကျမတို့က ပေ (၄၀ × ၆၀) ထဲကနေ ပေ (၂၀ × ၆၀) (ခေါင်းရင်းခြမ်း)ကို ဝယ်ထားပြီး ဂရန်ခွဲပြုလုပ်ကြပါတယ်။

အခု (က) အခြမ်းနှင့် (ခ)အခြမ်းဆိုပြီး ဂရန်စာအုပ် (၂) အုပ်ထွက်လာပါတယ် ဆရာ။

သိချင်တာက ကျမအနေဖြင့် ခေါင်းရင်းခြမ်း ဝယ်ယူထားသူကသာလျှင် (က) အခြမ်းရတယ်မလား။
အခုတော့(ခ)အခြမ်း ဂရန်စာအုပ်ပဲရတယ်။ ခြေရင်းခြမ်းကလူက ဌာနဆိုင်ရာကလူတွေကို ပြောပြီး (က) အခြမ်း ရအောင် ယူသွားတယ်လို့ ထင်တယ်- ကျမ
---- မကျေနပ်ဘူး------။
ခေါင်းရင်းခြမ်းပိုင်သူ ကျမကို (က) အခြမ်းရရှိအောင် ကူညီဆောင်ရွက်ပေးပါအုံး ဆရာ။
-----------------------------------------------------------------------------------------------------------

သက်ဆိုင်ရာဌာကဂရန်ခွဲပြုလုပ်ကြသည့်အခါ ခေါင်းရင်းခြမ်း သည် (က) အ ခြမ်း၊ ခြေရင်းခြမ်း သည် (ခ) အခြမ်းဆိုပြီး အဲ့လို မသတ်မှတ်ပါဘူး။

[ဘယ်လိုသတ်မှတ်ကြလဲဆိုရင် လမ်းဘက်ကနေ မိမိတို့ဂရန်ခွဲပြုလုပ်ကြသည့် ဝင်းမြေဘက်သို့ မျက်နှာမူပါက ဘယ်ဘက်ခြမ်းသည် (က) အခြမ်း၊ ညာဘက်ခြမ်းသည် (ခ) အခြမ်း ဟု သတ်မှတ်ထားကြောင်း သိရှိရပါတယ်။]

🚫 Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

#(က)အခြမ်းနှင့်(ခ)အခြမ်း

09 986 252 417

ဂရန်မြေကွက် ခွဲစိတ်ဝယ်ယူမည်ဆိုပါက မဝယ်ခင် သတိထားရမည့်အချက် (၄) ချက်==================================================အဲ့...
28/05/2026

ဂရန်မြေကွက် ခွဲစိတ်ဝယ်ယူမည်ဆိုပါက မဝယ်ခင် သတိထားရမည့်အချက် (၄) ချက်
==================================================

အဲ့လို မြေကွက်ဝယ်ယူပြီး မိမိ၏ ဂရန်အမည်ပေါက် ဆောင်ရွက်မည်ဆိုပါက အ ခက်အခဲများမဖြစ်စေရန် အောက် ဖော်ပြပါ အချက် (၄) ချက်ကိုရှောင်-

၁။ အနည်းဆုံးစတုရန်ပေ (၁၂၀၀)၊ ပေ (၂၀ × ၆၀) ပြည့်ဖို့လို။

၂။ ကွက်ပျက်မဖြစ်သည့်မြေ ဖြစ်ဖို့လို။

ခွဲစိတ်မည့်မြေသည် "ပေ" ပြည့်သော်လည်း ခွဲစိတ်လို့ ကျန်ရစ်မည့်အခြမ်းသည် ကွက်ပျက်မဖြစ်သွားဖို့လိုအပ်ပါတယ်--- [ ကွက်ပျက်ဆိုတာ ပေ (၄၀ × ၆၀) အ နက် ပေ (၃၀ × ၆၀) အား ဂရန်ခွဲစိတ်မည်ဆိုပါက ပေ ( ၁၀ × ၆၀ )သာ ကျန်ရစ်မည့်အခြမ်းကို ဆိုလိုပါတယ်။

၃။ မြေပိုပေါ် ကျူးကျော်ဆောက်လုပ်ထားခြင်း မဖြစ်စေဖို့လို။

ခွဲစိတ်မည့်မြေ နှင့် ကျန်သည့်အခြမ်းကလည်း "ပေ" ပြည့်ကြသော်လည်း ခွဲစိတ်လို့ကျန်ရစ်မည့်အခြမ်း၏ ဆက်စပ်လျှက်ရှိသည့် အစိုးမြေ/စည်ပင်မြေပေါ် တွင် ကျန်ရစ်မည့်အခြမ်းပိုင်ရှင်က ကျူးကျော်၍ အခိုင်အမာအဆောက်အဦး ဆောက် လုပ်ထားပါက ဂရန်ခွဲစိတ်ဖို့ ခက်ခဲတတ်ပါတယ်။
ဘာကြောင့်ခက်သွားလဲဆိုရင် မြေတိုင်းမြေပုံ၊ တိုင်းခွဲ အတည်ပြုမြေပုံ အတွက် ကွင်းဆင်းစစ်ဆေးသည့်အခါ ကျန်ရစ်အခြမ်း၏ ပိုင်ရှင်သည့် အခြားမြေပေါ်တွင် ကျူးကျော်နေတယ်- ယင်းကျူးကျော်မူကို ဖယ်ရှားပေးမှ လုပ်ငန်းကဆက် လက်ဆောင်ရွက်လို့ရမှာဖြစ်နေလို့ပါ။

၄။ ဂရန်မူရင်းကိုင်ဆောင်သူမှ သက်ဆိုင်ရာဌာနသို့ လိုအပ်သည့်အချိန် လိုက်လံပြသ ဆောင်ရွက်ပေးနိုင်ဖို့လို။

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

#အိမ်ခြံမြေ
#ဂရန်
#တိုက်ခန်း
#ဥပဒေ

အမွေဆိုင် ဂရန်ဝင်းမြေကို မောင်နှမ ၂ ဦးအနက်မှ ကျန်တစ်ဦးထံသို့ အပြီးအပိုင်လွှဲပြောင်းမည်ဆိုပါက ရောင်းခွန် ဝယ်ခွန်တွေဆောင...
24/05/2026

အမွေဆိုင် ဂရန်ဝင်းမြေကို မောင်နှမ ၂ ဦးအနက်မှ ကျန်တစ်ဦးထံသို့ အပြီးအပိုင်လွှဲပြောင်းမည်ဆိုပါက ရောင်းခွန် ဝယ်ခွန်တွေဆောင်စရာလိုအပ်ပါသလား။
===========================================

မေးမြန်းလာသူအား ရောင်းခွန် ဝယ်ခွန် ဆောင်ဖို့ ဆန္ဒရှိပါသလားဆိုပြီး ပထမဦးစွာ မေးမြန်းလိုက်သောအခါ- ဆရာရယ် ဖြစ်နိုင်ရင်တော့ ဟဲဟဲ.....

ဖြစ်စဥ်အကျဥ်း
--------------------
မိဘတွေက ကွယ်လွန်သွားကြပါပြီး သားသမီးအနေဖြင့် ကျမတို့ မောင်နှမ (၂) ယောက်ကျန်ရှိခဲ့ပါတယ်။ မိဘတွေ ကွယ်လွန်တဲ့အခါ မိဘအမည်ပေါက် ဂရန် မြေတစ်ကွက် ကျန်ရစ်ခဲ့ကြပါတယ်။ အဲ့မြေကွက်ကိုလည်း အမကြီး အနေဖြင့် မယူတော့ဘဲ မိဘကိုပြုစုစောင့်ရှောက်တဲ့ မောင်လေးဖြစ်သူအား အပိုင်ပေး လိုက်စေချင်လို့ပါ။ ဘယ်လိုလုပ်ရမှာလဲ ဆရာ။

ဒါဆိုရင်တော့ အခွန်ဆောင်စရာ မလိုအောင်ပြုလုပ်ပုံ အဆင့်ဆင့် ပြောပြပေးပါမယ်။
-------------------------------------

၁။ ပထမဦးစွာ ပိုင်ဆိုင်မြေပုံနှင့် စွှန်လွှတ်မြေပုံ မြေယာဌာနသို့ လျှောက်ထားရပါမည်။ ယင်းသို့လျှောက်မည်ဆိုပါက လျှောက်လွှာနှင့်အတူ လိုအပ်သည့်စာရွက် စာတမ်းများကတော့..

က။ မိဘရဲ့ သေစာရင်း
ခ။ လျှောက်ထားသူများ၏ မှတ်ပုံတင်
ဂ။ အိမ်ထောင်စုစာရင်း
ဃ။ မြေဂရန်
င။ ပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်လွှာ
စ။ အိမ်နီးနာချင်း (၂) ဦး၏ ထောက်ခံချက် ကျမ်း ကျိန်လွှာ (၂) စောင်

၂။ ဒုတိယအဆင့်အနေဖြင့် ပိုင်ဆိုင်မြေပုံနှင့် စွန်လွှတ်မြေပုံရရှိပါစာချုပ်စာတမ်း မှတ်ပုံတင်ရုံးသွားရောက်၍-

က။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် နှင့်
ခ။ အမကြီးအေနဖြင့် မိမိရရှိမည့် ဝေစုအား မောင်လေးအား စွန့်လွှတ်ပါတယ်ဆိုတဲ့ စွန့်လွှတ်ကြောင်း စာချုပ်တို့အား ချုပ်ဆိုပြီး မှတ်ပုံတင်ရပါမည်။

၃။ တတိယအဆင့်အနေဖြင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်းနှင့် စွန့်လွှတ်စာချုပ်တို့ မှတ်ပုံတင်ပြီးပါက မိဘအမည်ပေါက် ဂရန်မြေမှ စွန့်လွှတ်ခြင်း လက်ခံသူ (မောင်လေး)၏ အမည်ပေါက်ဖြစ်ရန် မြေယာဌာနသို့ လျှောက်ထားရမည်ဖြစ် ပါကြောင်း မေးမြန်းလာသည့် မိတ်ဆွေနှင့် စာဖတ်မိတ်ဆွေတို့ သိရှိစေရန် ဥပ ဒေပညာအား မျှဝေပေးလိုက်ပါတယ် 🙏

🚫PLS DO NOT COPY🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

09 986 252 417

#အိမ်ခြံမြေ
#ဂရန်
#အမွေ
#ဥပဒေ

အိမ်ခြံမြေတစ်ခု (ဂရန်မြေ)ကို ရောင်း/ ဝယ်ယူတဲ့အခါ ရောင်းသူ/ ဝယ်သူများ  မဖြစ်မနေ သိထားသင့်သည့်  #အခွန် ကိစ္စ (၃) မျိုး။ ==...
19/05/2026

အိမ်ခြံမြေတစ်ခု (ဂရန်မြေ)ကို ရောင်း/ ဝယ်ယူတဲ့အခါ ရောင်းသူ/ ဝယ်သူများ မဖြစ်မနေ သိထားသင့်သည့် #အခွန် ကိစ္စ (၃) မျိုး။
==========================================

ဒီအခွန်ကိစ္စတွေကို သိရှိထားပြီးဆိုရင် ရောင်းသူ ဝယ်သူကြား ရှင်းရှင်းလင်းလင်း ဖြစ်အောင် စရန်စာချုပ် ချုပ်ဆိုကတည်း က ရောင်းသူက ရောင်းခွန်ဆောင်- ဝယ်သူက ဝယ်ခွန်နှင့် တံ ဆိပ်ခေါင်းခွန်ဆောင်ရပါမယ်လို့ အတိအလင်း ရေးသားပြီး စာ ချုပ်ချုပ်ဖို့ လိုပါတယ်နော်...

အဲ့လို ထည့်သွင်းချုပ်ဆိုမထားရင် ဝယ်ယူသူက အမည်ပေါက်ပြောင်းလဲချိန်မှာအခွန်ဆောင်ရမည့်ကိစ္စနဲ့ပတ်သတ်လို့ ရောင်း သူ- ဝယ်ယူသူကြား အငြင်းပွားဖွယ်ရာတွေ ဖြစ်လာတတ်ကြပါတယ်။

-ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊

-ဒုတိယကတော့ ဝယ်ယူသူက ဆောင်ရမဲ့ ဝယ်ခွန်နှင့် တံဆိပ် ခေါင်းခွန် ဖြစ်ပါတယ်။

1️⃣ရောင်းခွန်ကတော့ အိမ်ခြံမြေရောင်းချတဲ့ အခါ ရရှိလာတဲ့ အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးရပါတယ်။

ဥပမာ - ဦးဖြူက မြေကွက်တစ်ကွက်ကို ၂၀၂၀ မှာ သိန်း ၁၀၀ ၀ နဲ့ ဝယ်ခဲ့တဲ့ မြေကွက်ကို ၂၀၂၄ မှာ သိန်း ၅၀၀၀ နဲ့ ပြန်လည်ရောင်းချခဲ့တယ်ဆိုရင် သူရရှိတဲ့ အမြတ်အစွန်းက သိန်း ၄၀၀ ၀ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအမြတ်အစွန်း သိန်း ၄၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းသိန်း ၄၀၀ ကို အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

2️⃣ဝယ်ခွန်ကတော့ ဝယ်ယူသူဘက်က ဆောင်ရမှာဖြစ်ပြီးပေးဆောင်ရမဲ့ နှုန်းထားကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁ ကျပ် မှ သိန်း ၃၀၀၀ အထိ ၃ %
သိန်း ၃၀၀၀ မှ သိန်း ၆၀၀၀ အထိ ၅ %
သိန်း ၆၀၀၀ မှ၊ သိန်း ၁၀၀၀၀ အထိ ၁၀%
သိန်း ၁၀၀၀၀ မှသိန်း ၃၀၀၀၀ အထိ ၁၅%
သိန်း ၃၀၀၀၀ အထက် ၃၀%
ထမ်းဆောင်ရမည် ဟု သတ်မှတ်ထားပါတယ်။

3️⃣တံဆိပ်ခေါင်းခွန်ကတော့ ရာဖြတ်ဌာနသတ်မှတ်ထားသည့်နူန်းထားအပေါ် ၂% အပိုထမ်း ၂% စုစုပေါင်း ၄ ရာခိုင်နူန်းဖြစ်ပါတယ်။

မှတ်ချက်----- စာချုပ်စာတမ်း မှတ်ပုံတင်ကြေး ၀.၅ ကိုတော့ ဝယ်ယူသူက ထမ်း ဆောင်ရပါမည်။

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

နေပြည်တော် သုခတော်ဝင်အိမ်ရာအပိုင်း-၂ တိုက်ခန်းများဝယ်ယူလျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာခြင်း #သုခအိမ်ရာ #နေပြည်တော် ...
18/05/2026

နေပြည်တော် သုခတော်ဝင်အိမ်ရာအပိုင်း-၂ တိုက်ခန်းများဝယ်ယူလျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာခြင်း

#သုခအိမ်ရာ
#နေပြည်တော်
#တိုက်ခန်း

 #အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်=================================================အိုးအိမ...
18/05/2026

#အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်
=================================================

အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။

ပထမဦးစွာ အရောင်းအဝယ်မပြုလုပ်ခင်---

အရှုပ်အရှင်း ရှိ/မရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသင့်ပါတယ်။ ထို့ ပြင်အိုးအိမ်မှာ ရှိ/ မရှိ စုံစမ်း ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊

ပိုပြီးသေချာအောင် လူသိရှင်ကြား သိအောင် မြန်မာ့အလင်း/ကြေးမုံ သတင်းစာကြော်ငြာလိုက်ပါ။

စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီးဆောင် ရွက်ပေးဖို့ လိုပါတယ်။

တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ရတယ်။
--------------------------------------------------------------------
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။

ဒီလိုလျှောက်မယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့အခန်းရဲ့ရှေ့တည့်တည့်က(၄-၆) ဓါတ်ပုံ(၁)ပုံ၊ ခေါင်းရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ၊ ခြေရင်းဘက်ခြမ်းက ဓါတ်ပုံ(၁)ပုံစုစုပေါင်းဓါတ်ပုံ(၃)ပုံနဲ့တကွ ယာယီတိုက်ခန်းအရောင်းအဝယ် ကတိစာ ချုပ်ဝယ်ယူ/ရောင်းသူတို့ရဲ့မှတ်ပုံတင်/အိမ်ထောင်စုစာရင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးရုံးမှာအခွန်ထမ်းဆောင်ဖို့တင်ပြရပါတယ်။

အခွန်နှုန်းကတော့ -----

(၃%)ပဲဆောင်ရပါတယ်။မြေကွက်မဟုတ်တဲ့အတွက်..တံဆိပ်ခေါင်းဖိုး (၄%)မဆောင်ရဘူးလေ။

အခွန်ထမ်း ဆောင်ထားတဲ့ ပြေစာနှင့်အတူ ပိုင်ဆိုင်မူစာရွက်စာတမ်းများ ယူ ဆောင်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားရပါမည်။

ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း၊ သတင်းစာကြေညာထည့်သွင်းခြင်း ဆောင်ရွက်ပြီး ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ Owner Book အမည်ပြောင်းလဲပေးပါမည်။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

အိုးအိမ်တိုက်ခန်း အမည်ပြောင်း ဝန်ဆောင်မှု

09 986 252 417

#ဥပဒေ
#အိုးအိမ်တိုက်ခန်း
#ဂရန်မြေ

#တိုက်ခန်း

ကျောင်းအပ်လက်ခံ မည့်နေ့များတွင်===========================မိမိကျောင်းကနေ အခြားကျောင်းသို့ ပြောင်းရွှေ့မည့်ကလေးများနဲ့အတူ...
12/05/2026

ကျောင်းအပ်လက်ခံ မည့်နေ့များတွင်
===========================
မိမိကျောင်းကနေ အခြားကျောင်းသို့ ပြောင်းရွှေ့မည့်ကလေးများနဲ့အတူပေးလိုက်ရမည့်စာရွက်စာတမ်းမူရင်း များ.....

ထိုကလေး၏...
၁။ TC ( မြိုနယ်ပြောင်း ဖြစ်ပါက ပညာရေးမှူးလက်မှတ်ပါရမည်။ မြို့နယ်တွင်းမှားကြားချက်ရှိပါကလည်း TEO လက်မှတ်လိုပါသည်။)
၂။ CCPR အသစ်
၃။ CCPR အဟောင်း ​နှင့် အတူ
၄။ ကျောင်းပြောင်းသည့်ထောက်ခံစာ (ပညာရေးမှူးလက်မှတ်ပါရမည်။ ဒီထောက်ခံစာသည် ပညာရေးမှူးရုံး၏ ပြောင်းရွှေ့မှတ်တမ်းတွင် မှတ်တမ်းတင်ခြင်းမျိုးဖြစ်သည်။)
၅။ အောင်စာရင်း မိတ္တူ
၆။ CCPR အသစ်တွင် ထည့်သွင်းမူမှားယွင်းသဖြင့်ပြင်ရာဖျက်ရာပါရှိပါက ကျောင်းအုပ်ကြီးကိုယ်တိုင် ဘာကြောင့်ဆိုသည့်ဖြေရှင်းချက်မျိုး အပေါ်စာရေးသားထားခြင်း ပုံစံကို နံပါတ် ၁..၂..၃ အချက်များနဲ့အတူ စာအိတ်ထဲတွင်ထည့်သွင်းပေးလိုက်ရပါမည်)

~~~~~~~~~~

ထိုသို့ထုတ်ပေးလိုက်သည်နှင့် ကျောင်းအုပ်ကြီးသည် မိမိကျောင်းစာရင်းဇယားမှတ်တမ်းဖိုင် ဖြစ်သော TC အထွက်စာရင်းဖိုင် တွင် TCနံပါတ်အပါအဝင် မှတ်တမ်းထားခြင်းအပြင် CCPR အထွက်မှတ်တမ်းဖိုင်တွင်လည်း ထုတ်ပေးလိုက်သော CCPR နံပါတ်အပါအဝင် မှတ်တမ်း ရေးသွင်းရပေမည်။ ထို့ပြင် TCမိတ္တူ၊ CCPRအသစ် အဟောင်း မိတ္တူ တို့ကို သိမ်းဆည်းမှတ်တမ်းဖိုင်တွင်ထားရှိပေးရပါမည်။

ထို့ပြင် ထို စာရွက်စာတမ်း ၅ ခုဖြင့် မိမိကျောင်းသို့ အခြားကျောင်းက ဝင်လာသော ကျောင်းသားကျောင်းသူများအတွက်တွင်လည်း TC အဝင်မှတ်တမ်းဖိုင်၊ CCPR အသစ် အဝင်မှတ်တမ်းဖိုင်တို့တွင် အချက်အလက်များအတိုင်းရေးသွင်း၍ ယူဆောင်လာသော စာရွက်စာတမ်းများကို အဝင်မှတ်တမ်းသိမ်းဆည်းဖိုင်တွင်ထားရှိရပါမည်။ မသိမ်းဆည်းမီ ပါဝင်သောအချက်အလက်များရေးသွင်းထားခြင်းနှင့်အတူ မွေးသက္ကရာဇ်ကို မွေးစာရင်းမိတ္တူပါတောင်း၍ စစ်ဆေးအတည်ပြုရန်၊ အောင်မြင်ခဲ့သောအတန်း နှင့် အသက်ကိုက်ညီမူရှိ
မရှိ စစ်ဆေး ဖို့လည်းအထူးလိုအပ်ပါတယ်ခင်ဗျာ။အကယ်၍ မှားယွင်းနေပါက မူရင်းကျောင်းသို့ပြန်ပြုပြင်ပေးပါရန် အပေါ်စာရေး၍ ပြန်လည်ပေးအပ်ရပါမည်။ မှန်ကန်သွားမှသာ စာရင်းရေးသွင်းလျှင်လည်းရပါတယ်ခင်ဗျာ။

#မှတ်ချက်
CCPR မှားယွင်းစွာဖြည့်သွင်းမူကို အမှန် ပြန်လည်ပြင်ဆင်ထားကြောင်း ထောက်ခံစာပုံစံကိုပူးတွဲဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

;ဦးစစ်နိုင်(ပညာရေး နတ်တလင်း)

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ'' ''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်က...
08/05/2026

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''

''အကိုက မြေကွက်ဝယ်ထား လို့လား''

''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''
''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား''
''အခုက စုံစမ်းရုံအဆင့်ပဲဆို တော့ ဂရန်ဓာတ်ပုံမိတ္တူမရခဲ့သေး ဘူး''
''စရန်ငွေမချရသေးဘူးပေါ့''
''ဟုတ်ပါတယ် ဆရာ။ ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ်ဆိုတာလဲ သိချင်လို့ ပါ”

''မြေဂရန်မှာ ရောင်းမယ်ဆိုသူ ရဲ့ အမည်ပေါက်လား''

''အကျိုးဆောင် အိမ်ပွဲစားပြောတာတော့ ရောင်းသူအမည်ပေါက်လို့ ပြောတယ်ထင်တယ်။

ဂရန်အမည် ပေါက်ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ''

''ရောင်းသူကိုယ်တိုင် မြေဂရန် အမည်ပေါက်ဆိုရင်တော့ လုပ် ဆောင်ရမယ့် အဆင့်က နည်းနည်း သက်သာသွားတာပေါ့။

ဒါပေမယ့် မြေဂရန်အမည်ပေါက်ဖြစ်သူက ကွယ်လွန်သွားမယ်။

မြေဂရန်အမည် ပေါက်သူထံက မှတ်ပုံတင် အရောင်းအဝယ်စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့်ရောင်းတာလည်း ရှိတတ် တယ်''

''ပထမဆုံးဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ''

''ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူမပေးရင်တော့ မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည်၊ အတိုင်း အတာ၊ နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီး ရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါတယ်''

''အချို့ မြေကွက်တွေက ကန့် ကွက်ထားတာတွေလည်း ရှိတတ် တယ်လို့ ပြောတယ် ဟုတ်ပါသလား''

''ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်း သူအမည်နဲ့ ဂရန်မှာ အမည်ပေါက် နေသလား။

ကန့်ကွက်သူရှိမရှိ၊ ဂရန် သက်တမ်းကုန်မကုန်ဆိုတဲ့ အချက် တွေကို အဓိကစုံစမ်းရမှာဖြစ်တယ်''

''ဒီအချက်တွေ ပြည့်စုံရင် အ ရောင်းအဝယ်လုပ်လို့ရပြီလား''

''မြေဂရန်အမည်ပေါက်က ရောင်းမည့်သူ့ရဲ့ အမည်ဖြစ်နေပြီး၊ နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေး ဘူးဖြစ်မယ်။

ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင် 'စရန်ပေးစာချုပ်' ချုပ် ဆိုလို့ရပြီပေါ့''

''အရောင်းအဝယ်စရန်ပေး စာချုပ်-ချုပ်ဆိုပြီးပြီဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ''

''အဆင့်တွေကတော့များတယ်၊ အကိုနားလည်အောင် ပြောရရင်-

၁။ ဂရန်အမည်ပေါက်သူထံက တိုက် ရိုက်ဝယ်မယ်ဆိုရင်ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံမြေရာဇဝင်ကူးပေး ရပါမယ်။

၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အ ရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသ ကြီး ကာလတန်ဖိုး စိစစ်သတ်မှတ် ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖု့ိအတွက် တင်ပြ လျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်း ဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင် လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုး (၁) ကျပ်မှ၊ ကျပ်သိန်း ၃ဝဝ ထိ - ၁၅ ရာခိုင်နှုန်း။ ကျပ်သိန်း ၃ဝ၁ ကျပ် မှ ကျပ်သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင် နှုန်း။ ကျပ်သိန်း ၁ဝဝ၁ ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။ တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန် ၄ ရာ ခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။ မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။ တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။

၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါ တယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အ ပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ''

''မြေဂရန်အမည်ပြောင်းမယ် ဆိုရင် ဘယ်လိုဆက်လုပ်ရမလဲ ဆရာ''
''အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွား လို့ အမည်ပြောင်းလျှောက်ထားရပါ တယ်။ မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။ ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက် ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်''

Crd
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
#အခွန်
#ဂရန်

Pass # Pass  # Pass DIL အောင်မြင်သွားပါကြောင်း👏👏👏
07/05/2026

Pass # Pass # Pass DIL အောင်မြင်သွားပါကြောင်း👏👏👏

Address

Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share