Htoo Legal Services

Htoo Legal Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Legal Services, Legal Service, Yangon.

လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ကစလို့ ရောင်းသူရောဝယ်သူပါ နှစ်ဘက်စလုံးက အခွန်ဆောင် ထားတဲ့ အထောက်အထားပါမှ မှတ်ပုံတင်စာချုပ်ချု...
21/08/2026

လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ကစလို့ ရောင်းသူရောဝယ်သူပါ နှစ်ဘက်စလုံးက အခွန်ဆောင် ထားတဲ့ အထောက်အထားပါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခွင့်ပြုတာ၊ မြို့တော်စည်ပင်မှာ အမည်ပေါက် ပြောင်းတာတွေကို ခွင့်ပြုတော့မယ်လို့သိရပါတယ်။

ဒီစနစ်ကို စက်တင်ဘာ(၁)ရက်နေ့ကစလို့ စတင်ကျင့်သုံးတော့မှာဖြစ်လို့ အရောင်းအဝယ်ကိစ္စရပ်တွေမှာ အရင်ကထက်ပိုမိုသတိကြီးစွာဆောင်ရွက်ကြဖို့ အကြံပြုချင်ပါတယ်။

(အသေးစိတ်ကို ပုံထဲမှာ ဖတ်ရှုနိုင်ပါတယ်။)

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေပြဌာန်း
01/08/2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေပြဌာန်း

ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှု နှင့် အ...
30/07/2026

ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ဆိုင်ရာ ညွှန်ကြားချက် ပြင်ဆင်ထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇူလိုင်လ၊ (၃၀)ရက်။

ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများ လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (၃/၂၀၂၆) အား ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ၃၀-၇-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်
The Supreme Court of the Union

ကုန်ပစ္စည်း တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း ပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများဘဏ္ဍာရေးနှင့်အခ...
12/07/2026

ကုန်ပစ္စည်း တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း ပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏
အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂ဝ၂၆
၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်

ကျန်းမာရေးဝန််ကြီးဌာန ၏။ ၁၈ ရက် ဖေဖော်ဝါရီလ ၂၀၂၆ ရက်စွဲပါ အမိန့်အမှတ် -၈/၂၀၂၆ အောက်ပါကုန်စည်များကို အရေးကြီးကုန်စည်အဖြစ်...
04/07/2026

ကျန်းမာရေးဝန််ကြီးဌာန ၏။ ၁၈ ရက် ဖေဖော်ဝါရီလ ၂၀၂၆ ရက်စွဲပါ အမိန့်အမှတ် -၈/၂၀၂၆ အောက်ပါကုန်စည်များကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်သည့်

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏၂၆ ရက် မတ်လ ,၂၀၂၅ အမိန့်ကြော်ညာစာအမှတ်-၂၉၆/၂၀၂၅တရားရုံးများ၏တရားမမူလဏီရင်ပိုင်ခွင့်အာဏာမျ...
04/07/2026

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏၂၆ ရက် မတ်လ ,၂၀၂၅ အမိန့်ကြော်ညာစာအမှတ်-၂၉၆/၂၀၂၅
တရားရုံးများ၏တရားမမူလဏီရင်ပိုင်ခွင့်အာဏာများပြင်ဆင်အပ်နှင်းခြင်း

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသား ကျောင်းသူများအတွက် ကျွန်တော်တို့ရဲ့ဥပဒေ ဘာသာရပ် (Law Major) အကြောင်းလေး ရှင...
29/06/2026

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသား ကျောင်းသူများအတွက် ကျွန်တော်တို့ရဲ့ဥပဒေ ဘာသာရပ် (Law Major) အကြောင်းလေး ရှင်းပြ ပါရစေ....

ဒီစာကိုဖတ်ခြင်းဖြင့် မိမိရွေးချယ်ရန် သင့်မသင့် သိရှိပြီး ရွေးချယ်နိုင်ရန် များစွာ အထောက်ကူပြုမယ်လို့ မျှော်လင့်ပါတယ်....
ပထမဆုံးအနေနဲ့ LAW ဆိုတဲ့ စကားလုံးလေးအကြောင်း ရှင်းပြချင်ပါတယ် ...
L = Land ကုန်းမြေပေါ် မြေအောက်တွင် ရှိသော
A = Air လေထဲတွင်ရှိသော
W = Water ရေပေါ် ရေအောက်တွင် ရှိသော
မည်သူမဆို အကျုံးဝင်သက်ရောက် စေရမည်လို့ အဓိပ္ပါယ်ရပါတယ်...

နောက်ပြီး ဥပဒေ ဆောင်ပုဒ်တစ်ခုကတော့
The Legal Profession Is A Noble Profession တဲ့
ဥပဒေပညာသည် အကျင့်သိက္ခာ နှင့်ပြည့်စုံသော ပညာ ဖြစ်သည် .. ဆိုပြီးဖြစ်ပါတယ်...

ဥပဒေပညာကတော့ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုဖြစ်ပါတယ်။ ဘွဲ့ကြိုသင်တန်း အတွက် တခြား ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်တွေက ၄နှစ် တက်ရပေမယ့် ဥပဒေပညာ ကျတော့ ၅နှစ် တက်ရပါတယ်။

၅နှစ်တက်ပြီးရင်တော့ ဥပဒေပညာဘွဲ့ (LL.B )ကို ရပါတယ်။ နောက်ပြီး ဒီဘွဲ့ကြိုသင်တန်းမှာကျတော့ တခြား အထူးပြုဘာသာရပ်တွေလို ဒုတိယနှစ်ကို ထူးချွန်စွာ အောင်သွားရင် ဂုဏ်ထူးတန်းဆိုပြီး မဖွင့်ပါဘူး။ ပဉ္စမနှစ်(နောက်ဆုံးနှစ်) ပြီးမှ မဟာတန်း နဲ့ မဟာအရည်အချင်းစစ်သင်တန်းဆိုတဲ့ ဘွဲ့လွန်သင်တန်းတွေပဲ ရှိတာပါ။ ၇ နှစ် တတ်ပြီးရင်တော့ ( LL.M) ကိုရပ်တယ်...တခြား သိပ္ပံဘာသာရပ်တွေလို Practical နဲ့ Tutorial ၂ခုလုံး မလုပ်ရပဲ Tutorial တစ်ခုထဲပဲ လုပ်ရပါတယ်။

ကျောင်းပြီးလို့ ဘွဲ့ရရင်လည်း အလုပ်အကိုင် အခွင့်အလမ်းက မရှားပါဘူး။ ဘွဲ့ရရင် ရှေ့နေချည်းပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ ကိုယ်က အစိုးရဝန်ထမ်းအလုပ် စိတ်ဝင်စားရင် တရားသူကြီး၊ ဥပဒေအရာရှိ၊ ဝန်ကြီးဌာနတွေမှာ ဦးစီးအရာရှိတွေ၊ဒုရဲအုပ်တွေ တက္ကသိုလ်ဆရာ/ဆရာမတွေ စစ်ဘက်ဆိုင်ရာ စိတ်ဝင်စာရင်လည်း စစ်တရားရုံးတွေမှာ ဝင်လျှောက်လို့ ရပါတယ်။ တခြား အပြင်ကုမ္ပဏီတွေမှာ ဥပဒေအကြံပေးတွေ law firm တွေမှာလည်း လုပ်လို့ရပါတယ်။ အပြင်စီးပွားရေး လုပ်မယ် ဆိုရင်လည်း ကိုယ်က ဥပဒေနဲ့ကျောင်းပြီးထားတော့ သူများက ကိုယ့်ကို လိမ်လို့ ပတ်လို့မရဘူးပေါ့။

ဥပဒေပညာက မခက်ပါဘူး။ စာ အများကြီးကျက်ရပေမယ့် အတန်းချိန် မှန်မှန် တက်၊Tutorial ပုံမှန်ဖြေရင် အဆင်ပြေပါတယ်။ ဥပဒေပညာဟာ ဥပဒေပြဌာန်းချက် တွေကိုပဲ အလွတ်ကျက် နေရတဲ့ဘာသာမဟုတ်ဘဲ လေ့လာသင်ယူထားတဲ့ ဥပဒေတွေကို အမှုတွေမှာ လက်တွေ့ ဘယ်လိုအသုံးချမှာလဲ တွေးခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းဥပဒေသာမက အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကိုပါ လေ့ကျင့်သင်ကြားပေးတဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။ ကိုယ်တော်ရင် တော်သလို နိုင်ငံခြားတက္ကသိုလ်တွေဆီမှာလည်း scholar တွေ လျှောက်လို့ရပါတယ်။ ကျောင်းတွင်း ကျောင်းပြင် club တွေ အဖွဲ့စည်းတွေမာ ဝင်ရောက် နိုင်ပါတယ်...

ကျောင်းမှာမကြာမကြာ သရုပ်ပြ တရားရုံးတွေလည်း လုပ်ပါတယ်။ အဲ့ဒီပွဲကို Law ကျောင်းသားတွေပဲ ကိုယ်တိုင် သရုပ်ဆောင်လုပ်ရတော့ တကယ့် တရားခွင်ထဲက အတိုင်းပဲ မြင်တွေ့ရတော့ တရားရုံးနဲ့ ပတ်သက်ပြီး မစိမ်းတော့ဘူးပေါ့။ နောက်ပြီး တစ်နှစ်တစ်ခါ လွှတ်တော်ကို လေ့လာရေးခရီးစဉ် အနေနဲ့ သွားရတော့ ဗဟုသုတတွေလည်း ရပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူသွားရတာဆိုတော့ ပျော်စရာလည်း ကောင်းပါတယ်...

ကျောင်းပိတ်သွားရင်လည်း Internship program တွေလည်း လုပ်တော့ ဥပဒေတွေကို လက်တွေ့ကျကျ လေ့လာရတာပေါ့။

ကိုယ်က ဥပဒေကို နားလည်တော့ သူများ ကိုယ့်ကို မတရားတာ လုပ်လာရင် ဥပဒေအရ ဘယ်လို ကာကွယ်ရမယ် ဥပဒေကို တက်ကျွမ်းနားလည်ထားတော့ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဥပဒေဗဟုသုတတွေ ပြန်လည်ဝေမျှနိုင်တဲ့ အတွက် ဥပဒေပညာကို ရွေးချယ်လိုက်တာက လုံးဝ မမှားပါဘူး။

ကျွန်တော်အတွက်ကတော့ ဥပဒေ ပညာကို ရွေးချယ်ခဲ့ပြီးရှေ့နေအဖြစ် ပတ်ဝန်းကျင်မာ ကိုယ်ဟာ ရှေ့နေ ဖြစ်တယ် ဆိုတဲ့ အသိနဲ့တင် အရာရာမှာ ကျွန်တော်ဂုဏ်ယူမိပါတယ်

ညီလေးညီမလေး တို့အနေနဲ့ မိမိ ရွေးချယ်ရမည့် မိမိ တတ်ရောက်ရမည့် ဘာသာရပ်အကြောင်း သေချာလေ့လာရွေးချယ်နိုင်ပြီး မှန်ကန်သော ရွေးရွယ် မှုများ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ....



01/05/2026

Hiring: Multiple Legal Positions
We are looking for motivated and qualified professionals to join our legal team.
Available Positions:
1. Associate Lawyer (Senior)
2. Associate Lawyer (Junior)
3. Paralegal / Legal Assistant
4. Legal Secretary
Benefits:
• Salary: Attractive Salary (Commensurate with experience)
• Working Hours: 9:00 AM – 5:00 PM
• Off Days: Sundays & Public Holidays
• Accommodation: Provided if needed (Located in Hlaing Township, Yangon)
• Flexibility: Legal Secretary must be available for extended hours as per business needs.

၁။ Associate Lawyer (Senior Level)
Key Responsibilities:
• Managing Partner ၏ လမ်းညွှန်မှုဖြင့် ရှုပ်ထွေးသော Joint Venture (JV) စာချုပ်များ၊ Long-term Leases များကို စစ်ဆေးခြင်းနှင့် အကြံပြုခြင်း။
• နိုင်ငံတကာစံနှုန်းမီ စာချုပ်များ (JV, Share Purchase, Service Agreement) ကို အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ရေးသား/စစ်ဆေးခြင်း။
• ကုမ္ပဏီများနှင့် NGO များ၏ အငြင်းပွားမှုများကို တရားရုံးပြင်ပ သို့မဟုတ် ခုံသမာဓိရုံးတွင် ညှိနှိုင်းဆောင်ရွက်ခြင်း။
• Junior Lawyer များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲခြင်း။
Requirements:
• LL.B (ဥပဒေဘွဲ့) ရရှိထားသူ ဖြစ်ရမည်။
• အထက်တန်းရှေ့နေ (HGP) သို့မဟုတ် တရားလွှတ်တော်ရှေ့နေ (Advocate) လိုင်စင်ရှိရမည်။
• ရှေ့နေလုပ်သက် အနည်းဆုံး (၃) နှစ်ရှိရမည်။
• Myanmar Companies Law နှင့် Investment Law (MIL) ကို ကျွမ်းကျင်စွာ နားလည်ရမည်။
၂။ Associate Lawyer (Junior Level)
Key Responsibilities:
• Joint Venture, Share Purchase နှင့် Service Agreement စာချုပ်များကို နှစ်ဘာသာဖြင့် ရေးသား/စစ်ဆေးခြင်း။
• Update ဖြစ်နေသော MIC နှင့် DICA စည်းမျဉ်းများကို ပုံမှန်စောင့်ကြည့် သတင်းပို့ခြင်း။
Requirements:
• LL.B (ဥပဒေဘွဲ့) ရရှိထားသူ ဖြစ်ရမည်။
• အထက်တန်းရှေ့နေ (HGP) လိုင်စင်ရှိရမည်။ (လိုင်စင်လျှောက်ထားဆဲသူများလည်း လျှောက်ထားနိုင်ပါသည်။)
၃။ Paralegal / Legal Assistant
Key Responsibilities:
• Legal Research ပြုလုပ်ခြင်းနှင့် လိုအပ်သော အချက်အလက်များ စုဆောင်းခြင်း။
• တရားရုံးနှင့် အစိုးရရုံးများသို့ စာရွက်စာတမ်းများ သွားရောက်တင်ပြခြင်း။
Requirements:
• LL.B ဘွဲ့ရ သို့မဟုတ် ဥပဒေနောက်ဆုံးနှစ် ကျောင်းသားဖြစ်ရမည်။
• MS Office ကျွမ်းကျင်ရမည်။ Attention to detail ရှိရမည်။
• အတွေ့အကြုံမရှိသူများ၊ Chamber/အလုပ်သင် ဆင်းနေသူများလည်း လျှောက်ထားနိုင်ပါသည်။
၄။ Legal Secretary
Key Responsibilities:
• Managing Partner နှင့် ရှေ့နေများ၏ Calendars နှင့် ရုံးရက်ချိန်းများကို စီမံခန့်ခွဲခြင်း။
• နိုင်ငံခြားကုမ္ပဏီ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ (In-person/Online) ချိတ်ဆက်ပေးခြင်း။
• Legal Transcription, Billing နှင့် Invoicing လုပ်ငန်းများ ဆောင်ရွက်ခြင်း။
Requirements:
• တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိထားသူ (ဥပဒေစိတ်ဝင်စားသူ ဦးစားပေးမည်)။
• အင်္ဂလိပ်/မြန်မာ စာရိုက်ကျွမ်းကျင်ပြီး MS Office နှင့် AI Tool များ အသုံးပြုနိုင်ရမည်။
• Admin/Secretary လုပ်သက် အနည်းဆုံး (၁) နှစ် ရှိရမည်။

How to Apply:
Please send your updated CV and relevant documents to:
📧 Email: [email protected]
Note: Only shortlisted candidates will be notified for the interview process.

18/03/2026

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Htoo Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category