အောက်လမ်း၊စုန်း ကဝေ၊မှော်၊အင်းစမအတက်ပညာ

  • Home
  • Myanmar
  • Yangon
  • အောက်လမ်း၊စုန်း ကဝေ၊မှော်၊အင်းစမအတက်ပညာ

အောက်လမ်း၊စုန်း ကဝေ၊မှော်၊အင်းစမအတက်ပညာ လေ့လာကြည့်ပြီးမှယုံ

(ခေတ်ကြီးနဲ့ လူတိုင်းအတွက် အမြင်နှင့် မတိုးတက်ချင်း၏လက္ခဏာ)      ကျွန်ုပ်ဤစာကိုရေးချင်ခဲ့တာကြာပါပြီ သို့သော် အမြင်တွေ အသ...
06/12/2019

(ခေတ်ကြီးနဲ့ လူတိုင်းအတွက် အမြင်နှင့် မတိုးတက်ချင်း၏လက္ခဏာ)
ကျွန်ုပ်ဤစာကိုရေးချင်ခဲ့တာကြာပါပြီ သို့သော် အမြင်တွေ အသိတွေဟာ မတူညီကြသော်ငြားလည်း မတူညီချင်းဟာ ပြသနာမဟုတ်သေးပေ
သို့သော်ပြသနာက အမြင်မတူ အသိမတူ ပညာမတူလျှင် ရန်သူဟူသောအသိတရားတွေကြောင့်သာဖြစ်သလို သိထားကြရမည်က အချိန်တွေ ခေတ်တွေ ပြောင်းလည်းမူတွေ ကာလတွေ အရာဝတ္ထူတွေကို လူတိုင်းမှာ ကြည့်နိုင်သော မျက်လုံးတွေ ပါကြသော်လည်း မြင်နိုင်သောအသိတွေဟာ လူတိုင်းပါမလာကြသည်ကား မတိုးတက်မပြောင်းလည်းချင်း၏လက္ခဏာတွေသာဖြစ်လေသည် လူတိုင်းမှာ
အမြင်တွေဟာ လုံးဝမတူညီကြခြေ သို့သော် မတူညီသောအမြင်တွေကို
သုံးသပ်ကြရာ၌ လူနေမူ အဆင့်တန်း မျိုးရိုး ဂုဏ်သိက္ခာ အတန်းပညာ
နေမူ ထိုင်မူ ​ကျင်လည်မူတွေကြောင့်ဟူ၍ အများအားဖြင့် မှတ်ယူကြလေသော် မဟာအလွဲကြီး စသည်ပေါ့ အဘယ့်ကြောင့် ဆိုရသော် မတူသောအမြင်များဟာ အထင်တရားကသာလာ၍ အမြင်တွေ မတူညီကြချင်းသာဖြစ်လေသည် သို့သော်တူမတူကို ထင်ကြေးနဲ့ အမြင်လေးပြောမည့်အစား
အကြည့်လေးနဲ့ လက်တွေ့သွားကြည့်ကြမည် ဆိုသည်ကား ပို၍မှန်ကန်ကြပေလိမ့်မည် ပမာအားဖြင့် ဆိုရသော ကျွန်ုပ်တို့ မြန်မာလူမျိုး၌ လူတိုင်းမှာ စာနာစိတ် သနားစိတ် ကြင်နာတဲ့စိတ်တွေ ရိှကြသော်လည်း အသွင်မတူလျှင် ရန်သူ အမြင်မတူ ရန်သူ စီးပွါးမတူ ရန်သူ ဟူသောအောက်တန်း နောက်တန်းကြသောစိတ်ဓာတ်တွေဟာ လူတိုင်းလိုလိုပင်ရိှကြလေသည် ဤသို့သောစိတ်ဓာတ်တွေ မရိှပါဟူ၍ ညင်းဆိုကြမည်ဆိုလျှင် ဘုရားရှင်လက်ထက်၌ ဒေဝဒတ်လိုလူဟာအစွမ်းသိဒ္ဓိတန်ခိုးရိှတယ်
သူဟာအင်မတန်ဆိုးသွမ်းတယ် ဆိုးသွမ်းသည်ကိုဘဲ အများကသာမြင်ကြလေတယ် ဒီနေရာမှာ အမြင်တစ်ခုနဲ့မြင်ကြည့်ကြမည်ဆိုလျှင်ဘယ်လိုဖြစ်သွားနိုင်သနည်း ထိုအမြင်ဟာ ဒေဝဒတ်လိုလူဟာ အင်မတန်ဆိုးသွမ်းသည်ကို နောက်ကနေ ထောက်ခံပေး ပင့်ပေးမည့်သူမရိှဘူးဗျာ
သူလုပ်သမျှကို မှန်တယ်လို့လည်း ပြောမည့်သူမရိှဘူးဗျာ ဒီ့အပြင် တစ်ကမ္ဘာလုံးမှာ ရိှိရှိသမျှသော လူတွေဟာ ထိုသို့သောအပြုအမူကို လက်မခံမထောက်ခံဘဲ အားမပေးဘဲ ပင့်မပေးဘဲ အားလုံးဟာဖြူနေပြီး သူတစ်ယောက်ထဲကွက်၍မဲသည်ပေါ့ဗျာ ထိုအမဲဟာ ကြိုက်သလိုမဲနေပါစေ
အမြဲ မဲနိုင်မလားတွေးကြည့်ကြပေါ့ဗျာ ကျွန်ုပ်တို့လူမျိုးမှာ သနားကြင်နာတက်တဲ့စိတ်ဟာ အင်မတန်ချစ်စရာကောင်းသော်လည်း မကောင်းသောအချက်တွေဟာ ငါ့အတက်မှ ငါ့ပညာသာကောင်းတယ် ငါ့ထက်ဘယ်လောက်တက်ပါစေ ငါ့ဘာသာမှ အတက်မဟုတ်လျှင် လက်မခံသောစိတ်တွေကြောင့်သာ တိုးတက်မူအားနည်းခဲ့လေသည်သာ ဒီတော့သိထားကြရမှာက အတက်ပညာဟာ ပညာရပ်တစ်ခုအနေနဲ့ဘဲ မြင်ပေးတက်ဖို့လိုပါတယ် ထိုအတက်ပညာဟာ နိုင်ငံနဲ့ လူမျိုးအရေးထိ မသွားပေ ဒါကိုအယူအစွဲကြီးလွန်း၍သာ လက်မခံနိုင်ကြသည်သာဖြစ်လေတယ်
ဥပမာပညာနဲ့ ပတ်သက်ပြီးတင်ပြရသော် ကျွန်ုပ်တို့နိုင်ငံမှ ပညာေရးနဲ့ အိန္ဒိယနိုင်ငံမှ ပညာေရးကို လေ့လာကြည့်ပါ သူတို့ရဲ ့ပညာေရးစနစ်ဟာ
၁၀+၂+၃ နဲ့သွားနေတဲ့ပညာရေးစနစ်ဖြစ်တယ် အခြေခံပညာမှာ မူလတန်း၄နှစ်နဲ့ အထက်တန်းအတွက်က ၆နှစ် ပြီးတော့ ဂျုနီယာကောလိပ်၂နှစ် အဆင့်မြင့်တက္ကသိုလ် ပညာအတွက်၃နှစ် ဒီလိုသွားပါတယ်
အဲ့ဒီအခြေခံပညာဘာသာရပ်တွေမှာ အင်္ဂလိပ်ဘာသာ ဟိန္ဒူဘာသာတွေနဲ့အဓိကသင်ယူရပြီး မိမိကြိုက်နှစ်သက်ရာ တတိယဘာသာစကားတစ်ခုကို မဖြစ်မနေ သင်ယူရတဲ့အတွက် အိန္ဒိယကျောင်းသားတစ်ယောက်ဟာအနည်းဆုံးဘာသာစကားသုံးမျိုးကိုတက်ကျွမ်းကြပါတယ် နောက်ကောင်းတာတစ်ခုက နိုင်ငံဝန်ထမ်းတွေရဲ့သားသမီးတွေတက်တဲ့အစိုးရကျောင်းတွေနဲ့သင်ရိုးညွှန်းတန်းတွေကို သင်တဲ့အချိန်ကအစပေါ့ တစ်ကျောင်းနဲ့တစ်ကျောင်းတူအောင်ရေးဆွဲထားကြပါတယ် ဝန်ထန်းတွေရွှေ့ပြောင်းရတဲ့အခါသားသမီးတွေရဲ့ပညာရေးကိုမထိခိုက်အောင်ဘယ်နေရာရောက်ရောက်အခက်ခဲမရိှအောင်စီစဥ်ထားကြသည်နဲ့ စနှစ်ကိုလေ့လာကြည့်မည်ဆိုလျှင်သိကြပေလိမ့်မည် အဓိကပြောချင်တာကပညာဟာပညာရပ်တစ်ခုအနေနဲ့ဘဲမြင်ပြီး ကောင်းတာယူမကောင်းတာတွေကိုပယ်ကြရမှာပါ ငါအစွဲမိရိုးဖလာအစွဲတွေချွတ်ဖို့လိုကြပေမည်ဒါကြောင့် လောကီပညာမှာလည်း အထက်ဆရာဘဲဖြစ်နေပါစေ ပယောဂအစွဲကိုဘေးထား ငါအစွဲကိုဘဲအရင်ချွတ်ကြဖို့လိုမည်လို့ပြောကြားရင်သိနိုင်မြင်နိုင်ကြပါစေဗျာ

ထုံးပေါင်း မေးထား၍ ပြောပြရင်း အိမ်၌ ထားရိှသောအရာလေးအား အများလေ့လာနိုင်ရန်နှင့် လိုအပ်သူများလည်း ယူ၍လုပ်စားနိုင်ရန်တင်ပြပ...
05/12/2019

ထုံးပေါင်း မေးထား၍ ပြောပြရင်း အိမ်၌ ထားရိှသောအရာလေးအား အများလေ့လာနိုင်ရန်နှင့် လိုအပ်သူများလည်း ယူ၍လုပ်စားနိုင်ရန်တင်ပြပေးလိုက်သည် ထုံးပေါင်းဟူသည် အသားတုံး တက်သည့်အဖုကို အပင်ခြား၍ ယူလေ သုံးဆယ်ပြည့်အောင် ယူလေ ထုံးပေါင်းပြီး၏
ဤသို့တင်ပြရင်း နောက်ခံပုံလေးလည်း လိုချင်လျင်ယူပြီး လုပ်စားနိုင်ကြစေရန်တင်ပေးလိုက်သည်

"ဟုန်းပင်""Indian berry, fishberry, or Levant nut"Botanical term: Anamirta cocculus.Family:Menispermaceae.ပုံသဏ္ဌာန်- ၎င...
04/12/2019

"ဟုန်းပင်"
"Indian berry, fishberry, or Levant nut"

Botanical term: Anamirta cocculus.

Family:Menispermaceae.

ပုံသဏ္ဌာန်- ၎င်းသည် အခြားအပင်ကြီးများကိုမှီ၍ တက်သော နွယ်ခြုံကြီးမျိုးဖြစ်သည်။ အခေါက်သည်ကာကီရောင်ရှိ၏။ ထူ၏၊ အရွက်မှာ နှလုံးပုံသဏ္ဌာန်ရှိ၏။ အပွင့်မှာငယ်၏၊ ၄ပဲ မျှရှိ၏။ အသီးမှာ ဥ ပုံသဏ္ဌာန်ရှိ၏။ မှည့်သောအခါမည်းနက်၍သွား၏။ ၎င်းသည်ခြောက်သွေ့သောအခါ ငရုပ်ကောင်းစေ့ သဏ္ဌာန်နက်သော အစေ့များရ၏။ အလွန်ခါး၏။ အဆိပ်ရှိ၏။

ဂုဏ်နှင့်စွမ်းရည်-၎င်းအသီးသည် အဆိပ်ရှိ၏။ အလွန်ခါးသောအရသာရှိ၏။ သလိပ်ကျပ်၍ သလိပ်များပြင်ပသို့ထုတ်ရာတွင် အလွန်ကောင်းသော ဆေးဖြစ်၏။ အဆစ်အဆက်ရောင်ခြင်းနှင့် ကိုယ်သားကိုယ်ရေ ပူလောင်ခြင်းများ၌ လိမ်းကျံပေးရ၏။ ပိုးသတ်ဆေးများတွင် ၎င်းအသီးနှင့် ရောစပ်၍ လိမ်းမူ အလွန်ထက်မြက်သော ပိုးသတ်ဆေးဖြစ်၏။ နာတာရှည် အရေပြားရောဂါများတွင်လည်း လိမ်းမူများစွာ အကျိုးရှိ၏။ ၎င်းဆေးကို အတိုင်းအတာ အနည်းငယ် အသုံးပြုမူ သလိပ်နိုင်ဆေး၊ အစာကြေဆေးအဖြစ်များစွာ တန်ဖိုးရှိသော်လည်း အတိုင်းအတာထက်လွန်စွာ သုံးမူ အော့အန်ခြင်း၊ အဆိပ်တက်ခြင်း၊ ဟစ်အော်မည်တမ်းခြင်း ဖြစ်တတ်၏။ ၎င်းဟုန်းသီး၏ ဂုဏ်သတ္တိသည် ဘိန်းနှင့် သဘောခြင်းတူသဖြင့် ဘိန်းအဆိပ်ဖြေသကဲ့သို့ ၎င်းကိုလည်း ဖြေပေးရ၏။ ဥတုဖောက်ဖျားသော အဖျားများကို ၎င်းအရွက်ကို ရှူပါကအဖျားကျ၏။ မြွေကိုက်သော ဒဏ်ရာကိုလည်း ၎င်း၏အခွံကိုယူ၍ လိမ်းကျံပေးမူ အဆိပ်ကျဆင်း၏။ သို့သော်အဆိပ်ဖြစ်၍ ဆင်ခြင်၍ အသုံးပြုပါလေ။ ဟုန်းစေ့ကို ချေ၍ ငါးဖမ်းရာတွင် အသုံးပြုနိုင်၏။
AgriCounsellor.
ကိုးကား-အရှင်နာဂသိန် ပုံပြဆေး အဘိဓာန် (တတွဲ)၊ မြန်မာ့အာယုဗ္ဗေဒ ဆေးသိပ္ပံဆရာတော်
အရှင်နာဂသေနာ ဘိဝံသ(ဓမ္မစရိယ)။လူဆိုသည်မှာ မိမိအလုပ်အတွက်တစ်ခုဘဲကြည့်၍ မိမိအတွက်ဘဲအချိန်ကုန်၍မရပေ အများအတွက်လည်းအကျိုးပြုနို်င်မည်ထင်သမျှ တွေ့သမျှမြင်သမျှကို တွေ့သလိုရသလိုယူလာပေးတက်ပါမှ လူသာဖြစ်ပြီး ဆရာအစစ်ကြီးသားဖြစ်ပေမည် ဒါကြောင့်မေတ္တာရှေ ့ထားခါတင်ပေးတာသာဖြစ်သည်

တောင်ကြာ
04/12/2019

တောင်ကြာ

ဆီးပူ ၊ ဆီးကျင် ၊ ဆီးအောင့် ၊ ဆီးအထွက်နည်း ၊တစက်စက်ကျနေတတ်သောသူများအတွက်ပုံပါအပင် ( တပင်ရွှေထီးပင် ) ဒေသအခေါ်များကွဲလွဲန...
04/12/2019

ဆီးပူ ၊ ဆီးကျင် ၊ ဆီးအောင့် ၊ ဆီးအထွက်နည်း ၊
တစက်စက်ကျနေတတ်သောသူများအတွက်

ပုံပါအပင် ( တပင်ရွှေထီးပင် ) ဒေသအခေါ်များ
ကွဲလွဲနိူင်ပါသည် ၊

အပွင့်အဝါရောင် ၊
ရိုးတံရှည် ပဉ္စ ( ၅ ) ပါး ၊
အမြစ် ၊ အရိုး ၊ အရွက် ၊ အပွင့် ၊
အသီး ၊ တပင်လုံးကိုဆိုလိုပါသည် ၊

နှုတ်ယူပြီး ရေဆေး၍ ပြုတ်ပါ သကြားအနည်းငယ်ထည့်၍ ၊ မနက် ၊ နေ့လည် ၊ ည တစ်ရက်( ၃ ) ကြိမ်
၃.ရက်သောက်ပါက
သက်သာပျောက်ကင်းစေပါသည် ။

ထိခိုက်ရှနာ သွေးထွက်ဒဏ်ရာကို တပင်ရွှေထီးပင် အရွက်ထုချေပြီး သတ္တုရည်အား
ဒဏ်ရာအပေါ်တွင် လိမ်းပြီး အရွက်ဖြင့်အုံထားပါက သွေးတိတ်ပြီး ၊ အနာမရင်းဘဲ ၊ပျောက်ကင်း
သက်သာစေပါသည် ။

(ခွေးနက်ခြင်ဆီ``မြင်းခြင်ဆီ´´ပြဒါးသုံးပါးပေါင်း၍ကြိတ်)    လက်ကိုလူး၍ သံချောင်းကိုကိုင် ထိုသံချောင်းကျိုးလေ၏ ဆေးထည့်လိမ်း...
04/12/2019

(ခွေးနက်ခြင်ဆီ``မြင်းခြင်ဆီ´´ပြဒါးသုံးပါးပေါင်း၍ကြိတ်)
လက်ကိုလူး၍ သံချောင်းကိုကိုင် ထိုသံချောင်းကျိုးလေ၏ ဆေးထည့်လိမ်း နိုင်ငံခြားသားများ အထူးအဆန်းများ စံချိန်တင်အောင်လုပ်ပြနိုင်သည်ကဤသို့တည်း

(ဥုံ´´´သဗ္ဗတာလာ´´ဥုံ´´သဗ္ဗတာလေ´´)လိုသူနေ့နံ´အမည်ကို ကွမ်းရွက်တွင်ရေး၍´´၎င်းကွမ်းကို မီးဘုတ် ၎င်းပြာကိုဆီနှင့်နယ်၍ ၇အုပ်မ...
04/12/2019

(ဥုံ´´´သဗ္ဗတာလာ´´ဥုံ´´သဗ္ဗတာလေ´´)လိုသူနေ့နံ´အမည်ကို ကွမ်းရွက်တွင်ရေး၍´´၎င်းကွမ်းကို မီးဘုတ် ၎င်းပြာကိုဆီနှင့်နယ်၍ ၇အုပ်မန်းပြီး တို့ပေတော့ ကိုယ် မျက်စိ မျက်နှာမှာလည်းသုတ်၍သွား က္ကုတ္တိပိယံပြီး၏
မမြင်ရလျှင်မနေနိုင်တော့ပေ ငို၍သာလိုက်လေတော့သတည်း

(```ပီယခတ်ဆေး´´´)   လမ်းကူးနွယ်ရှင် ပန်းသစ်ပင် ဆယ်ပင်ပန်းဝတ်ဆံ ဘုရားလည်းတင်  နတ်လည်းတင် ဆယ်ပင်ပန်းဝတ်ဆံ လက်မောင်းချေး လျ...
04/12/2019

(```ပီယခတ်ဆေး´´´)
လမ်းကူးနွယ်ရှင် ပန်းသစ်ပင် ဆယ်ပင်ပန်းဝတ်ဆံ ဘုရားလည်းတင်
နတ်လည်းတင် ဆယ်ပင်ပန်းဝတ်ဆံ လက်မောင်းချေး လျှာချေး
နဖာချေး မျက်ချေး လောမာ ကာမရေ ပတိုင်းခတ္တာ အရှေ့သို့သွားသည့်
အမြစ်ကို စနေအင်္ဂါနေ့ကို ဆန်ပန်းနှင့်ပူဇော်၍တူး လိင်နှင့်တိုင်း၍ယူ သံဆက်၍ပြစ်ခဲ့ လက်ခလယ်ဆစ်နဲ့တိုင်း၍ထည့် ပေါင်း၍ကြိတ်အတောင့်လုပ်၍ထား ကွမ်းလဘက်တော်သင့်ရာခတ်၍ပေး ပွဲတွေ့
မှာနိုင်သည် အိမ်မှာရိှတဲ့ ဆေးတော်နှင့် ဆေးနွားလေးလည်းထုတ်ပြရင်းပေါ့ မည်သူမဆို လွတ်လတ်စွာ တင်သောပိုစ် စာ နည်းများလွတ်လတ်စွာယူနိုင်သည် စိတ်မဆိုးပေ တစ်ဦးကောင်း တစ်ကိုယ်ကောင်း တစ်ကောင်ကြွက် စိတ်မရိှပေ ကြိုက်တဲ့သူယူ၍ လုပ်စားခွင့်ပြုသည်
သို့သော် အသိမှတ်လေးပြုလျှင်ကြေနပ်ပြီ

(အမြူတေ)အကြောင်းအားလူအတော်များများစိတ်ဝင်စားကြ၍                           (စာအမြူတေ)ကစ၍သိသလောက်တင်ပြရလျှင်တော့          ...
03/12/2019

(အမြူတေ)အကြောင်းအားလူအတော်များများစိတ်ဝင်စားကြ၍ (စာအမြူတေ)ကစ၍သိသလောက်တင်ပြရလျှင်တော့
စာအမြူတေသည်သဏ္ဍာန်အားဖြင့်ဉပုံစံဖြစ်သည်။အရွယ်အစားမှာဇီးသီးစေ့ထက်အတန်ငယ်ကြီးသည်။ထူးခြားသည်မှာဓါတ်ပုံရိုက်သောအခါအလင်းပြန်ကာအလွန်တောက်ပသောပုံကိုရသည်။ပိုင်ရှင်၏အိမ်အပါအဝင်ရပ်ကွက်မီးလောင်သောအခါဘုရားစင်တွင်ထားသောကြောင့်ယင်းအနီးတဝိုက်တွင်မီးမလောင်ဟုဆိုသည်။ ​

ချိုးအမြူတေ
ချိုးအမြူတေသည်မီးကွင်းသည်။ ကျည်ဆံမထွက် ဟုဆိုကြသည်။ချိုးသိုက်တွင်ခုနှစ်လုံးသာဉလေ့ရှိသည်။အကယ်၍အသိုက်ထဲတွင်ဉသုံးလုံးရှိနေလျှင်ထိုအထဲမှဉတစ်လုံးသည်ချိုးအမြူတေဟုဆိုကြသည်။

အမြူတေပေါင်း
အမြူတေပေါင်းဟူသည်ဖော်ပြပါရှိရှိသမျှအမြူတေတို့ကိုသွေး၍ပန်းပေါင်း၊ဂမုန်းပေါင်း၊ကျီးပေါင်းစသည်တို့နှင့်ရောနှောထိုးရသောဆေးမှင်ကြောင်အတွက်ဆေးဖြစ်သည်။

ဂမုန်းပေါင်း
ဂမုန်းပင်နှင့်ပတ်သက်၍အကြောင်းအရာတို့သည်ကျယ်ပြန့်လှသည်။ဂမုန်းနှင့်ပတ်သက်၍နှောင်းခေတ်စာအုပ်များလည်းရှိခဲ့သည်။ဂမုန်းမျိုးပေါင်းအလွန်ကျယ်ပြန့်လှသဖြင့်မည်သည့်ဂမုန်းများဖြင့်ဂမု်းပေါင်းအမြူတေဖြစ်သည်ကိုဖော်ပြရန်ခက်ခဲလှပါသည်။
ပြောရလျှင်ဤသို့သော ဂမ္ဘီရသိဒ္ဓိဝင် ပစ္စည်းများဟာ နေရာတိုင်းမရနိုင်သလို လူဆိုင်းလည်းရဖို့ရန်ခဲရင်းလေသည် ရွှေထက်တန်ဖိုးရိှသည်ဟုဘဲဆိုရမှာဖြစ်လေသည် ရွှေကငွေရိှလျှင် အချိန်မရွေးရနိုင်ပေမဲ့
ဤကဲ့သို့သောဂမ္ဘရသိဒ္ဓိဝင်ပစ္စည်းများက ငွေရိှသော်လည်း မရနိုင်သောအရာတွေဖြစ်ပြီး လူတစ်ဦး၏ ရှေးဘဝပါရမီအဆက်တွေနဲ့လည်းဆက်နွယ်နေပြီး လူတစ်ဦးအကျိုးပေးပုံနဲ့ အကျင့်စာရိတ္တနဲ့လည်းများစွာသက်ဆိုင်ပြီး ထားသောစိတ် ကျင့်သောအကျင့်တရားတွေနဲ့လည်း များစွာဆက်နွယ်နေကြလေသည်ကတော့အမှန်သာဖြစ်လေသည် နောက်များ၌လည်းအလျှင်းသင့်သလိုတင်ပြပေးပါအုန်းမည်

(ဥုံ-မိတ်တိမိတ်တိရိတ်တိရိတ်တိစိတ်တိစိတ်တိသှားဟ)     ရွှေ ငွေ ကမဝါ ပြားတို့၌ ရေး၍ နံ့သာနှစ်ပါးရေနှင့်စိမ်၍ ပက်လေ         ...
03/12/2019

(ဥုံ-မိတ်တိမိတ်တိရိတ်တိရိတ်တိစိတ်တိစိတ်တိသှားဟ)
ရွှေ ငွေ ကမဝါ ပြားတို့၌ ရေး၍ နံ့သာနှစ်ပါးရေနှင့်စိမ်၍ ပက်လေ
မျက်နှာအထူးပွင့်၏ (အနှိုးကား)``ဥုံ-စန္ဒသဗ္ဗစန္ဒောသွားဟ
ဂါထာလေးတင်ပြရင်း-အိမ်၌ရောက်ရိှလာသောအရုပ်များထုပ်ကြွား
ကော်ပီကူး၍ လုပ်စားမည့်သူများ ယူနိုင်ရန်အတွက် ကြိုက်တဲ့ဟာကိုယူကြပါစိတ်မဆိုးပါ သို့သော် အသိလေးပေးလျှင်ကျေနပ်ပါသည်

Address

ပြည်လမ်း
Yangon

Telephone

+959769070055

Website

Alerts

Be the first to know and let us send you an email when အောက်လမ်း၊စုန်း ကဝေ၊မှော်၊အင်းစမအတက်ပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share